တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label gmail နည်းပညာ. Show all posts
Showing posts with label gmail နည်းပညာ. Show all posts

Friday, August 30, 2013

G-Mail Account Lock ကျသွားလျှင်ဖြေရှင်းနည်း


G-mail သုံးစွဲသူတွေအတွက် G-mail အကောင့်တွေ Lock ကျသွားတာတွေကြုံဖူးမှာပါ။အကောင့်ကိုဝင်လိုက်
၇င် username နဲ့ password လဲမှန်တယ်အကောင့်က၀င်လို့မ၇ပဲ စာလုံးလေးတွေ၇ိုက်ပြီးဝင်ခိုင်းတယ်။ဝင်
တော့လဲမ၇ဘူးနောက်ထပ်ပြောင်းပြီး၇ိုက်ခိုင်းနဲ့၇ွာပတ်နေတက်ပါတယ်။G-Mail အကောင့်များပျက်သွားပြီလား
သုံးလို့များမ၇တော့ဘူးလားဆိုပြီးစိတ်မပူပါနဲ့..။အောက်မှာပေးထားတဲ့လင့်လေးကနေသွားလိုက်ပါ.။Google
ကအဲ့လိုပြသနာတွေကြုံလာ၇င်ဖြေ၇ှင်းဖို့နည်းလမ်းလေးပေးထားပါတယ်.။
တကယ်လို့ကိုသုံးနေတဲ့ G-Mail
အကောင့်ကလော့ကျနေတယ်ဆို၇င်အောက်မှာပေးထားတဲ့လင့်လေးကိုသွားပါ။ပြီး၇င် Username နဲ့
Password ၇ိုက်ထည့်ပါ။ပြီး၇င်ပေးထားတဲ့စာလုံးလေးတွေကိုမှန်အောင်၇ိုက်ထည့်ပေးပါ။ပြီး၇င် unlock ကို
နှိပ်လိုက်ယုံပါပဲ။လော့ကျနေတဲ့ G-mail အကောင့်လေးပြန်ပွင့်သွားပါလိမ့်မယ်.။
ဒီနေရာလးကနေသွားလိုက်ပါ

G mail လုံခြုံဖို့ နည်းလမ်းလေးတွေပါ

ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့် တစ်ခု လုံခြုံဖို့ မလုံလောက်တော့ပါဘူး။
ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊
G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…
1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ
G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့
G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေ
လို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာ
သော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။
ကျွန်တော် တို့တွေ အဲလို ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့
အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File Transfer Protocol) location
တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင်ဒီနေရာမှာကလစ်လိုက်လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။

2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ
Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့ Computer Program တစ်ခု ဆိုတာ
သိပြီး ပြီးဟုတ်။ Keystrokes တွေ အားလုံးကို မှတ်တယ်။ Text File လေးအဖြစ် သိမ်းတယ် ပြီးတော့
Email address တစ်ခု ဒါမဟုတ် FTP sever ကိုပို့တယ် နောက်ဖက်မှာ Run နေတဲ့ Process တစ်ခုလုံးကို
တကယ်ကို ကျွန်တော် တို့ သတိ မမူမိဘူးနော်။ ကျွန်တော် တို့က E mail စစ်ဖို့ Local Internet café တစ်ခု
ကိုသွားမယ် Café Staff ကလည်း ကွန်ပျူတာတိုင်း မှာ အဲဒါ တပ်ထားမယ် ဆိုရင် User Name နဲ့ Passward
လည်း ရိုက်ရော စတင် အလုပ်လုပ်ပြီး တစ်ခြား E mail ထဲ ပို့လိုက်ပြန်ရော ဆိုင်ကလည်း ပြန်ရော ကိုယ့်
အကောင့်ကို Hack ခံလိုက်ရပြန်ရော။ဒါကြောင့် ကိုယ့် ရဲ့ ထိန်းချုပ်မှု မရှိတဲ့ Public places တွေနဲ့ local café
တွေ မှာ Mail မစစ်ပါနဲ့၊ ( ဆိုင်မှာပဲ သုံးရတဲ့ သူတွေ ဘယ်နှယ့်လုပ်ရပါ့ ) ဟီးးးး
3. ဒုတိယ E mail အကောင့်ထဲကို E mail တွေ ကို Forward လုပ်ပေးပါ။
Local Internet café တွေ Public Computer တွေမှာ E mail လည်းစစ်ရမယ် Keylogger တွေ တပ်ထားမှာလည်း
ကြောက်ရတယ်ဆိုရင်တော့ ဒီအချက်လေး တွေ ကိုကြည့်ပါအုံး
Passward အသစ်နဲ့ တစ်ခြား G mail အကောင့်တစ်ခု ဖွင့်ပါ။
အရင် အကောင့်ရဲ့ Password နဲ့ လုံဝမတူသင့်ပါဘူး။
အရင်အကောင့်နဲ့ G mail ကို Log In ၀င် Setting ကိုသွား “Forwarding and POP/IMAP” tab. ကိုတွေ့
တယ်ဟုတ် အဲဒိက Forward a copy incoming mail to မှာ ခုနက အကောင့် သစ်ကို ထည့် လိုက်။
ပြီးတော့ Save လိုက်။ ဒါဆိုရင် Primary G mail ထဲကို ၀င်လာသမျှ mail တွေ Secondary Mail address ထဲကို
Auto ရောက်လာပါလိမ့်မယ်။

Public Computer မှာ Mail စစ်တဲ့ အခါတိုင်း Secondary Email ကိုပဲ သုံးပါ ဒါဆိုရင် hack ချင်တဲ့ သူတိုင်း အဲဒီ
Secondary Email ကို ပဲ ဟတ်ပါစေတော့လေ။ ဒါပေမယ့် အဲဒီ ယာယီ အကောင့် ထဲမှာ အရေးကြီးတဲ့
E mail password နဲ့ user name တွေ ကိုတော့ သိသိသာသာ ကြီး မချန်ခဲ့ပါနဲ့ဗျာ။
အရေး ကြီးဆုံးက ပုံမှန် ဆိုသလို ချိုကြားချိုကြား မေးတွေ ဖျက်ပေးပါအုံး။ ရယ်စရာများကောင်းနေမလားဗျာ
ဒါပေမယ့် လုံခြုံတဲ့ ဘက်မှာဖြစ်ဖို့တော့ ပိုမိုကောင်းမှာပါ။
အရေးကြီးဆုံးတော့ Secondary E mail ကို Primary E mail account ရဲ့ Password recovery option မှာ
လုံးဝ မထားဖို့ပါပဲ။ အဲဒီ Secondary account က Public computer တွေ မှာ မေး စစ်ဖို့ အတွက်ပါပဲ။
4. ပုံမှန် G mail အကောင့်ရဲ့ လုပ်ဆောင်ချက်တွေ ကို စစ်ပေးပါ။
ကျွန်တော် တို့တွေ ကိုယ့် G mail အကောင့်ကို Log In ၀င်ဖို့ သုံးတဲ့ ကွန်ပျူတာရဲ့ IP address ကို စစ်ကြည့်
နိုင်ပါတယ်။ IP ရှာဖို့က G mail ကို Log In ၀င် လိုက်တာနဲ့ အောက်ခြေနားလေးမှာ Account activity detail
ကို Click ကြည့်ပါ။ ပုံမှာ ပြထားသလိုပါ။

ဒါက ကျွန်တော် တို့ရဲ့ Gmail account ကို Log In ၀င်ဖို့ သုံးခဲ့တဲ့ နောက်ဆုံး IP address ကိုပြနေပါတယ်။
ဒါက ကျွန်တော် တို့ g mail ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ရဲ့ အချိန်၊ နေ့စွဲ ၊ နိုင်ငံနဲ့ ပြည်နယ် တွေ ကို
ကျွန်တော် တို့ သတိ ထားကြည့်မိပါလိမ့်မယ်။ တစ်ခြား ကို မသိတဲ့ IP တွေ၊ နေရာ အမည်တွေ တွေ့တယ်ဆိုရင်
တော့ တစ်နေရာရာ ကနေ တစ်ယောက်ယောက်က ကျွန်တော် တို့ရဲ့ account ကို
သုံးနေတယ် ဆိုတာ သေချာနေပြီပေါ့။
ဒါကို ဖြေရှင်းဖို့တော့ Sign out of all other sessions ကို Click လိုက်ပါ
G mail က တစ်ခြား Active ဖြစ်နေတဲ့ Session တွေကို အလိုအလျှောက် Delete လုပ်သွားပေးပါလိမ့်မယ်။
ပြီးတော့မှ Password ကို ချက်ချင်းပြောင်းလိုက်ပါ။
5. Filters တွေကိုလည်း စစ်ကြည့်ပါ
Gmail ရဲ့ Filters တွေကို ကျွန်တော် တို့အကောင့်မှာ တစ်ချို့ ကိုခွဲခြားသတ်မှတ် ထားဖို့ သုံးတယ် ဟုတ်၊ တစ်ခြား
ခွဲခြားထားချင် တဲ့ မေး တွေကို တစ်ခြား အကောင့်ထဲကို Auto Forward လုပ်လို့ လည်း ရတယ် ၊ဖျက်လို့ရသလို
တစ်ခြား များစွာသော Task တွေကို လုပ်လို့ရပါတယ် ၊ စိတ် မကောင်းစွာပဲ Filters တွေ ဟာ G mail account
security ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု လည်း ဖြစ်နိုင်ပါတယ်။
အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ပါ ကိုယ်က Collage က Computer မှာ Mail စစ် ခဲ့တယ် Log out လုပ်ဖို့မေ့ပြီး
အခန်းပြန်လာတယ် သယ်ချင်းတစ်ယောက်က တွေ့သွားပြီး ကိုယ့်မေးထဲမှာ သူ့မေးထဲဝင်ဖို့ Filter လေး ခွဲခဲ့မယ် ၊
အဲဒါ လေးက ကိုယ့်ထဲလာသမျှ ကို သူ့ထဲကို Auto Forward လုပ်ပေးနေပါလိမ့်မယ်။
သူလုပ်ချင်ရင် ကိုယ့်အကောင့်ကို ပါ Reset လုပ်ကောင်းလုပ်မှာပါ။
ဒါကြောင့် ကိုယ် ဖန်တီးထားတာ မဟုတ်တဲ့ G mail setting ထဲက Filters တွေ ကိုစစ်ကြည့်ပါအုံး၊
သံသယ ရှိရင်တော့ ဖျက်ပစ်လိုက်ပါ။
6. သံသယဖြစ်ဖွယ် Link တွေကို မနှိပ်မိပါစေနဲ့
ဘယ် E mail address ကိုမဆို တစ်ယောက်ယောက်က ဟန်ဆောင် E mail တွေ ပို့လို့ ရတဲ့ Wedsides တွေ
ရှိနေပါတယ်၊ အဆိုးဆုံးကတော့ ပို့တဲ့ သူက From address ကို customize လုပ်လို့ရတာပါ noreply@gmail.com
တို့ gmailteam@google.com တို့ပါ။
အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ရအောင်ပါ Mr X က Webside တစ်ချို့ကို သုံးပြီး Mail တစ်ဆောင်
ကျွန်တော် ကို ပို့ပါမယ် Security Reason ကြောင့် G mail password ပြောင်းဖို့ပါ။
support@gmail.com လိုမျိုးတစ်ခုခု အဖြစ် From ဆိုတဲ့ Address Field လေး ကို ကြည့်ကြည့်ပါအုံး G mail
ကရော ဟုတ်ရဲ့လားလို့ မဟုတ်ပါဘူး အဲဒါ G mail က၊ Password ချိန်းဖို့ ဒါမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာ
သေချာ ဖို့ Log In ၀င်ကြည့်ဖို့ Mail တွေ များ ကိုယ့်ရဲ့ inbox ထဲမှာ ရနေတယ် ဆိုရင် ရပ်လိုက်ပါနော်။ ကိုယ့်ရဲ့
Inbox ထဲက အဲလို သံသယ ဖြစ်ဖွယ် လင့် တွေကို မနှိပ်မိပါစေနဲ့နော်။ G mail က အကြောင်းပြချက်မရှိဘဲနဲ့
အဲဒီလိုတွေ ဘယ်တော့မှ ခိုင်းမှာ ဟုတ်ပါဘူးတဲ့၊ ဒါကြောင့် ကိုယ့်ကို Password ပြောင်းဖို့ Google ကနေ
ဖြစ်ဟန် ရှိပြီး ပြောလာတဲ့ မေး တွေ ရတယ်ဆိုရင် ကိုယ့်ကိုများ တစ်ယောက်ယောက်က ဟတ် ဖို့ ကြိုးစားနေပြီ
လား ဆိုတာ သံသယ လေး ၀င်ကြည့်ပါအုံးနော်။
7. ဂဏန်းတွေ နဲ့အက္ခရာ ရောနေတဲ့ password တွေသုံးပါ။
နံပါတ်တွေနဲ့ အက္ခရာတွေ နှစ်ခုလုံးပါတဲ့ password ကိုရွေးချယ်ပါ။ Symbols လေးတွေနဲ့ Special characters
လေးတွေ သုံးမယ် ဆိုရင် ပိုကောင်းမှာပါ။ ( !, <, >, / , # etc…)
ကိုယ့်ရဲ့ ဖုန်းနံပါတ်တို့ မိဘနာမည်တွေ Credit card No တွေကို တော့ ကို အကောင့် Password အဖြစ် မသုံးပါနဲ့။
ဖြစ်နိုင်မယ် ဆိုရင် ၁၀ လုံးထက်ကျော်တဲ့ Password ရှည်ရှည် လေး တွေ သုံးပေးပါ။
ကိုယ့်ရဲ့ Password ကိုစာရွက်တွေ ပေါ်မှာ ဒါမဟုတ် ကွန်ပျူတာ ထဲမှာ Text File လေးတွေလုပ်ပြီး အသိမ်းပါနဲ့ဗျာ။
ကိုယ့်ရဲ့ အကောင့်ကို ဟတ် ဖို့ ကြိုးစားနေတဲ့ တစ်ယောက်က password တွေကို ခန့်မှန်းဖို့ ခက်ခဲသွားမှာပါ ။
ပိုရှုပ်လေလေ ပိုပြီး လုံခြုံလေ လေ ပိုကောင်းလေ လေ ပေါ့ဗျာ။ ကျွန်တော်တို့ G mail အကောင့်နဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်
နဲ့ ဆက်သွယ်ထားသင့်ပါတယ်။ ကျွန်တော် တို့ Password မေ့ပြီး Log In ၀င်လို့ မရတော့ဘူးဆိုရင် အသုံးတဲ့လာမှာပါ။

Sunday, June 9, 2013

GMAIL ဖွင့်နည်းလေး ( နားမလည်သေးတဲ့သူများအတွက်သာ)

ကဲကျွန်တော်လည်းတစ်ခြားသောအလုပ်တွေလည်းရှိနေသေးတော့ သူငယ်ချင်းများကို
အခုနည်းလေးဘဲတင်ပေးနိုင်တော့မယ် သို့ပေမဲ့တကယ်ကိုလိုအပ်နေတဲ့သူများရှိမယ်
တကယ်နားမလည်နိုင်သေးတဲ့လူငယ်လေးတွေ၇ှိမယ် ဘယ်သူဘဲလိုအပ်နေပါစေ
အခုတင်ပေးလိုက်တဲ့ GMAIL ဖွင့်နည်းလေးကိုတော့ ကြိုက်တဲ့နေရာမှာရှယ်နိုင်ပါတယ်
လိုအပ်လို့ကူးချင်တယ်ဆိုလည်းကူးနိုင်ပါတယ် ယနေ့တိုးတက်လာတဲ့မြန်မာနည်းပညာ
လောကထဲမှာအားနည်းချက်ကတော့လုံလောက်တဲ့နည်းပညာသမားတွေမရှိသေးဘူးဗျာ
ကျွန်တော်လည်းမတော်သေးဘူး ဒီလိုဘဲကျွန်တော့လိုဘဲအများကြီးမတော်သေးတဲ့
လူငယ်လေးတွေရှိနေဦးမှာဘဲ သို့ပေမဲ့အားမလျှော့ပါနဲ့ဗျာမှန်မှန်လျှောက်ကြဖို့အားပေးစကား
ပြောချင်ပါတယ် ဒီနေ့မျှဝေတဲ့နည်းပညာဟာ လွန်ခဲ့တဲ့တစ်ချိန်လောက်ကတည်းကရှိပြီးသားပါ
သို့ပေမဲ့အခုတင်ပေးလိုက်ရခြင်းဟာနောက်လာမဲ့လူငယ်လေးတွေအတွက်အကောင်းဆုံးသော
အခြေခံလေးတစ်ခုအဖြစ်နဲ့ကျန်ခဲ့စေချင်လို့ဘဲ အခုလက်ရှိလေ့လာနေတဲ့လူငယ်တွေထဲမှာ
လိုအပ်နေတဲ့သူများရှိခဲ့ရင်လည်းဒီနည်းအတိုင်းလုပ်သွားနိုင်ပါတယ် သို့ပေမဲ့ဘ်ာနည်းပညာမဆို
ပိုတယ်မ၇ှိပါဘူး လိုနေကြတာချည်းပါဘဲ လိုအပ်လို့လည်းနေ့တိုင်းအွန်လိုင်းနဲ့ညားနေကြတာဘဲလေ
ကျွန်တော်လည်းပါတယ် ရှာတယ်လေ့လာတယ်ပြန်ရှယ်တယ်ကျွန်တော့လိုလူတွေလည်း
အများကြီးထွက်ပေါ်နေကြတယ် ကျွန်တော့ထက်တော်ကြတဲ့ blogger တွေထုနဲ့ဒေးပါ
ဒါကြောင့်နောက်ကျနေတယ်လို့ကိုယ့်ကိုယ်ကို မယူဆလိုက်ပါနဲ့ တစ်နေ့ကျွန်တော်တို့လို
blogger တစ်ယောက်မဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးနော် ကဲလေမရှည်တော့ဘူးနော်အောက်မှာ
အသေးစိပ်ပုံလေးတွေနဲ့ရှင်းပြထားတယ်ကြည့်လိုက်ပါနော်............................

GMAIL ဖွင့်နည်း...............

အပုံလေးသေးနေတယ်ထင်ရင်ပုံပေါ်တစ်ချက်ကလစ်လိုက်ပါနော်.....................
မျှားလေးပြထားတဲ့အတိုင်းတစ်ချက်နှိပ်လိုက်ပါနော်ဒါဆိုနောက်တစ်မျက်နှာရောက်သွားပါမယ်.........


ဟောဒါကဒုတိယမျက်နှာနော် ဒီမျက်နှာမှာပြထားတဲ့မျှားလေးကိုတစ်ချက်ကလစ်လိုက်ပါနော်
ဒါဆိုနောက်တစ်မျက်နှာကိုရောက်သွားပါမယ်နော်.......................


ကဲအခုစာမျက်နှာမှာတော့မျှားလေးတွေအတော်များနေပါတယ်လိုအပ်တဲ့အချက်လက်တွေကိုဖြည့်ရပါမယ်
မျှားလေးတွေပြထားတဲ့အကွက်တွေမှာလိုအပ်တဲ့အချက်အလက်တွေဖြည့်ထည့်ပေးရပါမယ် ဒါမှသာ
မိမလိုအပ်တဲ့အကောင့်တစ်ခုဖြစ်လာပါမယ်အောက်မှာကြည့်လိုက်ပါကျွန်တော်နမူနာဖြည့်ပြထားပါတယ်
အဲဒီအတိုင်းလိုက်ဖြည့်ကြည့်ပေါ့နော် ကျွန်တော်ဖြည့်ထားတာကတော့ ( ဥပမာ) အနေနဲ့နော် ဒါကြောင့်
မိမိလိုအပ်တဲ့နာမည်တွေကိုသာဖြည့်ကြပါနော် အောက်မှာကြည့်မယ်နော်အစမ်းဖြည့်ပြထားတာ


ကဲတွေ့ မယ်ထင်ပါတယ်နော် သေချာကြည့်မယ်ဆိုရင်တော့အတော်လေးကိုရှင်းပါတယ်
password ပေးတဲ့နေရာမှာ 8 လုံးအထက်ပေးရမှာနော် ကျွန်တော်ကတော့အစမ်းလုပ်ထားတာပါ
မိမိကြိုက်သလောက်ပေးလို့ရပါတယ်ခင်ဗျာ ကဲဒီအဆင့်လေးတွေကိုနားလည်ရင်နောက်အဆင့်ကို
ဆက်သွားရအောင်နော်....................


ကျွန်တော်ကထိုင်းနိုင်ငံဖုန်းနဲ့ဥပမာပြထားပေးပါတယ် မိမိတို့နေတဲ့နိုင်ငံရဲ့ဖုန်းနဲ့မှသာလျှင်အဆင်ပြေမှာပါ
ဒါကြောင့်မိမိနေတဲ့နိုင်ငံရဲ့ဖုန်းကိုသာအသုံးပြုပါနော်...............

ကဲမိမိဖုန်းထဲစာအိတ်ဝင်လာရင် အထဲမှာပါတဲ့ကုတ်တွေကို အကွက်လေးထဲမှာရိုက်ထည့်ပြီး continue ကို
နှိပ်လိုက်ပါနော် ဒါဆိုနောက်တစ်ဆင့်ကိုရောက်သွားမှာပါနော်..............

ကဲတွေ့ပါတယ်နော် ဒီအဆင့်ရောက်ရင်တော့အားလုံးမှာအိုကေမှာစိုပြေသွားပါပြီမျှားလေးပြထားတဲ့အတိုင်း
နှိပ်လိုက်ပါက ကိုယ့်ရဲ့ GMAIL ထဲကိုရောက်ပါပြီ ကဲအဆင်မပြေတာလေးတွေရှိမယ်ဆိုရင်တော့
အော်ခဲ့နိုင်ပါတယ်နော် ဒီလောက်အသေးစိပ်ပြထားလို့နားလည်မယ်ထင်မိပါတယ် အားလုံးအတွက်
စကားလေးတစ်ခွန်းလက်ဆောင်ပေးချင်ပါတယ် မိမိရောက်နေတဲ့တောင်ဟာအမြင့်ဆုံးမဟုတ်ပါဘူး
မိမိမတက်ရသေးတဲ့တောင်အမြင့်တွေအများကြီးရှိနေပါသေးတယ် ကျွန်တော်လည်းအဲလိုဘဲ
တောင်တွေကိုလိုက်တက်နေပါတယ်..................

                                          အားလုံးကိုလေးစားလျှက်
                                                                             ခင်မောင်စိုး(မွန်ပြည်နယ် ကျိုက္ခမီ)

Tuesday, June 4, 2013

မိမိတို့ချစ်သူ gmail.comအကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို ကိုယ့်ရဲ့ အကောင့်ထဲရော ထပ်တူ ၀င်အောင် လုပ်နည်းလေးပါ

သူငယ်ချင်းတို့ရေ  မိမိတို့ချစ်သူ အကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို  ကိုယ်ရဲ့ အကောင့်ထဲရော  ထပ်တူ  မရောက်စေချင်ဘူးလား။
 (ခြွင်းချက်အနေဖြင့်)...မိမိချစ်သူ၏ password ကိုသိမှ ရမှာပါ.. မိမိချစ်သူ password မသိဘူးဆို၇င်တော့  လုပ်လို့ မရပါဘူး..
password ကိုမလိမ့်တစ်ပတ်နဲ့တောင်းထားလိုက်ပေါ့ဗျာ ဟဲဟဲဟဲ
အရင်ဆုံး  မိမိချစ်သူ gmailကို ဖွင့်လိုက်ပါ.. settingsကို ၀င်လိုက်ပါ .၀င်ပြီတာနဲ့ forwarding and pop/IMAPဆိုတာ ကို  ကလစ်လိုက်ပါ..add a forwarding address မှာ ကိုယ်ရဲ့ gmail အမည်ကို ရိုက်ထည့်လိုက်ပါ.ရိုက်ထည့်ပြီးတာနဲ့..  0k ကို ကလစ်လိုက်ပါ..မိမိရဲ့ အကောင့် ထည့်ပြီရင်တော့ .မိမိ၇ဲ့ Gmail  ကို  ဖွင့်ကြည့်လိုက်ပါ. အပေါ်ကကျွန်တော် ပြောသလို  add a forwarding address ထိ ရောက်အောင်သွာလိုက်ပါ .add a forwarding address ရဲ့ အောက်နားလေးမှာ မိမိရဲ့ ချစ်သူ အကောင့်အမည် ရှိပါလိမ့်မယ် တွေ့တယ်ဆိုရင်တော့ကိုယ်က လက်ခံမယ်ဆို၇င် save change ဆိုတာလေးကို  ကလစ်ရပါမယ်..လက်မခံဘူးဆို၇င်တော့ add a forwarding addresရဲ့ဘေးမှာ remove address  ဆိုတာကို  ကလစ်လိုက်ရပါမယ်...

သိသူရှိသလို မသိသေးတဲ့ သူများကို  သိအောင်လို့  ရေးပေးလိုက်တာပါ....
 အဆင်ပြေကြပါစေနော်။

Tuesday, February 5, 2013

ကိုယ့် Gmail အဖေါက်ခံရရင် ဘာလုပ်မလဲ...ဘယ်လိုသိနိုင်မလဲ

   ကိုယ့် Gmail အဖေါက်ခံနေရပြီဆိုတာကို ဘယ်မှာသိနိုင်မလဲ…….

•   ကိုယ့် Gmail အဖေါက်ခံနေရပြီဆိုရင် ဘာတွေဖြစ်နိုင်မလဲ……….

•   ကိုယ့် Gmail ကိုဘာကြောင့်အဖေါက်ခံရနိုင်မလဲ…….

ပထမဆုံးအနေနဲ့   Gmail ကို အဖေါက်မခံရဖို့ စတင်ဆွေးနွေးလိုပါတယ်.. Gmail ကိုအလွယ် တကူဖေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..(You Tube က Video တွေကြည့်ပြီး Software တွေလိုက်ရှာနေရင် ရူးသွားပါလိမ့်မယ်) မိမိရဲ့အားနားချက်ချို့ယွင်းချက်အပေါ်မှာ Hacker တစ် ယောက်က အခွင့်ကောင်းယူပြီးဖေါက်ရင်သာဖြစ်နိုင်ပါလိမ့်မယ် (hacker ကြီးတွေကိုတော့မပြောလိုပါ)...

လူသုံးအများဆုံးနည်းမှာ Keylogger သုံး၍ခိုးယူခြင်း….

Keylogger ဆိုတာဘာလဲ … ကိုယ်ရိုက်သမျှ ကီးအကုန်လုံးကို မှတ်သားထားပေးတဲ့ Software ပါ... ခုနောက်ပိုင်း Keylogger တွေဆိုရင် User name နဲ့ password ကိုပါ ခွဲခြားပြီး ထုတ်ပြပေး နိုင်ပါတယ်   Keylogger အန္တရာယ်က ဘယ်လိုရှောင်နိုင်မလဲ...  Keylogger run ထားမထား ဆိုတာကို ဘယ်လိုသိနိုင်မလဲ……..  မလွယ်ပါဘူး  Task Manager ခေါ်ထားပြီးလိုက်ရှာနေ ရင်လဲမူးနောက်သွားလိမ့်မယ်…..ဒါဆိုဘယ်လိုလုပ်မလဲ……. password ရိုက်တော့မယ်ဆိုရင် တိုက်ရိုက်မရိုက်ပဲ   Note pad တစ်ခုကို ဖွင့်ပြီးတော့ ကိုယ့် Password အပြင် တခြားစကား လုံးတွေကောညှပ်ထဲ့ရိုက်ပါ  ပြီးမှလိုအပ်တဲ့အပိုင်းကို  Copy ကူးပြီး Password Box အတွင်း မှာထည့်ပါ ဒါဆိုရင် Keylogger ကမှတ်ထားနိုင်ရင်တောင် ပြန်ကြည့်ရင် Password ကိုသိနိုင် ဖို့မလွယ်တော့ပါဘူး…..အဲလိုကြီးရိုက်ရမှာအလုပ်ရှုပ်တယ်ထင်ရင်  On screen keyboard ကိုခေါ်ပြီးရိုက်ထဲ့နိုင်ပါတယ်  Start>All program>Accessories>Accessibility>On screen Keyboard (Run box ထဲမှာ osk လို့ရိုက်ထည့်ရင်လဲရပါတယ်) ကို ခေါ်ပြီးတော့ မောက်စ်နဲ့နှိုပ်ပြီးရိုက်ထည့်နိုင်ပါတယ်  Keylogger မသိနိုင်တော့ပါ ဘူး..

Cookies မှတဆင့်ပြန်ဖေါ်ယူခြင်း….

Sign out လုပ်ပြီးတိုင်း cookie တွေဖျက်ခဲ့ဖို့မမေ့ပါနဲ့ (Firefox မှာဆိုရင် Ctrl+Shift+delete ကိုနှိုပ်ပြီး cookies ကို check ပေးပြီး ဖျက်ပါ. IE မှာဆိုရင် Tool>option>General>Delete cookies မှဖျက်ပါ) တစ်ချို့ဆောဝဲတွေ (Gmail password recovery) လို software မျိုးတွေက cookies တွေမှတဆင့် Password ကို ပြန်ဖေါ်ယူနိုင်ပါ တယ်... (တတ်နိုင်သမျှ Fire fox ကိုပဲသုံးပါ...)
နောက်တစ်မျိုးက Fake login ပါ …

Hacker တစ်ယောက်က Fake login page တစ်ခုကို ဖန်တီးပြီးသင့်ဆီကို ပို့လိုက်မယ် Gmail login Page နဲ့တဝေမသိမ်းတူပါတယ် (Link ကတော့တူလိမ့်မည်မဟုတ်ပါ) .. အဲ့ဒီမှာ သင့် အကောင့်ကို ရိုက်ထည့်လိုက်မိရင် သင့် Password က Hacker ဆီကိုအလွယ်တကူပဲ ရောက်သွားပါပြီ (မြန်မာပြည်မှာတော့တွေ့ရခဲ ပါတယ်) တတ်နိုင်သမျှ Web page တွေမှာ Gmail password ကိုအလွယ်တကူမရိုက်မိဖို့ သတိထားပါ.. အခြားဆိုဒ်များမှာ အကောင့်များဖွင့်ထားခဲ့ရင်လဲ Password တစ်မျိုးတည်းထားခြင်းကို ရှောင်ပါ …

နောက်တစ်မျိုးက Gmail Bruce ပါ...

ဖြစ်နိုင်ဖွယ်ရာအခြေအနေတစ်ခုကို ဦးတည်ပြီး Password ကို Dictionary နဲ့တိုက်ပြီးစစ်ဆေးတဲ့နည်းပါ (အောင်မြင်ဖို့ရာအခွင့်အလန်းနည်းပါတယ်)...ဒါပေမဲ့လဲ သတိထားဖို့တော့လိုပါတယ်...သူ့ကိုရှောင်နိုင်ဖို့က Password ကို ရိုးစင်းတဲ့ ဝေါဟာရများထားခြင်းမှ ရှောင်ပါ...  Capital letter များ ဂဏန်းများနဲ့ ရောထားပါ……

နောက်တစ်မျိုးက တော့ Cracking ပါ ……
ခုနောက်ပိုင်း လူသုံးများလာပါပြီ  .. Gmail မှာ Password ပြောက်သွားတယ်ဆိုပြီး အကောင့်ကို ပြန်တောင်းယူတဲ့နည်းပါ…..

•   ကိုယ့်အကောင့်ထဲမှာရှိတဲ့ Contacts list ထဲက အကောင့်ငါးခု (Fwd: mail များမှအလွယ်တကူသိနိုင်ပါတယ် Fwd mail ပို့လျှင် Bcc ခံပို့ပါ...)

•   အကယ်၍လေဘယ်ထားတယ်ဆိုရင်  လေဘယ်နာမည်..

•   အကောင့်စတင်လုပ်ခဲ့သောအချိန်.. (အတိအကျမလိုပါ နှစ်လောက်မှန်ရင်ကိုရတာများပါတယ်)

•   နောက်ဆုံး login ၀င်ခဲ့သောအချိန်

•   နောက်ဆုံးသုံးခဲ့သော Password … (အမှန်စစ်စစ် မလိုပါ...)

ဒီ Information တွေစုံတယ်ဆိုရင် Google က Password recovery Page ကို ပြန်ချပေး ပါတယ် (Gmail ရဲ့ Vulnerability တစ်ခုပါ)…. Password reset လုပ်ယူလို့ရနိုင်ပါတယ်…..

Hacker တစ်ယောက်ဟာ (a) (d) နဲ့ (c) ကို အလွယ်တကူသိရအောင် ဖန်တီးယူနိုင်ပါတယ်... (လူတစ်ယောက်ကို အကောင့်တစ်မျိုးထက်ပို၍ ဆက်သွယ်ခြင်းမျိုးမှ ရှောင်ပါ..)

ကိုယ့်အကောင့်အဖေါက်ခံရပြီဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ… ?
ပထမဆုံးအနေနဲ့  ကိုယ့် အချက်အလက်တွေကို ခိုးယူကြည့်ရှုခြင်းခံရပါမယ်  ..  နောက်ထပ် Hacker က ကိုယ့်အကောင့်ထဲမှာ User name ပေါင်းထည့်သွားနိုင်ပါတယ် (ကိုယ့်အကောင့်နာမည်နဲ့ အချိန်မရွေးမေးလ်ပို့လို့ ရပါတယ်)… ကိုယ့်ထဲကိုဝင်လာမဲ့ မေးလ် တိုင်းကို အခြားမေးလ်ဆီသို့ Forward လုပ်ယူသွားနိုင်ပါတယ်…. နောက်ဆုံး ကိုယ့်အကောင့် တစ်ခုလုံးကို လုံးဝဖျက်ပစ်နိုင်ပါတယ်……. မည့်သည့်အခြေအနေတွင်မျှ မလုံခြုံနိုင်တော့ပါ...

ကိုယ့် Gmail အဖေါက်ခံရပြီကို ဘယ်လိုသိနိုင်မလဲ…….. ?
Gmail ၀င်စစ်တိုင်း အောက်ဆုံးနားမှာရှိတဲ့ Last Account Activity ကိုစစ်ပေးပါ... နောက်ဆုံးဝင်ခဲ့တဲ့အချိန်က ကိုယ်သုံးခဲ့တဲ့အချိန် ကိုယ်သုံးခဲ့တဲ့ IP မဟုတ်ဘူးဆိုရင်သေချာပေါက်အဖေါက်ခံထားရပါပြီ အကယ်၍ သင်က IP တစ်မျိုးတည်းကသုံးတယ် Browser တစ်မျိုးတည်းပဲသုံးတယ်ဆိုရင် Detail မှာဝင်ကြည့်ပါ  နောက်ဆုံးသုံးခဲ့တဲ့ ငါးကြိမ်ရဲ့ IP များနဲ့  Browser များကို ဖေါ်ပြပေးပါလိမ့်မယ်  …( လိုအပ်တယ်ဆိုရင် Google က password ပြောင်းဖို့သင့်ကို သတိပေးပါလိမ့်မယ်..)

ကိုယ့် Gmail အဖေါက်ခံရရင် ဘာလုပ်မလဲ……??
ကိုယ့် Gmail အဖေါက်ခံရတာသေချာပြီဆိုရင်..  Gmail>Setting > account and import> Google account setting မှာသွားပြီး Password ပြောင်းပါ  Security Question ပြောင်းပါ Secondary Email Address ပြောင်းပါ  ……ဒါပေမဲ့ .. စိတ်ချနိုင်ပြီလား…… စိတ်မချရနိုင်ပါ   အကောင်းဆုံးကတော့ကိုယ့်အကောင့်အဖေါက်ခံရပြီဆိုလျှင် အကောင့်သစ်တစ်ခုထပ်လုပ်၍ ရှိပြီးသားမေးများကို အကောင့်သစ်ထဲသို့ပြောင်းယူပါ …
(သင့်အကောင့်ကို တစ်ခါဖေါက်ထားဘူးသော Hacker မှ သင့်အချက်အလက်များကိုမှတ်သားထား၍ အချိန်မရွေးပြန်ပြီး Crack လုပ်နိုင်သောကြောင့်ဖြစ်သည်)...

မိမိအချက်အလက်များ ခိုးယူခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

Monday, February 4, 2013

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် .

Gmail Account ပျက်သွားလို့၊ Password မေ့သွားလို့၊ Lock ကျသွားလို့ =>> Recovery ပြန်လုပ်ကြည့်မယ်။

 သိပြီးသားသူတွေအတွက်တော့ အသေးအဖွဲလေးဖြစ်နေပါလိ့မ်မယ်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်သာ ရည်ရွယ်ပါသည်။ ကျနော်သိတာလေး ကို ပြန်လည်မျှဝေပေးခြင်းပါ။
 1.  အောက်ပါပုံအတိုင်း Google Talk ကို open ပါ။ ၀ိုင်းပြထားသောနေရာမှ Forgot your password ကို click ပါ။ ဒါမှမဟုတ် မေးလ်ကို Sign In လုပ်တဲ့နေရာရဲ့ အောက်က I cannot access my account ကို click လည်းရပါတယ်။
2.  အောက်ပါအတိုင်း Username ကိုရိုက်ပြီး Submit ကို Click နှိပ်ပါ။
3. အောက်ပုံမှာ ပြထားသော စာတွေကို အကြီးဆိုအကြီး အသေးဆိုအသေးမှန်ကန်စွာရိုက်ပါ။ ပြီးရင် Continue ကို Click နှိပ်ပါ။
4.  အောက်မှာတွေ့ရတာကတော့ မိမိအကောင့် create လုပ်ခဲ့စဉ်က ပေးခဲ့သော Question တွေပဲဖြစ်ပါတယ်။ Answer my security question ၊ Get a password reset link at my recovery email: နှင့် I no longer have access to these ရယ်ဆိုပြီးရှိပါတယ် ကို အဆင်ပြေမယ့်တစ်ခုကို check လုပ်ပြီး ဆက်သွားပါ။
ပထမတစ်ခုနဲ့ ဒုတိယတစ်ခု ထဲက နှစ်သက်ရာ တစ်ခုကို ရွေးပါ။ အောက်ဆုံးတစ်ခုက နဲနဲရှုပ်ပါတယ်။ ကဲ ပထမတစ်ခုကိုရွေးပြီဆိုပါစို အောက်မှာကြည့်လိုက်ပါ။ ကို အကောင့်လုပ်ခဲ့စဉ်က ပေးခဲ့တဲ့ Security question မှာပေးခဲ့တဲ့နာမည်တိုင်း စာလုံးအကြီးအသေး မှန်ကန်စွာနှင့် Space ခြားပြီးပေးခဲ့တယ်ဆို Space ပါခြားပေးပါ။ ဖြည့်ပြီးပြီဆို Continue ကို Click နှိပ်ပါ။
5. အောက်မှာအတိုင်း Password အသစ် ပြောင်းပေးဖို့ ချပေးပါလိမ့်မယ်။ New password နဲ့ Re-enter password မှာ တူတူ ထည့်ပြီး Reset password ကိုနှိပ်လိုက်ပါ။ New password ရိုက်တဲ့အခါ နောက်မှာ strong ဖြစ်တဲ့အထိ ရိုက်ပေးပါ။
6. အောက်မှတိုင်း Your password has been reset လို့ပေါ်လာပြီဆို account recovery လုပ်တာ အောင်မြင်ပါပြီ။ Sign out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ ဒါက ပထမမေးခွန်းကိုရွေးပြီး လုပ်တာပါ။
ခု ဒုတိယမေးခွန်းကိုရွေးကြည့်ပါမယ်။ ဒုတိယမေးခွန်းကိုရွေးမယ်ဆိုရင် recovery email (or) Secondary email ကို ဖွင့်ပြီး gmail team က ပို့ပေးတဲ့ မေးလ်မှ password reset link ကို click နှိပ်ပြီး reset လုပ်ပေးရမှာဖြစ်လို့ recovery email (or) Secondary email ကိုကြိုဖွင့်ထားဖို့လိုပါလိမ့်မယ်။ ကဲဖွင့်ထားပြီးပြီဆို အောက်မှတိုင်း ဒုတိယမေးခွန်း ရှေ့မှာ check လုပ်ပြီး continue ကို click လုပ်လိုက်ပါ။
အောက်မှာအတိုင်းတွေ့ရပါလိမ့်မယ်။ အဲဒီလိုတွေ့ရပြီဆို ခုနာက ဖွင့်ထားတဲ့ secondary mail ထဲကို သွားစစ်ကြည့်လိုက်ပါ။
Google account recovery ဆိုပြီး မေးအသစ်တစ်စောင်ရောက်နေပါလိမ့်မယ်။ အဲဒီမေးလ်ကို click နှိပ်ပြီး ဖွင့်ကြည့်လိုက်ပါ။ အောက်မှာအတိုင်းတွေ့ရပါလိမ့်မယ်။ အဲဒီမှာ သူနှိပ်ခိုင်းတဲ့ အနီရောင်နဲ့ ၀ိုက်ပြထားတဲ့ Link ကို Click နှိပ်လိုက်ပါ။ နောက် page တစ်ခု ကျလာပြီး password reset လုပ်ခိုင်းပါလိမ့်မယ်။ ကိုယ်ထားချင်တဲ့ password ကိုထားပေးပြီး reset password ကိုနှိပ်လိုက်ရင် ရပါပြီ။

ကဲဒီလောက်ဆို အဆင်ပြေလောက်ပါပြီ။ အားလုံးကိုကျေးကျေးပါနော်..။ အားလုံးပဲ အစစအဆင်ပြေပါစေ...။