တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label ဖင်ခင်တို့ ဖတ်ဖို့ . Show all posts
Showing posts with label ဖင်ခင်တို့ ဖတ်ဖို့ . Show all posts

Wednesday, April 24, 2013

ကမ္ဘာမှာ ဒီလို ဖခင်မျိုး ဘယ်လောက်တောင်များ ရှိနေမလဲ

အလုပ်နားခွင့်ရက်မရတာနဲ့ အိမ်ကိုမပြန်ဖြစ်တာကြာခဲ့ပါပြီ။ အိမ်မှာကျန်ခဲ့တဲ့သူတွေဟာ ဘယ်လိုနေဘယ်လိုထိုင် ဘယ်
လိုစားသောက်ရုန်းကန်နေကြတယ်ဆိုတာလဲ သိခွင့်မရခဲ့တော့ပါဘူး။ ကိုယ့်ဘာသာနဲ့ကိုတော့ အဆင်ပြေလို့ပူပင်သော
ကရာက်စရာလဲမရှိ တစ်နေ့ သာကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ခဲ့ပေမယ့်
အိမ်မှာကျန်ခဲ့တဲ့ အစ်မတွေရဲ့မိသားစုလေးဟာ ဗြောင်းဆန်နေအောင်ကို သောကတွေများခဲ့ရပါတယ်။ ကျမကျောင်းသွား
လို့ပြန်လာခဲ့ကတည်းက ခုထက်ထိ (၁၀)လသား ကျမတူလေးဟာဖျားတာ (၂)လတောင် ကျော်ခဲ့ပါပြီ။ ခုဆို သူ့အသက်
က (၁)  နှစ် တောင်ကျော်ခဲ့ပါပြီ။ ဖခင်တစ်ယောက်ရဲ့ ပယောဂ တွေကြောင့် ရှိရှိ သမျှ ကံဆိုးမှုတွေက ကလေးပေါ်ကို ကျ
ရောက်လာပါတော့တယ်။ သူ့မှာ မစားနိုင် မသောက်နိုင်နဲ့အရိုးပေါ်အရေတင်လောက်ပဲ ကျန်တော့တဲ့ သူ့လူကောင်လေး
ဟာ အရင်က ၀ကစ်ပြီးချစ်စရာကောင်းသလောက် ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ရပါပြီ။
အပစ်မဲ့ကလေးငယ်တစ်ယောက် သေမင်းနဲ့အသက်ရှင်ဖို့အနိုင်နိုင်လုနေရတဲ့အချိန်မှာ ဖခင်ဖြစ်သူဟာလဲ အသိစိတ်တွေ
ခေါင်းပါးခဲ့ပါတယ်။ သားသမီး၊ ဇနီးမယားတွေဟာ နွေးထွေးတဲ့ ဖခင်တစ်ယောက်ရဲ့ အားပေးနှစ်သိမ့်မှုကိုလိုအင်တောင့်တ
ခဲ့ပါတယ်။ ဒါပေမယ့် မီးထဲကို ဓာတ်ဆီတွေထပ်လောင်းပေးတဲ့ ဖခင်တစ်ယောက်ဟာ သူဖြစ်နေခဲ့ပါတယ်။
ကလေးဆေးဖိုးဝါးခကို လက်ဖြန့်တောင်းရင် သူ့မှာ အမြဲတမ်းဆင်ခြေဆင်လက်နဲ့ အကြောင်းပြချက်တွေပေးဖို့ အဆင့်
သင့်ပါပဲ။ တစ်လလုံးလုံး အလုပ်လုပ်မှသာ အိမ်ကို ပိုက်ဆံ(၁)သောင်း (၂)သောင်းလောက်ပဲ ပေးထားခဲ့တယ်။ ဒီငွေပမာ
ဏလေးနဲ့ မိသားစုဝမ်းဆာရေးကို ဘယ်လိုလည်ပတ်နိုင်မလဲ။ အကြီးမလဲကျောင်းလစဉ်စရိတ်စကတွေရှိသေး။ အလတ်
မတွက်လဲ မုန့်ဖိုးလေးတွေ ရှိသေး။ နောက်ပြီး တစ်လလုံးလုံး စားဖို့သောက်ဖို့ကရှိသေး။ ကလေး ဆေးကုဖို့ ဆေးဝါးခ
ကလဲရှိသေး။
တခါတလေမှ ပေးတဲ့ ပိုက်ဆံကိုတောင် ဇနီးဆီကို တိုက်ရိုက်မပေးပြန်ဘူး။ သူ့မိဘတွေဆီကတစ်ဆင့်ပေးပြီး ဇနီးကို ပေး
ဖို့မှာထားခဲ့ တယ်။ ပိုက်ဆံလိုရင် ယောက္ခမဆီမှာ အောက်ကျို့ခံ၊ အသနားခံပြီး သွားတောင်းနေရတယ်။ စစတုန်းက က
လေးအသည်း အသန်ဖြစ် လို့ ဆေးရုံတက် ရမှာကို ငွေ ကျပ် (၁၃၀၀၀) နဲ့ ဆေးရုံတင်ခိုင်းတယ်။ ဒီငွေနဲ့ ဆေးရုံတက်ဖို့
ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲတော့ အကြွေးတွေ တင်ပါလေရော။ အကြွေးယူတာ သိသွားတော့လဲ ယောက္ခမဖြစ်သူက ကူ
ညီပေးမယ်နေနေသာ သူများဆီ အကြွေးယူလို့ဆိုပြီး ပစ်တင်ဝေဖန်ခံရပြန်တယ်။
ကြာလေကြာလေပိုပိုဆိုးလာတဲ့ သူ့ အကျင့်စရိုက်တွေက လူတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်သိက္ခာတွေဟာ တန်ဖိုးမရှိ
လောက်အောင်ကို ဖြစ်ခဲ့ရပါပြီ။ မိုက်ချက်တွေကတော့ အလွန်ကမ်းကုန်ပါပဲ။
အိမ်မှာ ကျန်ခဲ့တဲ့ သားသမီးတွေ ဘယ်လိုနေ ဘယ်လိုစားသောက်ကြသလဲလို့ ထည့်မတွက်သည့်အပြင် ဒုက္ခကြားက
နောက်မီးတွေ လင်းလိုက်ပါသေးတယ်။ အိမ်ထောင် သက်တမ်းမှာ သားသမီး၊ ဇနီးမယားပေါ်ကို နွေးနွေး ထွေးထွေးနဲ့
ဆက်ဆံတာ မရှိ သလောက်ပဲ။ ထမင်းစားရင်တောင် မိဘအိမ်ကို ပြေးတယ်။ ရေချိုးဖို့တောင် မိဘအိမ်ကိုပြေးတယ်။
အိမ်မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်း သာသာနဲ့ နေပေးမယ်ဆိုတာ မရှိဘူး။
ကြာလာတော့ အဲဒီ အိမ်ကြီးဟာ ပျော်ရွှင်မှုတွေ  ကင်းမဲ့ပြီး အထီးကျန် ဆန်တဲ့ အိမ်အို ဟောင်းကြီး သဖွယ်ဖြစ်ခဲ့ ရပါပြီ။
ဒီကမ္ဘာပေါ်မှာ ဒီလိုဖခင်ဝတ္တရားခေါင်းပါးတဲ့ ယောက်ျားမျိုး ဘယ်လောက်တောင်များ ရှိနေမလဲ။ ဒုက္ခဆင်းရဲမှုကြားက မိ
ခင်တစ်ယောက်ရဲ့ နာကျင်မှုတွေ၊ ခံစားချက်တွေ၊ ဘ၀ရဲ့ နားကျည်းချက်တွေဟာ ဘယ်လောက်တောင်များ ပြင်းထန်နေ
ခဲ့မလဲ။ ဘယ်လောက်တောင် ပူဆွေး သောကနွံထဲက ရုန်းကန်နေခဲ့ ရမလဲ။ အပြစ်မဲ့တဲ့ ကလေးတွေရဲ့ ငိုငြီးသံ တွေဟာ
ဘယ်လောက်တောင်များ မြေခနေခဲ့မလဲ။ ဘယ်လောက်တောင်မှာ ဆူးရှနေခဲ့မလဲ။
ဒီစာကို ဖတ်မိသူ သူငယ်ချင်းများအားလုံး တွေးသာကြည့်ကြပါတော့....။
ဒီပိုစ့်ကို တင်လဲ မတင်ချင်ဘူး။ တင်လဲ တင်သင့်တယ်။ ဘာဖြစ်လဲဆိုတော့ ဒီအကြောင်းလေးကိုတွေးမိတိုင်း၊ သတိရမိ
တိုင်းမှာ ရင်နာလို့ မဆုံးနိုင်ဘူး။ မျက်ရည်လဲ အတန်တန် ကျခဲ့မိတယ်။ အိမ်မှာ ခံနေရတဲ့ အစ်မ တစ်ယောက်အတွက်
အရမ်းကို ၀မ်းနည်းမိလို့ပါ။ အရင်ဘ၀ ၀ဍ်ကြွေးများရှိခဲ့ရင် ဒီဘ၀ ဒီမျှနဲ့တင် ကြေပါစေတော့ကွယ်.....။
ကျမ သိပ်ချစ်ရတဲ့ တူလေး ...
ဆေးရုံတက်ရစဉ်တွင် ၀မ်းနည်းဖွယ်ပုံရိပ်လေးပါ..
လက်ရှိကလေးရဲ့ အခြေအနေ
ဒီပိုစ့်လေးကို ဖတ်မိသူတိုင်း အသိစိတ်တွေ၊ တာဝန်ဝတ္တရားတွေ၊ အကြင်နာမေတ္တာတရားတွေ ပွားများနိုင်ကြပါစေ.....
(အထူးသဖြင့် ဖခင်တွေပါ)
လေးစားစွာဖြင့်
ဆောင်းနှင်းဖြိုး