တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label password စစ်နည်း. Show all posts
Showing posts with label password စစ်နည်း. Show all posts

Wednesday, November 30, 2011

Password ကောင်းမကောင်းစမ်းရအောင်



အင်တာနက် သုံးစွဲသူတိုင်း၊ ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ အချက်အလက် တွေလုံခြုံ စေဖို့အတွက် စကားဝှက် Password သုံးပြီး ထိန်းသိမ်းထား တတ်ကြမှာပါ။ ဒါကြောင့် ကိုယ့် password ကို တစ်ပါးသူ အလွယ်တကူ သိသွားတာမျိုး မဖြစ်သင့် ပါဘူး။ မိမိ အသုံးပြုနေတဲ့ Password က ဘယ်လောက် ရာခိုင်နှုန်းအထိ ခိုင်မာမှု ရှိတယ်ဆိုတာကို ဖော်ပြပေးမယ့် ဝက်ဘ်ဆိုက်လေးကို မျှဝေပေးချင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကိုယ့်ရဲ့ စကားဝှက် ရိုက်ထည့်ပြီး ခိုင်မာမှုရှိသလား၊ အားပျော့သလား ဆိုတဲ့ အဖြေကို ရာခိုင်နှုန်းနဲ့ ဖော်ပြပေးပါလိမ့်မယ်။ အပြာရောင်တွေ များနေရင်တော့ စကားဝှက် ခိုင်မာမှုရှိပြီး၊ အနီရောင် များနေရင်တော့ စကားဝှက်ကို ပြောင်းလဲပစ်ဖို့ လိုပါပြီ။ ဒါကြောင့် စကားဝှက်ရဲ့ ခိုင်မာမှုကို စစ်ကြည့်ဖို့ကို ဒီကနေ Click လုပ်ပြီး သွားလိုက်ပါ။

Sunday, October 30, 2011

ကိုယ့် password လေးလုံခြုံရဲ့လား........စစ်ကြည့်ရအောင်

ဒီ၁ခါ ကျွန်တော်တင်ပေးချင်တာက သူငယ်ချင်းတို့တွေ ခုတလောဖြစ်နေတဲ့ password တွေ hack ခံနေရတယ်လို့ ကြားလို့ မိမိ password တွေ Heck မခံရအောင်ဒီအကြောင်းလေးတင်ပေးလိုက်ပါတယ်ခင်ဗျား....

အင်တာနက်အသုံးပြုသူတို့အဖို့လူမူကွန်ရက်ဆိုဒ်တွေ အီမေးလ် ၀င်ဆောင်မှုစတာတွေကို ရယူသုံးဆွဲတဲ့အခါတိုင်း ကိုယ့်သတင်းအချက်အလက်တွေ လုံခြုံေ၇းအတွက် (password) ကိုအသုံပြုကြရပါတယ်။ဒါပေမယ့် ပြင်တွင်းက သုံးဆွဲသူတွေ လက်လန်းမီတဲ့ အင်တာနက် ဆိုတာက ဗဟုသုတ၊ဖျော်ဖြေရေးနဲ့၊ လူမှူကွန်ရက်ဆိုဒ်တွေလောက်ဖြစ်ပြီး ငွေကြေး၊စီပွားရေး၊လုပ်ငန်းကိုင်ငန်းစတာတွေမပါဝင်လှပါဘူး။ဒါကြောင့်လဲ အသုံးပြုသူအများစုဟာ လုံခြုံရေးပိုင်းကို ဂရုစိုက်မှု အားနဲလှပြီး password ဆိုပေမယ့် အလွဲပေးထားတက်ကြပါတယ်။နိုင်ငံတကာ password သိန်း၆၀ ကျော် အပေါ်မှာ ပြုလုပ်ထားတဲ့ စစ်တန်း၁ရက်အရလဲ password နဲ့ 123456 စတဲ့ စကားလုံးတွေကို ကိုယ့်စကားဝှက်အဖြစ် လွယ်လွယ်သုံးပြုသူဦးရေဟာ 8.5ရာခိုင်နှုန်းတောင်၇ှိနေပါတယ် ဒါကြောင့်မို့ လုံခြုံရေး သတိ၊အသိလေးနဲ့ ကိုယ့်ကွန်ပြူတာမှာ သို့မဟုတ် ကိုယ့်အီးမေးလ်မှာ လက်ရှိသုံးပြုနေတဲ့ စကားဝှက်လေးဟာ ဘယ်လောက်ထိ လုံခြုံသလဲဆိုတာ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ဖို့ website လေး၁ခုကိုညွှန်းပေးချင်ပါတယ်။ How Secure is my password? ဆိုတဲ့မေးခွန်းလေးနဲ့ အမည်ပြုထားတဲ့ website မှာကိုယ်အသုံးပြုနေတဲ့ password တွေရဲ့ လုံခြုံစိတ်ချရမှုအတိုင်းအဲဒါကို စစ်ဆေးကြည့်၇ှုနိုင်ပါတယ်။ ဆိုဒ်ရဲ့ အဖွင့်စာမျက်နှာမှာရှိတဲ့ next box ကွက်လပ်လေးမှာ ကိုယ်စမ်းသပ်လိုတဲ့ password ကို ရိုက်ထဲ့ပေးလိုက်ရုံနဲ့ အကယ်ရှ်ျများ ဒီ password ကို တစ်စုံတစ်ယောက်က hack လုပ်ခိုးယူဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လောက် အချိန်ယူရမယ်ဆိုတာ ဖော်ပြပေးပါတယ်။ ဒါ့အပြင်ကိုယ့် password ဟာစကားလုံးတွေကြီးဖြစ်နေပါသလား၊@ # စတဲ့အထူးပြုအက္ခရာတွေပါဝင်သလား၊တအားတုလွန်း ၊ ရှည်လွန်းနေသလား။ စတာတွေကိုကြည့်ရှုပြီး အားသာချက်၊အားနဲချက်တွေကို လိုတိုရှင်းထောက်ပြဝေဖန်ပေးဦးမှာလဲဖြစ်ပါတယ်။
ဒီwebsite မှာအသုံပြုထားတဲ့နည်းပညာ အရရိုက်ထဲ့လိုက်တဲ့ password တွေကိုတိတ်တဆိတ် မှတ်သားထားခြင်းမျိုးမရှိဘဲ အသုံးပြုပြီးတာနဲ့ချက်ချင်းဖျက်ပေးမှာဖြစ်ပါတယ်။စိတ်ချလက်ချသာ စမ်းသပ်နိုင်ပါတယ်ခင်ဗျာ..
အကယ်ရှ်ျ သင့် password ပျက်သွားရင် ကွန်တော် သူရမိုးတိမ် တာဝန်ယူဖြေရှင်းပေးပါ့မယ်ခင်ဗျာ.. .စိတ်ချလက်ချသာအသုံးပြုနိုင်ပါတယ်ခင်ဗျာ..
စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့. .ဒီမှာပါခင်ဗျာ.
အဆင်ပြေပါစေနော်...