တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label တရားတော်များ. Show all posts
Showing posts with label တရားတော်များ. Show all posts

Sunday, June 9, 2013

အရှင်ဆန္ဒာဓိကရဲ့  ဆုံးမစာလေးပါ



ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာ  သူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာ  သူ့အလုပ်  သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာ သူ့အလုပ်၊  မချစ်မိအောင်  သည်းခံတာ ကိုယ့်တာဝန်၊
မုန်းစရာကောင်းတာ သူ့အလုပ်၊  မမုန်းမိအောင် သည်းခံတာ ကိုယ့်တာဝန်။

စိတ် မပူလောင်ချင်ရင် ဘယ်သူ့ကိုမှ  မချစ်ပါနဲ့၊
စိတ် မဆင်းရဲချင်ရင်   ဘယ်သူ့ကိုမှ  မမုန်းပါနဲ့။

ကိုယ့်ကိုကိုယ် စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ်
ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။သူတစ်ပါးရဲ့အမှာ ချို့ယွင်းချက်ကို အပြစ်မြင်၊အပြစ်တင်မယ်ကြံတိုင်း၊ငါ့မှာရော
အမှားလုံးဝမရှိဘူးလားလို့ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ်သည်းခံခွင့်လွှတ်နိုင်စွမ်း
တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင်နေတတ်ခြင်းဟာစိတ်ကျန်းမာရေးပါပဲ။စိတ်ကျန်းမာရေးချို့
ယွင်းသူတွေရဲ့အဓိက အားနည်းချက် ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့ ၊ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး
စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေး
့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲနေရမယ့်အ
ချိန်ဖြစ်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ် အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက်ထလုပ်လိုက်မှထမြောက်
အောင်မြင်တတ်ပါတယ်။အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင်မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။စိတ်
ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာတစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာဘယ် အ
ရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့ စိတ်ဓာတ်ကျနေတာ၊နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံး
ဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။

တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲနိမ့်ကျ
ခြင်းရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့ စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်
ဖက်ကတစ်ဖက်ကို ရုတ်တရပ် ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။

နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့လက္ခဏာဖြစ်တယ်။ အဲဒီအ
နိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူကရှုံး
လို့ဆိုပြီး စိတ်ဓာတ်တွေ ကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ် ။
ရှုံးပေမယ့်မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ်ကြည့်တတ်တဲ့သူတွေ
အတွက်တော့ အခါမလပ် ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံး အရှုံးချောက်
ကမ်းပါးက တက်ဖွယ်မရှိဘူး။


စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေ တိတ်တိတ်လေးကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာ
တာပဲလို့နှလုံးသွင်းပါ။ လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကို တစ်ယောက် အနိုင်ယူချင်တဲ့ စိတ်ဖြစ်တတ်တယ်။
သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမကအလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်
ရှိနေရင်တော့စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်းစိတ်မအေးချမ်းဘူး။အနိုင်
အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

အရှင်ဆန္ဒာဓိက

Tuesday, July 3, 2012

သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ

သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ

“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။

ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။

အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။

ကပ်သုံးပါးဆိုသည်မှာ

(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။

ရပ်ပြစ်ရှစ်ပါးဟူသည်ကား

၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။

ဝိပတ္တိတရားလေးပါးဆိုသည်ကား
(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ- (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။

ဗျသနတရားငါးပါးဆိုသည်ကား

(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း

မဂ်တရား
(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်တရား
(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်

နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည်

ဝိပသနာဉာဏ် (၁၀)ပါး

ဝိပသနာဉာဏ် (၁၀)ပါး
ဝိပသနာဉာဏ်ကား (၁၀)ပါးရှိသည်၊ ယင်းတို့မှာ -
(၁) သမ္မသနဉာဏ်
(၂) ဥဒယဗ္ဗယဉာဏ်
(၃) ဘင်္ဂဉာဏ်
(၄) ဘယဉာဏ်
(၅) အာဒီန၀ဉာဏ်
(၆) နိဗ္ဗိဒါဉာဏ်
(၇) မုစ္စိတုကမျတာဉာဏ်
(၈) ပဋိသင်္ခါဉာဏ်
(၉) သင်္ခါရုပေက္ခာဉာဏ်
(၁၀) အနုလောမဉာဏ် တို့ဖြစ်သည်။

(၁) သမ္မသနဉာဏ်
ထိုတွင် ရုပ်နာမ်တရားတို့ကို အနိစ္စ(မမြဲ)၊ ဒုက္ခ(ဆင်းရဲ)၊ အနတ္တ(အတ္တမဟုတ်)ဟု ဆင်ခြင်သုံးသပ်တတ်သော ဉာဏ်ကို သမ္မသနဉာဏ်ဟု ခေါ်သည်၊ ဤဉာဏ်ဖြစ်ပေါ်မှ ရုပ်နာမ်တရား တို့ကို အနိစ္စ ဒုက္ခ အနတ္တလက္ခဏာသို့(လက္ခဏာယာဉ် သုံးပါးသို့) တင်၍ ဆင်ခြင်သုံးသပ်နိုင်သည်။
ဤသမ္မသနဉာဏ်ဖြင့် သုံးသပ်နည်းသည် (၄)မျိုးရှိ၏၊ ယင်းတို့မှာ -

(က) ကလာပသမ္မသနနည်း
ရုပ်နာမ်ဓမ္မတို့ကို အတိတ်ဘ၀ကရုပ်နာမ်၊ အနာဂတ်ဘ၀၌ ဖြစ်မည့် ရုပ်နာမ် ပစ္စုပ္ပန်ရုပ်နာမ် အစရှိသည်ဖြင့် မခွဲခြားဘဲ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို အပေါင်းအစုအားဖြင့် သုံးသပ်သော နည်းဖြစ်သည်။ သုံးသပ်ပုံမှာ - “ရုပ်ဟူသမျှ ကုန်ခန်းပျက်စီးခြင်းသဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်း မရှိပါတကား” ဟုဖြစ်လေသည်။ ဤနည်းတူ ကျန်ခန္ဓာလေးပါးကိုလည်း သုံးသပ်ရမည်။

(ခ) အဒ္ဓါသမ္မသနနည်း
အတိတ်ဘ၀က ရုပ်နာမ်ခန္ဓာ၊ အနာဂတ်ဘ၀ ရုပ်နာမ်ခန္ဓာ စသည်ဖြင့် ဘ၀ကာလခွဲခြား၍ သုံးသပ်သော နည်းဖြစ်သည်။ သုံးသပ်ပုံမှာ - “အတိတ်ဘ၀က ရုပ်ခန္ဓာသည် အတိတ်ဘ၀၌ပင် ချုပ်ပျောက်ခဲ့၏၊ ဤပစ္စုပ္ပန်ဘ၀သို့ ရောက်မလာ၊ ထိုသို့ ကုန်ခန်းပျက်စီးခြင်းသဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်း မရှိပါတကား” စသည်ဖြင့် ရုပ်နာမ်အစဉ်အမျိုးမျိုးခွဲခြား၍ သုံးသပ်ရမည်။

(ဂ) သန္တတိသမ္မသနနည်း
ဘ၀တစ်ခုတည်း၌ပင် အအေးရုပ်စဉ် အပူရုပ်စဉ် စသည်ဖြင့် ရုပ်စဉ် အမျိုးမျိုးခွဲခြား၍ သုံးသပ်သော နည်းဖြစ်သည်၊ သုံးသပ်ပုံမှာ - “အပူရုပ်အစဉ်သည် အအေးရုပ်အစဉ်သို့ မရောက်ဘဲ ချုပ်ပျောက်၏၊ ထိုသို့ ကုန်ခန်းပျက်စီးခြင်း သဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်း မရှိပါတကား” စသည်ဖြင့် ရုပ်နာမ်အစဉ် အမျိုးမျိုးခွဲခြား၍ သုံးသပ်ရမည်။

(ဃ) ခဏသမ္မသနနည်း
အပူအအေးရုပ်အစဉ်တစ်ခုတည်းမှာပင် ဥပါဒ်၊ ဌီ၊ ဘင်ဟူသော ခဏငယ် သုံးချက်ဖြင့် ခွဲခြား၍ သုံးသပ်သော နည်းဖြစ်သည်၊ ဥပါဒ်၊ ဌီ၊ ဘင် သုံးချက်ကို ခဏကြီးတစ်ချက်ယူ၍ “အတိတ်ခဏ၌ဖြစ်သော ရုပ်နာမ်သည် ပစ္စုပန်ခဏသို့ မရောက်ဘဲ ချုပ်ပျောက်သွား၏၊ ထိုသို့ ချုပ်ပျောက် ပျက်စီခြင်းသဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်းမရှိပါတကား” စသည်ဖြင့် သုံးသပ်ရမည်။

(၂) ဥဒယဗ္ဗယဉာဏ်
ရုပ်နာမ်သင်္ခါရတို့၏ ဖြစ်မူ ပျက်မူကို သိမြင်သော ဉာဏ်ကို ဥဒယဗ္ဗယဉာဏ်ဟု ခေါ်သည်၊ သမ္မသနဉာဏ်ရင့်သန်၍ ဆက်လက်အားထုတ်သည့်အခါ ဤဉာဏ်ဖြစ်ပေါ်လာသည်။

ဖြစ်မူ ပျက်မူကို ဆင်ခြင်ခြင်း
ရုပ်နာမ်သင်္ခါရတို့သည် မဖြစ်မီကပင် ကြိုတင်၍ စုဆောင်းထားရှိပြီးသည်မဟုတ်၊ ချုပ်ပြီးနောက် အခြားအရပ်တပါးသို့ သွားရောက်လျက် စုပုံနေသည်မဟုတ်၊ ရုပ်နာမ်သင်္ခါရတို့သည် အကြောင်းတရားကြောင့် ရုတ်ကနဲဖြစ်ပေါ်လာပြီး ဖျတ်ကနဲချုပ်ပျောက်သွားကြ၏၊ ထို့ကြောင့် ဖြစ်လေသမျှရုပ်နာမ်သင်္ခါရ၌ အဟောင်းမရှိ၊ အသစ်ချည်းသာဖြစ်ကြလေ၏ ဟု ဆင်ခြင်ပြီးနောက် “အ၀ိဇ္ဇာရှိခြင်းကြောင့် ရုပ်နာမ်သင်္ခါရဖြစ်ရသည်၊ အ၀ိဇ္ဇာအကြွင်းမဲ့ချုပ်လျှင် ရုပ်နာမ်သင်္ခါရတို့ ဖြစ်ကြတော့မည်မဟုတ်” စသည်ဖြင့် ရူမှတ်ဆင်ခြင်သည့်အခါ ရုပ်နာမ်တို့၏ ဖြစ်မူ ပျက်မူ သဘောလက္ခဏာသည် လွန်စွာ ထင်မြင်လာမည် ဖြစ်ပါသည်။

ထို့နောက် ရေကို တုတ်ဖြင့်ရေးခြစ်သောအခါ ရှေ့ကခြစ်၊ နောက်က ပျက်သကဲ့သို့လည်းကောင်း၊ မိုးရွာသွန်းသောအခါ ရေအိုင်ထဲတွင် ပူပေါင်း(ရေပွက်)ကလေးများဖြစ်ပြီး ချက်ချင်း ပျောက်ပျက်သွားသကဲ့သို့ လည်းကောင်း ရုပ်နာမ်တရားတို့သည် ခုဖြစ် ခုပျောက်ပျက်သွားသကဲ့သို့ လည်းကောင်း ရုပ်နာမ်တရားတို့သည် ခုဖြစ် ခုပျက်ပါတကားဟု ရူမြင်သောအခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာလေသည်။

(၃) ဘင်္ဂဉာဏ်
ရုပ်နာမ်တရားတို့၏ ဖြစ်မူကို မမြင်တော့ဘဲ ပျက်မူကိုသာ ရူမြင်သောဉာဏ်ကို ဘင်္ဂဉာဏ်ဟုခေါ်သည်၊ ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်နှစ်မျိုးလုံးကို ဥဒယဗ္ဗယဉာဏ်ဖြင့် ရူမှတ်ဖန်များလာသောအခါ ဖြစ်မူ ပျက်မူတို့သည် လျင်မြန်လွန်းလှသဖြင့် ဖြစ်မူကို မရူမိတော့ဘဲ ပျက်မူကိုသာ ရူမြင်နေလေတော့သည်၊ ဥပမာ - မိုးရွာသွန်းနေစဉ် ရေအိုင်ထဲ၌ ပူပေါင်း(ရေပွက်) ကလေးများကို ကြည့်ရူသောအခါ ဖြစ်သည်နှင့် မရှေးမနှောင်းမှာပင် ပျောက်ပျက်သွားသဖြင့် အဖြစ်ကို မမြင်ရတော့ဘဲ အပျက်ကိုချည်း မြင်ရသကဲ့သို့ ဖြစ်သည်။

(၄) ဘယဉာဏ်
ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ်ရာ ဘေးအဖြစ် ရူမြင်တတ်သော ဉာဏ်ကို ဘယဉာဏ်ဟုခေါ်သည်၊ ကြောက်ရွံ့ထိတ်လန့်တတ်သူသည် ခြင်္သေ့ သစ်ကျား သားရဲတိရစ္ဆာန် ပေါများသော တောတောင်အရပ်ဒေသကို မြင်တွေ့ရသောအခါ ဤအရပ်ကား ကြောက်စရာ အရပ်ဒေသတည်းဟု မှတ်ယူ၏။ ထို့အတူ ရုပ်နာမ်တရားတို့၏ ပျက်ပြီးရင်း ပျက်နေသည်ကို ဘင်္ဂဉာဏ်ဖြင့် ရူမြင်ပြီးသည့်အတွက် ဤရုပ်နာမ်တရားတို့သည် ရှေးရှေးဘ၀များစွာ၌လည်း ပျက်ခဲ့ပေါင်းများလှပြီ၊ ယခုဘ၀၌လည်း ပျက်ပြီးရင်းပျက်၊ နောင်အနာဂတ်ဘ၀၌လည်း ဧကန်မုချ ပျက်ရလိမ့်ဦးမည်၊ ထို့ကြောင့် ဤရုပ်နာမ် တို့သည် ကြောက်စရာတို့ပါတကားဟု ဉာဏ်၌ ထင်မြင်လာသည်၊ ဤသည်ကိုပင် ဘယဉာဏ်ဖြစ်ပေါ်သည်ဟု ဆိုသည်။

(၅) အာဒီန၀ဉာဏ် (၆) နိဗ္ဗိဒါဉာဏ် (၇) မုစ္စိတုကမျတာဉာဏ်
ဘယဉာဏ်ဖြင့် ရုပ်နာမ်တို့ကို ကြောက်မက်ဖွယ် ဘေးကြီးပါတကားဟု ရူမြင်ပြီးနောက် ထိုရုပ်နာမ်သင်္ခါရတို့အပေါ် သာယာနှစ်သက်ဖွယ်အဖြစ် မမြင်တော့ဘဲ အပြစ်မြင်သော ဉာဏ်ကို အာဒီန၀ဉာဏ်ဟုခေါ်သည်။

ထို့နောက် အပြစ်မြင်ထားပြီးသော ရုပ်နာမ်သင်္ခါရတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရူမြင်သောဉာဏ်ပေါ်လာ၏၊ ထိုဉာဏ်ကို နိဗ္ဗိဒါဉာဏ်ဟုခေါ်၏၊

ယင်းသို့ ငြီးငွေ့လာပြီးနောက် ရုပ်နာမ်သင်္ခါရတို့မှ လွတ်လိုသော ဉာဏ်ဖြစ်လာ၏၊ ထိုဉာဏ်ကို မုစ္စိတုကမျတာဉာဏ်ဟု ခေါ်သည်။

ဘယဉာဏ်ဖြစ်ပေါ်ပြီးနောက် ရုပ်နာမ်သင်္ခါရတို့အပေါ်၌ အပြစ်မြင်မူ(အာဒီန၀ဉာဏ်)၊ အပြစ်မြင်လာလျှင် ထိုရုပ်နာမ်တို့အပေါ်၌ ငြီးငွေ့မူ(နိဗ္ဗိဒါဉာဏ်)၊ ထိုသို့ငြီးငွေ့လာလျှင် ပိုက်ကွန်တွင် မိနေသော ငါးသည် ပိုက်ကွန်မှ လွတ်မြောက်လိုသကဲ့သို့ ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုမူ (မုစ္စိတုကမျတာဉာဏ်)တို့ အဆင့်ဆင့် ဖြစ်ပေါ်လာမည်ဖြစ်သည်။

(၈) ပဋိသင်္ခါဉာဏ်
ရုပ်နာမ်သင်္ခါရတို့အပေါ်၌ အနိစ၊္စ ဒုက္ခ၊ အနတ္တ ဟု ထပ်မံ၍ ရူမြင် သုံးသပ်သော ဉာဏ်ကို ပဋိင်္သခါဉာဏ်ဟု ခေါ်သည်၊ ရှေ့မုစ္စိတုကမျတာဉာဏ် ဖြစ်ရုံမျှဖြင့် ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်သေးသည် မဟုတ်၊ လွတ်မြောက်လိုရုံမျှသာ ရှိသေး၏၊ ဤပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟု တစ်ဖန်ထပ်၍ ရူရသေးသည်။

(၉) သင်္ခါရုပေက္ခာဉာဏ်
ပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတရားတို့ကို ထပ်မံရူပြီးနောက် ထိုရုပ်နာမ်သင်္ခါရတို့၌ လျစ်လျူရူနိုင်သော ဉာဏ်ကို သင်္ခါရုပေက္ခာဉာဏ်ဟုခေါ်သည်၊ ဤ၌ လျစ်လျူရူခြင်းဆိုသည်မှာ ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုဘဲနေခြင်းမျိုးမဟုတ်၊ ထိုရုပ်နာမ်သင်္ခါရတို့အပေါ်၌ သာယာနှစ်သက်ဖွယ်၊ ကြောက်ရွံ့ဖွယ်ဟု မမြင်တော့ဘဲ အနိစ္စ ဒုက္ခ အနတ္တ ဟုသာ ရူမြင်ဆင်ခြင်နေခြင်း ဖြစ်သည်။

(၁၀) အနုလောမဉာဏ်
သင်္ခါရုပေက္ခာဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့အပေါ်၌ လျစ်လျူရူ၍ အနိစ္စ ဒုက္ခ အနတ္တဟု ရူဆင်ခြင်ဖန်များလာသောအခါ ရုပ်နာမ်သင်္ခါရတို့မှ လွတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွတ်လျက် ရှာဖွေနေတော့၏။ ထိုသို့ နိဗ္ဗာန်ကို ရှာဖွေရင်း ရုပ်နာမ်သင်္ခါရတို့ကို အာရုံပြုနေရသေးသည်၊ နိဗ္ဗာန်ကို မမြင်သေးမျှ သင်္ခါရတို့ကိုပင် ဆက်လက် အာရုံပြုနေရသည်၊ နိဗ္ဗာန်ကို မြင်ကာနီးအချိန်တွင်မူ ပရိကံ ဥပစာ အနုလုံဟု အနုလောမဉာဏ်ပေါ်လာသည်၊ ထို့နောက် နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘုစိတ်ဖြစ်ပေါ်ကာ မဂ်ဖိုလ်အထိ ဆိုက်ရောက်လေတော့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။