တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Monday, October 29, 2012

သွေး အား ကောင်းစေမည့် သဘာဝရဲ့အသီးအနှံ များ















မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .


ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. .

ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၄င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၄င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. .

မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်.

နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထားပြီး ကြိတ်၊မွှေထားသော အရည်များ အဖတ်များ ကို နို့တစ်ခွက် (သို့) အခြားအချိုရည် တစ်ခုခုနှင့် တွဲဖက် သုံးဆောင်ပေးပါကလည်း သွေးအားနည်းရောဂါကို ပျောက်ကင်းစေပါသည်. .

. နှမ်းနက်စေ့သည် သွေးအားကောင်းစေသည့် ဆေးကောင်း အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်.

ခေါင်းကိုက်တာပျောက်ချင်ရင်


















မကြာခဏ ခေါင်းကိုက်တတ်ပါသလား။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်

-    တရေးတမောအိပ်လိုက်ပါ။
အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

-    အသက်ပြင်းပြင်းရှုပါ။ 
အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။

-   ညင်သာစွာ နှိပ်ပေးပါ။
 နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။

-    မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ပါ။
 မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဓါတ်ကိုလည်း ကြည်လင်တက်ကြွစေပါတယ်။ လာဗင်ဒါပန်း၊ ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာ စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ



စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .

ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ လေးပုံတစ်ပုံ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.


ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .

ကြံရည်၏ ကျန်းမာရေးအာနိသင်များ


 





ကံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့
သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်စေပါတယ်
ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်
ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ်
ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။

 ရေဓာတ် ပြည့်ဝစေပါတယ်
ပူပြင်းတဲ့ရာသီဒဏ်ခံရရင်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုကိုကြာကြာလုပ်ရင်ကံရည်ကို သောက်သင့်ပါတယ်။ ဒါကခန္ဓာကိုယ်ကိုရဓာတ်ပြည့်ဝစေပါတယ်။အထူးသဖြင့်ဆ်ာဒါလိုအချိုရည်တွေအစားကံရည်ကို သောက်
သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်
ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။

ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်
ကြံရိုးဟာဆီးလမ်းကြောင်းကိုသန့်စင်စေပြီးကျာက်ကပ်တွေကိုလုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ကံရိုးဟာဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။

သက်လုံကောင်းစေပါတယ်
ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။

ဝမ်းမှန်မှန်သွား စေပါတယ်
ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

ဒီလိုမျိုးအဖွဲ့ တွေများများရှိကြပါစေ..............



ကျွန်မတို့ ဗမာဗုဒ္ဓဘာသာလူမျိုးတွေဟာ ၀ါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယရောက်ပြီဆိုရင်ဖြင့် ၀ါတွင်း(၃)လလုံး
မယ်တော်မိနတ်သားကို တရားဒေသနာတွေ ဟောကြားပြီး လူ့ပြည်သို့ပြန်လည် ဆင်းသက်လာတာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို မိမိတို့အိမ်တွေမှာ
ဆီမီးတွေထွန်းညှိပူဇော်ကြိုဆိုကြပါတယ် … နောက်အသက်အရွယ် ကြီးရင့်သူ လူကြီးမိဘဆရာသမားတွေကိုလည်း
မိမိတို့မှ ကာယကံ .. ၀စီကံ .. မနောကံ စတဲ့ ကံ(၃)ပါးနဲ့ ပစ်မှားမိခဲ့လို့ အပြစ်ရှိပါက
.. တစ်ယောက်နဲ့တစ်ယောက်အငြိုးအာဃာတတွေရှိပါက ပြေကြေစေဖို့ ၀န်ချတောင်းပန်ကန်တော့ပန်းတွေဆင်ကြတဲ့
အချိန်အခါလေးလည်း ဖြစ်ပါတယ် .. အဲဒီလို လူကြီးမိဘ ဆရာသမားတွေကို လိုက်လံကန်တော့ကြတဲ့
မင်္ဂလာအချိန်အခါသမယမှာလည်း ကျွန်မတို့ Save The Aged အဖွဲ့ဝင်တွေကလည်း အဖွဲ့က ရာသက်ပန်စောင့်ရှောက်ထောက်ပံ့မှုပေးထားတဲ့
အဘိုးအဘွားတွေကို လိုက်လံ ကန်တော့ကြဖို့ ၅.၁၁.၂၀၁၀(သောကြာနေ့)မှာပဲ Idea Café မှာ မနက်
(၁၀း၀၀)အချိန်ကို ချိန်းဆိုလိုက်ကြပါတယ် ….


ကျွန်မတို့ချိန်းဆိုလိုက်တဲ့အချိန်နဲ့နေ့ရက်က ချက်ချင်းဆိုသလိုဖြစ်သွားခဲ့ပြန်တော့ အဖွဲ့ဝင်အင်အား နည်းနည်းပဲလာတာတွေ့ရတော့ တော်တော်လေး
စိတ်မကောင်းဖြစ်ရပြန်ပါတယ် … ဒါနဲ့ရောက်လာတဲ့ အဖွဲ့ဝင်တွေထဲကမှ မမဖြူစင် ဦးဆောင်တဲ့
သံလမ်းနဲ့ အင်းစိန်အဘိုးအဘွား၊ အပ်ချည်ဦးဆောင်တဲ့ ဆီစက်ဝင်းအဘိုးအဘွား၊ မောင်လေးအောင်မြတ်ဇော်ဦးဆောင်တဲ့
မြောက်ဥက္ကလာအဘွား၊ ဒေါက်တာနတ်ဆိုးတို့ ဦးဆောင်တဲ့ မရမ်းကုန်းအဘိုးအဘွားနဲ့
မိုးည  နဲ့ သိင်္ဂီ ဦးဆောင်မယ့် တာမွေ၊ တောင်ဥက္ကလာအဘိုးအဘွားတို့ဆီ
အသီးသီးလူစုခွဲပြီး ကျွန်မတို့ရဲ့ကန်တော့မယ့် ခရိးစဉ်လေး စတင်ခဲ့ကြပါတယ် … မောင်လေးအောင်မြတ်ဇော်နဲ့
ကျွန်မတို့အဖွဲ့(၂)ဖွဲ့ပေါင်းပြီး ခရီးစဉ်လမ်း ကြောကိုတစ်ခုတည်းဆွဲခဲ့ကြပါတယ် ….. ကျွန်မတို့ရဲ့
ခရီးစဉ်လေးမှာတော့ (၁)ဝေယံမင်း (၂)မိုးညချမ်း (၃)သိင်္ဂီ (၄)အောင်မြတ်ဇော် (၅)ကိုမင်းနောင်လွင်
(၆)ကိုဝင်းကို (၇)ကိုနေရောင် (၈)ကိုဖြိုးလင်းဇော် (၉)ဝေမျိုးဦး တို့လိုက်ပါလာခဲ့ပါတယ် … ကျွန်မတို့ရဲ့ခရိးစဉ်လေးကို
ကားအကူအညိမေးခဲ့သူကတော့ မောင်လေးအောင်မြတ်ဇော်ရဲ့ အစ်ကိုဖြစ်တဲ့ အဖွဲ့ဝင်သစ် ကိုဝင်းကိုပါ
…..

ပထမဦးဆုံး ကျွန်မတို့ရဲ့ခရိးစဉ်အစကတော့ ဗဟန်းမြို့နယ် ပြည်လုံးချမ်းသာမှာရှိတဲ့ အဘွားဒေါ်မြအေးဆီကိုပါပဲ
.. အဘွားဆီရောက်တော့ အဘွားရဲ့ကျန်းမာရေး အခြေအနေကိုမေးမြန်း အဘွားလိုအပ်တာတွေမေးမြန်းပြီး
ကျွန်မကပဲ “အဘွားအပေါ်မှာ သမီးတို့ အဖွဲ့ဝင် သားသမီးများမှ ကာယကံ .. ၀စီကံ .. မနောကံနဲ့ပစ်မှားမိခဲ့ရင်
ခွင့်လွှတ်ပေးပါလို့ ၀န်ချတောင်းပန်ပါတယ်” လို့ ဦးဆောင်ရွတ်ဆိုပြီး အဘွားကိုထိခြင်းငါးပါးနဲ့ကန်တော့လိုက်ပါတယ်
…. အဘွားဆီက ၀မ်းသာပီတိဆုပေး သံတွေကြားတော့ အတိုင်းမသိအောင်ကြည်နူးရပါတယ် .. အဘွားရဲ့ဆုပေးသံပြီးသွားတော့
ကျွန်မတို့လည်း “ပေးတဲ့ဆုနဲ့ပြည့်ပါစေ”လို့ ပြောပြီးအဘွားကိုနှုတ်ဆက်ကာ ဗိုလ်စိန်မှန်က
အဘိုးအဘွားဆီခရီးဆက်ခဲ့ကြပြန် ပါတယ် …. 
ဗဟန်း(ပြည်လုံးချမ်းသာ)ဘုရားက ဘွားဘွားနဲ့ သားသမီးများ ..


ဗိုလ်စိန်မှန်က အဘိုးအဘွားဆီရောက်တော့ အဘိုးက ခါတိုင်းလိုပဲ အိပ်ပျော်နေပါတယ် …  ဒါနဲ့ အဘွားနဲ့စကား ခဏပြော .. လိုအပ်တာတွေနဲ့ ကျန်းမာရေးအခြေအနေမေးမြန်းနေတုန်း
ဝေယံက အဘိုးနားသွားပြီး “အဘိုးရေ .. အဘိုးသားသမီးတွေ မြေးတွေလာတယ် .. အဘိုးနေကောင်းလား”
လို့ နားနည်းနည်းလေးနေတဲ့ အဘိုးနားကိုကပ်ပြောတော့ .. အဘိုးက “ ဘာ .. ဘယ်သူတွေလာတယ်
… ” လို့ပြန်မေးပြီး မျက်နှာသစ်ချင်ပါတယ်ပြောလို့ ပါလာတဲ့အဖွဲ့ဝင်ယောက်ျားလေးတွေက အဘိုးကိုတွဲပြီး
မျက်နှာသစ်သွားတိုက်လုပ်ပေးပြီး ကျွန်မတို့အဖွဲ့တံဆိပ်လေးပါတဲ့ အနွေးထည်လေးကို အဘိုးကိုဝတ်ပေးပါတယ်

မိုးညတို့အဖွဲ့မှကန်တော့တဲ့ အနွေးထည်လေးနဲ့ခန့်နေတဲ့ ဗိုလ်စိန်မှန်က ဘိုးဘိုး

 .. ပြီးတော့ အဘိုးနဲ့အဘွားကို ကန်တော့ကြပါတယ် .. အဘွားက ဆုပေးပြီးတဲ့နောက် .. အဘိုးကတော့ ၀မ်းနည်းဝမ်းသာဖြစ်ပြိး ငိုပါတော့တယ် ..
ငိုသံပါကြီးနဲ့ပဲ ကျွန်မတို့ကို ဆုတွေပေးပါတယ် … ဆုပေးပြီးလို့ ကျွန်မတို့ ပြန်တော့မယ်လို့
အဘိုးကိုနှုတ်ဆက်တော့ အဘိုးက “နေအုံး ” ဆိုပြီး အိတ်ထဲက ၂၀ တန်လေးတွေကို ထုတ်ပြီး ကျွန်မတို့ကို
မုန့်ဖိုးပေးပါတယ် .. 
ဘိုးဘိုးဆီက မုန့်ဖိုးအလုအယက်တောင်းနေတဲ့ မောင်နှမတစ်စု ..

“အဘိုး .. ငိုပြီးကျွန်မတို့ကို ဆုပေးကတည်းက ကျွန်မရဲ့ထိန်းချုပ်ထားရတဲ့ ၀မ်းနည်းစိတ်တွေဟာ .. အဘိုးကခေါ်ပြီး သားသမီးတွေကို မုန့်ဖိုးထုတ်ပေးလိုက်တော့ ကျွန်မအရမ်းပဲ
ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျမိရပါတယ် .. 
ဘိုးဘိုးဆီက မုန့်ဖိုး(၂၀)စီရလာတဲ့ မိုးညတို့အဖွဲ့ဝင်မောင်နှမများ

ဗိုလ်စိန်မှန်အဘိုးအဘွားဆီနေ .. မြောက်ဥက္ကလာက အဘွားဆီကိုခရီးဆက်ဖို့ အချိန်ကြည့်လိုက်တော့ နေ့လည် (၂း၀၀)ထိုးနေပါပြီ
.. ဒါနဲ့လမ်းမှာ တစ်ခုခုဝင်စားကြပါတယ် .. နေ့လည်စာကိုတော့ အဖွဲ့ဝင်သစ်ဖြစ်တဲ့ ကိုဝင်းကိုကပဲ
ကျွန်မတို့အဖွဲ့ဝင်တွေကို ဒါနပြုခဲ့ပြန်ပါတယ် …. နေ့လည်စာစားပြီး မြောက်ဥက္ကလာကအဘွားဆီကို
ခရီးဆက်ခဲ့ပါတယ် .. အဘွားဆီရောက်တော့ ခါတိုင်းလိုပဲ ကျန်းမာရေး အခြေအနေနဲ့ လိုအပ်တာလေးတွေမေးမြန်းပြီး
“အဘွားအပေါ်မှာ သမီးတို့အဖွဲ့ဝင်များမှ ကာယကံ .. ၀စီကံ မနောကံနဲ့ ပစ်မှားမိခဲ့တာရှိရင်
ခွင့်လွှတ်ပေးပါလို့ ၀န်ချတောင်းပန်ပါတယ်”လို့ ၀န်ချတောင်းပန်ရင်း အဘွားကိုထိခြင်းငါးပါးနဲ့ကန်တော့လိုက်တော့
အဘွားဆီက ဆုပေးသံလေးကလည်း အလွန်မင်္ဂလာရှိပြီး ပီတိ ဖြစ်ရပါတယ် …


နောက်ခရီးစဉ်လေးအဖြစ်ကတော့ … တောင်ဥက္ကလာမှာ နန္ဒ၀န်ဈေးမှာရှိတဲ့ အဘိုးအဘွား(၄)ဦးဆီပါပဲ … ကားအကူအညီပေးတဲ့ အဖွဲ့ဝင်သစ်
ကိုဝင်းကို၊ ကိုဖြိုး၊ ကိုမင်းနောင်လွင်တို့(၃)ယောက်ကတော့ အချိန်မရတာနဲ့ပဲ ကျွန်မတို့
ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ နန္ဒ၀န်ဈေးမှာပဲ လမ်းခွဲလိုက်ကြပါတယ် … နန္ဒ၀န်ဈေးနား ရောက်တော့
ပထမဦးဆုံးကျွန်မတို့သွားရောက်ကန်တော့တာကတော့ အဘွားဒေါ်ခင်ရွှေပါ …  အဘွားဆီ ရောက်တော့ “အဘွားရေ .. သမီးတို့လာတယ်”လို့
ပြောလိုက်တဲ့ အသံကြာတာနဲ့ပဲ “ဟော …. အဖွဲ့သားတွေလာပြီ”ဆိုပြီး ၀မ်းသာသွားတဲ့ အဘွားမျက်နှာဟာ
.. အလွန်ကြည်နူးစရာပါ … နောက်တော့အဘွားစားချင်တဲ့ ခေါက်ဆွဲကြော်လေးဝယ်ပြီး ကျွေးမွေးပြုစုပြီး
.. ထုံးစံအတိုင်းဝန်ချတောင်းပန် စကားပြောကြားပြီး ဦး(၃)ကြိမ်ချကန်တော့လိုက်တော့ အဘွားဆီက
ဆုပေးသံလေးဟာလည်း မမေ့နိုင်အောင် ပီတိဖြစ်ရပြန်ပါတယ် … 



 အဘွားဆီကနေ အင်းဝလမ်းက အဘွားဆီကို ထွက်လာခဲ့ကြပါတယ် … အဘွားကိုလည်း ကျန်းမာရေးအခြေအနေ .. လိုအပ်တာလေးတွေမေးမြန်းပြီး
အဘွားကို ကန်တော့ကြပါတယ် .. အဘွားဆီက အဖွဲ့ဝင်လေးတွေအပေါ်ဆုပေးလိုက်သံဟာလည်း ရင်ထဲမှာအမှတ်တရဖြစ်ရပြန်ပါတယ်
..


နောက်ဆုံးခရီးစဉ်အဆုံးသတ်သွားတဲ့နေရာလေးကတော့ .. နန္ဒ၀န်ဈေးနားက အဘိုးနဲ့အဘွားဆီကိုပါ … အဘိုးတို့ဆီရောက်တော့ အဘိုးက သူ့ရဲ့ သူရဲကောင်းတံဆိပ်ရတဲ့အကြောင်းတွေပြောပြ
.. သူငယ်စဉ်အခါက အကြောင်းတွေပြောပြနဲ့ အချိန်တွေကုန်မှန်းမသိအောင်ကုန်သွားပါတယ် ..
ဒါနဲ့ကျွန်မတို့စကားပြောနေတုန်း အင်းစိန်သံလမ်းဘက်ခရီးလမ်းကြောကို ဦးဆောင်သွားတဲ့
မမဖြူစင်ဆီက ဖုန်းဝင်လာပါတယ် .. သူတို့ တောင်ဥက္ကလာဘက်ကိုရောက်နေလို့ဘယ်နားမှာရှိမလည်း
လာခဲ့မယ်ဆိုတာနဲ့ .. “မိုးညတို့ နန္ဒ၀န်ဈေးက အဘိုးတို့ဆီမှာရှိမယ် .. မမ.. လာခဲ့နော်”လို့ပြောလိုက်ပါတယ်
…. မမဖြူစင်တို့ရောက်လာတော့ .. အဘိုးနဲ့အဘွားကို ၀န်ချတောင်းပန်စကားကို တိုင်ပေးပြီး
ထိခြင်းငါးပါးနဲ့ကန်တော့လိုက်တော့ .. အဘိုးနဲ့ အဘွားတို့က “ခုလိုသားတို့သမီးတို့လာကန်တော့တာကို
အတိုင်းမသိဝမ်းသာပါတယ်ကွာ.. ”လို့ အဘိုးက ၀မ်းနည်းဝမ်းသာလေသံနဲ့ပြောပြီး ကျွန်မတို့
အဖွဲ့ဝင်တွေ့ကို ဆုပေးပါတယ် … အဘိုးနဲ့ အဘွားတို့ဆုပေးသံ အဆုံးမှာ ကျွန်မတို့အဖွဲ့ဝင်တွေအားလုံးက
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ” လို့ တညီတညွတ်တည်းပြောပြီး .. ညနေ 63း0 အချိန်လေးမှာတော့ ကျွန်မတို့
Save The Aged အဖွဲ့လေးရဲ့ ၀ါလကင်းလွတ်သီတင်းကျွတ် ကန်တော့တဲ့အစီအစဉ်ခရိးစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်
…..
မော်နီကာ



မှတ်ချက် ။       ။ အဘိုးအဘွားတွေကို ကန်တော့ဖို့ပစ္စည်းတွေက
အဖွဲ့ဝင်သစ်ကိုဝင်းကိုလှူဒါန်းတာပါ .. မလေးအဖွဲ့ဝင်များမှလည်း အဘိုးအဘွားတစ်ဦးလျှင်ငွေကျပ်(၈၀၀၀)ကန်တော့ပါတယ်
.. ရန်ကုန်အဖွဲ့မှလည်း အနွေးထည်များကိုကန်တော့ပါတယ် ….

(အဘိုးအဘွားတို့ကို ကန်တော့တဲ့ ပစ္စည်းတွေကတော့ Save The Aged စာတန်းပါ အနွေးထည်(၁)ထည်၊ ကွေကာအုပ်(၁)ထုပ်၊
ခေါက်ဆွဲခြောက်ထုပ်(၅)ထုပ်၊ ဆပ်ပြာမှုန့်အထုပ်ကြိး(၁)ထုပ်၊ ငါးသေတ္တာ(၂)ဘူး)

မူရင်း http://savetheaged.ning.com/profiles/blogs/4762429:BlogPost:78290

ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်

အသက်ရာကျော် ရှည်တဲ့သူ အများစုဟာ သာမန်လူတွေ မလုပ်နိုင် တာမျိုး လုပ်နိုင် ကြပါတယ်။  အစာကို သတိနဲ့ ဆင်ခြင်စားသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ တစ်ညရှစ်နာရီ အိပ်စက် အနားယူတာ၊ တရားထိုင်ပြီး စိတ်ဖိစီးမှု လျှော့ချတာ.. ဒါတွေက အပြောလွယ်သလောက် နေ့စဉ် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအချက်တွေက ရိုးစင်းသလောက် လိုက်နာဖို့ ခက်ပေမယ့် တကယ် လိုက်နာနေထိုင်ရင် သက်ရှည်ကျန်းမာပါလိမ့်မယ်။
၁။ တစ်ပတ်တစ်ရက် လျှာကို အလိုလိုက်ပါ
အများအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေလိုနေ့မှာ လျှာကိုအလိုလိုက်ပြီး စားချင်တာစားပါ။ ကျန်တဲ့ ခြောက်ရက်စလုံးမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသင့်ပါတယ်။ ကြက်သားပြုတ်၊ ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကိုပဲ စားနေရပေမယ့် တနင်္ဂနွေနေ့မှာ ချောကလက်ကိတ်ကို စားရတော့မယ်ဆိုတာ တွေးပြီး သရေစာစားချင်စိတ်ကို ချိုးနှိမ်ထားပါ။
၂။  ခန္ဓာကိုယ်အကျိုးပြု အစာများကို အဆင်သင့် ဆောင်ထားပါ
သင့်အိမ်မီးဖိုချောင်နဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ အစားအသောက်တွေ ဝယ်မယ်ဆိုရင် အာဟာရတန်ဖိုး ရှိရဲ့လား၊ စားရင် အကျိုးရှိမှာလား ဆိုတာကို တွေးတောပြီး ရွေးချယ်ပါ။ လူအများစုဟာ လွယ်လင့်တကူ အဆင်သင့်ရှိနေတဲ့ အစားအသောက်တွေကိုပဲ အများဆုံး စားဖြစ်လေ့ရှိပါတယ်။
၃။ ဟင်းခတ်အမွှေးအကြိုင်သုံးပြီး အရသာရှိအောင်  ချက်ပြုတ်စားပါ
ဟင်းကောင်းတစ်ခွက်ရဖို့ ဆီတွေ၊ ထောပတ်တွေ၊ အချိုမှုန့်တွေ အများကြီး သုံးစရာ မလိုပါဘူး။ ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ပေးရင် အနံ့အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက် ဖြစ်စေပါတယ်။ ထည့်သင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေက သံပရာရည်၊ ချင်း(ဂျင်း)၊ အသားစိမ်ဖို့ ဝိုင်နီရှလကာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေ ဖြစ်ပါတယ်။
၎။  အာဟာရပြည့်ဝသော  အစားအသောက်ကို ကြိုတင်ပြင်ဆင်ထားပါ
တာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် အစာတွေကို တတ်နိုင်သမျှ ရှောင်ပြီး ဆန်လုံးညို၊ ခေါက်ဆွဲညိုတို့လို အခွံချွတ်မထားတဲ့ ကောက်နှံစာတို့ကို စားသင့်ပါတယ်။ အရံဟင်းအနေနဲ့ ဟင်းရွက်သုပ်၊ စွပ်ပြုတ်တို့နဲ့ တွဲစားပေးပါ။
၅။ ကွန်ပျူတာ၊ တီဗီတို့ ပိတ်ပြီး အိပ်စက်ပါ
ညဘက်မှာ ကောင်းကောင်း အိပ်မောကျစေဖို့ အရေးကြီးဆုံး အချက်က ယောဂကျင့်ဖို့နဲ့ တရားထိုင်ဖို့ ဖြစ်ပါတယ်။ ပြီးရင် အိပ်ရာမဝင်ခင် တစ်နာရီ အလိုကတည်းက ကွန်ပျူတာ၊ တီဗီ စတဲ့ စခရင်တွေကို ပိတ်ပြီး စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ တရားမှတ်တာတို့ လုပ်ကာ စိတ်နဲ့ခန္ဓာ အပန်းဖြေရင်း အိပ်စက် အနားယူသင့်ပါတယ်။
၆။ ရေသောက်ပါ
လူ့ခန္ဓာကိုယ်မှာ အများစုက ရေတွေနဲ့ ဖွဲ့စည်း ထားတာကြောင့် ရေဓာတ် ပြည့်ဝနေဖို့ လိုပါတယ်။ ရေဟာ အစာကြေညက်စေပြီး အရေပြားကိုလည်း စိုပြည်စေ ပါတယ်။ ရေသောက်ရမှာ ပျင်းတဲ့အခါ သံပရာရည် အနည်းငယ်ညှစ်ပြီး သောက်ပေးရင် လန်းဆန်းသွားစေပါတယ်။
၇။ ချိုပြီး အာဟာရဓာတ် ရှိသော သရေစာကို ရွေးပါ
အချိုအရသာရှိတဲ့ သရေစာကို စားချင်စိတ် ရှိတယ်ဆိုရင် ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီး၊ ကွတ်ကီး စတာတွေကို ရွေးချယ်စားပေးပါ။
၈။ နံနက်စာကို မရှောင်ပါနှင့်၊ မှန်မှန် စားပါ
အသက်ရာကျော် ရှည်ရှည် နေရသူတွေဟာ နံနက်စာကို မစားဘဲ နေလေ့ မရှိကြပါဘူး။ နံနက်စာကို ကောင်းကောင်း စားပေးတာကြောင့် စိတ်နဲ့ခန္ဓာမှာ စွမ်းအင် အပြည့်ရှိကာ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာ မှန်သမျှ လုပ်ချင်စိတ် ရှိနေတတ်ပါတယ်။ နံနက်စာအဖြစ် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်အောင် ဒိန်ချဉ်နဲ့ သစ်သီး၊ ငှက်ပျောသီးနဲ့ နွားနို့၊ အခွံမာသီး၊ ကြက်ဥ/ဘဲဥကြော်နဲ့ ပေါင်မုန့် စတာတွေကို စားပေးသင့်ပါတယ်။

Friday, October 26, 2012

ထူးထူးဆန်းဆန်း ပန်းရောင်ရေကန်ကြီး

တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့
ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်နိုင်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင်
စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါး
ဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။


ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့
Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
Friends18.com Orkut ScrapsFriends18.com Orkut ScrapsFriends18.com Orkut ScrapsFriends18.com Orkut ScrapsFriends18.com Orkut Scrapsပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင်
ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့
ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး( Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့
ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။
အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့
ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆ
များလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။
Friends18.com Orkut ScrapsFriends18.com Orkut Scrapsပန်းရောင်ရေပြင်ပေါ်မှာ အေးအေးလူလူ
Friends18.com Orkut Scrapsပုလင်းထဲထည့်ရင်တော့ ခုလို ပန်းဖျော့ရောင် မြင်ရပါတယ်
Friends18.com Orkut Scrapsနိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ
့ ပန်းရောင်ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကို ခံစားချင်သူတွေအတွက်
အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။

ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။
ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။
နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။
Friends18.com Orkut Scrapsကမ်းစပ်က ဆားပုံနဲ့ နေအိမ်များ
Friends18.com Orkut Scrapsဆားစုဆောင်းသူများ
Friends18.com Orkut Scrapsဆားစုဆောင်းသူများFriends18.com Orkut Scrapsဆားစုဆောင်းသူများFriends18.com Orkut Scrapsရေကန်စပ်မှာပင်လျှင် များပြားလှသော ဆားပွင့်ကလေးများကို တွေ့ရှိပါတယ်
Friends18.com Orkut Scrapsရေကန်ပတ်လည်မှာ ခုလို အမြုပ်ဖြူဖြူတွေ ဖွေးနေအောင် တွေ့ရပါတယ်
Friends18.com Orkut ScrapsFriends18.com Orkut Scrapsဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေ
မနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေက
ဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာ
အသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။

၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို
အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး
အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။
Friends18.com Orkut ScrapsFriends18.com Orkut ScrapsFriends18.com Orkut Scraps၄င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာနေရာလည်း
ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ
ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့
ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ
ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့
ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။

ထူးခြားတဲ့ ပန်းရောင် ရေကန်ဟာ ဆီနီဂေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်လည်း ဖြစ်ပါတယ်။

ဆံကေသာ အလှချစ်မြတ်နိုးသူများအတွက် သတင်းကောင်း

 
ဆံကေသာအလှချစ်မြတ်နိုးသူများအတွက် ဆံပင်ကျွတ်၊ ဆံပင်ကောင်း၊ ဆံပင်နက်၊ ဆံကေသာအလှ ထိန်းသိမ်းကြ တို့တင်ပြပေးလိုက်ပါတယ်

(၁)။ ဆံပင်ကျွတ် သူများအတွက်

၁။ စမုန်နက်စေ့လှော် အမှုန့်ပြု၊ အုန်းဆီပုလင်းထဲထည့်၊ လိမ်း၊ ဆံပင်ကျွတ်ပျောက်၊ ဆံပင်ပြန်ပေါက်၏။

၂။ စပါးလင်ဆီမွှေး လိမ်းပေး (သို့) အုန်းဆီထဲ စပါးလင်ဆီမွှေးထည့်လိမ်း။

၃။ အုန်းနို့နှင့် နှမ်းဆီ ဖျော်လိမ်း (ဒဏ်ရာကြောင့် မီးလောင်ခြင်းကြောင့်ဦးရေပြားတွင် ကွက်ပြီးပြောင်နေသော ကွက်လပ်များ ဆံပင်ပြန်ပေါက်၏။)

၎။ ပုံလုံခါး သတ္တုရည် ပျားရည်နှင့် လိမ်း။

၅။ ကစေ့ခါး သတ္တုရည် ပျားရည်နှင့် လိမ်း။

၆။ ရွေးစေ့ရေနှင့် ကြိတ်၊ ပျားရည်နှင့်လိမ်း၊ ထိပ်ပြောင်သူပင် ဆံပင်ပြန်ပေါက်သည်။

၇။ အုန်းစိမ်းရည်ဆွတ်ပေးပါ။ အုန်းနို့နှင့် နှမ်းဆီ ဖျော်လူးပါ။ ၈။ ဆီးဖြူသီးအစို၊နွယ်ချို ဆတူကြိတ်၊ ဆေးထက် ၄-ဆကဲ နှမ်းဆီ၊ နှမ်းဆီထက်၎-ဆပိုသောနွားနို့ (သို့) နှမ်းဆီထက် ၄-ဆပိုသော ရေနှင့်ကျို ဆီသက်သက်ကျန်လျှင် ဖိုမှချ၊ အဖတ်မပါအောင် စစ်ယူ၊ ထိုဆီနှင့် နှာနှပ်၊ခေါင်းလိမ်း။(ဆံပင်ကျွတ်၊ မျက်ခုံးမွေးကျွတ်ခြင်းများ ပြန်ပေါက်သည်။)

(၂)။ ဆံပင်ကောင်း သူများအတွက်

၁။ ဆူးပန်းစေံ၊ ဆူးဖြူခေါက်၊ အမျှစီစု၊ မီးရှို့ ပြာချ၊ ၄င်းပြာ စံပယ်ဆီနှင့် လိမ်း၊ ဆံပင်များ နူးညံ့ပျော့ပျောင်း ဆံပင်ကောင်းစေသည်။

(၃)။ ဆံပင်နက် သူများအတွက်

၁။ ကြိတ်မှန်ရွက်၊ နှမ်းနက် အမျှစီစု၊ အမှုန့်ပြု၊ ပျားရည်နှင့်တေစား၊နွားနို့ အမြဲသောက်၊ ဆံပင်ပြန်နက်၏။

၂။ ကျည်းသီးဆံသွေး (သို့) အမှုန့်ပြု အုန်းဆီနှင့် လိမ်း။

၃။ မြင်းခွာရွက် သတ္တုရည် နှမ်းဆီနှင့်ချက်လိမ်း။

၎။ မရိုးရွက် သတ္တရည် ထောပတ်နှင့် သောက်ပါ။

(၄)။ ဆံကေသာအလှ ထိန်းသိမ်းကြ သူများအတွက်

၁။ ဆံပင်နှစ်ခွ၊ ဆံပင်ကျွတ်စသည့် ဆံပင် ရောဂါမဖြစ်ပွားစေရန် အငန်၊ အပူ၊ မဆလာ စသည့် ဟင်းခတ် အမွှေးအကြိုင်များ လျော့စားပါ။ ဗီတာမင်အေပါသော ဆေးဝါး အစားအစာ စားပါ။ စိတ်ညစ်မခံပါနှင့်။ဆပ်ပြာ၊ ဓာတူဗေဒ ပစ္စည်းများပါ့သည့်ခေါင်းလျှော်ရည် ရှောင်ပါ။ တရော်ကင်ပွန်းနှင့်သာ ခေါင်းလျှော်ပါ။ တရော်ကင်ပွန်းသည် ဦးရေအေးမြစေသည်။ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်နှစ်ခွ ဖြစ်ခြင်း စသည့် ဆံပင်ရောဂါများမှ ကာကွယ်ပါသည်။