Thursday, June 20, 2013

ဘလော့အသစ်မိတ်ဆက်ပါတယ်.........( ခင်မောင်စိုး နည်းပညာ)

အားလုံးဘဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ခင်မောင်စိုးဟာနည်းပညာလောကထဲရောက်တာကြာခဲ့ပါပြီ
ကျွန်တော့်ဆရာ ဆရာစိုးမင်းဦး ( ရငဲသား ) ဘလော့ ပိုင်ရှင် နောက်ပြီး အဘဆရာ မင်းသိင်္ခတပည့်
ဆရာဟိန်းတင့်ဇော် ( ဆရာဟိန်းတင့်ဇော် ဗေဒင်ပညာရယ် ဗလာရယ် ) စတဲ့ဆရာနှစ်ယောက်
အကူညီနဲ့ဒီလောကထဲရောက်လာခဲ့ပါတယ် အမှန်က ကျွန်တော်ဟာဘာမှမဟုတ်ပါဘူး
လိုချင်သောစိတ်ဖြစ်ချင်သောဆန္ဒတွေကြောင့်ဒီအခြေနေရောက်လာခဲ့ပါတယ် ကြိုးစားအားထုန်မှု
စတဲ့အခြေခံတွေနဲ့အွန်လိုင်းကသင်ဆရာမြင်ဆရာကြားဆရာတွေကြောင့်ဒီနေ့ဒီအခြေနေကိုရောက်ခဲ့တာပါ
အားလုံးသောသူငယ်ချင်းများ ကျွန်တော့်ကိုအားပေးကြတဲ့မိတ်ဆွေများ အထူးသဖြင့် ဆရာနှစ်ယောက်
နည်းပညာလောကထဲရောက်အောင်အားပေးခဲ့တဲ့ ကော့သောင်းမြို့က မအိအိထွန်း Beauti Land Stoe
နောက်ပြီးကျွန်တော့်ကိုဝိုင်းကူညီတဲ့ ညီလေး သားကြီး (ကျိုက္ခမီ) ၊ နောက်ပြီးအထူးကျေးဇူးထပ်တင်တာက
ကျွန်တော်နဲ့အမြဲအူကြောင်ကြားနိုင်စွာ အူကြောင်ကြောင်လုပ်တဲ့ ဆရာ ကိုဖိုးအေး သိကြမယ်ထင်ပါတယ်
( အခုကဗျာဆရာလုပ်နေတယ်) သူဘလော့ကတော့ ( ကိုဖိုးအေး လေ့လာသမျှ ပြန်လည်မျှဝေခြင်း)
စတဲ့သူငယ်ချင်းတွေနဲ့အတူအွန်လိုင်းကဆရာ့ဆရာတွေရဲ့အကူညီအမြောက်အများရယူခဲ့ပြီးနည်းပညာ
ပင်လယ်ထဲဝယ်ကူးခတ်ခဲ့ပါတယ်တကယ်တန်းအဖြေရှာကြည့်တော့ ကျွန်တော့်ဟာသာမန်လူငယ်ပါဘဲ
ပညာအရည်အချင်းကတော့မပြောပလောက်ပါဘူးယနေ့ဆရာကြီးတွေနဲ့ဆို ဆီနဲ့ရေကွာပါတယ်
ကျွန်တော်ဘယ်လိုမှမလိုက်နိုင်ပါဘူး ဒါပေမဲ့ကျွန်တော်ဟာကွန်ပြုတာတက္ကသိုလ်အရမ်းတက်ချင်ခဲ့တာပါ
သို့ပေမဲ့အိမ်မက်လောက်အဆင့်တောင်မရောက်ခဲ့ပါဘူး ဒါပေမဲ့အားမလျှော့ခဲ့ပါဘူး ထပ်ကာစာတွေဖတ်
ထပ်ကာလေ့လာ အမြဲတမ်းစူးစမ်းနေခဲ့ပါတယ် ဒီလိုနဲ့အခွင့်ရေးကိုဆုပ်ကိုင်မိလိုက်တဲ့အချိန်မှာတော့
ကျွန်တော်ဖတ်မှတ်ခဲ့တာတွေကိုပြန်လည်ဝေမျှခဲ့ပါတယ် အခုလိုဘလော့ထောင်ကာနည်းပညာ
ဝေမျှနိုင်အောင်စီစဉ်ပေးခဲ့တာကတော့ ဆရာဟိန်းတင့်ဇော်ပါ ဆရာကျေးဇူးကြောင့်အခုလိုဘဝ
ရောက်ခဲ့တာဖြစ်ပါတယ် ၊ အခုနည်းပညာတွေကိုလေ့လာနေရင်းတိုးတက်လာနေတဲ့ ကျွန်တော်တို့
တိုင်းပြည်ကလူငယ်လေးတွေကိုကြည့်ကာအားရမှုတွေရှိခဲ့သလိုဝမ်းနည်းမှုတွေနဲ့လည်းတွေ့ခဲ့ပါတယ်
လိုချင်ပါသော်လည်းလာဖို့ခက်ခဲနေရောက်ပြန်သော်လည်းမရလိုက်တွေနဲ့တွေ့ခဲ့တာခဏခဏပါဘဲ
အခုလည်းကျွန်တော်နေထိုင်ရာတိုင်းပြည်မှာ မြန်မာလူငယ်တွေတိုးတက်လာကြတာတွေ့ပါတယ်
သို့ပေမဲ့အသုံးချမတတ်ဘဲ လမ်းတွေလွဲနေကြတာကိုတွေ့နေရပါတယ် အတော်ကိုစိတ်မကောင်းမိပါတယ်
ဒါပေမဲ့လည်းတစ်ချို့သောလူငယ်တွေကတော့ လက်တော့ပ် ပိုက်လို့နည်းပညာတွေရှာလိုက်ကြတာ
အရမးကိုဝမ်းသာမိပါတယ် ဘာဘဲဖြစ်ဖြစ် game , chatting , တွေကြားမှာနစ်နေတာထက်စာရင်
အခုလိုနည်းပညာဘက်လိုက်စားလာတဲ့လူငယ်တွေကိုအရမ်းကိုဂုဏ်ယူမိပါတယ် ဒါကြောင့်လည်း
ကျွန်တော်ကိုယ်တိုင်ထပ်ကာအားတင်းပြီးလွန်ခဲ့သော ၂ နှစ်ကျော်ကတည်ထောင်ထားခဲ့သော
ဘလော့အသစ်လေးကို အခုလိုအသက်သွင်းလိုက်တာဘဲဖြစ်ပါတယ် ဒီဘလော့မှာတော့ software များ
သီးသန့်တင်မှာဖြစ်ပါတယ် ဒါကြောင့် အခုဘလော့ကို ကျွန်တော်တို့မြန်မာနိုင်ငံသားတွေနဲ့မိတ်ပေးတာပါ
ကျွန်တော့်ဆိုဒ်ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများသူငယ်ချင်းများ ညီအကိုမောင်နှမတွေ
အားလုံးကိုဘလော့အသစ်လေးမှထပ်ကာကြိုဆိုပါတယ် နောက်ထပ် Facebbok မှာထပ်ဆောက်ထားတဲ့
software page တစ်ခုနဲ့လည်းမိတ်ဆက်ပေးမှာဖြစ်ပါတယ် အခုတော့ဘလော့အသစ်ဖွင့်ပွဲလေးကို
စတင်လိုက်ပြီဖြစ်ပါတယ် အားလုံးသောမိတ်ဆွေသူငယ်ချင်းများကို ကျွန်တော်ခင်မောင်စိုး

( ခင်မောင်စိုး နည်းပညာ ) မှ မင်္ဂလာပါလို့နုတ်ခွန်းဆက်သလိုက်ပါတယ်...............

2 comments:

  1. ကျွန်တော်လည်း ဆရာလိုဖြစ်ချင်ပါတယ် ။
    ကြိုးစားကြည့်ပါမယ်။

    ReplyDelete
  2. ၀ါသနာတူ လို့ အားပေးပါတယ်ဗျာ

    ReplyDelete