တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Friday, July 24, 2015

ယေရှုခရစ်တော်၏ ၁၈ နှစ်ပြသနာ

fri တစ်ယောက် က မေး လာ လို့  ဆရာ ဆိုး ရဲ့၁၈နှစ် ပြသ နာ ဖြေ ရှင်း ချက် လေး ကို ယုံကြည် သု များ အ မြင် ရှင်းဖို့အ တွက် တင် ပေး လိုက် ပါ တယ်....

ယေရှုခရစ်တော်၏ သက်တော်စဉ်ကို ဖတ် ရှုလေ့လာကြ သောအခါ ... ဆိုး (ညစဉ်ခွန်အား)
သက်တော် (၁၂) နှစ် မှ အနှစ် (၃၀) အတွင်း ကြားကာလ (၁၈) နှစ်တွင် ယေရှုခရစ်တော်သည် ဘယ်မှာရှိနေသနည်း။ ထိုကာလ ယေရှုခရစ်တော်၏ ဘ၀တစိတ်တပိုင်းနှင့် ပတ်သက်၍
ခရစ်တော်ကြောင့် ...
ခရစ်ယာန်ဘာသာဆိုတာ ဓမ္မဟောင်းကို အခြေပြုထားတာမို့ အလွန်ရှေးကျတဲ့ ဘာသာလို့ ပြောနိုင် ပါတယ်။ သို့သော်လည်း တကယ့် တကယ်တော့ ခရစ်တော်သာလျှင် ခရစ်ယာန်ဘာသာတရားကို စတင်တည်ထောင်သူဖြစ်ပါတယ်။ ဓမ္မဟောင်း ကျမ်းကာလဟာ ဂျူးဘာသာ ကာလလို့ ပြောရင် မမှားလောက်ပါဘူး၊ လောကကြီးစတင်ဖန်ဆင်းခြင်း ခံရပြီး ပထမလူသား အာဒံမှ ခရစ်တော်မပေါ်ပေါက်မှီကာလတိုင်အောင်ဖြစ်တဲ့ ဓမ္မဟောင်းကျမ်း အယူအဆကို ဂျူးဘာသာ၊ အစ္စလန်ဘာသာ နဲ့ ခရစ်ယာန်ဘာသာတို့က လက်ခံခဲ့ကြပါတယ်။
အေဒီ ၃၀ ပတ်ဝန်းကျင်မှာ ယေရှုခရစ်တော်က မိမိဟာ ထာဝရဘုရားသခင် က စေလွှတ်လိုက်တဲ့ ကယ်တင် ရှင်ဖြစ်တဲ့အ ကြောင်း ဟောပြော ကြေငြာခဲ့ပေမဲ့ ဂျူးလူမျိုး အများစုက မယုံကြည်ခဲ့ပါဘူး။ ခရစ်တော်ကို ငြင်းပယ်ပြီး မိမိတို့ ပရောဖက်ဟောခဲ့တဲ့ ကယ်တင် ရှင် ကို ဆက်လက်မျှော်လင့်နေတာမို့ ဂျူးဘာသာဟာ သီးသန့်ကျန် ရစ်ပြီး ခရစ်ယာန်ဘာသာဟာ သီးခြားပေါ်ပေါက်လာခဲ့ပါတယ်။ ခရစ်တော်ကြောင့်လို့ ပြောရမှာဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ ကျမ်းစာကတော့ ဂျူးတွေရဲ့ ကျမ်းစာဖြစ်တဲ့ ဓမ္မဟောင်းကျမ်းကို မိမိတို့ရဲ့ ကျမ်းရင်းတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ခရစ်တော်ပေါ်ပေါက်လာပြီးတဲ့နောက် ခရစ်တော်နဲ့ပတ်သက်ပြီး ရေးထားတဲ့ကျမ်းများကိုတော့ ဓမ္မသစ်ကျမ်းလို့ သတ်မှတ်အသုံပြုခဲ့ပါတယ်။
ခရစ်တော်ဘယ်သူလဲ..
ကိုးကွယ်ရာ ဘာသာတရားတို့တွင် အခြေခံပုဂ္ဂိုလ်ကတော့ရှိစမြဲပါ။ ကမ္ဘာပေါ်တွင် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကြီးများစွာအနက် ဗုဒ္ဓဘာသာရဲ့ အခြေခံပုဂ္ဂိုလ် ဗုဒ္ဓလောင်းလျာ သိဒ္ဓိတ္တမင်းသားကို BC567 မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာသာရဲ့ အခြေခံပုဂ္ဂိုလ် ခရစ်တော်ကို AD 2 မှာ မွေးဖွားခဲ့ပါတယ်။ အစ္စလမ်ဘာသာကို ဖေါ်ထုတ်သူ မုဟမ္မာဒ်ကိုတော့ AD 571 မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာာကို ဖေါ်ထုတ်သူ ယေရှုခရစ်တော်ရဲ့ ဇာတိဇစ်မြစ်ကို လေ့လာကြည့်တဲ့အခါ ရောမများအုပ်စိုးရာ ပါလက်စတိုင်းဒေသကို ပြန်သွားကြရမှာဖြစ်ပါတယ်။
ဘီစီ ၆၃ မှာ ဂျေရုဆလင်မြို့ဟာ ရောမတို့ လက်အောက်ကို ကျဆင်းခဲ့ရတယ်။ Augustus Caesar ဟာ ဘီစီ ၂၇ မှာ ရောမအင်ပါယာရဲ့ ဧကရာဇ်ဘုရင်တစ်ပါးဖြစ်လာခဲ့တယ်။ ဒီအချိန်မှာ ယာကုပ်ရဲ့ သားအကြီးဆုံးဖြစ်သူ ဧသောအနွယ်မှ ဆင်းသက်လာတဲ့ ဟေရုပ် Herod ဂျေရုဆလင်မြို့ရဲ့ ဘုရင် ခံဖြစ်လာခဲ့တယ်။ ဟေရုဒ်ဟာ အာဗြာဟံက ဆင်းသက်လာတဲ့အမျိုးအနွယ်ဖြစ်ပေမယ့် ဒါဝိဒ်အနွယ်က တော့ မဟုတ်ခဲ့ဘူး၊ တစ်ခါ ဒါဝိဒ်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရှောလမုန် နှင့် နာသန်တို့ကနေ ဆင်းသက်လာတဲ့ အနွယ်ထဲက ယောသပ် နဲ့ မာရိကို ထိမ်းမြားဖို့ စေ့စပ်နေကြတယ်။ နာသန်က နေပြီး ဆင်းသက်လာတဲ့ လူမျိုးဆက် (၄၀)မှာ မာရိကို ဖွားမြင်ခဲ့တာပါ။
ယောသပ်နဲ့ မာရိ နှစ်ဦးစလုံးကို ဗက်သလီဟင်မြို့မှာ ဖွားမြင် ခဲ့ပါတယ်။ စေ့စပ်ချိန်မှာ နာဇရက်မှာ သူတို့ရှိနေကြပြီ။ ယောသပ် ရဲ့ အသက်မွေးလမ်းကြောင်းကတော့ လက်သမားအလုပ်၊ ခရစ်တော်ရဲ့ ဘ၀အစမှာပဲ ပြဿနာတစ်ခု တွေ့ရပါတယ်။ မာရိဟာ အပျိုစင်ကလေးတစ်ယောက်၊ ယောသပ်နဲ့လည်း မရင်းနှီးရပဲနဲ့ ကိုယ်ဝန်ရှိလာတယ်။ ထာဝရဘုရား၏ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်မှုဖြစ်တယ်။ မမွေးရသေးသောသားကိုလည်း ယေရှုဟု အမည်မည့်ရပြန်သတဲ့။
မဖြစ်နိုင်ဘူးဟု တွေးစရာဖြစ်ပါတယ်။ သမိုင်းဆရာ၊ ဘာသာရေးဆရာတို့ အပြင်းအထန် အငြင်းသန်ခဲ့ကြရပါတယ်။ သို့သော် တကယ်ပင်ဖြစ်ခဲ့ပါတယ်။ အပျိုစင်ဘ၀နှင့် ကိုယ်ဝန်ကို လွယ်ကာ အပျိုးစင် ဘ၀နှင့်ပင် ယေရှုကိုမွေးဖွားခဲ့တာပါ။ ယေရှုကို မာရိမွေးဖွားခဲ့တာပါ။ ယေရှုကိုမွေးဖွားပြီးသည့်တိုင်အောင် မယ်တော်မာရိဟာ အပျိုစင်ပဲ ရှိနေေးတယ်လို့ ဆိုပါတယ်။
ဒီဘ၀ရဲ့ အစအဦးမှာ ယောသပ်နဲ့ မာရိရဲ့ သားဟုတ်မဟုတ် ပြဿနာအပိုင်းအစကို တွေ့ရပါတယ်။ ယုံကြည်ဖို့ရန် ခက်ခဲပြီး အချို့သောခရစ်ယာန်ဘာသာ ဆန့်ကျင် သူ Anti-christ များက ထောက်ပြ ဝေဖန်စရာဖြစ်ပါတယ်။ တချို့ဆိုရင် ပိုပြီးဆိုးဝါးစွာ ပြောဆိုရေးသာရင်း မယ်တော်မာရိကို စော်ကားသလိုဖြစ်လာပါသေးတယ်။ စာပေလက်တံရှည်များနဲ့ သိမ်းရိုက်တဲ့အခါ ယုံကြည်သူအချို့ရဲ့ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ် ရပါသေးတယ်။
စဉ်းစားကြည့်ရအောင် ....
ကိုယ်ဝန်အငှားလွယ်တဲ့အခါ မိန်မသားဟာ လင်ယောင်္ကျာတစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့မလိုသလို သူမရဲ့ ဗီဇအသွေးအသားလည်း ပါဝင် ဖို့မလိုဘူး၊ သူက သားအိမ်ကို ခေတ္တပေးထားရတာပဲ၊ ယောင်္ကျားတစ်ယောက်နဲ့ ဆက်ဆံမှုကင်းတဲ့ မိန်းကလေးဟာ အပျိုစင်ပဲမဟုတ်လားဗျာ၊ ကမ္ဘာပေါ်မှာ သံဝါသမပြုပဲ ပထမဆုံးကိုယ်ဝန်အငှားလွယ်တဲ့ကိစ္စ (တနည်းအားဖြင့် သားအိမ်အငှားလွယ်ခြင်းကိစ္စကို စပြီးကျင့်သုံးသကတော့ ထာဝရဘုရားသခင်ပဲလို့ ပြောလို့ရတယ်။Testube Baby တွေထဲမှာ သားဦးဟာ ယေရှုခရစ်တော်လို့ ပြောကြည့်ကြရအောင် ...။
၁၂ နှစ်သားကာလအထိ ....
ယေရှုခရစ်တော်ရဲ့ ငယ်စဉ်ဘ၀ကို ခရစ်ဝင် ကျမ်းတွေမှာ ပြည့်ပြည်စုံစုံဖတ်ရတဲ့အခါမှာလည်း အင်မတန်မှ လှုပ်လှုပ် ရှားရှားနိုင် ခဲ့တာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် စဉ်ကတည်းက ပဟေဋိဆန်ခဲ့တဲ့ ဘ၀တခုဟာ မိဘများ ခရီးသွားရင်း မွေးဖွားခြင်းခံရပါတယ်။ အဲဒီနောက်ပိုင် တမြေရပ်ခြားကို သွားပြီး ပုန်းရသေး၊ အသက်ဘေးကလည်း သိုးကာသီကာ လွတ်ရုံကလေး ပြေးရလွှားရ၊ သက်တော် ၁၂နျစ်မှာ တကယ့်ကျမ်းတတ်ပုဂ္ဂိုလ်များနဲ့ နင် လားငါလား တရားစကားဆွေးနွေးခဲ့ကြတာကို ဓမ္မသစ်ကျမ်းမှာ တွေ့ရပါတယ်။
အဲဒီနောက်မှာ ...
သက်တော်စဉ်ရဲ့ အခန်းကဏ္ဍကွယ်ပျောက်သွားခဲ့ပါတယ်။ နောက်တဖန်ပြန်ပေါ်လာတဲ့အခါ သက်တော် ၃၀ အရွယ် ရှိနေပါပြီ၊ ဒီကြားထဲမှာ ၁၈ နှစ်တိုင် တိုင် ဆိတ်ငြိမ်သောနှစ်ကာလ Silent Years ဖြစ်ခဲ့ပါတယ်။ ဓမ္မသစ်ကျမ်းမှာတော့ ...
ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နှာ ရ တော်မူ၏ (လုကာ ၂း၅၂) လို့ ဖေါ်ပြထားပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် ...
"Jesus went back with them to Nazareth, where he was obdient to them" 51.a
"Jesus grew both in body and in wisdom, gaining favor with God and men." (52)
ဟုတ်ပါတယ်။ ၁၈ နှစ်ကာလမှာ ခရစ်တော် ဘာလုပ်နေသလဲ၊ ဘာဖြစ်နေသလဲ၊ သို့မဟုတ် ဘယ်ကိုသွားနေသလဲ၊ H.E Dana ၏ A Life of Christ စာအုပ် စာမျက်နှာ ၁၈ တွင်
"This experience, however, brought no expression of arrogance of ogotism on the parts of the boy Jesus. Here turned with Mary and Joseph to Nazareth subject to them as in the past. Of his experience from that time to the beginning his public ministry we know nothing in detail, but only in a general way that he led a normal but pure and benevolent life. It is generally believed that Joseph died in the early years of Jesus manhood and that Jesus then became the head of the Nazareth household .. ဟုဖော်ပြထားပါသည်။
ဝင်းမော်ဦးစာပေမှထုတ်ဝေခဲ့ဖူးသော စာအုပ်တစ်အုပ်၌မူ အိန္နိယနိုင် ငံ၊ ဘုံဘေမြို့ အယ်လိဖင့်စတုန်းကောလိပ်မှာ အင်္ဂလိပ်စာပါမောက္ခ ခရစ်ယာန်ဘုန်းတော်ကြီး J Wilson MA Oxford University ၏ အမေးနှင့်အဖြေကဏ္ဍတွင် သက်တော်စဉ်၏ အပိုင်းအစ တချို့ကို မှားယွင်းကောက်ချက်ချထားသည်ကိုတွေ့ရသည်၊ ၁၈ နှစ်ကာလအတွင်း ယေရှုခရစ်တော်သည် တိဘက်ပြည်ကိုသွား၍ ... ဆိုသော အကြောင်းအရာများကို အမေရိကန်ပြည်ထောင် စု ချီကာကိုမြို့ ကမ္ဘာကျော်ခရီးလည့်လည်သူ သုတေသနပုဂ္ဂိုလ် ဂိုးရစ်ခ် ရဲ့ မှတ်တမ်းအရ .. ဟု ကိုးကားဖေါ်ပြခဲ့ပါတယ်။ ဂိုးရစ်ခ်၏ မှတ်တမ်းဆိုသော်လည်း စာအုပ်ထုတ်ဝေမှု ပုံနှိပ်မှတ်တမ်း မှီငြမ်းပြုသည့် အချက်အလက်မပါပဲ နှုတ်စကားမှီငြ်းသဖြင့် ပညာရှင်မဆန်ပါ၊ ယုံကြည်လောက်ဖွယ် ရာ အထောက်အထား အားနည်းခဲ့ပါတယ်။
ပါမေက္ခဂိုးရစ်ခ်က ...
ခရစ်တော် ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးထားတဲ့ မှတ်စုကို ရရှိခဲပြီး ၁၉၂၅ ခုနှစ်က ခရစ်တော်မသိသေးသော သွန်သင်ဟောပြောချက်များ ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့သတဲ့၊ ခရစ်တော်ရဲ့ ၁၈ နှစ်ကာလ သက်သေခံချက်တွေကို စာရွက်ပေါင်း ၁၀၀ ကျော်မှာ ခရစ်တော်ကိုယ်တိုင် လက်ရေးနဲ့ ရေးသားခဲ့တာလို့ ဆိုပါတယ်။
အဲသလို စာရေးသားထုတ်ဝေမှုတွေနဲ့အတူ ဟောပြောသွန်သင်မှုတွေကြောင့် ခရစ်တော်ရဲ့ သက်တော်စဉ်ဟာ ပိုပြီးရှုပ်ထွေးနောက်ကျိ လာခဲ့ပါတယ်။ တစ်ခါ ရောမလူမျိုး ဘုရင် ခံ ပွန်တီယပ်စ် ပစ်လေးရဲ့ စာတမ်းဆိုပြီး ကိုးကားမှုလုပ်ပြီး ရေးသားထုတ်ဝေမှုတွေကြောင့် ခရစ်တော်ရဲ့ Silent Year ဟာ ပဟေဋိဆန်လာပါတယ်။ The Unknown Life of Christ ဆိုတဲ့ စာအုပ်တစ်အုပ်အတွက်နဲ့ ယုံကြည်မှုရေးရာမှာ အတော်ကလေး ကသောင်းကနင်းနိုင်ခဲ့ပါတယ်။ စာရေးဆရာတစ်ယောက်ဟာ သူ့ကလောင် ကို ပွဲဆူဖို့ သက်သက်အသုံးပြုတဲ့အခါ အလွန်စိတ်ပျက်စရာဖြစ်လာပါတယ်။ ကြောင်းကျိုးမခိုင် လုံပဲ ရေးသားချက်တွေကြောင့် အပေါ်ယံရှပ်ကြည့်ရင်တော့ ဟုတ်တုတ်တုတ်ပါပဲ။
(၁၈) နှစ်ကာလအပိုင်းအစ...
ဒီမှာ သက်တော်စဉ် ဖော်ပြခြင်းရဲ့ အားနည်းမှုတစ်ခုကို တွေ့ရပါတယ်။ ရှင်လုကာဟာ ခရစ်ဝင်ကျမ်းရေးသူတွေထဲမှာ ပညာအတတ်ဆုံး၊ အသေးစိတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရေးချက်တွေ သိပ်ကောင်းတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခန်းကြီး ၂ နဲ့ ၃ အကြားမှာတော့ (၁၈)နှစ် ကာလကို တိတိကျကျဖြက်တောက်ထားပါတယ်။
ရှင် လုကာ St. Luke ဟာ ဒီခရစ်ဝင်ကျမ်းကို အကြားနဲ့တင်ရေးတာမဟုတ်ဘူး၊ The Great Physician ဆိုတဲ့စာအုပ်မှာ လုကာန ရဲ့ အကြောင်းကို နှစ်ပေါင်း ၂၀ သုတေသနပြုခဲ့တဲ့ စာရေးဆရာ လုကာန ဟာ မယ်တော်မာရိကို တွေ့ဆုံပြီး (ဗျူး) ပြီးမှ ဒီခရစ်ဝင်ကျမ်းကို ရေးကြောင်း၊ တွေ့ဆုံတဲ့နေရာ၊ မေးခွန်းတချို့နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေရှိခဲ့သတဲ့၊ လုကာန ဟာ ခရစ်တော်ရဲ့ Silent Year ကို မမေးပဲ မ နေပါဘူး၊ မာရိကလည်း မ ပြောပဲ မနေပါဘူး၊ သို့သော် ဘာဖြစ်လို့ ဒီအကြောင်းအရာကို ခရစ်ဝင် ကျမ်းထဲ ထည့်မ ရေးခဲ့တာလဲ၊ ရေးရဲ့သားနဲ့ ဓမ္မသစ်ကျမ်းစာကို သိင်္ဂါယနာတင်သူတွေက အက်ဒစ် Edit ဆန်ဆန် တည်းဖြက်လိုက်တာလား။ မဟုတ်ဘူး။ လုကာကိုက မ ရေးခဲ့တာ လား။

အားစမ်းဖို့နေရာ ...
သူမ ရေးခဲ့တာပြဿနာမဟုတ်ဘူး၊ (၁၈)နှစ်ကာလကို ၀ါကျတစ်ကြောင်းတည်းနဲ့ သူက ပိုင်းဖြက်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာကို ဆန့်ကျင် သူတွေက ဒီနေရာကို အားစမ်းပြီး ဖြိုဖို့ ပစ်မှတ်ဖြစ်လာတယ်။ စာအုပ်စာပေ တွေ ရေးသားထုတ်ဝေ တိုက်ခိုက်လာတယ်။ ဒါကို ဖတ်မိတဲ့ အချို့ပုဂ္ဂိုလ်တွေဟာ ရင် ထဲမှာ ခံစာကြရတယ်။ ကျွန်တော် အယ်ဒီတာလုပ်နေတဲ့ဆီကို စာအချို့ရောက်လာတယ်။ ဒီပြဿနာနဲ့ ပါတ်သက်လို့ မေးမြန်းကြတယ်။ ခက်တာက ကျွန်တော်တို့ကလည်း ကိုယ်လုပ်နိုင် သ လောက်ပဲ ဆိုတဲ့ အတိုင်းအတာက ရှိနေပြန်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာအုပ်များကို ဖတ်မိပါတယ်။ ယုံကြည်ခြင်း နုနယ်သူအတွက်တော့ လဲပြိုလောက်ပါတယ်။ အောက်ပါဥပမာကလေးများကို ဖတ်ကြည့်ပါ။
မေး။ ။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီကျောင်းက ပျေက်ကွယ်သွားပါသလဲ။
ဖြေ။ ။ ခရစ်တော်ဟာ (၁၂) နှစ်အရွယ်မှာ ရဟူဒီလူမျိုးတွေရဲ့ ဘုရားကျောင်းမှ ထွက်ခွာသွားခဲ့ပါတယ်။
မေး။ ။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောခဲ့သလဲ။
ဖြေ။ ။ သက်တော် ၃၀က စတင်ဟောခဲ့ပါတယ်။
မေး။ ။ ဒါဖြင့် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွားနေပါသလဲ။
ဖြေ။ ။ သူ့ရဲ့ မွေးစားဖခင် ရှင်ယေသပ်နဲပ အတူတကွ နေထိုင်လျက်ရှိပါတယ်။
မေး။ ။ အဖိုတန် (၁၈)နှစ် လုံးလုံး ခရစ်တော်ဘာများလုပ်နပါသလဲ။
တိဗက်ကို သွားမသွား ....
ပါမောက္ခဂိုးရစ်ခ်က ယေရှုခရစ်တော်ဟာ သက်တော် (၁၂)နှစ်မှ (၃၀)နှစ်အတွင်း တိဗက်ပြည်ကိုသွားပြီ ဘာသာတစ်ခုကို လေ့လာဆည်းပူးခဲ့တယ်လို့ ဆိုပါတယ်။
R.W.F Wootoon ကတော့ သူ့ရဲ့ Christian Worship စာအုပ်မှာ "But we do not know of any other visit in the first 30 years of His life (Pg-41)" လို့ ဖေါ်ပြထားပါတယ်။
တကယ်စဉ်းစားကြည့်တော့ အေဒီ-၃၀ ခုနှစ်ပတ်ဝန်းကျင်မှာ ခရီးလမ်းပန်းဟာ ခက်ခဲလှပါတယ်။ တိဗက်နဲ့ ပါလက်စတိုင်းဟာ မိုင်ပေါင်း ၄၀၀၀ မက ကွာဝေးမယ်။ ခြေကျင် ခရီးကို (ဂိုးရစ်ခ်ရဲ့ အဆိုအရ လေးလကြာ ခရီးနှင်ပြီး) သွားတယ်ဆိုတာ ဖြစ်နိုင် စရာမရှိပါဘူး။ သူဘာအတွက် သွားသလဲဆိုတာကလည်း ရှိသေးတယ်။ ဘာသာတရားတစ်ခုကို သွားရောက်ဆည်းပူးတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဂိုးရစ်ခ်ရဲ့ ပြဿနာကတော့ အဲဒီအချိန်မှာ ဘာသာတရားဟာ တိဗက်ကို မ ရောက်သေးဘူးဆိုတာ မသိတဲ့ပြဿနာပဲ။ သမိုင်းကျမ်းအဆူဆူအရ ယေရှုခရစ်တော် သွားရောက်လေ့လာတဲ့ ဘာသာတရားဟာ တိဗက်ကို (A.D 645-650) လောက်မှ ရောက်တာပါ။ ယေရှုခရစ်တော်သွားခဲ့တယ်ဆိုတဲ့ A.D (14-32) ကတော့ အဲဒီမှာ ဒီဘာသာတရားကို မပြန့်ပွားသေးတာပါပဲ။ ရိုးရိုးစဉ်းစားရင်ကို အ ဖြေ ပေါ်ပါတယ်။ ဘာသာတရားကို မသင်ကြား မလေ့လာခဲ့ပါဘူး။
Image: http://en.wikipedia.org/wiki/Timeline_of_Buddhism#Common_Era
နောက်တခုက ခရီးသွားမသွား ။
မဿဲ ၂း၂၃ မှာ ခရစ်တော်ကို နာဇရက်လူဟု ခေါ်ကြလတ္တံဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသော မြို့သို့ ရောက်၍ အမြဲနေလေ၏။
လု ၄း၁၆ တွင်မူ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်တော်မူလျှင် ....
စသည့် ခရစ်ဝင်ကျမ်းပါ စကားများသည် ခရစ်တော် အဘယ်မှမသွားကြောင်းကို ဖေါ်ပြထားပါတယ်။ Rev.. သိမ်းအုပ်ဆရာကမူ ခရစ်တော် သွားခဲ့ရင် မှတ်တမ်းရှိရမယ်၊ အနည်းဆုံး ဂျူးသမိုင်းမှာ ပါကိုပါရမယ် ဟု ဆိုပါတယ်။
ဘာလုပ်နေပါလိမ့် ...
နာဇရက်မြို့မှာ (၁၈) နှစ်တိုင် တိုင် နေထိုင်ခဲ့သော ခရစ်တော် ဘာလုပ်နေသနည်း။ ဤမေးခွန်းမှာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ Rev .သိမ်းအုပ် ၏ (၁၈)နှစ် ပြဿနာစာစောင်ကလေးတွင်မူ (၁၈)နှစ်ကာလ သူဘာလုပ်နေသည်ကို ဓ လေ့ထုံးတမ်းအမြင် Customary View မှ တင်ပြ Point out လုပ်ပါတယ်။ မာကု ၆း၃ မှာ သူသည် လက်သမားသားမဟုတ်လော၊ မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ရှိမုန် ... တို့၏ အစ်ကိုမဟုတ်လော ဟု ဖေါ်ပြထားပါတယ်။ အချက်များမှ ..
ယေရှုသည် လက်သမားသားဖြစ်သည်။ ယုဒထုံးစံ၌ သားသမီးတို့တွင် အကြီးဆုံးသောသားသည် မိမိဝါသနာပါရ ကြိုက်နှစ်သက် ရာ လုပ်ငန်းကို လုပ်ကိုင်ရွေးချယ်၍မပြုရ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ၀ါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဖခင်၏ လုပ်ငန်းကို ၀ိုင်းကူလုပ်ကိုင် သက်မွေးရသည်။ ကျန်သားသမီးများက မိမိစိတ်ကြိုက် နှစ်သက် ရာ၊၀ါသနာပါရာတို့ကို လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်ခွင့်ရကြသည်ကိုလည်းကောင်း၊ အသက်(၃၀)နှစ်မပြည့်မချင်း ဘာသာရေးဝင်ရောက် ဦးစီးခေါင်းဆောင်ပါဝင် လှုပ် ရှားခွင့်ပြုရိုးထုံးစံမရှိ၊ သဘာဝလည်းကျပါသည်။ အသက်(၃၀)ရှိမှ အတွေ့အကြုံရင့်ကျက်မှု၊ ဗဟုသုတစုံလင်မှုရှိပြီဖြစ်၍ ဘာသာရေးလုပ်ငန်းကို ၀င်ရောက်လုပ်ခွင်ပေးမြဲဖြစ်သည်ကို လည်းကောင်း....
ကောက်နုတ်၍ (၁၈)နှစ်ကာလသည် ခရစ်တော် နာဇရက်မြို့မှာပဲ လက်သမားလုပ်နေကြောင်း သက်သေထူခဲ့ပါတယ်။ H.E Dana က ယေရှုခရစ်တော်၏ ဖခင် ယောသပ်သည် ငယ်ရွယ်စဉ် ကွယ်လွန်ခဲ့သည်ဟု ဆိုသဖြင့် မိခင်၊မုဆိုးမနှင့် ညီ၊ညီမငယ်တို့အား (၁၈)နှစ်တိတိ လုပ်ကိုင် ကျွေးမွေးပြုစုခဲ့ကြောင်း ပြောဆိုသည်မှာ ယုတ္တိတန်လေသည်။
အကယ်၍ထိုအချိန်တွင် တိဗက်သို့ ယေရှုခရစ်တော်ရောက်နေပါက မုဆိုးမမိခင် အိုနှင့် ညီ၊ညီမငယ်များစွာတို့ ဘယ်လိုများ ၀အောင်စား၍၊ လှအောင်နေပါ့မလဲ၊ မိမိ မိသားစုအတွက် အလျင်ငြိမ်းအေးအောင် ဆောင် ရွက်ခဲ့သည်ကို မယုံနိုင်စရာမရှိပါ။
ခရစ်တော်၏မှတ်တမ်းဟုတ်မဟုတ်...
တကယ်တော့ ခရစ်တော် တိဗက်ကို မသွားပါဘူးဆိုတာနဲ့ ပြီးပြတ်ပါပြီ၊ သို့သော် စာရွက်ပေါင်း ၁၀၀ ပေါ်မှာ (၁၈)နှစ်အတွင်း အတွေ့အကြုံကို သက်သေခံထားတယ်ဆိုတဲ့ စာအုပ်၊ ဟေဗြဲဘာသာနဲ့ ရေးတဲ့မှတ်စု၊ ၁၉၂၅ခုနှစ်မှာ ဂိုးရစ်ခ် ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ဝေခဲ့တယ်ဆိုပဲ။ စာအုပ်ကိုတော့ ကျွန်တော်မမြင် ဖူးပါဘူး၊ ရှိတယ်ဆိုတာပဲ ကြားဖူးတာပါ။ သို့သော် ဒီအကြောင်းဟာ မမှန်နိုင်ဘူးခင်ဗျ။ အဲဒီအချိန်မှာ စာရွက်မှ မပေါ်သေးပဲကိုး၊ စာရွက်၁၀၀ကို (AD-30) လောက်မှာ ဘယ်ကိုသွားရှာမလဲ။ ကျွန်တော့်မှာ သမီးတစ်ယောက် ရှိတယ်။ စာကျက်တဲ့အခါ အလွန်အော်ကျက်တတ်တယ်။ တစ်နေ့မှာ သူကျက်တဲ့ဆယ်တန်းစာတစ်ပိုဒ်မှာ
"Paper was invented in China at the begining of the second century A.D" တဲ့၊ တကယ်တော့ ဂိုးရစ်ခ်ဟာ ပါမောက္ခတစ်ဦးလို့ ဆိုတယ်။ ဘယ်လိုပါမေက္ခမျိုးလဲတော့ ကျွန်တော်တို့ မသိတာအမှန်ပါပဲ ...
မှားနေတာတွေ ...
တစ်ခါတစ်ခါလည်း ဒီပြဿနာတွေက အသံကျယ်လာတတ်ပါတယ်။ သို့သော် အဆံမပါပါဘူး၊ သေသေချာချာ ပိုင်းခြားစီစစ်ရင် ပြီးပျောက်သွားတာပါပဲ။ မှားနေတဲ့ မေးခွန်းတွေ အများကြီးမှ အများကြီးပါ။ သို့သော် ဒါတွေဟာ ခရစ်တော်ရဲ့ ဘ၀အစိတ်အပိုင်းတွေကို ရေညှိတက်အောင် ကြိုးစားချက်ကလေးများပဲ ..လို့ ယုံကြည်ပါတယ်။ ထစ်ချုန်းတဲ့ မိုးကြိုးသံက လေးများပါပဲ။
တကယ်တော့ ...
အဖြစ်အပျက်အမှန်က တော့ သမ္မာကျမ်းထဲမှာ ပါပြီးသားပါ။ သေသေချာချာစေ့စေ့ငှငှ ဖတ် ရှုရင် ပြီးပြည့်စုံအောင် သိနိုင် မှာပါ။ သမ္မာကျမ်းစာဟာ ပြီးပြည့်စုံတဲ့ နှုတ်ကပတ်တော်ဆိုတာကိုပဲ ယုံကြည်ရပါလိမ့်မယ်။ တစ်လုံးတစ်ပါဒမှ မပိုစွန်းသလို၊ တစ်ပုဒ်တစ်လေမှ မလိုလွန်းဘူိးုတာကိုလည်း စိတ်နှလုံးမှတ်ကျုံးရပါလိမ့်မယ်။
ယေရှုခရစ်တော်ရဲ့ (၁၈)နှစ်ကာလကို ညိုသောင်းဆိုတဲ့ စာရေးဆရာ (ဘာသာတရားများစွာကို သုတေသနပြုသူ) က .. "ယေရှုသည် ဖခင်ယောသပ်ကဲ့သို့ လက်သမားလုပ်၍ နေထိုင် ခဲ့သည်မှာ အသက်၃၀တိုင်အောင် ကြာညောင်းခဲ့လေသည်" .. ဟုရေးခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေအနေနဲ့ကော ဘယ်လိုပြောမလဲ၊
ကျမ်းစာထဲကအတိုင်းပဲပေါ့။

ကျမ်းကိုးစာရင်း
1. Christian News from Isreal Vol.1 No.(34), 1878
2. Wy of Salvation Booklet.
3. A Life of Christ (H.H Darna) 1966.
4. Christian Worship (R.W.F. Wottom)
5. ခရစ်တော်၏ သက်တော်စဉ် (သန်လျင်ဖေသွင်)
6. Buddhism (Kenneth W. Morgan)
7. ပြဿနာများ
8. သမ္မာကျမ်းစာ (ယုဒဿန်)
9. ကမ္ဘာကို ချုပ်ကိုင်မည့်သူ (ဌေးလှိုင်)
10. ကယ်တင်ရှင် ယေရှုခရစ်တော် (နှစ်ခြင်းသာသနာစာပေ)
11. ဘာသာကြီးလေးခုအနှစ်သာရများ (ညိုသောင်း)
MURANN မှတ်ချက်။ 2008 တွင်ထုတ်ဝေသော ထစ်ချုန်းသောမိုကြိုးသံ စာအုပ်မှတဆင့်ဖေါ်ပြပါသည်။ ဆရာဆိုး၊ ၈၉၃(ခ)၊ ည/၁၁ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၃)၊ ရွှေပြည်သူမြို့နယ်၊ ရန်ကုန်တိုင်း
fri တစယာက် က မေး လာ လို့  ဆရာ ဆိုး ရဲ့၁၈နှစ် ပြသ နာ ဖြေ ရှင်း ချက် လေး ကို ယုံကြည် သု များ အ မြင် ရှင်းဖို့အ တွက် တင် ပေး လိုက် ပါ တယ်

Sunday, August 25, 2013

မွန်တို့သမိုင်း အပိုင်း (၁)

မွန်တို့ ဘယ်ကစလာသလဲ (အပိုင်း ၁)

မေးခွန်းကို မွန်အချို့တို့က “မွန်ဟာ မွန်ကပဲလာပါတယ်” မွန်ဆိုတာ တရုတ်က အိန္ဒိယကလာတယ်ဆို
တာလက်မခံနိုင်းဟုဆိုကြပါသည်။ဤ အဖြေးသည် ယခုသိပ္ပံခေတ်တွင်ခေတ်မမှီသောအဖြေးဖြစ်နေပေ
သည်။ယခုသိပ္ပံခေတ်တွင် သမိုင်းကို အထောက်အထားပြည့်စုံးစွာဖြင့် ဖော်ပြမှသာလျှင် လူအများက လက်
ခံနိုင်းပါသည်။ အထောက်အထား မပြနိုင်းသောသမိုင်းကိုယုခုခေတ်လူတို့က လက်မခံလိုကြပေ။ထို့ကြောင့်
ကျွန်တော်တို့မွန်လူမျိုးနှင့်တကွ အခြားသောလူမျိုးများ လက်ခံနိုင်းသော အထောက်အထားနှင့် ပြည့်စုံး
သည့်မွန်နှင့် ပတ်သက်သော သမိုင်းကို တင်ပြရန်လိုအပ်ပေသည်။ လူမျိုးတစ်မျိုး၏ စတင်လာပုံ ကိုလေ့လာရာ၌ သမိုင်းပညာရှင်များက သိပ္ပံနည်းကျသော ဘာသာဗေဒ ၊ မနုဿဗေဒ၊ စသည့် ပညာရပ်များဖြင့်လေ့လာကြလေသည်။ အထက်ပါ နည်းများဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးများ စတင်ပေါ်ပေါက်
လာပုံ၊ ပြောင်းရွေ့နေထိုင်ပုံ နှင့် အချို့ကွယ်ပျောက်သွားပုံ စသည့်သမိုင်းများကို ဖော်ထုတ်နိုင်းလေသည်။ မွန်တို့၏ အစကှိုရှာရာတွင် တစ်ဖက်ပါ စာမျက်နှာတွင်ဖော်ပြထားသည့်အတိုင်း မောင်းဂွတ်လူမျိုးမှစတင် ဆင်းသက်လာသည်ဟုဆိုရပေမည်။ မောင်ဂွတ်လူမျိုးမှ စ လူမျိုး နှစ်စု ကွဲသွားပြန်လေသည်။ တစ်မျိုးကို “…..သြစရစ်…” ဟုခေါ်ပြီး ကျန်တစ်မျိုးကို “တိဗတ်တိုတရုတ်
ဟုခေါ်ဆိုလေသည်။ လူမျိုးတစ်မျိုးသည် ဒေသတစ်ခုတွင်နေထိုင်ရှာမှ လူဦးရေ တိုးတက်လာပြီး
စီးပွားရေးအရ ကျပ်တည်းလာသောအခါ မိမိတို့၏ အသကက်ရှင်နေရေးအတွက် ဒေသတစ်ခုမှ
အခြားဒေသတစ်ခုသို့ပြောင်းရွေ့ လုပ်ကိုင်စားသောက်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထိုနည်း
တူ မောင်ဂွတ် လူမျိုးတိုသည်လည်း အသက်ရှင်ရေးအတွက် နေရာတစ်ခုမှာ အခြားတစ်ခုသို့
ပြောင်းရွေ့ လုပ်ကိုင်စားသောက်ကြလေသည်။ဤသို့ ပြောင်းရွှေ့ရာမှ အချိန်ကာလကြာညောင်း
လာသောအခါ နေထိုင်သောဒေသတို့လည်းတစ်ခုနှင့် တစ်ခုမတူသောကြောင့် “သြစရစ်နှင့် တိဗက်တို
တရုတ်” ဟူ၍ ကွဲပြားသွားလေသည်။ သို့သော် ၎င်းတို့မှာ မောင်ဂွတ် အနွယ်ဝင်များပင် ဖြစ်တော့သည်။ သြစရစ်လူမျိုးတို့လည် ရေကြည်ရာ မြက်နုရာကိုရှာကြံ၍ စီးပွားရေးအတွက် နယ်မြေဒေသ တစ်ခု
အခြားတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရာတွင် “သြစထရိုအေရှတစ်”နှင့်“သြစထရိုနီးရှင်း”ဟူ၍ လူနှစ်မျိုးပေါ်လာ
ပြန်လေသည်။ထိုနည်းတူစွာပင် တိဗက် တို့တရုတ်တွင်လည်း တိဗက်တိုမင်းနှင့် ထိုင်းတရုတ်ဟူ၍ လူမျိုးနှစ် မျိုးဖြစ်ပေါ်လာလေသည်။ သြစထရိုနီးရှင်း အမျိုးအနွယ်တို့သည် မြန်မာပြည်ယိုးဒယားပြည်နှင့်မလေးကျွန်း
ဆွယ် ဘက်သို့ ဆင်းသက်သွား ရာတွင် နီဂရစ်တို လူမျိုး၊ ဆလုံလူမျိုး၊ မလေးရှားလူမျိုးအဖြစ်နေထိုင်သွား
လေသည်။
သြစထရိုအေရှတစ် အနွယ်တို့သည် သြစထရိုနီးရှင်းအနွယ်ကဲ့သို့ပင်၊ အာရှတောင်ပိုင်းသို့မဆင်း
သက်ခင် တရုတ်ပြည်၊ ယန်စီကျန်မြစ်ဝှမ်းတွင် မွန်ခမာလူမျိုးအသွင်ဖြင့် တစ်စုတစ်ရုံးတည်း အခြေချလုပ်
ကိုင် စားသောက်ကြလေသည်။“ကျန်” ဟူသောဝေါဟာရသည် တရုတ်တို့၏ဝေါဟာမဟုတ်ဘဲ “ကြုင်”ဟူ
သော မွန်ခမာဝေါဟာရအဖြစ် ယခုတိုင်ခေါ်ဝေါသုံးစွဲနေကြသည်ကို ထောက်၍ ယန်စီကျန်မြစ် ဝှမ်းသည်မွန်
ခမာတို့၏ဒေသဟောင်း ဖြစ်သည်ဟုယူဆရလေသည်။ “ကြုင်” ဟူသောအဓိပ္ပာယ်ာမှာ မွန်ဘာသာအရ “မြစ်” ဟူ၍ပင်ဖြစ်လေသည်။ တရုတ်ဘာသာအရ မြစ်ကို “ဟို” ဟူ၍ခေါ်လေသည်။ တရုတ်ပြည်မြောက်ပိုင်း
ရှိမြစ်အမည်မှာ “ ဟိုအန်ဟို” ဟုတရုတ်ဘာသာအရဖြစ်ပြီး မြန်မာလို အဓိပ္ပာယ် မှာ မြစ်ဖြစ်လေသည်။ မွန်ခမာလူမျိုးတို့သည် ယန်စီကျန် မြစ်ဝှမ်းတွင် တစ်စုတစ်ရုံးတည် နေထိုင်ရာတွင် စိုက်ပျိုးရေးလုပ်
ငန်း၌ စနစ်တကျလုပ်ကိုင်နိုင်းသော လူမျိုးဟုယူဆရလေသည်။အဘယ်ကြောင့်ဆိုသော် ယန်စီကျန်မြစ်ဝှမ်း
သည် အလွန်တရာမှကောင်းမွန်သောဒေသဖြစ်သောကြောင့်ပင်ဖြစ်သည်။ မွန်ခမာတို့သည် ယန်စီကျန်မြစ်
ဝှမ်းတွင်မည်သို့ပင် လုပကိုင်စားသောက်၍ကောင်းစေကာမှုမြှောက်ပိုင်းမှ လူမျိုးများ၏ ပြောင်းရွှေ့လာမှု
ကြောင့်လည်းကောင်း ၊ မိမိလူမျိုးများ၏လူဦးရေလည်းတိုးတက်များပြာလာသဖြင့် အကျပ်အတည်းတွေ့
ရသောကြောင့်လည်းကောင်း တောင်းပိုင်းသို့ ပြောင်းရွှေ့လာကြသ်ဟုယူဆရပေသည်။ ထိုသို့ပြောင်းရွှေ့
လာရာတွင် အင်ဒိုချိုင်းနား ဘက်သို့ဆင်းသက်လာသော အုပ်စုများသည် ဗီယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုးအဖြစ်လည်းကောင်း၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုးအဖြစ်လည်းကောင်း၊ယိုးဒယား
(ထိုင်း)နှင့်မြန်မာပြည်တောင်ပိုင်းတွင် မွန်လူမျိုးအဖြစ်လည်းကောင်း၊ မြန်မာပြည်မြှောက်ပိုင်းတွင် ပလောင်၊
လဝ၊ ရိယန်လူမျိုးများအဖြစ်လည်းကောင်း၊ အိန္ဒိယပြည်သို့ ဗြဟ္မပုတ္တရ မြစ်အတိုင်းဝင်ရောက်သွားသောမွန်
ခမာတို့သည် ဒက္ခိဏကုန်းတွင် မုဏ္ဍလူမျိုးဖြစ်လည်းကောင်း ၊ဘင်္ဂလားနယ်တွင် ဆန်သာ(လ်)လူမျိုး အဖြစ်
လည်းကောင်း အာသံနယ်တွင် ခါဆီလူမျိုး အဖြစ်လည်းကောင်း အခြေချနေထိုင်သည်ကိုတွေ့ရလေသည်။ အဆိုပါ မွန်ခမာနွယ်ဘွား လူမျိုးများသည် တစ်ချိန်က ဒေသတစ်ခုအတွင်း တစ်စုတစ်ရုံးတည် နေထိုင်ရသဖြင့် မိမိတို့ပြေားကြားသော စကားသည် တစ်မျိုးတည်းပင်ဖြစ်သော်လည်း အခြားဒေသများတွင် သွားရောက်အခြေချလုပ်ကိုင်စားသောက်ကြရသဖြင့်လည်းကောင်း၊မိမိတို့နှင့်အနွယ်တူအခြားအုပ်စုနှင့်အချိန်ကြာမြင့်စွာကွဲကွာပြီးနေရသဖြင့်လည်းကောင်းမိမိတို့ပြေားဆိုသောမူရင်းဘာသာစကား
အပြင်အခြားသောဝေါဟာရများကိုလည်း သုံးစွဲရသဖြင့် ဝေါသဖြင့် ဝေါဟာရတိုးတက်များပြာလာသောသည်တွင် ဝေါဟာရ တိုးတက်များပြားလာသည်တွင် ဝေါဟာရအသစ်များတွင်မိမိတို့အနွယ်များနှင့်မတူသောဝေါဟာရအသစ်များကိုလည်းထည့်သွင်းသုံးစွဲရလေသည်။သို့သော်လည်းမိမိတို့မူရင်းမွန်ခမာဝေါဟာရမူကာမပျောက်မပျက်သုံးစွဲလျက်ရှိသည်ကိုတွေ့ရလေသည်။ဤအခြေအနေပေါ်တွင်မူတည်ပြီး ဘာသာဗေဒဆရာများက လူမျိုးများဆင်းသက်လာပုံကို ဖော်ထုတ်နိုင်းခြင်းဖြစ်လေသည်။ ထို့ကြောင့် ဗီယက်နမ် ၊ခမာ ၊ မွန်၊ ပလောင်၊ လဝ၊ ရိယန်၊ မုဏ္ဍ၊ဆန်သာ(လ်)၊ခါဆီ၊စသော်လူမျိုးများသည် မွန်ခမာအုပ်စုမှပေါက်ပွားလာသော အလွန်နီးစပ်သည့် ညီအကို မောင်နှမ များဟုဆို၇ပေမည်။
ထိုနည်းတူစွာ တိဗက်တိုဘာမင်း အုပ်စု ပေါက်ပွားလာသောလူမျိုးများမှာ ပျူ၊ ကမ်းယံ၊ သက်၊သက် ၊ချင်း၊ ဗမာ ၊ ကရင် လူမျိုးများဖြစ်သည်ဟု ဘာသာဗေဒဆရာများက ဆိုပါသည်။
နောက်ဆုံး ထိုင်းတရုတ်အုပ်စုမှာပေါက်ပွားလာသောလူးမျိုးများမှာ ရုမ်း၊ ရုမ်းတရုတ်၊ ရုမ်းဗမာများပင်ဖြစ်လေတော့သည်၊
ထို့ကြောင့် ယခု အခါအရှေ့ အာရှတောင်ပိုင်းတွင် နေထိုင်ကြသောလူမျိုးမှာ မောင်ဂွတ် လူမျိုးမှစ၍ဆင်းသက်လာကြပြီး မိမိတို့ကြိုက်နှစ်သက်သောဒေသတွင်အခြေချနေထိုင်ကြသော ဆွေမျိုး ပေါက်ဖော်များဖြစ်ကြပါတယ်......။

                                                                                  အသဲမရှိသူမှ ကူးယူဖော်ပြပါသည်။

Tuesday, February 5, 2013

အမှတ်တရ စာစု - (ဗိုလ်ချုပ်အောင်ဆန်း အသံဖိုင်)

တစ်နေ့ စာအုပ်စင်များ၊ စာအုပ်သေတ္တာများကို ပြန်လည် ရှင်းလင်းရင်း လက်ကမ်းစာစောင်ကို သွားတွေ့လေသည်။
ထိုလက်ကမ်းစာစောင်လေးမှာ ကျွန်တော်တို့ငယ်စဉ် (၁၉၇၁)ခုနှစ် အာဇာနည်နေ့အထမ်းအမှတ် အဖြစ် အစိုးရမှ
ထုတ်ဝေသော လက်ကမ်းစာစောင်လေး ဖြစ်လေသည်။ ထိုလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ
အကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ မိသားစုဓာတ်ပုံများနှင့်
ဆရာဇေယျ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့၏ ကဗျာများကိုသေသေသပ်သပ်၊ ခန့်ခန့်ညားညားဖြင့်
စိုက်နှိပ်ထားသည်။

ထိုလက်ကမ်းစာစောင်လေးတွင် ကျွန်တော်၏ စိတ်အားအဆွဲဆောင်နိုင်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေး၊
လက်မှတ်တို့ကို ပြန်လည်ကူးယူဖော်ပြထားသော စာတိုလေးပင်ဖြစ်သည်။

ထိုစာတိုလေးမှာ---

“ကြည် ... ပဲပြုတ်နှင့် နံပြားရရင်စားချင်တယ်။ အောင်ဆန်း” ဟူ၍ ဖြစ်သည်။

ထိုစာလေးမှာ တိုတောင်း လှစွာ၏ သို့သော်စကားတွေ အများကြီးပြောနေသည်ဟု ကျွန်တော်ထင်ပါသည်။ ဇနီးသည်
၏ အမည်အား အဖျားဆွတ်၍ ခေါ်ဝေါ်လိုက် ပြီးနောက်--- သူတောင်းဆိုသော အစားအစာကိုလည်း ကြည့်ပါဦး--။
တကယ့်တန်ဖိုး ကြီးမာသော ဘိုဆန်သော အထက်တန်းကျသော အစားအစာများမဟုတ်ပါ၊ “ပဲပြုတ်နှင့်နံပြား” သာဖြစ်
ပါသည်။ အာသာဆန္ဒစားလို့ လှ၍ တောင်းဆိုထားပုံမှာ မိခင်ထံ သားငယ်က မ၀ံမရဲဖြစ် တောင်းဆိုထားသကဲသို့ ခံစားရ
ပြီးလျှင် ယင်းစာလေးကို ဖတ်၍ ဗိုလ်ချုပ်အောင်ဆန်းအပေါ်သနား ကရုဏာသက်မိသည်။ ၀င့်ဝါပလွှားခြင်း၊ တပ်မက်မှု
ပြင်းထန်းခြင်းကင်းသော ခြိုးခြံချွေတာသော ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးစားအထင်ကြီးသော စိတ်တို့သည်
ကျွန်တော်ရင်ဝယ် လှိုင်းတံပိုးနှယ် လှုပ်ရှားစိုက်ခတ်မိတော့သည်။

စာတိုလေးထဲမှာ “ရရင်” ဟူသော အသုံးအနှုန်းမှာလည်း အတင်းအကြပ်မဟုတ်၊ “မရနိုင်၊ မဖြစ်နိုင်၊ မစီမံနိုင်လျှင်
လည်းကိစ္စမရှိပါ” ဟူသော သဘော၊ စီစဉ်ပေးမည့် ဇနီးအားညှာတာလေသည့်၊ အားနာလေသည့်သဘောတို့ သက်ဝင်
နေသည်။ “နေရာတကာ၊ ငါဖြစ်ချင်တာ၊ ငါလိုချင်တာဖြစ်ရမယ်” ဟူ၍စေခိုင်း ခြင်းမဟုတ်၊ ညှိနှိုင်း၍ တောင်းဆိုတက်
သော စိတ်ထားကိုတွေ့ရသည်။

လူတစ်ယောက်ပြောသောစကား၊ ရေးသောစာမှ ထိုသူ၏စိတ်နေစိတ်ထားကို ယေဘုယျသိနိုင်ပါသည်။
ယခု ကျွန်တော်တင်ပြသော ဗိုလ်ချုပ်အောင်ဆန်း၏ စာလေးကို ဖတ်ကြည့်ခြင်းဖြင့် အာဇာနည် ယောကျာ်းကောင်း
ယောကျာ်းမြတ် တစ်ယောက် စိတ်ဓါတ်ကို ဘက်စုံထောင်စုံမှဆင်ခြင်စဉ်စား သိရှိနိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော အဖိုးတန်သောယောကျာ်းကောင်းယောကျာ်းမြတ်များ ကျွန်တော်တို့နိုင်ငံတွင် အမြောက်
အများ အပေါ်ပေါက်စေချင်ပါသည်။

“ငါတို့ဗမာပြည်ဝယ် အမိအဖတိုင်းက ကွယ်ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်--” ဟူသော အဆိုတော်
ဦးမြကြီး၏ သီချင်းစာသားလေးကို သတိရမိပါသည်။ “ဗိုလ်အောင်ဆန်း” ကဲ့သို့သော တိုင်းပြည်နှင့် လူမျိုးအပေါ်အသက်
ပေး၍ ချစ်မြတ်နိုင်းသော သူရဲကောင်များ ပေါ်ပေါက်လာစေ ရန်မှာ မိဘများတွင်သာမဟုတ်ပါ။ ဆရာ ဆရာမများ
အားလုံးတွင်လည်း တာဝန်ရှိပါသည် ဟု ကျွန်တော်တွေးတောဆင်ခြင်နေမိပါသည်။

ဩော်----ကျွန်တော်တို့အားလုံး၏ ကျေးဇူးရှင် “ဗိုလ်ချုပ်အောင်ဆန်း” သည် သူစားလိုသော ပဲပြုတ်နှင့်နံပြားကိုပင်
နေ့စဉ်မှန်မှန်စားမှ စားသွားရပါလေစ ----။

ဦးမြင့်ငွေ(မော်ကျွန်း)
အတွဲ(၁)၊ အမှတ်(၄၀)

**************************************

ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့
တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။
ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်၊
တကယ့်နေရာတွေကျတော့ အသုံးမကျဘူး၊
ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။
ဗမာ-ဗမာချင်း ချဖို့မှာ လုပ်ချင်ကြတယ်၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်။
အဲ့ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး၊
ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး၊
လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။

ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ

*************************************

“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲ့ဒါက ကိုယ်ကျင့်တရားရယ်၊
အမှန်တရားကိုမြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိလဲရှိရမယ်။”

ဗိုလ်ချုပ်အောင်ဆန်း

****************************************

ဗိုလ်ချုပ် အောင်ဆန်း
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မြို့တော်ခန်းမ မှ
ဗိုလ်ချုပ်အောင်ဆန်း ပြည်သူလူထုကို မိန့်ခွန်းပြောသွားတဲ့ အသံဖိုင်လေးပါ။

Thursday, November 29, 2012

ရွှေတိဂုံသမိုင်း

ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် 
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
                      (၃၂၆) ပေ 
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
                       (ကမ္ဘာ့အံ့ဘွယ်)

အမည်ခေါ်တွင်ပုံ

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ “ရာပဒတန်သတ်္တဟ” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။

ကုန်သည်ညီနောင်

ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။

ပထမဆုံး သရဏဂုံတည်သူ

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

Friday, October 26, 2012

မြန်မာနိုင်ငံမှဒုတိယကမ္ဘာစစ် သမိုင်းဝင်နေရာ - (၂)ခု နှင့် ကမ္ဘာ့ အမြင့်ဆုံးတံတား

သံဖြူဇရပ်မြို့ မှ စစ်သင်္ချိုင်း
       
သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက်ခမီသွားကားလမ်းဘေးတွင် တည်ရှိပါသည်။
အကျယ်အ၀န်းမှာ ၁၀ ဧက ခန့် ဖြစ်သည်။ အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခုပါဝင်ပြီး ၁၉၄၆ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင်၏
ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ်(၆၀)ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေ စခန်းအဖြစ်
ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုးများ နိုင်ငံခြားဧည်သည် ၃၀၀ ကျော်ခန့် 
နှစ်စဉ်  လာရောက် ဂါရ၀ပြုလေ့ရှိကြောင်းသိရပါသည်။
စစ်သင်္ချိုင်းအတွင်းသို့ နိုင်ငံခြားသားများသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါသည်။

မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံတံတား
(ဂုတ်ထိပ် တံတား)
                
ဂုတ်ထိပ်တံတား(Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထားသံလမ်း
တံတားရဲ့တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့ အနီးမှာ ဖြစ်ပါတယ်။
                  
အတိအကျအားဖြင့် မန္တလေး-လာရှိုးလမ်း၊နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါတယ်။
ပြင်ဦးလွင် နဲ့ လာရှိုး မြို့ နှစ်မြို့ ကြားက တံတားလို့ လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားကြပါတယ်။
                  
The World Largest Trestle လို့ အသိအမှတ်ပြုထားတဲ့ တံတားဖြစ်ပြီး Trestle ဆိုတာ
စတီး၊သံမဏိ၊သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။
မြန်မာအခေါ်ကတော့ မြင်းခုံ တံတားဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက သမိုင်းဝင် လီဒိုလမ်းမကြီး
             
ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာဗျုဟာကျတဲ့ လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့ရာမှာ လူပေါင်း ၆၃,၀၀၀ နဲ့ ငွေကြေး
အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲခဲ့တယ်လို့  သမိုင်းအထောက်အထားများအရ သိရှိရပါတယ်။ဒီလမ်းမကြီးကို
တရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်းဖော်ပြထားပါ
တယ်။ လီဒိုလမ်းမ တည်ဆောက်မှုမှာ အမေရိကန်စစ်သား ၁၁၀၀ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
၁၉၄၅ ခုနှစ် အစောပိုင်းမှာ ဒီလမ်းမကြီးကို တည်ဆောက်ခဲ့တဲ့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell ကို
ဂုဏ်ပြုတဲ့အနေနဲ့  တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က Stiwell Road လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
           
မဟာမိတ်တို့  စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်း၊စစ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊စစ်အင်ဂျင်နီယာ ဟပ်ခ်ျဖီးတို့ စွန့် စွန့် 
စားစား ဖောက်ခဲ့ရသောလမ်း၊ရိုင်ဖယ်လွယ်ရင်း စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်း၊ထိုလမ်းကို တိုက်ရင်း
ဖောက်၊ ဖောက်ရင်းတိုက်ရသဖြင့် တစ်နေ့ ၁ မိုင်မျှပေါက်အောင် မနည်းဖောက်ခဲ့ကြရသည်။ဖျားနာရင်းသေကြ၊
စစ်တိုက်ရင်း ကျဆုံးကြနှင့် တောတောင်ထူထပ် မတ်ဆောက်တောင်နှင့် ချောက်ကမ်းပါးတို့ အကြား ဖောက်ခဲ့ရသော
လမ်းသည် သမိုင်းဝင်လမ်း ဖြစ်ခဲ့ရသည်။ သို့ ပေမဲ့ လမ်းဖောက်ပုံစနစ်ကျသည်ဟု ဆိုရမည်။ ချောင်းရိုးတစ်လျှောက်
ကိုရှာဖွေပြီး တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ်တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ရှေးယခင်က
လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန်  သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့
သည်ဟု ဆို၏။ ယခုအခါ အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်လုပ်ထား
သည်ကို တွေ့ ရ၏။ တောတောင်သဘာဝမှာ အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသော
ကြိုးပြင်သစ်တောများဖြစ်သည်။
          
ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းတချို့ ချောင်းတစ်ချို့ ရှိသော်လည်း လမ်းမှာ
လွန်စွာ ဖြောင့်ဖြူးနေသည်ကို တွေ့ ရသဖြင့် တပ်မတော်အင်ဂျင်နီယာ ဗိုလ်ကြီးကြည်မောင်ကို မေးမြန်းကြည့်ရာ "မဟာ
မိတ်တွေက လေယာဉ်နဲ့ လမ်းအူကြောင်းရှာတယ်ဗျ၊ဒီဘက်လမ်းကြောဆိုတာ ကြိမ်ဝါးပဲ အများဆုံးပေါက်တာဆိုတော့
လေယာဉ် ပေါ်ကနေပြီးတော့ လောင်စာဆီတွေ တန်းတန်းကြီး သွန်ချပြီး မီးရှို့ လိုက်တာပဲ၊ဒါကြောင့် လမ်းဟာ
ဖြူးနေတာပေါ့" တဲ့။
        
လီဒိုလမ်းမ၏ မတ်ဆောက်သောအတက်လမ်းမှာ ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။
ထိုမှ (၁၈)မိုင် စခန်းအထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောင
အော်ဟစ်ရုန်းကန် တက်ကြရသည်။

ပထမဆုံးသော မြန်မာလူမျိုး အနောက်တိုင်း ဆရာဝန် ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉) (မွန်လူမျိုး)

ဒေါက်တာရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ်တက္ကသိုလ် (Bucknell University) တွင် စတင်ပညာသင်ကြားခဲ့သော ပထမဆုံးသော အမေရိကန်ရောက် မြန်မာလူမျိုး ဆေးကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)သို့ ရောက်ရှိခဲ့သည်။
ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မွန်လူမျိုး ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်း ဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။

သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။ 
၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ သုံးနှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည်သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်။

၁၈၅၈ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်မည့် မြန်မာနိုင်ငံ သုံးဆယ်မြို့တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls)နှင့် တွေ့ဆုံခဲ့ပြီး ဆရာမကြီး၏ ကူညီမှုဖြင့် အမေရိကန်သို့ ပညာသင် လိုက်ပါခဲ့သည်။ ဆရာမကြီးမှာ အားလပ်ရက်တွင် အမေရိကန်သို့ ခေတ္တပြန်ခြင်းဖြစ်ရာ မောင်ရှောလူးက တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ 
၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ နယူးယောက်မှ ကုန်သည်တဦး၏ အထောက်အပံ့ဖြင့် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) လူဝီစဗတ် တက္ကသိုလ် (Lewisburg University) ၌ (၁၈၈၆မှစ၍ ဘက်နယ်လ်တက္ကသိုလ် (BucknellUniversity) အဖြစ် အမည်ပြောင်းလဲသည်။) ၁၈၅၉ ခုနှစ်တွင် ပညာသင်ခွင့် ရခဲ့သည်။ ပညာသင်ကြားရင်း အားလပ်ချိန်များတွင် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။ အယူအဆဆိုင်ရာ ပါမောက္ခကြီး ဒေါက်တာသောလ်မတ် အက်ဖ် ကာတစ် (Dr. Thomas F. Curtis) ၏အိမ်တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း တဖက်တလမ်းမှ ဝင်ငွေရယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် အခြားမြို့ကြီးများသို့ သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုးများအကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။မောင်ရှောလူသည် လူဝီစဗတ်မှ ဟောပြောပွဲများတွင်လည်း မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်များကို လူဝီစဗတ် ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လည်း ဟောပြောနိုင်ခဲ့သူဖြစ်သည်။

မောင်ရှောလူသည် ၁၈၆၄ ခုနှစ်တွင် လူဝီစဗတ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝိဇ္ဇာဘွဲ့အတွက် ဂရိ၊ လက်တင်ဘာသာ စကားများ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ ဖီလိုဆိုဖီ၊ စိတ်ပညာနှင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို သင်ယူခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ပြည်တွင်းစစ် ဖြစ်ပွားဆဲ ဖြစ်သည်။
ဘီအေဘွဲ့ရပြီးနောက် မောင်ရှောလူသည် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်း (Cleveland) ရှိ  ချို့တဲ့သူများဆေးကောလိပ် (Charity Hospital Medical College) ၌ ဆေးပညာ ဆက်လက် ဆည်းပူးသည်။ ကလေးဘဝက မော်လမြိုင်တွင် ဒေါက်တာ ဂျဒ်ဆင်အား ဆေးကုသပေးမည့် ဆရာဝန် မရှိ၍ အမေရိကန်သို့ သင်္ဘောဖြင့် ပြန်သွားရသည့် ဒေါက်တာ ဂျဒ်ဆင်၏ အဖြစ်ကို ကြုံတွေ့ခဲ့ရသည့် အချိန်မှစ၍ မောင်ရှောလူသည် ဆရာဝန် ဖြစ်ရန် ရည်မှန်းခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ဆေးပါရဂူ အမ်ဒီဘွဲ့ရသည်။ ဂုဏ်ထူးဆောင် အမ်အေဘွဲ့လည်း ချီးမြှင့်ခံရသည်။ ဆေးပညာ သင်ကြားမှု ပြီးဆုံးသောအခါ မောင်ရှောလူသည် အမေရိကန် သမ္မတ အင်ဒရူးဂျွန်ဆင်(President Andrew Johnson)ကို သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်။ အမေရိကန် သမ္မတ၏ မင်းတုန်းမင်းထံ ပေးအပ်သော သဝဏ်လွှာကို လက်ခံ၍ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။

လမ်းခရီး၌ လန်ဒန်တွင် တစ်လ၊ ပါရီတွင် တစ်ပတ် နားနေ လေ့လာ၍ အေအင်၊ သီဟိုဠ်၊ ကာလကတ္တားမှ တဆင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်က စူးအက်တူးမြောင်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတ၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် မန္တလေးသို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်နှင့် မန္တလေးသို့ ခရီးဆက်သည်။ မင်းတုန်းမင်းသည် ဒေါက်တာရှောလူကို ကောင်းစွာလက်ခံတွေ့ဆုံသည်။ နန်းတွင်း မြောက်ဥယျာဉ်တော်၌ အဆောင်တခုပေးကာ နန်းတွင်းစားတော်အုပ်ကို နေ့စဉ် ပို့စေသည်။ ရက် ၂ဝ ခန့်ကြာသော် အောက်မြန်မာပြည်ပြန်၍ ကျောင်းဆရာနှင့် ဆရာဝန် လုပ်ငန်းများ ဆောင်ရွက်ခွင့် တောင်းသည်။ မင်းတုန်းမင်းက ခွင့်ပြု၍ ဆုလာဘ်နှင့် ငွေဒင်္ဂါးများကိုလည်း ချီးမြှင့်ခဲ့သည်။
ဒေါက်တာရှောလူသည် ရန်ကုန်တွင် အင်္ဂလိပ်အစိုးရ၏ အားပေးကူညီမှု မရသောကြောင့် မုတ္တမ၌ ကိုယ်ပိုင်ကျောင်းဖွင့်ကာ အသက်မွေးသည်။ ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာ အခက်အခဲတွေ့ရာ ဆရာအဖြစ် ဝင်ရောက်ကူညီခဲ့သည်။ အေဘီအမ်ကျောင်းတွင် ၁ဝ နှစ်ခန့် ဆရာအဖြစ်ဆောင်ရွက်သည်။ 
ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မစ္စမာရီယာအင်ဂေါကို ကျေးဇူးတုံပြန်သော အားဖြင့် သုံးဆယ်မြို့ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မီလ်ချယ်(Dr. Ellen Mitchell)ထံတွင် လက်ထောက်ဆရာဝန်အဖြစ် ၁ဝ နှစ် ထမ်းဆောင်ပြီးနောက် မော်လမြိုင်၌ပင် ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။ ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမယူဘဲ ဆေးကုပေးသည်။ အသက်ကြီးရင့်သည့်တိုင် လူနာရှိရာသို့ ကိုယ်တိုင်လိုက်၍ ဆေးကုသသည်။ တဖက်တွင်လည်း မော်လမြိုင် အစိုးရကျောင်းနှင့် နောင်မန်ကျောင်းတို့တွင် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

ဒေါက်တာရှောလူသည် ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ ဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အင်္ဂလိပ် အမျိုးသမီး မစ္စလူစီပရဲယား(Lucy Pereira)နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၇ ယောက်(သား လေးယောက်၊ သမီး သုံးယောက်) ထွန်းကားခဲ့သည်။ ဇနီး ကွယ်လွန်၍ ၂ နှစ် အကြာ၌ အမေရိကန်သာသနာပြု မိန်းကလေးကျောင်းမှ ကျောင်းအုပ် ဒေါ်ရွှေနှင့် ထပ်မံ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် (သားတစ်ယောက်၊ သမီး နှစ်ယောက်)ရသည်။
ဒေါက်တာ ရှောလူသည် မော်လမြိုင်မြို့၌ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၅း၃ဝ တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင်-

In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
"All the way Saviour Leads me"
ဟု ရေးထိုးထားပေးကြပါသည်။
"မြန်မာ တိုင်းရင်းသားများ ထဲမှ အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ကလိဗ်လင်း ဆေးကောလိပ်မှ ဆရာဝန်ဘွဲ့နှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကို ပထမဆုံးရခဲ့သူ။ ထူးခြားသည်မှာ အိန္ဒိယနှင့် အမေရိကန်သို့ ကိုယ်ထူးကိုယ်ချွန် စွန့်စားကာ ပညာသင် သွားရောက်ခဲ့ပြီး ခရစ်ယာန်ကောင်း ပီသစွာ ဆရာဝန်ပညာနှင့် ကျောင်းဆရာ လုပ်ငန်းကို အခကြေးငွေ အဓိက မထားဘဲ ဆင်းရဲသားများ အကျိုး ဆောင်ရွက်ခဲ့သော ပရဟိတ ပညာရှင် တဦး ဖြစ်ခြင်းပင် ဖြစ်သည်" …
 [မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်ပါ "အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉)" အတ္ထုပ္ပတ္တိမှ]
မှီငြမ်းချက်များ
·         Bucknell University
·         Dhammyut Mon
·         ၂ဝဝ၈-ခုနှစ်၊ ဒီဇင်ဘာ(၂၄)ရက်ထုတ် Weekly Eleven ဂျာနယ်မှ ဆရာတင်နိုင်တိုး၏ ဆောင်းပါး
·         ဆရာမင်းယုဝေ၏ ပထမမြန်မာများ
·         ဆရာမောင်ဇေယျာ၏ မြန်မာလူကျော် ၁၀၀(ပထမအုပ်)  

Saturday, September 29, 2012

ပျောက်ကွယ်လုပြီဖြစ်တဲ့ ဓလေ့တစ်ခု

      မကြာသေးသော ရှေးခေတ်က မြန်မာ့ကျေးလက်ဒေသများမှာ ရှင်လောင်းလှည့်ကြတဲ့အခါ ကာလသား လူငယ်လူရွယ် တစ်ဆယ်ကျော်ကျော်အနည်းဆုံးထားပြီး မောင်ရှင်လောင်းနောက်က ၀န်းရံလိုက်ကြရသတဲ့။

         အသံကောင်းသူက နမော တဿာတိ။ ။ အောင်မြေကူးဆိပ်၊ ဇမ္ဗူဒိဟု၊ တံဆိပ်ခေါ်သညာ….၊ လို့ အသံရှည်ရှည် ဆွဲငင်ဆိုရပါတယ်။ သာသနာရောင်၊ ကျွန်းမြေခေါင်၊ နေရောင်မကသာသို့။ ---လို့ ဆိုလိုက်ရင် နောက်ကလိုက်လာတဲ့ လုလင်ပျိုတို့က ရှိုး လို့ တပြိုင်တည်း လိုက်ကြရတယ်။ တစ်ချို့က ရွှဲဆိုပြီး လိုက်တာလဲ ရှိတယ်။ တစ်ချို့ကတော့ ရှိုးတလှည့် ရွှဲတလှည့် လိုက်ကြသတဲ့။

အဲဒီရှိုးသံ ရွှဲသံတွေ မျက်မှောက်မှာ ကြားဖူးသူ မရှိသလောက်ဖြစ်နေပါပြီ။ လွမ်းစရာမြန်မာ့ရိုးရာ ယဉ်ကျေးမှု သံစဉ်လေးတစ်ခုပေါ့ဗျာ.....

(၁) နမော တဿာတိ။ ။ အောင်မြေကူးဆိပ်၊ ဇမ္ဗူဒိဟု၊ တံဆိပ်ခေါ်သညာ….၊

သာသနာရောင်၊ ကျွန်းမြေခေါင်၊ နေရောင်မကသာသို့။ (ရှိုး)။

ဆယ်ဖြာဦး ဆီမီးဝါ….၊ လျှပ်စစ်တန်တောင်၊ ပြိုင်တိုင်ရှောင်သည်၊ ဘုန်းခေါင်သာသနာ၌။ (ရှိုး)

ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင်….၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုး နားဝယ် ထောင်လော.။ (ရှိုး)။

ရွှေတောင်လှ မယ့်သက်ဝေ…၊ မိခင်ဆုံးမ၊ သြ၀ါဒကို၊ မောင်လှ နာဝယ် ခွေလော့။ (ရှိုး)။

ပရမေ သည်သမ္ဗုဒ္ဓ….၊ ငါးမာရ် ဖျက်ချွေ၊ သုံးလူ့ဆွေသည်၊ ဟောမိန့်ချွေ ပြခဲ့၏။ (ရှိုး)။

ကျင့်သီလနှင့် ဒါနမှာ….၊ သုခဘောဂါ၊ ပြည့်စုံစွာသည်၊ ကာမ ကုသလာဟု။ (ရှိုး)။

နတ်ခြောက်ရွာ မှန်မလွဲ…၊ ရွှေအုန်းရွာမှာ၊ ကုသိုလ်ရှာသည်၊ လှူဒါနခြိမ့်ခြိမ့်သဲ၏။ (ရှိုး)။

ခရာနှဲနှင့် ကြည်ကွဲအောင်….၊ ခြိမ့်ခြိမ့်ရိုက်တီး၊ တငြီးငြီးသည်၊ စည်ကြီးရှေ့ကဆောင်၍၊ (ရှိုး)။

လှခေါင်ချုပ်သည် ရွှေရုပ်သွင်….၊ ခြောက်ပြစ်ကင်းရှောင်၊ ပျိုနတ်ယောင်သည်၊ ကျွန်းတောင်လက်ျာ မှာ တင်၍။ (ရှိုး)။

ပျိုခင်စု ရွယ်နုလှသဇင်….၊ ၀တ္ထုလှူဘွယ်၊ အသွယ်သွယ်ကို၊ ကြီးငယ် ရှေ့နောက်ပြင်၍။ (ရှိုး)။

မောင်ရင်ဘ ဒါနအလှူ့ရှင်….၊ ပရိက္ခရာ၊ လွယ်ဘို့ပါသည်၊ ပိတာ မောင့်ဘခင်တည့်။ (ရှိုး)။

မယ့်သခင် လူရင်လှ….၊ ရတုသံချို၊ ရကန်ဆိုသည်၊ လူပျိုဝန်းရံလျက်လေး။ (ရှိုး)။

********* **************** ************

(၂) ထမ်းစင်စီး၍ ထီးရိပ်ခို…၊ မြင့်မိုရ် မြင့်မား၊ ၀တိန်ဖျားက၊ နတ်သား ကျသလိုနှင့်။ (ရှိုး)။

ငွေလိုပြောင် သဲရောင်ခင်း…..၊ ရွှေအုန်းရွာလယ်၊ လမ်းကျယ်ကျယ်မှာ၊ လှူဘွယ်အစုံကျင်း၍။ (ရှိုး)။

ကတီခင်း အတွင်းမဏ္ဍပ်မှာ….၊ ပေါက်ဖော်ဆွေပုံ၊ ကြူးလို့ရုံသည်၊ လုံးစုံ လက်ဖွဲ့ကာနှင့်။ (ရှိုး)။

မယ်သားမွေးသည့်၊ ရင်သွေး သားပုတ္တာ….၊ ၀င်းဝင်းသပ္ပာယ်၊ သံဃာ့လယ်မှာ၊ အမယ် ရှင်ပြုပါအံ့။ (ရှိုး)။
မေတ္တာပျံ့ ရနံ့ထုံ…..၊ မိဘကျေးဇူး၊ အထူးထူးကို၊ ရည်ကျူးရိုက်ကာ ခြုံအံ့။ (ရှိုး)။

ပမာပုံသည်၊ ဂုဏ်မူနှိုင်းမမျှ….၊ မေရုခေါ်ဆို၊ တောင်မြင့်မိုရ်နှင့်၊ နွားချို ပေါက်သစ်စသို့။ (ရှိုး)။

ရှုမ၀သည့်၊ လူလှ မဲ့ပန်းဖြူ….၊ ကျေးဇူးဂုဏ်ဝါ၊ ထေရ်ဆရာသည်၊ တ၀ါထမ်းမျှ တူအံ့။ (ရှိုး)။

မွှေးနံ့သာကြူသည့် သုံးလူသာသနာ…..၊ မျာလှသံဃာ၊ ကျောင်းဝိဟာမှာ၊ တ၀ါထမ်းတို့(ဘို့?) ပါလော့။ (ရှိုး)။

ကန့်ကော်နန်းမှာ၊ ပွင့်ပန်း သစ္စာဆင်…..၊ ဂန္ဓာပျံ့မွှေး၊ မြိုက်ရည်ကျွေးသည်၊ မိတေးမြတ်ချစ်ရှင်၏။ (ရှိုး)။

ရေစင်သန်း ရွှေနန်းတပြောင်ပြောင်….၊ ပြာသာဒ်ရှစ်ဆောင်၊ မဂ္ဂင်ဖောင်ကို၊ မယ့်မောင်စီးရအောင်တည့်လေး။ (ရှိုး)။

(ခွန်းထောက် လေးဆစ်) မွေးမယ်ပုံ-ဂုဏ်အဆင်းမှာလ၊ မြစ်မင်းတဲ့-အဏ္ဏ၀ါ။ ။ ပင်လယ်မှာ မကျော်လောက်သော်လည်း၊ မြောင်ပေါက်ပမာ။ ။ မယ့်သည်းချာငယ်လေး၊ သဒ္ဓါဖြူဆွ။ ။ သီလ ဆယ်သွယ်နှင့်၊ ဂုဏ်ပင်လယ်-မယ့်နို့ဘိုးကို၊ ကြိုးရော့ မောင်လှ။ (မိဘ ဆရာကျေးဇူးဂုဏ်ဘွဲ့ ရကန် ၂-ပုဒ်)

********* **************** ************

(၃) လောကမျက်ရှု၊ သဗ္ဗညု၊ ခွင့်ပြုသာသနာ…..၊ ထမ်းချင်ပါကြောင်း၊ မောင်ခွင့်တောင်းသည်၊ အကြောင်းလွတ်သင့်ပါ၏။ (ရှိုး)။

လှသူဇာ-သွယ်နွယ်ဘွား….၊ မောင်ကြီးသက်စု၊ ရွှေလှော်အုငယ်၊ ကျွတ်ဆု ပန်ချင်ငြား၍၊ (ရှိုး)။

ဖန်ဖန်ကြားသည်၊ နုထွားအပျိုခင်…..၊ လူရင်ယခု၊ ခွင့်တောင်းပြုသည်။ ပျိုနုလွတ်စေချင်၏။ (ရှိုး)။

သုံးလူ့ရှင်သည်၊ မိန့်ခဲ့ဟော…..၊ မနုဿတ္တ၊ ဒုလ္လဘသည်၊ အရကျမ်းသဘောတည်း။ (ရှိုး)။

မြတ်ရှင်စော-မိန့်ဟောသည့် ရွှေနုတ်မှာ…..၊ လူ၏ဘ၀၊ ရခဲလှသည်၊ လွတ်ပါ့ သည်တ၀ါကို။ (ရှိုး)။

လှသူဇာသည် အိုကြော့ဘုန်း…..၊ နှမကြင်ရာ၊ ပန်းနော်ဇာကို၊ တ၀ါလွတ်ပါအုံးတော့။ (ရှိုး)။

ယဉ်မဆုံးသည့်-ဂမုန်း ပန်းနော်ဇာ…..၊ တ၀ါကျွတ်ရုံ၊ လှမျိုးစုံက၊ ကြည်ယုံလွတ်သင့်ပါ၏။ (ရှိုး)။

သုံးလဖြင့်-ကြာရဘူး…..၊ မောင်ကြီးသစ္စာ၊ ထားခဲ့ပါသည်၊ မြတ်စွာစိန္တေစူးပါစေ။ (ရှိုး)။

လွတ်ပါဦးတော့ ကြော့မှူး သည်တ၀ါ…..၊ နိဗ္ဗာန်ကိုလှမ်း၊ ရွှေစာထမ်းသည်၊ ရဟန်းပြုချင်ပါ၏။ (ရှိုး)။

မိမာတာနှင့် ပိတာဘမြတ်ရှင်…..၊ အာဏာစကား၊ မိန့်သည်များကြောင့်၊ ညွတ်တွားခွင့်လွတ်ဆင်သည်၊ ကြည်လင်လွှတ်ပါဦးလော့လေး။ (ရှိုး)။

မွေးဘ ပိတာ၊ မိအာဏာကို၊ မောင့်မှာ ပယ်ဝံ့ဘူးတည့်လေး။ (ရှိုး)။

(ခွန်းထောက်လေးဆစ်) မြတ်ဆယ်ဖြာ-မောင်ကျင့်သုံးမယ်ပ၊ မြကုံးတဲ့ ဆင်းရွှေလှော်။ ။
မောင်ကြီးကို တ၀ါကျွတ်အောင်၊ မင်းလွတ်ပနော်။ ။
ရွှေမျက်နှာ ဖြူပြာဝင်းနှင့်၊ ယဉ်မင်းတဲ့ လှရုပ်မော်၊ နတ်သော်မှ ပုံမယွင်း။ ။

အမရာ, ကိန္နရီနှင့်လေ၊ မဒီ, သမ္ဘူလငယ်သို့၊ နှိုင်းပမာယှဉ်ပြန်ရရင်၊ အာကာမှ-သော်တာ လ-လိုပ၊ ထွန်းပ၀င်းတဲ့မှ ထွန်းပရောင်ဝင်း။ (ရီးစားဘွဲ့ရကန်။)

♣♣ (စစ်ကိုင်းမြို့ အောင်မြေစံလွတ်ကျောင်းမှရသည်၊ ရေးသူအမည်မသိ-ဟု က၀ိဘာရတီ ပထမတွဲ-၄၃၄-၀ယ် ပြဆိုထားသည်။)

♣♣ မှတ်ချက်။ ။ ရတု၊ ရကန် (၂)မျိုးပါဝင်ကြောင်း မြန်မာစာညွန့်ပေါင်းကျမ်း(ဒုတွဲ)၌ ဆိုသည်။
 
မူရင်း=http://www.facebook.com/photo.php?fbid=149221608552481&set=a.110769665731009.12529.100003939288500&type=1&theater
                                                               လေးစားစွာဖြင့်    ....    မောင်မြင့်

မြန်မာနိုင်ငံမှဒုတိယကမ္ဘာစစ် သမိုင်းဝင်နေရာ - (၂)ခု နှင့် ကမ္ဘာ့ အမြင့်ဆုံးတံတား

သံဖြူဇရပ်မြို့ မှ စစ်သင်္ချိုင်း
       
သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက်က္ခမီသွားကားလမ်းဘေးတွင် တည်ရှိပါသည်။
အကျယ်အ၀န်းမှာ ၁၀ ဧက ခန့် ဖြစ်သည်။ အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခုပါဝင်ပြီး ၁၉၄၆ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင်၏
ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ်(၆၀)ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေ စခန်းအဖြစ်
ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုးများ နိုင်ငံခြားဧည်သည် ၃၀၀ ကျော်ခန့် 
နှစ်စဉ်  လာရောက် ဂါရ၀ပြုလေ့ရှိကြောင်းသိရပါသည်။
စစ်သင်္ချိုင်းအတွင်းသို့ နိုင်ငံခြားသားများသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါသည်။

မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံတံတား
(ဂုတ်ထိပ် တံတား)
               
ဂုတ်ထိပ်တံတား(Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထားသံလမ်း
တံတားရဲ့တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့ အနီးမှာ ဖြစ်ပါတယ်။
                  
အတိအကျအားဖြင့် မန္တလေး-လာရှိုးလမ်း၊နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါတယ်။
ပြင်ဦးလွင် နဲ့ လာရှိုး မြို့ နှစ်မြို့ ကြားက တံတားလို့ လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားကြပါတယ်။
                  
The World Largest Trestle လို့ အသိအမှတ်ပြုထားတဲ့ တံတားဖြစ်ပြီး Trestle ဆိုတာ
စတီး၊သံမဏိ၊သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။
မြန်မာအခေါ်ကတော့ မြင်းခုံ တံတားဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက သမိုင်းဝင် လီဒိုလမ်းမကြီး
            
ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာဗျုဟာကျတဲ့ လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့ရာမှာ လူပေါင်း ၆၃,၀၀၀ နဲ့ ငွေကြေး
အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲခဲ့တယ်လို့  သမိုင်းအထောက်အထားများအရ သိရှိရပါတယ်။ဒီလမ်းမကြီးကို
တရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်းဖော်ပြထားပါ
တယ်။ လီဒိုလမ်းမ တည်ဆောက်မှုမှာ အမေရိကန်စစ်သား ၁၁၀၀ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
၁၉၄၅ ခုနှစ် အစောပိုင်းမှာ ဒီလမ်းမကြီးကို တည်ဆောက်ခဲ့တဲ့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell ကို
ဂုဏ်ပြုတဲ့အနေနဲ့  တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က Stiwell Road လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
          
မဟာမိတ်တို့  စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်း၊စစ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊စစ်အင်ဂျင်နီယာ ဟပ်ခ်ျဖီးတို့ စွန့် စွန့် 
စားစား ဖောက်ခဲ့ရသောလမ်း၊ရိုင်ဖယ်လွယ်ရင်း စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်း၊ထိုလမ်းကို တိုက်ရင်း
ဖောက်၊ ဖောက်ရင်းတိုက်ရသဖြင့် တစ်နေ့ ၁ မိုင်မျှပေါက်အောင် မနည်းဖောက်ခဲ့ကြရသည်။ဖျားနာရင်းသေကြ၊
စစ်တိုက်ရင်း ကျဆုံးကြနှင့် တောတောင်ထူထပ် မတ်ဆောက်တောင်နှင့် ချောက်ကမ်းပါးတို့ အကြား ဖောက်ခဲ့ရသော
လမ်းသည် သမိုင်းဝင်လမ်း ဖြစ်ခဲ့ရသည်။ သို့ ပေမဲ့ လမ်းဖောက်ပုံစနစ်ကျသည်ဟု ဆိုရမည်။ ချောင်းရိုးတစ်လျှောက်
ကိုရှာဖွေပြီး တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ်တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ရှေးယခင်က
လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန်  သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့
သည်ဟု ဆို၏။ ယခုအခါ အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်လုပ်ထား
သည်ကို တွေ့ ရ၏။ တောတောင်သဘာဝမှာ အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသော
ကြိုးပြင်သစ်တောများဖြစ်သည်။
         
ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းတချို့ ချောင်းတစ်ချို့ ရှိသော်လည်း လမ်းမှာ
လွန်စွာ ဖြောင့်ဖြူးနေသည်ကို တွေ့ ရသဖြင့် တပ်မတော်အင်ဂျင်နီယာ ဗိုလ်ကြီးကြည်မောင်ကို မေးမြန်းကြည့်ရာ "မဟာ
မိတ်တွေက လေယာဉ်နဲ့ လမ်းအူကြောင်းရှာတယ်ဗျ၊ဒီဘက်လမ်းကြောဆိုတာ ကြိမ်ဝါးပဲ အများဆုံးပေါက်တာဆိုတော့
လေယာဉ် ပေါ်ကနေပြီးတော့ လောင်စာဆီတွေ တန်းတန်းကြီး သွန်ချပြီး မီးရှို့ လိုက်တာပဲ၊ဒါကြောင့် လမ်းဟာ
ဖြူးနေတာပေါ့" တဲ့။
       
လီဒိုလမ်းမ၏ မတ်ဆောက်သောအတက်လမ်းမှာ ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။
ထိုမှ (၁၈)မိုင် စခန်းအထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောင
အော်ဟစ်ရုန်းကန် တက်ကြရသည်။

လေဗောက်အိုးရဲ- စတီးဝဲလမ်း (လီဒိုလမ်း) ခရီးသည်
(နာဂမြေ နန်းယွန်း-ပန်ဆောင်သွား တောလားမှ)ကူးယူ ဖော်ပြပါသည်။
(www.facebook.com/pages/မြန်မာ-တို့ -ရဲ့-ယဉ်ကျေးမှု-အမွေ-အနှစ်များ/182039631890567?ref=stream)

Tuesday, July 3, 2012

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ
Browse › Home › ယဉ်ကျေးမှု » ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင် နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင် ပွဲသဘင်ကျင်းပ၍ သွန်းလောင်းခဲ့ကြောင်းသိရှိရသည်။
ထိုစဉ်က အခါပေးသော ဆရာတို့မှာဇေယျဗာဟု၊ ရာဇဗာဟု၊ပဲခူးသမုတ္တရာနန္ဒစည်သူကျော်၊ သံဃရာဇာဆရာတို့ဖြစ်ကာ လောကညဏပဏ္ဍိတ်အမတ်ကခေါင်းလောင်းသွန်းလောင်းသောအချိန်မှာ မိချောင်းနက္ခတ်ဖြစ်သဖြင့်အသံကောင်းစွာမမြည်နိုင်ဟု ပြောကြားခဲ့ သည်။
၎င်းပြောကြားချက်နှင့်ပတ်သက်၍ဘုရင်ကမမှန်လျှင်ဆွေခုန်နှစ်ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။မှန်လျှင်သူကောင်းပြုမည်ဟု မိန့်တော်မှုခဲ့ရာခေါင်းလောင်းကြီးပြီးသောအခါတွင် အသံမမြည်သော ကြောင့်လောကညဏပဏ္ဍိတ်အမတ်အား `ရာဇပရောဟိတ´ဘွဲ့တော်ချီးမြှင့်ခဲ့ကြောင်းလေ့လာသိရှိရသည်။
ခေါင်းလောင်းတော်ကြီး၏ ဘွဲ့တော်မှာ အ၀ိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီးအလေးချိန်ပိဿ (၁၈၀၀၀၀)(တန်ချိန် ၂၉၀)ရှိကာ ဓမ္မစေတီမင်းက သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီပေါ်သို့ တင်လှူပူဇော်ခဲ့သည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ရွှေတိဂုံစေတီတော်ကြီး၌ နှစ်ပေါင်း(၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တိုဘာ(၂၈)ရက်နေ့တွင် သံလျင်မြို့စားပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲယမ်းပြုလုပ်ရန်ရွှေတိဂုံစေတီတော်ပေါ်မှ သန်လျှင်သို့သယ်ယူခဲ့ရာ ပဲခူးမြစ်ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာဒေါပုံမြစ်၊ပန်းအလွဲမြစ်တွင်ဖောင်နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းတော်ကြီးအားပြန်လည်ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင်အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာမျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉)ခုနှစ်တွင် ပက်စီဦးသိန်းထွန်း၏ ငွေကြေးအကူ အညီဖြင့် ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေးသိန်းနှင့် အဖွဲ့ကထပ်မံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။
ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်ယူရေးလုပ်ငန်းများကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာတွင် ထူးခြားစွာတွေ့ရှိချက်များအနေဖြင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့အနေဖြင့် ခေါင်းလောင်းတော်ကြီးအား ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး နေရာတွင်ရပ်မိခဲ့ကြောင်းဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင်ဦးဖုန်းမြင့်ကျော်ရေအောက်သို့ဆင်းသွားသော် ဂျင်းပုံကြီးပေါ်မရောက်ပေ။ ယင်းအဖွဲ့တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေရာသို့ဆင်း၍ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ခေါင်းလောင်းတောင်ကြီးရှိသော နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ကြသည်။
(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ဝင်သုံးဦး၏အဖွဲ့သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက်ရှာဖွေခဲ့ကြရာပထမအကြိမ်ရှာဖွေစဉ်က တက်နင်းမိခဲ့သော ခေါင်းလောင်းတော်ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
တတိယအကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင်သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေးကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။
၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊ အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ ယခုအခါမြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ ယခုရှာဖွေ ဆယ်ယူမည့် စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးလာကြောင်း သိရှိရသည်။
အဆိုပါ သမိုင်းအမွေအနှစ်ဆိုင်ရာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။
နှစ်ပေါင်း(၄၀၀)အတွင်း လူသက်တမ်းပေါင်းများစွာ နေထိုင် သွားခဲ့ကြသောမြန်မာလူမျိုးများအနေဖြင့် အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့်ပတ်သက်၍ ကြားဖူးရုံမျှ သာရှိခဲ့သော်လည်း မိမိတို့သက်ရှိထင်ရှားရှိစဉ် သက်တမ်းအတွင်းမှာ ပြန်လည်မြင်တွေ့ဖူးမြော်ခွင့်ရတော့ မည့်ပြင်နောင်လာနောင်သားတွေအတွက်ပါ သမိုင်းတန်ဖိုးကြီးမားလှတဲ့ ခေါင်းလောင်းတော်ကြီးကို ဖူးတွေ့ခွင့်ရရှိတော့ပေမည်။