တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Wednesday, August 26, 2020

window 7 activate


အားလုံးဘဲနော် အခုတစ်ခ့တင်ပေးလိုက်တာကတော့ Window 7 မှာအဖြစ်များတဲ့ Active မဖြစ်တော့ဘဲ Screen မဲနေတာပေါ့ အဲလိုဖြစ်သွားရင် အင်တာနက်ပါမရတော့ဘဲ အဆင်မပြေတာတွေ အတော်များများဖြစ်ကြတာမို့ အခုကျွန်တော်တင်ပေးလိုက်တဲ့ Active လေးနဲ့အဆင်ပြေပါတယ် တကယ်လို့မပြေခဲ့တာတွေရှိရင်လည်းပြန်လည်ကာပြောပြနိုင်ပါတယ် Window 7 ခေတ်ထဲက ကျွန်တော်သုံးလာတာမို့ ပြန်လည်ကာမျှဝေပေးလိုက်ပါတယ် .............။


https://mega.nz/file/azY03SZK#LTPhyawhMGtI48vlHJ036NmAPrDb2mji7ZxGl4LaTGs

 

Cinema4D S22

 




 



ဟုတ်ကဲ့ အားလုံးအတွက်  Cinema 4D  သင်ခန်းစာတွေကိုတင်ပေးလိုက်ပါတယ် video file သင်ခန်းစာတွေဖြစ်တဲ့အတွက် လေ့လာရလည်းလွယ်ကူပါတယ် နောက်ပြီး လေ့ကျင့်ဖို့
သင်ခန်းစာဖိုင်တွေလည်းပါတာမို့ လေ့ကျင်ဖို့အတွက်လည်းအဆင်ပြေမျာပါ အခုတင်ပေးထားတဲ့ သင်ခန်းစာဖိုင်တွေကတော့ ဝယ်ယူရတာတွေပါ တစ်ချို့သောနည်းပညာသမား
တွေကလည်း အလကားပေးထားတာမို့ကျွန်တော်လည်းပြန်လည်ကာလေ့လာဖို့ အားလုံးအတွက် တင်ပေးလိုက်ပါတယ် ..............။


https://mega.nz/folder/yjhBWRha#t3S4ah03X_13BkXmqkWw_w


windows 10 activator စုစည်းမှု ...



မင်္ဂလာပါ ဘာမှမတင်ဘဲ ဒီအတိုင်းနေလိုက်မိတာကတော့ အလုပ်လေးတွေ၇ှိလာလို့ပါ အခုစပြီးတော့အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပြီးတော့

တင်ပေးသွားမျာဖြစ်ပါတယ် .......................။

ယနေ့ အသုံများဆုံးဖြစ်တဲ့ OS ကိုပြောပါဆိုရင်တော့ window 10 ဖြစ်နေတာ

ကိုတော့ ဘယ်လိုမှမငြင်းနိုင်ကြပါဘူး ၊ ဒါပေမဲ့လည်း window 7 တွေကိုလည်း

ဆက်သုံးနေကြတုန်းပါဘဲ တစ်ချို့ဆို window XP တွေတောင် သုံးနေကြသေးလားတော့မသိပေမဲ့ ရှိချင်လည်းရှိမှာပေါ့နော် ၊ ဒီနေရာမျာတစ်ခုပြောချင်တာကတော့ Window 7 သမားတွေကိုပါ တရားဝင် Microsoft ကနေပိတ်သိမ်းလာတာ ၂၀၂၀ ခုနှစ် ၁ လပိုင်းထဲကဆိုတာလေးတော့သတိလေးချပ်စေချင်ပါတယ်  ကျွန်တော် တစ်ချို့ ကွန်ပြူတာဆိုင်ရာ page , group လေးတွေမှာ 

လိုက်လံကြည့်ရှုရင်းတွေ့လာတာထွေထဲက အချို့ကိုပြောပြချင်ပါတယ် .......။

ကူညီပါအုံး ကျွန်တော့စက်လေး မှန်မှာအမဲတွေဖြစ်ပြီး စာတွေဘဲ ပေါ်နေ

ပါတယ်ပေါ့ အဲလိုမျိုးတွေကော တစ်ချို့တွေဆိုရင် wifi မရတာတွေ စတဲ့

ပြသနာပေါင်းစုံနဲ့ လိုအပ်ချက်များစွာ ဖြစ်နေတာတွေကိုကြည့်လိုက်ရင် အဖြစ်များနေတာက Window 7 ကိုသွားတွေ့ရတယ်ဗျ ၊ ဒီနေရာမှာပြောချင်တာကတော့ Window 10 ကအဲလိုပြသနာတွေတက်ထာထက် အဖြစ်များတာက

active ပြသနာဘဲဖြစ်ပါတယ် ၊ ကွဲပြားနေတဲ့ window နှစ်ခုရဲ့ အဖြစ်ဟာ

အတော်လေးဆင်တူတယ်ထင်ရပေမဲ့ ကြာလေမတူလေပါဘဲ၊ ဘာကြောင့်လည်းဆိုတော့ OS လိုအပ်ချက်တွေကြောင့်ပါဘဲ ဟုတ်ကဲ့ပါ Window 7 မှာဖြစ်တဲ့ပြဿနာတွေကို နောက်ပိုင်းမှာ ဖြေရှင်းဖို့ခက်လာပါလိမ့်မယ် အကြောင်းကတော့ လူကြီးမင်းတို့သုံးနေတဲ့စက်တွေထဲက Hadrware တွေကြောင့်ပါ

အခုချိန်မှာစက်အဟောင်းနဲ့အဆင်ပြေနေတော့ ခင်ဗျားကြီးပြောတာ ဂျင်းပေါ့

ဟုတ်ကဲ့ပါ လူကြီးမင်းတို့လက်ထဲကစက်တွေကအချိန်တစ်ခုထိဘဲ နေနိုင်မှာ

ဖြစ်ပါတယ် ၊ ပျက်လို့နောက်ပိုင်း စက်အသစ်ဝယ်ကိုဝယ်နိုင်ပါပြီတဲ့ တစ်သက်လုံးချစ်ခင်စွာပေါင်းသင်းလာတဲ့ လူကြီးမင်းတို့ရဲ့ window 7 နေရာမှာ OS 10

ကိုသေချာပေါက်သုံးစွဲလာရမှာဖြစ်ပါတယ် ဒါကြောင့်ကွှန်တော့အနေနဲ့ပြောချင်

တာကတော့ အခုချိန်မှာ သုံးစွဲနေကြတဲ့ OS 10 ဘက်ကိုခဏလောက်အချိန်ပေး

လေ့လာစေချင်ပါတယ် ၊ ယခုလက်ရှိကွှန်တော်လည်း OS 10 ကိုဘဲသုံးစွဲနေတာဖြစ်ပြီး တစ်ချိန်က Window 7 ချစ်သူတစ်ယောက်ပေါ့ အခုတော့ OS 10 မှ

OS 10 ပေါ့ဗျာ စကားတွေလည်းများသွားပြီ ဒီနေ့အထူးပြောချင်တာကတော့

OS 10သမားတွေအတွက်ပါ သူတို့တွေအဖြစ်များတာကလည်း Active ပြဿနာပါဘဲ ၊ ဒီလိုဘဲ Office တွေအတွက်လည်း ပါအောင် ထည့်ပေးထားတာမို့ Active ပြဿနာတွေတက်နေရင်အောက်ကလင့်လေးမှာပေးထားတဲ့ အုပ်စုနဲ့

အဆင်ပြေအောင်လုပ်နိုင်ကြပါစေပေါ့နော့ .................................။

ဒါနဲ့ အမျိုးတွေကို အမြဲပြောနေကြ ဖြစ်နိုင်ရင် လိုင်စင် လေးနဲ့သုံးစေချင်ပါတယ်

ဝယ်မနိုင်ဘူးဆိုရင်တောင် digital license တော့သုံးစေချင်ပါတယ် ၊ များလွန်း

လှတဲ့ပြသနာတွေကလည်း လူကြီးမင်းတို့ကိုစောင့်ကြိုနေအုံးမှာဖြစ်လို့

စိတ်ဓာတ်တော့မကျသွားပါနဲ့ OS 10 အတွက် အတတ်နိုင်ဆုံးဖြေ၇ှင်းနည်းတွေကိုထပ်မံတင်ဆက်ပေးအုံးမှာဖြစ်လို့ Like & Follow လေးလုပ်ထားဖို့လည်းမမေ့စေချင်ပါဘူး နောက်ပိုင်းမှာ OS 10 ကိုလည်း ISO တစ်ခုလုံးလည်းတင်ပေးသွားမှာပါ ဒေါင်းနိုင်တဲ့ အတိုင်းအတာလေးတွေနဲ့ ဖိုင်ခွဲပီးတင်ပေးမှာဖြစ်လို့

ကိုယ်အနိမ့်ဆုံး MB နဲ့ဒေါင်းနိုင်အောင် လုပ်ပေးသွားမှာဖြစ်ပါတယ် နောက်ပိုင်းမှာ OS 10 တွေကော OS 7 တွေအတွက်ပါအတတ်နိုင်ဆုံးဖြေရှင်းနည်းလေးတွေတင်ပေးသွားအုံးမှာဖြစ်ပါတယ်လို့ပြောရင်း ဘယ်နေ့ပြန်တွေ့ကြရင်ကောင်းမလည်း ....................???????

https://mega.nz/folder/rzBTAKTB#dQCrtvRTk5bSo5gs45mvJg

Wednesday, February 28, 2018

Samsung SM-A310F Stock Firmware

ထပ်တင်ပေးလိုက်ပါတယ်နော် လိုချင်သူမှားအောက်မှာဆွဲသွားကြပါ ........။


 File Name: A310FXXU2BPGB_A310FOLE2BPG2_XID.zip
 
    File Size: 1 GB
    Android Version: 6.0.1

DOWNLOAD

Samsung SM-A300H Stock Firmware

ထပ်တင်ပေးလိုက်ပါတယ်နော် လိုချင်သူမှားအောက်မှာဆွဲသွားကြပါ ........။


 File Name: A300HXXU1AOC5_A300HODD1AOC1_INS.zip

    File Size: 584 MB
    Android Version: 4.4.4

DOWNLOAD


File Name: A300HXXU1AOC5_A300HODD1AOC1_INU.zip
  
    File Size: 584 MB
    Android Version: 4.4.4

DOWNLOAD


 File Name: A300HXXU1BOK6_A300HODD1BOJ1_INS.zip

    File Size: 816 MB
    Android Version: 5.0.2

DOWNLOAD


 File Name: A300HXXU1BOK6_A300HODD1BOJ1_INU.zip
   
    File Size: 816 MB
    Android Version: 5.0.2

DOWNLOAD

Samsung SM-A300FU Stock Firmware

ထပ်တင်ပေးလိုက်ပါတယ်နော် လိုချင်သူမှားအောက်မှာဆွဲသွားကြပါ


  File Name: A300FUXXU1BPC2_A300FUVFG1BPC1_XFV.zip
  File Size: 1 GB
  Android Version: 5.0.2

DOWNLOAD

Samsung SM-A300F Stock Firmware

ထပ်တင်ပေးလိုက်ပါတယ်နော် လိုချင်သူမှားအောက်မှာဆွဲသွားကြပါ


  File Name: A300FXXU1BOG2_A300FAUT1BOG2_AUT.zip
    Country: Switzerland
    File Size: 855 MB
    Android Version: 5.0.2

Download

Samsung GT-I5510 Stock Firmware (flash file)

ထပ်တင်ပေးလိုက်ပါတယ်နော် လိုချင်သူမှားအောက်မှာဆွဲသွားကြပါ


  File Name: I5510POKP6_I5510XEFKP2_XEF.zip
    Country: XEF
    File Size: 107 MB
    Android Version: 2.3.6

Download

Samsung Corby 2 GT-S3850 Firmware

ထပ်တင်ပေးလိုက်ပါတယ်နော် လိုချင်သူမှားအောက်မှာဆွဲသွားကြပါ

File nameSamsung_GT-S3850.zip
Alternative NameSamsung GT-S3850


 Country: ALL
 Download Size: 88 MB


ဒီမှဒေါင်းပါ  Download

Samsung Champ GT-C3303 Firmware

ကဲအခုတင်ပေးမှာကတော့ samsung firmware တွေဘဲဖြစ်ပါတယ်
လိုချင်တယ်လိုအပ်တဲ့သူဆိုရင်တော့ အောက်ကလင့်တွေမှာဒေါင်းသွားကြပါ ....။

Samsung Champ GT-C3303 Firmware

File nameSamsung_GT-C3303_C3303DDJFA_ODDJFA.zip
Alternative NameSamsung GT-C3303 C3303DDJFA ODDJFA
File size48.18 MB

ဒီမှာဒေါင်းပါ  Download

Firmware ဆိုတာ ဘာလဲ

Smart phone တွေ ပေါများလာတာနဲ့အမျှ Firmware ဆိုတာ လူတိုင်းနဲ့ မစိမ်းတော့ပါဘူး.. ဖုန်းတစ်လုံး firmware တင်ဖို့ ဘယ်သူမဆို အလွယ်တကူ လုပ်နိုင်ကြပါပြီ.. နားလည်နေကြပါပြီ.. ဒါပေမယ့် firmware ဆိုတာဘာလဲ မေးလာရင် ပညာရှင်တွေကလွဲပြီး ဘယ်သူမဆို ယောင်အမ်းအမ်းဖြစ်ကြမယ်… "firmware ဆိုတာ ဖုန်းမှာ ထည့်ရတဲ့ ဆော့ဖ်ဝဲပေါ့..." "Windows လို OS ပေါ့.." စသဖြင့် ပြောဆိုနေကြတာတော့ ကြားမိပါရဲ့... တော်တော်များများကတော့ Firmware ဆိုတာဘာလဲ သိဖို့ထက် ဘယ်ဖုန်းကိုဖြင့် ဘယ်လိုဖန်းဝဲ တင်ရမယ်ဆိုတာပဲ သိကြပါတယ်.. ဒါကြောင့်လည်း Firmware ဆိုတာ သိရအောင် ဗဟုသုတအဖြစ် ရေးသားပေးလိုက်ပါတယ်...
Firmware ဆိုတာက ကွန်ပျူတာပေါ်ကတည်းက ရှိနေခဲ့တာပါ.. Mother Board, Keyboard, Hard drive, Video Card, Digital camera, Player စတဲ့ hardware device မျိုးစုံမှာ တွဲလျက်ပါတဲ့ ROM chip လေးတစ်ခုပါ..။ အ၀တ်လျှော်စက်၊ တီဗွီ၊ အောက်စက်၊ ဂိမ်းစက် စသည်ဖြင့် chip ပါတဲ့ hardware ပစ္စည်းတိုင်းမှာ firmware ROM ပါပါတယ်.. hardware device တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်လုပ်ဆောင်နိုင်ဖို့၊ basic input/output လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့၊ ပြင်ပ software တွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ညွှန်ကြားချက်တွေ ရေးသား ထည့်သွင်းထားပါတယ်။
လူတွေမှာလည်း “စိတ်” ဆိုတဲ့ firmware မရှိရင် hardware ဆိုတဲ့ ခန္ဓာကိုယ်ဟာလည်း အသေကောင်နဲ့ မခြားသလို.. ရည်မှန်းချက်၊ အကြံအစည် စတဲ့ software တွေလည်း ဘယ်လို ရှိနိုင်တော့မလဲလေ.. အဲ့သလိုပါပဲ…
firmware မရှိဘဲနဲ့ hardware device တွေ အလုပ်မလုပ်နိုင်တဲ့အတွက်.. OS (Operating System) တွေ၊ software တွေ ထည့်သွင်းဖို့လည်း ပိုလို့တောင် မရနိုင်ပါဘူး..
အများအားဖြင့်တော့.. Firmware မှာ “Read-Only Memory (ROM)” နဲ့ “Programmable Read-Only Memory (PROM)” ဆိုပြီး ရှိပါတယ်.. တစ်ခါတည်း အသေရေးထည့်ထားတာပါ.. အဲ့လိုအသေရေးထားတဲ့အတွက် Firm-Ware လို့ ခေါ်တာပါ.. ဒီတော့ အဲ့ဒီ ROM Firmware က ဒီ hardware ဆို ဒီ hardware တစ်ခုအတွက်ပဲ ရပါတယ်.. တခြား hardware အတွက်ကျ နောက်ထပ် ROM chip တစ်ခုသပ်သပ် ထည့်သွင်းရပါတယ်..
အဲဒီမှာ PROM chip ကို update လုပ်လို့ရပါတယ်.. ပြန်ဖျက်နိုင် ပြန်ရေးနိုင်တဲ့ "Erasable Programmable Read-Only memory (EPROM)" အဖြစ်ပေါ့.. ဒါပေမယ့် EPROM က ကုန်ကျစရိတ်ကြီးမြင့်တဲ့အပြင် အသုံးပြုရ လွန်စွာခက်ခဲပြီး update လုပ်ဖို့လည်း လွန်စွာမှ အချိန်ပေးရပါတယ်..
ဒါနဲ့ပဲ….. ROM Firmware ကနေ flash ROM(EEPROM) firmware အဖြစ် ပြောင်းလဲ တိုးမြှင့်လာခဲ့ပြီး ယခုအခါ user တွေနဲ့ ရင်းနှီးကျွမ်းဝင်ကာ လွယ်လွယ်ကူကူ update လုပ်နိုင်လာပါတယ်… ၄င်း Firmware တွေကို အများအားဖြင့် high level software အဖြစ် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်... ဒါကြောင့်မို့လည်း hardware device မှာရှိတဲ့ flash ROM ထဲကို software အဖြစ်နဲ့ အလွယ်တကူ ထည့်သွင်းနိုင်စေတာဖြစ်ပါတယ်.. ခုခေတ် ဖုန်း firmware တွေဟာလည်း flash ROM တွေဖြစ်ပါတယ်.. flash memory နည်းပညာကြောင့် Firmware တင်ခြင်း၊ update လုပ်ခြင်းတို့ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ကြတာဖြစ်ပါတယ်…
Firmware Level ကတော့ ...
1. Low Level Firmware:
သူ့ကို ROM, OTP/PROM နဲ့ PLA ဖွဲ့စည်းပုံများမှာ တွေ့ရပါတယ်.. အများအားဖြင့် read-only ဖြစ်ပြီး ပြန်ဖျက်၊ ပြန်ရေးလို့ မရ၊ update လုပ်လို့မရနိုင်ပါ.. တခါတရံ hardware အဖြစ်နဲ့ရှိပါတယ်..
2. High Level Firmware:
သူကတော့ ခုခေတ် ဖုန်းတွေမှာ သုံးနေတဲ့ flash memory ပေါ့.. အများအားဖြင့် အလွယ်တကူ update လုပ်နိုင်တဲ့ software တစ်ခုဖြစ်ပါတယ်..
3. Subsystems:
သူ့မှာ သူတို့ကိုယ်ပိုင် microcode တွေရှိပြီး flash chip တွေ၊ CPU တွေ၊ LCD unit တွေ ထဲမှာ မြှုပ်နှံထည့်သွင်းထားပါတယ်.. Subsystem ဟာ အများအားဖြင့် hardware အစိတ်အပိုင်းတစ်ခုဖြစ်ပြီး high level firmware လည်းဖြစ်ပါတယ်..
ဟိုးအရင်က update လုပ်လို့မရနိုင်တဲ့ BIOS, modem နဲ့ video card များဟာလည်း flash memory နည်းပညာကြောင့် update လုပ်ရ လွယ်ကူလာပြီဖြစ်ပါတယ်..

Saturday, December 16, 2017

Hard Disk ဘာကြောင့် ပျက်ရသလဲ




HDD ဘာဆိုတာ သိပြီးသားလို့ ထင်ပါတယ်။ HDD ဆိုတာ Hard Disk ကို ပြောတာပါ။ Hard Disk ဘာကြောင့် ပျက်တတ်သလဲ။ သိထားသင့်တဲ့ အချက်ပါ။ Hard Disk ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကွန်ပျူတာက Access လုပ်လို့ မရနိုင်တော့ဘူးဆိုလျင် Hard Disk ပျက်တယ်လို့ ပြောနိုင်ပါတယ်။ အဲလိုပျက်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ အဲလိုသိထားမယ်ဆိုလျင် ကိုယ်က သတိထားလို့ရတာပေါ့။
Hard Disk ပျက်စီးစေနိုင်တဲ့ အချက်အလက်တွေကတော့
(၁) Firmware တစ်ပိုင်းတစ်စပျက်ခြင်းနှင့် လုံးဝပျက်ခြင်း
(၂) Electronic ပိုင်းက Failure ဖြစ်ခြင်း
(၃) Mechanical ပိုင်းက Failure ဖြစ်ခြင်း
(၄) Logical ပိုင်းက Failure ဖြစ်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။
Data Lost ဖြစ်တာကို အဓိကထားပြောချင်တာကြောင့် Logical Failure ကိုပါ ထည့်သွင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သုံးလို့မရနိုင်လောက်အောင် ပျက်စီးသွားတဲ့ Hard Disk ရှိသလို၊ Bac Sector ဖြစ်လို့ Data တွေ ဆုံးရှုံးသွားတဲ့ အကြောင်းကိုပါ ခြုံငုံပြီးတော့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Firmware ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း Hard Disk ရဲ့ Firmware ဆိုတာ ဘာကိုပြောတာလဲ။ ကွန်ပျူတာကနေ Hard Disk ကို ချိတ်ဆက်အသုံးပြုတဲ့နေရာမှာ တိကျမှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ Information တွေ သိမ်းထားတဲ့နေရာ ဖြစ်ပါတယ်။ ဒီတော့ တကယ်လို့များ Hard Disk ရဲ့ Firmware က တစ်ပိုင်းတစ်စပဲဖြစ်ဖြစ်၊ အကုန်လုံးပဲဖြစ်ဖြစ် ပျက်သွားခဲ့လျင် ကွန်ပျူတာကနေ Hard Disk ကို လှမ်းပြီး ချိတ်ဆက်တဲ့အခါ မှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။
ဒီလို Hard Disk ရဲ့ Firmware က ဘာကြောင့် ပျက်ရတာလဲ။
အခုနောက်ပိုင်း Hard Disk တွေမှာ Spindle အတွက် Fluid Bearing နည်းပညာကို အသုံးပြုလာပါတယ်။ ထို့ကဲ့သို့ Fluid Bearing နည်းပညာကို အသုံးပြုခြင်းကပဲ Firmware ကို ပျက်စီးစေတဲ့ အကြောင်းအရင်းပဲလို့ ပြောရမလားပါပဲ။ Fluid Bearing အကြောင်းကို အကြမ်းဖျင်းလောက် ရှင်းပြပေးပါမယ်။ ယနေ့ခေတ် Hard Disk ထုတ်လုပ်သူအများစုက Fluid Bearing ကို Spindle အဖြစ် အသုံးပြုလာခြင်းဟာ အရင်တုန်းက Hard Disk တွေမှာ အသုံးပြုခဲ့တဲ့ Ball Bearing ထက် ပိုကောင်းတာတွေ ရှိပါတယ်။ ၎င်းတို့ကတော့
(၁) Ball Bearing ထက် ပိုမိုကောင်းမွန်တဲ့ Shock Resistant ကို ပေးနိုင်တယ်။
(၂) အသံမကျယ်ဘူး။ ဆူညံမှုနည်းတယ်။
ဒါပေမယ့် Fluid Bearing မှာ Hard Drive ကို စဖွင့်လိုက်တဲ့အချိန်မှာ သူရဲ့ Motor အစိတ်အပိုင်းတွေက အေးနေတယ်ဗျ။ Bearing အတွင်းမှာရှိတဲ့ Fluid က Hard Drive ကို အကောင်းဆုံး Performance မျိုးရအောင် လိုအပ်တဲ့ အခြေအနေမျိုးရောက်ဖို့ အချိန်ယူရသေးတယ်။ ၎င်းကို Warm Up လုပ်နေတဲ့ အချိန်လို့ ခေါ်ပါတယ်။ အဲလို Warm Up လုပ်နေတဲ့အချိန်လေးမှာ Hard Drive ရဲ့ Platters တွေဟာ ဒေါင်လိုက်တုန်ခါမှု Vertical Vibration ဖြစ်နေတယ်ဗျ။ အဲလိုဖြစ်ပေါ်နေတဲ့ တုန်ခါမှုတွေကြောင့် Read/Write Error တွေ ဖြစ်ပေါ်စေပါတယ်။ Hard Drive တွေ Fail ဖြစ်ရခြင်းတွေထဲက အချက်တစ်ချက်ပေါ့။ ဒါကလည်း အမြဲတမ်းဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒေါင်လိုက်တုန်ခါမှုကြောင့် Hard Drive တွေရဲ့ Firmware တွေနဲ့ Service Area တွေ ပျက်စီးရတာ ဖြစ်ပါတယ်။ Vertical Vibration ဖြစ်ပေါ်မှု အများဆုံးနေရာဟာ Disks ရဲ့ အပြင်ဘက်ဆုံး Area ဖြစ်ပါတယ်။ ၎င်း Area ဟာလည်း Hard Disk ရဲ့ Service Track ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ Service Track ဆိုတာကလည်း Hard Disk ရပ်နေတဲ့အချိန်ကနေ ရုတ်တရက် စက်ဖွင့်လိုက်လျင်ဖွင့်ခြင်း အလုပ်စလုပ်ရတာဆိုတော့ ကြာလာတဲ့အခါ Service Track မှာရှိတဲ့ အကြောင်းအရာ(Firmware)တွေ တဖြည်းဖြည်း Lost ဖြစ်လာတာ ဖြစ်ပါတယ်။
နောက်ထပ်ဘာတွေ ဖြစ်လာနိုင်သေးသလဲဆိုတော့
(၁) Service Track ဖတ်လို့မရလျင် Read/Write Head ဟာ သူ့ဝင်ရိုးတစ်လျှောက် ဂတ်ဂတ်မြည်အောင် ဖတ်နေလိမ့်မယ်။ ပြီးလျင် မဖတ်တော့ဘဲ Parking သွားထိုးလိမ့်မယ်။
(၂) Read/Write Head မှာပါတဲ့ အစိတ်အပိုင်းထဲက (ထောက်တိုင်) သဘောမျိုး အစိတ်အပိုင်းက ကွေးလာတတ်တယ်။
(၃) အဲ့သလို ကွေးလာတတ်လျင် နောက်တစ်ခါမှာ Head ဟာ မျက်နှာပြင်မှာ ပွတ်တိုက်သွားတတ်တယ်။
အဲဒီတော့ ဒီလိုမပျက်ရလေအောင် ဘယ်လိုလုပ်ရမလဲ။
ဒါက ပျက်ရိုးပျက်စဉ်တွေထဲက သဘောတစ်ခုပါ။ အချိန်ကြာလာလျင် ဖြစ်လာတတ်တာကို ပြောပြတာပါ။ Electronic ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း Hard Disk ရဲ့ Electronic အပိုင်းဆိုတာဘာပါလဲ။ Hard Disk ရဲ့ အောက်ဖက်က Circuit Board လေးပဲ ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ Hard Disk ရဲ့ Electronic ပိုင်း Fail ဖြစ်တယ်ဆိုတာ အဲ့ဒီ Circuit Board ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုလျင်တော့ ရှင်းပါတယ်။ Power ကြောင့်ပဲ ဖြစ်ပါတယ်။ Voltage မတည်ငြိမ်တဲ့အခါတွေမှာ၊ Voltage ဆောင့်တက်တဲ့အခါမျိုးတွေမှာ ဘယ်လိုမျိုးပဲဖြစ်ပါစေ Electrical နှင့် ပတ်သက်ပြီးတော့ပဲ ဖြစ်တတ်တာ ဖြစ်ပါတယ်။
ဒါမျိုးကတော့ များသောအားဖြင့် Circuit Board မှာ Physically ထိခိုက်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဒီလိုမျိုးဖြစ်သွားဖူးတဲ့ Hard Disk တွေကို တော်တော်လေးတွေ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က Circuit Board ကို ဖြုတ်လဲလိုက်လို့တော့ ရပါတယ်။ Data တော့ မဆုံးဘူးပေါ့။ ဒါပေမယ့် လုပ်တာမှားသွားလျင်လည်း Data ပါ Lost ဖြစ်သွားနိုင်ပါတယ်။ Mechanical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Mechanical ပိုင်း ပျက်တာက Electrical ပိုင်းပျက်တာထက် ပိုဆိုးတယ်ဗျ။ ဘာလို့လဲဆိုတော့ Hard Disk ပျက်ပြီဆိုကတည်းက Hard Disk တစ်လုံးထပ်ဝယ်ရမှာပဲလေ။ Data တွေ ပြန်ရဖို့အတွက်ကြတော့ ဘယ်လိုလုပ်မလဲ။ Mechanical ပိုင်းပျက်တာက Hard Disk မှာ Electronic ပိုင်းပျက်တာထက် Data ပြန်ရဖို့ သိပ်မလွယ်ဘူးဗျ။ နောက်ပြီး Mechanical ပိုင်းပျက်တာက ပျက်ပြီဆိုတာနဲ့ချက်ချင်းသိလျင်သိ၊ မသိလျင်တော့ ကြာလေ Data တွေ ပို Lost ဖြစ်နိုင်လေပဲ။ Hard Disk တွေရဲ့ Mechnical ပိုင်းပျက်တယ်ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာပြောရလျင် Motor ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ Read/Write Head တွေ ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ အများဆုံးဖြစ်ကြတာကတော့ Head Crash ဖြစ်တာပါပဲ။ Head Crash ဖြစ်တယ်ဆိုတာကလည်း Head ကြီးက Hard Disk ရဲ့ မျက်နှာပြင်ပေါ်မှာ တစ်ချက်ကလေးသွားထိတာလည်း ဖြစ်နိုင်သလို၊ တောက်လျှောက်တစ်ရွက်တိုက် ဆွဲချသွားတာလည်း ဖြစ်နိုင်တယ်။
ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့-
(၁) Shock ဖြစ်၍သော်လည်းကောင်း
(၂) ကွန်ပျူတာအရွှေ့အပြောင်း၌ အခန့်မသင့်၍သော်လည်းကောင်း
(၃) Static Charge (Electricity) ကြောင့်သော်လည်းကောင်း
(၄) Power မတည်ငြိမ်မှုကြောင့်လည်းကောင်း
(၅) Read Write Head က ချွတ်ယွင်းလာသောကြောင့်လည်းကောင်း ဖြစ်တတ်ကြပါတယ်။
အဲ့သလိုဖြစ်လျင် ဖော်ပြမယ့်လက္ခဏာကတော့ ကတောက် ကတောက်ဆိုပြီး အသံတွေ မြည်လာတတ်ပါတယ်။ အကယ်၍ သင်ဟာ Hard Disk ထဲက Data တွေအတွက် အရေးတကြီး စိုးရိမ်ပူပန်ခဲ့မယ်ဆိုလျင် ကွန်ပျူတာကို ဆက်လက်မသုံးသင့်တော့ပါဘူး။
Logical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Logical ပိုင်းပျက်တယ်ဆိုတာ Hard Disk ကကောင်းနေပြီး အထဲက Data File တွေ ပြန်ခေါ်လို့ မရတော့တဲ့ ပျက်ခြင်းမျိုးကိုပြောတာ ဖြစ်ပါတယ်။ ဒီပြဿနာက ခုနကပြောခဲ့တဲ့ ပြဿနာတွေထက် ပိုလွယ်လိမ့်မယ်လို့တော့ ပြောလို့မရဘူး။ ပြောရမယ်ဆိုလျင် အလွယ်ကူဆုံး အခြေအနေကနေ အခက်အခဲဆုံး အခြေအနေထိ ပြဿနာက ကျယ်ပြန့်တယ်။ ဥပမာ-ဖိုင်တွေ Frag ဖြစ်တာများပြီး ဖွင့်လို့မရတော့တာမျိုး၊ Directory Structure Error ဖြစ်ပြီး ဖတ်မရတာမျိုး စသည်ဖြင့်ပေါ့။ ဒါပေမယ့် Data ကို အရေးမကြီးတဲ့သူတွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ Hard Disk ကို Partition ပိုင်း Format ချပြီး ပြန်သုံးလို့ရတာပဲ။ ဘာလို့လဲဆိုတော့ Hard Disk ဘက်က Physically ပျက်တာမှ မဟုတ်တာ။ ဒီလိုအခြေအနေမျိုးမှာ Hard Disk ပေါ်က Data တွေ ပြန်ရဖို့ Recovery Software တွေ အများကြီး ၀ယ်ပြီးအသုံးပြုလို့ရနေတာပဲ။ ဒါပေမယ့် သတိထားရမှာက မလုပ်တတ်လျင် Data တွေကို Recovery ပြန်လုပ်လို့ရနေတဲ့ အခြေအနေကနေ လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးဖြစ်လာလျင် အမြဲတမ်း Scandisk Run ခြင်း၊ Chkdsk Run ခြင်းတို့ဟာ မှန်တယ်လို့ တရားသေပြောလို့ မရပါဘူး။
Credit - Original Writer

လက်တော့ကွန်ပျူတာ ဘက်ထရီသက်တမ်းကြာရှည်စေမည့်နည်းလမ်း




Laptop တွေဆိုတာ ကျွန်တော်တို့လူတွေရဲ့ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အများဆုံးသုံးတဲ့နေရာကတော့ အင်တာနက်သုံးတဲ့နေရာမှာဖြစ်ပြီးတော့ လုပ်ငန်းခွင်မှာရော အသုံးပြုကြပါတယ်။ ဒါပေမယ့် ခင်ဗျားအပါအဝင်လူတိုင်းနီးပါးဟာ လက်တော့ Adapter ကို Plug ထိုးပြီးဆက်တိုက်သုံးကောင်းသုံးနေပါလိမ့်မယ်။ ဒီလိုလုပ်တာကိုအခုချက်ချင်း ရပ်လိုက်ပါ။
ခင်ဗျားအနေနဲ့ လက်တော့ Battery ကိုကြာရှည်သက်တမ်းခံချင်ရင် ဘက်ထရီ 100% မရောက်ခင် plug ဖြတ်ပြီးသုံးသင့်ပါတယ်။ ဒါက ခင်ဗျားရဲ့ lithium-polymer battery ကို သက်တမ်း ကြာရှည်စေမှာဖြစ်လို့ပါပဲ။
Cadex Electronics က CEO ဖြစ်တဲ့ Buchmann ရဲပြောကြားချက်အရ လက်တော့အသုံးပြုရင် ဘက်ထရီကို 80% ရောက်တာနဲ့ plug ဖြုတ်ပြီး 40% ရောက်တဲ့အထိပဲ အသုံးပြု သင့်တယ်လို့အကြုံပေးပါတယ်။ ဒါက ခင်ဗျား ဘက်ထရီကို ပုံမှန်ထက် ၆ ဆထိတောင် သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ lithium-polymer battery တွေမှာရှိတဲ့ cellတွေဟာ Voltage level နဲ့ပတ်သက်နေလို့ပါ။ ဘတ်ထရီက charge (အားသွင်းတာ) များလေလေ voltage level လည်းများလေလေပါပဲ။ Voltage မှာ cell တွေ များများစုလေလေ ဘက်ထရီမှာလည်း stress တွေများနေမှာဖြစ်ပါတယ်။ ဝန်ပိသလိုပေါ့ဗျာ။ အဲဒီ stress က ဘက်ထရီရဲ့ discharge cycle ကိုလျောနည်းစေပါတယ်။ ဥပမာ ဘက်ထရီက 100% ထိအားသွင်းနေချိန်မှာ discharge cycles က 300-500 ထိသာရှိပြီး 70% အားသွင်းချိန်မှာ 1200-2000 ထိ discharge cycles ထိရရှိမှာဖြစ်ပါတယ်။
ဘက်ထရီဆိုတာမျိုးကတော့ သဘာဝအရ စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းစမြဲပါ။ ဒါကတော့ အမှန်ပါ။ လက်တော့ ဝယ်ခါစက ဘက်ထရီသက်တမ်းက 7 နာရီဆိုပါစို့၊ တစ်နှစ်လောက်အသုံးပြုပြီးရင် 7 နာရီမရတော့ပါဘူး။ ဒါပေမယ့် ဘက်ထရီက ပူနေတာများရင် ဘက်ထရီသက်တမ်းကို ပိုပြီး တိုစေပါလိမ့်မယ်။ တအားပူနေရင် cell တွေထဲမှာ ကွဲအက်နိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။
အပူတွေတအားများတဲ့အခါ ဘက်ထရီက အားသွင်းရင် မြန်မြန်ဆန်ဆန် အားမဝင်တော့တဲ့အထိတောင် တွေ့ရှိရတယ်လို့ iFixit ရဲ့ Kyle Wiens ကပြောပါတယ်။ Buchmann အကြုံပေးတာကတော့ ဘက်ထရီသက်တမ်းကို တတ်နိုင်သမျှ ကြာရှည်စေချင်ရင် လက်တော့သုံးရင် ဘက်ထရီကို 80% ကနေ 40% ကြားမှာပဲအသုံးပြုပါလို့ဆိုပါတယ်။ ခုချိန်ထိတော့ Windows ရော Mac ရော လက်တော့ဘက်ထရီ 80%, 40% ရောက်ရင် user တွေကို alert ပေးတဲ့ စနစ်ကိုမထည့်ထားသေးပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ ဘက်ထရီ 40% ကနေ 80% ကိုရောက်ဖို့ ကြာတဲ့အချိန် ဒါမှမဟုတ် 80% ကနေ 40% ရောက်တဲ့အချိန်ကို မှတ်ထားပြီး ပျမ်းမျှကြာချိန်ကိုမှတ်ထားပါ။ ပြီးရင် Timer တစ်ခုထားပြီး ဘက်ထရီကို plug/unplug လုပ်ပါလို့အကြုံပေးထားပါတယ်။တကယ်လို့ ခင်ဗျားအနေနဲ့ ခရီးရှည်တစ်ခုသွားရမယ်ဆိုရင်တော့ 100% အထိအားသွင်းပေါ့လေ။ ဒါက ခင်ဗျားဘက်ထရီသက်တမ်းကို ကြာရှည်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီးတော့ ဒါဟာ ထိုက်တန်ပါတယ်။
Credit - https://www.facebook.com/ipconmdy/photos/a.392690181068850.1073741828.392657967738738/439492443055290/?type=3&theater

Sunday, August 20, 2017

Hiren's BootCD v15.1 Restored Edition 2.0 Fixed + USB Tools


လိုချင်သူများမထားကြပါ .......။

Hiren's Boot CD is a boot CD containing various diagnostic programs such as partitioning agents, system performance benchmarks, disk cloning and imaging tools, data recovery tools, MBR tools, BIOS tools, and many others for fixing various computer problems. It is a Bootable CD; thus, it can be useful even if the primary operating system cannot be booted. Hiren's Boot CD has an extensive list of software. Utilities with similar functionality on the CD are grouped together and seem redundant; however, they present choices through UI's differences and options in what they can do.
 
 
 

Friday, July 8, 2016

Multichannel သုံးပြီး RGB နှင့်အနီးစပ်ဆုံး CMYK သို့ပြောင်းခြင်း.




ပထမဦးဆုံးပြောချင်တာက
ကျွန်တော်တင်ပေးထားတဲ့ ပုံနှစ်ပုံကိုသေချာကြည့်စေချင်ပါတယ်
Image > Mode > CMYK ကို ပြောင်းလိုက်တဲ့အခါ
color swatches တွေရဲ့ တန်ဖိုးတွေ သိသိသာသာကို ပြောင်းလဲသွားတာပါ
ဓာတ်ပုံဆိုရင်လည်း အလားတူပါပဲ

ကဲ Multichannel အသုံးပြုနည်းလေး စလိုက်ရအောင်
သိပ်မခက်ပါဘူး
၁) Image > Mode > CMYK ပြောင်းပါ
Channel ကို သွားပြီး Black Channel ကို Select All ပေးပြီး
Copy Merged (Ctrl + Shift + C) နှိပ်ပါ
ပြီးရင် မူလ RGB ပြန်ရောက်တဲ့အထိ Undo (Ctrl + Z) သွားပါ
၂) မူလ RGB ပြန်ရောက်ပြီဆိုရင် Image > Mode > Multichannel ကို နှိပ်ပါ
Channel သွားပြီး New Channel ယူလိုက်ရင်
alpha 1 ဆိုတဲ့ အနက်ရောင် Channel တစ်ခုရပါလိမ့်မယ်
ရလာတဲ့ အနက်ရောင် alpha 1 ကို အဖြူရောင်ပြောင်းပေးလိုက်ပါ
၃) alpha 1 အဖြူရောင်ဖြစ်ပြီးရင်တော့ Image > Mode > CMYK ပြောင်းပြီး
အဖြူရောင်ဖြစ်နေတဲ့ black channel မှာ Ctrl + V နဲ့
စောစောက copy လုပ်ထားတာကို Paste လုပ်ပေးလိုက်ပါ
၎) ဒါဆိုရင်တော့ နောက်ဆုံးအနေနဲ့ New Adjustment Layer မှာ
Hue/Saturation ကိုခေါ်ပြီး Blending Mode မှာ Color ပေးလိုက်ပါ
Saturation ရဲ့ တန်ဖိုးကိုတော့ +50 ကနေ +60 ကြား
(လိုအပ်သလို) ချိန်လိုက်ယုံပါပဲဗျာ
လိုအပ်မယ်ဆိုရင်တော့ အခု ဒီအဆင့်တွေအကုန်လုံးကို
action လုပ်ပေးပါ့မယ်။ 1 click ပေါ့
ရုတ်တရက်ကြည့်ရင် အဆင့်များတယ်လို့ထင်ရပေမယ့်
လုပ်ကြည့်ရင်လွယ်ပါတယ်ဗျာ
#Note
indexed color နဲ့ 32-bit ဖိုင်များကိုတော့ Multichannel အဖြစ်ပြောင်းလို့မရပါ
Flatten ဖြစ်နေရင် Copy Merged ဟာ hidden ဖြစ်နေလို့
Layer 0 အဖြစ်ပြောင်းလဲပေးရပါမယ်။