တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label ကျွန်တော်ပြောခဲ့သမျှ. Show all posts
Showing posts with label ကျွန်တော်ပြောခဲ့သမျှ. Show all posts

Sunday, September 15, 2013

အော်တယ်လည်းတရားကျဖို့ကောင်းပါလားကွာ ............

ကျွန်တော်တစ်ခုမေးရပရစေဗျာ တစ်နေ့မှလူတစ်ရာတောင်ဝင်မကြည့်တဲ့ဒီဆိုက်
တစ်နေ့မှတစ်ခါလောက်ကွန်မန့်မပေးကြတဲ့ ကျွန်တော်ဆိုက် ဘာမှထွေထွေထူးထူး
အစုံစုံအလင်လင်မရှိတဲ့ဒီဆိုက် ပိုစ့်လည်းမှန်မှန်မတင်နိုင်တဲ့ဒီဆိုက် အဲလိုခပ်ညံ့ညံ့
ဘလော့ဆိုက်လေးကို ထိုင်းနိုင်ငံစံတော်ချိန် 23း15 မိနစ်ဝန်းကျင်မှာ ထပ်ဟတ်ပြန်တယ်
ရသွားလားဆိုတော့လည်းမရဘူး ကဲလာလည်ကြတဲ့ပရိတ်သတ်ကိုဘဲမေးပရစေ
ဒီလိုအဆင့်မရှိတဲ့ဘလော့ကိုဟတ်တဲ့ ကိုဟတ်ကာဆိုတဲ့လူကရော တစ်ကယ်ဘဲ
အဆင့်အတန်း၇ှိပါ့မလားမသိဘူးနော် သူ့ကိုဘယ်ဆရာကဘယ်လိုသင်လိုက်တာလည်း
မသိဘူးနော် သူ့မိသားစုကရော သူ့အစ်မတွေအကိုတွေကရော အဲလိုဖျက်ဆီးဖို့
အားပေးနေကြလားမသိဘူးနော် အခုသူဟတ်တဲ့ပုံစံရေးပြမယ်နော် အောက်မှာကြည့်
Did you request that Google reset your password for who _ _ _ _ _ _ _ _@gmail.com?
If not, check your email to find out how to STOP the reset.    ကဲအဲဒါဒုတိယအကြိမ်
သူဟတ်တာပါ ဒါပေမဲ့အမြဲနိုးနေတဲ့ ကျွန်တော်ကအသာလေး GOOGLE နဲ့စကားလေးပြောလိုက်ပါတယ်
မတတ်တတတ်လေးပေါ့ ( Please help me they hack my acount, they are blackhacker
Now i am check my acount i know who hack my acount he is my friend he hack every
sunday, he holiday is sunday don't worry master i be fine now you can STOP he hack
systems , I believe google  system & security .................... thank you google)

အဲလိုလေးတော့ရေးလိုက်ပါတယ် မတတ်တတတ်လေးနဲ့ရေးတာဆိုတော့ မှန်ချင်မှလည်းမှန်မယ်လေ
ဒါပေမဲ့ရေးတော့ရေးလိုက်တာဘဲလေ  သူပေးတဲ့ အချက်လက်ဖြည့်ဖို့နေရာမှာရေးပေးလိုက်တာလေ
သူပြောတာကတော့အခုဖွင့်နေကြတဲ့အချက်လက်တွေမမှန်ဘူးဆိုရင် သူရပ်ဆိုင်းပေးပါမယ်တဲ့
ဒါနဲ့ ကျွန်တော်လည်းအဲလိုပြန်ရေးပေးလိုက်ပါတယ် ကဲမေးချင်တာလေးတစ်ခုက ငါကမင်းကို
ဘာမှပြန်လည်ကာ မတုန့်ပြန်ချင်တာပါ မင်းကသာငါ့ကိုလာလာကလိနေတာ ကဲငါ့လာ့မင်းရရင်
ငါ့အကောင့်တွေမင်းရရင် မင်းဘာလုပ်မှာလည်း မင်းအကိုအစ်မပုံတွေကို အောပုံလုပ်ပြီးတင်မလို့လား
ဒါမှမဟုတ်မင်းတစ်မျိုးလုံးတစ်ဆွေလုံး အောကားရိုက်ပြီးတင်ချင်လို့လား ဘာကြောင့်ဘဲဖြစ်ဖြစ်
မင်းလုပ်ကအောက်တန်းစားလုပ်ရပ်ဆိုတာတော့မင်းမမေ့ပါနဲ့ ငါအခုချိန်ထိငါ့အကောင့် pass တွေ
မချိန်းထားဘူး မင်းဟတ်နေတာလည်းသိတယ် ဘယ်လိုဟတ်လည်းဆိုတာလည်းငါသိတယ်
ငါအများကြီးပြောနေတာမင်းအမြင်မှန်၇ဖို့ကွ မင်းပညာဒီလောက်တော်နေတာ ကိုယ့်နိုင်ငံအတွက်
ကိုယ့်လူမျိုးအတွက် အသုံးချပါလားကွ ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ မင်းမို့လို့ ကိုယ့်အမျိုးသားချင်း
ပြန်ဟတ်ရတယ်လို့ အေးလေမင်းမိဘတွေကိုက အမျိုးမချစ်တတ်လို့ဖြစ်မှာပေါ့ ပြီးတော့သူများကောင်းတာ
လုပ်တာတွေကိုဖျက်ဆီးဖို့အားပေးအားမြောက် သွန်သင်ဆုံးမထားတာနဲ့တူတယ်ထင်တယ်
အေးလေ မိမဆုံးမဖမဆုံးမဆိုတာမင်းကိုပြောတာဖြစ်မယ် ငါ့ဆရာကတော့ငါ့ကိုဆုံးမတယ်ကွ
အများအကျိုးသယ်ပိုးပါ အများအတွက်လုပ်ပါ စတဲ့ကောင်းတဲ့စကားတွေပြောကောင်းတဲ့လမ်းကို
ညွှန်ပြတယ်ပို့ပေးတယ် မင်းကျတော့အဆုံးအမမရှိဘူးနဲ့တူတယ် မင်းအဲလောက်တောင်ဖြစ်နေရင်
မင်းမွေးလာမဲ့မင်းကလေးကိုရောအဲလိုဘဲမကောင်းတဲ့အတတ်သင် အဲလိုသူများကောင်းတာလုပ်တာတွေ
ကိုလိုက်ဖျက်ဆီးခိုင်းဦးမှာလားဟင် မင်းဟာဗုဒ္ဓဘာသာတစ်ယောက်ဆိုရင် ဒီထက်ပိုနားလည်မယ်လို့
ငါထင်တယ် အေးမင်းအကျိုးစီးပွားအတွက်ငါ့ဘလော့နဲ့ငါ့အကောင့်ကအတော်အရေးပါနေလား
အဲဒီနှစ်ခုမရရင် မင်းဘ၀ပျက်နိုင်မှာမို့လို့လားဒါဆိုလည်းငါရေစက်ချလှုဖို့အသင့်ပါဘဲ ဒါမှမဟုတ်
ခပ်ကြောင်ကြောင်လူတစ်စုနဲ့ပေါင်းပြီးငါ့ကိုတိုက်ခိုက်ချင်ရုံသက်သက်ဘဲဆိုရင်တော့မင်းအတွက်
ငါစိတ်မကောင်းဘူးလို့ဘဲပြောပရစေကွာ ငါဘလော့ပိတ်တော့မယ်ကွ မင်းကိုကြောက်လို့မဟုတ်ဘူးနော်
ငါ့ဘလော့ပြင်စရာရှိနေလို့ အဲနောက်ပိုင်းအကောင့်တွေလည်းဖျက်မယ် အကုန်အစကစမှာ
အခုငါအားတော့မယ်မနက်ဖြန်ကစလို့ပေါ့ မင်းကိုလေသနားစရာအကောင်းဆုံးသတ္တ၀ါအဖြစ်
ငါမြင်တယ်သိလား မရမှန်းလည်းသိသိကြီးအသေလိုက်ဟတ်နေတယ် ငါပြောထားသားဘဲ
ခင်မောင်စိုးအစစ်ကသေသွားပြီ ဘုရားသုံးဆူမှာ အခုမင်းရင်ဆိုင်တွေ့နေရတာ အခြားတစ်ယောက်
သူမဟုတ်ဘူးအဲဒီငတုံးမဟုတ်ဘူး မင်းထက်ပိုသိပိုတတ်နေလို့မင်းဟတ်နေတာသိသိကြီးနဲ့ pass တောင်
မချိန်းဘဲမင်းဟတ်တာထိုင်ကြည့်နေတာ ကဲငါအိပ်ငိုက်တယ်ကွာနောက်ဆုံးစကားတစ်ခါန်းပြောမယ်ကွာ
မင်းဟာလူဆိုလူလိုနားလည် ခပ်ကြောင်ကြောင်လူတစ်စုအတွက်စောက်ရမ်းတွေလိုက်မလုပ်နဲ့
အလကားလောကအတွက်ဘာမှအရေးမပါတဲ့လူတွေ မင်းပညာကောင်းတဲ့ဘက်ရောက်ပါစေလို့ဘဲ
ငါဆုတောင်းပေးပါတယ်သူငယ်ချင်း  " ပေနေတဲ့လက်ဆိုတာ ဘယ်အရာမှကိုင်လို့မရဘူးကွ " .........

Sunday, September 1, 2013

ငါပြောထားတယ်လေ " နွားရဲ့  " အခုထပ်ဟတ်ပြန်တာလား ......

ကဲမင်းကိုငါပြောထားတယ်လေ မင်းကလေအတော်ကိုအမှတ်မရှိဘူးနဲ့တူတယ်
ကဲပါသနားသောအားဖြင့်ငါမင်းကိုတစ်ခုပြောပြမယ် ဟတ်ကင်းဆိုတာ
မလွယ်ဘူးလို့ဆရာတွေကပြောတယ် အခုငါ့အကောင့်ကိုထပ်ဖောက်တယ်
ရမယ် ရမယ် ခဏလေးစောင့်ဟုတ်ပြီလားကွ မင်းသားသမီးတွေလက်ထက်မှရမယ်
မင်းကိုငါဘာလုပ်ထားလို့မင်းငါ့ကိုလာဟတ်တာလည်းကွ အဲလောက်မင်းတော်နေရင်
ပိုဆံချမ်းသာအောင်ဟတ်ရတယ်ကွ အခုဟတ်နေတာသာမန်ဘလော့ကွ ဘာမှတန်ဖိုးမရှိဘူး
အဲတော့ မင်းကိုယ်မင်းပြန်မေးကြည့်လိုက်ပါ တန်ဖိုးမရှိတဲ့အရာကိုမှ အချိန်ကုန်ခံပြီး ဟတ်နေတာ
ငါက ဘယ်လောက်တန်ဖိုးတက်နေပြီလည်းဆိုတာ စောက်ရူးမင်းကိုရွဲ့ ပြောနေတာနော်
အဟုတ်မထင်နဲ့ကွ ငါပြောထားသားဘဲ မင်းတစ်ခုငါဆယ်ခုပါဆို သနားတယ်ဟေ့ကောင်
 ခင်မောင်စိုးကွ အဲလောက်မတုံးသေးဘူး အေးမင်းအရည်ချင်းနဲ့မင်းကြိုးစားနော်
သူများအားမကိုးနဲ့ စောက်ပေါရဲ့  ငါပြောတဲ့စကားငါနားလည်တယ်နော် နားမလည်ရင်လည်း
မင်းကနွားအစစ်ပေါ့ကွ ဒါဘဲ ငါ့လက်ညောင်းတယ်............................


အော်မေ့သွားလို့ မင်းဟတ်တဲအချိန်က ထိုင်းနိုင်ငံနာရီ      19:45 ကွ ဒါဘဲနွား

Friday, August 30, 2013

Blogger ဘ၀နှင့် စေတနာ........။ (နည်းပညာရှာဖွေနေကြသူများ အထူးဖတ်ကြည့်စေချင်ပါသည်။)

ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး

သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့်
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ်
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပြစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်) www.aungkyaw.net
၂၆.၆.၂၀၁၃

ကိုညီသူ site မှ မူရင်းအတိုင်းကူးယူဖော်ပြပါသည်..........
“Blogger တွေကို အရမ်းလေးစားတယ်...အရမ်းကျေးဇူးတင်တယ်..
   ဆရာတို့..အစ်ကိုတို့စေတနာတွေ...  အားလုံးကိုသိစေချင်တယ်” .................။

ကဲမေးပရစေ ဘာများမက်စရာရှိလည်း " နွားရဲ့"

ကဲကျွန်တော့်ဆိုက်လေးကို ခဏပိတ်ထားလိုက်ပါတယ်ဘာကြောင့်လည်းဆိုတော့
လာဟတ်ကြလို့ပါဘဲ ဘာကြောင့်ဟတ်လည်းမမေးတော့ပါဘူး ဘာအတွက်ဟတ်လည်းဘဲမေးချင်တယ်
နာမည်ကြီးဖို့လား ဒါမှမဟုတ်ငါ့ကိုနာမည်ဖျက်ဖို့လား ဘာဘဲဖြစ်ဖြစ် မင်းလုပ်ရပ်က ခပ်ပေါပေါအဆင့်ပါ
မင်းစိတ်ထင်ငါ့ဘလော့ကျသွားတယ်လို့မင်းထင်တာလား အဲဒါဆိုပိုမှားတယ်  တမင်ဘဲပိတ်ထားလိုက်တာ
ထပ်ပြီးတော့လည်းပြောလိုက်မယ်နော် ငါ့ဆီကိုလာပြီလို့ရာဇသံပေးစာရေးထားတဲ့မင်းလက်ကို
မင်းကိုယ်တိုင်ခုတ်ဖြတ်လိုက် ငါပြန်ပြောထားတာလေ ငါ့ဆီလာရင်လာတတ်အောင်သင်ပါလို့ငါပြောခဲ့တယ်
အေးငါဆိုတဲ့ ခင်မောင်စိုးဟာ မင်းထင်သလိုလွန်ခဲ့ ၃ နှစ်က ကွန်ပြုတာအစုပ်ဘဲကိုင်နိုင်တဲ့ကောင်
မဟုတ်သလို တစ်နာရီ 20 ဘတ်နဲ့ဆိုင်ထိုင်ပြီးအူကြောင်ကြောင်သီချင်းနားထောင် youtube ကြည့်တဲ့ အကောင်မဟုတ်တော့ဘူးမင်းမသိလိုက်တဲ့ ၃ နှစ်မှာ ခင်မောင်စိုးဟာသေသွားပြီ ဘုရားသုံးဆူမှာ
သေသွားခဲ့တယ်အဲဒါမင်းမသိလိုက်တဲ့အချက်ပဲ အခုမင်းလာကလိတဲ့ ခင်မောင်စိုးဟာ
လွန်ခဲ့တဲ့ ၃ နှစ်ကခင်မောင်စိုးမဟုတ်ဘူးကွ ငါဘာမှပြန်မလုပ်တတ်ဘူးလို့တော့မင်းမထင်လိုက်နဲ့နော်
အခုငါအလုပ်များနေလို့မင်းကံကောင်းသွားတယ် ငါပရဟိတလုပ်နေလို့မင်းကိုဘာမှပြန်မလုပ်လိုက်တာ
မင်းပျော်မနေနဲ့ လွန်ခဲ့တဲ့နေ့က mmithelper ကျသွားတာကိုငါတွေ့လိုက်တယ် ဒါကမြန်မာပြည်က
ဒါပေမဲ့ငါအတော်ဝမ်းနည်းခဲ့တယ် အဲဒီဆိုက်ကိုအလှုငွေပေးဖို့ငါကြိုးစားနေတုန်း အခုလိုဖြစ်သွားခဲ့တယ်
 သူတို့ကတော့အလှုမခံပါဘူး သူတို့မှာ ဆာဗာဝယ်ဖို့ကြော်ငြာတွေကိုကလစ်ပေးပါလို့ရေးထားတာလေး
ငါတွေ့လို့ ငါကူညီဖို့ ငါငွေရှာခဲ့တယ် အခုတော့အိမ်မက်ဖြစ်သွားတယ် ငါဝမ်းမနည်းပါဘူး ငါစိတ်မကောင်းဘဲဖြစ်မိတယ် ဘာကြောင့်လည်းသိလား တန်ဖိုးရှိတဲ့ဆိုက်ကျသွားလို့ဘဲ
ငါတို့နိုင်ငံကလူငယ်တွေ နည်းပညာအတွက်အားထုတ်နေတဲ့လူငယ်တွေ ဘာမှနားမည်ဘာမှမတတ်တဲ့
ညီတွေညီမတွေအတွက် ငါဝမ်းနည်းမဆုံးဖြစ်ရတယ် အဲဒီဆိုက်လူဝင်တာတစ်နေ့ကိုမနည်းလှဘူးဆို
300 400 ကျော်တယ် အဲဒီဆိုက်ကိုဟတ်ကာကို ငါအတော်ရွံတယ် နေတာကဘယ်နိုင်ငံမှန်းမသိပေမဲ့
စားခဲ့တဲ့ထမင်းက မြန်မာပြည်ကထမင်း ရေးတဲ့စာကမြန်မာစာ ပြောတဲ့စကားကမြန်မာစကား
အဲဒီလိုကောင်တွေနဲ့ မင်းနဲ့အတော်တူတယ်သိလား နွားရဲ့  ကိုယ့်အတွက်လည်းအကျိုးမရှိ
အများအတွက်လည်းအကျိုးမရှိ တစ်ပြားတစ်ကျပ်မှလည်းမရ ဘာဆိုဘာမှမရဘဲ လူအများရဲ့ 
ဒုက္ခကိုပိုဆိုးအောင်လုပ်တဲ့ကောင်လို့ဘဲငါမြင်တယ် အခုငါ့ဆိုက်ကိုလည်းမင်းလိုချင်တယ်မဟုတ်လား
ငါမေးတာဖြေလိုက် နွား မဟုတ်ရပါဘူးလို့လာမငြင်းနဲ့ မင်းလက်ရာဆိုတာအချက်ပေးအသံမြည်တာနဲ့
ငါတန်းသိတယ် ပြီးတော့မင်းရဲ့ မကျွမ်းကျင်တဲ့ နည်းလမ်းဟောင်းကပိုပေါ်လွင်နေတယ်သိလား
ငါမင်းနာမည်ကိုထုတ်မပြောချင်လို့ အသာလေးနေနေတာနော် ဒီမယ်ဟေ့ကောင် ငါ့ဘလော့ရလို့ရှိရင်
မင်းချမ်းသာမှာလား ပြောပါဦးမင်းငါ့ဘလော့ရရင် ဆရာဖြစ်မှာလား ငါ့ email ရရင် မင်းဘ၀ပြောင်းလဲ
တိုးတက်မှာလား ဒီမယ်ဟေ့ကောင်မင်းနည်းပညာကသိပ်ရိုးနေတယ်ကွ မင်းမသိတာတွေကျန်နေခဲ့တယ်
ငါ မင်းသိထားတဲ့ခင်မောင်စိုးမဟုတ်ဘူးကွ ငါကသူနဲ့ရုပ်ချင်းတူတာဘဲရှိတယ် ကျန်တာအပိုင်းကတော့သူနဲ့
မတူဘူးကွ အေးဘာကြောင့်ခင်မောင်စိုးသေသွားလည်းသိလား မနက်ဖြန်ကြောင့် အဲဒီမနက်ဖြန်ကြောင့်
ခင်မောင်စိုး ဘုရားသုံးဆူမှာသေသွားခဲ့တာ တကယ်သေသွားခဲ့တာ အခုခင်မောင်စိုးက မင်းတို့အတွက်
ပေါ့ပေါ့မတွေးနဲ့ နှစ်ဆလောက်ဒုက္ခပေးနိုင်တယ်ဆိုတာ မင်းသေချာမှတ်ထားပါ မင်းထက်ငါ့လက်၁၀ ဆ
ပိုသွက်ထားပြီးသားလေ့ကျင့်ပြီးသား ပိုညစ်ပတ်ထားပြီးသား ဒါပေမဲ့ ငါစို့ခဲ့တဲ့အမေနို့ဟာ မြန်မာလူမျိုး
ဗုဒ္ဓဘာသာကိုးကွယ်တဲ့အမေနို့ကွ စားခဲ့တာမြန်မာပြည်ကဆန် ကျောင်းတက်ခဲ့တာမြန်မာပြည်ကကျောင်း
ငါ့နိုင်ငံ ငါ့လူမျိုးအတွက်ဘဲငါသိတယ်ကွ မင်းလိုစိတ်မျိုးမမွေးခဲ့ဘူးကွ မင်းလိုကောင်မျိုးတွေကို
ငါတို့တိုင်းမှာရှိရင် တိုင်းပြည်နာတယ်ကွ ကိုယ်လည်းဘာမှအကျိုးမပြု သူများအကျိုးပြုလည်း
လိုက်ဖျက်ဆီး ဘာကောင်းလဲကွ အော်ဒါနဲ့ Deface ကောင်းကောင်းရောရှိလား အေးငါ့ဆိုက်ကို
ဟတ်လို့ရရင် Deface ကောင်းကောင်းအုပ်မှငါကြိုက်တယ် ဒါပေမဲ့ မင်းအတွက်သနားစရာကောင်းတာက
မင်းလစလိုက်လို့ ငါ့ဘလော့တွေအသက်ဝင်သွားပြီ မင်းကြည့်မလား ငါနည်းပြမယ်အောက်မှာကြည့်
၂၄ နာရီအတွင်းငါပြန်ပိတ်မှာနော် မင်းတစ်ဝကြီးကြည့်ဖို့ငါခဏဖွင့်ထားပေးမယ်ဟုတ်ပြီလား .........


http://khinmaungsoe12.blogspot.com/
http://khinmaungsoe13.blogspot.com/
http://khinmaungsoe14.blogspot.com/
http://khinmaungsoe15.blogspot.com/
http://khinmaungsoe16.blogspot.com/
http://khinmaungsoe17.blogspot.com/
http://khinmaungsoe18.blogspot.com/
http://khinmaungsoe19.blogspot.com/
http://khinmaungsoe20.blogspot.com/
http://khinmaungsoe21.blogspot.com/
http://khinmaungsoe22.blogspot.com/
http://khinmaungsoe23.blogspot.com/
http://khinmaungsoe24.blogspot.com/
http://khinmaungsoe25.blogspot.com/
http://khinmaungsoe26.blogspot.com/
http://khinmaungsoe27.blogspot.com/
http://khinmaungsoe28.blogspot.com/
http://khinmaungsoe29.blogspot.com/
http://khinmaungsoe30.blogspot.com/
http://khinmaungsoe31.blogspot.com/
http://khinmaungsoe32.blogspot.com/
http://khinmaungsoe33.blogspot.com/
http://khinmaungsoe34.blogspot.com/
http://khinmaungsoe35.blogspot.com/   တွေ့လားနွား မင်းပညာသင်လိုက်ဦးလို့ငါထပ်ပြေပရစေနော်

မင်းကိုငါပြောခဲ့တာဘဲ ငါခင်မောင်စိုးမဟုတ်ဘူး ဒါပေမဲ့ငါ ခင်မောင်စိုးဘဲ မင်းတစ်ခုဟတ်လို့ရင်
အဲဒီထဲကဘလော့ ၁၀ ခုတစ်ပြိုင်ထဲင်လွှတ်တင်မယ် မင်းတစ်ခုငါ ၁၀ ခုနော် အေးငါကမင်းလို
အဖျက်သမားမဟုတ်ဘူးကွ ငါရေးလိုက်တဲ့နည်းပညာတစ်ခုဟာတစ်ယောက်ယောက်အတွက်
အထောက်အပံ့ဖြစ်သွားရင်ငါကျေနပ်တယ် ငါတို့ဘလော့ဂါတွေဟာ ပီတိဘဲရတာကွ
အဲဒီပီတိမျိုး မင်းစားသုံးဖူးလားကွ ဘယ်စားဖူးမှာလည်းကွ မင်းလိုအဖျက်လုပ်ဖို့တွေးနေတဲ့အကောင်က
အဲဒီလိုအရသာနဲ့မတန်ပါဘူးကွ  ကဲကဲမင်းလိုကောင်အတွက်ဒီလောက်ပြောပေးတာကို ကျေးဇူးဆယ်ခါ
မင်းတင်သင့်တယ် အပေါ်ကဘလော့တွေကအခုအဆင်သင့်ဘဲနော် ဒါပေမဲ့ငါအကုန်ပိတ်ထားတယ်
မင်းကြည့်ဖို့ တစ်ခုတော့ဖွင့်ထားပေးမယ်နော် ဒါဟာမင်းကြည့်ဖို့ အစမ်းသဘောနဲ့ပြတာနော်
ဒါအစမ်းဘဲရှိတာနော် ဟာခင်မောင်စိုးအပြောပါကွာလို့တော့မင်းထင်ရင် နောက်ထပ်ပြလိုက်မယ်
အခုဆုံးသွားတာ 35 မှာနော် ဂဏန်းနှစ်လုံးနော် အေးဂဏန်းသုံးလုံးအထက်ကျန်သေးတယ်ကွ
အဲလောက်ဘဲပြောမယ် ကဲငါလက်ညောင်းသွားပြီ ဒီနေ့ငါ့လက်သေချာဆေးရဦးမယ် ဘာဆိုဘာမှ
တန်ဖိုးမရှိတဲ့မင်းလိုကောင်ဖတ်ဖို့ အခုလိုရေးနေရတာဆိုတော့ငါ့လက်ညစ်ပတ်တယ်တော်ပြီ...........

အော်မေ့တော့မလို့ မင်းတစ်ခု ငါက ၁၀ ခုနော် မမေ့လိုက်နဲ့နော် .................

                                                                                 ခင်မောင်စိုး  ( မွန်ပြည်နယ် ကျိုက္ခမီ )


Tuesday, April 16, 2013

ပြောချင်သောရင်ထဲကစကားများ(ဖိုးအေး ကိုညီနေမင်းနှင့်နည်းပညာရှင်များသိစေရန်သာ)

ဟူး...............

         အဆင်မပြေတဲ့ရက်တွေကိုဖြတ်ကျော်ခဲ့ပြီးသွားပြီ အခုတော့သင်္ကြန်ရက်လေးမှာ
စိတ်တွေကပိုလေးနေလို့ ဘာမှမတင်ခဲ့ရဘူးဘယ်သူ့ ကိုမှအကုညီတွေမပေးခဲ့ရဘူးဗျာ
ဒါကြောင့်စိတ်တွေမဆိုးကြဖို့ တောင်းပန်ပါတယ်ကျွန်တော့်ရဲ့ အလုပ်တွေကိုခဏလေး
ရပ်ဆိုင်းထားလို့ ပါ၊ အကြောင်းကတော့ ကျွန်တော်လူတစ်ယောက်နဲ့ စကားပြောမိရာကနေ
စတဲ့အပြစ်ပါ၊ ကျွန်တော်အတော်သံဝေဂရသွားတယ်လောကကြီးအကြောင်းနဲ့ လူတွေအကြောင်းကို
ပိုလို့ သိလိုက်ရပါတယ်လူတွေဟာသနားစရာကောင်းတဲ့အကြောင်းကိုအဲဒီအမျိုးသမီးက
သေချာပြောသွားတာကိုနားနဲ့ ကြားလိုက်ရတဲ့အခါမှာ ကျွန်တော်ဟာအချိန်အကြာကြီး
ထိုင်တွေးနေခဲ့ပါတယ်၊ သေချာပြောရမယ်ဆိုရင်တော့၊ ကျွန်တော်ဟာ ( ကိုညီနေမင်း)
အကြောင်းကိုအများဆုံးစဉ်းစားဖြစ်တယ်လို့ ဒီနေရာမှာဝန်ခံလိုက်ပါတယ်.............။
အဲဒီနေ့ ကမိုးဘယ်လိုလင်းခဲ့တယ်ဆိုတာသေချာမသိလိုက်ပါဘူး တစ်ခန်းထဲနေတဲ့
သူငယ်ချင်းကောင်လေးက အကိုဘာလုပ်နေတာလည်းအခုထိုင်နေတာညကမအိပ်ဘူးလား
အဲလိုပြောတော့မှလူနဲ့ စိတ်ပြန်ကပ်လာပါတယ် အော်မိုးလင်းပြီဘဲ ဒါနဲ့ ကျွန်တော်မျက်နှာသစ်ပြီး
မုန့် စားဖို့ အောက်ကိုဆင်းလာခဲ့တယ်လမ်းမှာလူတွေကိုအဲဒီနေ့ ကသေချာလိုက်ကြည့်မိတယ်
ဘယ်သောအခါမှလမ်းထွက်ရင်လူတွေကိုသေချာလိုက်မကြည့်တတ်တဲ့ကျွန်တော်ဟာ
အဲဒီနေ့ မှအထူးခြားဆုံးအလုပ်တွေကိုစတင်လုပ်ခဲ့ပါတယ်၊ ကျွန်တော်ကွန်ပြုတာနဲ့ 
ဝေးဝေးနေလိုက်တယ် လူတွေရဲ့ စိတ်တွေကိုလိုက်လေ့လာမိတယ် ဆရာတော်ကြီးတွေ
ရေးခဲ့တရားစာအုပ်တွေကိုလိုက်ရှာဖတ်တယ်နောက်ဆုံးကျွန်တော့်ဘ၀ကိုပြောင်းလည်းပေးခဲ့တဲ့
ကျွန်တော့်အကိုလိုပြောရမဲ့ အကို (ကိုကျော်စွာထွန်း) ( kyawswarloveei@gmail.com)
သူနဲ့ စကားတွေထိုင်ပြောမိတယ် ကျွန်တော်ဟာဘလော့ဂါသက်တမ်း ၂ နှစ်လောက်ဘဲ
ရှိပါသေးတယ်ဒီကြားထဲဖြတ်ကျော်ရတဲ့အခက်အခဲတွေကတော့အများကြီးရှိခဲ့ပါတယ်
ကျွန်တော့်ထက်တော်တဲ့ဘလော့ဂါတွေပိုသိကြမှာပါ ကျွန်တော်တစ်ခုလောက်ဆရာကြီးတွေကို
မေးချင်ပါတယ် ဘလော့ဂါတွေဟာလူတွေကိုအကူညီပေးဖို့ နည်းပညာတွေပေးဖို့ အများအပြောခံပြီး
ရှာဖွေပေးနေကြတဲ့လူတွေ ကိုယ့်ထမင်းကိုယ်စားပြီသူများပြောတာခံရတဲ့လူတွေလို့ 
ကျွန်တော်ပြောရင်မှားသွားနိုင်းသလားဟင်........?????
သို့ ပေမဲ့ဒီနေ့ ကျွန်တော်ကွန်ပြုတာခလုတ်တွေအပေါ်လက်မတင်နိုင်လောက်အောင်
ကြုံခဲ့ရတဲ့အဖြစ်ကတော့အတော်ရင်ထဲမှာ နာခဲ့ရလို့ ဘဲအကူညီတောင်းနေတဲ့လူတွေကိုတောင်
အကူညီပြန်မပေးနိုင်လောက်အောင်အပြောခံလိုက်ရတဲ့စကားတွေဟာ ကျွန်တော်တို့ လို
ဘလော့ဂါသမားတွေအတွက်တစ်ခါတစ်လေမှာအရမ်းကိုခံရခက်တဲ့ဝေဒနာတွေဆိုတာသူတို့ က
မသိခဲ့ပါဘူး အခုကျွန်တော်ခံလိုက်ရတယ် ကျွန်တော့်လိုဘဲ ကိုညီနေမင်းလည်းခံခဲ့ရတယ်
အဲလိုဘဲ ဖိုးအေးဆိုတဲ့သူငယ်ချင်းလည်းခံလိုက်ရတယ် နောက်ထပ်ဘလော့ဂါတွေပညာရှင်တွေ
ထပ်ခံရဖို့ လည်းရှိဦးမယ်ထင်တယ် သို့ ပေမဲ့အကူညီတောင်းတဲ့လူတွေကိုကျွန်တော်
မမုန်းပါဘူးအားလုံးကိုခင်ပါတယ် သို့ ပေမဲ့တစ်ခါတစ်လေမှာအခုကျွန်တော်ပြောနေတဲ့လူတွေလိုမျိုးနဲ့ 
တွေ့ လာခဲ့ရင် ကျွန်တော်တို့ ဘလော့ဂါတွေမှာအိပ်လို့ တောင်မရတဲ့ဝေဒနာတွေစွဲကပ်ရပါတယ်
ဘလော့ဂါအားလုံးရဲ့ ကိုယ်စားကျွန်တော်ပြောချင်တာတစ်ခုကတော့ အဲလိုမျိုးမလုပ်ပါနဲ့ 
အဲလိုမျိုးမပြောပါနဲ့ ၊ အဲလိုမျိုးပညာရှင်တွေကိုအထင်မသေးပါနဲ့  ဘလော့ဂါတွေကိုအဲလိုစကားမျိုးတွေနဲ့ 
မတိုက်ခိုက်ပါနဲ့  ကျွန်တော်တို့ ကိုအဲလိုအထင်သေးစကားတွေမပြောပါနဲ့  ကျွန်တော်တို့ ဟာ
အဲလိုအတန်းစားထဲမှာ မပါခဲ့ပါဘူးတကယ်စေတနာထားတဲ့ဘလော့ဂါတွေကို အဲလိုအသုံးချမှုတွေ
မလုပ်ပါနဲ့ လို့ ပြောချင်ပါတယ် ကဲဒီလောက်ဆိုမင်းလည်းသိလောက်ပြီလို့ ထင်တယ်
တစ်ကယ်တော့မင်းကိုအပြစ်တင်စကားပြောတာမဟုတ်ဘူး မင်းကိုကျေးဇူးတင်စကားပြောတာပါ
မင်းဟာငါတို့ ဘက်ကကြည့်ရင်သနားစရာအရမ်းကောင်းတဲ့သူပါ မင်းကိုကူညီခဲ့တယ် မင်းကို
သနားခဲ့တယ် အခုတော့မင်းလုပ်လိုက်တာအရမ်းကိုဆိုရွားတယ် ကဲသူငယ်ချင်းရေ မင်းရဲ့ အခုဖြစ်နေတဲ့
ပုံစံတွေကိုငါတို့ မသိတော့ဘူးငါတို့ ကိုမင်းကြိုက်သလိုထင်နိုင်တယ် သို့ ပေမဲ့ငါတို့ လက်တွေဟာ
မင်းတစ်ယောက်ထဲအတွက်မဟုတ်ဘူးဆိုတာမင်းသိထားပါ ငါတို့ မှာမာနမရှိဘူး မေတ္တာဘဲ၇ှိတယ်
ဒီနေ့ မင်းကြောင့်ငါအများကြီးပြောင်းလဲခဲ့တယ်မင်းကိုအလွန်တရာမှကျေးဇူးတင်မဆုံးဖြစ်ရတယ်
သို့ ပေမဲ့မင်းကိုသနားရပြန်တယ် ဒါပေမဲ့ငါတို့ ဘာမှမတတ်နိုင်ဘူးမင်းဘ၀မင်းရွေးချယ်တာမို့ 
တာ့တာလို့ ဘဲပြောချင်ပါတယ် နောက်ထပ်နည်းပညာသမားတွေကိုထပ်ပြီးငါ့လိုမလုပ်ပါနဲ့ 
ငါတို့ ကိုပြောသလိုမပြောပါနဲ့  သူတို့ အတွက်ငါမင်းကိုပြောလိုက်တာပါ ရိုင်းလိုက်တာလို့ 
မင်းထင်ချင်ထင်နိုင်ပါတယ် သို့ ပေမဲ့သူတို့ စိတ်ချမ်းသာဖို့ သူတို့ သိဖို့ ငါအမုန်းခံလိုက်တာပါ
ဘာဖြစ်လို့ လည်းဆိုတော့နည်းပညာလှေထဲအတူစီးနေတာမို့  ငါသူတို့ ကိုယ်စားမင်းအမုန်းခံလိုက်တာပါ
ကဲသူငယ်ချင်းရေ တာ့တာပေါ့ကွာ.............ဒါငါ့ရဲ့ နောက်ဆုံးစကားဘဲ

Saturday, September 29, 2012

Online ပေါ်မှာပြသင့်တဲ့ငါတို့ရဲ့အမျိုးဂုဏ်

by popo on 29.9.2012
ယနေ့လူသားတို့ရဲ့ အသက်ရှင်နေထိုင်မူ့ ဘဝမျိုးစုံတွေထဲက ထိုးဖေါက်ပြီး နည်းပညာရှင်ကြီးများတွေက
ကြိုးစားပမ်းစား တည်ထွင်လာခဲ့ကြတဲ့ ပညာရပ်တွေထဲမှာ Network ဆိုတဲ့ နည်းပညာတွေဟာ လူသားအားလုံး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ဝေးကွာ ပါစေ လူသားတွေ အချင်းချင်း တွေ့နိုင်မြင်နိုင် အသိပညာတွေ ဖလှယ်နိုင်အောင် အတွေးအခေါ်တွေ ရင့်ကျက်ပြီး လူသားတွေ အားလုံး အတွက် ဆက်လက်တည်ထွင် ကြံဆနိုင်ဘို့ရွာကြီးတစ်ရွာ လိုဖြစ်အောင် မျော်မှန်းဖေါ်ထုပ်ခဲ့ကြတယ်
ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းလောက်အောင် မှန်ကန်စွာအသုံး မချဘဲ အင်တာနက် သုံးနေကြတဲ့ လူငယ်အများစု (လူငယ်တိုင်းကိုမဆိုလိုပါ)ဟာ Facebook Gtalk account တွေကို အလကားရတိုင်း နှစ်ခု သုံးခုဖွင့်ပြီး chat တွေထဲမှာ ဆော်ကြောင်ခြင်း ဘဲ ကြောင်ခြင်း မျက်ခွက်ပြောင်ခြင်း တွေကို အကျိုးမရှိစွာနဲ့ အချိန်ဖြုံးနေကြတာ တွေ့နေရလို့ပါဘဲ
Social network တွေထဲမှာ ငါတို့တွေရဲ့ မြန်မာမိန်းခလေးများ ရိုးသားတဲ့ဂုဏ်ကြောင့် မိမိရဲ့ ဓါတ်ပုံ ကိုဘဲတင်လိုက်ကြတယ်။ အဲဒီမှာ မောင်မင်းကြီးသားများက မြန်မာ့ယဉ်ကျေးမူ့ ၊ ကိုယ်ကျင့်တရား တွေနဲ့ ဆန့်ကျင်စွာ မိန်းခလေးများကို ပြောဆိုဆက်ဆံ လာကြတယ်။ မိန်းခလေးများပင် မဟုတ် အိမ်ထောင်ရှင် အမျိုးသမီးများပင် မဖတ်ရဲမကြားရဲတဲ့ အသုံးအနူံးများ၊မောင်နှင့်နှမ ကိုယ်ချင်းမစာနာသော အသုံးအနူံး များ ပြောဆိုနေကြတယ်။ အဲဒါတွေဟာ တကယ်တော့ မိမိရဲ့လူမျိုးဂုဏ် မိမိရဲ့မျိုးရိုးဂုဏ် တွေကို ရှက်ဖွယ် လိလိ ဖေါ်ထုတ်ပြသနေ သလိုပါဘဲ။
chatတွေထဲမှာအမျိုးသမီးများကစကားမပြောချင်လို့သော်လည်းကောင်း ပြောဆိုဖို့အချိန်မရှိလို့သော်
လည်းကောင်း chat boxကိုပိတ်လိုက်ပြီးသော်လည်းကောင်း ပြုလုပ်လိုက်ကြတဲ့အခါ မောင်မင်း
ကြီးသားများက မာနကြီးတာလား၊ အဖက်မလုပ်တာလား၊ဘာကိုဂရုစိုက်ရမှာလဲ မင်းကဘာမို့လို့လဲ၊နောက်ဆက်ပြီး မကြားဝံ မနာသာ ရိုင်းဆိုင်းသောအသုံးအနှုံးများနဲ့ ဆက်ပြောပါတော့တယ်၊၊အဲဒီမှာ အမျိုးကောင်းမိန်းကလေးတွေမှာလဲ chat room တွေထဲမှာဆက်မနေရဲ မလုပ်ရဲနဲ့ နောက်ပိုင်း chat ဆိုတဲ့ ကိစ္စကို ကြောက်စရာကြီးတခုလို မြင်လာပြီးsocial network တွေကနေအပြီးအပိုင်နှုတ်ထွက်လိုက်ကြတော့တယ် မောင်းမင်းကြီးသားများရဲ့စကားလေး
တစ်ခွန်းနှစ်ခွန်းလောက်အတွက်နဲ့ အမျိုးကောင်းသားသမီးများဟာ network ကနေရနိုင်တဲ့ အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ရတော့သည်။
မောင်မင်းကြီးသားအနေနဲ့တော့ကလဲ chatတွေထဲမှာ အမျိုးသမီးများမှ chat box ကိုပိတ်လိုက်ခြင်း၊စကားမပြောဘဲနေခြင်းများကို အမျိုးသားများမှလူမျိုးဂုဏ် ဇာတိဂုဏ် အမျိုးဂုဏ် ထိန်းသိမ်းပြီး မြန်မာ့ယဉ်ကျေးမှု မြန်မာ့ကိုယ်ကျင့်တရားများရှိစွာဖြင့် ဆက်လက်ပြီး
မနှောက်ယှက်ကြဖို့သင့်တော်တယ်လို့ မြင်မိတယ်၊ ကိုယ့်ကိုမမြင်ရ ဘယ်မှာနေမှန်းမသိဘူး ပြော
ချင်တာပြောမယ ဆိုရင်ကိုယ့်ကို မသိပေမယ့်လဲ ကိုယ့်လူမျိုးဂုဏ် အမျိုးဂုဏ် မိမိရဲ့ကိုယ်ကျင့်
တရား ထိခိုင်နိုင်တာပဲလေ။
အခုလိုအချိန်ကာလတွေမှာ ငါတို့တွေရဲ့လူမျိုးဂုဏ် ဇာတိသွေး ဇာတိမာန်တွေကို
လူမျိုးခြားများ လူသားများအားလုံးကို သိရှိနိုင်အောင် ဖြန့်ဝေပေးနိုင်တဲ့ ကွန်ယှက်ကြီးသဖွယ် ဖြစ်နေတဲ့ အခွင့်အရေးပေးတဲ့အပေါ် ငါတို့လူမိုးတွေရဲ့ ကိုယ်ကျင့်တရား ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို လူသားအားလုံးအား ချပြပြီးဆောင်ရွက်နိုင်မဲ့ အချိန်အခါကောင်းတွေပဲနော်။
အဲဒီတော့ ဒီလိုအပြုအမူတွေ ပြုလုပ်နေကြတာဟာ နည်းပညာရှင်ကြီးတွေရဲ့ ကြိုးစားပမ်းစားတီထွင်
မျော်မှန်းတည်ဆောက်ထားတာတွေကို စော်ကားနေတာနဲ့ အတူတူပါပဲ ဒါကြောင့် နည်းပညာရှင်ကြီးတွေကို လေးစားသမှုပြုသလို မိမိရဲ့လူမျိုးဂုဏ် အမျိုးဂုဏ်တွေကို ထိန်းသိန်းကျင့်ကြံနိုင် မယ့်အပြုအမှုများနဲ့ chat တွေမှာဟေးလေးဟားလား လုပ်ပြီးအချိန်တွေဖြုန်းမဲ့အစား ထိုးဖောက်ပြီးတော့ network chat တွေကနေရနိုင်မယ့် နည်းပညာတွေ အတွေးအခေါ်တွေ မိတ်ဆွေကောင်းတွေ ရှာကြရင်း မိမိရဲ့ဘ၀တွေတိုးတက်ဖို့အတွက်ရောမိမိလူမျိုးဂုဏ် အမျိုးဂုဏ်တွေပါ မြင့်မြတ်ဖို့အတွက် လူသားတွေ ကောင်းကြိုးအတွက် လောကကြီးထဲက မသိရှိသေးတဲ့အရာတွေ နည်းပညာတွေ အမူအကျင့်တွေ အမြင်ကြယ်စွာနဲ့ ကြိုးစားရှာဖွေ ဆည်းပူးကြရင်းဖြင့် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်အမျိုးဂုဏ်တွေကို မြင့်တင်နိုင်ကြမယ်လို့ ထင်ပါတယ်။
network ရွာကြီးထဲမှာ မိမိနိုင်ငံ မိမိ လူမျိုး မိမိအမျိုးဂုဏ် ကိုယ့်ကျင့်တရားတွေကိုလူသားအားလုံးအားဖော်ပြရင်း လူသားတွေထံက ကောင်းမွန်တဲ့ နည်းပညာများ ကိုယ်ကျင့်တရားများ ဘ၀ ရဲ့မြင့်မြတ်တဲ့ အကျိုးတရားတွေကို ရှာဖွေဖော်ထုတ်ကြရင်း နော်လာမယ့် မျိုးဆက်တွေအတွက် ဦးဆောင်လမ်းပြ ထားခဲ့နိုင်ကြပါစေလို့............
မှတ်ချက် ။ ။(chatting ထိုင်သော အမျိုးကောင်းသား အမျိုးသမီးကောင်းများ အားလုံးကိုမရည်ရွယ်ပါ တိုက်ဆိုင်မှုများ အမှားများ ရှိခဲ့လျင် ခွင့်လွတ်ပါ လူသားအားလုံးရဲ့ ဝေဖန်မှု ကဲ့ရဲ့မှု ချီးကျူးမှု တို့ကို မျော်လင့်လျက်)
popo
29.9.2012

Monday, September 24, 2012

ပြောချင်သောစကားများ...(ရင်ထဲက)

ကျွန်တော်ဟာနည်းပညာတွေနဲ့ ခဏလောက်ဝေးကွာသွားခဲ့ပါတယ် အကြောင်းကတော့ကျွန်တော့်ရဲ့
အဆင်မပြေမှုတွေကြောင့်ပေါ့ဗျာ၊  အခုတော့အဆင်ပြေသွားခဲ့ပါပြီ ကျွန်တော်အခုဘလော့ကိုပြန်လည်ကာ
ရေးသားတော့မှာပါ၊ ဒါကြောင့်မို့ ကျွန်တော်အားလုံးကိုတစ်ခုပြောပရစေ ကျွန်တော်ဟာအရမ်းကို
တော်တဲ့သူတစ်ယောက်မဟုတ်ပါဘူး ဒါကြောင့်မို့ မှားတာတွေရှိရင်နားလည်ပေးပါ ခွင့်လွှတ်ပေးပါ
ကျွန်တော်ဟာကျောင်းပညာအတန်းနည်းပါးသူတစ်ယောက်ပါဒါကြောင့်မို့ ကျွန်တော်ရေးတာတွေမသေချာရင်
အတိမ်းအစောင်းရှိရင်နားလည်ပေးပါ၊ ကျွန်တော်ဆင်းရဲလို့ စာမင်နိုင်ခဲ့ပေမဲ့ဝါသနာနဲ့ ဖြစ်ချင်တာတွေကို
မရပ်မနားလေ့လာသင်ယူခဲ့လို့ အခုလိုမျိုး ဘ၀ကိုရခဲ့ပါတယ်၊ ဒါပေမဲ့ကျွန်တော်ဆရာမဟုတ်ပါသင်ယူနေတဲ့
လူငယ်တစ်ယောက်ပါ သင်ခါစလေးဘဲရှိပါသေးတယ် သို့ ပေမဲ့ကျွန်တော့်လိုလူမျိုးဘယ်နှစ်ယောက်ရှိလဲ
ကျွန်တော့်ထက်ဆိုးတာတွေဘယ်လောက်များရှိနေသေးလည်းလို့ တွေးမိလိုက်တဲ့နေ့ ကစလို့ အခုထိချိန်ထိ
ငါဆိုတာထက် အများဆိုတဲ့ခံစားချက်ကိုဖြစ်ခဲ့ပါတယ်၊ လောကမှာနေရတဲ့ဘ၀ဟာအရမ်းတိုပါတယ်
ဒီနေ့ ရှိပေမဲ့မနက်ဖြန်မရှိတော့တာတွေကို ကျွန်တော့်သူငယ်ချင်းအုန်းခိုင်ကသက်သေပြသွားခဲ့ပါတယ်
ဒါကြောင့်မို့ ဒီနေ့ သိနေတာတွေကိုမနက်ဖြန်ဆက်သိနိုင်မယ်လို့ ပုံသေမယူဆထားပါနဲ့ ၊ ငါကဆရာဘဲ
ဆိုတဲ့မာနတွေနဲ့ အသက်ရှင်မဲ့အစားမျှဝေခြင်းဆိုတဲ့စေတနာနဲ့ နေထိုင်သွားရင်တော့ဒီသံသရာကော
နောင်သံသရာပါ အကောင်းဆုံးဖြစ်မှာပါ၊ ကျွန်တော်ဟာဒီနေ့ ထိနည်းပညာလောကမှာအားသွန်ခွန်စိုက်
၎ နှစ်လောက်ကူးခတ်ထားတာတောင် နားလည်နိုင်ရုံလေးဘဲရှိသေးတယ် ဒါဟာကျွန်တော့ရဲ့ ပါရမီ
တွေကြောင့်လည်းပါ ပါတယ်၊ ကျွန်တော်အခုမှနားလည်နိုင်ရုံဘဲရှိသေးပေမဲ့ ကျွန်တော့်ထက်တော်တဲ့သူ
များတွေ့ရင်ကျွန်တော်အရမ်းကိုပျော်တယ်သူတို့ ဆီကအတုခိုးစရာတွေသင်ယူစရာတွေကိုလေ့လာမှတ်သား
ပြောသမျှတွေကိုနားထောင်ခဲ့ပါတယ်၊ လူဆင်းရဲတာဘာမှရှက်စရာမလိုပါဘူးသိပညာဆင်းရဲရင်ဘာမှ
လုပ်လို့ မရတော့ပါဘူး၊ ကျွန်တော်ဒီနေ့ ပညာဆုံးခန်းတိုင်အောင်မရောက်ခဲ့ပေမဲ့ နောင်လူငယ်တွေကို
စာတွေတတ်စေချင်တယ်၊အသိပညာတွေရှိစေချင်တယ်၊ အတတ်ပညာတွေရစေချင်တယ်၊အရင်ဘ၀က
ဒါန၊ သီလ၊ ဘာဝနာနည်းခဲ့လို့ ဒီဘ၀မှာကျွန်တော်ဆင်းရဲခဲ့ပေမဲ့ နောင်ဘ၀သံသရာထိတော့ ဒီဆင်းရဲတာတွေကျွန်တော်ထပ်မယူသွားတော့ပါဘူး၊ ဒါကြောင့်မို့ ကျွန်တော်သိတာလေးတတ်တာလေး
စတဲ့ရှာဖွေလို့ ရတဲ့နည်းပညာလေးတွေကိုမသိတဲ့လူငယ်လေးတွေနားမလည်တဲ့ညီတွေ၊ အကိုတွေ၊ ညီမတွေ၊ စတဲ့လူမျိုးဘာသာမခွဲခြားဘဲပရဟိတသဘောနဲ့ သာပြန်လည်မျှဝေပေးနေတာပါ၊ " ဒီနေ့ ပြုသော
အကုသိုလ်ကံမနက်ဖြန်သင့်ထံပြန်လာမည်" ကောင်းသောအလုပ်တွေကတော့မနက်ဖြန်မဟုတ်ဘဲသံသရာတစ်လျှောက်
ကို့နောက်ကနေအမြဲလိုက်နေမှာကတော့မလွဲမသွေပါဘဲ၊ အခုဒီစာရေးနေတဲ့အချိန်လေးမှာမထင်မှတ်ဘဲ
ကျွန်တော်မလေးရှားကိုကွန်ပြုတာလှမ်းပြင်နေခဲ့ပါတယ်မထင်မှတ်ဘဲ ကျွန်တော်ရဲ့ ဆိုက်ကိုအင်တာနက်
တစ်နေရာမှာတွေ့ လိုက်ရပါတယ်ကျွန်တော်အုံသြော်သွားပါတယ်သူကျွန်တော်ဆိုက်ကိုအကျယ်တ၀င့်ရေး
သားထားပါတယ်၊ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပေမဲ့ကျွန်တော်ပြောခွင့်မရခဲ့ဘူး ဘာကြောင့်လဲဆိုတော့
လိုင်းမကောင်းလို့ ပါ၊ တစ်ချို့ ကချီးကျုးဖို့ ဝန်မလေးကြပေမဲ့တစ်ချို့ ကတော့ဝန်လေးတဲ့အပြင် ဆဲဖို့ ကိုသာ
အဓိကထားကြပါတယ်၊ အဆဲမခံရတဲ့ blogger တွေရှိသလိုဆဲခံထိတဲ့blogger တွေထဲမှာကျွန်တော်ပါခဲ့ပါတယ်
တစ်ခါကလာဆဲတဲ့သူကိုတွေ့ ပါတယ်၊ ခြေရာခံလိုက်ကြည့်တော့ကို့ ဗမာတွေပါဘဲ အိုင်ပီ ကိုလည်းရပါတယ်
တည်နေရာလည်းရပါတယ်၊ အကုန်လုံးကိုရခဲ့ပါတယ် ဘန်ကောက်ကနေဆဲတာပါ ကဲကျွန်တော်ဘာမှတော့
ပြန်မပြောခဲ့ပါဘူး၊ ငယ်ငယ်လေးထဲကကြားဖူးတာရှိတယ် သည်းခံခြင်းသည်အောင်မြင်ခြင်းတဲ့၊ ကျွန်တော်
သည်းခံလိုက်ဘာမှမဖြစ်ပါဘူး၊ သို့ ပေမဲ့ဆဲတဲ့သူကိုတော့သနားတယ်တရားသဘောနဲ့ ကြည့်ရင်အတော်
ကြောက်စရာကောင်းတဲ့အမှောင်တွေတဏှာတွေဖုန်းသွားလို့ ပါဘဲ၊ ဒါကြောင့်မို့ ဒီပို့ စ်တင်ပေးပြီးတဲ့နောက်
ထပ်တင်သောပိုစ့်များမှာရှယ်ပေးခြင်းတွေလည်းပါမှာပါ အချိန်နဲ့ တပြေးညီမဖြေရှင်းပေးနိုင်ခဲ့ရင်လည်း
နားလည်စေချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ကျွန်တော့်ဝမ်းရေးအတွက်အလုပ်တွေနဲ့ နစ်နေရလို့ ပါ
မအားတဲ့ကြားကနေအချိန်းလေးပေးပြီအတတ်နိုင်ဆုံးတော့ကူညီပေးသွားမှာ တနင်္ဂနွေတစ်ရက်တော့
ကျွန်တော်နားပါတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်ကုသိုလ်လေးယူမလို့ ပါ၊ အဲဒီကုသိုလ်လေးကတော့
အားလုံးရဲ့ မေးခွန်းတွေကိုအတတ်နိုင်ဆုံးဖြေကြားပေးမလို့ ပါဘဲ သိတာလေးတွေဖြေပေးပြီးမသိတာတွေ
ရှိခဲ့ရင်တော့အကောင်းဆုံးနေရာတွေကိုလမ်းညွှန်ပေးပါမယ်၊ နည်းပညာဆိုတဲ့ပင်လယ်ထဲမှာကူးခတ်နေ
သမျှတော့ဘယ်သူမှအတော်ဆုံးဆိုတာမရှိပါဘူးဒီနေ့ ကျွန်တော် တော်ပေမဲ့မနက်ဖြန်မှာနောက်တစ်ယောက်
ကတော့သေချာပေါက်ပေါ်လာမှာ အဲဒါကြောင့်မို့ တကယ်တော်ရင်အများအကျိုးနဲ့ နိုင်ငံအကျိုးသယ်ပိုးပါ
လို့ ကျွန်တော်ပြောခဲ့ရင်းနည်းပညာပင်လယ်ပြင်ထဲသို့ ပြန်လည်ကာခုန်ဆင်းရင်း............................



                                                                   ခင်မောင်စိုး(မွန်ပြည်နယ် ကျိုက္ခမီမြို့)