တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label facebook နည်းပညာ. Show all posts
Showing posts with label facebook နည်းပညာ. Show all posts

Friday, August 30, 2013

facebook မှာနောက်ခံဘက်ဂရောင်ပြောင်းနည်း

မသိသေးသူတွေအတွက် တင်ပေးထားတာပါ….
ဒီပို့စ်လေးကိုလဲ အရင်ကတင်ပြီးသားဆိုရင်လဲ
နားလည်ခွင့်လွတ်ပေးပါဗျာ အားလုံးကို သိနားလည်စေချင်တဲ့စေတနာနဲ့
တင်ပေးလိုက်တာပါဗျာ၊၊ fb မှာ ဘယ်လို့ ဘက်ဂရောင်းပြောင်းမလဲဆိုတော့
ပထမဦးဆုံး ဒီနေရာမှာကလစ်နိုင်ပါတယ် ကို သွားလိုက်ပါ….
plug-ins တွေ အများကြီးပေးထားတယ်ဗျ…ဘယ်ဟာကိ
ု ဒေါင်းလော့ဆွဲဆွဲ သုံးလို့ရတယ်ဗျ….
Mozilla ရော IE အတွက်ပါပေးထားတယ်….
အဲမှာ select ဆိုတာလေးကို နှိပ်ပြီး plug-ins လေးကို ဒေါင်းလိုက်ပါ….
ဒေါင်းပြီးသွားရင် Run လိုက်ပါ….Click ‘Yes’ to confirm the installaion
Run လိုက်ရင် သူက မော်ဇီလာကို ခဏပိတ်လိုက်ပါလိမ့်မယ်…Effect ဖြစ်အောင်လို့ပါ…
ပြီးရင် မော်ဇီလာကို ပြန်ဖွင့်လိုက်ပေါ့…ပြီး၇င် သူ့ဆိုဒ်ကို ပြန်သွားပြီးတော့
ကိုယ်သုံးချင်တဲ့ plug-ins ကို select လုပ်ပေးရမှာပါ….
ဒါဆို ရင် ရသွားပါပြီ…..ဖေ့ဘုတ်ထဲကို ၀င်ကြည့်လိုက်ပါ…ပြောင်းသွားပါလိမ့်မယ်…

Monday, August 26, 2013

Facebook အကောင့်ခိုးနည်းနှင့်ကာကွယ်နည်း

ကျွန်တော်က ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်တတ်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို လည်းကောင်း သိစေလို လို့ ဖြစ်ပါတယ်။ အများသူငှာ ထိခိုက်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ဒီတော့ ဆောင်းပါးကို အောက်မှာစတင်ပါပြီ။
တကယ် လက်တစ်လုံးကြားကနေ လုပ်သွားတာ ဖြစ်ပါတယ်။ တကယ်လွယ် ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီတော့ အကောင့်ခိုးနည်းနဲ့ အကောင့် အခိုးခံရခြင်းမှ ကာကွယ်ကွယ်နည်းဆိုပြီး နှစ်ပိုင်းတင်ပေးပါမယ်။ တစ်ပိုင်း တင်ရင်လည်း တကယ် ကွိုင်တက်မယ့် အခြေအနေဖြစ်ပါတယ်။ မိမိအကောင့်များ အခိုးမခံရအောင် ဖတ်ရှုစေလိုပါတယ်။
Facebook အကောင့် ခိုးခြင်း
အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တောင် ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။
၁။ Facebook – Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်။
၂။ ဘာမှ မလုပ်ပဲ လျှို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။
၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလား ဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။
၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါ ပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။
၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။
၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။
၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address ဖြည့်စွက်ခြင်း ဖြစ် ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။
အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။
၈။ နောက်ထပ် ကျလာတဲ့ Page ကတော့ Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံး မယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။
၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။
၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။
၁၁။ ကျွန်တော့သူငယ်ချင်းခံထားတဲ့ Security Question ကအရမ်းလွယ်ပါ တယ်။ အမေမွေးတဲ့ နေရပ်ဇာတိတဲ့လေ။ သူ မုံရွာသားမှန်းလည်းသိနေ တာပဲ။ မုံရွာကို အင်္ဂလိပ်လို ပေါင်းတာမှားမှာစိုးလို့ သူ့ Wall ကနေ ဝင်ပြီး Copy လုပ်- ပြီးတော့ ကွက်လပ်လေးမှာ paste လုပ်ပေးလိုက်တာ Enter ခေါက်လိုက်တာနဲ့ အကောင့်က ကျွန်တော်ပိုင် ဖြစ်သွားပါလေရော။
၁၂။ အဲဒီမှာ လျှို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။
၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။
ဒုတိယ နည်းလမ်း
နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံ အကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလို ပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်း က ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်လည်း ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထား ဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။
ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။ code ကို မူရင်းအကောင့် ပိုင်ရှင်ရဲ့ ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော် လွားနိုင်ပါတယ်။
ကာကွယ်နည်း
ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။
ဒီတော့ ကာကွယ် ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။
၁။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။
၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။
Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်း ပါတယ်။ ပြီးတော့ ကိုယ့် အီးမေလ်ကို လျှို့ ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါ တယ်။
အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။
Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လို့ အပြောခံရပြီးနောက် ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။ အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့် ခံသင့်သေး တယ်လို့ အကြံပေးသူများ ရှိလာပါတယ်။
ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေ ဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင် ပါဘူး။ ကိုယ့်ကိုယ်ဟက် မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်း လို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။ အချို့ ဆို Security Question တွေ မမှတ်မိတော့ပါဘူး။ ဒါတကယ် ဝမ်းနည်းစရာပါပဲ။ Facebook က Security Question နှစ်ခါ ဖြေခွင့် မပေးထားပါဘူးတဲ့ သူပေးတဲ့ စာအရဆိုရင်
We want to make sure that your account and the information in it stays safe, so once you set up a security question on your account there’s no way to update it. Sorry for the inconvenience. အဲဒီလို ဖြစ်ပါတယ်။
ဒီတော့ နောက်ထပ်တစ်နည်းကတော့ Password မေ့သွားပါတယ်ဆိုတဲ့ ထုံးစံ မေ့နေကျ Step အတိုင်းသွားပြီး ပြင်ရုံပဲဖြစ်ပါတယ်။
အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေးမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။

                                                                                                         မိုးလေးညို

Sunday, June 16, 2013

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ


စာဖတ်သူတို့ Facebookအသုံးပြုနေရတာဒီထက်မကပိုအကျိုးထူးသင့်တယ်လို့ထင်မြင်ယူဆသူများ
ရှိမယ်ထင်ပါတယ်။အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊သတင်း
တွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက် ၊ ပုံတင်လိုက်၊ Share လိုက်၊
ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူများလည်းရှိမယ်ထင်ပါတယ်။အခြားလုပ်ငန်းဆောင်တာများ ရှိနေ
ပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်
ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေ
ချင်ပါတယ်။
ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်
အတွက်ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာဝင်ငွေရှာတာတော့ နိုင်ငံတကာမှာတော်
တော်လေး ရေပန်းစားပါတယ်။ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာ
မှာFacebook အသုံးပြုပြီး ဘယ်လိုဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။ Facebook မှာ
ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။
Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်
ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။

ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာ မှာ ကြော်ငြာထည့် လာတာမျိုး
ဖြစ်ပါတယ်။ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။Application
ကိုလူတိုင်း လုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။
Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်
ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။သို့ပေမယ့် မြန်မာပြည်ကနေတော့ Application
လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့်
Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့်နိုင်ငံတကာ အွန်လိုင်း ငွေ
အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်
တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့မြန်မာ့ အင်တာနက်ကွန် ရက်
ပ်ါက စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မကလမ်းပွင့်သွားနိုင်ပါတယ်။
ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ”
အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီးထားခြင်းဖြစ်
ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ
Facebookအသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ကြားမှ တစ်
ဆင့်ခံပေးမယ့် အေဂျင်ဆီတွေရှိတဲ့အတွက်ရတယ်ဆိုရင်တော့ တော်တော်လေးခက်ခဲတဲ့အခြေအနေ
ဖြစ်ပါတယ်။ နောက်ထပ် ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan
Page မှာဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။
စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ
ဖြစ်ပါတယ်။မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ဟမ်
ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေ
လည်းသက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ
ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။
ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်း
လည်း ရှိနေရပါအုံးမယ်။မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်
ခဲသွားပါပြီ။ ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာရုန်းကန်နေသူများ
ရှိပါတယ်။ မည်မည်ရရဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ
ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေမယ့်အံကိုက်
မဖြစ်လို့ ဘဝရှုံးနေသူများရှိနေပါသေးတယ်။
ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲဘ
ဝကို သာမန်အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။ ဘာမှမလုပ်တတ် မကိုင်တတ်လို့
Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Networkမှာသာမန်လူတွေ
ထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊
စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေအသုံးပြုကြတာ။ ပျော်
စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင် မပြေသော၊ အလုပ်ထပ်လုပ်ရန်လို
အပ်နေသောစာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။
တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမ ဟုတ်ပေမယ့် Facebook
မှာတင်မဟုတ်ပဲပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။
၁။ Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီးထားသလဲ။အင်ဂျင်နီယာ
လား၊ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။အစ
ရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်း
တွေကိုဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်
အကြောင်းသဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။
၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွား
လိုက်မယ်ဆိုတဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ
တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင်ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း
ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်
လည်းအင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊အဆောက်အအုံပုံတွေ၊ ဒီဇိုင်း
တွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Pageမှာမျှဝေရပါမယ်။
ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလို
လေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေး
သားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ကိုယ်က မှန်မှန်
ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အ
တွက်မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြ
မှာ ဖြစ်ပါတယ်။
မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ 
Page ကိုအမြဲစောင့်ကြည့် ပြီး Post လေးတွေတင်ပေးရပါမယ်။ ဒီမှာစာဖတ်သူကအခြားပညာရေး
လမ်းကြောင်းပေါ်မှာလျှာက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page
ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရ
ပါဘူး။ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ကိုယ့်မျှဝေသမျှသာ
လာဖတ်သူများနဲ့ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာ
နိုင်ပါတယ်။
ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်းခံစား
ချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်
များ၊စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော်လည်းကောင်း၊
စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော်လည်းကောင်း
သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။
တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက်
သက်ဆိုင်ရာ နယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာ
သာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင်ကြိုးစားပြီး မိမိဖန်
တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့ အခွင့်အရေး
ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား
ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများ
ကို ချိတ်ဆက်ပြီးမိမိဖန်တီးချက်များကို ပြရပါ မယ်။ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။
သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ
အထင်ကြီးနေစေဖို့လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်း
ရှင်များဟာ Facebook ကိုတော်တော်အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်
နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့မိမိစီးပွားရေးလုပ်
ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီး
သားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်
ကမြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာတကယ်ပဲ အားကိုးရတဲ့ Advertising
နည်းလမ်းတစ်ခုပဲဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။
အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်
ရတဲ့ အထိအောင်မြင်သွားပါပြီ။ အခြား Professinal လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်
ဖက်ကလည်းဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူက
လည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရက
နေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။အချို့ ကျ Facebook မှာ
အောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေပေါ်ပေါက်
လာပါတယ်။
အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ
ရှာစရာမလိုပဲအလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာ
မှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှာမှတ်ကျောက်တင်ထားခြင်းဖြင့်
ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှုများကို ဘွဲ့လက်
မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။
ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေ
ရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်းအလုပ်တစ်ခုခုလည်း အ
လွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအ
တွက်ဟာအင်မတန် နည်းနေပါသေးတယ်။ Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်း
အဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများကအတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။
ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြ
ထားခြင်းဖြင့်သက်သေပြနိုင်ပါတယ်။ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး
ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ်ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်
ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။
မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်
ဆက်ပြသထားတာတွေနဲ့သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှမဟုတ်ပဲ Blogspot
လုပ်ပြီးလည်း ထိုနည်းတူစွာတင်ပြနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်စာဖတ်သူတို့ ဘယ်လောက်အချိန်
ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိဟိုဟိုဒီဒီ ကြည့်ရှုနေရသူများအတွက်
ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက်ထူးထူးခြားခြား အချိန်ပေး
စရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော် လည်းကောင်း
အချိန်အခိုက် အတန့်အတွင်းရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။
ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲလို့
တောင်ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့တ
ကယ်ဖြစ်နိုင်ပါ့မလားလို့သံသယတွေ ဝင်နေလောက်ပါပြီ။ ယခုစာရေးသူဟာလည်း Facebook မှာ
မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်းအခြား လုပ်ငန်းဆောင်တာ
များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခုရရှိနေပြီဖြစ်
ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအ
နေကောင်း တစ်ခုရရှိနေပါပြီ။မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန်
ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်းလုပ်ကိုင်ခဲ့ပါတယ်။
စာရေးသူပိုင် ဆိုင်သော Page တစ်ခုမှာ တင်ဆက်ပြသ ချက် ကောင်း မွန်မှုကြောင့် ကုမ္မဏီတစ်
ခုက ဝဘ်ဆိုဒ်တစ်ခုထောက်ပံ့ပြီး လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ကိုယ်ပိုင်
အွန်လိုင်း မီဒီယာ လုပ်ငန်းတစ်ခု ဖန်တီးလို့ရတဲ့ အနေအထား ထိတောင် ဖြစ် သွားပါတယ်။ ၆ လ
ကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက
မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ စာနယ်ဇင်းကလည်း မဟုတ်ရပါ။ တစ်ဖက်ကလည်းဘာသာ
ရပ်တစ်ခု အထူးပြု ကာ ကျောင်းပြီး ထားပြီး လုပ်ငန်းခွင်ဝင်ရန် သင်ယူလေ့လာနေဆဲသာ ဖြစ်ပါတယ်။
ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်း
ဝေး စေရန်ဖြစ်ပါတယ်။ စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော
မြန်မာပြည် မှ Facebook userများလည်း အမြောက်အများရှိပါတယ်။မီဒီယာ လုပ်ငန်းကိုသာမဆိုလို။
အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီးပြင်ပလော ကမှာ ကောင်း
ကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေ
သုံးနေသော အခြား Profesional များအတွက် မဟုတ်ရပါ။တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ
မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။တတ်
စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ
Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရ
ပါ တယ်။

Sunday, June 9, 2013

FACEBOOK ဖွင့်နည်းလေးကိုလိုချင်တဲ့ (kolinlin & pannmon ) နှင့်သူငယ်ချင်းများအတွက်

ဟောအခုတစ်ခေါက်ကတော့ FACEBOOK ဖွင့်နည်းလေးလိုချင်တယ်လို့လာပြောထားတဲ့သူငယ်ချင်း
နှစ်ယောက်ဖြစ်တဲ့ kolinlin & pannmon တို့အတွက်ပြန်လည်ကာမျှဝေပေးလိုက်ပါတယ်................
လိုအပ်မယ်ထင်လို့ပြန်ရှယ်ချင်ရင်လည်းရပါတယ် တစ်ခြားသောနားမလည်သေးတဲ့သူငယ်ချင်းများ
၇ှိခဲ့မယ်ဆိုရင်လည်းအတော်ကိုအဆင်ပြေမယ်လို့ထင်မိပါတယ် ကဲလိုအပ်မဲ့သူများအတွက်
ကျွန်တော်တင်ပေးလိုက်ပါတယ်နော် အောက်မှာပုံလေးတွေနဲ့အသေးစိပ်၇ှင်းပြထားပါတယ်နော်
ကဲကြည့်လိုက်ကြမယ်.............................

ကဲမျှားလေးတွေပြထားတဲ့နေရာမှာလိုအပ်တဲ့အရာတွေဖြည့်ရပါမယ်..........................

ကျွန်တော်ဥပမာအနေနဲ့ဖြည့်ပြထားပါတယ်အဲဒီလိုဘဲဖြည့်ရပါမယ် မိမိကြိုက်တဲ့နာမည်နဲ့လုပ်ပေါ့...........
password ကတော့ 6 လုံးအထက်နော်...............

ကဲဒီအဆင့်ရောက်ရင် skip this step ကိုဘဲနှိပ်လိုက်ပါနော်...................
ဒီအဆင့်လည်းဒီအတိုင်းဘဲ skip   ဘဲနော်................
မိမိဖြည့်ချင်ရင်ဖြည့်ပေါ့နော် ကျွန်တော်ကတော့ဘာမှမဖြည့်ထားပါဘူး ဒီအဆင့်မှာတော့
လုပ်စရာနှစ်ခုဘဲ၇ှိပါတယ် သူပြထားတဲ့အကွက်လေးထဲမှာဖြည့်ပြီးရင်တော့ save&continue ကို
တစ်ချက်နှိပ်လိုက်ပါ တကယ်လို့ဘာမှမဖြည့်ချင်တော့ဘူးဆိုရင်တော့ skip ပေါ့ဗျာ..............
အပေါ်ကအဆင့်မှာ skip ကိုနှိပ်ခဲ့ရင်ဒီအဆင့်ကိုရောက်ပါမယ်ဒီအဆင့်ရောက်ခဲ့ရင်မိမိအပုံ
တင်ချင်လည်းရပါတယ်မတင်ချင်လို့ရှေ့ ဆက်ချင်တယ်ဆိုရင်တော့ skip ပေါ့ဗျာ.............
ကဲအပေါ်က skip ကိုနှိပ်လိုက်လို့ဒီအဆင့်ရောက်ခဲ့ပြီဆိုရင်တော့ဘာမှလုပ်စရာမလိုတော့ပါဘူး
မျှားလေးပြထားတဲ့ go to your email ကိုသာတစ်ချက်ကလစ်လိုက်ပါနော် အော်ဒါနဲ့ FB အသစ်
လုပ်တော့မယ်ဆိုရင် လုပ်မဲ့အကောင့်ကိုဖွင့်ထားဖို့တော့လိုအပ်ပါမယ် ဒါမှသာလျှင်အဆင်ပြေမှာပါ
အဲလိုနှိပ်လိုက်ပါက  မိမိ email ထဲကိုသူကအလိုလျှောက်တန်းပြီးရောက်သွားပါမယ် email ထဲကို
ရောက်တာနဲ့သေချာကြည့်လိုက်ပါ Facebook ကနေပြီးတော့စာအတ်နှစ်လုံးပို့ထားကိုတွေ့ရပါမယ်
အဲဒီအထဲမှာမှ Wellcome to facebook ဆိုတဲ့စာအိတ်ကိုဖွင့်လိုက်ပါ ပြီးတာနဲ့အဒီထဲကအကွက်လေးကို
တစ်ချက်နှိပ်လိုက်ပါ အောက်မှာပုံလေးနဲ့ပြထားပါတယ်...................
ကဲတွေ့ လားကျွန်တော်မျှားလေးနဲ့ပြထားပါတယ်အဲဒီနေရာကိုသာတစ်ချက်ကလစ်လိုက်ပါဒါမှသာ
အဆင်ပြေတဲ့ FB တစ်ခုဖြစ်မှာပါ..............
ကဲ email ထဲကအတိုင်းနှိပ်လိုက်ရင်တော့ဒီအဆင့်ကိုရောက်ပါမယ် အိုကေအားလုံးပြီးပါပြီ
ဒီအဆင့်မှာတော့ဘာမှထပ်လုပ်စရာမလိုတော့ပါဘူး Home ကိုသာတစ်ချက်နှိပ်လိုက်တော့နော်
ဒါဆိုရင်တော့ FB ၇ဲ့စာမျက်ကိုရပါပြီ တစ်ခုတော့ပြောချင်ပါတယ်အခုရက်ပိုင်းမှာ FB တွေခဏခဏ
အပိတ်ခံနေရတယ်ခဏနေLOCK ကျပြန်ပြီ စိတ်ညစ်စရာဘဲဒါပေမဲ့ကျွန်တော်တော့တစ်ခါမှ
မထိသေးဘူးနော် ကျွန်တော်က FB ဖွင့်ပြီးရင်နှစ်ရက်လောက်မဖွင့်ဘဲထားလိုက်တယ်
ဘာကြောင့်လဲဆိုတော့ကျွန်တော့်ကိုသူအမြင်ကတ်မှာစိုးလို့ပါ ဟုတ်တယ်လေ တစ်ချို့က
FB ရတာနဲ့သူငယ်ချင်းအရင်လိုက်၇ှာကြတယ် တွေ့တာနဲ့ addfriend ကိုအသေဘဲ
လိုက်နှိပ်ကြတယ်အဲတော့ဟိုကကြည့်ပြီပေါ့ မတရားနင်းကန်ကလိတော့ဟိုက
မသင်္ကာတော့ဘူးလေ ဒါကြောင့်ပိတ်လိုက်ရော ကဲအဲလိုမဟုတ်ဘဲတစ်ခြားသော
ကလိခြင်းကြောင့်လဲပိတ်သွားတတ်ပါတယ် ဒီနေ့ ကျွန်တော့်မှာ FB အကောင့်
10 ခုကျော်နေပြီတစ်ခုမှဘာမှမဖြစ်သေးဘူးတစ်ခါမှအပိတ်မခံရဘူး ကိုခင်မောင်စိုး
ဒီလောက်အကောင့်တွေဘာလုပ်ဖို့လည်းလို့မေးရင်ဖြေစရာတစ်ခုဘဲရှိတယ်
ကျွန်တော် Media ကိုစောင့်ကြည့်နေတာပါကမ္ဘာတစ်ခုလုံးသတင်းကို
အချိန်နဲ့တစ်ပြေးညီလိုချင်လို့ဘဲ ဒါကြောင့်အဲလိုသုံးတယ် ပူစီတော့အဖြစ်မခံနိုင်ဘူး
ငကြော်နဲ့မငြားဘဲ ငပိရည်နဲ့တွေ့နေမှာစိုးလို့ဒါကြောင့်ပူစီမလုပ်တာပါ တော်ရုံနဲ့
FB ဟာမပိတ်ဘူးဗျ ကျွန်တော် FB တစ်ခုရရင် သူငယ်ချင်း ၅ ယောက်အရင်ရှာလိုက်တယ်
ပြီးရင်ဘာမှဆက်မကလိတော့ဘူး ပိတ်လိုက်တယ်နှစ်ရက်နေမှလာပြန်ဖွင့်တယ်
သူငယ်ချင်းတွေရနေပြီ အိုကေတစ်ခါကိုယ်ကြိုက်တဲ့ Fan Page တွေ Group တွေ
ဆယ်ခုလောက်လိုက်ချိတ်လိုက်တယ် အိုကေတော်ပီ ပြန်ထွက်လိုက်တယ်
ဘာမှမကလိတော့ဘူး နောက်နှစ်ရက်နေပြန်ဖွင့်တယ် ရပြီအိုကေပြီ သူငယ်ချင်းစ၇ှာတယ်
10 ယောက်လောက်ခေါ်တယ် Fanpage တွေ Group တွေ 20 လောက်လိုက်ချိတ်တယ်
ကဲပိတ်စမ်းပါ FB ရဲ့ လုံးဝကိုမပိတ်တော့ဘူး ဒါကြောင့်ကျွန်တော်ပြောချင်တာက
ပုံမှန်အသုံးပြုတဲ့ဘယ်အရာမဆိုအကောင်းဆုံးတွေရမှာပါ လွန်ကဲလာရင်တော့
ဘယ်အရာမဆိုဘေးထွက်ဆိုးကျိုးတွေ၇ှိပါတယ်ဒါကြောင့်ပုံမှန်ကလိပေါ့ဗျာ................

                                                                       အားလုံးကိုလေးစားလျှက်

                                                                          ခင်မောင်စိုး(မွန်ပြည်နယ် ကျိုက္ခမီ)

Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ



(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။

Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security သို့ သွားပါ။

Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။

လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။

ဥပမာ - သင့်မိခင်ဧ။် မွေးရပ်မြေ ဟုရွေးချယ်ထားလျှင် Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။

မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။ (မေ့တော့ မမေ့သွားစေနဲ့ ပေါ့)


(၂) Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကို ဆို လိုပါသည်။


ထို သို့ မှမိမိအကောင့် Hack ခံရလျှင် နောက် Mail တစ်ခုဖြင့် Recover လုပ်နိုင်ပါမည်။

အတက်နိုင်ဆုံး Facebook Acoount အတွက် Mail ကို မိမိ Personal Email ဖြင့် မပြုလုပ်သည်မှာ အသင့်တော်ဆုံးဖြစ်သည်။


(၃) Secure Browsing ကို On ထားပါ…ထိုသို့ မှ Https ဖြင့်သွား သည်ဖြစ်သောကြောင့် Data များကို ကြားဖြတ်ရယူခံရခြင်းမှ ကင်းလွတ်ပါမည်။


(၄) Login Notifications ကို လည်း On ပေးထားပါ။

မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကို ၀င်ရန် ကြိုးစားမှုကို Email သို့ မဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

(ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)


(၅) Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။

(အနည်းငယ်အလုပ်ရှုတ်သော်လည်း သူတစ်ပါးလက်ထဲသို့  မရောက်အောင် တားဆီးနိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)


(၆) Active Sessions ကို ပုံမှန် စစ်ဆေးပါ။မူမမှန်သော Login ၀င်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တက်ပါသည်။


(၇) IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတက်သည်၊ယာယီ ပိတ်ခံရတက်သည်။


(၈) Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျှင် မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။


(၉) မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။


(၁၀) Account Password ကို Dictionary ထဲတွင် ရှိသော စကားလုံးများမသုံးပါနှင့်။ !@#$% စသည့် စကားလုံးများ ကြားညှပ်၍သုံးပါ။


(၁၁) နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံလိုက်ရပြီဆိုလျှင် ယခင် Password အဟောင်း ဖြင့် အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။

  (ပြန်လည်မျှဝေပါသည်)

Tuesday, June 4, 2013

မိမိ၏ Facebook Chatting History ကို အပြီးအပိုင်ဖျက်ပြစ်နည်း

ဒီနေ့တော့ မိမိ၏ Facebook Chatting History ကို အပြီးအပိုင်ဖျက်ပြစ်နည်းလေးတင်ပေးလိုက်ပါတယ်

ESBI စီးပွားရေးလုပ်ငန်းရှင်လေးဖြစ်တဲ့ ကိုမင်းမင်း(SE)မေးထားခဲ့ဘူးတာလေးကို ခုမှပြန်ဖြေပေးရင်း အခြားသော FB ရောဂါသည်များထဲက မသိသေးသူများအတွက် ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းပါ ။

တချို့ကျတော့ message သမိုင်းကို အမှတ်တရသိမ်းထားချင်ကြတယ် ။ တချို့ကျတော့လည်း များတယ်ရှုပ်တယ် လေးတယ် ဆိုပြီးဖျက်ပစ်လိုက်ချင်ကြတယ်...
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Facebook Chatting History ကို အပြီးအပိုင်ဖျက်ချင်တယ်ဆိုရင်..

1.  မိမိ FB အကောင့်ကို Login ဝင်လိုက်ပါ ။ ပြီးရင် Option စက်သွားရုပ် သင်္ကေတလေးကိုနှိပ်ပါ ။
ပြီးနောက် See Full Conversation ဆိုတဲ့ စာတန်းကိုနှိပ်ပါ ။







2.အောက်ပုံ အတိုင်း မြင်ရမှာပါ ..Actions နောက် အနီရောင်ဝိုင်းပြထားတဲ့ Down Arrow လေးကို နှိပ်ပါ ။



 3. အောက်ကပုံအတိုင်း Delete Message ဆိုတဲ့စာတန်းကိုနှိပ်ပါ ။


4.  နှစ်ဘက်စလုံးကပို့ထားခဲ့တဲ့ message စာပိုဒ်လေးတွေအရှေ့မှာ လေးဒေါင့် Check Box လေးတွေ
တွေ့ရမှာပါ ။ မိမိဖျက်လိုတဲ့ စာပိုဒ်တွေကို ရွေးပြီး(သို့မဟုတ်) အားလုံးကို Check လုပ်ပြီး အောက်ဒေါင့်နားက အနီရောင် လေးဒေါင့်ကွင်းကွင်းထားတဲ့ Delete ကိုနှိပ်လိုက်ပါ။


5.  အောက်ကပုံအတိုင်းမြင်ရပြီး  Delete Message ကိုနှိပ်လိုက်ပါ ။


ဒါဆိုရင် မိမိ၏ Facebook Chatting History တွေအပြီးအပိုင်ပျက်သွားတာကိုတွေ့ရမှာပါ ။

ကဲ ... ဘယ့်နှယ်လဲ ... လွယ်တယ်မဟုတ်လား?
ဒါလောက်ဆို လူတိုင်းလုပ်တတ်ကြပြီလို့ထင်ပါတယ် ။
ညီငယ် ညီမငယ်များအားလုံး နည်းပညာတွေ ဒီထက်မကတိုးပွားကြပြီး အများအကျိုးဆောင်နိုင်သူများဖြစ်ကြပါစေ ။
မရှင်းလင်းတာများရှိခဲ့ရင် konainga2@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

Sunday, April 21, 2013

facebook မှာ မြန်မာ လိုဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် ပေးပီးသား နမ်မည် ကို ပြောင်းချင်တယ်ဆိုရင်



မနေ့က ကျနော်သူငယ်ချင်းကို အရေးပေါ်အကူညီတောင်းပြီးအကောင့်ဖွင့်လိုက်ပါတယ် အခုအကောင့်ပါ နာမည်မပြောင်းမှီပုံပါ အဲဒါကိုပြောင်းပါမယ်


အဆင့်-၁
Account Setting ကိုသွာမယ်


အဆင့်-၂
ထို့နောက် General က Name ဆိုတာကိုနှိပ်လိုက်ပါ


အဆင့်-၃

ပုံမှာကျနော်ပြထာတဲ့အတိုင်း
၁-မှာ ကိုလင်း
၂-မှာ သလ္လာဝတီ လို့ပေးပြီးတော့

၃-မှာတော့ နာမည်အပြည့်အစုံ ကိုလင်း သလ္လာဝတီ လိုပေးလိုက်တယ်
4-မှာ မိမိအကောင့်ပက်စဝှက်ပေးပြီးတော့

၅-မှာ SaveChanges ကိုနှိပ်ပြီးတာနဲ့ မိမိတို့အကောင့်မှာ နာမည်တွေပြောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်

အဆင်ပြေကြပါစေဗျာfacebook နည်းပညာ မူရင်းလင်ခ့် ဒီမှာ

Monday, February 4, 2013

Facebook Account ဖျက်နည်း

Facebook Account ကို လုံးဝအသုံးမပြုလိုတော့ဘဲ ဖျက်ပစ်ချင်တယ်ဆိုရင် အောက်ပါနည်းလေးအတိုင်း ဖျက်ပစ်နိုင်ပါတယ်..
- မိမိ Facebook Account ကို Sign in ပြုလုပ်ပါ။
- Ctrl+T ကိုနှိပ်ပြီး Tab အသစ် တစ်ခုကို ခေါ်ပါ။
- Address Bar တွင်
http://www.facebook.com/help/contact.php?show_form=delete_account
ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
- Submit ကိုနှိပ်ပါ။
- ပြီးနောက် Account Password နှင့် Security Check တွင်ပေးထားသော စာသားများကို မှန်ကန်အောင်ရိုက်ပေးပါ။
- Okay ကိုနှိပ်ပါ။
နောက်ထပ် Okay ကိုထပ်နှိပ်ပေးပါ။
-- မှတ်ချက် ။ ၁၄ ရက်အတွင်း ပြန်လည်အသုံးပြုနိုင်ပါသေးတယ်။... အဆင်ပြေပါစေနော်...

Friday, February 1, 2013

Facebook မှာ mp3 သီချင်းထည့်မယ်

Facebook မှာသီချင်းတင်တာလေးကို ဒီနေ့ပြောပြချင်ပါတယ်။ အရင်ကတော့နည်းလမ်းတွေရှိပါတယ်။
အခုနည်းလေးက အစဉ်ပြေတာကြောင့်ပြန်လည်မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။ Register လေးတော့လုပ်
ပေးရပါ့မယ့်။ အောက်မှာ နည်းလမ်းလေးကိုကြည့်ပြီး လိုက်လုပ်ကြည့် လိုက်ပါနော်။


ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးRegisterလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



Registerပီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင် Facebook ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။



ဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းသွားပြီ ဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်လုပ်ဆောင်သွားပါ
လိမ့်မယ်။
  အဆင်ပြေကြပါစေဗျာ။

Tuesday, January 29, 2013

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

    အတော်များများတော့ သိကြပြီးသားဖြစ်ပါလိမ့်မယ်။

အရမ်းအဆင်ပြေတယ်ဆိုတာလည်းသိကြမှာပါ။


မသိသေးတဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့ ရည်ညွှန်းပါတယ်နော်။


_____________________________________________________________

ကျနော်တို့ရဲ့ Face book စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့လေးပါ။

အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ

ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ

ရောက်သွားတော့မှာလေ။



ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ...

(၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။(ခုတော့ mail setting ပေါ့)



....



(၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို

Enable ပေးထားပါ။




(၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။



(၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး

Add နှိပ်ပါ။ပြီးရင် save လိုက်ပါ။



http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml




အဲဒါတွေပြီးသွားရင်တော့ ကျနော်တို့ရဲ့ G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့)


Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့

G-mail Inbox ထဲက


ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။



အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင်


Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။





 ဒါဆိုရင်တော့ Face book ထဲကို


Log-in ၀င်လို့ရပါပြီ ။



ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ။




______________________________________________________________________


ဘာရယ်တော့မဟုတ်ဘူး.......... အားလုံးအဆင်ပြေကြပါစေနော်......
မူရင်း....ခန့်ချောလေးးး

Monday, December 19, 2011

Timeline (Facebook)

Facebook ကပေးတဲ့ New Feature လေးပါ။ ကျနော်တော့ကြိုက်တယ်ဗျ။ ပုံမှာမြင်နေရတာ ကျနော့်ရဲ့ Facebook စာမျက်နှာပါ။ ဒီလိုပြင်ဆင်ဖို့အတွက် Facebook ကပေးထားတာလေးပေါ့။ Time Line လို့ခေါ်ပါတယ်။




သူ့ရဲ့အားသာချက်က ကျနော်တို့စာမျက်နှာလေးက ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်နဲ့ ခပ်ဆင်ဆင်လေးတူလာတယ်။ နောက်ပြီး... ကျနော်တို့ Facebook စသုံးတဲ့အချိန်ကစလို့ လက်ရှိအချိန်အထိ တင်ထားခဲ့သမျှ ပုံတွေစာတွေကို လအလိုက်၊ နှစ်အလိုက် စာတစ်မျက်နှာထဲမှာ တွေ့ရနိုင်တယ်လေ။ စကားကြောရှည်တာတွေ ခဏရပ်ပြီး အလုပ်စလိုက်ကြစို့ .. :P

အရင်ဆုံး မိမိရဲ့ Facebook ထဲကို Sign in ၀င်ထားလိုက်ပါ။ ပြီးရင်..Time Line ကို လက်ရှိသုံးနေပြီဖြစ်တဲ့ သူတစ်ယောက်ရဲ့ စာမျက်နှာကို သွားရပါမယ်။ အဲဒီအတွက်တော့ ဒီနေရာလေးကို နှိပ်လိုက်ဗျာ။ ကျနော့်ရဲ့ Facebook စာမျက်နှာကိုရောက်သွားလိမ့်မယ်။ ရောက်တာနဲ့ စာမျက်နှာရဲ့ ညာဖက်အပေါ်ထောင့်မှာ Learn More ဆိုတာလေး တွေ့လိမ့်မယ်ဗျ။ နှိပ်လိုက်ဗျို့။




Introducing TimeLine ဆိုတာတွေ့မယ်ဗျ။ အဲဒီအောက်နားက Get Timeline ကိုနှိပ်ပါ။ ပြီးရင် Take a tour ကိုထပ်နှိပ်ပါ။






အခုဆိုရင် အဆင့်(၅)ဆင့်ပါတဲ့ စာမျက်နှာကို တွေ့ရပြီပေါ့။ ဘာမှလုပ်စရာမလိုဘူးဗျ။ Next တွေတစ်ခုပြီး တစ်ခု လိုက်နှိပ်ရုံပဲ။ Next တွေနှိပ်ပြီးလို့ အဆင့်(၅) ကိုရောက်ပြီးတာနဲ့ End Tour ကိုနှိပ်လိုက်ဗျ။









ကဲ..နောက်ဆုံးတစ်ချက်ပဲ လိုတော့ပါတယ်။ Publish Now ကိုနှိပ်ပေးလိုက်တော့ဗျို့။ ဒါဆိုရင် ကိုယ့်စာမျက်နှာ ကိုယ်ပြန်ရောက်သွားပြီး အပေါ်ဆုံးမှာပြခဲ့တဲ့ပုံလို မိမိ Profile လေးပုံစံပြောင်းသွားတာကို တွေ့ရပါပြီဗျာ။





အားလုံးအဆင်ပြေ ချမ်းမြေ့ကြပါစေ

Sunday, October 30, 2011

Facebook တွင်အသစ်တင်သမျှကို Gmail ကနေကြည့်ရအောင်


Facebook သုံးသူများအတွက်ပါ။ မိမိရဲ့ Facebook ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သူငယ်ချင်း။တစ်ယောက်ယောက်က အသစ်တင်တာနဲ့ သင့်ရဲ့ Gmail window ထဲက Facebook gadget မှာတန်းဝင်လာမှာပါ။ အသစ်မတင်လျှင် ယခင်တင်ပြီးသား အကြောင်အရာများ ပေါ်နေမှာပါ။
Gmail မှာ Facebook gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Setting ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာတွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။

http://hosting.gmodules.com/ig/gadgets/file/104971404861070329537/f...



ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Facebook window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in လုပ်လိုက်ပါ။ သင့် Gmail window မှနေပြီး သင့် Facebook status ကိုအလွယ်တကူ ကြည့်နိုင်ပါပြီ။

မေးမှပြန်လည်မျှဝေပါသည်.............

facebook မှာနောက်ခံဘက်ဂရောင်ပြောင်းနည်း..FWD

မသိသေးသူတွေအတွက် တင်ပေးထားတာပါ....
ဒီပို့စ်လေးကိုလဲ အရင်ကတင်ပြီးသားဆိုရင်လဲ
နားလည်ခွင့်လွတ်ပေးပါဗျာ အားလုံးကို သိနားလည်စေချင်တဲ့စေတနာနဲ့
တင်ပေးလိုက်တာပါဗျာ၊၊  fb  မှာ ဘယ်လို့ ဘက်ဂရောင်းပြောင်းမလဲဆိုတော့   
ပထမဦးဆုံး http://www.get-styles.com/ ကို သွားလိုက်ပါ....
plug-ins တွေ အများကြီးပေးထားတယ်ဗျ...ဘယ်ဟာကိ
ု ဒေါင်းလော့ဆွဲဆွဲ သုံးလို့ရတယ်ဗျ....
Mozilla ရော IE အတွက်ပါပေးထားတယ်....
အဲမှာ select ဆိုတာလေးကို နှိပ်ပြီး plug-ins လေးကို ဒေါင်းလိုက်ပါ....
ဒေါင်းပြီးသွားရင် Run လိုက်ပါ....Click 'Yes' to confirm the installaion
Run လိုက်ရင် သူက မော်ဇီလာကို ခဏပိတ်လိုက်ပါလိမ့်မယ်...Effect ဖြစ်အောင်လို့ပါ...
ပြီးရင် မော်ဇီလာကို ပြန်ဖွင့်လိုက်ပေါ့...ပြီး၇င် သူ့ဆိုဒ်ကို ပြန်သွားပြီးတော့
ကိုယ်သုံးချင်တဲ့ plug-ins ကို select လုပ်ပေးရမှာပါ....
ဒါဆို ရင် ရသွားပါပြီ.....ဖေ့ဘုတ်ထဲကို ၀င်ကြည့်လိုက်ပါ...ပြောင်းသွားပါလိမ့်မယ်....

Thursday, September 8, 2011

Latest Facebook scam and how to remove!


Facebook Scam ဖြစ်ပါတယ် Facebook မှာ တအားခေတ်စားပြီး လူတွေကို သွေးဆောင်နေတာဖြစ်ပါတယ်။ ဒီဟာကို နှိပ်လိုက်ခြင်း အားဖြင့် ကိုယ့်ရဲ့ Facebook wall မှာ ဒီပုံဟာ ပေါ်လာမှာဖြစ်သလို ကိုယ့်ရဲ့ friend တွေကိုလဲ လိုက်ပြီး request လုပ်တက်ပါတယ် ပြီးတော့မှာ အမြဲတမ်း ကိုယ်နဲ့ ဆက်သွယ်ထားတဲ့ application လုပ်ဖြစ်ပြီး wall မှာ update တွေလျှောက်တက်တာမို့ မ click လုပ်မိဖို့ ဂရုစိုက်ပါ....အကယ်၍ တခုလောက် မသိဘဲ နှိပ်လိုက်မိတယ်ဆိုရင်  အောက်ပါပုံအတိုင်း
Go to Account - Privacy Settings - Applications 
ပြီးတော့ ဒီမှာ ရှိတဲ့ Application တွေထဲက ကိုယ့်မသိတဲ့ application မလိုအပ်တဲ့ application တွေကို
Edit ပြီးတော့ remove လုပ်ပစ်လိုက်ပါ။


အဆင်ပြေမယ်မျှော်လင့်ပါတယ်။

Wednesday, September 7, 2011

FACEBOOK အကောင့်ဖျက်နည်း


ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........
ပေါ်လာတဲ့ထဲက Submit ကိုကလစ်ပါ..............
.
နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါက သင်ရဲ့အရှုပ်ထုတ်ဖြစ်နေတဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ.............