Wednesday, June 5, 2013

ကျန်မာရေးအတွက် ဖတ်ကြည့်သင့်..။သတင်း (16)ပုဒ်

သူငယ်ချင်းတို့ သေချာဖတ်ပြီကြည့် အချိနေရာတွေမှာသွားကြည်ရလိုစိတ်မကောင်းပါဘူး စာမျက်နှာမဆန့်လိုပါ.. ပန်ပင်းစွာလိုက်ရှာတဲ့ဆေးနည်းတွေပါ..။အရမ်းကိုကောင်းပါတယ်။
(1)

သတ်သတ်လွတ် စားသုံးပါက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

သတ်သတ်လွတ် စားသုံးပါက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်
စားသုံးပါက နှလုံးရောဂါကြောင့် ဆေးရုံတက် ရနိုင်ခြေနဲ့ သေဆုံးနိုင် ခြေတွေကို လျှော့ချပေး နိုင်ကြောင်း လတ်တလော ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုမှာ တွေ့ရှိ ခဲ့ပါတယ်။
သုတေသီ တွေက လူပေါင်း ၄၄၅၀ဝ ကျော်ကို ၁၁ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ရာ သတ်သတ်လွတ် စားသုံးတာက နှလုံးနဲ့ သွေးကြော ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။ အသက် ၅၀-၇၀ ကြား ရွယ်တွေမှာ လေ့လာခဲ့ရာ.....
ဒီမှာသွားကြည်လိုက်ပါ....။Read Mroe == >http://bit.ly/ZWN6oR
(2)
ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်
***************************************
ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထ...ု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။

ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ 
 ဒီမှာသွားကြည်လိုက်ပါ......Read Mroe == >http://bit.ly/XmDpO8
(3)
ကျောက်ချဉ် အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး
***********************************
အမျိုးသမီး တွေဟာ အမျိုးသား တွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။

အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။ ကျောက်ချဉ် လို့ ပြောလိုက်ရင် မြန်မာ စာဖတ် ပရိသတ်တိုင်း သိနားလည်ပြီး ဖြစ်နေ ပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့တန်ဘိုး ...ကိုယ်စီ အသီးသီး ရှိတတ်ကြ စမြဲ ဖြစ်တာမို့ ကျောက်ချဉ် ကလည်း သူ့အစွမ်းက သီးခြား ရှိပါတယ်။

ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ အမျိုးသမီးတွေ အတွက် အသုံး အတည့်ဆုံး တခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန် မရနိုင်လို့ ကလေး လိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန် အသုံးဝင် ပါတယ်။

အမျိုးသမီး ကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမ ကိုယ်သန့်ရှင်း ရေးဟာ အလွန် အရေးကြီး ပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာ တွေဟာ၊ ယားယံ တတ်တာ တွေဟာ မိန်းမကိုယ် သန့်ရှင်းရေး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်ပြီး အဆိုပါ ကိစ္စမှာ ကျောက်ချဉ်က အလွန် အသုံးတည့် ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီး နေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ် နိုင်မှုမှာ


ဒီမှာသွားကြည်လိုက်ပါ...Read Mroe == >http://bit.ly/Vxed7z
(4)
ဓာတု အဆိပ်သင့်မှု ကင်းရန် အသီးအရွက် မချက်မီ ဆားရည် စိမ်ထားသင့်
**************************************************

အသီးအရွက်များ မချက်ပြုတ်မီ ဓာတု အဆိပ်သင့်မှု ကင်းရန် အတွက် ဆားရည်ဖြင့် အနည်းဆုံး နာရီဝက်ခန့် စိမ်ပေး သင့်ကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ သိရသည်။
အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ ပိုးသတ်ဆေးတွေ။ အပင် မကဘူး အမြစ် အထိ ပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါ ပျက်စီးတယ်။ မစားရင် အကေ...ာင်း ဆုံးပဲဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။ သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ သုံးခြင်းသည် မြန်မာနိုင်ငံတွင် တွင်ကျယ် နေသည်မှာ အချိန်ကာလ အားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီ ဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်း များသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ ပိုးသတ်ဆေး များအား အသုံးပြု ကြကြောင်း သိရသည်။

အသီးအနှံ၊ အရွက်များတွင် အသုံးပြု နေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည်
..........................................

                       
   ဒီမှာသွားကြည်လိုက်...Read Mroe == >http://bit.ly/XDjFUX
********************************************************************
(5)
မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။
မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်း ပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက်....................................
           ဒီမှာသွားကြည်လိုက်ပါ.. Read Mroe == >http://bit.ly/YlT2nB

**********************************************************************
(6)

သင့်မျက်စိ ကျန်းမာရေးနဲ့ အမြင်အာရုံကို ထိန်းသိမ်း စောင့်ရှောက် ချင်ရင် မကြာခဏ ညင်ညင် သာသာ မျက်တောင် ခတ်တဲ့ အလေ့အထ ရှိဖို့ လိုအပ်ပါတယ်။
သင်ဟာ မကြာခဏ မျက်တောင် ခတ်မှသာ သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့ မှန်မှန် ဖုံးအုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိ ကျန်းမာရေး အတွက် မျက်ရည် အလွှာ သုံးလွှာကို မရှိမဖြစ် လိုအပ် ပါတယ်။
၁။ မျက်ရည် ပထမဆုံး အလွှာက မျက်စိရဲ့အဖြူသားနဲ့ ကပ်ပြီး တည်ရှိ နေပါတယ်။ ဒီအလွှာက မျက်ရည် ဒုတိယ အလွှာ စွဲကပ် နိုင်ဖို့ အတွက် ပရိုတင်း ကြွယ်ဝတဲ့...............................................
                        ဒီမှာသွားကြည်လိုက်ပါ....== >http://bit.ly/Wq5khv

   *****************************************************************
(7)
ဝက်ခြံ ထွက်သူများ အတွက်
ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့ အခါ ဝက်ခြံ ပျောက်သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန် ရစ်တတ် ပါတယ်။
တစေးဟာ ဘက်တီးရီးယား ပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီး အရည်က အမည်းစက်နဲ့ အပြစ်အနာ အဆာ တွေကို သက်သာ စေပါတယ်။
ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ
ပြုလုပ်နည်း
-ဘီယာချက်တဲ့ အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီး အရည် တစ်စက်၊ ရေသင့်တင့်ရုံ ပမာဏနဲ့ ရောလိုက်ပါ။ ဝက်ခြံနဲ့ အပြစ်အနာ အဆာ တွေပေါ် လိမ်းပြီး ၁၀ မိနစ် လောက်ထားပါ။     ..................................   
ဒီမှာသွားကြည် လိုက်ပါ.......http://on.fb.me/14bZP6P

နွေ*****************************************************************ည
(8)
လဲလူရွက် (Olax scandens)
လဲလူရွက်..။
လဲလူဖို၊ လဲလူမ နှစ်မျိုးရှိပြီး... ကွဲပြား အခေါ်ဝေါ်အဖြစ် လဲလောပင်၊ တောင်လဲလူပင် ခေါ်ဆိုကြောင်း မြန်မာ့ စွယ်စုံကျမ်း ထဲမှာ ရေးထားတာကို တွေ့ရပါတယ်။
အသုံးဝင်ပုံ -
အသည်းအူ လဲလူ-တဲ့၊
အသည်း ရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။
အသည်းရောင်၊ အသည်း အဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ဘာမဆို သောက်လို့ ရတယ်။ အသည်းရောင် အသားဝါလဲ ပါတယ်နော်။
ဆေးနည်းကလည်း ခက်ခက်ခဲခဲ မဟုတ်ဘူး။
လဲလူမြစ် ရရင် အမြစ်၊ မရရင်လည်း လဲလူရွက် လက်တဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချို ချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စား။ အရွယ် လက်တဆုပ်ကို သုံးခွက် တခွက်တင် ကျိုသောက်။ အသည်းအူ လဲလူ-ဆိုတဲ့ စကားအတိုင်း အသည်း ရောဂါတင် မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ ရောဂါ တွေပါ ပျောက်ကင်း သက်သာတယ်။
အသည်း အဆီဖုံး ရောဂါအတွက် လဲလူရွက်

ယခုတလော အဖြစ်များ နေသော ရောဂါမှာ အသည်း အဆီဖုံး ရောဂါ ဖြစ်သည်။ နေ့စဉ် စားသောက် နေသော အစားအသောက်များက အဆီအဆိမ့် များခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နည်းခြင်း၊ အအိပ်အနေ လွန်ကဲခြင်း တို့ကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ရသည်။ အများအားဖြင့် အဝလွန်သူ၊ လမ်းလျှောက် နည်းသူ၊ ဇိမ်ခံလွန်းသူ လူတန်းစားတို့ အဖြစ်များ၏။..................................
   ဒီမှာသွားကြည်လိုက်ပါ............Read Mroe == >http://bit.ly/Z4EXfu

နွေ************************************************************ည
(9)
အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
ကဇွန်းရွက်ကောင်းကြောင့်သင့်မသိဘူးလား
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက
သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။...........................................
ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်
           ဒီမှာသွားကြည်လိုက်ပါ... == >http://bit.ly/Xi0UYH

နွေ**************************************************************ည
(10)
ကြက်ဥ၊ ဘဲဥပုပ်အနံ့ဆိုး အမျိုးသားများ အတွက် ဆေးစွမ်းကောင်း တစ်လက် ဟုဆို
ကြက်ဥ၊ ဘဲဥပုပ်များမှ ထွက်ပေါ် လာသော မနှစ်မြို့စရာ အနံ့ဆိုးသည် အမျိုးသား အားအင် တိုးပွား စေရေး ဆေးစွမ်းကောင်း တစ်လက် ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား လိုက်သည်။
သုတေသန ပြုလုပ်မှု မှတ်တမ်းများ အရ ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ငွေ့သည် အမျိုးသား များ၏ အာရုံကြောများ တောင့်တင်း သန်မာစေသည့် အာနိသင် ရှိကြောင်း တွေ့ရှိ လာကြပြီးနောက် အဆိုပါ ဓာတ်ငွေ့များ ပေါများစွာ ပါဝင်နေသည့် ကြက်ဥ၊ ဘဲဥပုပ်နံ့ များမှာလည်း အဆိုပါ ရလဒ်အတိုင်း အကျိုး ဖြစ်ထွန်း စေမည်ဟု သုတေသီများက ထောက်ခံ ခဲ့သည်။
ဟိုက်ဒြိုဂျင် ဆာလဖိုက် ကဲ့သို့ပင် နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့ တွင်လည်း ယောက်ျား အားတိုးဆေးပြား ဖြစ်သည့် ဗီအာ ဂရာကဲ့သို့ အာနိသင်ရှိကြောင်း သုတေသန ရလဒ်များအရ သိရှိ ခဲ့ရသည်။
အီတလီနိုင်ငံ နေပယ်လ်ဖာဒီကို အမှတ်(၂) တက္ကသိုလ်မှ သုတေသန ပါမောက္ခ ဒေါက်တာ ကီရီနိုက အနာဂတ်ကာလ လိင်မှု ဆိုင်ရာ အားတိုးဆေး..................................
ဒီမှာသွားကြည်ပါ.........Read Mroe == >http://bit.ly/VRwyeu
နွေ**************************************************************ည
(11)
ရနံ့ကုထုံး ပြုလုပ် နိုင်သည့် e-AIR
နေပြည်တော် ဈေးကွက်သို့ ဝင်ရောက် လာသော ရနံ့ကုထုံး ပြုလုပ်နိုင်သည့် e-AIR ကိရိယာကို ဂျပန် နည်းပညာနှင့် မလေးရှား နိုင်ငံမှ ပြုလုပ်ထားခြင်း ဖြစ်သည်။
လေထုကို သဘာဝ မီးအားဖြင့် သန့်စင် ပေးနိုင်ပြီး ဗတ်တီးရီးယားမှို အမျိုးမျိုး၊ ဗိုင်းရပ်စ် ပိုးများကို သေစေခြင်း၊ စီးကရက် မီးခိုးငွေ့နှင့် ယားယံ စေသော အရာ များကို လျှော့ချ ပေးခြင်းတို့ ဆောင်ရွက် ပေးနိုင်သည်။
၎င်းကိရိယာ လေးသည့် လေသန့်စက်၊ လေဖြန့်စက် အဖြစ် အသုံးပြု နိုင်သည့် ကိရိယာ ဖြစ်သလို Multistrata Jetflow နည်းပညာကို  အသုံးပြု ထားသည်။ 
ချိတ်ဆက်မှု အပိုင်းတွင်လည်း သာမန် အိမ်သုံး လျှပ်စစ်မီးအား သုံးစွဲမှု၊ သာမန် ဟန်းဆက်တွင် အသုံးပြုသော ဗို့အား ပမာဏလောက်ပဲ ရှိသည်။ ရနံ့ကုထုံး ပြုလုပ်ရာတွင် အသုံးပြုသည့် e-AROMA  ပန်းရနံ့ဆီ ရှစ်မျိုး ပါဝင်သည့် အတွက် မိမိ လိုအပ်ရာ ရနံ့များ ထည့်သွင်း အသုံးပြု နိုင်သည်။ e-AIR ကိရိယာကို ဆက်သွယ် ဝယ်ယူ လိုပါက ဖုန်း-ဝ၉-၄၇ဝ၂၄ဝ၄၄ တွင်  ဆက်သွယ် နိုင်ကြောင်း သိရသည်။
နွေ***********************************************************ည
(12)
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -
အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...
အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။
နွေ************************************************************ည
(13)
ရှေးကျသော ပီရူး ယဉ်ကျေးမှုတွင် ပြောင်းဖူးကို အဓိက စားသုံးခဲ့ကြောင်း တွေ့ရှိ
Andean လူ့အဖွဲ့ အစည်းသည် ပီရူး ယဉ်ကျေးမှု ထွန်းကားခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝဝ ကျော်က ပြောင်းဖူးကို အဓိက စားသုံးခဲ့သည့် ခိုင်မာသော သက်သေ အထောက်အထား တစ်ရပ် တွေ့ရှိ ထားသည်။
ပန်းဝတ်မှုန် မှတ်တမ်းများမှ ရယူထားသော နမူနာများ၊ ကျောက်တုံး လက်နက် အကြွင်းအကျန် များနှင့် ကျောက်ဖြစ်ရုပ်ကြွင်း မစင်များသည် ပြောင်းဖူးကို အဓိက စားသုံးခဲ့ သည်ကို ဖော်ပြလျက် ရှိသည်။
ထပ်မံ တွေ့ရှိသော အထောက်အထားများ အရ Andean လူ့အဖွဲ့ အစည်းသည် ပင်လယ်ရေကြောင်း သွားလာမှု အပေါ် အခြေမခံဘဲ စိုက်ပျိုးရေး ကိုသာ အဓိက လုပ်ကိုင် ကြသော လူမျိုးများ ဖြစ်ကြောင်း တွေ့ရှိ ခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ယဉ်ကျေးမှု ထွန်းကားခဲ့သော ဇာစ်မြစ်များကို ကြည့်ရှုပါက ယဉ်ကျေးမှု အားလုံးသည် စိုက်ပျိုးရေး အပေါ် အခြေခံ ထားကြောင်း အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့The Field ပြတိုက်မှ......................
ဒီမှာသွားကြည်ပါ.....Read Mroe == >http://bit.ly/Xch45H
နွေ************************************************************ည
(14)
သဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်  
ဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
ဖြစ်နေသော မိတ်ဆွေ အကိုကြီး အတွက်လည်း အလွယ်တကူ သိရှိ စေချင်ပါသည် လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ။
သည်းခြေ၌ ကျောက်တည်သော ရောဂါ လက္ခဏာ တစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက် ပြည့်အင့် ဖောင်းကား လာကာ အစာမကြေ သလို ခံစားရမည်။ ရောဂါ ပြင်းထန်ပါက အသည်း တစ်ဝိုက်တွင် နာကျင်မှုကို ခံစား ရမည် ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီး ဖျော်ရည် (Apple Juice) လေးခွက် သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီး ဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက် နိုင်သည်။) ပန်းသီး ဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထိုငါးရက် အတွင်း အစား အစာ ကိုလည်း ပုံမှန် စားသုံးရန် ဖြစ်သည်။
ခြောက်ရက်မြောက် နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါး တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါး တစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။
ည ၁၀ နာရီတွင် သံလွင်ဆီ (သို့မဟုတ်) နှမ်းဆီ ပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာ ရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက် များကို ချောမွေ့စွာ ထွက်နိုင် စေသည်။ နောက်တစ်နေ့ ဝမ်းသွားသော အခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံး ကလေးများကို တွေ့ရမည်။....................................
 ဒီမှာသွားကြည်လိုက်ပါ.............Read Mroe == >http://bit.ly/Xc5E1X
နွေ****************************************************************ည
(15)
အိပ်စက်ချိန် မခြွေတာ သင့်သည့် အကြောင်းရင်း (၁၀)ခု

ကျန်းမာ ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လို သူများအနေနှင့် အိပ်ချိန် ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။

အိပ်ရေးမ၀သည့် အခြေ အနေများသည် ကျန်းမာရေး အတွက် ဆိုးရွားသော အခြေအနေများ သက်ရောက် လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေး ပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှု များအပြင် အခြားသော ကျန်းမာရေး ဆိုင်ရာ ပြဿနာ များပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်း ကိုပါ ထိခိုက် လာစေနိုင် သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀) မှ သန်း(၇၀) ကြားအထိသည် အိပ်ရေး မ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည်ဟု ဆရာဝန် များက ဆိုသည်။

သုတေသန ပြုလုပ်မှု များအရ အိပ်ရေးမ၀ ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ (၁၀) ခုမှာ အောက်ပါ အတိုင်းဖြစ်သည်။........................................
 ဒီမှာသွားကြည်လိုက်ပါ....။Read Mroe == >http://bit.ly/ZKgWgp
နွေ***************************************************************ည
(16)
အိမ်ထောင်သည်တို့ တစ်လင် တစ်မယား စနစ် ကျင့်သုံးပြီး လင်မယား အတူ နေတာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူး တွေကို ရရှိ စေပါတယ်။
- စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။
- သွေးတိုးကို ကျစေပါတယ်။
- ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
- ကိုယ်လက် လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။
- ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။
- နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေပါတယ်။
- ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် တိုးစေပါတယ်။
- စိတ်ဓာတ် သန်မာစေပါတယ်။
- ကိုက်ခဲမှု သက်သာစေပါတယ်။
- အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။
- တင်ပါးဆုံတစ်ဝိုက် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။
- နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်
မြ၀တီကျန်းမာရေး
နှင့်

သော်တာမောင်
မှ တင်ဆက်သည်.။

0 comments:

Post a Comment