တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label မိန်းကလေးများအတွက်. Show all posts
Showing posts with label မိန်းကလေးများအတွက်. Show all posts

Thursday, May 2, 2013

မိန်းကလေးတိုင်းဖတ်သင့်တဲ့ စကားလက်ဆောင် ၂၉ ခွန်း


(၁)      ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင်
           ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို
           သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။

(၂)      လူတစ်ယောက်ရဲ့အကြီးဆုံးချွတ်ယွင်းချက်ကတစ်ကိုယ်ကောင်းဆန်တာ၊ရိုင်းစိုင်းတာ၊
           မ တည်တံ့တာ မဟုတ်ဘူး ။ ကိုယ့်ကို မချစ်တဲ့လူ တစ် ယောက် ကို ခေါင်းမာ မာ နဲ့
           ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃)      သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
          သင့်လက်ရှိ အနေ အထား ဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ
           ရှိနိုင်တယ်။

(၄)    ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ်
         ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့တကယ့်
         အလှဆုံးတွေဖြစ်တယ်။

(၅)   သင့်ကို ဘာကြောင့် ထိ ခိုက် စေ ခဲ့ သ လဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် မေးပါရစေ….
           စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို  သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆)    ပါး စပ်နဲ့ပြောပြနိုင်တဲ့ သော က တွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို
         ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇)   အချိန် တိုက် စား မ သွားနိုင်တဲ့ ရင်ထဲကဒဏ်ရာပါးပါးတချို့ဟာလည်းပျော်ရွှင်ခြင်းတွေ
        ဖြစ်တယ်။

(၈ )    တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ ဖြစ်တယ်။
         တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူခွဲမထွက်သွားချင်လို့ ဖြစ်တယ်။
         တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူအလေးမထားတော့လို့
         ဖြစ်တယ်။

(၉)    သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ
        မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူမချစ်မိ
         နိုင်ဘူး။

(၁ဝ)    တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။
          ကိစ္စ လေး တစ်ခုကို မေ့ တာနဲ့ သင့်ကို သူ မချစ်တော့ တာ မဟုတ်ဘူး။ သင့် အတွေးနဲ့
           သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁)   မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့်
         ယောက်ျားတွေက မဟုတ်ဘူး။

(၁၂)   သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကိုမပြောင်းလဲနိုင်ဘူး။
          သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃)    လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့  လူတွေဟာ
           လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄)    လောကမှာယောက်ျားကောင်းတွေတစ်ယောက်မှမရှိဘူးလို့မဆိုနဲ့။သင့်ကိုနာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို
          အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းကသင့်ကိုပိုလှပ
          စေပါလိမ့်မယ်။

(၁၅)     သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့သွားဂရုမစိုက်နဲ့။
            ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆)   ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာသင့်ကို နောင်တရစေလိမ့်မယ်။

(၁၇)    သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင်ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး
          မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈)   ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင်လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉)   မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲထိခိုက်နာကျင်ရပါစေဘယ်လောက်ပဲ
         ဝမ်းနည်းကြေကွဲရပါစေ။ခံစားနိုင်တယ်၊ ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုမချစ်လေတခြားသူက
         သင့်ကိုမချစ်လေ ဖြစ်တယ်။

(၂ဝ)    ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော်များများတွေကကံစီမံရာဖြစ်တယ်။
          အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့မကြိုးစားနဲ့။

(၂၁)   ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့သူဟာ သင့်အတွက်
         မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂)  ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ရည်မွန်အောင်ဟန်မဆောင်ပါနဲ့။
        ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃)   ကိုယ့် အား ကိုယ်ကိုး နိုင်အောင် အမြဲလုပ်ပါ။ ငွေကြေး အ ရာ မှာ ဖြစ် ဖြစ်၊ အ ချစ်ရေးမှာဖြစ်ဖြစ်
          ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄)   သင့်မှာချစ်သူများကြောင်း၊ယောက်ျားလေးသူငယ်ချင်းများကြောင်းလူတွေကိုကြွားဝါ၊ပြသဖို့မကြိုးစားနဲ့။
          ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကိုအထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆)   ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့
        မခန့်မှန်းနိုင်ဘူး။ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကိုသူထိန်းချုပ်နိုင်
         မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇)   ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက်ပိုလှပတယ်။ တကယ်လို့
          သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့်လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်
           နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈)    မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉)   အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။
          မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်

Thursday, April 25, 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ



၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

Sunday, April 21, 2013

မြန်မာ မိန်းကလေးတွေ ရဲ့ facebook ပေါ်က ဓာတ်ပုံတင်ခြင်း ၀ါသနာ

အဝေးဆီမှ မေမေ ဆူသံလေးကို ကျွန်မ ကြားနေရသည် ။
ဆူသံဆီက ထွက်ကျလာတဲ့ စကားသံလေးတွေက ကျွန်မရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကို ထောက်ပြနေဧ။် ။ ထိုအခါမှ မှားနေသော ကျွန်မ လုပ်ရပ်လေးကို  မြင်တွေ့မိပါသည် ။ မေမေဆူသံလေးသည် ကျွန်မအတွက် စေတနာများစွာ စီးမျောနေပါသည် ။ ကျွန်မဘ၀ ကျွန်မအိမ်မက်တွေကို ပျက်ဆီးစေမယ့် အနှောင့်ယှက်တွေကို မေမေဆူသံလေးက ဖယ်ရှားထောက်ပြနေခြင်း ဖြစ်တာမို့ မေမေ ဆူသံလေးကို ငြိမ်းချမ်းစွာ ခံယူမိလိုက်ပါတော့သည် ။
facebook စာမျက်နှာတွေမှာ ဓာတ်ပုံတင်ခြင်းသည် .ယနေ့ခေတ်ကာလတွင် အထူးခေတ်စားလာခဲ့ပါသည် ။ပါလေရာ   ကျွန်မသည်လည်း တစ်ဦး အပါဝင်ပေါ့ ။ ဘာလေး ဖြစ်ဖြစ် ဓာတ်ပုံလေးရိုက် တင်လိုက်ရမှ စားဝင်အိပ်ပျော်ပါသည် ။ မေမေက ကျွန်မကို မျက်ခြေအပျက်မခံ အမြဲစောင့်ကြည့်နေတတ်သူပါ ။ ဒီနေ့တော့ ကျွန်မအိမ်ကို ဖုန်းဆက်လိုက်ချိန်မှာ မေမေ ဆူတာကို ကောင်းကောင်းလေးခံလိုက်ရပါတော့သည် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတင်လိုက်တဲ့ ဓာတ်ပုံလေး တစ်ပုံကြောင့်ပါပဲ ။ မေမေ ဆူတဲ့ စကားလေးတွေကို ဖောက်သည်ချအုံးမယ် ။
ဒီမယ် ဒေါ်ခိုင်ဇာ ညဉ်းတို့ခေတ် ဓာတ်ပုံတွေ တင်တာကို မပြောလိုပါဘူးအေ ။ ညဉ်းကလေးလည်းမဟုတ်တော့ဘူး ။ သားတစ်ယောက် ၊သမီးတစ်ယောက် ရှိတဲ့ မိခင်တစ်ယောက် ။ သမီးလေးပါနေတဲ့ အတွက်ကို ပိုသတိထားရမယ် ။ ဘယ်နှယ့် ဓာတ်ပုံတင်စရာ ရှားလို့ ညဉ်းတို့လင်မယား  ခြေနှစ်ချောင်းကို မိုးပေါ်ထောင် မွေယာပေါ် စနေကြပုံကို တင်စရာလား။ အမေကလည်း ဘာမှ ရိုင်းတာ မပါပါဘူးလို့ ဆင်ခြင်ပေးဖို့ တွေးမနေနဲ့နော် ။ ရိုင်းတာ မရိုင်းတာထက် တင်ရမယ့် ပုံဟုတ်ကို မဟုတ်တာ ။ အဲဒီပုံကို ချက်ချင်းဖြုတ်ပါ ။ ဒါမျိုးပုံတွေကို နောက် အမေလုံးဝ မမြင်ချင်ဘူး။
 မေမေ ပြောသွားတာ ဒီထက်ရှည်ပါသေးတယ် ။ နမူနာလောက် ဖော်ပြပေးလိုက်ပါသည် ။ မေမေ ပြောသွားတာ သိပ်မှန်ပါတယ် ။ တကယ်ကို မတင်သင့်ပါဘူး ။ facebook ပေါ်မှာ ပုံတွေ တင်လာလိုက်တာ ကျွန်မမောင်လေးပြောသလိုဘဲ သေခံနီးရင်တောင် နေပါအုံး ဓာတ်ပုံလေးရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ပါရစေအုံး ဆိုတာမျိုးတွေ ဖြစ်နေကြပါပြီ ။ ကျွန်မအပါဝင်ပေါ့ ။ တင်တာကို အပြစ်တစ်ခုလို့  မဆိုလိုပါဘူး ။ တင်လို့ရပါသည် ။ တစ်ချို့က ပြောတတ်ကြပါသေးတယ် ကိုယ်စာမျက်နှာ ကိုယ်တင်တာ ဘာဖြစ်သလဲလို့ ။ ဘာမှ မဖြစ်ပါဘူး ။ ထိခိုက်လည်း ကိုယ်ဘဲ ထိခိုက်မယ် ။ ဘယ်သူ့မှ လာခံပေးလို့မရပါဘူး ။ တစ်ခုတော့ရှိသည် ။ မေမေ ပြောသလို တင်သင့်တဲ့ ပုံနဲ့ မတင်သင့်တဲ့ ပုံဆိုတာတော့ ခွဲခြားတတ်ဖို့ လိုအပ်ပါသည် ။ အမှတ်တရ ပုံရိပ်လေးတွေ ၊ ပျော်ရွင်စရာပုံလေးတွေ အမျိုးမျိုး တင်လို့ရပါသည် ။ ကြည့်ရသူကိုလည်း ကြည်နူးခြင်းတွေ ကူးစက်စေသည် ။ မတင်သင့်တဲ့ ပုံဆိုတာကတော့ ခုန ကျွန်မတင်မိလိုက်တဲ့ ပုံမျိုးတွေ ၊ အိပ်ယာပေါ် အိပ်နေတဲ့ ပုံမျိုးတွေ ၊ ရေချိုးခံနီး ရေချိုးခန်းထဲ ကိုယ်ဘာကိုယ် ပြန်ရိုက်ထားတဲ့ ပုံမျိုးတွေ တင်တာမျိုးကြတော့ ဘာမှ အကျိုးမရှိပါဘူး ။ မြန်မာ မိန်းကလေးအနေနဲ့ လည်း ဘယ်လိုမှ မသင့်တော် မအပ်စပ်ပါဘူး ။ မေမေက ကျွန်မကို ချစ်လို့ ဆုံးမလိုက်သလို ၊ ကျွန်မကလည်း မြန်မာမလေးတွေကို သိပ်ချစ်လို့ ထပ်ဆင့်သတိပေးချင်မိပါသည် ။ ကျွန်မတို့တွေရဲ့ အတွေးမှားတွေ ကို ဖုန်ခါရှင်းလင်းပြီး  သန့်ရှင်းသော အတွေးခေါ်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ် ကျွန်မတို့တတွေ သိက္ခာရှိရှိ နေထိုင်သွားခြင်းဖြင့် မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ကြရအောင် ။
ကျွန်မတို့အနေနဲ့ ဖြစ်သင့်တာတွေကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်နေပါပြီ။ လူမှုရေး ကွန်ဂရက်ထဲမှာ လူရာဝင်ဖို့အတွက် မမှန်သောနည်းလမ်းတွေနဲ့ အသုံးပြုနေဖို့ မလိုအပ်ပါဘူး ။ မှန်ကန် သိက္ခာရှိသော နည်းလမ်းမျိုးတွေနဲ့ ရပ်တည်တတ်ဖို့လိုအပ်နေကြပါပြီ  ။ Like တွေအများကြီးတော့ ရပါရဲ့ ။ like ပေးသူရဲ့ ထင်မြင်ယူစချက်က လမ်းလွဲနေရင် အလကားဖြစ်တာပါပဲ။ facebook ပေါ်က like ဆိုတာ ဘာနဲ့ သဏ္ဍန်တူသလဲဆိုရင် လက်ခုပ်သံနဲ့ တူပါသည် ။ အထင်သေးအမြင်သေးစွာ တီးလိုက်တဲ့  လက်ခုတ်သံ like များကို ကျွန်မတို့ ကြောက်တတ်ရပါမည် ။ လက်ခုတ်သံ အတုယောင်တွေဆိုလည်း မမှားပါဘူး ။ မှားနေတာကို အရောက်တွန်းပို့တတ်တဲ့ လက်ခုတ်သံတွေကို သာယာကြည်နူးနေကြမယ်ဆို ကျွန်မတို့တတွေဟာလည်း  အမှားဆိုတဲ့ ချောက်ထဲကို တဖြေးဖြေး ကျဆင်းကုန်ကြပါမှာပါပဲ ။
အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ ပိုသတိပေးချင်ပါသည် ။ မြန်ဆန်ကောင်းမွန်လှတဲ့ နည်းပညာတွေ ၊ အင်တာနက်စနစ်တွေကို ကောင်းမွန်မှန်ကန်တဲ့နေရာတွေမှာ  အသုံးချတတ်စေချင်မိပါသည် ။ မြန်မာမလေး တွေဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့ ဂုဏ်သိက္ခာကြီးမားသူတွေပါလားဆိုတဲ့ ထင်မြင်ယူဆချက်လေးတွေကို တပါတည်း ပူးတွဲပါစေချင်ပါသည်  ။ အမှားကို ထောက်ပြရင် ရန်သူသတ်မှတ် ။ မြှောက်ပေးသူကို မိတ်ဆွေ လို သဘောထားနေကြတဲ့ မြန်မာမိန်းကလေးတော်တော်များကိုလည်း တွေ့မြင်နေရသည် ။ သူတို့အစား ရင်လေးမိခဲ့တဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်အောင်ပါပဲ ။ အမျိုးသားက အမြဲပြောတယ် နေရာတကာ လိုက်ခံစားမနေနဲ့ ပင်ပမ်းတယ်တဲ့ ။ ဟင်အင် …ကျွန်မကတော့ လိုက်ခံစားမိနေအုံးမှာပဲ။ ဘာလို့လဲဆိုရင် မြန်မာမလေးတွေကို ကျွန်မချစ်တယ် ။ ကျွန်မတို့လို အသက်ရွယ်တွေမှာတောင် တခါတရံ သတိမမူစွာ အမှားလေးတွေ ရှိနေတတ် သေးသည် ။ သူတို့လေးတွေမှာလည်း မသိလို့ မှားမိတာမျိုးတွေ ရှိနေမှာ အသေချာပါပဲ။ ဒါကို သိနေ မြင်နေသူက ပြောပြထောက်ပြမှ ပြင်နိုင်မယ်လို့ ကျွန်မယုံကြည်မိပါသည် ။ မှန်တဲ့အရာလေးတွေကို မလိမ်မညာတမ်း ပေးမယ့် like စစ်စစ်လေးတွေနဲ့ ကျွန်မတို့ မြန်မာမိန်းကလေးတွေဘ၀ကို မြင့်မားစေချင်ပါသည် ။  သိက္ခာရှိသော like တို့ဖြင့်သာ မြန်မာမိန်းကလေးတွေကို တန်ဖိုးတက်စေချင်ပါသည် ။ မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို  မပျက်စီးစေဖို့အတွက် ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ရင်း မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီစာလေးကို ရေးဖြစ်လိုက်ရပါတော့သည် ။
ခိုင်လေ ( ရွှေတောင် )

မိန်းကလေးများ မှားတတ်သော အမှားများ

အမှားဆိုတာ လူတိုင်းနီးပါး မှားတတ်ပါတယ် ဒါပေမဲ့ မိန်းကလေးများ မှားတတ်သော အမှားများလို့
စာရေးသူက ဘာလို့ခေါင်းစဉ်ပေးသလည်း ဆိုရင် မိန်းကလေးတွေကို အမှားကင်းတဲ့ဘ၀မှာ အခြေ
မြင့်တဲ့ တော်ဝင်ပန်းလေးတွေဖြစ်စေချင်တဲ့ စေတနာ မေတ္တာ တရားကြောင့် ပါ ။
လူတွေဟာ အမှားတွေကို တခုပြီးတခု ကျူးလွန်တတ်ပါတယ် ။ လူမူ့ရေး ၊ စီးပွားရေး ၊ အချစ်
ရေး ၊ အိမ်ထောင်ရေး ၊ မိသားစုရေး ၊ မိတ်ဆွေသူငယ်ချင်း အားလုံးဟာ တခု မဟုတ်တခု မှားယွင်းမူ့
တွေနဲ့ အမှားတွေကို လွန်ကျူး နေကြပါတယ် ။ ဒါဟာဘာကြောင့်လည်းဆိုရင် မကောင်းတဲ့စေတသိတ်
ဆိုးတွေကြောင့် ပါ ။ ဒီအထဲမှာ မှ မိမိကိုယ့်ကို ဆန်းစစ်တတ်တဲ့ ပညာအခံကလည်းအလွန်နည်းပါးနေ
ကြတဲ့အတွက် အမှားတွေကို မှားမှန်းသိနေပေမဲ့ ထပ်ခါထပ်ခါ မှားနေကြတာဟာ သိပ်ကိုဆိုးရွားလွန်း
ပါတယ် ။လူ့ဘောင်လူ့လောက မှာ အမှားမကင်းကြပါဘူး ။ တခါမှားဘူးသွားပြီဆိုရင် အဲဒီအမှားကနေ
သင်ခန်းစာ ယူတတ်ကြမယ် ဆင်ခြင်နိုင်စွမ်းရှိရပါ့မယ် ။လူ့တွေရဲ့ အလိုလောဘ ဒေါသ မောဟ တရား
ဆိုးတွေကြောင့် အမှားတွေဟာ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်နေတတ်ပါတယ် ။ ကိုယ်တခုခုကို အမှားလုပ်မိပြီ
ဆိုတာနဲ့ အဲဒီအမှား ရဲ့မြစ်ဖျားခံရာ အခြင်းကြောင်းရာကို လေ့လာပါ ဆန်းစစ်ပါ တွေးခေါ်မြော်မြင်ပါ။
သုံးသပ်ပါ ပြင်ဆင်ပါ ။ အမှားတခုကို မှားနေတယ်လို့ခံစားမိလိုက်သိရှိလိုက်တဲ့သူ ပြုပြင်နိုင်တဲ့သူဟာ
သူတော်ကောင်းအလုပ်တခုကို လုပ်လိုက်တာပါ ပဲ။
ဒီမှာစာရေးသူပြောချင်တာက မိန်းကလေးတွေ အပျိုလေးတွေ အိမ်ထောင်သည်တွေ ဟာ
ဘ၀ရဲ့အကြောင်းအမျိုးမျိုးကြောင့် အမှားတွေကို လွန်ကျူးနေကြတယ် ။ တချို့ကတော့မိမိရဲ့ အမှား
ကိုသိတယ် တချို့ကတော့ မိမိကိုယ်မိမိ မှားနေမှန်းကို မသိပဲ တခုပြီးတခု လွန်ကျူးနေမိကြတယ် ။
အမှားတခုကို မှားနေပြီဆိုတာနဲ့ ရပ်တန်းကချက်ခြင်း ရပ်ပြစ်လိုက်ပါ မရပ်နိုင်သေးဘူးဆိုရင်တောင်
မိမိလုပ်နေတဲ့ အမှားကိုသိပြီဆိုတာနဲ့ မိမိဘာကြောင့် ဒီအမှားကိုလွန်ကျူးမိနေလည်း ဆိုတာ စဉ်းစား
တွေးခေါ်ပါ ၊ ကောက်ချက်ချပါ ၊ ဝေဖန်မူ့ပြုပါ ။ ဒီလိုအချိန်မီ မပြုပြင်နိုင်ဘူးဆိုရင် လောကအလို
မိမိလုပ်လိုက်တဲ့ အမှားတခုကြောင့် သူများရဲ့ပြစ်တင်ခြင်း ဝေဖန်ခြင်း ကဲ့ရဲ့ရူပ်ချခြင်း တွေကိုလက်
တွေ့ရင်ဆိုင်တွေ့ကြုံခံစားရပါလိမ့်မယ် ။
မိန်းကလေးတွေက ဘာတွေ မှားတတ်လည်း ? ..............အရွယ်ရောက်လာတဲ့မိန်းကလေး

များဟာ ......... ချစ်သူသမီးရည်းစားကို အလိုလိုက်ချင်
တဲ့ဆန္ဒ ၊ လူမမြင်ကွယ်ရာမှာ ချိန်းတွေ့ချင်တတ်တဲ့အာသီသ ၊ လိုအပ်တာထက်ပိုပြီး ယောက်ျားတွေ
အပေါ်ကို စွဲလမ်းစေချင်တဲ့ ချွဲပြစ်တဲ့မာယာ တွေ အသွေးအသားဆန္ဒ အာသီသကို မလိုအပ်ပဲပေး
ဆပ်နေချင်တဲ့ စိတ် မိမိမှ မိမိ ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်လွန်းချင်တဲ့တပ်မက်မူ့တွေကြောင့်
လောကမှာ အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေစေမိတာ အမှန် ပါ ။ တမိသားနဲ့ တမိသား လူသား
တွေ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ ခံစားတတ်တဲ့ နှလုံးသားကိုမြစ်ဖျားခံလို့ ခွဲဖြာထွက်လာ
တဲ့ လူသားစင်စစ်ဖြစ်တာကြောင့် ချစ်ခြင်းတရားဆိုတာ မွေးဖွားသန့်စင်လာတာပါ ။ တမိသားနဲ့တမိ
သား ကို မချစ်ရဘူးမကြိုက်ရဘူးလို့ မဆိုလိုပါဘူး လူသားတိုင်း လွတ်လပ်သူတိုင်း ချစ်နိုင်ကြိုက်နိုင်ကြ
ပါတယ် ၊ ဒါပေမဲ့လူးသားတွေကချမှတ်ပေးထားတဲ့ လူ့စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုင်နာထိန်း
သိမ်းကြရပါမယ် ၊ ဟိရိဆိုတဲ့ အရှက်တရားကနေကင်းမဲ့သွားအောင်ထိတော့ ချစ်ဖို့မကောင်းဘူးဆို
တာ မိန်းကလေးတိုင်းရင်မှာ သံမိုနက်သလိုစွဲမြဲထားရပါ့မယ် ၊။
မိန်းကလေးတွေဟာ အယုံလွယ်တယ် နူးညံ့သိပ်မွေ့တယ် သာယာမူ့ကိုတပ်မက်လွန်းတယ် ။
ပေးဆပ်ခြင်းကို ၀ါသနာထုံလွန်းလှပါတယ် ၊ ဒါတွေကြောင့် လိမ်လို့အကောင်းဆုံးနဲ့ အလိမ်ခံရဆုံးက
မိန်းမသားတွေကြီးဖြစ်တည်နေတာပါ ၊သားကောင်ကို ကောင်းကောင်းချောင်းမြောင်းနေတတ်တဲ့
မုဆိုးတွေရဲ့ ပြစ်မှတ် အမှားစုဟာ မိန်မသားတွေကြီး ဖြစ်နေတာပါ ၊။
နောက်ထပ် မိန်းကလေး အများစု မှားနေတတ်တဲ့ အမှား .................အိမ်ထောင်သည်
ကာမပိုင်ရှိနေတဲ့ယောက်ျားတွေကို ချစ်ကြိုက်မိတာလည်း မဟာ အမှားကြီးတခု ပါ ။ အချစ်စိတ်က
ဘာမဆိုလုပ်ရဲတယ်ဆိုပေမဲ့ မိမိရဲ့ အသိဥာဏ်တွေပျောက်ဆုံးကုန်သည်ထိတော့ ချစ်ဖို့မကောင်းဘူး
ဆိုတာလောက်တော့ သိထားသင့်လှပါတယ် ။ ဒီလို ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ယောက်ကိုချစ်
လိုက်မိတာနဲ့တင် မိန်းကလေးတစ်ယောက်ဟာ အကြီးမားဆုံး ဆုံးရူံးမူ့ကို မိမိဘ၀မှာ စတင်လိုက်ခြင်း
နဲ့ မိမိရဲ့တိုးတတ်နေမဲ့လမ်းစဉ်ကို အဆုံးသက်လိုက်ခြင်းဆိုတာ အချိန်မီကြိုတင် စဉ်းစားသိရှိနားလည်
သင့်တယ် ။ အရူံးဆိုတာ အဲဒီယောက်ျားကပေးလိုက်တာ မဟုတ်ပါဘူး အဲဒီလိုယောက်ျားတစ်ယောက်ကို
ချစ်မိတဲ့လက်ခံမိတဲ့ မှားနေမှန်းသိရဲ့သားနဲ့ နောက်မဆုတ်ပဲ ကောင်းနိုးထင်ပြီး သာယာလိုက်တဲ့
မိမိရဲ့ စိတ်ဆိုးစိတ်ယုတ်မာကြောင့်ပါ ။ ဒီလိုစိတ်ဆိုးစိတ်ယုတ်တွေကိုအကောင်းဆုံးတွန်းလှန်နိုင်ဖို့
အမှားဆိုတာကိုသိ နိုင်ဖို့ မိမိကိုယ်တိုင်စဉ်းစားရမယ် ။ တွေးခေါ်ရမယ် ၊ ဒီလိုမှ မလုပ်နိုင်ပဲ ရှေ့ဆက်
မယ်ဆိုရင် ဘ၀တခုကိုမတည်ဆောက်နိုင်ခင်မှာပဲ မိမိဟာ အကြီးမားဆုံးကျဆုံးသူဖြစ်သွားလိမ့်မယ် ။
မိန်းကလေးတယောက်ဟာ စွန်းထင်းမူ့တွေ ရှိကောင်းရှိနိုင်ပါတယ် ဒါပေမဲ့ အဲဒီစွန်းထင်း
မူ့ဟာ ကာမပိုင်ရှိနေတဲ့ ယောက်ျားတစ်ယောက်ကိုချစ်လိုက်မိတာလောက်တော့ မဆိုးရွားစေပါဘူး ။
ဘာဖြစ်လို့လည်းဆိုရင် ကျွန်မတို့မိန်းမသားတွေဟာ ကာမပိုင် မရှိမခြင်း ရွေးချယ်ပိုင်ခွင့် အများကြီးရှိ
နေလို့ပါပဲ ။ တကယ်လို့သာ မိန်းကလေးတစ်ယောက်ဟာ ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ယောက်ကို
စွဲစွဲလမ်းလမ်း ချစ်နေမိတယ်ဆိုရင် ဘ၀မှာနောက်ထပ် ပြုပြင်လို့မရတဲ့ အမှားကိုလက်ခံစေမှာမလွဲ
မသွေပါပဲ ။ မိမိဘ၀မှာ ဒီလို အမှားများကြုံတွေ့နေရပြီဆိုရင် ပြန်လည်သုံသပ်ဆင်ခြင် ခြင်း အမူ့ကို
မြန်မြန်ဆန်ဆန် လုပ်ကြည့်လိုက်ပါ ။ ကျွန်မတို့တစ်တွေဟာ ပေတရာလမ်းမထက်မှာ ကျောက်တုံး
ကျောက်ခဲလေးတွေနဲ့ မကြာခဏ တိုက်မိတတ်သလိုပါပဲ ခဏတာ အချိန်လေးအတွင်းမှာတော့ နာကျင်
ခြင်းဝေဒနာကို ခံစားစေမှာပါ ။ အချိန်ကာလတခုအတွင်းမှာပဲ အဲဒီနာကျင်ခြင်း ဟာပျောက်ကင်းသွားမှာ
ပါ ။ ရဲရဲ စွန့် ပြစ်နိုင်ခြင်းကသာ မိမိဘ၀အတွက် အကောင်းဆုံး ဖြတ်သန်းမူ့ ခရီးစဉ်တခုကို အောင်မြင်
အောင်လျောက်လှမ်းနိုင်ပါလိမ့်မယ် ။
မိန်းကလေးငယ်ငယ်လေးများကကော ဘာတွေမှားတတ်သလည်းဆိုရင်...............အချိန်
အရွယ်မရောက်မီ ရည်းစားချစ်သူထားချင်တတ်တဲ့စိတ် တွေက အမှားတွေဆီကိုတွန်းပို့နေတတ်ပါတယ်
ဒါကြောင့် မိန်းကလေးးတစ်ယောက်ဟာ ပညာတတ်သည်ဖြစ်မတတ်သည်ဖြစ်စေ အရွယ်ရောက်မလာ
ခင်ထဲ့ တင်ကြို တွေးခေါ်မူ့တွေထားရှိတတ်ရပါ့မယ် ။ မိမိအသက်အရွယ် အပိုင်းအခြားတွေမှာ မိမိ
ကိုယ့်တိုင် လုပ်ချင်တဲ့ အလုပ်အကြံအစည်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။

ရည်ရွယ်ရာပန်းတိုင်လည်း မရှိပဲ ဘ၀ကိုဖြစ်သလို ဖြတ်သန်းနေကြမယ်ဆိုရင် အချိန်မတိုင်မီမှာပဲ ကျဆုံး
ခြင်းဆိုတဲ့လမ်းမထက်ကို AUTOေ၇ာက်ရှိသွားမှာပါ ။
ဒါဆိုရင် အိမ်ထောင်ရှင်မိန်းကလေးများကကော ဘာတွေမှားတတ်ကြသလည်းဆိုရင်
..................အိမ်ထောင်ရှင်မိန်းကလေး အများစုဟာ အပျော်အပါးဘက်မှာပဲသာယာတတ်တာများ
`လာပြီဆိုရင် အဲဒီမိန်းကလေးဟာ ကြီး မားတဲ့ အမှားတွေကိုလုပ်ဖို့ဝန်မလေးတတ်ကြတော့ပါဘူး ။
အိမ်ထောင်ရှင် မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်မရှိသူ မိန်းကလေးတစ်ယောက်ထက်စောင့်
ထိန်းရမဲ့တာဝန်တွေက များလှပါတယ် ။ အနေအထိုင် အစားအသောက် ခင်ပွန်းအပေါ် ရိုသေလေးစား
မူ့ ၀တ်စားဆင်ယင်တတ်မူ့ သားရေးသမီးတွေနဲ့ လက်မလည်အောင်ကို များပြားလွန်းတယ် လေ ။
ဒီတာဝန်တွေဟာ အိမ်ထောင်မပြုခင်ထဲက သိရှိထားရမယ် မလွဲမသွေကြုံတွေ့ရမယ်ဆိုတာ သိထားသင့်
တဲ့ အချက်များပါ ။မိမိကိုယ်တိုင် ရွေးချယ်ခဲ့လမ်းကြောင်းတခုဟာဖြောင့်တန်းချင်မှတန်းပါမယ် ။
မဖြောင့်တန်းခဲ့ဘူးဆိုရင်လည်း စိတ်ပျက်အားလျော့စရာ မလိုပါဘူး မိမိကိုယ်တိုင် ဒီအိမ်ထောင်တခုကို
ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလည်းဆိုတဲ့ တွေးခေါ်မူ့ကိုပဲစဉ်းစားဆုံးဖြတ်ပါ ဘေးကိုရောက်မသွား
စေပါနဲ့ ငွေမရှိလို့သာ မိန်းကလေးတွေပျက်စီးကြေးဆိုရင် ကမ္ဘာပေါ် မှာ ငွေရှိတဲ့ မိန်းမကဘယ်နှစ်
ယောက်လောက် များ ရှိမလည်းလေ ။ဒါဆိုရင် ကမ္ဘာကြီး မှာ မိန်းမပျက်တွေကြီးဖြစ်နေမယ်ပေါ့ ။
အိမ်ထောင်ရှင် မိန်းကလေးတစ်ယောက်ဖြစ်လာပြီဆိုရင် လက်တွေ့ဘ၀နဲ့ ကိုယ့်ဖြတ်သန်း
လာခဲ့တဲ့ ဘ၀ဟာထပ်တူကျချင်မှကျမယ်လေ ။ ဒါပေမဲ့ ဒီလမ်းကိုထွင်ခဲ့ဖောက်ခဲ့တာက မိမိတို့ကိုယ်
တိုင်ပဲလေ ။ ကိုယ့်ဖောက်တဲ့လမ်းကို ကိုယ့်ကိုတိုင်က လိုလိုချင်ချင်မလျောက်ချင်တော့ဘူးဆိုရင်တော့
သဘာဝမကျလှပေဘူးလေ ။ ဘယ်လိုအခတ်အခဲတွေနဲ့ပဲ ကြုံတွေ့နေပါစေ ဖြတ်သန်းနိုင်တဲ့ ဥာဏ်
ခံနိုင်တတ်တဲ့စိတ်ဓာတ်ခွန်အားကို မဖြစ်မနေမွေးမြူထားရပါ့မယ် ။ စိတ်ပျက်အားငယ်နေလို့ အပျော်
အပါးဘတ်ကိုသွားရောက်စမ်းသပ်ရာကနေ မလိုလားအပ်တဲ့ အမှားတွေကို မကျူးလွန်မိပါစေနဲ့။
ဆန္ဒ နဲ့ ဘ၀ ဟာ ထပ်တူကျဖို့ အတော် ရှားလှပါတယ် ။ ဒီလိုသာ ဘ၀နဲ့ ဆန္ဒ ထပ်တူမကျလို့ ဖြစ်သ
လို လုပ်နေကြေးဆိုရင် မိန်းကလေးအများစုဟာ ကောင်းတဲ့သူဆိုတာ ရှိလာနိုင်တော့မှာ မဟုတ်တော့
လက်တွေ့ မိမိလုပ်နေတဲ့လုပ်ရပ်တခုကို ပြန်လည်သုံးသပ်ပေးပါ မှားနေလား မှန်နေလားဆိုတာ
ဒီလို ကျင့်သုံးမယ်ဆိုရင် မိမိဘ၀ကို မိမိ အသေအချာမြင်လာပါလိမ့်မယ် ။ ဘယ်သူကြောင့်ပဲ မှားမှား
အဲဒီအမှားကို မိမိကိုယ့်တိုင်က လက်ခံကျင့်သုံးနေလို့ ဒီအမှားတွေဖြစ်ပေါ်နေတာပါ ။ မြင်လာသိလာ
တာနဲ့ တပြိုင်နက် ဆင်ခြင်စဉ်းစားတွေးခေါ်ပါ ။ အမှားကနေလွတ်မြောက်အောင် ချက်ခြင်း လက်ငင်း
ကြိုးစားပါ ။ လက်တွေ့သာယာချမ်းမြေ့တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်စေပါလိမ့်မယ် ။
လူမူ့ရေး စီးပွားရေး အိမ်ထောင်ရေး အချစ်ရေး ဆိုဒ်ဆုံ မှာ အမှားတွေထပ်နေကြပေမဲ့
ဘ၀တစ်ခုလုံးနဲ့ ရင်းနီးတည်ထောင်ထားတဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ဆိုဒ်မှာတော့ အမှားတွေ
ဖြစ်တည်နေကြမယ်ဆိုရင် မိန်းကလေး များဘ၀ ဟာ သောကပွေလီ ပရိဒေ၀ မီးများ အစဉ်တောက်
လောင် ခံစားနေရ မှာ အသေအချာပါ ။ မငြိမ်းချမ်းနိုင်သော ပျော်ရွင်ခြင်းကင်းမဲ့သော ကဲ့ရဲ့ဖွယ်များနဲ့
သာ ပြည့်နှက်နေပါလိမ့်မယ် ။ ဒါကြောင့် မိန်းကလေးတိုင်း အမှားကင်းသော ထက်မြက်ကျန်းမာသော
သာယာချမ်းမြေ့ခြင်း များနဲ့ပြည့်စုံသော ဘ၀တခုကို ပိုင်ဆိုင် ချင်တယ်ဆိုရင်ဖြင့် လောကသဘာဝ
မှားတတ်တဲ့ အမှားတွေကနေ ကင်းလွတ်တဲ့ မိန်းကလေး များဖြစ်အောင် မိမိကိုယ်ကို မိမိစောင့်
ရှောက်ထိန်းသိမ်းကာကွယ်ပါ ။
အမှားတခုကို မိန်းကလေးတစ်ယောက်ပြုမူနေမိဆိုရင် အဲဒီအမှားကို ချက်ခြင်းရပ်တန့်လိုက်
ပါ ။ ပြင်ဆင်ပါ ။ အချိန်ကာလတခုပေး ပါ ။ မိမိကြုံတွေ့နေတဲ့ အမှားတစ်ခုကြောင့် နာကျင်ခံစားနေရ
မှာတော့ မလွဲပါဘူး ၊သို့သော်ညားလည်း အမှားကို အမှားမှန်းသိလိုက်လို့

ချက်ခြင်းရပ်တန့်လိုက်တာနဲ့ မိမိမှာသာယာချမ်းမြေ့ခြင်းဆိုတာ လက်ငင်းခံစားရစေမှာလည်း
မလွဲမသွေပါတည်း ။ အမှားကင်းတဲ့ဘ၀တခုနဲ့ထပ်တူမကျပေမဲ့ အမှားမရှိသောမိန်းမတိုင်းဘ၀ကိုပိုင်
စိုးနိုင်သော တော်ဝင်မြင့်မြတ်သော မှန်ကန်ဖြောင့်မတ်သော မိန်းမ များ ဆီသို့ ဦးတည်နိုင်ပါစေ ။။။။။။

******* မေတ္တာဖြင့်.....တော်ဝင်နှင်းဆီ