How to make Photoshop Text Style
ဖိုတိုရှော့စ်နဲ့ စာလုံးဒီဇိုင်းလေးတွေရေးရအောင်။
သူငယ်ချင်းတို့အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်နဲ့အတူလိုက်လုပ်ကြရအောင်။
ပုံ ၁ ..။ ပထမဦးဆုံး နောက်ခံ ပုံလေးကိုယ်ကြိုက်ရာယူလိုက်ပါ။ ပြီးရင် မျှား1မှာပြထားတဲ့အတိုင်း
စာရေးဖို့အတွက် Horizontal Tool ကိုယူလိုက်ပါမယ်။ ပြီးရင် မျှား2 မှာပြထားတဲ့အတိုင်း စာလုံးဒီဇိုင်းကို
ကိုယ်ကြိုက်နှစ်သက်ရာရွှေးနိုင်ပါတယ်။ပြီးရင် မျှာ3း မှာပြထားတဲ့အတိုင်း စာလုံးအရွယ်အစားေ၇ွးပါမယ်။
ပြီးရင် မျှား4မှာတော့ အရောင်ရွေးပါမယ်။
ပုံ ၂ ....။။ ပြီးရင် မျှားပြထားတဲ့နေရာကို နှိပ်ပြီး layer တစ်ခုယူပါမယ်။
ပုံ ၃ ...။ မျှား1 ကတော့ layer အသစ်တစ်ခုယူထားတာပါ။ မျှား2 နဲ့ မျှား 3 ရှေ့မှာရှိနေတဲ့ မျက်လုံးတွေကို
ပိတ်လိုက်ပါ။ မျက်လုံးကို ကလစ်လိုက်ရင်ရပါပြီ။ ဒါဆိုရင် အသစ်ယူထားတဲ့ လေယာ ပြောင်ကြီးပဲပေါ်နေမှာပါ။
ပုံ ၄..။။ ပြီးရင် မျှား1ပြထားတဲ့ Gradient Tool ကိုယူလိုက်ပါ။ ပြီးရင်မျှား 2 ပြထားတဲ့အတိုင်း အရောင်တစ်ခု
ရွေးလိုက်ပါ။
ပုံ ၅..။ ပြီးရင် စတားပြထားတဲ့ မျှား 1 ကနေ မျှား2 ထိရောက်အောင် ဆွဲသွားလိုက်ပါ။လွှတ်လိုက်တာနဲ့
ခုနကသူငယ်ချင်းတို့ယူထားတဲ့ကာလာပေါ်လာပါမယ်။
ပုံ ၆..။ ပြီးရင် မျှား 1 ပြထားတဲ့အတိုင်း Normal ကိုနှိပ်လိုက်ရင် ဘောက်တစ်ခုထွက်လာပါမယ်။မျှား 2 ပြထား
တဲ့အတိုင်း Overlay ကိုနှိပ်လိုက်ပါ။ မျှား 3 ကတော့ နောက်ခံပုံနဲ့စာရေးထားတဲ့ layer တို့ရဲ့ရှေ့ကမျက်လုံး
တွေကို ပြန်ဖွင့်လိုက်ပါ။
ပုံ ရ ...။။ စာရေးထားတဲ့ လေယာ 1 ကိုယူပြီးရင် မျှားပြထားတဲ့ နေရာမှာ စာသားရဲ့ အရောင်ကိုသွားလျှော့
ပါမယ်။
ပုံ ၈..။ မျှား 1 မှာရေးထားတဲ့စာနေရာကိုထောက်ပြီး ညာဘက်ကလစ်လိုရင် ဘောက်တစ်ခုထွက်လာပါမယ်။
ထွက်လာတဲ့ဘောက်ထဲမှာ မျှား 2 ပြထားတဲ့ Blending Options ကိုနှိပ်လိုက်ပါ။
ပုံ ၉....။ နောက်ထပ်ဘောက်တစ်ခုပေါ်လာရင် နံပါတ် 1 Contour ကိုအမှတ်ချစ်လေးကလစ်လိုက်ပါ။
နံပါတ် 2 Gradient Overlay | နံပါတ် 3 Stroke ဒီအတိုင်းပါပဲအမှတ်ချစ်ပေးလိုက်ပါ။ နံပါတ် 4 မှာ
ရာခိုင်နှုန်း အပြည့်ထားလိုက်ပါ။ ပြီးရင် အိုကေပေါ့နော်။
ပုံ ၁၀..။။ ပြီးရင် မျှား 1 မှာ ဘတ်ဂရောင်းယူထားတဲ့လေယာနေရာကို တစ်ချက်နှိပ်ပါ။ မျှား 2 မှာ Brush Tool
ကိုယူလိုက်ပါ။ မျှား 3 ကတော့ ဘာမှာရှိတဲ့ မျှား icon လေးကို တစ်ချက်ကလစ်လိုက်ပါ။
ပုံ ၁၁...။။ ကျလာတဲ့ဘောက်ကနေ စတားပုံလေးကိုယူလိုက်ပါမယ်။ ဒီနေရာမှာတစ်ခုလောက်ပြောချင်တာကတော့ ဒီစတားပုံ brush လေးတွေကမရှိပါဘူး။
အောက်မှာ ကျွန်တော်ဖိုင်လေးနဲ့တင်ပေးထားပါတယ်။ ဒေါင်းပြီးရင် အထဲမှာပါတဲ့ စာရွက်အဖြူ
Action လေးကို Desktop ပေါ်ဆွဲထုတ်လိုက်ပြီး Photoshop ကနေ Open နဲ့သွားရှာပြီး ယူလိုက်ရုံပါပဲ။
ပုံ ၁၂..။ ပြီးရင် 123 နေရာတွေမှာ စတားပုံးလေးကို လိုက်ပြီးကလစ်လိုက်ပါ။ ပြီးရင် မျှား 4 ကတော့
နောက်ထပ် Layer အသစ်တစ်ခုယူပါမယ်။
ပုံ ၁၃..။ ပြီးရင် Brush Tool ကိုယူပြီးရင် မျှားပြထားတဲ့ Brush Frame လေးတွေကို ယူပါမယ်။
ဒီဟာကိုလည်း ကျွန်တော် အောက်မှာ ဖိုင်တင်ထားပါတယ် ခုလိုပဲဒေါင်းပြီးရင် ဖွင့်လိုက်ရုံပါပဲ။
ပုံ ၁၄...။ ကိုယ်ကြိုက်ရာ Frame ကိုရွေးပြီးရင် ပုံပေါ်မှာ ချိန်ပြီး အဆင်ပြေသလိုကလစ်လိုက်ပါ။
ဒီလောက်ဆိုရင် သူငယ်ချင်းတို့ အဆင်ပြေလောက်မှာပါ။
သူငယ်ချင်းတို့ အဆင်မပြေမှာစိုးလို့ ဗီဒီယို နဲ့ရှင်းပြထားပါတယ်။ ဗီဒီယိုနဲ့ရှင်းရှင်းလင်းလင်း
ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလိုက်ပါ။
Movie Photoshop Tutorial >> Filecould | Zippyshare | One 2 up
Photoshop Brush Frame >> Filecould | Zippyshare | One 2 up
Photoshop Star Brush >> Filecould | Zippyshare | One 2 up
ဒေါင်းလော့စ်ဆွဲရတာ အခတ်အခဲရှိနေမယ်ဆိုရင် http://thetnainglin.blogspot.com ကိုလာလည်ဖို့
ဖိတ်ခေါ်ပါတယ်။ ဒေါင်းလော့စ်ဆွဲနည်းပုံနှင့်ရှင်းပြထားတယ်။
0 comments:
Post a Comment