တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Saturday, May 19, 2012

အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း ၂၀

အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း ၂၀
By Good Health Originally posted 15/05/2012 11:11AM
အသက်ကြီးတယ်ဆိုတာ လောကဓမ္မတာ တစ်ရပ်ပါ။ ဒါပေမဲ့ သင့်အသက်အရွယ်ဟာ သင်ခံစားနေရတဲ့ နုပျိုငယ်ရွယ်ကျန်းမာတဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှု မရှိပါဘူး။  ဆိုလိုတာက အသက်ဘယ်လောက်ပဲ ကြီးလာပါစေ၊ အိုလာပြီလို့ မတွေးတောဘူးဆိုရင် သင်က နုပျိုကျန်းမာနေမှာပဲ ဖြစ်ပါတယ်။

(၁) ဘဝမှာ ပါဝင်ဆင်နွှဲပါ
အိမ်မှာ ထိုင်နေရတဲ့အခါ သင့်ကိုယ်သင် အိုမင်းလာပြီဆိုတဲ့ အတွေးမျိုး ဝင်လာနိုင်ပါတယ်။ အိမ်ထဲမှာ ထိုင်ပြီး အချိန်ဖြုန်းတာထက် ဘဝမှာ လုပ်စရာရှိတဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ပါဝင် လုပ်ဆောင်ပေးတာက ကိုယ့်ကိုယ်ကိုယ် ငယ်ရွယ်ဖျတ်လတ်တယ် ဆိုတဲ့ အတွေး ဝင်စေပါတယ်။

(၂) အိုမင်းခြင်းကြောင့် စိတ်ဓာတ်မကျပါနဲ့
အသက်အရွယ် ကြီးရင့်လာမှာကို စိတ်ဓာတ်ကျနေတာက သင့်ကို ပိုမို အိုမင်းလာစေပါတယ်။ အသက်အရွယ် ကြီးလာတဲ့အတွက် စိတ်မသက်မသာ မဖြစ်ပါနဲ့။

(၃) ကျန်းမာရေးကောင်းအောင် ကြိုးစားနေထိုင်ပါ
ကျန်းမာရေး ကောင်းတာက ငယ်ရွယ်နုပျိုစေတဲ့ ခံစားချက်ကို ရရှိစေတဲ့ အဓိက သော့ချက်ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းအောင် နေထိုင်ပါ။

(၄) ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ
အာဟာရ ပြည့်ဝတဲ့ အစာကို စားပေးတာက နုပျို အသက်ရှည်မှုအတွက် အရေးပါပါတယ်။

(၅) ဥယျာဉ်စိုက်ပျိုးပါ
လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို စားသုံးနိုင်ပြီး သက်ရှည် ကျန်းမာစေဖို့ ကိုယ်ပိုင် ဥယျာဉ်တစ်ခုကို ဖန်တီးပြီး စားပင်သီးပင်တွေ စိုက်ပျိုးပါ။ ဥယျာဉ်စိုက်တာက ကိုယ်လက် လှုပ်ရှားမှုကိုလည်း လုပ်ဖြစ်စေပါတယ်။

(၆) လေ့ကျင့်ခန်း များများလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက ငယ်ရွယ်ကျန်းမာမှုကို ရရှိစေတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ တစ်ပတ်မှာ အနည်းဆုံး ၃-၅ ရက် လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၇) မိတ်ဆွေ သူငယ်ချင်းများနှင့် ထိတွေ့ ဆက်ဆံပါ
လူမှုဆက်ဆံရေး ကောင်းမွန်တာက နုပျိုကျန်းမာတဲ့ ဘဝကို ဖြစ်ပေါ်စေပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ များများ အချိန်ဖြုန်းလေလေ ငယ်ရွယ်နုပျိုတဲ့ စိတ်ခံစားမှုကို ရရှိလေလေပါပဲ။

(၈) ဝါသနာ အသစ်များကို ရှာဖွေပါ
ဝါသနာ အသစ်တွေကို ရှာဖွေပြီး လုပ်ဆောင်ပေးတာက ဘဝမှာနေရတာ တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး ကျန်းမာရေးကိုလည်း ပိုကောင်းမွန်စေပါတယ်။

(၉) လက်ရှိ ဖက်ရှင် ရေစီးကြောင်းအတိုင်း နေထိုင်ပါ
ငယ်ရွယ်တဲ့ စိတ်ခံစားမှုမျိုး ရရှိလိုရင် လူငယ်တွေလို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ အသားအရေကို တင်းရင်း လှပအောင် ပြုပြင်ပြီး လက်ရှိ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ ဝတ်စားဆင်ယင်ပါ။ အသက်ကြီးလာတာနဲ့ အသက်ကြီးသူတွေလို လိုက်ဝတ်ရမယ်လို့ ဘယ်သူမှ သတ်မှတ်မထားပါဘူး။

(၁ဝ) ဆံပင်ကို ပြုပြင်ပါ
ဆံပင်ကို ပုံစံပြောင်းပြီး ငယ်ရွယ်တဲ့ပုံမျိုး ရအောင် ပြုပြင်လိုက်ပါ။ ငြီးငွေ့မှုပါ ပြေပျောက် သွားပါလိမ့်မယ်။

(၁၁) အသင်းအဖွဲ့ ထဲ ပါဝင်ပါ
စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ထဲ ပါဝင်တာက လူမှုဆက်သွယ်ရေးကို ကောင်းမွန်စေပြီး သွက်လက် ဖျတ်လတ်ကာ ကျန်းမာနေစေပါတယ်။

(၁၂) အားကစားခန်းမနှင့် ဆက်သွယ်ပါ
အားကစားခန်းမနဲ့ ဆက်သွယ်ပြီး လေ့ကျင့်ခန်း လုပ်တာက သင့်ကို လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာ နုပျိုစေပါတယ်။ အားကစားခန်းမဟာ သူငယ်ချင်း အသစ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ နေရာကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

(၁၃) အသက်အရွယ် ကန့်သတ်ချက်မရှိသော အရာကို လုပ်ဆောင်ပါ
အသက်အရွယ် ကန့်သတ်ချက်မရှိ လုပ်နိုင်တဲ့ အရာတွေကို လုပ်ဆောင်ပါ။ ဥပမာပြောရရင် မာရသွန် ပြေးတာမျိုးပါ။

(၁၄) မိတ်ဆွေအသစ်များနှင့် တွေ့ဆုံပါ
မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတာက သင်ရဲ့ လူမှုဆက်သွယ်ရေး စက်ဝန်းကို ကျယ်ပြန့်စေပါတယ်။ အထူးသဖြင့် သင်နဲ့ စိတ်ဓာတ်၊ ခံယူချက်၊ ရည်ရွယ်ချက်တူတဲ့ သူတွေနဲ့ ပေါင်းသင်းပါ။

(၁၅) နည်းပညာ အသစ်များကို လေ့လာပါ
နည်းပညာတွေက အမြဲ အသစ်ပေါ်နေပါတယ်။ နည်းပညာ အသစ်တွေကို မသိတော့တာက သင့်စိတ်ထဲမှာ အသက်ကြီးလာပြီလို့ ထင်ရစေတာကြောင့် ခေတ်ပေါ် နည်းပညာ အသစ်တွေကို လေ့လာသင့်ပါတယ်။

(၁၆) အိမ်ကို ခေတ်မီအောင် ပြင်ဆင်ပါ
အိမ်ကို ရှေးဟောင်းပုံစံအတိုင်း မထားပါနဲ့။ အိမ်အပြင်အဆင်ကို ခေတ်နဲ့အညီ ပြုပြင်တာက သင့်စိတ်ကို နုပျို လန်းဆန်းစေပါတယ်။

(၁၇) လွတ်လပ်သော စိတ်ရှိပါစေ
သင့်စိတ်ကို လွတ်လပ်ခွင့်ပေးပြီး ဝါသနာပါရာ လုပ်ပါ။ ဒါက သင့်ကို ငယ်ရွယ်ပြီး ပေါ့ပါးမှု ရှိစေပါတယ်။

(၁၈) သင်လုပ်နိုင်လျှင် လူငှား မထားပါနှင့်
သင်လုပ်နိုင်တဲ့ အလုပ်တွေအတွက် လူငှားထားပြီး မခိုင်းပါနဲ့။ ကိုယ်ပိုင် မြေကွက်ထဲမှာ မြက်ရိတ်နိုင်တယ်ဆိုရင် ကိုယ့်ဘာသာ လုပ်ဆောင်ပါ။

(၁၉) ခရီးသွားပါ
ငယ်စဉ်က သင်သွားချင်ခဲ့တဲ့ နေရာတွေကို သွားနိုင်တဲ့ ငွေကြေးရှိရင် ကျန်းမာရေး အခြေအနေ ကောင်းတုန်း ခရီးသွားလာပါ။ စိတ်ဖိစီးမှု လျော့ပါးပြီး ငယ်ရွယ် နုပျိုစေပါတယ်။

(၂ဝ) ဘာသာရပ် အသစ်များ လေ့လာပါ
အသက်ကြီးပြီဆိုပြီး လေ့လာစရာ မလိုတော့ဘူးလို့ မထင်ပါနဲ့။ ဘယ်အရာကိုမှ သင်ယူဖို့ နောက်မကျသေးပါဘူး။ အသက်ကြီးချိန်မှာ စာပေလေ့လာ သင်ယူတာက မျှော်လင့်ချက်ကို ဖြစ်ပေါ်စေပြီး နုပျိုတယ်လို့ ထင်ရစေပါတယ်။    

ခြောက်သွေ့သောအသားအရေပိုင်ရှင်များအတွက် မျက်နှာပေါင်းတင်နည်းများ


  
        မျက်နှာပေါင်းတင်နည်းများခြောက်သွေ့တဲ့အသားအရေရှိတဲ့ သူငယ်ချင်းတွေအတွက် အသားအရေနူးညံ့စိုပြေစေတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေ ပြောပြပေးမှာပါ။ ထုံးစံအတိုင်း သဘာဝကရတဲ့ အဖိုးတန်အာဟာရတွေနဲ့ပေါ့။ အရမ်းလွယ်တဲ့နည်းလေးတွေပဲ ရှာထားပေးတာမို့ လုပ်ကြည့်ပါအုံးနော်။


ရှားစောင်းလက်ပတ် နဲ့ သခွားသီး
ပထမဦးဆုံး သခွားသီး(တစ်ခြမ်း)ကို အခွံခွာပြီး အစေ့ကလေးတွေကို ဖယ်လိုက်နော်။ ပြီးရင် အစိတ်ကလေးတွေ လှီးလိုက်ပြီး ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့အတူ မွှေစက်ထဲထည့်မွှေလိုက်ပါ။ ရလာတဲ့ အနှစ်လေးကို မျက်နှာအနှံ့ညင်သာစွာ လိမ်းပေးပြီးနာရီဝက်ကြာရင် ရေအေးအေးလေးနဲ့ ဆေးလိုက်ရုံပါပဲ။ ရှားစောင်းလက်ပတ်ကြောင့်ချောမွေ့ပြီး သခွားသီးကြောင့် ရေဓာတ်ပြည့်ဝပြီး စိုပြေလန်းဆန်းနေတဲ့ အသားအရေကို ရရှိပါလိမ့်မယ်။


ပျားရည် နဲ့ နွားနို့
နွားနို့ လက္ဘ်ရည်ဇွန်းတစ်ဇွန်း + ပျားရည်တစ်ဇွန်း + ရှားစောင်းလက်ပတ်ဂျယ်လ်တစ်ဇွန်း + vit E လေးစက်ခန့်ကို သေချာသမအောင်ရောပြီး မျက်နှာပေါ်မှာ လိမ်းပါ။ ၁၅ မိနစ် ပြည့်ရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ အံ့သြလောက်အောင် နူးညံ့သွားတဲ့ အသားအရေကို တွေ့ရပါလိမ့်မယ်နော်။


ထောပတ်သီး + သံလွင်ဆီ
 ထောပတ်သီး(တစ်ဝက်)ကို အခွံခွာပြီး ကြိတ်ချေလိုက်ပါ။ ပြီးတော့ သံလွင်ဆီ အနည်းငယ်နဲ့ အရည်ပျစ်ပျစ်လေးရတဲ့အထိ မွှေပေးနော်။ မွှေစက်ထဲ ထည့်မွှေလိုက်ရင် အကောင်းဆုံးပေါ့။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး ရေအေးနဲ့ ဆေးပေးပါ။ နောက်ဆုံးမှာ moisturizer လိမ်းပေးလိုက်ရင်တော့ သူငယ်ချင်းရဲ့ မျက်နှာအစိုဓာတ်ကို ပိုမိုထိန်းပေးနိုင်ပါလိမ့်မယ်။



ထောပတ်သီး + ဖရဲသီး + ပျားရည်
 ထောပတ်သီး (တစ်ဝက်) နဲ့ဖရဲသီးအနည်းငယ်ကို သေးသေးလေးတွေ ဖြစ်အောင် လှီးနော်။ ပြီးရင် ပျားရည်နဲ့ရောပြီး မွှေစက်ထဲထည့်မွှေပါ။ ရလာတဲ့အရည်နှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၃၀ ထားပါ။ ဒီနည်းလေးက မျက်နှာပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးတယ်လေ။


ထောပတ် + သရက်သီး + ကြက်ဥအနှစ်
ထောပတ် နဲ့ သရက်သီးမှာပါတဲ့ vit A က နေလောင်ခံထားရတဲ့ အသားအရေတွေကို အကောင်းဆုံး ပြန်လည်ပြုပြင်ပေးနိုင်တယ်တဲ့ သိလား?
ပြုလုပ်ပုံက - သရက်သီးအမှည့်တစ်ဝက်ကို အခွံနွှာပြီး အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးနော်။ ပြီးရင် ထောပတ်နဲ့ ကြက်ဥအနှစ်ကိုပါ ပေါင်းပြီး မွှေစက်ထဲ ထည့်မွှေ၊ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ အချိန်ပြည့်ရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်နော်။ အသားအရေခြောက်သွေ့နေတာလည်း စိုပြေသွားမယ့်အပြင် နေလောင်ထားတာတွေလည်း သက်သာသွားဦးမှာ။


ကဲ သူငယ်ချင်းတို့ရေ.. အခုပြောပြခဲ့သလောက်ကို အားရကျေနပ်ရဲ့လား? နောက်ထပ်ပြောပြမယ့် အကြောင်းအရာလေးတွေကိုလည်း အချိန်ပေးပြီး ဖတ်အုံးနော်။
သြော်! မှာရဦးမယ်.. အပေါ်မှာ ပြောပြခဲ့တဲ့ အသီးအနှံတွေကို အဆင့်ဆင့်ပြုလုပ်ပုံက မျက်နှာအသားအရေကို ထိန်းသိမ်းနည်းနော်! သူငယ်ချင်းကို ဖျော်ရည်လုပ်နည်း ပြောပြတယ်ထင်မှာစိုးလို့။ စတာနော်။

မွန်တို့၏ ရှေ့ဆောင် ဒေါက်တာနိုင်ပန်းလှ


သမိုင်းဆရာသည် ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ လိုရာဆွဲပြီး ဖန်တီးထားသည့် အချက်ပါလျှင်
အပြစ်ရှိသည်။ အမှန်ကို ထိမ်ချန်လျှင်လည်း အပြစ်ရှိသည်။ မည်သည့်သမိုင်းတွင်မဆို ဝိဝါဒကွဲပြားမှုများ ရှိစမြဲပင်။
သို့သော် ထာဝရအမှန်တရားဟု မည်သည့်သမိုင်းကြောင်းတွင်မှ မရှိ။ မည်သည့်သမိုင်းကြောင်းမှ အပြည်စုံဆုံးဟူ၍
မဆိုနိုင်။ တခါတရံ၌ သမိုင်းဆရာသည် ဟောကိန်းထုတ်တတ်သည်။



(၂)
၂၀၀၂ ခုနှစ်၊ သွေးဆေးကန် မွန်ကျောင်းတိုက်၊ ဗဟန်း။
“မွန်ဘာသာစကားကို စနစ်တကျ ထိန်းသိမ်းသွားတာမရှိရင် နောင်အနှစ် (၄၀) အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်”
ဟူ၍ မွန်ကျမ်းပြုဆရာ ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှက သွေးဆေးကန် မွန်ကျောင်းတိုက်ရှိ မွန်လူငယ်များနှင့် တွေ့ဆုံ
ပွဲလေး တပွဲတွင် စတင်ဟောကိန်းထုတ်ခဲ့သည်။


ထိုသတိပေးချက်သည် မွန်လူမျိုးတို့အတွက် စိန်ခေါ်မှုတရပ်ဖြစ်သကဲ့သို့ အဖြေမဲ့သေးသည့် ပုစ္ဆာတပုဒ်လို ဖြစ်နေဆဲပင်။
“ကျနော် ရူးနေတယ်လို့ တချို့က ဆိုချင်ဆိုကြပါစေ။ ကျနော် အသက်ရှင်နေသရွေ့ ကျနော့်ကိုယ်ပိုင်ဘာသာစကား
ပျောက်ကွယ်သွားတာ အဖြစ်မခံနိုင်ဘူး” ဟု ပြောကြားခဲ့သူ အသက် (၈၈) နှစ်ရှိပြီဖြစ်သော ဆရာကြီး နိုင်ပန်းလှသည်
လေဖြတ်ရောဂါဖြင့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၈) ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဇွန်လ (၂၀) ရက်နေ့က ရေဝေး
သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိလိုက်ရသည်။ ဆရာကြီး၏ အုတ်ဂူကို ၎င်း၏ဇာတိရွာ ကရင်ပြည်နယ် ကော့ဗိန်းရွာမှာ
တည်သွားမည်ဖြစ်သည်။



(၃)
ဒေါက်တာ နိုင်ပန်းလှသည် သမိုင်းကျမ်းပြုဆရာပီပီ ထိုဟောကိန်းကို ထုတ်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်ရှိ မြို့ပေါ်နေလူထုကြားတွင် မိခင် (မွန်) ဘာသာစကား ပြောဆိုအသုံးပြုမှု နည်းပါးလာခြင်း၊ မြို့ပေါ်နေ
မွန်တို့က နေအိမ်တွင်ပင် မိခင်ဘာသာစကား ပြောဆိုမှု နည်းပါးလာခြင်း၊ မွန်စာပေ ရေးသားသုံးစွဲမှု နည်းပါးလာခြင်း
(အလေးထားမှု နည်းပါးလာခြင်း) စသည့် အချက်များကြောင့် နောင်အနှစ် (၄၀) အတွင်း မွန်ဘာသာစကား ပျောက်
ကွယ်သွားနိုင်ကြောင်း ဆရာကြီး နိုင်ပန်းလှက ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ကျနော် ဂျပန်မှာ (၁၀) နှစ်ကျော်ကျော် အမှုထမ်းပြီး ဒီကို ပြန်ရောက်လာတော့ ကျနော့်မြေးတွေကိုယ်တိုင်က မွန်စကား
မပြောတတ်ကြတော့ဘူး။ ကျနော့်မြေးအရွယ် Generation (မျိုးဆက်) တွေသာ ဒီပုံအတိုင်း သွားနေရင် သူတို့သားသမီး
တွေ လက်ထက်ရောက်ရင် သူတို့ကိုယ်သူတို့ မွန်လူမျိုးတွေမှန်းတောင် သိကြတော့မှာ မဟုတ်တော့ဘူး” ဟု ဆရာကြီး
နိုင်ပန်းလှက အနီးစပ်ဆုံး ဥပမာတခုကို ထိုတွေ့ဆုံပွဲ၌ ချပြခဲ့သည်။ ဆရာကြီး ပြောသည့်အတိုင်းသာ ဆိုလျှင်
နောင်မကြာတော့မည့်အချိန် နှစ်ပေါင်း (၃၀) ကျော်မှာ မွန်စကား ပျောက်သွားတော့မည်ဖြစ်သည်။



မြို့ပေါ်နေလူတန်းစားများအတွက် ဖြစ်နိုင်ခြေ ပိုများမည်ဟု ခန့်မှန်းရပါသည်။ သို့သော် အားလုံးတော့ မဖြစ်နိုင်ဟု
တချို့မွန်ဆရာတော်တို့က တုံ့ပြန်ကြသည်။ မပျောက်နိုင်သူများထဲတွင် ဆရာကြီး နိုင်ပန်းလှ၏ သားသမီးတချို့
လည်း ပါဝင်သည်။


ဆရာကြီး၏ တဦးတည်းသော သမီး ဒေါ်ခင်ခင်လှတို့အိမ်သို့ စာရေးသူ အကြိမ်ကြိမ် ရောက်ဖူးသည်။ ထိုအိမ်၌ အိမ်
အလုပ်ကူလုပ်ရန် ဆရာကြီး၏ ဇာတိရွာမှ အဒေါ်ကြီး၊ အဘကြီးတို့ကို ခေါ်ထားသည်။ ထိုနေအိမ်တွင် ကရင်ပြည်နယ်
ကော့ဗိန်းရွာ၏ မွန်စကားသံအတိုင်း ဒေါ်ခင်ခင်လှ၏ သားသမီးတို့က ပြောဆိုတတ်ကြသည်။ မွန်စာကိုလည်း
ကောင်းမွန်စွာ တတ်ကျွမ်းကြကြောင်း နောက်ပိုင်းတွင်မှ သိရသည်။


“အပြင်သွားရင် ဘယ်ဘာသာစကားပဲပြောပြော အိမ်ထဲရောက်တာနဲ့ မိခင်ဘာသာစကားကို သုံးစွဲဖို့ မိဘတိုင်းက
ကိုယ့်သားသမီးကို သွန်သင်ဆုံးမတတ်ရမယ်။ ဒီလိုမဟုတ်ဘဲ ငါ့သားသမီးတွေ ဗမာစကားမတတ်ကျွမ်းမှာ စိုးလို့
ဆိုပြီး ‘ကွိုင်းခနုံး’ ခေါ်ရမယ့်အစား မိဘကိုယ်တိုင်က ‘မုန့်ဟင်းခါး’ ‘မုန့်ဟင်းခါး’ ဆိုပြီး အရှေ့ရောက်နေတဲ့သူတွေ
ရှိနေလို့ သားသမီးတွေက အဲဒီအခြေအနေရောက်သွားတာ ဖြစ်တယ်” ဟု ဆရာကြီးက မြို့ပေါ်နေ မွန်လူမျိုးတို့အား
ဝေဖန်တတ်သေးသည်။



ဆရာကြီး နိုင်ပန်းလှသည် မွန်စာပေ၊ ဘာသာစကား ဆက်လက်ရှင်သန်နိုင်ရန် နည်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့သူ ဖြစ်သည်။
ဆရာကြီး နိုင်ထွန်းသိန်းနှင့်အတူ မြန်မာစာရေးဆရာများ၏ အကူအညီဖြင့် ရန်ကုန်မြို့တွင် ခေတ်ဟောင်းနှင့် ခေတ်
သစ် မွန်ကျောက်စာသင်တန်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပနေသော မွန်စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာမေးပွဲများကို
ကျင်းပ၍ ထာဝရရန်ပုံငွေ တည်ထောင်ကာ ပံ့ပိုးပေးခြင်း၊ ခေတ်သစ်မွန်စာပေ သင်ကြားရေးနည်းများနှင့်ဆိုင်သော
စာအုပ်များ ထုတ်ဝေခြင်း စသည်တို့ကို ဆရာကြီးက တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။


ဆရာကြီးသည် မွန်ရိုးရာ အကပညာရပ်များကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားသူဖြစ်သည်။



(၄)
ဆရာကြီး နိုင်ပန်းလှ၏ ဟောကိန်းနှင့်ပတ်သက်၍ ခေတ်ပညာတတ်လူငယ်တချို့က ထောက်ခံကြသည်။ မွန်ပြည်
သစ်ပါတီရုံးပေါ်တွင် မြန်မာစာ၊ မြန်မာစကား သုံးစွဲမှုသာ များပြားခြင်း၊ မွန်စာပေ အသုံးဝင်မှုအပိုင်း လမ်းပြပေးနိုင်မှု
အားနည်းနေခြင်း (အနာဂတ်မရေရာခြင်း)၊ နွေရာသီ မွန်စာပေသင်တန်းများသို့ နှစ်စဉ် တက်ရောက်သူ များပြား
လာသော်လည်း သင်ကြားချိန် နည်းပါးခြင်းကြောင့် တတ်မြောက်သူဦးရေ နည်းပါးခြင်း စသည်တို့ကို ထောက်ပြ
သည်။ သို့သော် မွန်လူမျိုးတို့အတွက် အဆိုးဝါးဆုံးသောကာလ အလောင်းမင်းတရားလက်ထက်၌ပင် မွန်စာပေ၊
ဘာသာစကား ပျောက်ကွယ်သွားခြင်း မရှိသည်ကို မွန်ဆရာတော်ကြီးတို့ကလည်း ထောက်ပြကြသည်။



နွေရာသီ မွန်စာပေသင်တန်းသားဦးရေ နှစ်စဉ် များပြားလာသည့်အကြောင်း၊ မွန်ပညာရေးကျောင်းသူကျောင်းသား
ဦးရေ နှစ်စဉ် များပြားလာသည့်အကြောင်းများဖြင့် ပြည်တွင်းမွန်စာပေယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတို့က
ကိန်းဂဏန်းများဖြင့် ပြန်လည်ထောက်ပြကြသည်။


ဝမ်းအနည်းရဆုံး ဖြစ်ရပ်များအနက် မော်လမြိုင်မြို့ပေါ်တွင် ၂၀၀၈ ခုနှစ်က စတင်လာခဲ့သော မွန်စာတမ်းဖတ်ပွဲ
အခမ်းအနားသို့ တက်ရောက်လာသူအားလုံးမှာ မွန်လူမျိုးများသာ ဖြစ်ကြသော်လည်း စာတမ်းများကို မွန်ဘာသာ
စကားဖြင့် မဖတ်ကြားဘဲ မွန်ပညာရှင်တို့က မြန်မာဘာသာဖြင့်သာ ဖတ်ကြားကြသည့်အပေါ် ပြည်တွင်းပြည်ပရှိ
မွန်လူငယ်တို့၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။


အမှန်အားဖြင့်ဆိုရသော် ပြည်တွင်းမွန်လူမျိုးပင်ဖြစ်စေ၊ ပြည်ပရောက်မွန်လူမျိုးပင်ဖြစ်စေ ၎င်းတို့၏ နေ့စဉ်သုံးစကား
များတွင် အခြားဘာသာစကား ထက်ဝက်ကျော် ပါဝင်နေသည်ကို သတိမပြုမိကြချေ။



(၅)

ငယ်နာမည် ‘အဒွတ်’ မည်သော နိုင်ပန်းလှကို ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်းရွာတွင် ၁၉၂၃ ခု
မတ်လ (၂၀) ရက်၌ မွေးဖွားခဲ့ပြီး ကော့ဗိန်းရွာ ဘုန်းတော်ကြီးကျောင်းတွင် မွန်၊ မြန်မာ၊ အင်္ဂလိပ်စာတို့ကို စတင်
ဆည်းပူးခဲ့သည်။ ကျောင်းစာကိုလည်း (၈) တန်းအထိသာ ပညာဆည်းပူးခဲ့သည်။ ထိုထက် ထူးခြားသည်မှာ
အသက် (၆၉) နှစ်အရွယ်တွင်မှ နိုင်ငံတကာတက္ကသိုလ်တို့၏ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများကို ဆက်တိုက်ခံခဲ့ရသည်။



အသက် (၂၄) နှစ်အရွယ်တွင် ရန်ကုန်မြို့၊ မြို့မအမျိုးသားကျောင်း၊ တက္ကသိုလ်ဝင်တန်းတွင် (၃) လခန့် ပညာသင်
ကြားခဲ့ဖူးသည်။ ဒေါက်တာ နိုင်ပန်းလှသည် ဘန်ကောက်မြို့အနီး မွန်ကျေးရွာတွင် တွေ့ရှိလာသော သထုံ-ဟံသာဝတီ
ရာဇဝင်စာအုပ် (ပ-ဒု) တွဲကို အခြေခံ၍ မဂဒူးမင်းဆက်မှစ၍ ရာဇာဓိရာဇ်အထိ ယူကာ မွန်၊ မြန်မာပေမူများနှင့် စိစစ်
ပြီး “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ပြီးနောက်ပိုင်း သမိုင်းသုတေသနဆိုင်ရာ စာတမ်းများစွာကို
ပြုစုရေးသားခဲ့သည်။


ထိုအချိန်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှေးဟောင်းသုတေသနအဖွဲ့များတွင် နှစ်ပေါင်း (၄၀) ကျော် တာဝန်ထမ်း
ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ သင်ကြားပို့ချနိုင်ရန် ၁၉၆၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ထို့နောက်
ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ပါမောက္ခအဖြစ်လည်းကောင်း အရှေ့တောင်အာရှ
ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို သင်ပြရန် တာဝန်ပေးခြင်းခံရသည်။


၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ L.A. မြို့ရှိ အနောက်ပစိဖိတ်တက္ကသိုလ်၌ ယဉ်ကျေးမှုမနုဿဗေဒ အထူးပြု
ဘာသာရပ်ဖြင့် B.Sc. နှင့် Ph.D. ဘွဲ့များကို ဆွတ်ခူးနိုင်ခဲ့သည်။ ကျောင်းတက်ရန်မလိုဘဲ ကျမ်းပြုတင်ပြခြင်းဖြင့်
ထူးချွန်၍ ဒီဂရီများကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် (၁၁) မျိုးကို အင်္ဂလိပ်
ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ L.L.D. ဘွဲ့ကို ထိုတက္ကသိုလ်ကပင် ချီးမြှင့်ခဲ့သည်။



(၆)
ပေါင်းကူးတံတားတစင်း တည်ဆောက်ခြင်း
မြန်မာနိုင်ငံတွင် အရေးတော်ပုံကျမ်း (၅) စောင်အနက် တစောင်အပါအဝင်ဖြစ်သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
ကို ပြုစုရန် ဆရာကြီးတွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။


အဆိုပါကျမ်းကို ပြန်ဆိုရာတွင် ၁၂၇၂ ခုနှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး ပတ်လတ်ရွာမှ ရခဲ့သည့် ပတ်လတ်ပုံနှိပ်မူ
မွန်ဘာသာကို အခြေခံ၍ အခြားမွန်ပေမူများနှင့် ညှိနှိုင်းခြင်း၊ ဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း မြန်မာပေမူ
(၉) မူ၊ အခြားပုံနှိပ်မူများနှင့် ညှိနှိုင်းခြင်း၊ မြန်မာစာညွန့်ပေါင်းကျမ်း၊ မှန်နန်း၊ ဦးကုလား စသော မြန်မာရာဇဝင်ကျမ်း
များနှင့် တိုက်ဆိုင်၍ ဆရာကြီး နိုင်ပန်းလှက ပြန်လည်ပြုစုထားခြင်းဖြစ်သည်။



ရာဇဓိရာဇ် အရေးတော်ပုံကျမ်း၏ အမှာစာတွင် ပါမောက္ခ ဒေါက်တာ သန်းထွန်းက “သမိုင်းလေ့လာတဲ့လူတိုင်း
အထောက်အထားစုံအောင် ရချင်တယ်။ မွန်-ဗမာဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာပြု
လို့လဲဆိုတော့ တချို့အရေးကြီးတဲ့ကိစ္စတွေကို မွန်ကတမျိုး၊ မြန်မာကတမျိုး ပြောနေကြလို့ပါပဲ”။


(၁) ဘာသာပြန်တဲ့သူဟာ ကျမ်းစာအုပ်ရဲ့ မူရင်းဘာသာစကားကိုလည်း ကောင်းကောင်း တတ်ကျွမ်းရမယ်။ ပြန်ဆိုယူ
      တဲ့ ဘာသာစကားမှာလည်း ပိုင်နိုင်ရမယ်။

(၂) ပြန်ဆိုတဲ့ အကြောင်းကိစ္စကိုလည်း ပိုင်နိုင်ရမယ် ဟူ၍ ဆိုထားပါသည်။ ဆရာကြီး နိုင်ပန်းလှသည် ထိုဂုဏ်ရည်
     များနှင့် ပြည့်စုံသူဖြစ်သည်။

ထိုကျမ်းသည် မွန်ဘာသာ ထုတ်ဝေပြီးနောက် (၁၀) နှစ်ကြာမှ မြန်မာဘာသာဖြင့် ထွက်လာခြင်းဖြစ်သည်။ မြန်မာ
ဘာသာ ထွက်လာသော ထိုကျမ်းသည် ရှေးမွန်ပေမူဟောင်းများနှင့်ယှဉ်လျှင် ပြတ်တောက်ထားသည်များ ရှိနေသေး
ကြောင်း မွန်သမိုင်းပညာရှင်တချို့က ထောက်ပြကြသည်။ မည်သို့ပင်ဆိုစေကာမူ ဆရာကြီးက မွန်-မြန်မာဆက်ဆံ
ရေးအတွက် အကြီးမားဆုံးသော တံတားတစင်း တည်ဆောက်ပေးခဲ့သည်။


သို့သော် မွန်ဘာသာမှ မြန်မာဘာသာသို့ မွန်ပညာရှင်များကိုယ်တိုင် ပြန်ဆိုသော ကျမ်းများမှာ ယနေ့အထိ
ရှားပါးနေဆဲပင်။


မွန်-အင်္ဂလိပ်အဘိဓာန်များနှင့် ပတ်သက်၍ အမေရိကန်သာသနပြု ဒေါက်တာ ဟာစဝဲလ်က (၁၈၇၄) ခုနှစ်၌လည်း
ကောင်း၊ ဒေါက်တာ စတီဗင်က မွန်-အင်္ဂလိပ်-မြန်မာအဘိဓာန်ကို (၁၉၀၁) ခုနှစ်၌လည်းကောင်း၊ အပြည့်စုံဆုံးဟု
ဆိုရမည့် (၁၉၂၂) ခုနှစ်ထုတ် မစ္စတာ ဟာလီဒေး၏ မွန်-အင်္ဂလိပ် အဘိဓာန်သည်လည်းကောင်း ထွက်ရှိလာပြီး
နောက်ပိုင်း နိုင်ထွန်းဝေ၏ မွန်-အင်္ဂလိပ် အဘိဓာန်စာအုပ်တအုပ်နှင့် နိုင်ထွန်းသိန်း ပြုစုသော မွန်-မြန်မာ သဒ္ဒါနှိုင်း
ယှဉ်ချက် စာအုပ်တို့သာ ရှိတော့သည်။ မွန်စာပေများကို လေ့လာနိုင်ရန် ယင်းကဲ့သို့ စာအုပ်များ ထပ်မံထွက်ရှိလာရန်
လိုအပ်နေဆဲဖြစ်သည်။ ထိုမျှမက နိုင်မောင်တိုး ပြုစုထားသော မွန်ဘာသာ “ရာဇဓိရာဇ်အရေးတော်ပုံကျမ်း” ကို ယနေ့
ခေတ် မွန်လူငယ်တို့ ဖတ်ရှု၍ နားလည်နိုင်ရန် မွန်-မွန် အဘိဓာန်စာအုပ်များလည်း လိုအပ်လာသည်ကို တွေ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျမ်းပြုစာအုပ်များသည် ဖတ်ရှုရန် ခက်ခဲနက်နဲလွန်း၍ ယနေ့ခေတ်လူငယ်များ လိုက်စား
နိုင်ရန် မလွယ်ကူတော့ခြင်းကြောင့်ဖြစ်သည်။



(၇)
“မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ပုဂံရှိ စေတီပုထိုး ဂူဘုရား၊ ကုလားကျောင်းများနှင့် ၎င်းတို့တွင်
ရှိသည့် ရှေးဟောင်းအနုပညာပစ္စည်းများနှင့် ပန်းချီဆေးရေများသည် သဘာဝ ရာသီဒဏ်၊ ငလျင်ဒဏ်နှင့် အချိန်
ကာလကြောင့် ပျက်စီးမှုထက် လူတွေ၏ ဖျက်ဆီးမှုဒဏ်က ပို၍ ဆိုးရွားခဲ့ပါသည်” ဟု မနူဟာမင်း၏ ကောင်းမှု နန်း
ဘုရားအတွင်းရှိ ဗြဟ္မာကျောက်ရုပ်များ၏ ရင်ဘတ်တို့နှင့် အခြားဗုဒ္ဓဝင် ဆင်းတုတော်များ၏ ဝမ်းဗိုက်နှင့် ရင်ဘတ်
များကို ဖောက်ထွင်း၍ ဌာပနာပစ္စည်း ရတနာများ ရှာဖွေခြင်းတို့ကြောင့် ရှေးဟောင်းအမွေအနှစ်များ ဖျက်ဆီးခံနေခြင်း
ကို ဆရာကြီး နိုင်ပန်းလှက “ယဉ်ကျေးမှု အနုပညာဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ထောက်ပြခဲ့သည်။



သမိုင်းရေးဆရာ (သို့မဟုတ်) ကျမ်းပြုဆရာသည် သမိုင်းကြောင်း အထောက်အထားများကို အခြေခံ၍ မှတ်တမ်းတင်
ရေးသားကြသည်။ ဒေါက်တာ နိုင်ပန်းလှကမူ ထိုထက်ပိုသည်။ ဆရာကြီးသည် မွန်-မြန်မာယဉ်ကျေးမှုနှင့် သမိုင်းဆိုင်
ရာ သုတေသနပြုကျမ်းများ တင်ပြ၍ ကမ္ဘာသိအောင် ကြိုးစားရင်း တဘက်၌ အမျိုးသားစာပေ ပြန်လည်ထွန်းကား
လာရေးအတွက် ကြိုးပမ်းခဲ့ရသူဖြစ်သည်။



သမိုင်းဆရာသည် ရှာဖွေရရှိလာသမျှ အချက်အလက်များကို စုစည်းပြီး အကောင်းဆုံး၊ သမိုင်းအမှန်ကို အနီးစပ်ဆုံး
ရှာဖွေရန် တာဝန်ရှိသူဖြစ်သည်။ ဆရာကြီး နိုင်ပန်းလှသည် ထိုကဲ့သို့ လူမျိုးနှစ်မျိုးအကြားရှိ သမိုင်းကြောင်းနှစ်ခုစလုံး
ကို သမ၍ အမှန်တရား ရှာဖွေခဲ့သူ၊ ရဲဝံ့သူဟု ဆိုရပါမည်။


သမိုင်းဆိုတာက ဝိဝါဒ ကွဲပြားမှု ရှိစမြဲပဲ။ သို့သော် သမိုင်းရေးဆရာတွင်သာ မူတည်နေလိမ့်မည်။ သမိုင်းဆရာသည်
ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ ။



(ဆရာကြီး နိုင်ပန်းလှ အမှတ်တရဆောင်းပါးမှကူးယူဖော်ပြသည် …)

သင် ဘယ်တော့သေမှာလဲ သိချင်လား?


သင်ဘယ်တော့သေမယ်ဆိုတာကို သင်ကြိုသိနေမယ်ဆိုရင် နည်းနည်းတော့ တုန်လှုပ်မိမှာပဲ။
ဒါပေမယ့် သင်မသေခင်ပြင်ဆင်စရာတွေကို ပြင်လို့ရအောင်သင်အတွက် အချိန်ဘယ်လောက်ရသေးလဲ
သိချင်ရင် ဒီမှာနှိပ် ပြီးရင်ဖြည့်ခိုင်းတာဖြည့်။
သင့် BMI သင်မသိရင် ဆိုဒ်ရဲ့အောက်နားလေးမှာ အရပ်အမောင်း၊ကိုယ်အလေးချိန်
ဖြည့်ပြီး တွက်လို့ရတယ်။
ဖြည့်ပြီးရင် check your death clock ကို click လိုက် သင်သေမယ့်ရက်နှင့်
သင့်အတွက် မသေခင်ကျန်သေးတဲ့အချိန်တွေကို ပြပေးပါလိမ့်မယ်။
အားလုံးသက်တော်ရာကျော်ရှည်ကြပါစေ။


ပျော်စရာလေးပါနော် ဟဲဟဲ..............

မွန်လူမျိုးတို့သမိုင်းအကြောင်း အပိုင်း(၁)

သမိုင်းမတင်မီခေတ်


မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည်
ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့
အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။
ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊
နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး
လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်
စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်
များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ
စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။
၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို
ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်
လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား
မပေါ်သေး။
ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို
့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ
့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ
ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စု
တို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး
ကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။
(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်
မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုး
တို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်
ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသား
များနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။
၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )
ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်
ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့
သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူး
ဆက်ဆံရသဖြင့် အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အ
တတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သ
လို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား
မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်
လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော
ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူ
အဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာ
သာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။
သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်
သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင်
မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည်
သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ
-၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်
ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်
များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့
သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား
မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊
သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆို
ပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း
ရောက်ရှိခဲ့သည်။
မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း
၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်း
တလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား
(ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြ
ရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား
ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို
့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။
မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏
အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီ
တို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊
(ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍
သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)
သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ
မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်
လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ
မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့
သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေ
အထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး
များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။
မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း
တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။
သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်
များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။
သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့
ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်း
သားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။
မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာ
သွားခဲ့ရသည်။
မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ
သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့် “ဟံသာဝတီ
( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်
ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။
သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို
သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း
စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော်
သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထား
သည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း
တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။
သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက်
များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ်
ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။
အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊
သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော
ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော
အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို
ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အ
တိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ေ
ခတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀
ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။
“A nation is a historically evolved stable Community of Language, Territory, Economic life and
Psychological make up manifesto in a Community of culture.”
“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့်
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည်
( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော
လူမျိုးဖြစ်ကြောင်းထင်ရှားသည်။

မွန်လူမျိုးတို့ကမ္ဘာပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ


မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါ
မည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်
တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့
၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။
လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ
၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ေ
ခတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။
အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား
သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊
မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွား
သည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွား
သည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။
မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်
သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာေ
ပသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေး
သားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတ
ဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့်
တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်
မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။
အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင်
မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင်
မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်
၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ -
၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး)
မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေ
အရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာ
သည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည်
ဟံသာဝ
တီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊
နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊ မြန်မာပဒေ
သရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း ၄၀ နီးပါး (၁၃၈၆ -
၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊
စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေ
ရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစုတိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။
အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်
။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညား
ဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်
ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းေ
စသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။
စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော်
မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ

(၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး
အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား
နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)
ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း
(၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းေ
နသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော
မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည်
ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမ
ညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်
ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ
မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည်
ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်
ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ -
မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။
ဤသို့ ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု
ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က
လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညို
သည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉)
လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး)
ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍
ကျရောက် သွားသည်။ ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊
ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော
ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀)
လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့
ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံ

ပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို
နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး
ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်
ခဲ့သည်။
ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ
(ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း
သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။
(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက်
အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး
ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။)

(ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)
ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီ
သို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင်
ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်း
ကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး
နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီး
ဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။
ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။
အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး
အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်
စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်
ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူ
မရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး
တွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်
အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့်
ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင်
စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော်
တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။

အွန်လိုင်းတွင် မိမိရဲ့ အကောင့်ကိုလုံခြုံစေရန်အချက်(10)ချက် မျှဝေပါတယ်ခင်ဗျာ

ဒီပိုစ့် ကို ကျွန်တော်ရေးတာမဟုတ်ပါဘူး .. ဒီလင့်ကနေကူညီဖော်ပြပါတယ်   ကျွန်တော်တို့ အနေနဲ့ Online ကိုတက်လာပြီဆိုရင် အနည်းဆုံးတော့ gmail account တစ်ခု ရှိပါ့မယ်.. အဲဒီ့ account ထဲမှာ အရေးကြီးတာတွေ လည်း ရှိနိုင်ပါတယ်.. အဲဒါကြောင့် ကိုယ့်ရဲ့ Account ကို လုံခြုံရေးပေါ့ .. သတိပြုရမယ့် အချက်ကလေးတွေ ကို ကျွန်တော် ပြန်ပြီးတော့ မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ ... ကိုယ့်ရဲ့ account တွေအတွက် လုံခြုံရေး အသိလေးပါ .. ဖတ်ကြည့်စေချင်ပါတယ် .. ၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန် အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့ တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာ (http://www.worldwidemyanmar.com/ ဘာကြောင့် Official Site ဖြစ်တာလဲ ? http://www.worldwidemyanmar.com/about တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်း ကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိအမှတ်ပြုထားတဲ့ personal portfolio တွေ နဲ့ forums တွေ။ ဒါက အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ.... ၂) မှန်းဆရခက်သော password ပေးခြင်း တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။ နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။ နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal စသည့်ဖြင့်ပေးကြပါတယ်။ ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။ ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။ ၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့ တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါတယ်။ နောက်တစ်ခုက official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ် system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။ ၄) Password ကိုမကြခဏပြောင်းပါ။ ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃ နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။ ၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။ အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot လိုနေရာမျိုးမှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online Transaction တွေဆိုရင်လုံးဝကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။ အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE ဆိုရင် Tools > Internet Options > Content > AutoComplete. Uncheck option “User names and passwords on forms” and click on “Clear Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင် Clear Recent History or Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့် ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။ ၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။ Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။ ၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့ ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။ ၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့် တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။ နောက်တစ်ခုက မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။ ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။ ၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့ ခြေရာကို မလွယ်တကူမလိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE ဆိုရင် clicking Tools > Internet Options > Delete Cookies and Delete Files ၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက် သတင်းထူးများကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။ Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။ ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး မိမိတို့ရဲ့ Info ကိုခိုးတာပါ။ ဥပမာအနေနဲ့ပြောရင် ကျွန်တော့်ရဲ့ အီးလ်မေးကိုရရင် မေးလ်တစ်ခုတည်းမဟုတ်ဘူး ၄င်းထဲမှာပါတဲ့ banking/business/domain စသည်အများကြီးပါသွားပါလိမ့်မယ်။ နောက်တစ်ခုက အဆက်အနွယ်ပါ။ ကျွန်တော့်အကောင့်ကိုသိရင် ကျွန်တော်ထိန်းချူပ်ထားတဲ့ Domain နဲ့ Hosting ကိုသိမယ်။ ကျွန်တော်ရေးတဲ့ ဖိုရမ်ကိုသိမယ် ။ ၄င်းမှတစ်ဆင့် ဖိုရမ်၊ domain၊ Hosting မှ အခြားသော member တွေရဲ့ User name နဲ့ password ကိုသိသွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့လုပ်ထုံးတစ်ခုက အကယ်၍ ဖိုရမ်တစ်ခုဝင်ရင် အဲ့ဖိုရမ်ရဲ့ မိမိအပေါ်မှာ level အနိုပ်အမြင့်ကိုကြည့်ပြီး password ကိုပေးပါတယ်။ ဆိုလိုတာက တစ်ခြား ဖိုရမ်တွေမှာ admin123 လို့ပေးနေကျဖြစ်ရင် admin or mod အနေနဲ့ ၀င်နေတဲ့ ဖိုရမ်၊ Website၊ Hosting တွေဆိုရင် ကျွန်တော် မတူတဲ့ Password ကိုပေးထားတတ်ပါတယ်။ ဒီလိုအကြောင်းတွေကြောင့် ကျွန်တော့်ရဲ့ သက်ဆိုင်သူကိုတောင် ကျွန်တော့် Password မပေးပါဘူး။ မယုံကြည်လို့ မရိုးသားလို့တော့ မဟုတ်ပါဘူး။ မိမိအကောင့်တစ်ခုတည်းမဟုတ်ပါဘူး အခြား မိမိဆက်နွယ်တဲ့သူတွေရဲ့ privacy ဆိုတာရှိပါသေးတယ်...
                                     ဒီလင့်ကနေကူညီဖော်ပြပါတယ်

ကမ္ဘာ့အမြန်ဆုံးဖြစ်လာတဲ့ Huawei Ascend Dစမတ်ဖုန်းဘဲဖြစ်ပါတယ်။

ကျနော် အခု တင်ပြချင်တာ လေးကတော့ မိုဘိုင်းလောကမှာ ထိပ်တန်း တနေရာရောက်လာတဲ့ Huawei Ascend D စမတ်ဖုန်းအကြောင်းဘဲဖြစ်ပါတယ်ခင်ဗျ။မိုဘိုင်းလောကမှာ ထိပ်တန်းတနေရာ ရောက်လာခဲ့တဲ့ Huawei Ascend D ကုမ္ပဏီက စပိန်နိုင်ငံ ဘာစီလိုနာမြို.မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်း ညီလာခံမှာ Huawei Ascend Dအမည်ရှိ ကမ္ဘာ့အမြန်ဆုံးဖုန်းကို ပါဝင်ပြသခဲ့ပါတယ်။ Angriot 4.0IceCream SandwichOS စနစ်အသုံးပြုထားပြီး လေးလက်မခွဲအရွယ်ရှီတဲ့ ဒီဖုန်းရဲအားသာချက် တွေကတော့ မြန်နှုန်းမြင့်မာပြီး ဘက်ထရီသက်တန်းကြာရှည်ခံမှု. အမြင်ဆိုင်ရာနဲ. အကြားဆိုင်ရာ အရည်သွေးမြင့်မာမှု ခိုင်ခန်.ပြီးပေါ့ပါးမှုတိုဘဲဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ရတာဝါသနာပါသူတွေအဖို. နောက်ဘက်မှာ 8mega pixel ကင်မရာ ပါဝင်ပြီး ရှေဘက်မှာလဲ 1.3mega pixelကင်မရာပါဝင်ပါတယ်။ဈေးကွက်အတွင် ဖြန်.ချိမယ့် အချိန်နဲ. ဈေးနှုန်းကိုတော့ ကြေငြာချင်းမရှိသေးပါဘူး။