တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......
ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................
ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............
ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................
ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........
ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........
Wellcome To Kyaikkhami
" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...
နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............
အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...
Showing posts with label window နည်းပညာ. Show all posts
Showing posts with label window နည်းပညာ. Show all posts
Tuesday, March 25, 2014
Window 8.1 ကိုUSB Flash Drive ကနေ တင်နည်း
Microsoft ကထုတ်လုပ်လိုက်တဲ. Window 8 ရဲ. Update ဖြစ်တဲ.Window 8.1 ကို ISO Disc Image
File ကနေ Bootable USB Flash Drive အဖြစ်ဖန်တီးလိုက်မယ်ဆိုရင်ကွန်ပြူတာကို USB Flash Drive
ကနေ Boot တက်ပြီး Window 8.1 ကို Install လုပ်နိုင်မှာဖြစ်ပါတယ်
Bootable USB Flash Drive ဖန်တီးဖို.လိုအပ်ချက်များ (Requirements)
  1. Microsoft Net Framework 3.5 မရှိသေးရင်ဒီမှာဒေါင်းပါ Download Here
  2. Window 7 USB/DVD Tools Download Here
  3. 4 GB USB Flash Drive တစ်ချောင်း
  4. Microsoft Window 8.1 Disk Image ISO File
How to Create Bootable USB
  1. Microsoft Net Framework 3.5 ကိုစက်မှာ Install လုပ်ပါ (သင်.ရဲ.စက်မှာသွင်းပြီးသားရှိတယ်ဆိုရင်မလိုအပ်ပါ)
  2. Windows7-USB-DVD-tool.exe ကို Install လုပ်ပါ
  3. USB Flash Drive ကိုကွန်ပြူတာရှိ USB Port မှာတပ်ဆင်ပါ
  4. Desktop ပေါ်က Windows7 USB DVD tool icon လေးကိုကလစ်ပါ
  1. Windows7 USB DVD tool ပေါ်က Browse ဆိုတာကိုကလစ်ပါ
  2. Windows 8.1 ISO ဖိုင်ကို Select လုပ်ပီး Open ကိုကလစ်ပါ
  1. Next ကိုကလစ်ပါ
  1. USB Device ဆိုတဲ. button လေးကိုကလစ်ပါ
  1. Dropdown menu ထဲကမိမိရဲ. USB Flash Drive ကိုရွေးပေးပါ (eg:E/F/G) ပြီးရင်BeginCopyingဆိုတာကိုနှိပ်ပါ။
  1. Window ISO Image File ကို USB Flash Drive ထဲကိုကော်ပီကူးနေပါပြီ။ပြီးတဲ.အထိစောင်.ပေးပါ
  1. Bootable USB Flash Drive လေးဖန်တီးလို.ပီးသွားပါပြီ။ Start Over ဆိုတာလေးကိုနှိပ်လိုက်ပါ
  1. Windows7 USB DVD tool ကိုပိတ်လိုက်လို.ရပါပြီ။ပြီးရင် USB Flash Drive ကိုကွန်ပြူတာကနေဖြုတ်လိုက်ပါ.
    ခုသင်ရဲ. Windows 8.1 Bootable USB ဖန်တီးတဲ.လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။ Window Install လုပ်မယ်ဆိုရင်တော.Computer ရဲ. Bios မှာ1st boot ကို Selected to boot from USB ကိုရွေးပေးလိုက်ပါ
Download Windows 8.1 Preview ISO File
ISO files
Product Key: NTTX3-RV7VB-T7X7F-WQYYY-9Y92F
Important: Windows 8.1 Preview isn't currently supported on some tablets and PCs with newer 32-bit Atom processors.
LanguageLink to downloadSHA-1 hash value
English 64-bit (x64)
Download
(3.3 GB) 0xD76AD96773615E8C504F63564AF749469CFCCD57
English 32-bit (x86)
Download
(2.5 GB) 0x8BED436F0959E7120A44BF7C29FF0AA962BDEFC9
Download Windows 8.1 RTM (Windows Blue)
Download for 32 Bit
Download for 64 Bit  
credit by 
Shwe Min Wun
Wednesday, August 31, 2011
Autorun ပိတ်ရအောင်
windows xp အတွက်
1. Click Start, click Run, type Gpedit.msc in the Open box, and then click OK.
2. Under Computer Configuration, expand Administrative Templates, and then click System.
3. In the Settings pane, right-click Turn off Autoplay, and then click Properties.
Note In Windows 2000, the policy setting is named Disable Autoplay.
4. Click Enabled, and then select All drives in the Turn off Autoplay box to disable Autorun on all drives.
5. Click OK to close the Turn off Autoplay Properties dialog box.
6. Restart the computer. တကယ်လို့ auto run ပြန်ထားချင်တယ်ဆိုရင် not configured ပြန်ပေးလိုက်ရုံပါပဲ..
windows vista နဲ့  windows 7 အတွက်
1. Click Start>run
type Gpedit.msc in the Start Search box, and then press ENTER.
2. Under Computer Configuration, expand Administrative Templates, expand Windows Components, and then click Autoplay Policies.
3. In the Details pane, double-click Turn off Autoplay.
4. Click Enabled, and then select All drives in the Turn off Autoplay box to disable Autorun on all drives.
5. Restart the computer. တကယ်လို့ auto run ပြန်ထားချင်တယ်ဆိုရင် not configured ပြန်ပေးလိုက်ရုံပါပဲ..
Ref: http://www.myanmarchatonline.org/forum/index.php?topic=36268.0
Understanding BIOS Features
ဒီ Understanding BIOS Featuresဟာ ကွန်ပျူတာလက်ဝယ်ရှိသူများအတွက် လေ့လာထားသင့်တဲ့
ပို့စ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်မြန်မာအိုင်အာစီနှင့်မြန်မာစကားဝိုင်းမှ ကူးယူ
ဖေါ်ပြပေးလိုက်တယ်။ ကဲ...လေ့လာကြရအောင်...
Bios and coms setup utility သည် ကွန်ပျူတာတိုင်းတွင် မရှိမဖြစ်လိုအပ်သော အရာတစ် ခုဖြစ်သည်..hardware နဲ့ operating system တို့ ချိတ်ဆက် လုပ် ဆောင်ကြသည့် အခါအရေးကြီး သောကြားခံmedia တစ်ခုဆိုရင်လည်းမမှားပေ..BIOS သည် basic input/output system ဖြစ်ပြီး instructions အစုအဝေး တစ်ခုဖြစ်သည် အဲဒီ instructions တွေကို power off သွားသည့်တိုင်မ ပျောက်ပျက်အောင်ထိမ်းသိမ်းပေးတဲ့ အရာကတော့ CMOS (Complementary Metal Oxide Semiconductor)ဖြစ်ပါတယ်..အောက်မှာပြထားတဲ့ ပုံက BIOS ရဲ့  feature တွေဖြစ်ပါတယ် အ ကြောင်းအရာအပြည့်အစုံတော့မဟုတ် ဘူး အရေး ကြီး တဲ့ အချက် တွေ ကိုသာဖော်ပြလိုက်ပါ တယ် ..ဒီ bios ထဲကို ၀င်ရောက်ဖို့ အတွက် စက်စဖွင့်လျင်ဖွင့်ချင်း ကီးဘုတ်မှ delete Key ကိုနိုပ်ထား ပေးရပါတယ် ..POST လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့  အောက်က screen အပြာ ရောင်လေးတက် လာ ပါမယ်..ဖော်ပြထားတဲ့ feature တစ်ခုချင်းစီက ဘာလုပ်ငန်းတွေ ကိုလုပ်ဆောင်တယ်ဆိုတာ အောက် မှာလေ့လာနိုင်ပါတယ်…
Standard CMOS Features
Advanced BIOS Features
Advanced BIOS Features မှာ boot setting တွေပါဝင်ပါတယ် နောက်အခြား feature ဖြစ်တဲ့  level 1,level 2 cache တွေရဲ့ setting တွေပါဝင်တယ်.. အဓိကကတော့ user များအသုံးများတဲ့ boot setting တွေကိုအစဉ်လိုက်ကြေငြာထားတယ် အဲဒီကြေငြာထားတဲ့ အတိုင်း system ကအလုပ် လုပ်သွားမှာဖြစ် ပါတယ်..ဆိုပါစို့ ကျနော်တို့ က first boot device ကို CD ROM လို့ ပြောင်းထားမယ် ဆိုရင် computer စဖွင့်ဖွင့်ခြင်းမှာ post လုပ်ငန်းစဉ်ပြီးတာနဲ့  bios ကို စစ်ပါတယ်..အဲဒီမှာ ကျနော်တို့  က CD ROM လို့ ကြေငြာခဲ့ တဲ့ အတွက် စက်က ပထမဆုံးboot လုပ်မည့် CDROM drive မှာ information သွားစစ်ပါ တယ် ..installation လုပ်မည့်ခွေမထည့်ထားရင်သူက second boot ဖြစ်တဲ့  hard disk ကိုဖတ်မယ် ..တကယ်လို့  first boot ကော second boot ကောတပ်မ ထားဘူးဆိုရင်တော့ third boot ဖြစ်တဲ့  floppy ကိုဖတ်မှာဖြစ်ပါတယ်..(ဒါပေမဲ့ ဒီဘက်ခေတ်မှာ floppy ကမသုံးသလောက်ရှားသွားခဲ့ ပါပြီ) Windows installation လုပ်တဲ့ အခါမျိုးကျရင်ဒီနေရာ first boot device မှာ CD ROM ထားပေးရပါမယ်..ကျန်တဲ့ အချိန်မှာတော့ first boot ကို Hard disk ထားပေးရပါတယ်..
ပုံမှန်အတိုင်းဆိုရင်
First boot device =Hard disk
Second boot device=CD ROM
Third boot device=Floppy
Advanced Chipset Features
ဒီ features မှာ user အနေနဲ့  hardware တွေရဲ့ အလုပ်လုပ်ဆောင်ပုံနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်မှသာ ပြုပြင်တာ အဆင်ပြေမှာဖြစ်တယ်..ကိုယ်က မသိပဲနဲ့ ပြင်လိုက်တဲ့ အခါ system unstable ဖြစ်သွားနိုင်ပါတယ်…ဒီ setting မှာ memory ရဲ့  timming တွေကိုပြုပြင်ပြောင်းလဲ လို့ ရပါတယ်..
Inegrated Peripherals
Hardware device တွေရဲ့  I/O(input/output)controller ဖြစ်တဲ့  IDE drive,serial port.,parallel port ,keyboard စတဲ့  device တွေ ကို Modify လုပ်ပေးနိုင်တယ်..များသောအားဖြင့်တော့ usb keybord ကိုပြောင်းလဲတပ်ဆင်တဲ့အခါမှာ ကီးဘုတ်က အလုပ်မလုပ်တာတို့ ဖြစ်ခဲ့မယ်ဆိုရင် ဒီနေရာလေးမှာ usb keyboard ကိုenable ပေးထားသလားဆိုတာ လာစစ်လို့ ရပါတယ်…
Power Management Setup
Power management က power အမျိုးမျိုး တွေရဲ့ feature တွေကို control လုပ်ပေးတယ်မ လိုအပ်တဲ့ အချိန်မှာ power ကို reduce လုပ်ဖို့ အတွက် modify လုပ်နိုင်ပါတယ်..Display monitor , Hard drive, Shut down,Hibernate and stand by mode နဲ့ Low battery warnings တွေကို power management ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်..
PnP/PCI Configurations
PnP/PCI Configurations မှာ PCI slot တွေရဲ့  IRQ's တွေကို assign လုပ်ပေးနိုင်တယ်.. IRQ ဆိုတာinterest requestခေါ်ဆိုတာ ဖြစ်ပါတယ် သူ ကhardware device တွေရဲ့ level တွေကို IRQ number တွေနဲ့ ခွဲခြားပေးထားတာဖြစ်တယ်..
PC Health Status
PC Health Status မှာ cpu ရဲ့  temperature ,cpu ရဲ့ fan speed, voltages တွေကိုပြထားတယ်.. အဲမှာ temperature မြင့်လာတာနဲ့ အမျှ heat တက်လာမယ်..heat တက်လာတဲ့ အခါ cpu အ၇မ်းပူလာပြီးတော့လောင်သွားနိုင်တယ်..ခုနောက်ပိုင်းမှာတော့ သတ်မှတ်ထားတဲ့ cpu temperature ထက်ကျော်လာ၇င်တော့ cut off လုပ်လိုက်ပါတယ်.(သို့ ) Restart ကျသွားပါ တယ်..အစိမ်းရောင်နဲ့ မြင်တွေ့ နေရတဲ့  informations တွေက user အနေနဲ့ ပြောင်းလဲခွင့်မရှိပဲ ဖတ်ရှုလို့ ရရုံသက်သက် Information တွေဖြစ်တယ်..cpu warning message ပြစေချင်တယ်ဆို၇င် enable ပေးထားလို့ လည်းရပါတယ်…
Load Fail-Safe Defaults
ကိုယ့်ရဲ့ စက်မှာ Bios ကပြုပြင်ပြောင်းလဲဖို့  (သို့ )system unstable ဖြစ်လာပြီဆိုရင် သူ့ နဂိုမူရင်း Ddfault setting ကို ပြောင်းလဲပေးနိုင်တယ်..Bios ထဲမှာ ကိုယ့်ရဲ့ ပြောင်းလည်းမှုတွေက အ၇မ်း များနေမယ်..ကိုယ့်ဘာသာကို ဘာပြောင်းလို့ ပြောင်းလိုက်မိမှန်း မသိတော့တဲ့ အခြေအနေမျိုး တစ်ခါ တခါကျတော့လဲBios ထဲမှာ ဘယ် setting မှားလို့ မှားနေမှန်းမသိတော့ဘူးဆိုရင် အကောင်းဆုံးက တော့ ဒီ Load Fail Safe Mode Defaults ကိုရွေးပေးလိုက်ပါ..ပြီးတာနဲ့  function key F10 ကိုနိုပ်လိုက်လို့ ရှိရင် အောက်ကပုံအတိုင်းပေါ်လာမယ်အဲကျရင် ကီးဘုတ်မှ Y ကိုနိုပ်ပေးလိုက်ပါ..
Load Optimized Defaults
သူကလည်း Load Fail-Safe Defaults နဲ့ တူတူပါပဲ..ဒါပေမဲ့ system ကို အကောင်းဆုံးနဲ့  အဆင်ပြေဆုံး setting တွေကို သူကပြင်ဆင်ပေးတယ် သူကိုလည်း save ပြီးထွက်မယ်ဆိုရင် F10 ကို နိုပ်ပြီး အောက်ကပုံပေါ်လာတာနဲ့  Y (yes) ပေးလိုက်ပါ..
Set Supervisor Password / Set User Password
Bios password လို့ လည်းခေါ်ကြပါတယ်..သူက system ကို တခြားသူတွေ ၀င်ရောက်ပြုပြင်ပြီး system unstable ဖြစ်မှာစိုးတဲ့အတွက် ဒီ Bios ကို password ခံထားလို့ ရပါတယ် …ကိုယ်က အကြောင်းအမျိုးမျိုးကြောင့်password မေ့ သွားခဲ့ရင်လည်း motherboard ပေါ်မှာ cmos jumper ကို reset လုပ်လိုက်တာနဲ့ အဆင်ပြေပါတယ်..ဒါမှမဟုတ်ရင်လည်း cmos battery ကိုစက္ကန့် 30 လောက်ဖြုတ်ထားပြီးပြန်တပ်လိုက်ရင်လည်း bios ထဲကိုပြန်ဝင်လို့ ရပါတယ်..
Save and Exit Setup
Bios ထဲမှာ ပြုပြင်ပြောင်းလဲထားသမျှကို အတည်ပြုသိမ်းဆည်း တော့မယ်ဆိုရင် ဒီ save and exit setup ကို enter ခေါက်လိုက်တာနဲ့  ပြောင်းလဲလိုက်တဲ့အတိုင်း သိမ်းမည်လား မသိမ်းဘူးလားလို့  မေးတဲ့ အခါ yes or no (Y/N)ရိုက်ပေးလိုက်ရုံပါပဲ…
Exit without Saving
တကယ်လို့ မှ မိမိက ပြုပြင်ပြောင်းလဲထားတာတွေကို မသိမ်းချင်ဘူးဆိုရင်Exit without Saving နဲ့  ထွက်ပြီး သိမ်းမှာလားဆိုရင် No ပေါ့ ..” N ”ဟုရိုက်ပြီးထွက်ပါ..
ညီအစ်ကိုမောင်နှမများအားအစဉ်လေးစားလျက်
Window CD/DVD များ USB သို့ထည့်နည်း
ကျနော်ရေးပြမှာက Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။ တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊ USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။
လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။ cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။
ကဲ...စကြရအောင်...
အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။
ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်
Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်
အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....
diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)
ထိုနောက် ၀င်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။
ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...
xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။
ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး ၀င်းဒိုးတင်လို့ရပါပြီးခင်ဗျား။
အားလုံးအဆင်ပြေပါစေ....
Desktop Right Click Menu ထဲမှာ Application လေးတွေ ကိုယ်တိုင် ထည့်ကြမလား
အသုံးများတဲ့ application လေးတွေကို Desktop right click menu ထဲမှာထည့်လို့ရပါတယ် ၊ Application ကို အမြန်ခေါ်သုံးလို့လဲရတယ် ၊ Desktop ပေါ်မှာဖြစ်စေ Taskbar မှာဖြစ်စေ Shortcut icon တွေလည်းရှုပ်မနေတော့ဘူးပေါ့ ၊ ဒီလိုလေးပါ ...
၁. Run မှာဖြစ်စေ Start Menu Search Box မှာဖြစ်စေ regedit လို့ရိုက် ၊ Enter ခေါက်ပြီး registry editor ကိုဖွင့်လိုက်ပါ ။ ပြီးရင်
၂. ဒီအတိုင်း အစဉ်လိုက် ဖြည်းဖြည်းချင်း ဆက်ဖွင့်သွားပါ (အများကြီးထဲက သေချာမှန်အောင်ရှာဖွင့်ပါ ၊ မမှားပါစေနဲ့ )
HKEY_CLASSES_ROOT \ Directory \ Background \ shell
၃. Shell ကိုရောက်သွားတဲ့အခါ right click နှိပ်ပြီး New ပေါ်ကို cursor တင်လိုက်တာနဲ့ menu အသေးလေး တစ်ခုပေါ်လာမယ် ၊ Key ပေါ်ကို ရွှေ့ပြီး click လုပ်ပါ ။ shell > New > Key ...
ဒီမှာနှိပ်ပြီး ပုံကိုကြည့်ပါ
+/- အပြည့်အစုံသို့
၎. နာမည်ဖြည့်ရမယ့် ကွက်လပ်ကလေးပေါ်မှာ ကိုယ်ထည့်မယ့် application name ကို ဖြည့်လိုက်ပါ ။ ဒီမှာတော့ ကျနော်က Notepad လို့ထည့်လိုက်ပါတယ် ။ Notepad ကို right click menu ထဲထည့်မှာမို့ပါ ။
ဒီအထိက desktop ပေါ်က right click menu မှာ application name ပေါ်ဖို့ထိပဲ ရှိသေးတယ် ၊ click လုပ်လိုက်တဲ့အခါ အဲဒီ menu ပေါ်က command ကနေ အထဲက program ကို သွားဖွင့်ပေးဖို့ လမ်းကြောင်းလေး ချိတ်ပေးရဦးမယ် ။
၅. အဲဒီဖြည့်လိုက်တဲ့ Notepad ဆိုတဲ့ key လေးပေါ်မှာနောက်ထပ် right click လုပ်ပြီး New > Key ဆိုပြီးနှိပ်ပါ ။ အဲဒီ Key ကိုတော့ command လို့ စာလုံးသေး ( small letter ) နဲ့ ဖြည့်လိုက်ပါ ။
ဒီမှာကြည့်ပါ
၆. အသစ်ပေးလိုက်တဲ့ command ဆိုတဲ့ key လေးပေါ် click တစ်ချက် နှိပ်လိုက်ရင် ညာဖက်မှာ ( Default ) လို့ မြင်ရတဲ့ key တစ်ခုတွေ့ရမယ် ၊ (Default) ပေါ်ကို double click လုပ်ပါ ။
၇. Edit String ဆိုတဲ့ window သေးသေးလေးပေါ်လာမယ် ၊ Value data ဆိုတဲ့ နေရာမှာ ကွက်လပ်ကလေး ဖြစ်နေလိမ့်မယ် ၊ အဲဒီကွက်လပ်ကလေးမှာ အောက်ကပေးထားတဲ့ path ( လမ်းကြောင်း) လေးကို အားလုံး copy ကူးပြီး ဖြည့်လိုက်ပါ ။
"C:\Windows\System32\notepad.exe"
(ဒါလေးကိုပဲ ရှည်အောင်ပြောချင်ရင် C drive ထဲကိုဝင် ၊ Windows ကိုဖွင့် ၊ System 32 ထဲကိုထပ်ဝင် ၊ notepad.exe program ကိုရှာ တွေ့ရင် Shift နဲ့ right click ကိုတွဲနှိပ် ၊ ပေါ်လာတဲ့ menu ထဲကနေ copy as path ကို click လုပ် ၊ အခု Value data နေရာကျမှ paste လုပ်ပါ .. ဒီလိုလဲရတယ်ပေါ့ )
ဒီမှာကြည့်
ပြီးရင်ပိတ်လိုက်ပါ ။ desktop ပေါ်မှာသွားပြီး right click ထောက်ကြည့်လိုက်ပါ ၊ Notepad လေးကို တွေ့ရမှာပါ ၊ ဖွင့်ချင်ရင် အလွယ်ဖွင့်လို့ရပြီပေါ့ ။ မသိသေးတဲ့သူတွေကိုလည်း ပြောပြလို့ရပါပြီ ။
ဒီလိုမြင်ရမယ်
အထက်မှာနမူနာ လုပ်ခဲ့တာက Windows ထဲကပါတဲ့ application ပါ ။ ကျနော်တို့ install လုပ်တဲ့ ပြင်ပ application တစ်ခုခုကို ထပ်လုပ်ကြည့်ရအောင် ၊ ဥပမာ Google crome browser ကို လုပ်ကြည့်မယ် ၊ Internet ကို Right click ထဲကနေဖွင့်လို့ရအောင်ပေါ့ ။
အမှတ်စဉ် ၁ ၊ ၂ ၊ ၃ အထိက အတူတူပါပဲ ၊ အမှတ်စဉ် ၄ မှာတော့ crome လို့ရေးလိုက်မယ် ၊ (ဒီနေရာမှာက ကြိုက်ရာရေးလို့ရတယ် ၊ အရေးမကြီးဘူး ၊ အရေးကြီးတာက path နဲ့ exe program ပဲ )
၅. Crome > New > Key > command
၆. Command ကို click > (Default) ကို double click
၇. Value data မှာ အောက်က path လေးကူးဖြည့်လိုက်ပါ
"C:\Program Files\Google\Chrome\Application\chrome.exe"
Windows ရဲ့ပြင်ပက program ဖြစ်တဲ့အတွက် system 32 ထဲမှာ မရှိပဲ Program Files ဆိုတဲ့ folder ထဲမှာ သွားရှာရတာဖြစ်ပါတယ် ၊ ဒါလောက်ဆို ရလောက်ပြီထင်ပါတယ် ။
သူတို့ဘေးမှာ icon လေးတွေပါထည့်လို့ရသေးတယ် ၊ သိပ်ရှည်ပြီး မမှတ်မိတော့မှာစိုးလို့ နောက်မှထပ်ရေးဖို့စိတ်ကူးထားတယ် ။ ကျွမ်းကျင်မှုတွေ ရကြပါစေ ။ J
Ref: http://vodaegu.org/index.php/2010-05-25-15-57-37/2010-05-27-10-54-21/423
Grub Rescue ဖြေရှင်းနည်း
ဒီ grug rescue ပြဿနာကို Window , Linux Dual Boot တွဲသုံးတဲ့ပုဂ္ဂိုလ်
မှ သိနိုင်မှာပါ။ ဒီပြဿနာကို ခဏခဏကြုံရတော့ အလွယ်တကူဖြေရှင်းနိုင်အောင်ဆိုပြီး
စုစည်းလိုက်တာပါ။ ဒီပို့စ်သည် မြန်မာမိသားစုဖိုရမ်မှာ ကိုကျောက်ဖြူရေးထားတဲ့ Ubun
tu အမေး အဖြေကဏ္ဍာတွင် ကိုkznt ရဲ့လက်ရာလေးပါပဲ။ ကျနော့်အတွက်လိုအပ်လို့
တင်လိုက်တာ။ အခြားလိုအပ်မယ်ပုဂ္ဂိုလ်များရှိရင်လည်း လွယ်လင့်တကူဖြစ်သွားတာပေါ့
ဗျာ...
Windows XP bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်
ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင်
ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။
အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recov
er လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့
"r" ကိုနှိပ်ပါ။
+/- အပြည့်အစုံသို့
Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေး
ဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို
command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ
commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -
fixboot
fixmbr
ပြီးသွားရင် ဒါကို ရိုက်ပါ။
exit
ပြီးသွားရင် Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်
ပြေတယ်ဆိုရင် XP bootloader ပြန်အလုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့
ရပါလိမ့်မယ်။
Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်
ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 instal
lation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။
တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့
ရပါတယ်။ Windows Vista နဲ့ 7 အတွက် Recovery Disc ကို ဒီနေရာကနေရယူနိုင်
ပါတယ်။
အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/
Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။ နောက်စာမျက်နှာမှာ "Repair
your computer." ကို နှိပ်ရပါမယ်။
အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7
installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။
အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt"
ကို click ပေးပါ။ နောက်ပြီးရင် အောက်ဖော်ပြပါ command တွေကို ရိုက်ပေးပြီး
Enter ခေါက်ပါ။
bootrec /fixmbr
bootrec /fixboot
bootrec /rebuildbcd
ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။
ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင်
Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7
ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။
Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်
သူငယ်ချင်းတစ်ယောက်က ကျနော်ရေးခဲ့တဲ့ Window Password များကို Linux နဲ့ဖြုတ်မယ်
ဆိုတဲ့ တော့ပစ်ကိုဖတ်ပြီး ကွန်မင့်ပြန်ရေးခဲ့ထားပါတယ်။ ကိုလင်းနက်စ်ရေ…၀င်းဒိုးပတ်စ်ဝါဒ်
ဖြုတ်တာ ဒီထက်လွယ်တဲ့နည်းလေးရှိရင် ပို့စ်တင်ပေးစေချင်တယ်တဲ့။ ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း
တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ
နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော်
များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။
နောက်တော့ ကျနော် Linux Lice CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း
သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း
နည်းတော့ ခက်တယ်။
ဒါကြောင့် Linux Lice CD နဲ့ဆိုင်ရင် Trinity Rescue Kit or TRK 3.4 ကို အသုံးပြုပြီး ၀င်း
ဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းက ပိုပြီးလွယ်မယ်ထင်တာနဲ့ သူငယ်များဆီ ထပ်မံမိတ်ဆက်ပေး
လိုက်ပါတယ်။ သူက Free License ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။
+/- အပြည့်အစုံသို့
ဒီဆော့ဝဲလ်ရဲ့ လုပ်ဆောင်နိုင်တဲ့ Feature တွေကို ဖတ်ကြည့်လိုက်ပါ….
-easily reset windows passwords with the improved winpass tool
-simple and easy menu interface
-5 different virusscan products integrated in a single uniform commandline with
online update capability
-full ntfs write support thanks to ntfs-3g
-winclean, a utility that cleans up all sorts of unnecessary temporary files on your
computer.
-clone computers over the network via multicast.
-wide range of hardware support (kernel 2.6.35 )
-contributed backup utility called "pi", to automate local machine backups
-easy script to find and mount all local filesystems
-self update capability to include and update all virusscanners + local changes
you made to TRK.
-full proxyserver support.
-run a samba fileserver (windows like filesharing)
-run a ssh server
-recovery and undeletion of files with utilities and procedures
-recovery of lost partitions
-evacuation of dying disks
-full read/write and rpm support
-UTF-8 international character support (select keyboard language from the scrollable
textmenu at startup)
-2 rootkit detection uitilities
-most software updated to recent versions
-literally thousands of changes and bugfixes since version 3.3
-elaborated documentation, including manpages for all commands (also TRK 's
own)
Trinity Rescue Kit or TRK နဲ့ Window PW ဖြုတ်နည်း….
ဒီဆော့ဝဲလ်က iso image file ဆိုတော့ ထုံးစံအတိုင်းပေါ့ဗျာ။ iso Brun နည်း တွေသိချင်ရင်
ကျနော့်ဆိုက်မှာပဲ ရှာပြီးဖတ်ကြည့်လိုက်ပါ။ ကဲ…Burn လိုက်ပြီးဆိုရင် ၎င်း CD ကို Drive ထဲ
ထည့်ပြီး Boot တက်လိုက်ပေါ့ဗျာ။ Boot တက်လာလျှင် ဒီအတိုင်းပဲ ကြည့်နေလိုက်ပါ။ အောက်
ပါပုံအတိုင်း ရောက်လာရင်… Trinity Rescue Kit easy menu အောက်က Window Passw
Ord Resetting ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
နောက် Screen တစ်ခုမှာ Winpass with Prompt for user name first ကိုရွေးပြီး
Enter ခေါက်ပါ။
နောက် Screen တစ်ခုမှာ မိမိဖျက်ချင်တဲ့ ပတ်စ်ဝါဒ်ရဲ့ အကောင့် user name ကိုရိုက်
ထည့်ပါ။
နောက် screen တွေမှာ ”1" ရိုက်ပါ။ ပြီးတာနဲ့ Press a key continue ဆိုတာကို ကီး
တစ်ခုခုကိုနှိပ်လိုက်ပါ။ ဒါဆို Go back ပြန်သွားပြီးထွက်လို့ရပါပြီ။
ဘာဖြစ်သိချင် လိုချင်ရင် စမ်းရတာချည်းပါပဲ။ လက်တွေ့သည်သာ အသေချာဆုံးဖြစ်ပါ
တယ်။
Download Link :
(Oringinal link) Trinity Rescue Kit or TRK 3.4
Mediafire
Recovery Disk နဲ့ Vista ကို Recovery (Reinstall)ပြန်လုပ်နည်
ကျနော်အခုရေးပြချင်တာက HP, Compaq ကွန်ပျူတာအမျိုးအစားများကို Recovery
Manager ပါရှိသည့်အတွက် ၎င်းကွန်ပျူတာများကို Recovery Partition နဲ့ ပြုလုပ်
ထားတာအတော်များများတွေ့ရတယ်။ အဲဒီလို Recovery Partition နဲ့ လုပ်ထားတဲ့
စက်ကို လိုအပ်လို့ ပြန်ပြီး Recovery လုပ်ရမယ်ဆိုရင် အဆင်ပြေနိုင်အောင် သိသ
လောက်ရေးခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အခု ၀င်းဒိုးဗစ်စ်တာသုံးတာမ၇ှိသလောက်ဖြစ်သွားပါပြီး ဒါကြောင့် ဒီပို့စ်
သည် ဗဟုသုတမျှသာရည်ရွယ်ပါသည်။
(၁)
Recovery Disk စက်ထဲမှာ ထည့်လိုက်ပါ။ ပြီးတော့ Boot တက်လိုက်ပါ။ HP, Com
paq Brand အများဆုံးဟာ Boot တက်လျှင် F10 ကီးနှိပ်ထားရတာများပါတယ်။
(အများစုပြောတာနော်)
(၂)
Welcome to the Recovery Manager ဘောက်စ်ပေါ်လာမည်။ Advance option ကိုနှိပ်ပါ။
+/- အပြည့်အစုံသို့
(၃)
နောက်ဘောက်စ်တွင် system recovery ကိုနှိပ်ပြီး Next ကိုနှိပ်။
(၄)
နောက် Insert Recordable Disk ဘောက်စ်ပေါ်လာမည်။ CDဆိုရင် 9 ချပ်၊ DVD ဆိုရင်
2 ချပ်၊ DVD-DL (DVD Dual Layer) အသုံးပြုတာနည်းပါတယ်။ Next ကိုနှိပ်။
(၅)
နောက်ဘောက်စ်တွင် Disk 1 of 2 ဆိုပြီး Recovery Disk က မိမိစက်ကို Reformating
လုပ်တာတွေ့ရမှာဖြစ်ပါတယ်။
(၆)
Disk 1 လုပ်ဆောင်ချက်ပြီးလျှင် Disk 2 ကိုဆက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း…
(ရ)
ဒီအဆင်မှာတော့ system recovery successful ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ Finish ကိုနှိပ်။
Restart ပြန်တက်လာလျှင် Recovery Disk နဲ့ system recovery လုပ်ဆောင်တာပြီးသွားပါပြီ
( အထက်ပါပုံများသည် Wikihow.com မှာ Recovery Created Disk ကိုမှီငြမ်းထားခြင်းဖြစ်
သည်။ ဒါကြောင့် တစ်ချို့ပုံသည် Recovery လုပ်ထားတဲ့ပုံမဟုတ်ပဲ၊ Created လုပ်ထားတဲ့ပုံ
ဖြစ်ပါသည်။ အထောက်အကူဖြစ်စေရန်သာ ရယူထားဖြစ်သည်။ )
Original Link
Saturday, August 27, 2011
Window ဘယ်တုန်းက တင်ခဲ့လဲ ဆိုတာကို ကြည့်ရအောင်
ဒီနည်းတော့ မသိသေးတဲ့ သူတွေအတွက်ပါ ။ ကိုယ့်ဝင်ဒိုးကို ဘယ်တုန်းက တင်ခဲ့လဲဆိုတာကိုပေါ့ဗျာ ။ လွယ်လွယ်လေးပါ ။ ကျန်တဲ့ အချက်အလက်လေးတွေလည်း ပါပါသေးတယ် ။ မိမိရဲ့ ကွန်ပျူတာ အကြောင်းကိုတော့ သိထားသင့်တာပေါ့ဗျာ ။ သူများ လာမေးရင် ပြောပြလို့တတ်အောင်ပေါ့ ။
ကျွန်တော်လည်း ကောင်းကောင်း မသိသေးပါဘူးဗျာ ။ သိသမျှလေးကိုပဲ ပြန်မျှနေတာ :D
Run >>>>(Window + R )>>>CMD>>>Enter>>>>systeminfo>>>Enter လို့ အစဉ်လိုက် ရိုက်သွားလိုက်ရုံပါပဲဗျာ ။ ခက်ပါဘူး ။
ကဲ ကြည့်ပေတော့ မိမိကွန်ပျူတာ အကြောင်းကို....
အဆင်ပြေပါစေဗျာ ။
Monday, August 22, 2011
Windows administrator အသစ်တွေ မှားတတ်တဲ့အမှားဆယ်ချက်
မိုက္ကရိုဆော့ဖ်ရဲ့ထုတ်ကုန်တွေဟာသုံးစွဲသူတွေအတွက်လွယ်ကူ အောင်လုပ်ထားပေးတာဖြစ်လို့သုံး စွဲသူတွေအတွက်အနည်းငယ်သိရုံ တင်အဆင်ပြေအောင်လုပ်သွားနိုင် တဲ့ထုတ်ကုန်တွေပါ။ OS  တွေဟာ အမြဲတမ်း ပိုမိုကောင်းလာသလို application  တွေကလည်းသုံးစွဲ သူတွေ အတွက်ကြီးမားတဲ့ အခက် အခဲတွေမဖြစ်စေပါဘူး။ ဒါပေမဲ့ စီ မံခန့်ခွဲရေးကို နောက်ကွယ်ကနေ လုပ်ကိုင်ပေးနေရတဲ့ administrator  တွေအတွက်တော့
အခက်အခဲ လေးတွေရှိတတ်ပါတယ်။ virus  တွေကစလို့ သုံးစွဲသူတွေကြောင့် ဖြစ်တဲ့ပြဿနာအဆုံးလိုက်ပြီး တော့ဖြေရှင်းပေးရတာမလွယ် ကူ ပါဘူး။ သုံးစွဲသူတွေကလည်းတစ် ခါတစ်ရံမှာသူတို့ဘာလုပ်လို့ဒီလိုဖြစ် သွားတယ်ဆိုတာကိုမသိလိုက်တဲ့အ ခါတွေမှာတော့ အတွေ့အကြုံသိပ် မများတဲ့ administrator  တွေအတွက်အခက်တွေ့စေပါတယ်။ ဒီလို ပါဘဲအသစ်လုပ်ကိုင်ခါစ administrator  တွေဟာလည်းအစပိုင်း မှာအမှားလေးတွေပြုလုပ်တတ်ပါ တယ်။ ယခုဖော်ပြလိုက်တာက တော့ Windows  ပလက်ဖောင်းပေါ်မှာ လုပ်ကိုင်နေတဲ့ administrator  အသစ်တွေရဲ့မှားယွင်း တတ်တဲ့ အချက်ဆယ်ချက်ပါ။
၁။ အရာအားလုံးကိုတစ်ချိန် တည်းမှာပြောင်းဖို့ကြိုးစားကြတယ်။
အလုပ်အကိုင်အသစ်ထဲကိုစတင် ၀င်ရောက်လာတဲ့အခါ (သို့မဟုတ်) နည်းပညာနယ်ပယ်သစ်ကိုစတင်ထိတွေ့တဲ့အခါမှာအတွေးအခေါ်သစ် တွေနဲ့အတွေ့အကြုံသစ်တွေအတွက် စိတ်ကူးပုံဖော်မှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီအခါမှာဘယ်အμ အရေးပါတယ်။ အရင်ဦးဆုံးလုပ်ရ မယ်ဆို တာတွေကိုမသိဘဲနဲ့အရေး ပါတာတွေရော၊ အရေးမပါတာတွေကိုရော တစ်ချိန်တည်းမှာ ပေါင်းပြီးလုပ်တတ်ပါတယ်။ အဲဒီ မှာတင် ကြီးမားတဲ့အမှားယွင်းမှု တွေစတင်ဖြစ်ပေါ်ပါတော့တယ်။ ဒါကြောင့်အလုပ်ရဲ့သဘောကို အရင်ဆုံးလေ့လာပါ။ ကိုယ့်ထက်ပို သိတဲ့လူတွေနဲ့မိတ်ဆွေဖွဲ့ပါ။ အရေးအပါဆုံးအရာကဘာဖြစ်တယ် ဆိုတာကိုအရင်ဆုံးစဉ်းစားပြီးမှလုပ် ကိုင်ပါ။ တစ်ဆင့်ပြီး တစ်ဆင့်တိုး လုပ်ပါ။
၂။ နည်းပညာဆိုင်ရာကျွမ်း ကျင်မှုအတွက်အလျှင်လို
administrator  အဖြစ် အ သစ် ၀င်ရောက်လုပ်ကိုင်သူတွေ သာမက ပညာရပ်နယ်ပယ်တွေထဲ ကိုအသစ်ဝင်ရောက်တဲ့သူတိုင်း ကြုံတွေ့ရတဲ့ကိစ္စရပ်ပါ။ ဒါကတော့ ကိုယ်ဝင်ရောက်တဲ့ နယ်ပယ်ထဲမှာ ရှိတဲ့အရာအားလုံး ကိုတစ်ချိန် တည်းမှာအလျှင်အမြန် တတ်ကျွမ်း ချင်တာပါ။ ဒီအချက်ဟာလည်း မှားယွင်းတဲ့အချက်ပါပဲ။ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင် မှုဆိုတာဟာအချိန်ယူပြီးတည်ဆောက် ရတာကြောင့်အလျှင်လိုမှုကြောင့်မ လိုလာအပ်တဲ့အမှားအယွင်းတွေကြုံ တွေ့ရတတ်ပါတယ်။
၃။ သုံးစွဲသူများ၏နည်းပညာ ပိုင်းဆိုင်ရာနားလည်မှုကိုမသိရှိခြင်း
သုံးစွဲသူအချို့နဲ့ကုမ္ပဏီအများစု ရှိလုပ်သားအများစုဟာနည်းပညာ အပိုင်းဆိုင်ရာကျွမ်းကျင်မှုမှာအလုပ် ၀င်ရောက်ခါစ administrator  တွေထက်ပိုကြပါတယ်။ အချို့ဟာ ဆိုရင်တော့ ကွန်ပျူတာပညာရပ် ကို ၀ါသနာအလျောက်ဆည်းပူး ရင်းပညာရှင်တစ်ပိုင်းဖြစ်နေ တတ်ကြပါတယ်။ ဒီလိုလူတွေအများအ ပြားရှိတဲ့နေရာမှာ ၀င်ရောက်လုပ် ကိုင်ရတဲ့ administrator  တစ် ယောက်အတွက်အတော်ကို သတိထားရပါလိမ့်မယ်။ ဒါကြောင့်ကိုယ်လုပ်ကိုင်တဲ့ပတ် ၀န်းကျင်မှာဘယ်သူတွေဟာနည်းပ ညာပိုင်းဆိုင်ရာမှာကျွမ်းကျင်သလဲ ဆိုတာကိုလေ့လာပါ။ သူတို့နဲ့မိတ်ဆွေဖွဲ့ပါ။ လိုအပ်တဲ့အကူအညီတွေ တောင်းခံလိုက်ပါ။
၎။ Auditing  ကိုအလုပ်မ လုပ်ထားခြင်း
Windows Server operating syster  မှာ built-in  လုံခြုံရေး auditing  ပါဝင်ပြီးသားပါ။ ဒါပေမဲ့ default  အနေနဲ့ enable  မလုပ်ထားပါဘူး။ ဒါကိုမသိတဲ့ administrator  အသစ်အနေနဲ့ enable  မလုပ်မိတဲ့အခါမှာ auditing  feature  တွေကိုလိုချင်တဲ့အခါ မသိနိုင်တော့တဲ့အတွက် ဘယ်သူကဘယ်ဖိုင်တွေ၊ ဘယ်လို object  တွေကိုဝင်ကိုင်တယ်၊ ဘယ်လို service  တွေကိုသုံးသွားတယ်ဆိုတာကို ရှာဖွေမကြည့်နိုင်တော့ပါ ဘူး။ built-in  အဖြစ်ပါဝင်တဲ့အရာတွေကို enable  လုပ်သင့်မလုပ်သင်အရင်ဆုံးလေ့လာထားပါ။ ကိုယ်သုံးတဲ့ Operating system  ကိုနှံစပ်ကျွမ်းကျင်အောင်အမြဲလေ့လာပါ။