တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Wednesday, July 31, 2013

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း

                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။
                         အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

                                 53 KB သာရှိတဲ့ Latest CookieSwap Add-on ကို Firefox Browswer တွင် အသုံးပြုရန် ဤနေရာတွင် Download ရယူပါ။ Latest CookieSwap Add-on ကို Firefox Browser Version 4 မှ နောက်ဆုံးထွက် Version 9 ထိအောင်အသုံးပြုနိုင်ပါတယ်။
                     Firefox 1.5 မှ 3.6 ထိ Version များအတွက် ဤနေရာတွင် ရယူပါ။ ပြီးနောက် Install ပြုလုပ်၍ လက်ရှိအသုံးပြုနေသော Firefox Browser ကို Restart (ပိတ်ပြီးပြန်ဖွင့်) ပေးရပါမယ်။
       Firefox Browser ပြန်တက်လာသောအချိန်တွင် Browser Window ၏အောက်ခြေရှိ Add-on Bar ၏ညာဘက်စွန်းတွင် CookieSwap icon သင်္ကေတကိုမြင်ရပါလိမ့်မယ်။ လိုအပ်သည့် Setting များကို ချိန်ညှိုပေးနိုင်ရန် ၎င်းသင်္ကေတပေါ်တွင် Click တစ်ချက်နှိပ်ပေးပြီး Options ကိုရွေးပါ။ အောက်တွင်ပြထားသကဲ့သို့ CookieSwap Control Panel Window တက်လာပါလိမ့်မယ်။
                              ၎င်းနောက် Options Tab အောက်ရှိ၊ After switching to a new profile: Menu တွင် Don't reload any pages ကို Click နှိပ်၍ Select လုပ်ပေးပါ။ Default Setting အတိုင်းပါရှိသော Reload the current page နေရာတွင် Select လုပ်ထားပါက နောက်ပိုင်းတွင် Profile Account တစ်ခုကို ချိန်တိုင်း လက်ရှိ Web Page က Automatic Reload ပြုလုပ်သည့်အတွက် အချိန်ကြာမြင့်နိုင်သလို၊ လက်ရှိအသုံးပြုနေသည့် Account ကိုလည်း Sign Out ဖြစ်သွားနိုင်ပါတယ်။
                    ပြီးနောက် Status bar options: အောက်ရှိ Delay display of CookieSwap menu on left-click ကို Select လုပ်ပေးပါ။ အသုံးပြုချိန်တွင် Double Click လုပ်ပြီး အခြား Profile Account တစ်ခုကို ပြောင်းချိန်မှာ ပိုမို အဆင်ပြေနိုင်ရန်ဖြစ်ပါတယ်။
                             ထို့နောက် Manage Profiles Tab ကိုပြောင်းပါ။ လက်ရှိ အသုံးပြုနေသော Account Profile ၏နောက်တွင် (active) ဟူ၍ပေါ်နေမည်ဖြစ်ပြီး၊ အမည်ပြောင်းလဲ သတ်မှတ်လိုပါက Rename ကို နှိပ်၍ မိမိနှစ်သက်ရာ နာမည်ကို ရေးခါ Ok ကိုနှိပ်ပါ။ ထို့နောက် CookieSwap Control Panel မှ OK ကိုနှိပ်ပါ။
                        CookieSwap ကိုအသုံးပြု၍ လက်ရှိအသုံးပြုနေသော Site များကို အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။ လက်ရှိအသုံးပြုနေသော Account များမှ User Name များနှင့် Password များသည် လက်ရှိ Active ဖြစ်နေသော Profile တွင် Save ပြုလုပ်ထားမည်ဖြစ်ပြီး၊ ၎င်းအကောင့်များကို အသုံးပြုလိုသည့်အခါတိုင်း ယခု Profile ကို Add-on Bar မှ CookieSwap Icon ကို Click နှိပ်ခါ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

                            နောက်အကောင့်တစ်ခုကို အသုံးပြု၍ Sign In ပြုလုပ်နိုင်ရန် Firefox Browser မှ New Tab Button ကို Click နှိပ်ပါ။ Add-on Bar မှ CookieSwap Icon ပေါ်တွင် Click နှိပ်၍ အထက်တွင် အသုံးပြုခဲ့သော Profile မဟုတ်သည့် အခြား Profile တစ်ခု (ဥပမာ- Profile 2) ကိုရွေးပါ။ ထို့နောက် အသုံးပြုလိုသည့် Site သို့သွား၍ User Name နှင့် Password များကို ထည့်ခါ Sign In ပြုလုပ်ပါ။
                  မိမိအသုံးပြုနေသော Browser ၏ Password Manager မှာ Activate ဖြစ်နေရန်လိုအပ်ပါတယ်။ သို့မဟုတ် Remember Password ကို Tick လုပ်ပေးပြီးမှ Sign In ဝင်ပါ။  Browser တစ်ခုမှနေ၍ အကောင့် ၂ ခုကိုတပြိုင်တည်း အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။
                      ၂ ခုထက်ပို၍ အသုံးပြုလိုပါကလည်း၊ အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်း CookieSwap မှ Profile အသစ်တစ်ခုကို ရွေးချယ်ခါ Sign In လုပ်ပေးခြင်းဖြင့် အသုံးပြုနိုင် ပါတယ်။ မိမိသတ်မှတ်ထားသော Account များနှင့် CookieSwap Profile ကိုတွဲ၍ မှတ်ထားပါ။
                  Account နောက်တစ်ခုကိုအသုံးပြုလိုတိုင်း Firefox Broswr မှ New Tab ကို Click နှိပ်ခါ သတ်မှတ်ထားသော CookieSwap Profile ကိုရွေးချယ် ပေးခြင်းဖြင့် အခြား Account တစ်ခုကို အဆင်ပြေလွယ်ကူစွာ တပြိုင်နက်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။


မှတ်ချက်။    ။Public Internet ဆိုင်ကဲ့သို့သော နေရာများတွင် Cookie Swap ကိုအသုံးပြုပြီးလျှင် မိမိအသုံးပြုထားသော User Name များ၊ Password များကို ပြန်လည်ရှင်းလင်းခဲ့ရန် လိုအပ်ပါမယ်။ Add-on Bar မှ CookieSwap Icon ကို Click နှိပ်ပြီး၊ Remove Cookies (all profiles) ကိုရွေးချယ်ခါ မိမိအသုံးပြုခဲ့သော User Name များ၊ Password များကို ဖယ်ရှား နိုင်ခဲ့မှာဖြစ်ပါတယ်။ 

စာရိုက်တာ မြန်ဆန် မှန်ကန်စေရန်(keyboard tutorial and test)

ကျွှန်တော်တို့တွေ Keyboard ပေါ်မှာ အင်္ဂလိပ်စာလက်ကွက်ကို မှန်မှန်ကန်ကန် နဲ့ မြန်ဆန်ပီး keyboard ကိုမကြည့်ပဲရိုက်နိုင်တဲ့ တကယ့် professional တယောက်လိုဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ Free online typing ဆိုဒ်လေးတခုကို ဖော်ပြလိုက်ပါတယ်၊ အရမ်းမိုက်ပါတယ်။ Keyboard ပေါ်မှာ လက်ကိုမရွေ့စေပဲ့ ဘယ်စာလုံးကို ဘယ်လက်ချောင်လေးတွေနဲ့ ရိုက်ရမလဲဆိုတာကိုပါ ဖော်ပြထားပါတယ်၊ ဘယ်လက်နဲ့ပဲရိုက်ရိုက် ရိုက်လို့တော့ရပါတယ်၊ ဒါပေမဲ့လဲ မြန်မြန်နဲ့ ကြည့်ကောင်းအောင် keyboard ကိုတည်ထွင်ထားတဲ့သူကိုယ်က ခုလိုလေးလက်ကွက်ရိုက်အောင် လုပ်ထားတာပါ၊ အောက်မှာ ပုံလေးတွေနဲ့ကျွှန်တော် ပြထားပါ တယ်၊ လေ့ကျင့်ချင်တဲ့ သူများကအောက်ကလင့်လေးမှာသွားလိုက်ပါ၊
အောက်ကစာမျက်နှာမှာ LESSONS,MY TEXT နဲ့ BBC NEWSလို့တွေပါမယ်၊ LESSONS ကိုကလစ်လိုက်ပါ။
အောက်မှာလေ့ကျင့်ခမ်းတွေပါ
တခုေ၇ွးလိုက်ပါ။ အောက်မှာ 1 က ကိုယ်ရိုက်တာမှန်ရင် NICE လို့ဖော်ပြနေမှာပါ၊ 2 ကစာတွေကိုကြည့်ပီးရိုက်ရမှာဖြစ်ပါတယ်၊ (Keyboard ကိုမကြည့်ပဲလေ့ကျင့်ပါ၊) လက်နှစ်ဖက်လုံးက Keyboard ပေါ်မှာတင်ထားရမှာဖြစ်ပီး F နဲ့ J ကို ဘယ်လက် F ညာလက် J ကို၇ိုက်၇မှာပါ၊ 3 နေရာကတော့ ကိုယ်ရိုက်နေတဲ့ Results ဖြစ်ပါတယ်၊ကိုယ်ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သလဲဆိုတာ ပြပေးမှာပါ၊
ကိုယ်ရိုက်တာမှားရင် အောက်ကလိုပြပါတယ်၊ အဲလိုပဲ LESSONS တွေကိုလေ့ကျင့်ပီး ကျွမ်းကျင်သွားပီးဆိုရင် My text ကိုသွာျးနိုင်ပါတယ်၊
အောက်က My text ပါ၊ကိုယ်ရေးချင်တာရေးပီး စမ်းနိုင်ပါတယ်၊
ဒါတွေ ကောင်းကောင်းလုပ်နိုင်ပီးဆိုရင်တော့ BBC NEWS ကိုလေ့ကျင့်နိုင်ပါပီ၊
အားလုံး အဆင်ပြေပါစေဗျာ...

How To Remove Unwanted People (Photoshop သင်ခန်းစာ)

                                                      မပြုပြင်မီပုံ
အခုကျွန်တော် Photoshop နဲ့ပတ်သက်တဲ့နည်းပညာလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါသေးတယ်။
ဒါကဘာလဲဆိုတော့ ကိုယ့်ရဲ့ကောင်မလေးနဲ့လားဒါမှမဟုတ်ကောင်းလေးနဲ့လား ? အလယ်သွားရာမှ
ကန့်လန့်ပါနေတဲ့ အလိုက်မသိတဲ့ ဘော်ဘော်တစ်ချို့ကိုအခုပြမဲ့နည်းလေးနဲ့ဖျောက်ပြစ်လိုက်မယ်။
ပုံသေးလို့မမြင်ရရင် ပုံကိုတစ်ချက်ကလစ်လိုက်ပါ။
                                                       ဒါကတော့ပြုပြင်ပြီးပုံ
စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်.....အရမ်းလွယ်ပါတယ်။
ပုံ 1 ။။ နံပါတ်တွေကိုတဆင့်ချင်းပြောပြသွားပါမယ်။သေချာအရင်ကြည့်ပေးပါ။
နံပါတ် ၁ ။ New Layer ယူဖို့အတွက် ပြထားတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ။
နံပါတ် ၂ ။ Clone Stamp tool (s)ကိုယူလိုက်ပါမယ်။
နံပါတ် ၃ ။ ပြထားတဲ့နေရာမှာ All Layers ကိုယူပါမယ်။
နံပါတ် ၄ ။ ပြထားတဲ့နေရာမှာ ရာခိုင်နှုန်း 80 လောက်ပဲထားလိုက်ပါ။ 2ခုလုံးနော်။ရှေ့ကဟာာပါ။
နံပါတ် ၅ ။ အပေါ်ကအဆင့်တွေပြီးပြီဆိုရင် အခုပြထားတဲ့နေရာမှာ ကီးဘုတ်ကနေ Alt ကို
တစ်ချက်နှိပ်လိုက်ပါ။အ၀ိုင်းလေးကိုလည်း သိပ်မကြီးစေနဲ့နော်။အိုကေနောက်အဆင့်တွေဆက်သွားမယ်။
ပုံ2 ။။ နံပါတ် ၁ ပြထားတဲ့အ၀ိုင်းအနေအထားလောက်ပဲထားပါ။နဲနဲလောက်ဖြတ်ကြည့်လိုက်ပါ။
နံပါတ် ၂ ပြထားတဲ့နေရာမှ + လေးကျန်နေခဲ့တာတွေရပါမယ်။မမြင်ရရင်ပုံကိုနှိပ်ပြီးကြည့်ပါ။
ဆိုလိုချင်တာက ဒီ + နေရာကအကွက်လေးကို ကိုယ်ဖျတ်လိုက်တဲ့နေရာမှာအစားထိုးလိုက်တာပဲ။
ပုံ 3 ။။ ပြထားတဲ့အတိုင်း ပုံကိုဖျတ်ရာမှာ ဟိုတစ်ကွက်ဒီတစ်ကွက်မဖျတ်ပါနဲ့။ဘာကြောင့်လဲဆိုတော့
မလှဘူးအကွက်တွေထပ်နေမယ်။ ဒါကြောင့် မျှားပြထားတဲ့အတိုင်း မောက်စ့်ကိုဖိပြီး ဟိုဘက်ဒီဘက်
ဘေးတိုက်တစ်ပြေးညီဖျတ်ပါ။

ပုံ 4 ။။ ခေါင်းဖျတ်တဲ့နေရမှာတော့အလွန်အကျွံဆွဲမဖျတ်ပါနဲ့။ သူ့ခေါင်းဧရိယာလောက်သာ
ဖြေးဖြေးချင်းဖျတ်ပါ။
ပုံ 5 ။။ ပုံဖြတ်ပြီးရင်လည်းသေချာကြည့်အုန်း။ အရိပ်ကလေးကျန်နေသေးတယ်။ဒီလိုအလိုက်ကန်း
မသိတဲ့ဘော်ဘော်ကိုအရိပ်တောင်မထားနဲ့....ဖျတ်....
                   အားလုံးပြီးသွားပြီဆိုရင် အောက်ကပုံလေးအတိုင်းပေါ့နော်။
           အားလုံးပဲနည်းပညာတိုးတက်ကြပါစေ။

How to make Face Zombie !!!!(ဖိုတိုရှော့စ်သင်ခန်းစာ)

                                       ဒါကတော့ ပြုပြင်ပြီးပုံပါ။
                                         ဒါကတော့ မပြုပြင်မီပုံပါ။
                                    ဒါကတော့မျက်နှာမှာအစားထိုးဖို့မရှိရင်ဒီမှာယူလိုက်
 ပုံကိုမမြင်ရရင် ပုံပေါ်နှိပ်ပြီးကြည့်ပါ။
 သူငယ်ချင်းတို့ကို ဒီတစ်ခါစိတ်ဝင်စားစရာ ဖိုတိုရှော့စ်နည်းပညာလေးတစ်ခုနဲ့မိတ်ဆက်
ပေးချင်ပါတယ်။ အခုချိန်ကလဲ ဗီဒီယိုကားဆိုရင် zombie | ဂိမ်းဆိုရင် zombie ဂိမ်းမှ
ကျွန်တော်သိသလောက်လေး ဓါတ်ပုံကို zombie လုပ်ကြည့်တာပေါ့။
သူငယ်ချင်းတို့စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်။

ပုံ 1။။ပထမဆုံးကိုယ်ပြုလုပ်မယ့် မျက်နှာပုံအရင်ယူလိုက်ပါ။ပြီးရင် မျက်နှာပေါ်မှာဒဏ်ရာလုပ်ဖို့
ပုံတစ်ပုံကို google မှာရှာလိုက်ပါ။ဒါမှမဟုတ်ရင်လည်း အပေါ်ကပုံကို ယူလိုက်ပါ။
 နံပါတ် ၁ ပြထားတဲ့အတိုင်း Lasso tool ကိုယူလိုက်ပါ။နံပါတ် ၂ ပြထားတဲ့အတိုင်း လိုသလောက်လေး
မောက်စ် ကိုဖိပြီး ၀ိုက်ယူလိုက်ပါ။

ပုံ2။။ ပုံကိုလိုသလောက် ၀ိုက်ယူပြီးသွားပြီဆိုရင် Select ကနေ Modify ပြီးရင် Feather ကိုယူလိုက်ပါ။

ပုံ 3။။ ပေါ်လာတဲ့ဘောက်ကနေ သှူုရဲ့တန်ဖိုးကို 20 ထားလိုက်ပါ။

ပုံ 4 ။။ ပြီးသွား၇င် ခုနက Lasso tool နဲ့ဖြတ်ထားတဲ့ပေါ်မှ Ctrl+C နှိပ်ပြီးကော်ပီလုပ်ပါ။
ပြီးရင် မျက်နှာပေါ်မှာ Ctrl + V နှိပ်ပြီး ပိတ်လုပ်လိုက်ပါ။ပြီးရင် Move tool လေးကိုယူပါ။
ခုနကကော်ပီ ယူလာတဲ့ဟာမှာခေးထောင်ဘောင်အကွက်ပေါ်လာပါမယ်။ တကယ်လိုသူငယ်ချင်းတို့
ရဲ့ဖိုတိုရှော့စ်မှာပေါ်မလာဘူးဆိုရင် အပေါ်ဘာတန်းလေးမှာ Auto ဆိုတဲ့အရှေ့မှာအမှန်ချစ်လေး
ထည့်လိုက်ပါ။ပြီးတော့သူ့နောက်မှာရှိတဲ့ Show ဆိုတဲ့အကွက်မှာရောထည့်လိုက်ပါ။ ရပြီဆိုရင်
လက်ပြထားတဲ့ထောင့်လေးကို မောက်စ်လေးကိုဖိပြီး လိုသလိုအကြီးအသေးချိန်လိုက်ပါ။
မောက်စ် မဖိခင်အရင်ဆုံး ကီးဘုတ်ကနေ Shift ကီးကိုဖိထားဖို့လိုပါတယ်။ဒါမှအချိုးစားညီမှာပါ။
လွှတ်ရင်လည်း မောက်စ် ကိုအရင်လွှတ်ပါ။ အိုကေ...ဆက်သွားမယ်။

ပုံ 5 ။။နေရာချထားပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Image ကနေ Adjustments ပြီးရင်
နံပါတ် ၂ ပြထားတဲ့အတိုင်း Color Balance ကိုယူလိုက်ပါ။

ပုံ 6 ။။ဒီလိုဘောက်လေးကျလာပါမယ်။ အဲ့ဒီမှာ ပုံမှာပြထားတဲ့အတိုင်း -19 +16 +1 ထားလိုက်ပါ။
ပြီးရင်အိုကေနော်။

ပုံ 7။ ။ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Image ကနေ နံပါတ် ၂ ပြထားတဲ့အတိုင်း
Brightness/Contrast ကိုယူလိုက်ပါ။

ပုံ 8။။ ကျလာတဲ့ဘောက်ကနေ -32 -13 လောက်ထားလိုက်ပါ။မမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ။

ပုံ 9 ။။ ဒီအဆင့်တွေပြီးသွားရင် အပေါ်ကအဆင့်တွေအတိုင်းပဲ နောက်ထပ် ဒဏ်ရာပုံထဲကနေ
မိမိအဆင်ပြေမယ်ထင်တဲ့နေရာလေးတွေကို ဖျတ်ယူပြီး ခုနအဆင့်တွေအတိုင်းပဲ ယူယူပြီး
ထားသွားလိုက်ပါ။ ပုံ 1 ကနေ 8 ထိအတိုင်းပဲနော်။ 1 ခုချင်းလိုက်ပြနေရင်ပုံတွေများသွားလိမ့်မယ်။

ပုံ 10။။ ရပြီဆိုရင်ဒီအဆင့်မှာ မျက်လုံးကိုကာလာပြောင်းပါမယ်။နံပါတ် ၁ ပြထားတဲ့အတိုင်း
Brush tool ကိုယူလိုက်ပါ။ ပြီးရင် နံပါတ် ၂ ပြထားတဲ့အတိုင်း ကာလာနေရာမှ အ၀ါရောင်လေး
ယူလိုက်ပါ။ နံပါတ် ၃ ပြထားတဲ့အတိုင်း သူ့ရဲ့အရောင်တန်ဖိုးကို 2ခုလုံးနော် 40%လောက်ထားပါ။
ပြီးရင်မျက်လုံးထဲက မျက်စံအမည်းဝိုင်းလေးကိုပဲ အ၀ါရောင်ချယ်ပေးလိုက်ပါ။

ပုံ 11။။ဒီအဆင့်မှာတော့ လက်ပြထားတဲ့ Layer တွေကို တစ်ခုချင်းကီးဘုတ်ကနေ Shift ကီး
နှိပ်ပြီး တစ်ကွက်ချင်းအကုန်လိုက်နှိပ်ပေးပါ။

ပုံ 12။။ အကုန်လုံး ပြီးသွးပြီဆိုရင် အဲ့ဒီ့ပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ပေါ်လာတဲ့ဘောက်ကနေ
လက်ပြထားတဲ့နေရာ Duplicate Layer ကိုနှိပ်လိုက်ပါ။

ပုံ 13 ။။ အဲ့ဒီမှာ အကွက်တွေနောက်ထပ်တိုးလာပါမယ်။တိုးလာတဲ့အကွက်တွေထဲမှာ
Background copy ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

ပုံ 14 ။။ပြီးရင် Image ကနေ Adjustments ပြီးရင် Hue/Saturation ကိုနှိပ်လိုက်ပါ။

ပုံ 15။။ ပေါ်လာတဲ့ဘောက်ကနေ အရင်ဆုံးလက်ပြထားတဲ့နေရာမှ Colorize ကို
အမှန်ချစ်ပေးလိုက်ပါ။ပြီးရင် တန်းဖိုးကို 82  15  -1  ထားလိုက်ပါ။ကိုယ်ကြိုက်သလို
ချိန်ကြည့်ပေါ့နော်။ ဘယ်လိုကာလာလေးဆိုရင်ဒီဇိုင်းပိုလှမလဲပေါ့။

ပုံ 16 ။။ အားလုံးပြီးသွားရင် Save as လုပ်လိုက်ရုံပါပဲ။
                                             အားလုံးအဆင်ပြေကြပါစေ။
                       ဖိုတိုရှော့စ်နဲ့ပတ်သက်တဲ့သင်ခန်းစာများကို ဖိုတိုရှော့စ်သင်ခန်းစာများ
        ဆိုတဲ့ခေါင်းစဉ်ထဲမှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

ဘလော့မှာ Mp3 Player ထဲ့ နည်း




ဘလော့ထဲမှာ Mp3 နားထောင်လို့  ရတာ ကောင်းတယ်လို့ ဆိုလို့ ရ
တယ် ဘာလို့ လည်း ဆိုတော့ စာဖတ်တဲ့  ပရိတ်သတ်တွေက တစ်
ချို့  ကြတော့ စာဖတ်ရင်း သီချင်း နားထောင်တတ်တယ် အချို့ ကြ
တော့ စာဖတ် ရင် သီချင်းနားထောင်တာ မကြိုက်ဘုး အားရုံလွဲ
သလိုဖြစ်တတ်တယ် အဲ့ တာကြောင့်သီချင်းထဲ့ မယ်ဆို အော်တို
မလာခိုင်းတာ ပိုကောင်းပါတယ် လေရှည်နေတာ လုပ်ငန်းစပါစို့ 
(1) Mp3 Player ဆိုဒ်ကိုသွားရမယ် ဒီမှာ   နှိပ်ပြီးသွားလိုက်ပါ
(2)  facebook နဲ့ ဝင်လို့ ရပါတယ် .... 
                   ပုံမှာပြထားသလိုnew playlist နှိပ်လိုက်ပါ
အပေါ်က ပုံအတိုင်းထွက်လာပါလိမ့်မယ်  ပြီးရင် Youtube မှာလင့်သွားယူရပါမယ် ကြိုက်တဲ့ သီချင်းကိုဖွင့်လိုက်ပါ ပြီးလျှင်ပုံမှာ
ပြထားတဲ့ တိုင်း လင့်ကို copy လုပ်ပါ
 ပြီးရင်တော့ ကော်ပီ လုပ်ထားတဲ့  လင့်ကို အောက်ပုံမှာ ပြထားတဲ့ 
တိုင်း Paste ချလိုက်ပါ
အောက်ပုံများပြထားတဲ့ တိုင်း  ထွက်လာပါလိမ့်မယ် တစ်ခုပြော
ချင်တာက မြန်မာစာ မထွက်ပါဘူး  + ပုံလေးကိုနှိပ်လိုက်ပါ အဲ့ လို
ပဲဆက်ပြီးတော့ သီချင်းတွေကို ရှာပြီး  ထဲ့ လိုက်ပါ
အောက်က ပုံထဲကလို မင်းတစ်ယောက်တည်း-ဟဲလေး အဲ့ မျိုး
တွေ ပါလိမ့်မယ် ဒါတော့ ကျတော် ထဲ့ ထားတာလေးပါ
            ကိုယ်ပြင်ချင်တာရှိရင်   Edit tracks ကိုနှိပ်လိုက်ပါ    
  အောက်ကပုံမှာကြည့်လိုက်ပါ နာမည်ပြောင်းမလား အပုံပြောင်းမလား
အစုံလုပ်လို့ ရပါတယ် စိတ်ကြိုက်ပြင်ပြီးရင်တော့ Done ပေါ့ဗျာ
ပြီးရင် Next ကိုနှိပ်လိုက်ပါ
ကြိုက်တဲ့  ဒီဇိုင်း ရွေးလို့ ရတယ်  အရောင် ကာလာ ဆိုဒ် စာလုံးအရောင် အစုံလုပ်လို့ ရတယ်
ပြီးရင်တော့ ပုံမှာပြထားတဲ့ တိုင်း Finish ပေါ့
ပြီး ရင်ဒီနေရာရောက်သွားမယ် Embed ကိုနှိပ်လိုက်ပါ
အောက်က ပုံတိုင်းထပ်ထွက်လာပါလိမ့်မယ်  Use Free ကိုနှိပ်လိုက်
အောက်ကပုံထဲကတိုင်း ထွက်လာမယ် ကုဒ်တွေကို ကော်ပီလုပ်
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက် လေးထဲမှာဘဲ ထဲ့ပေးလိုက်ပါ  ပြီးရင် Save အဆင်ပြေပါစေ။
နောက်ထပ်ဘာတွေလုပ်လို့ ရလည်း ဆိုဆက်လေ့လာလို့ လည်း
ရပါတယ် ဓာတ်ပုံစလိုက် ရှိုး အခြားဟာများလည်း အောက်ပုံမှာ
ပါသည့်တိုင်း လေ့လာကြည့်ကြပါဦး
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb 

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
/span> မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 ဘလော့ခရီးသည်