တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label window တင်နည်း. Show all posts
Showing posts with label window တင်နည်း. Show all posts

Wednesday, August 31, 2011

ny Windows Vista install from USB flash drive

windows 7 ကို USB ကနေ ၀င်းဒိုးတင်နိုင်အောင် ပြောခဲ့ပြီးပါပြီ။ လက်ရှိအသုံးများတဲ့ ၀င်းဒိုးသုံးခုမှာ USB က ၀င်းဒိုးတင်နိုင်ဖို့ အလွယ်ကူဆုံးက windows 7 ဖြစ်ပါတယ်။ application သီးသန့် ရှိပြီးသားဖြစ်လို့ CD burn သလိုပဲ၊ အဲဒီဆော့ဝဲလ် ကို သုံးပြီးတော့ USB drive မှာ burn လိုက်တာပဲ ဖြစ်ပါတယ်။ Vista မှာ ကျတော့ ဒါမျိုးမရတော့ဘူး။ 7 ထက်စာရင်တော့ နည်းနည်းခက်သွားတယ်။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဘာဆော့ဝဲလ်မှ သုံးစရာမလိုပဲ cmd command များကိုသာ အသုံးပြုပြီး bootable USB ဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မခက်ခဲပါဘူး။ အရမ်းကို ရိုးရှင်းပါတယ်။ windows 7 လို ready made မဟုတ်တဲ့အတွက်သာ သူ့ထက် ခက်ခဲတယ်လို့ သတ်မှတ်ပြီး၊ windows 7 အတွက် ရေးပြီးနောက်မှ Vista အတွက် ဆက်ရေးတာဖြစ်ပါတယ်။ ကျနော်ကတော့ အခုနည်းကို ပိုကျေနပ်ပါတယ်။ ကိုယ်တိုင်လုပ်ဆောင်ရတာဖြစ်သလို ဘာ application မှလည်း ထပ်မလိုဘူး။ အချိန်တိုင်းအတွက် အဆင်ပြေပါတယ်။


windows ကို USB ကနေ တင်ဖို့ ကြိုးစားရတာက Netbook တွေပေါ်တာတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ (အလွယ်မှတ်ချင်ရင် CD/DVD စတဲ့ Optical drive မပါတာကို Netbook လို့ ခေါ်ပြီး၊ ပါတာကို Notebook လို့ ခေါ်ပါတယ်။ အခြားကွဲလွဲချက်တွေလည်း အများကြီးပေါ့။ အလွယ်တကူ ခွဲခြား မှတ်သားနိုင်အောင် ပြောပြတာပါ)။ အခု Vista ကို USB နဲ့ တင်လို့ရတဲ့ windows တစ်ခုရဖို့အတွက် DVD drive အသုံးပြုနိုင်တဲ့ ကွန်ပျူတာ တစ်လုံးလိုပါတယ်။ အဲဒီကွန်ပျူတာမှာ မိမိတင်ချင်တဲ့ windows Vista DVD ကို USB ထဲ bootable ဖြစ်အောင် ထည့်သွင်းပြီးမှ မိမိဝင်းဒိုးတင်ချင်တဲ့ စက်ဆီကို သွားရောက် အသုံးပြုတာဖြစ်ပါတယ်။ ပြီးအောင် ဖတ်ကြည့်လိုက်ပါ။ နားလည်သွားမှာပါ။ (cmd command တွေအကြောင်း ဘာမှမသိသေးသူများပါ နားလည်အောင် command တွေကို တစ်ဆင့်ချင်း ရိုက်ပြသွားပါ့မယ်။ မိမိရိုက်ပေးရမယ့် စာသားများကို အနီနဲ့ မျဉ်းသားပေးထားပြီး၊ ပေါ်လာတာတွေထဲက သတိပြုကြည့်ရှူရန် လိုတာများကို အ၀ါနဲ့ ၀ိုင်းပြထားပါတယ်။ တစ်ခုခု ရေးပြီးတိုင်းလည်း cmd မှ respond ပြန်လာပါတယ်။ အဲလိုပြန်လာတဲ့အထိစောင့်ပေးရမှာဖြစ်ပါတယ်)။
Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ပေါ်လာတဲ့ cmd box မှာ
diskpart လို့ ရိုက်ပြီး Enter ခေါက်ပါ။ အောက်မှာ ၀ိုင်းပြထားတဲ့အတိုင်း Diskpart>> ဆိုပြီး ပြန်ပေါ်လာတဲ့အထိ စောင့်ပေးပါ။

list disk လို့ရိုက်ပါ။ (ဒီစာရေးပြီးတာနဲ့ enter ခေါက်ရမယ်ဆိုတာ အလိုလိုသိပြီးဖြစ်မှာပါ)။ ရေးပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း list ပေါ်လာတာကို စောင့်ပေးပါ။

select disk 2 ဆိုပြီး ရိုက်လိုက်ပါတယ်။ 2 ဆိုတဲ့ ဂဏန်းက အပြောင်းအလဲ ရှိမှာပါ။ မိမိသုံးမယ့် flash drive က အခု disk နံပါတ် ဘယ်လောက်ဖြစ်နေလဲ ဆိုတာကို size ကိုကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှာ ၀ိုင်းပြထားပါတယ်။ မိမိသုံးမယ့် flash drive က disk 1 ဖြစ်နေခဲ့ရင် select disk 1 လို့ ရေးပေးရမှာဖြစ်ပါတယ်။ မိမိသုံးမယ့် drive ကို select လုပ်ပေးတာပဲဖြစ်ပါတယ်။

clean လို့ ရိုက်လိုက်ပါ။ drive မှာ ရှိနေသမျှ data တွေကို ဖြတ်ပစ်ဖို့ ဖြစ်ပါတယ်။

create partition primary လို့ ရိုက်လိုက်ပါ။ drive ကို primary partition ဖြစ်အောင် ခွဲပေးဖို့ ဖြစ်ပါတယ်။

select partition 1 လို့ရိုက်ပါ။ ဒီမှာတော့ 1 က အပြောင်းအလဲ မရှိပါဘူး။ အပေါ်အဆင့်မှာ partition ကို တစ်ခုတည်းသာ ဖန်တီးလိုက်တာဖြစ်ပြီး၊ အဲဒီ partition ကိုပဲ select လုပ်ပေးပါတယ်။

active လို့ရိုက်ပါ။ (ကျနော်ပုံတွေမှာ ပြထားတဲ့အတိုင်း စာတွေ reply ပြန်ပြန်လာပါလိမ့်မယ်။ အခုပြထားတဲ့အတိုင်း တစ်ပုံစံတည်းတူနေမှာပါ)။

format fs=fat32 quick လို့ရိုက်ပါ။ ခုနက ရွေးချယ်ပြီး active ပေးလိုက်တဲ့ partition ကို fat32 type နဲ့ format အမြန်ချမှာဖြစ်ပါတယ်။ ၀ိုင်းပြထားတဲ့အတိုင်း 100 % complete ဖြစ်အောင် စောင့်ပေးပါ။ (quick ဆိုတာ ထည့်မရိုက်ရင်တော့ အကြာကြီးစောင့်ရလိမ့်မယ်)


assign လို့ရိုက်ပါ။ ရိုက်ပြီးတာနဲ့ USB drive ရဲ့ autorun တက်လာပါလိမ့်မယ်။ ပိတ်သာ ပိတ်ပေးလိုက်ပါ။ (ဖွင့်ကြည့်လည်းရပါတယ်။ format ချထားတာဖြစ်လို့ ဘာမှမရှိပါဘူး။ ဖွင့်ပြီး ထည့်ပေးစရာဘာမှ မလိုတဲ့အတွက် ပိတ်လိုက်ဖို့ပြောတာပါ)။
exit လို့ ရေးလိုက်ပါ။ Diskpart>> ဆိုတဲ့အထဲက လွတ်သွားပြီဖြစ်ပါတယ်။ အခု USB ကို ၀င်းဒိုး bootable လုပ်ပေးနိုင်တဲ့ primary partition ဖြစ်အောင် ပြုလုပ်ပြီးသွားပါပြီ။ နောက်တစ်ဆင့်အနေနဲ့ windows ခွေကို USB ထဲ ကူးထည့်ပါမယ်။ (iso ကို winrar နဲ့ ဖြည်ပြီး ဖိုင်အားလုံးကို ကူးထည့်ပေးလိုက်ရင်လည်း boot တက်ပါတယ်။ ဒါပေမယ့် ၀င်းဒိုးတင်တဲ့အခါ ဒုတိယအဆင့်ဖြစ်တဲ့ files extraction လုပ်တဲ့အခါမှာ error တက်တာမျိုး ကြုံရတတ်ပါတယ်)။ အဲဒါကြောင့် cmd ကနေ command ပေးပြီး copy လုပ်တဲ့နည်းကိုပဲ သုံးပါတယ်။ မိမိသုံးချင်တဲ့ windows Vista DVD ကို drive ထဲထည့်ပါ။ DVD drive ရဲ့ letter ကိုကြည့်ပါ။ (drive letter ဆိုတာက ၀င်းဒိုးတင်ထားတဲ့အပိုင်းဆိုရင် C: ။ အခြားအပိုင်းတွေဆို D, E စသဖြင့်ပေါ့။ မိမိ ခွေထည့်လိုက်တဲ့ Drive letter က ဘာလဲကြည့်ပါ)။ ၀င်းဒိုးထည့်မယ့် USB flash drive ကိုလည်း ဘာ letter လဲကြည့်ပါ။ ကျနော့်စက်မှာတော့ DVD drive က G ဖြစ်ပြီး၊ သုံးမယ့် flash drive က J ဖြစ်ပါတယ်။
လို့ရိုက်လိုက်ပါတယ်။ xcopy ဆိုတာကို ရေးပြီး copy လုပ်ဖို့ ပြောလိုက်ပါတယ်။ space တစ်ချက် ခြားပါတယ်။ G ဆိုတာက DVD drive ရဲ့ letter ဖြစ်ပါတယ်။ မိမိ Drive letter အတိုင်း ပြောင်းရိုက်ပေးပါ။ drive တစ်ခုရဲ့ location ကို ညွှန်းတာဖြစ်လို့ လို့ရေးပါတယ်။ *.* ဆိုပြီး စတားရယ်၊ fullstop ရယ်၊ စတားရယ်ကို ဆက်ရေးပါတယ်။ space တစ်ချက်ခြားပြီး /s/e/f လို့ရေးပါတယ်။ space တစ်ချက် ထပ်ခြားပြီး flash drive ရဲ့ letter ကို ရေးပါတယ်။ ကျနော့်မှာက J ဖြစ်လို့ လို့ ရေးလိုက်တာပါ။

ပုံမှာ မြင်ရတဲ့အတိုင်း file တွေကို copy လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ စောင့်ပေးပါ။

အခုပြထားတဲ့အတိုင်း ဖိုင်အရေအတွက် ပြလို့ copied ဆိုပြီး ပြောခဲ့ရင်တော့ copy ကူးလို့ ပြီးပြီ ဖြစ်ပါတယ်။ exit လို့ ထပ်ရိုက်ပြီး cmd ကို ပိတ်လိုက်နိုင်ပါတယ်။
(copy ကူးတဲ့ command ကို မရှင်းမှာ စိုးတဲ့အတွက် ထပ်ရှင်းပြပါ့မယ်။ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိရဲ့ DVD drive က R ဖြစ်ပြီး၊ flash drive က G ဖြစ်ခဲ့တယ် ဆိုပါစို့။
လို့ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်)။

ဒါဆိုရင်တော့ USB drive မှာ windows burn တာ ပြီးသွားပြီ ဖြစ်ပါတယ်။ DVD drive ရှိတဲ့ စက်မှာပဲဖြစ်ဖြစ်၊ မရှိတဲ့ စက်မှာပဲဖြစ်ဖြစ် ဒီ flash drive ကို သုံးပြီး windows Vista ကို install လုပ်နိုင်ပြီဖြစ်ပါတယ်။ လုပ်နည်းကတော့ အခုလိုလုပ်ပြီးတဲ့ flash drive ကို တင်ချင်တဲ့ ကွန်ပြူတာမှာထိုး၊ စက်ဖွင့်ပြီး boot menu ကို ခေါ်ပါ။ (boot menu ခေါ်ဖို့ shortcut key မပါတဲ့ (သို့) မသိတဲ့ စက်တွေက BIOS ထဲမှာ USB drive ကို first boot ဖြစ်အောင်ပြောင်းပေးပါ)။ ပြီးရင် boot ကို USB drive ကနေ ယူပေးလိုက်။ loading စလုပ်ပြီး windows installing အတွက် ပြင်ဆင်ပေးပါလိမ့်မယ်။ ကျန်တာအားလုံးကတော့ DVD က တင်တာနဲ့ တူတူပဲပေါ့။ သုံးတဲ့ stick ကသာ speed ကောင်းခဲ့ရင် ခွေနဲ့ တင်ထာထက်ကို မြန်ပါတယ်။ ကျနော့်ကို အဆင့်ကျော်ပြီး ရေးတယ်လို့ ပြောတဲ့လူများတဲ့အတွက် အတတ်နိုင်ဆုံး step by step ရေးပေးထားပါတယ်။ ဒီလောက်ဆိုရင် နားလည်မယ်လို့ ထင်ပါတယ်။ ၀င်းဒိုးတင်တတ်သူတွေ အနေနဲ့တော့ ဒီလောက်ဆိုရင် အဆင်ပြေသွားပါပြီ။ လုံးဝ ၀င်းဒိုးမတင်တတ်သေးဘူး ဆိုရင်တော့ ကျနော့် PC တပ်ဆင်ခြင်း ဆောင်းပါးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ PC စတင် အသုံးပြုနိုင်ရန် ဆိုတာကို မျှော်ပေးကြပါ။ ဒီခေတ် ဒီအခါ နဲ့ ၀င်းဒိုးတင်တာကို ရေးဖို့ အားမရှိပေမယ့်၊ PC တစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် ရေးသားခဲ့တာမှာ ၀င်းဒိုးတင်တာကလည်း ဒီလမ်းကြောင်းပေါ် ရောက်နေတော့ အဲဒီမှာပဲ အဆင်ပြေအောင် ထည့်ရေးပေးပါ့မယ်။ ထုံးစံအတိုင်း မသိသေးတဲ့သူတွေ အတွက် အဆင်ပြေနားလည်နိုင်ဖို့အပြင်၊ သိပြီးသားသူတွေအတွက်လည်း အကျိုးအမြတ်ကျန်နိုင်တဲ့ ဆောင်းပါးတစ်ခုဖြစ်အောင် ကြိုးစားရေးသားပေးပါ့မယ်။ … မကြာမှီ … မျှော် ….း)
ကျေနပ်မယ်လို့ ထင်ပါတယ်။ အဆင်ပြေပါစေဗျာ … (wp က မျဉ်းစောင်းတစ်ဖက် မပေါ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ အောက်ပိုင်းက ရေးရမယ့် စာတွေကို ပုံနဲ့ ပြောင်းပြလိုက်ရတယ်။ pdf မှာတော့ အပေါ်က command တွေအတိုင်း ရှင်းလင်းအောင် ရေးထားပါတယ်)။
ယခုပို့စ်အတွက် PDF Download PDF Download

Network မှတစ်ဆင့် Windows တင်ခြင်း

အောက်ပါပို့စ်သည် Networking နှင့် Windows Server 03 ကို အကျွမ်းတ၀င်ရှိသော Technician များ အတွက်သာ ဖြစ်ပါသည်။ စာရေးသူက မိမိအတွေ့အကြုံကို ပြောပြသည့်သဘောသာဖြစ်ပြီး How to မဟုတ်ပါ၊ Step by Step မဟုတ်ပါ။ Server 2k3 လေ့လာနေသော စာဖတ်သူများ တစ်ချိန်ချိန် အသုံးတည့်လိုတည့်ငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတစ်ယောက်က သူ့ Laptop လေး OS တင်လို့မရလို့ဆိုပြီး ကျွန်တော့်ဆီ သယ်လာတယ်။ ဘယ်လို ဖြစ်တာလဲလို့ မေးကြည့်တော့ Internel Drive က ပျက်သွားတယ်တဲ့။ အဲဒါကြောင့် External USB DVD Drive နဲ့ Boot တက်တာ ဘယ်လိုမှတက်လို့မရဘူးလို့ ပြောပါတယ်။ သူ့ Laptop က Dell Latitude လေးဆိုတော့ BIOS က နိမ့်တယ်လေ။ USB ကနေ Boot မလုပ်နိုင်ဘူး။

သူက ဘယ်လိုလုပ်ရင် ကောင်းမလဲလို့မေးပါတယ်။ စဉ်းစားကြည့်တဲ့အခါမှာ Windows က External Drive နဲ့လည်း တင်လို့မရဘူး။ Memory Stick နဲ့လည်း တင်လို့မရဘူးဆိုတော့ နည်းတစ်ခုကို ကျွန်တော် သွားသတိရပါတယ်။ MCSE Windows XP စာအုပ်ကြီး ဖတ်ခဲ့တုန်းက အဲဒီစာအုပ်ထဲမှာပါတဲ့ Network ကနေ Windows တင်တာကိုပါ။ ကျွန်တော်လည်း ဖတ်တာဖတ်ဖူးတာ။ တစ်ခါမှ မစမ်းဖူးဘူး။ အဲဒါနဲ့ သူ့ကို ကဲ ငါတို့ Network ကနေ မင်း Laptop ကို Windows လှမ်းတင်ရအောင်လို့ပြောပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော့် Desktop PC လေးမှာက Windows Server 2003 တင်ထားတာဆိုတော့ တစ်ခုတော့ အဆင်ပြေသွားပါတယ်။ သူ့ Laptop ကို Network ကနေ Boot လုပ်နိုင်၊မလုပ်နိုင် (PXE ROM ပါမပါ) စစ်ဆေးကြည့်တဲ့အခါမှာလည်း Network ကနေ Boot လုပ်နိုင်တာကို တွေ့ရပါတယ်။

ကျွန်တော့် Server ကို အရင် Configuration လုပ်ပါတယ်။ အခုလို Network ကနေ Windows တင်တာကို RIS (Remote Installation Service) လို့ သုံးနှုန်းပါတယ်။ ကျွန်တော်လည်း အဲဒါကိုပဲ ကြားဖူးပါတယ်။ RIS ကို ဘယ်လိုလုပ်ရမှန်း မသိဘူးလေ။ အဲဒါနဲ့ Help and Support ကိုဖွင့်ပြီး RIS လို့ ရိုက်ထည့်ရှာတယ်။ ပြီးတော့ ထွက်လာတဲ့ Result တွေကို ဖတ်ပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော်လုပ်လိုက်တဲ့ Configuration မှာ ပထမဆုံး Windows Server 2003 မှာ Role တွေ တင်ပါတယ်။ DHCP ရယ်၊ DNS ရယ်၊ AD ရယ်ပါ။ DHCP role တင်တဲ့အခါမှာ Gateway IP မထည့်ခဲ့ပါဘူး။ Role တွေတင်ပြီးတဲ့အခါမှာ Control Panel ထဲမှာပါတဲ့ Add/Remove Programs ထဲက Add/Remove Windows Component ကိုသုံးပြီး RIS ကို install လုပ်ပါတယ်။ install လုပ်လိုက်တဲ့အခါမှာ RIS Install Wizard ဟာ All Programs ထဲက Administrative Tools ထဲကို ရောက်သွားပါတယ်။ Drive ထဲမှာ Windows XP ခွေထည့်ပြီး အဲဒီ Wizard လေးနဲ့ Image ရိုက်ပါတယ်။ ၁၀ မိနစ်လောက်ကြာပါတယ်။

Server Configuration ကို အဲဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ Laptop နဲ့ Server နဲ့ကို Switch နဲ့ Network ချိတ်ပါတယ်။ (Direct မဟုတ်ပါ) Laptop ရဲ့ Boot Sequence ထဲမှာ Network Boot ကို First ထားပါတယ်။ ပြီးတော့ Boot လုပ်ကြည့်ပါတယ်။ IP ပဲရပြီး Boot မလုပ်နိုင်ပါဘူး။ အဲဒါနဲ့ Server ရဲ့ Help ကိုဖွင့်ပြီး ထပ်ရှာကြည့်တဲ့ခါမှာ Configuration တစ်ခုကျန်တာကို တွေ့ရပါတယ်။ ဘာကျန်လဲဆိုတော့ AD Users and Computers ထဲမှာ Server က Windows တင်ပေးရမယ့် Computer ကို ထည့်ပေးဖို့ လိုပါတယ်။ အဲဒါနဲ့ Computer ထည့်ပါတယ်။ ထူးဆန်းတာက ကွန်ပျူတာထည့်တဲ့အခါမှာ Computer Name မတောင်းဘဲ GUID တောင်းတာပါ။ အဲဒီ GUID ကို ဘယ်ကယူရမယ်မှန်းမသိဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ Laptop ကို ဖွင့်ကြည့်တဲ့အခါမှာ သူက Network boot လုပ်နေတဲ့အခါမှာ GUID ဆိုပြီး ပြပါတယ်။ (GUID က Serial Number တွေနဲ့တူပါတယ်။ GUID တွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် တစ်ခုနဲ့တစ်ခု မထပ်ဘူးလို့ Ebook တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်။ Hardward ပစ္စည်းတွေမှာလည်း GUID သုံးသလို စာဖတ်သူ ကွန်ပျူတာထဲမှာ ရှိနေတဲ့ Program တွေမှာလည်း GUID ကိုယ်စီရှိပါတယ်။)

အဲဒါနဲ့ Laptop ရဲ့ GUID ကို Server မှာ ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ ရလောက်ပြီ အထင်နဲ့ Laptop ကို Network ကနေ Boot လုပ်ခိုင်းပါတယ်။ အဲဒီအခါမှာ Error က ဘယ်လိုတက်သလဲဆိုတော့ No Boot File Found ဆိုပြီး တက်ပါတယ်။ အဲဒါနဲ့ DHCP ထိုင်တိုင်း Boot File ဆိုတာလေးကို တွေ့ဖူးသလိုလိုရှိတာကို မှတ်မိပြီး Server စက်ရဲ့ DHCP ထဲ မွှေကြည့်တဲ့အခါမှာ Boot File ဆိုတာလေးကို တွေ့ပါတယ်။ သူ့ကို အမှန်ခြစ်လေးခြစ်ပြီး Value တစ်ခု ထည့်ပေးလိုက်ပါတယ်။ သူက String value မို့ xp ဆိုပြီး ပေးကြည့်ပါတယ်။

Laptop ကနေ Boot လုပ်လိုက်ပါပြီ။ ဟော အပြာရောင် Screen ကြီးနဲ့ Windows Setup ကြီး ပေါ်လာတဲ့အခါ မှာတော့ ကျွန်တော်တို့နှစ်ယောက် ထခုန်မတတ် ၀မ်းသာသွားခဲ့ကြပါကြောင်း....

ယူအက်စ်ဘီ ပေါ်က ၀င်းဒိုးစ် အိပ်စ်ပီ အပိုင်း (၃)

စက်ကို formatရိုက်ပြီး ၀င်းဒိုး ပြန်တင်ရတယ် ဆိုတာ ကွန်ပျူတာ သုံးစွဲနေသူတဦး အတွက် အဆန်းမဟုတ်ပါဘူး။ အိုအက်စ် စီဒီကို စီဒီ ဒရိုက်ထဲထည့်၊ စီဒီကနေ boot လုပ်ပြီး လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လုပ်သွားရုံပါပဲ။

ခုနောက်ပိုင်း ပေါ်လာတဲ့ EEE ပီစီ တို့  လက်တလော ထွက်ထားတဲ့ Acer Timeline and Aspire One တို့ ၊ နောက် HP Elite book ၂၅၃၀ပီ၊ HP mini တို့ လို ပါးပါးလှပ်လှပ် notebook ၊ net book တွေမှာ စီဒီ။ ဒီဗီဒီ drive တွေ တွဲပါမလာတော့ပါဘူး။

တခါတရံ စီဒီ။ ဒီဗီဒီ ဒရိုက် ပျက်တဲ့အခါမျိုး လန်းစ်မကောင်းတဲ့ အခါမျိုးမှာ စီဒီ ကနေ ဘု လုပ်ရမယ်ဆို အတော် အကြပ်ရိုက်ရပါတယ်။ တခါတလေ အားလုံး ကောင်းပါရဲ့နဲ့ စီဒီက ဖတ်မရတဲ့ အခါမျိုးမှာလည်း ဖော်မက်ရိုက် အိုအက်စ် အင်စတော လုပ်ရတာ အဆင်မပြေပါဘူး။

အဲ့လို အခက်အခဲတွေနဲ့ အထက်က Optical Drive မပါတဲ့ စက်တွေ အိုအက်စ် Install လုပ်ဖို့ရာ အဆင်ပြေချောမွေ့ စေဖို့ ယူအက်စ်ဘီကနေ ၀င်းဒိုးစ် အိပ်စ်ပီ ကို ဖောမက်ချ အိုအက်စ် အသစ် တင်ဖို့  နည်းလမ်းတွေ ပေါ်ထွက်လာပါတယ်။

ဘာ့ပါပီအီး ထွက်လာပြီးနောက်ပိုင်း အဲသလို နည်းလမ်းတွေ အတော်ကို ကျယ်ပြန့် များပြားလာပါတယ်။ ထုံးစံအတိုင်းပဲ အင်တာနက်မှာ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲက ညီမူရာ ကြိုက်တဲ့ နည်းကိုပဲ ရေးသွားမှာဖြစ်ပါတယ်။

ယူအက်စ်ဘီ drive/stick ကို ၀င်းဒိုးအိပ်စ်ပီ Windows XP bootable installer လုပ်ဖို့ ရာ အတွက်

၁ ဂစ် ပမာဏ အနည်းဆုံး သိုမှီးနိုင်တဲ့ ယူအက်စ်ဘီ တခု လိုပါမယ်။
ကိုယ်သုံးနေတဲ့ ၀င်းဒိုးအိပ်စ်ပီ bootable CD ကောင်းကောင်း လိုပါမယ်။
ယူအက်စ်ဘီ ကို bootable လုပ်ပေးမယ့်  ဆောဝဲလ် လိုပါမယ်။

flash drive prep.rar ဖိုင်ကို ဒေါင်းလုပ် လုပ်ပြီး လွယ်ကူတဲ့ တနေရာမှာ ဇစ်ဖြေထားရပါမယ်။
အဲ့ဒီ ဖိုင်ထဲမှာ ဖိုဒါ ၂ခု ရှိပြီး ပထမဆုံး usb_prep8 ဖိုဒါထဲကို ၀င်ပြီး usb_prep8.cmd ဖိုင်ကို run ရပါမယ်။

ဒီလိုမျိုး ကွန်းမန်းလိုင်း ၀င်းဒိုး တခုထက်လာမှာ ဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ဒီ ၀င်းဒိုးကို မပိတ်မိစေဖို့ ပါပဲ။ နောက်ဆုံးကျမှ ပိတ်ရမှာ။
press any key to continue ဆိုတော့ ကြိုက်တဲ့ ကီးတခု သာနှိပ်ပေးလိုက်ပါ PeToUSB ဆိုတဲ့ ၀င်းဒိုး တက်လာပါလိမ့်မယ်။

အဲ့ဒီ ၀င်းဒိုးက ယူအက်စ်ဘီကို boot နိုင်အောင် ဖောမက် ရိုက်ပေးပါလိမ့်မယ်။ Start ဆိုတာကို နှိပ်ပြီး ဖောမက်ရိုက်တာကို စောင့်လိုက်ပါ၊ ဖောမက်ရိုက်လို့  ပြီးစီး အောင်မြင်ကြောင်း လာပြပါလိမ့်မယ်။ သထိထားရမှာက ဒီ PeToUSB ကိုလည်း သွားမပိတ်လိုက်ပါနဲ့ဦး။

အဲ့ဒီ အချိန်မှာ ကွန်မန်းလိုင်းကနေပြီး ဖိုင်ဒေါင်းလုပ်ချ ဇစ်ဖြေထားတဲ့ ဖိုဒါထဲရောက်အောင် သွားရပါမယ်။ အဲ့ဒီ ထဲကမှ bootsect ဆိုတဲ့ ဖိုဒါထဲ ထပ်ဝင်ပါ ပြီးရင် ဟော့ဒီ ကွန်မန်းကို ရိုက်ပေးရပါမယ်။

bootsect.exe /nt52 G:

ကိုယ့် ယူအက်ဘီ drive letter ကတော့ ကိုယ့်စက်မှာပေါ်တဲ့ အတိုင်းရိုက်ရမှာပါ။ စာရေးသူ စက်မှာကတော့ G: လို့ ပေါ်လို့  G: လို့ ရိုက်လိုက်တာပါ။

Successfully updated FAT filesystem bootcode ဆိုတာ ပေါ်လာတာနဲ့ အဲ့ဒီ နောက်ဖွင့်ထားတဲ့ ကွန်မန်းဝင်းဒိုး ကို ပိတ်လို့ ရပါပြီ။

တဆက်တည်း PeToUSB ၀င်းဒိုး ကို ပိတ်ပေးရပါမယ်။ ပိတ်လိုက်တာနဲ့ ပထမဆုံး ဖွင့်ထားတဲ့ ကွန်းမန်းလိုင်းမှာ အောက်ကလိုမျိုး ၈ မျိုးပါတဲ့ စာသားတွေ ပြောင်းသွားမှာပါ။

အဲဒီမှာ နံပါတ် ၁ ကနေ စရမှာပါ။ ၁ ကို ရိုက်လိုက်တာနဲ့ ခဏအကြာမှာ Browse For Folder popup ၀င်းဒိုးလေး တက်လာမှာပါ။ ပြီးရင် ကိုယ့်ရဲ့ winXP Boot CD ထည့်ထားတဲ့ စီဒီ drive(ဒါမှမဟုတ် Virtual CD Drive) ကို ရွေး ပေးရပါမယ်။ စာရေးသူ ရဲ့ စက်မှာကတော့ စီဒီ ထဲ့ထားတာ F ဒရိုက်ဖြစ်လို့  F ကို ရွေးလိုက်ပါတယ်။ (Virtual CD Drive ပါ)

နံပါတ် ၂ က သူပေးတဲ့ အတိုင်းထားရင်ရပါတယ်။

ပြီးရင် နံပါတ် ၃ အဆင့် အဖြစ် ၃ ဂဏန်း ကို ရိုက်ပေးပြီး ကိုယ့် ယူအက်စ်ဘီ drive letter ရွေးရပါမယ်။ စာရေးသူ ရဲ့ ယူအက်စ်ဘီ drive letter က G ဖြစ်တာမို့  G လို့  ရိုက်ပေးလိုက်ပါတယ်။
အားလုံး အဆင်သင့် ဖြစ်ရင် လုပ်ဆောင်ချက်တွေ စဖို့  နံပါတ် ၄ ဂဏန်းကို ရိုက်ပေးလိုက်ရုံပါပဲ။ နောက် တက်လာမယ့် မေးခွန်းတွေ အတွက် popup ၀င်းဒိုးတွေ တက်လာရင် ကြည့်ပြီး နှိပ်ရုံပဲ ကျန်ပါတယ်။

ပထမဆုံး မေးခွန်း အဖြစ် Temp Drive ကို ဖောမက်ချမလားလို့ မေးပါလိမ့်မယ် YES ဖြေလိုက်ရုံပါပဲ။
စီဒီ ဒရိုက်ထဲက ဖိုင်တွေကို Temp drive ထဲ ကူးချသွားပါလိမ့်မယ်။ ဒီတကြိမ်ပဲ စီဒီကို သုံးတာပါ။ ပြီးရင် ဆက်လုပ်ဖို့  ကီးတခုခုကို နှိပ်ခိုင်းပါလိမ့်မယ်။ နှိပ်ပေးလိုက်ပါဦး။

ခဏအကြာမှာ Temp drive ထဲက ဖိုင်တွေကို ယူအက်စ်ဘီ ထဲ ကူးမလားလို့ မေးပါလိမ့်ဦးမယ်။

YES ပဲ ဖြေရုံပဲပေါ့။ ဖိုင်တွေ ကူးတာ နဲနဲကြာပါတယ်။ ကိုယ့်စက်ရဲ့ အမြန်နှုန်းနဲ့ လည်း ဆိုင်ပါလိမ့်မယ်။


အားလုံး ကူးပြီးသွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ ယူအက်စ်ဘီ drive ကို bootable drive အဖြစ် လုပ်မလား လို့ မေးပါလိမ့်မယ်။ YES ဖြေရုံပါပဲ။

နောက်ဆုံး မေးခွန်းအဖြစ် Temp Drive ကို ပြန်ဖြုတ်ချမလားလို့  မေးပါလိမ့်ဦးမယ်။ ကိုယ်သုံးဖို့ မလို ရင် ဖြုတ်ခိုင်းတာ ကောင်းပါတယ်။ YES ပဲပေါ့။

နောက်ဆုံးတကာ့ နောက်ဆုံး အဖြစ် အားလုံး ပြီးစီးပါပြီ ကြိုက်ရာကီး နှိပ်နိုင်ပြီး ပိတ်ပါလို့  ပြောပါလိမ့်မယ်။

ကြိုက်ရာ ကီးတခုခု ကို နှိပ်ပေးလိုက်ရင်ဖြင့် ယူအက်စ်ဘီ drive ကို Windows XP Bootable Installer USB အဖြစ် လုပ်ဆောင်ခြင်းအမှု အောင်မြင်စွာ ပြီးစီးသွားပါပြီ။

ဖောမက် ရိုက်ချင်တဲ့ စက်မှာ ယူအက်စ်ဘီ drive ကိုတပ်၊ Bios setting မှာ ယူအက်စ်ဘီ ကနေ boot မယ်လို့  ရွေးပေးရပါမယ်။

ယူအက်စ်ဘီ ကနေ boot လိုက်တဲ့အခါ boot loader screen မှာ ပထမအကြိမ် အဖြစ် TXT Mode ကို ရွေးပေးရပါမယ်။ ပြီးရင် စီဒီကနေ boot တဲ့ ပုံမှန် အတိုင်း ဆက်လုပ်သွားရုံပါပဲ။

အခုဆိုရင် ၁ ဂစ် ယူအက်စ်ဘီ တချောင်းမှ ၈ ဒေါ်လာ ၉ ဒေါ်လာ လောက်ပဲ ရှိတဲ့အချိန်မှာ ယူအက်စ်ဘီ တချောင်းလောက်ကို တခါထဲ winXP Bootable လုပ်ပြီး နေရာတကာ သယ်သွားလို့ ရနေပါပြီ။ အဲ့ဒီထဲက ကျန်တဲ့ နေရာမှာလည်း အခြားဒေတာတွေ ထည့်ထားလို့ ရပါသေးတယ်။ ဒါမှမဟုတ် ပြန်ဖေါ်မက် ရိုက်ပြီး ပုံမှန် ယူအက်စ်ဘီ ဒရိုက်အဖြစ်လည်း ပြန်သုံးနိုင်သေးတာမို့  စမ်းချင်တဲ့ သူတွေ စမ်းနိုင်အောင်၊ လိုအပ်သူတွေ အသုံးချနိုင်အောင်၊ မသိသေးသူတွေ သိပြီး အကျိုးရှိအောင် ကြိုးစားရေးရင်း နဲ့ ယူအက်စ်ဘီ ပေါ်က ၀င်းဒိုး အိပ်စ်ပီ ကို အဆုံးသတ်လိုက်ပါတယ်။

ယူအက်စ်ဘီ ပေါ်က ၀င်းဒိုးစ် အိပ်စ်ပီ အပိုင်း (၂)

ယူအက်စ်ဘီ ပေါ်က ၀င်းဒိုးစ် အိပ်စ်ပီ အပိုင်း (၂)


ဘီစီဒီ(BCD) လို့  အတိုကောက် ခေါ်တဲ့ (boot CD) ဘုစီဒီ တွေထဲမှာ ညီမူရာ အကြိုက်ဆုံး ကတော့ ဟိုင်ရန် ဘုစီဒီပါပဲ။ ဟိုင်ရန် ဘုစီဒီ မှာ စက်ကို ပြင်ဆင်ဖို့  အသုံးဝင်တဲ့ ဆော့ဝဲလ်တွေ အကုန်လုံးကို စုစည်းပေးထားပြီး စီဒီ ကနေ boot လိုက်ရုံပါပဲ။ ဟိုင်ရန် ဘုစီဒီ အကြောင်းကို ၀ီကီ မှာ ဖတ်နိုင်ပြီး စီဒီထဲမှာ ဘယ် ဆော့ဝဲလ် တွေ tools တွေ ပါတယ်ဆိုတာကို ဒီမှာ ဖတ်နိုင်ပါတယ်။ ဟိုင်ရန် ဘုစီဒီကို ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ တခုပဲ သတိထားရ မှာကတော့ ဟိုင်ရန် ဘုစီဒီ မှာ ထည့်ပေးထားတဲ့ ဆော့ဝဲလ် အများစုက တရားဝင်လိုင်စင် မဟုတ်ပါဘူး။

ဟိုင်ရန် လိုပဲ တခေတ်တခါ က နာမည် ကြီးခဲ့တဲ့ Nu Boot CD ဆိုတာလည်း ရှိပါသေးတယ်။ ဘီစီဒီ တွေက များသော အားဖြင့် နက်ဝေါ့ ဟာဝဲလ်သမား တွေက သူတို့  အတွက် လွယ်ကူအဆင်ပြေ အသုံးဝင် အောင် လုပ်ထားတာမို့  သူတို့  တွေ ဆီမှာ ဘီစီဒီ တခုမဟုတ် တခု ရှိတတ်ကြတာမျိုးပါ။ အခု နောက်ပိုင်း နည်းပညာတွေ တိုးတက် လာတဲ့ အခါ စီဒီ အချပ်ကြီးကို နေရာတကာ မသယ်ချင် ကြတော့ပါဘူး။ စီဒီ အချပ်ကို နေရာတကာ သယ်မယ့် အစား ပေါ့ပါး သေးငယ်တဲ့ USB stick တွေကို ပြောင်းသယ်လာကြပါတယ်။

ဆိုတော့ ဘီစီဒီ တွေ နေရာကို အစားထိုးဖို့  USB Drive/Stick တွေကို သုံးလာကြပါတယ်။ နောက်ပိုင်း နည်းပညာ ထွန်းကားလာတာရယ်၊ External HDD တွေ အသုံးပြု ကျယ်ပြန့်လာတာရယ် USB Drive တွေ အချက်အလက် သိုမှီးနိုင်မှု မြင့်မားလာတာရယ်ကြောင့်  မားသားဘုတ် ထုတ်လုပ်သူ အားလုံးနီးပါးက ယူအက်စ်ဘီ တွေကနေ boot လုပ်နိုင်အောင် လုပ်ပေးလာကြပါတယ်။

ဟိုင်ရန် ဘီစီဒီ ကိုလည်း ယူအက်စ်ဘီ ပေါ်ကနေ boot လို့  ရအောင် လုပ်လာနိုင်ပါတယ်။ ဟိုင်ရန် ကို ယူအက်စ်ဘီ ပေါ်ကနေ boot တဲ့နည်းလမ်းတွေ အများကြီး အင်တာနက်ပေါ်မှာ ရှိပါတယ်။ အဲ့ဒီ ထဲကမှ ညီမူရာ စိတ်ကြိုက် ဖြစ်တဲ့ နည်းကို ရေးသွားပါမယ့်။

step 1
ဟိုင်ရန်ကို boot လုပ်နိုင်ဖို့  ၂၅၆ အမ်ဘီ ပမာဏ အနည်းဆုံး ရှိတဲ့ USB Drive တခု လိုပါမယ်။

step 2
ဆော့ဝဲလ် အနေနဲ့ ပထမ အဆင့် usb_format.exe ဆိုတဲ့ ဆော့ဝဲလ် လိုပါတယ်။ (အိပ်ခ်ျပီ ရဲ့ ဆော့ဝဲလ် HPUSBFW နဲ့တူတူပါပဲ) ဒီဆော့ဝဲလ် က ယူအက်စ်ဘီ ဒရိုက်ကို boot နိုင်အောင် လုပ်ပေးတာပါ။



step 3
ဒုတိယ အဆင့်အနေနဲ့ သူက မာတီဘု (Multi Boot) လုပ်ပေးနိုင်တဲ့ GRUB ဆိုတဲ့ boot loader ကို တင်ပေးရမှာပါ။ သူမှာ ၂ မျိုး ရှိပါတယ်။
၃.၁
ပထမ နည်းက grub4dos ဆိုတဲ့ universal boot loader နဲ့ တင်တဲ့နည်းပါ။ အဲ့ဒီ အတွက် grub4dos.rar ကို ဒေါင်းလုပ်ပေးပြီး grubinst_gui.exe ကို run ပေးရပါမယ်။ ပုံမှာပြထားတဲ့ နံပါတ်စဉ်ကို ကြည့်ပါ။ ပြီးရင် grldr နဲ့ menu.lst ဖိုင် ၂ ဖိုင်ကို ယူအက်စ်ဘီထဲ ကူးထဲ့ပေးရပါမယ်။


၃.၂
ပထမနည်း အဆင်မပြေတဲ့ သူတွေ အတွက် နောက်တနည်းပါ။ ဒီနည်းကလည်း GRUB ဆိုတဲ့ boot loader ကို ပဲ တင်ပေးတဲ့ နည်းပါ။ ဆစ်လင်းနစ် syslinux.rar လို့  ခေါ်တဲ့ ဖိုင်ကို ဒေါင်းလုပ် လုပ်ပေးပြီး RunMe.bat ဆိုတဲ့ ဘက်ခ်ျဖိုင်ကို ရန်းပေးရပါမယ်။ ကိုယ်သုံးမယ့် ယူအက်စ်ဘီ drive ရဲ့ driver letter(E:\ or F:\ or G:\) ကို ရိုက်ပေးရုံ နဲ့ သူဟာသူ လိုတဲ့ ဖိုင်ကို ကူးထည့်ပေးသွားမှာပါ။


step 4
အနေနဲ့ GRUB ဆိုတဲ့ boot loader တင်ပြီးသား ယူအက်စ်ဘီ ဒရိုက်ထဲကို ဟိုင်ရန် ဘုစီဒီ ထဲက ဖိုင်တွေ ကူးပေးရမှာပါ။ ဟိုင်ရန် ဘုစီဒီ ကို ဒီနေရာမှာ ဒေါင်းလုပ် လုပ်ပြီး iso ဖိုင်ကို winRar နဲ့ ဖြေလိုက်ပါ။ အထဲက HBCD ဖိုလ်ဒါရယ်၊ autorun.inf ဖိုင်ရယ်ကို ယူအက်စ်ဘီ ဒရိုက်ထဲ ကူးပေးလိုက်တာနဲ့ အသင့် boot လုပ်နိုင်တဲ့ ဟိုင်ရန် boot USB Drive တခု ဖြစ်သွားပါပြီ။



step 5
အနေ နဲ့ ကတော့ ယူအက်စ်ဘီ ကနေ boot ချင်တဲ့ စက်ကို ဖွင့် ယူအက်စ်ဘီ တပ် ဘိုင်းအို့စ်ထဲဝင်ကာ ယူအက်စ်ဘီ ကနေ boot မယ်လို့ ရွေးပေးရုံပါပဲ။

ညီမူရာ ဘာကြောင့် ဟိုင်ရန် ကို ကြိုက်ရသလဲ ဆိုရင် သူ့ မှာ multi boot အနေနဲ့ မီနီ ၀င်းဒိုးစ် အိပ်စ်ပီ (Mini Windows XP) ပါပြီးသား ဖြစ်လို့ ပါပဲ။ boot CD ထဲမှာ ပါတဲ့ ဆော့ဝဲလ်တွေ တူးစ်တွေ အကုန်လုံးကို လည်း မီနီ ၀င်းဒိုးစ် အိပ်စ်ပီ ဖကိ ကနေ တက်သုံးလို့ ရတာပါပဲ။ စာရေးသူ မကြာခဏ သုံးဖြစ်တာကတော့ ပါတေးရှင်း ဂိုစ့် ရိုက်ယူ ရိုက်တင်တာပါပဲ။

တကယ်လို့ စာဖတ်သူ အနေနဲ့ မရှင်းလင်းတာ များရှိခဲ့ရင် အင်တာနက်ပေါ် ရှာဖွေဖတ်ရင်လည်း ဖတ်။ မဟုတ်ရင်လည်း ညီမူရာကို ထပ်မေးလို့ ရပါတယ်။

အခက်အခဲ ကြုံတဲ့ အခါ ယူအက်စ်ဘီ ပေါ်ကနေ boot တက်ရင်း ဖြေရှင်း အောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဖြင့်

ယူအက်စ်ဘီ ပေါ်က ၀င်းဒိုးစ် အိပ်စ်ပီ အပိုင်း (၁)

XP on USB Part 1

ယူအက်စ်ဘီ ကနေ ကွန်ပျူတာကို BOOT တက်အောင် လုပ်တယ်ဆိုတာ တချိန်တုန်းက အိမ်မက် တခုပါပဲ။ နောက်ပိုင်း နည်းပညာတွေ တိုးတက်လာပြီး ယူအက်စ်ဘီ တွေရဲ့ အချက်အလက် သိုမှီးနိုင်မှု ပမာဏတွေများလာတော့ အရမ်းကို လွယ်ကူလာပါတယ်။

ရုတ်တရက် ကွန်ပျူတာ ၀င်းဒိုး စနစ် ပျက်စီးသွားပြီး ၀င်းဒိုး မတက်တဲ့အခါမျိုး။ ဗိုင်းရပ်ကြောင့် ၀င်းဒိုး ကို သုံးမရအောင် လုပ်လိုက်တဲ့အခါမျိုး၊ စက်တလုံးကနေ စက်တလုံး အရေးပေါ် အချက်အလက်တွေ ကူးတဲ့ အခါမျိုး။ ၀င်းဒိုး စနစ် လုံးဝမရှိတဲ့ စက်တလုံးမှာ အရေးပေါ် သုံးချင်တဲ့အခါမျိုး၊ အခုနောက်ပိုင်း စီဒီ၊ ဒီဗီဒီ drive လုံးဝမပါတော့တဲ့ EEE PC လိုမျိုး တွေ မှာ ၀င်းဒိုး နဲ့ အခြား အကြောင်းတခုခု ကြောင့် သုံးချင်တဲ့ အခါတွေမှာ ယူအက်စ်ဘီ ပေါ်ကနေ GUI ပါတဲ့ အော်ပရေးရှင်း စံနစ် တခုခုကို တင်သုံးလေ့ ရှိပါတယ်။

အခုနောက်ပိုင်း အူဘန်တု လင်းနစ် စီဒီ (ubuntu) ကနေ အခုလိုမျိုး လုပ်လို့ ရပေမယ်။ ညီမူရာ တို့ လို့  မိုက်ခရိုဆော့ စနစ် နဲ့ အကျွမ်းဝင်တဲ့သူတွေ အဖို့  ၀င်းဒိုး ကိုပဲ သုံးချင်တာ မဆန်းပါဘူး။ ၀င်းဒိုးထဲမှာ ဆယ်စုနှစ်တခုနီးပါး အောင်မြင်နေတဲ့ ၀င်းဒိုး အိပ်စ်ပီ (windows XP) ကိုပဲ သုံးချင်တာပေါ့။ အိပ်စ်ပီ လိုက်ဖ် (XP Live) လို့ လည်း အချို့ ကခေါ်ကြတယ်။

အိပ်စ်ပီ ကို ယူအက်စ်ဘီ ပေါ်ကနေ တင်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီ ထဲကမှ ပထမဦးဆုံး အလွယ်ဆုံး ဖြစ်တဲ့ Windows XP USB Stick Edition ကို အရင်ဆုံး ရေးသွားပါမယ့်။

အဲ့ဒီ စံနစ်က ယူအက်စ်ဘီ သိုမှီးနိုင်မှု ပမာဏ ၂၅၆ အမ်ဘီ သာ လိုအပ်ပါတယ်။ နောက်တခုက ကွန်ပျူတာက ယူအက်စ်ဘီ ကနေ BOOT လုပ်နိုင်ရပါမယ်။ ၂၀၀၅ နောက်ပိုင်း ကွန်ပျူတာ အများစုက လုပ်နိုင်ပါတယ်။ (အချို့ မားသားဘုတ် အဟောင်းတွေမှာ ဘိုင်းအိုးစ် Bios ဖန်းဝဲလ် Firmware ကို အဆင့်မြင့်လိုက်ရင် ရပါတယ်)

အင်စတော လုပ်ဖို့ အတွက် ပထမ အဆင့် ယူအက်စ်ဘီ ကို BOOT ဖြစ်အောင် လုပ်ပေးမယ့် ဆော့ဝဲလ်လေး တခုလိုပါတယ်။ အိပ်ခ်ျပီ ကနေ အခမဲ့ ပေးထားတာ ဖြစ်ပြီး နာမည်ကြီးပါတယ်။ အိပ်ခ်ျပီ ယူအက်စ်ဘီ (HPUSBFW) လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပြီး။ သူ့ ကို အခုလို မြင်ရမှာဖြစ်ပါတယ်။


ဒုတိယအဆင့်က windowsXP USB Edition ကို ဒေါင်းလုပ်ရယူ ဖိုင်ကို ဇစ်ဖြေချပြီး အဲ့ဒီ ဖိုလ်ဒါ တခုလုံးကို ယူအက်စ်ဘီ ထဲကူးထည့်ရပါမယ်။ ဒါဆို အိပ်စ်ပီ ယူအက်ဘီ ပေါ်ကနေ BOOT တက်ဖို့  အဆင်သင့်ဖြစ်နေပါပြီ။

နောက်တဆင့်ကတော့ BOOT တက်မယ့်  စက်ရဲ့ ဘိုင်းအို့စ် ဆက်တင်ထဲ ၀င်ပြီး၊ ယူအက်စ်ဘီ ဒရိုက်ကနေ BOOT မယ် လို့  ပြင်ပေးရုံပါပဲ။

ကိုယ့်စက်ရဲ့ အမြန်နှုံး မန်မိုရီ ပမာဏ ပေါ်မူတည်ပြီး ၂ မိနစ်ကနေ ၅ မိနစ်အတွင်း ၀င်းဒိုး အိပ်စ်ပီ၊ ယူအက်စ်ဘီ ပေါ်ကနေ တက်လာမှာပါ။