တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Friday, February 15, 2013

youtube videoတင်နည်း

thanlwin ကလာရောက်တောင်းဆိုထားတာပါ youtube တင်နည်းလေးပါ
အချိန်ရတုန်းကလုပ်ထားတာပါ အခုမှတင်ပေးရတဲ့အတွက်နားလည်ပေးစေချင်ပါတယ်
မနေ့ ကအတော်ပျော်ကြရဲ့ လားဗျာ ကဲအောက်မှာပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်
ဒါကြောင့်လွယ်ကူမယ်လို့ ထင်ပါတယ်ပထမတော့ video နဲ့ တင်ပေးမယ်လို့ စိတ်ကူးခဲ့ပါတယ်
အချိန်မရတာနဲ့ မတင်ပေးနိုင်ခဲ့ပါဘူးဒါကြောင့်နားလည်ပေးစေချင်ပါတယ်...............

ကဲဒီနေရာကစမယ်နော် ပုံ 1နော် gamil ကိုအရင်ဝင်မယ်နော်...........

ကဲ gmail ၀င်လိုက်ပါ...............ပြီးရင်ဘာမှမလုပ်ဘဲ home ကိုတစ်ချက်နှိပ်လိုက်ပါsing out မလုပ်ဘဲနှိပ်
လိုက်ပါမူ google စာမျက်နှာကိုပြန်ရောက်မှာပါ အဲဒါဆိုရင်တော့ အောက်ကလို youtube လို့ ရေးလိုက်ပါ..

ကဲအခုပုံကတော့ youtube  ကိုသွားဖို့ အဆင်သင့်ဖြစ်မဲ့နေရာပါ...............

ကဲဒီအဆင့်ကိုရောက်လာမှာပါ ပုံမှာကြည့်ပါ မျှားလေးတွေနဲ့ ပြထားပါတယ်အဲဒီအတိုင်းသေချာလိုက်လုပ်ပါ

ဒီပုံလေးပေါ်လာပါမယ်ဒီအဆင့်ကိုရောက်ရင်မှတ်ပုံတင်ခိုင်းပါမယ် တကယ်လို့ မတင်ခိုင်းဘဲနဲ့ လည်းတိုက်ရိုက်သူ video ပေးတင်ပါလိမ့်မယ်ပြောင်းလဲမှုတွေ၇ှိနေပါတယ်
သေချာကြည့်ပါ.............

ကဲဒီအဆင့်ကိုတွေ့ ရင်အိုကေမှာစိုပြေပါပြီနော်.............

ကဲအဲဒီအကွက်လေးက်ုနှိပ်လိုက်ရင်အခုလိုပေါ်လာမယ်နော်အဲဒီမှာကိုတင်ချင်တဲ့ video တွေကိုရွေးပေးလိုက်ပါ ပြီးရင်တော့ open ကိုနှိပ်လိုက်ပါနော်............

ကဲတင်နေပါပြီတွေ့ ပါလား................

ဒါကတော့တင်ပြီးသွားတဲ့ပုံပါ ပိုသေချာအောင်လို့ မျှားလေးတွေနဲ့ သေချာလိုက်ပြထားပါတယ်ပုံလေးတွေကိုသေချာရှင်းရှင်းမြင်ချင်ရင်
ပုံကိုတစ်ချက်ကလစ်လိုက်ပါနော် ကဲအားလုံးဘဲပျော်ပါစေဗျာ...............









Wednesday, February 13, 2013

Windows explorer has stopped working error ဖြေရှင်းနည်း

တစ်ခါတစ်ခါဗျာ........Computer သုံးနေရင်းနဲ့....Box တစ်ခုတက်လာတယ်.......imagebam.com
Windows explorer has stopped working..ဆိုပြီးတော့.........
ဖြေရှင်းနည်းကတော့ နှစ်နည်းရှိတယ်.......
ကျွန်တော်ပထမနည်းဖြစ်တဲ့.Registry Editor ကနေ ဖြေရှင်းနည်းကိုပြောပြပေးသွားပါ့မယ်........
ပုံတွေ ဝေေ၀ဆာဆာနဲ့ မရှင်းပြနိုင်တာကိုလည်း နားလည်ပေးကြပါခင်ဗျာ..
Registry ထဲမှာ ၀င်ပြင်မှာဆိုတော့ ..Window+R ကိုနှိပ်ပြီး. regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ..

Editor ပေါ်လာရင်တော့ HKEY_LOCAL_MACHINE ကိုသွားပါ...

ကျွန်တော် မြှားပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်နော်...

HKEY_LOCAL_MACHINE >>>Software>>>>Microsoft>>>>Window

Window အောက်က Current Version.....နောက်...Explorer...........
Explorer အောက်က Browser Helper Objects ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။

ပြီးရင် Yes....... Okie Dokie ပေါ့ဗျာ......
ပြီးရင် စက်ကို Restart တစ်ခေါက်ချပေးလိုက်......
အဲ့ဒီ Box ကြီး တွေ့ချင်ပါတယ်ဆိုတာတောင် မတွေ့ရဘူး.... :)

Windows XP Password ဖောက်နည်း

imagebam.com ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ
မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်.....
အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။
Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt
Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)
.........
........
ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။
Please Select the operating System to Start:
Microsoft Window Xp ProFessional
မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက
၁။Start menu မှ Control Panel ကိုဝင်ပါ။
၂။User Account ကလစ်၂ချက်နှိပ်ပါ။
၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။
၎။Change the Password ကိုရှာပါ။
၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။
၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။
ရ။Change Password တွင်ကလစ်နှိပ်ပါ။
၈။စက်ကို Restart ချပေးပါ။
စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။

Run Box ပျောက်နေရင်ပြန်ဖော်နည်း

မိမိတို့စက်မှာ အကြောင်းအမျိုးမျိုးကြောင့် Run Box ပျောက်နေတက်နေပါတယ်။ တချို့အင်တာနက်ဆိုင်မှာ ဆိုရင်လဲ Run Box ကိုဖျောက်ထားတက်ပါတယ်။ အခုနည်းလမ်းလေးက Run Box ကိုပြန်ဖော်ဖို့ပါ။ ပထမဆုံး.....
My Computer  -> Local Disk C: ->windows -> system 32 -> gpedit -> Local Group Policy Editor -> User Configuration -> Administrative Templates -> Start Menu and Taskbar ရဲ့ညာဖက်မှာ ရှိတဲ့ -> Remove Run menu from Start Menu ကို Click နှစ်ချက်ပေးပြီး -> Disabled (ကိုရွေးပေးပါ) -> Apply ->Ok ပေါ့။ ပြီးရင်တော့ စက်ကို restart ချလိုက်ပေါ့။ Run Box  ပြန်ခေါ်လို့ရလောက်ပါပြီး။

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး
============================== =======

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။
ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။
(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီဆိုက်ကြီးတာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။
(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုးသမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။
(၄) ကြာရှည် ဖျားနာခြင်း ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာက တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။
(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။
(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။
(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
(၉) ရင်သားပြောင်းလဲခြင်း လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။
(၁၀) နုံးချည့်ညောင်းညာခြင်း အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်းညာ နေဆဲဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Blink Hacker Group {BHG} အဖွဲ့ နှင့် ခဏတာ {Interview}




ဒီတစ်ခေါက် အင်တာဗျူးအစီအစဉ်လေးမှာ မြန်မာပြည်သူများအတွက်
ရှေ့ တန်းက တိုက်ပွဲဝင်နေတဲ့
ဆိုင်ဘာစစ်သူရဲကောင်းများအဖွဲ့ BHG ကိုသွားရောက် အင်တာဗျူးခဲ့ပါတယ်။





ဝိဝိ :

မင်္ဂလာပါအကိုရေ ကျနော်ကတော့ မြန်မာချစ်သူမိသားစုမှ ဖြစ်ပါတယ်။ ကျနော့ နာမည်က ဝိဝိ ဖြစ်ပါတယ်။
အကိုတို့ B.H.G အဖွဲ့ ကို  ညီတို့ မြန်မာချစ်သူမိသားစု အဖွဲ့မှ မိသားစုဝင်များကိုယ်စား သိချင်တာလေး တွေ မေးမြန်း
ချင်လို့ပါ။ အင်တာဗျူးပေါ့ ခင်ဗျာ။




BHG :

ဟုတ်ကဲ့




ဝိဝိ :

ဟုတ် ကျေးဇူးတင်ပါတယ် ... ဒါဆိုပထမဆုံးအနေနဲ့ အကိုတို့ BHG အဖွဲ့ စတင် ကိုတည်ထောင်ဖြစ်ခဲ့ပုံလေး နဲ့
ရည်ရွယ်ချက်လေးကို သိပါရစေခင်ဗျား။





BHG :

ဒီအကြောင်းကို ပြောဖို့အတွက်ဆိုရင် နည်းနည်း ရှည်သွားလိမ့်မယ် ။




ဝိဝိ :

တိုတိုနဲ့ လိုရင်းလေးပဲပြောပါ အစ်ကို ..... ထိမိမိလေးပေါ့။





BHG :

ကျနော်တို့စတင်တည်ထောင်တာ ၂၀၀၉ လောက်ကတည်းက ပထမတုန်းက နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်ခွင့်တွေကို
Cyber Space ကတောင်းဆိုဖို့ပါ။  ခုနောက်ပိုင်းက တော်တော်အဆင်ပြေပြီး အခွင့်အလမ်းတွေလည်း ပွင့်လာပြီဆို
တော့ .. နောက်ပိုင်း ကျနော်တို့ရည်ရွယ်ချက်က Hacking Skill ရှိတဲ့လူငယ်တွေကိုပြုစုပျိုး ထောင်ဖို့နည်းပညာဖြန့်
ဝေဖို့ပါ။ ဒီကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် BHG ကို ဖျက်လိုက်တာ ရှိပါတယ်။ ခုနောက်ပိုင်း ဟက်ကင်း
လောကထဲ ပြန်ဝင်လာတဲ့ရည်ရွယ်ချက်က ညီငယ်လေးတွေက လုပ်ချင်ပါတယ်ဆိုတဲ့ ဆန္ဒကြောင့်ပြန်လည်ရှင်သန်
လာပြီး နည်းပညာဖြန့်ဝေရေး အစီအစဉ်ဆွဲနေတုန်း Cyber WaR နဲ့ကြုံတွေ့လာတဲ့အတွက် First & Second
Generation တွေအကုန်ပြန်စုပြီး ညီညီညွတ်ညွတ် ဆက်လက်ရပ်တည်နေတာပါ။ လတ်တလောရည်ရွယ်ချက်က
တော့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား ဟက်ကာတွေ၊ နည်းပညာသမားတွေ အားလုံးပေါင်းပြီးတော့ မြန်မာနိုင်ငံ
အတွက် ရခိုင်အမျိုးသားရေးအတွက်ဆိုတဲ့ Cyber တိုက်ပွဲအတူဆင်နွဲနေ ပါကြောင်းပါဗျာ ..။






ဝိဝိ :

ဟုတ်ရည်ရွယ်ချက်လေးကို သိရတဲ့အတွက် BHG ကိုအရင်ကထက်ပိုပြီး လေးစားမိပါတယ် ဗျာ....





BHG :







ဝိဝိ :

ဒါဆိုအကိုတို့ အဖွဲ့ ရဲ့သက်တမ်းက ခုဆို ၃ နှစ် ရှိပြီပေါ့နော်။





BHG :

ဟုတ်ကဲ့ခင်ဗျာ ......... ၃နှစ်ကျော်လောက်ပေါ့။





ဝိဝိ :

ဒါဆို BHG အဖွဲ့ ကိုတည်ထောင်ခဲ့တာ အများအတွက်ဆိုပြီး တည်ထောင်ခဲ့တာပေါ့နော်။ ဒါဆိုရင် BHG ရဲ့ ခံယူချက်ကို
ကော ပြောပြပေးနိုင်မလား အကို။




BHG :

ဟုတ်ကဲ့အများအတွက်ဆိုတာ အချိန်ကသက်သေ ပြသွားပါလိမ့်မယ်။




ဝိဝိ :

BHG ရဲ့ ခံယူချက်ကရော ... အစ်ကို




BHG :

We don't do any distribution, Whatever happened, we'll do dramatically our ways...
(We Are The Same) ပါ....။





ဝိဝိ :

ဟုတ် အကိုတို့ အဖွဲ့ ကိုစတင်တည်ထောင်တုန်းက အဖွဲ့ ဝင် အရေအတွက် နဲ့ အဖွဲ့ဝင်တွေရဲ့ လောလောဆယ်
လက်ရှိနေထိုင်တဲ့ နိုင်ငံတွေသိခွင့်ရမလား ခင်ဗျာ။





BHG :

ကျွန်တော်တို့Group ရဲ့အနေအထားအရ ကျနော်တစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးခင်ဗျာ..။
အဖွဲ့ဝင်အရေအတွက်ကတော့ သိခွင့်ရနိုင်ပါတယ်။

Dr.Rat ,
Adm!n K!ll3r,
Mr.n00b,
B14ckr3rap3r,
BugLab,
H4ck3r^Lammer,
an0n4,
Rat-2 snR00t,
f3tcharray,
Mr.Vampire,
r00tinject0r စုစုပေါင်း၁၂ယောက်ပါ။





ဝိဝိ :

ဟုတ်ကဲ့ 1st Generation+2nd Generation ပေါ့နော် အစ်ကို။




BHG :

ဟုတ်ကဲ့ ခင်ဗျာ........။




ဝိဝိ :

အားလုံးပြည်ပကပဲလား အကို။





BHG :

Private Group ဖြစ်နေတဲ့အတွက် ဆောရီးပါဗျာ။





ဝိဝိ :

ဆောရီးနော် အစ်ကို ....... ဒါနဲ့ အကိုရဲ့ BHG Name က





BHG :

Adm!n K!ll3r





ဝိဝိ :

ဟုတ်ကဲ့ BHG အနေနဲ့ ဒီဆိုဒ်ဘာစစ်ပွဲကြီး ပြီးသွားရင်.......မြန်မာ Hacker လောကမှာ BHG အနေနဲ့ ရှေ့ ဆက်ပြီး
တော့ ဘာတွေများ လုပ်ဆောင်သွားဖို့ ရှိပါသလဲ ခင်ဗျား။





BHG :

ဟုတ်ကဲ့ကျနော်တို့ နည်းပညာအသစ်အဆန်းတွေနဲ့ဆက်လက်လေ့လာမယ်၊ Sharing လုပ်နိုင်တာကို လုပ်သွားပြီး 
တကယ်ဝါသနာပါတဲ့ လူငယ်နည်းပညာရှင်တွေ ၀ါသနာရှင်တွေကို လက်တွဲခေါ်သွားမှာပါ ။





ဝိဝိ :

ဟုတ်ကဲ့ပါ ခင်ဗျား......ဒီ အခုဖြစ်နေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ Cyber စစ်ပွဲကို အကိုတို့ B.H.G က ဦးဆောင်ပြီးတိုက်
ခိုက်ခဲ့ တယ်လို့သိရပါတယ်။ ဒါဆိုရင် ဒီ Operation Rohingya Group အဖွဲ့ကို အကိုတို့ B.H.G အဖွဲ့က ဦးဆောင်
တိုက်ခိုက် ခဲ့တာပေါ့နော်။





BHG :

http://www.blinkhackergroup.org/2012/06/bhg-announcement-for-cyber-...
ဆိုတဲ့အချက် အလက်လေးက အားလုံးကိုပြည့်စုံစေမှာပါ ..။





ဝိဝိ :

ဟုတ်ကဲ့ အခု ဒီ Cyber War(စစ်ပွဲ) မှာ ပါဝင်တိုက်ခိုက်တဲ့ ကျနော်တို့ မြန်မာအဖွဲ့ဝင်ဦးရေ ဘယ်လောက်ရှိနေပြီလဲ
ဆိုတာပြောပြ ပေးနိုင်မလားဗျာ။ ပြီးတော့ ဒီထဲမှာ အမှန်တကယ် တတ်ကျွမ်းတဲ့ Hacker ဦးရေ ပျမ်းမျှဘယ်လောက်ရှိ
တယ်လို့ B.H.G အနေနဲ့ ခန့်မှန်းထားပါသလဲ။






BHG :

လက်ရှိဖြစ်နေတဲ့ Cyber War မှာ အလွှာပေါင်းစုံက နည်းပညာလိုက်စားတဲ့သူ အားလုံး စီးမျောနေပါတယ်။ သူ့အလွှာ
နဲ့သူ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်နေကြပါတယ်။ အခုအချိန်မှာ White, Black, Gray ကာလာတွေ မရှိတော့ဘူး။
ကျနော်တို့အားလုံးဟာ ကိုယ့်နိုင်ငံအတွက် တသားထဲ Cyber Space မှာ စီးမျောနေကြတာပါ။ သဘောင်္တစီးပင်လယ်
ပြင်မှာ ခုတ်မောင်းနိုင်ဖို့ ကိုယ့်တာဝန်ကိုယ်ယူနေကြတဲ့ သဘောပေါ့။ ဘယ်လောက်တောင် ပါဝင်တယ်ဆိုတာ ကျနော်
တို့ ကိုယ်တိုင်တောင် မခန့်မှန်းနိုင်တဲ့ အခြေအနေပါ။





ဝိဝိ :

ဟုတ်ကဲ့ အခုဖြစ်နေတဲ့ ဘင်္ဂလားဒေ့်ရှ်နဲ့ ဆိုင်ဘာစစ်ပွဲမှာ ခံယူချက်တွေ အသီးသီးမတူညီကြပေမဲ့ အားလုံးပူးပေါင်း
ကြတဲ့ သူတွေကိုကော ဘယ်လိုမြင်ပါသလဲ ခင်ဗျား။ (သူတို့အပေါ် B.H.G ရဲ့ အမြင်လေးပေါ့နော်)





BHG :

ဟုတ်ကဲ့ ..။ BHG အမြင်ကတော့ ခံယူချက်မတူဘူး ရေမြေအနေအထားတွေကွာခြားမယ် .. အချိန်တန်လို့စည်းလုံး
ရမယ်ဆိုရင် မြန်မာဆိုတဲ့ လှ်ျို့ဝှက် ဘာသာစကားလေး ၁ ခုကို နားလည်ကြတဲ့ သွေးစည်းမှူ၊ မျိုးချစ်စိတ်ဓာတ်ရှိမှု
ကို We always respect you ပါ ။





ဝိဝိ :
ဟုတ်တယ်နော် အစ်ကို .... အရေးကြီးရင်သွေးစည်းတယ် ဆိုတဲ့ စကား အရမ်းမှန်တယ်နော် အကို ........






BHG :

ဟုတ်ကဲ့ ... ရှေးလူကြီးစကား အကုန်မှန်ပါတယ်။





ဝိဝိ :

လက်ရှိ စစ်ပွဲ (CyberWar) မှာ လောလောဆယ် ကျနော်တို့ မြန်မာဘက်က အသာရလျက်ရှိပါတယ်လို့
သတင်းရပါတယ်။ အဲ့အပေါ်မှာကော B.H.G အနေနဲ့ အတည်ပြုပေး နိုင်ပါသလားခင်ဗျား။





BHG :

Cyber War ၁ခုရဲ့အနေအထားဆိုတာ လောလောဆယ်နဲ့လတ်တလောအနေအထားကို ကြည့်ပြီးအတည်ပြုချက်
မထွက်နိုင်ပါဘူး .. surrender ဆိုတဲ့ တစ်ဘက်ဘက်ရဲ့ ကျေအေးမှူသ၀ဏ်လွှာ မရမချင်းပေါ့ဗျာ ။





ဝိဝိ :

ဟုတ်ကဲ့ ...... တချို့ အွန်လိုင်း user တွေက ပြောပါတယ်။ ဒီဆိုဒ်ဘာစစ်ပွဲဟာ World Cyber War ဖြစ်လာနိုင်တယ်
တဲ့ဘာလို့လဲဆို ခု ကျနော်တို့ နဲ့အတူ India China တို့ တူတူ လက်တွဲတိုက်ခိုက်နေသလို သူတို့ဘက်မှာလဲ အဲ့လို
ပူပေါင်းတိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ် ဒါဖြစ်နိုင်ပါသလား အစ်ကို။






BHG :

underground လောကက ရှူပ်ထွေးတယ်ဗျ တရားသေတွက်ချက်လို့ ရတဲ့ဟာမျိုး မဟုတ်ဘူး။
World Cyber War ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ မဖြစ်ချင်လဲ မဖြစ်နိုင်ဘူး။ ဒါဟာ စာမျက်နှာတွေပေါ်မှာ ရေးနေသလို
ထိတ်လန့်ခြောက်ခြားဖို့ ကောင်းတဲ့  ညဆိုး တခုတော့ မဟုတ်ပါဘူး။





ဝိဝိ :

BHG အနေနဲ့ ဘင်္ဂလားဒေ့်ရှ်ဆိုင်ဘာစစ်ပွဲနဲ့ နိုင်ငံတကာ ပာက်ကာရပ်ဝန်းကို ပထမဆုံး ရောက်လာကြတဲ့
အတွေ့ အကြုံ သိပ်မရှိကြသေးတဲ့ မြန်မာလူငယ် ပာက်ကာများကိုလည်း ဘယ်လိုများ အကြံပြုချင်ပါသလဲ။






BHG :


ဒါဟာ ခင်ဗျားအတွက် တကယ့်အခွင့်အရေးကောင်းပါ။ ဒီအချိန်မှာ Underground လောကသားတွေနဲ့ ခင်ဗျားထိတွေ့
ခွင့်ရလာလိမ့်မယ်။ ခင်ဗျား မကြားဖူးတာတွေ၊ မမြင်ဖူးတာတွေ ကြုံရလိမ့်မယ်။ သူတို့နဲ့အတူ လိုက်ပါစီးမျောပါ။
ဒီလောက်မှာ ခင်ဗျားအနေနဲ့ Allergic ဖြစ်ခဲ့မယ်ဆိုရင် ဒါတွေကို သည်းခံနိုင်ရလိမ့်မယ်။ Underground လောကဟာ
ရှုပ်ထွေးသလောက် ဘယ်နေရာမှာမှ မရနိုင်တဲ့ ကိုယ့်အတွက် အခွင့်အလန်းကောင်းတွေ ခင်ဗျားရလာလိမ့်မယ်။
နောင်တချိန်မှာ ခင်ဗျား White Hat တယောက်ဖြစ်နေခဲ့ရင်တောင်မှ Underground လောကကို မစွန့်ခွာနိုင်ပါဘူး။  





ဝိဝိ :

ဒီစစ်ပွဲ(Cyber War) ပြီးသွားရင် B.H.G အနေနဲ့ Black Hack Hacker  အဖြစ် မရပ်တည်တော့ပဲ မြန်မာ Hacker
လောက တိုးတတ်ရေးအတွက် အကောင်းဆုံးကူညီပံ့ပိုးမှုတွေ ပြုလုပ်သွားမယ်လို့ ကြားရပါတယ်။
အဲ့ဒါ အမှန်ပဲလားဗျာ။ တကယ်လို့ ဒီသတင်းအမှန်ဆိုရင် B.H.G အနေဘာတွေ ဆက်လုပ်သွားဖို့  Plan တွေ
ဆွဲထားလဲ သိခွင့်ရှိမလားခင်ဗျာ….။






BHG :
ကျနော်တို့ BHG အနေနဲ့က စတင်ဖွဲ့စည်းလာကတည်းက Black Group အနေနဲ့ ဖွဲ့စည်းထားခဲ့တာပါ။ စတင်ခဲ့တဲ့
အချိန်ကနေ အခုထိ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေမှာ အတွေ့အကြုံနဲ့ ခံစားချက်တွေ မျိုးစုံရှိခဲ့ပါတယ်။ အခုလတ်
တလော Cyber War ကာလမှာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးအတွက် ကျနော်တို့ တပ်ဦးကနေ တိုက်ပွဲဝင်နေပါတယ်။
ခုနက ခင်ဗျားပြောတဲ့ နည်းပညာ ဖွံ့ဖြိုးရေးအတွက် တဘက်တလမ်းက အထောက်အကူပြုပေးတာတွေ အပါအ၀င်
ပေါ့ဗျာ။ နောင်တချိန်မှာ ကျနော်တို့ ဘယ်လို ရပ်တည်သွားမလဲဆိုတာ ကျနော်တဦးတည်းဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။
တရားဝင် ရပ်တည်နိုင်ဖို့အတွက်လည်း ကျနော်တို့အတွက် အခွင့်အလန်းတွေ ဖြစ်မလာသေးပါဘူး..။





ဝိဝိ :

လောလောဆယ် Myanmar Cyber Defence Army ဆိုပြီး  Hacking နည်းပညာတွေ ဖြန့်ဝေနေတဲ့ ဆိုဒ်ကို B.H.G
အနေနဲ့ သိပါသလား။ အဲ့အပေါ် B.H.G ရဲ့ အမြင်လေး သိပါရစေခင်ဗျား ။





BHG :

သူတို့လုပ်နေတဲ့ လမ်းကြောင်းအပေါ်မှာ ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး..။





ဝိဝိ :

ပာက်ကင်းအကြောင်းကို ၀ါသနာပါပြီး စိတ်ဝင်စားတဲ့ လေ့လာနေကြတဲ့လူငယ်တွေကိုကော အစ်ကိုအနေနဲ့ 
ဘယ်လိုများ ပြောချင်ပါသလဲ။





BHG :

Hack for Learning ...။






ဝိဝိ :

ဒါဆို ပာက်ကင်းအကြောင်းကို ကိုယ့်ပာာကိုယ် အပြင်မှာ အလွတ်လေ့လာနေကြတာတွေကိုကော
ဘယ်လိုမြင်မိပါသလဲ အစ်ကို။





BHG :

Self Study လုပ်နေတဲ့ သူတွေကို ကျနော်တို့ တကယ်လေးစားပါတယ်။
ကျနော်တို့ ကိုယ်တိုင်လဲ ဒီလမ်းကို လျှောက်ခဲ့တယ်.. လျှောက်လှမ်းနေဆဲပါ။





ိဝိဝိ :

ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ B.H.G ရဲ့ လက်ရှိ အမာခံအဖွဲ့ဝင်တွေရဲ့ နာမည်တွေ (nick Name) တွေကို အားလုံး
သိအောင် ပြောပြပေးနိုင်မလားခင်ဗျား...။






BHG :

Dr.Rat ,
Adm!n K!ll3r,
Mr.n00b,
B14ckr3rap3r,
BugLab,
H4ck3r^Lammer,
an0n4,
Rat-2 snR00t,
f3tcharray,
Mr.Vampire,
r00tinject0r





ဝိဝိ :

ဟုတ်ကဲ့ အစ်ကို .... ခုလို သိလိုသမျှကို  အတတ်နိုင်ဆုံး ဖြေပေးသွားတဲ့ B.H.G  အဖွဲ့ကို ကျနော်တို့ မြန်မာချစ်သူ
မိသားစုများ ကိုယ်စား  ကျွန်တော် အထူးပဲကျေးဇူးတင်ရှိပါတယ်…….





BHG :

ဟုတ်ကဲ့.. BHG ကလည်း ကျေးဇူးတင်ပါတယ်ဗျာ..။





We Love BHG!
We Love Security!
We Love Exploits!
We Love Cracking!
We Love Hacking!
We Love Coding!
We are Legion!
We are shadows!
We are Myanmars!
We are The Same!
We are Watching You!
We are BlinkHackers!
We are everywhere but you can't see us.