တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label website ဆောက်နည်း. Show all posts
Showing posts with label website ဆောက်နည်း. Show all posts

Thursday, January 5, 2012

တစ်လကို 4.58$လိုင်စင်ကြေးပေးပြီးထောင်ရတဲ့ဆိုဒ်ကို တစ်နာရီအတွင်း အခမဲ့ရအောင်ကြိုးစားကြည့်ကြရအောင်( ကူးလာပေးတာပါဗျာ)

                  ကလိမ်ကျတဲ့နည်းလို့ပြောရင်လည်း ရပါတယ်။ ဘာလို့လဲဆိုတော့ လိမ်စဉ်နည်းလေးနဲ့ လုပ်ရတာကိုး။ ဒီလိုလုပ်ဖို့ ကိုယ့်မှာ အီးမေးအကောင့်နှစ်ခုလိုအပ်ပါတယ်။ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ . . .။
                       ပထမဆုံး ဒီမှာ အရင်ဆုံးအဖွဲ့ဝင်လိုက်ပါ။ ပြီးရင် ကိုယ်အတည်ထောင်မယ့် အခမဲ့ဆိုဒ်ကိုထောင်လိုက်ပါ။ ခုဆို အခမဲ့ စနစ်နဲ့ ဆိုဒ်တစ်ခုတော့ထောင်ပြီးသွားပါပြီ။ ထုံးစံအတိုင်းအခမဲ့ဆိုတော့ အခပေးလို favicon , Custom Header, Password Protect တွေတော့ မရှိသေးဘူးပေါ့ဗျာ .  . . ။ အဲ့ဒါအပြင် ကိုယ့်ဟာ အခမဲ့ဆိုဒ်မှန်းလူသိအောင်အောက်မှာ Create a free website with weebly ဆိုတဲ့ဟာကြီးကပါ ပါနေတော့ လူသိပ်အထင်မကြီးဘူးပေါ့ဗျာ . . . ။ အခပေးလုပ်တာရမှပဲ ကိုယ့်ဟာကိုယ်ပြန်ဖြုတ်လိုက်ကြပေါ့။
                    အဖွဲ့ဝင်ပြီးရင်တော့ websiteတစ်ခုကိုထောင်ပြီး တစ်ခါတည်း publish တန်းလုပ်လိုက်ပါ။ Publish လုပ်ပြီးရင် ကိုယ့်ဆိုဒ်ရမရကို အရင် tab အသစ်တစ်ခုမှာစမ်းကြည့်ပါဦး။ ရပြီဆိုမှ အဲ့ဒါကိုပိတ်ပြီး တည်းဖြတ်နေတဲ့စာမျက်နှာရဲ့  ညာဘက်အပေါ်က close ဆိုတာကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါကျရင် အစပိုင်းက စာမျက်နှာပြန်ပေါ်လာပါလိမ့်မယ်။ အပေါ်က my referrals ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါကျရင်

Option A: Send them this link

ဆိုတဲ့စာလုံးအောက်က လင့်လေးကို copy ကူးထားလိုက်ပါ။ ပြီးရင်တော့ logout လုပ်ပေါ့ဗျာ . ..။ logout လုပ်ပြီးရင်တော့ ခုနကော်ပီကူးထားတဲ့လင့်လေးကို browser တစ်ခုခုမှာဖွင့်လိုက်ပါ။ ခုနသင်ဆိုဒ်ထောင်ခဲ့တဲ့ ဆိုဒ်ပြန်ကျလာပါလိမ့်မယ်။ အဲ့ဒီအခါကျရင် ကိုယ့်ရဲ့ တခြားအီးမေးလိပ်စာနဲ့ အဲ့ဒီဆိုဒ်မှာပဲ အဖွဲ့ဝင်လိုက်ပြီး ပေါက်ကရဆိုဒ်တစ်ခုထပ်ထောင်လိုက်ပါ။ ပြီးရင်တော့ Publish ပေါ့ဗျာ . . .။ အဲ့ဒီအခါ ထောင်ပြီးတဲ့ ပေါက်ကရဆိုဒ်တစ်ခုကို tab အသစ်မှာ ဖွင့်ကြည့်ပါဦး။ ရပြီဆိုရင်တော့ အဲ့ဒါကို Logout လုပ်ပြီး အတည်ထောင်ထားတဲ့ ဆိုဒ်ကိုတည်းဖြတ်ဖို့ အရင်အကောင့်ကို ပြန်လည် login ၀င်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အကောင့်မှာ တစ်လ free  4.58$လိုင်စင်ကြေးပေးပြီးထောင်ရတဲ့ဆိုဒ် ကိုရရှိနိုင်ပါပြီ။ ဒါပေမယ့် တစ်လပြည့်တိုင်း referral ကလင့်နဲ့ အကောင့်သစ်တစ်ခုထပ်ထပ်လုပ်ပေးနေရပါမယ်။ ဒါမှနောက်လတိုင်းလတိုင်း အခပေးဆိုဒ်အနေနဲ့ တည်ရှိနေမှာလေ။
နမူနာအနေနဲ့ ကျွန်တော် အဲ့လိုထောင်ထားတဲ့ ဆိုဒ်လေးကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာ . . .။
အားလုံးအခပေးဆိုဒ်တွေကို အခမဲ့ထောင်နိုင်ကြပါစေဗျာ . . .။

Sunday, October 30, 2011

အခမဲ့ website တည်ထောင်လိုသူများအတွက်..FWD

အခမဲ့website တည်ထောင်လိုသူများအတွက် သွားရောက်ပြုလုပ်နိုင်မယ့် လိပ်စာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
                        ကျွန်တော်အခုဖော်ပြပေးမယ့်နေရာတွေက hosting လည်းအခမဲ့ရယူနိုင်သလို web design မဆွဲလိုသူများအတွက် web temple လေးတွေပါတစ်ခါတည်းပါရှိပါတယ်။
                       ဆိုဒ်လေးတွေကတော့
သွားရောက်ရန်                                             ပြုလုပ်နိုင်မည့်လိပ်စာ
www.webs.com                            www.သင့်နာမည်.webs.com

www.weebly.com                       www.သင့်နာမည်.weebly.com

www.multiply.com                        www.သင့်နာမည်.multiply.com

www.350.com                                  www.သင့်နာမည်.350.com

www.blogger.com                          www.သင့်နာမည်.blogspot.com

www.ucoz.com                             www.သင့်နာမည်.ucoz.com

                                                        www.သင့်နာမည်.at.uk  နှင့် အခြားလိပ်စာ10ခု

ကဲ ဒီလောက်ဆို ကျေနပ်လိမ့်မယ်ထင်ပါတယ်။
အားလုံးပဲကိုယ်ပိုင် ဆိုဒ်အလန်းလေးတွေထောင်နိုင်ကြပါစေ။

Saturday, October 22, 2011

ဝက်ဆိုက်ဒ်ဗဟုသုတ

Website ဆိုတာ ဘာလဲ ?
Website ဆိုတာ နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ Internet ပေါ်က နေရာလေးတစ်ခု ဖြစ်ပါ တယ်။ Web Page တွေ ပေါင်းစပ်စုစည်း ထားတာကို Website လို့ခေါ်ပါတယ်။ Website တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Internet Connection သာ လိုအပ်ပါတယ်။ ယခုအချိန်မှာ Internet သုံးစွဲသူ အရေ အတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် Show Room တစ်ခုပမာ၊ ကုန်ပစ္စည်း ရောင်းချတဲ့ သူတွေအတွက် ဆိုင် ခန်းတစ်ခုပမာ၊ ဘဏ်လုပ်ငန်းများအတွက် Branch တစ်ခုပမာနှင့် အခြားသော လုပ်ငန်းများအတွက် ရုံးခန်း၊ Reception တစ်ခုပမာ ၂၄နာရီ၊ ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။

Internet ဆိုတာ ဘာလဲ ?
Internet ဆိုတာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေအားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎င်း Computer တွေနဲ့ ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်။ Internet Connection သာ ရှိထားပြီဆိုရင် သင် ၀င်ရောက်ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ၀င်ရောက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။

Domain Name ဆိုတာ ဘာလဲ ?
Domain Name ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ (တစ်နည်းအားဖြင့် Internetပေါ်က) Website တွေရဲ့ ကိုယ်ပိုင် နာမည်လိပ်စာတွေပါ။ တစ်ခုနဲ့တစ်ခု မတူညီရအောင် နည်းပညာပိုင်းအရ ဖန်တီးထားသလို၊ ရှိပြီးသား Domain Name ဖြင့်လည်း Website အသစ်တစ်ခု ဖန်တီးယူလို့မရပါဘူး။ ဥပမာ www.google.com ဖြင့် သင် Website တင်ချင်လို့ မရသလိုပါပဲ။ Google က အပိုင်ဝယ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင် Website အတွက် ကိုယ်ပိုင် Domain Name ဟာ အမှန်တကယ် အရေးပါအရာရောက်လှပါတယ်။

ဘာကြောင့် Website တစ်ခု ရှိထားသင့်သလဲ ?
ဘာကြောင့်လုပ်သင့်သလဲဆိုတော့ စီးပွားရေးရှုထောင့်ကပဲကြည့်ကြည့်၊ နည်းပညာရှုထောင့်ကပဲကြည့်ကြည့် အကျိုးအမြတ်တွေ ရယူနိုင်လို့ပါပဲ။ ကမ္ဘာပေါ်မှာ Internet Website သန်းပေါင်း တစ်ရာကျော်ရှိနေခြင်းဟာ ၎င်းတို့အတွက် သေချာတဲ့အကျိုးအမြတ် တစ်စုံတစ်ရာရှိနေခြင်းကို ဖော်ပြနေ ခြင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Website ရှိတဲ့လုပ်ငန်းဟာ မရှိတဲ့ လုပ်ငန်းထက် တစ်ပန်းအသာရတာ အမှန်ပါပဲ။ တကယ်လို့များ သင့်ပြိုင် ဘက်တွေက Website ရှိပြီး သင့်လုပ်ငန်းမှာကျတော့ Website မရှိသေးဘူးဆိုရင် သင်ဘာလုပ် မလဲ။ ဒါဟာ ကိုယ်ပိုင် Website တစ်ခု ဘာကြောင့်ပြုလုပ်သင့်သလဲ ဆိုတာပါပဲ။

ဘာလို့ Internet Website တွေ ခေတ်စားလာရတာလဲ ?
Website တစ်ခုဟာ Customer တွေအတွက် ၀င်ရထွက်ရ လွယ်ကူသလို ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သွားရလာရတာမရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရတွေ မရှိ တော့တဲ့အတွက် စိတ်အလိုမကျတာတွေ မရှိတော့ဘူး။ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင် တယ် (Website ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကတော့ တိကျဖို့လိုအပ်ပါတယ်)။

Website တွေ ဘာဖြစ်လို့ မအောင်မြင်ကြတာလဲ ?
Website တစ်ခု ဘာလို့ ကျရှုံးရသလဲဆိုတော့ အဓိကအကြောင်းအရာကတော့ တစ်ခုပဲရှိတယ်။ သတင်း အချက်အလက်တွေကို တိတိကျကျ မရယူနိုင် တဲ့အတွက်ပဲဖြစ်ပါတယ်။ ဘာကြောင့် အဲသည်လိုဖြစ်ရသလဲ ဆိုတော့ Website ရဲ့ ပိုင်ရှင်တွေကိုယ်တိုင်က Website တစ်ခုကို သူတို့ရဲ့ အခြား Show Room၊ ဆိုင်ခန်း၊ ရုံးခန်းတစ်ခု အဖြစ် အမှန်တကယ် မရှုမြင်ထားလို့ပဲဖြစ်ပါတယ်။ တစ်ခါလုပ်ပြီး ပစ်ထားတဲ့ Website နဲ့ အမြဲ တမ်းဆန်းသစ်နေတဲ့ Website ဘယ်ဟာက Customer တွေကို အထောက်အကူ ဖြစ်စေမလဲ? အခြားကျရှုံး ရတဲ့အကြောင်းကတော့ Customer တွေ နားလည်ရလွယ်ကူအောင် မလုပ်ထားတာ၊ Use-to မဖြစ်တာပါပဲ။

Website တစ်ခုမှာ Information ပြည့်စုံတာနဲ့ Design သေသပ်လှပတာနဲ့ ဘယ်အရာက ပိုအရေးပါလဲ…?
သတင်းအချက်အလက် တိကျတာနဲ့ ဒီဇိုင်းအပြင်အဆင်ကောင်းတာ ဘယ်ဟာက ပိုပြီး အရေးပါသလဲဆိုတော့ သတင်းအချက်အလက် တိကျတာက ပိုအရေးပါ အရာရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျအန ပြင်ဆင်ထားပြီး ဆက်ဆံရေးမကောင်းတဲ့၊ အရောင်းအ၀ယ် မလုပ်တတ်တဲ့၊ ဆက်ဆံရေးမပြေပြစ်တဲ့ Show Room၊ ရုံးခန်းတစ်ခုလိုပါပဲ။ အပြင်အဆင်က အရေးပါသလို၊ သတင်းအချက်အလက် တိကျသေချာဖို့ ပိုပြီး တော့ အရေးပါလိုအပ်ပါတယ်။ နှစ်ချက်စလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

သင့် Website ရဲ့ Address ကို သင့် Customer တွေ ဘယ်လိုသိနိုင်မလဲ ?
သင့် Website ရဲ့ Address (Domain Name)ကို Customer တွေသိရှိစေဖို့အတွက် သင့်ရဲ့လိပ်စာကဒ်၊ ဆိုင်းဘုတ်တွေ အပါအ၀င် ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ Voucher တွေ၊ ကုန်ပစ္စည်းတွေမှာ ထည့်ထားနိုင်ပါတယ်။ Customer တွေနဲ့ ရင်းနှီးနိုင်သမျှ ရင်းနှီးလာအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Search Engine တွေမှာ ရှာတွေ့နိုင်အောင် စီစဉ်ထားဖို့ပဲ ဖြစ်ပါတယ်။

သင့် Website ကို ဘယ်လိုဖန်တီးထားသင့်သလဲ ?
သင့်ရဲ့ Website ကို Show Room ဒါမှမဟုတ် ရုံးခန်းလို့ သင်သဘောထားမယ်ဆိုရင် သင့် Website ရဲ့ အပြင်အဆင်၊ နေရာချထားမှုတွေ ဘယ်လောက်အရေးပါသလဲဆိုတာ သင်နားလည်ပါလိမ့်မယ်။ ဒါကြောင့် အရောင်ရွေးချယ်မှုကအစ သတင်းအချက်အလက်တွေ အားလုံးကို စနစ်တကျ အစီအစဉ်ကျနစွာနှင့် မှန်ကန်တိကျစွာ ဖော်ပြပေးထားရမှာဖြစ်ပါတယ်။ Customer တွေ အလွယ်တကူ နားလည်လွယ်အောင် ဖန်တီးထားရမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ Show Room၊ ဆိုင်ခန်းတစ်ခု တည်ဆောက်ပြီးသွားရင် ၀န်ထမ်းရေးရာကအစ နေ့စဉ်နှင့်အမျှ ထိန်းသိမ်းပြုပြင်စရာတွေ အများကြီးရှိပေမယ့် Website တစ်ခုမှာတော့ အဲဒီလောက် မလိုအပ်တော့ပါဘူး။ အရေးအကြီးဆုံးတစ်ချက်ကတော့ ပုံမှန် Update လုပ်သွားဖို့ပါပဲ။ သင့် Website အပေါ် Customer တွေက စိတ်ဝင်စားမယ့်အပြင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။

Website တစ်ခု ဘယ်လိုတင်လို့ရလဲ? Website တင်တယ်ဆို ဘာလဲ ?
ကိုယ့်ရဲ့ Website ကို ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Internet User တွေ ကြည့်ရှုနိုင်ဖို့အတွက် Web Server တွေဆီမှာ Host လုပ်ရပါတယ်။ တစ်နည်းအားဖြင့် နေရာယူရပါတယ်။ အဲဒီလိုနေရာယူဖို့အတွက် Web Hosting Service ပေးတဲ့ Company၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ Web Hosting Service ပေးနေတဲ့ အများစုကတော့ Domain Name ၀ယ်ယူတာ (Registration လုပ်တာ)၊ ဒီဇိုင်းချပေးတာ၊ Website ဖန်တီးပေးတာအပါအ၀င် Web Hosting Service ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Website တစ်ခု တင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင် နည်းပညာပိုင်းအရ တတ်ကျွမ်းစရာမလိုဘဲ သင့်တင့်မျှတတဲ့ ကုန်ကျစရိတ်နဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မိမိဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက သတင်းအချက်အလက်တွေ မှန်ကန်တိကျဖို့၊ အစီအစဉ်တကျဖြစ်ဖို့နဲ့ ပုံမှန် Up-to-date ဖြစ်နေဖို့ပဲ ဖြစ်ပါတယ်။

Saturday, September 17, 2011

website....ဗဟုသုတ.....website...ဆိုတာဘာလည်း

Thursday, September 8, 2011

အခြေခံ website ပြုလုပ်နည်း

HTML ကို Edit လုပ်ပေးတဲ့ IDE ထဲမှာ လက်ရှိ လူသူအများဆုံးကတော့ Dreamwaver Software ပဲ ဖြစ်ပါတယ်။ Dreamwaver Software ကို HTML မရေးတက်တဲ့သူတွေကအစ အသုံးပြုလို့ရပါတယ်။
ဒီသင်ခန်းစာမှာ Beginner များအတွက် Dreamwaver ကို သုံးပြီး ကိုယ်ပိုင် Webpage လေးတစ်ခု ဖန်တီးပြမှာ ဖြစ်ပါတယ်။ `

ကျွန်တော်တို့ ပထမဦးဆုံး Website တစ်ခု မဖန်တီးခင် Mycomputer ထဲက D: မှာ Project အမည်နဲ့ Folder တစ်ခုကို ကြိုတင်ပြုလုပ်ထားလိုက်ပါ။ ထို့ Project Folder ထဲတွင် BusinessSite အမည်ဖြင့် Folder အသစ်တစ်ခုထပ်ပြုလုပ်ထားလိုက်ပါ။

၁။ Dreamwaver Software ကို ဖွင့်လိုက်ပါ။

ထို့နောက် ပုံမှာပြထားတဲ့အတိုင်း “Create New” အောက်မှာရှိတဲ့ “Dreamweaver Site” ကို Click နှိပ်လိုက်ပါ။

dreamweaver site

Site Definition Box ကျလာပါက “BusinessSite” ဆိုပြီး အမည်ပေးပြီး Next ကို နှိပ်လိုက်ပါ။ ဒီနေရာမှ မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလို့လည်းရပါတယ်။

site defiinition

ပုံတွင်ပြထားသည့်အတိုင်း ရွေးချယ်ပြီး Next ကို နှိပ်လိုက်ပါ။

Define a New Site in Dreamweaver CS4

ကျွန်တော်တို့ အခုနက ကြိုတင်တည်ဆောက်ခဲ့တဲ့ Project Folder ထဲမှ BusinessSite ကို လမ်းကြောင်းရွေးချယ်ပေးပြီး Next ကို နှိပ်လိုက်ပါ။ Folder မဆောက်ရသေးတဲ့သူတွေကတော့ ပုံမှာပြထားတဲ့အတိုင်း လမ်းကြောင်းနေရာမှာ ကျွန်တော်ပြထားတဲ့အတိုင်းရေးလိုက်ပါ။ ဒါဆို D: အောက်မှာ Project Folder ကို သူ့ဘာသာသူတည်ဆောက်ပေးပါလိမ့်မယ်။

site definition

None ကို ရွေးပြီး Next နှိပ်လိုက်ပါ။

site definition

ထို့နောက် Done ကို နှိပ်လိုက်ပါက ပုံတွင်ပြထားသည့်အတိုင်း မြင်တွေရရမှာဖြစ်ပါတယ်။ ထို့နောက် ကျွန်တော်တို့ ဓာတ်ပုံတွေသိမ်းဖို့အတွက် ညာဘက်ထောင့်မှာရှိတဲ့ Site - BusinessSite ကို နှိပ်ပြီး Right ClickNew Folder ကို ရွေးကာ images ဟုအမည်ပေးပြီး Folder တစ်ခုကို BusinessSite Folder အောက်မှာ ဆောက်လိုက်ပါတယ်။

Define a New Site in Dreamweaver CS4

အထက်ပါအဆင်များပြီးဆုံးပါက ကျွန်တော်တို့ Template တစ်ခုကို Create ပြုလုပ်ဖို့ File Menu အောက်က New ကို နှိပ်လိုက်ပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ‘Blank Template’ > Template Type: ‘HTML Template’ > Layout: ‘none’ ကို အဆင့်ဆင့်ရွေးလိုက်ပါ။

Create a template in Dreamweaver CS4

ထို့နောက် template ကို သိမ်းရန်အတွက် File အောက်မှ Save As ကို နှိပ်လိုက်ပါ။ ထို့နောက် template လို အမည်ပေးပြီး Save မှတ်လိုက်ပါ။ ဒါဆိုလျှင် template ကို မိမိရဲ့ BusinessSite ရဲ့အောက်မှာ Template Folder တစ်ခုကို တည်ဆောက်ပြီး template.dwt ဆိုပြီး Save မှတ်ပေးတာကို တွေ့ရမှာဖြစ်ပါတယ်။

Create a template in Dreamweaver CS4

Create a template in Dreamweaver CS4

ကျွန်တော်တို့ရဲ့ Template မှာ ဒီဇိုင်ပြုလုပ်ရန်အတွက် Layout သတ်မှန်ရန်အတွက် Insert > Layout Objects > Div Tag ကိုရွေးချယ်ကာ header ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

Design your template in Dreamweaver CS4

Design your template in Dreamweaver CS4

New CSS Rule Box ကျလာပါက #header လို့အမည်ပေးပါ။ New Style Sheet File ကို ရွေးပေးပြီး Ok ကို နှိပ်လိုက်ပါ။

Design your template in Dreamweaver CS4

styles လို့အမည်ပေးပြီး Save မှတ်လိုက်ပါ။

Design your template in Dreamweaver CS4

CSS Rule Box ကျလာပါက ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။ ဒီနေရာမှာတော့ ကျွန်တော်တို့ Tutorials ဖြစ်တဲ့အတွက် ကျွန်တော်လုပ်ပြထားတဲ့အတိုင်းပဲလိုက်လုပ်ပါ။ ပုံတွေကိုတော့
ဒီနေရာမှာ Download ပြုလုပ်ပြီး ပုံတွေကို Copy ကူးကာ မိမိပြုလပ်ထားတဲ့ D:>Project>images ထဲမှာ Paste လုပ်ထားလိုက်ပါ။ ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း လုပ်လိုက်ပါ။

Background ပုံထည့်ရန်အတွက် Browser ကို နှိပ်ကာ D:>Project>images ထဲက ကျွန်တော်တို့ သိမ်းထားတဲ့ header-bg ဆိုတဲ့ပုံကိုရွေးလိုက်ပါ။

Design the CSS Style Sheet in Dreamweaver CS4

header-css-box

ထို့နောက် Ok ကို နှိပ်လိုက်ပါက Insert Div tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးလျှင် Design ကို Click နှိပ်ပြီးကြည့်လိုက်ပါ။

Design the CSS Style Sheet in Dreamweaver CS4

ထို့နောက် ကျွန်တော်တို့ Layer နောက်တစ်ခုလုပ်ရန်အတွက် Window > CSS Styles ကို Click နှိပ်လိုက်ပါ။ ‘New CSS Rule’ icon ကို နှိပ်လိုက်ပါ။

Design the CSS Style Sheet in Dreamweaver CS4

ပြီးလျှင် အောက်မှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ။

- Selector type: Tag
- Selector Name: body
- Rule Definition: styles.css

OK
ကို Click နှိပ်လိုက်ပါ။

Design the CSS Style Sheet in Dreamweaver CS4

ပြီးလျှင်တော့ အောက်ကပုံအတိုင်းလေူ လုပ်လိုက်ပါ။ 0 ပဲပေးလိုက်ပါ။ ဒါမှ ဘယ်ညာနှစ်ဖက်လုံး အပြည့်ဖြစ်သွားမှာဖြစ်ပါတယ်။

Design the CSS Style Sheet in Dreamweaver CS4

ကျွန်တော်တို့ ‘Content for id “header” Goes Here’ ဆိုတဲ့နေရာမှာ Logo ထည့်မှာဖြစ်တဲ့အတွက် အဲ့ဒီစာသားတွေကို Delete လုပ်လိုက်ပါ။ ထို့နောက် Insert > Image ကို နှိပ်ပြီး Logo ပုံလေးကို ရွေးလိုက်ပါ။ ထို့နောက် alternate textါ်တွင် မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ကျွန်တော်ကတော့ BusinessSite Logo လို့အမည်ပေးလိုက်ပါတယ်။ ပြီးလျှင် OK နှိပ်လိုက်ပါ။

Insert Images in Dreamweaver CS4

ဒါဆို ကျွန်တော်တို့ရဲ့ Header မှာ ယခုလိုမြင်ရမှာဖြစ်ပါတယ်။

Insert Images in Dreamweaver CS4

ကျွန်တော်တို့ Logo ထည့်ထားတဲ့ header ကို Select လုပ်လိုက်ပါ။ အောက်ဆုံးမှာ ဒီလိုလေးတွေရမှာဖြစ်ပါတယ်။ မတွေ့တဲ့သူတွေကတော့ Select မှတ်တာမှားနေလို့ပါ။ မတွေ့ရင်လည်း Code ကို သွားပြီး အောက်မှာပေးထားတဲ့ Code ကိုရှာလိုက်ပါ။

Creating the Menu in Dreamweaver CS4

Select မှတ်ပြီးလျှင် Code ကို သွားပါ။ Header Code ကို Select မှတ်ပေးထားတာတွေ့ရပါမယ်။ အပေါ်က မတွေ့တဲ့သူတွေကတော့ ဒီ Code ကို ရှာလိုက်ပါ။

Creating the Menu in Dreamweaver CS4

Creating the Menu in Dreamweaver CS4

ကျွန်တော်တို့ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Code ရဲ့နောက်ဆုံးမှာ cursor လေး ချပြီး Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ menu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

Design your template in Dreamweaver CS4

ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။

  • Selector Type: ID
  • Selector Name: #menu
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #menu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Background> Background- image: images/menu-bg.jpg
  • Box > Width: 100%
  • Box > Height: 32px
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ပြီးလျှင်တော့ ကျွန်တော်တို့ Design ကိုရွေးပြီး ကြည့်လိုက်ပါ။ အခုလုပ်သွားတဲ့အဆင့်က အပေါ်က အဆင့်တွေအတိုင်းဖြစ်တဲ့အတွက် ပုံနဲ့တကွမရှင်းပြတော့ဘူးနော်။ မလုပ်တက်ရင် အပေါ်အဆင့်တွေကို သေသေခြာခြာပြန်ကြည့်ပါ။

ထို့နောက် Menu ပြုလုပ်ရန်အတွက် Content for id "menu" Goes Here ကို ဖျက်လိုက်ပြီး Insert > Image ကို နှိပ်ပြီး Home ပုံကိုရွေးပြီး မိမိကြိုက်နှစ်သက်တဲ့အည်ကိုပေးပြီး OK နှိပ်လိုက်ပါ။ ထို့နောက် Home ပုံလေးဘေးမှာ cursor ချပြီးအခုနကအတိုင်း Insert > Image ကို နှိပ်ပြီး ပုံးတွေရွေးပြီးအမည်တွေပေးလိုက်ပါ။ အဲ့ဒီမှာ Menu အတွက် about-us ၊ contact-us၊ services တွေရှိပါတယ်။ တစ်ခုစီရွေးပြီး လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်ကပုံအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Creating the Menu in Dreamweaver CS4

ကျွန်တော်တို့ Code ကို သွားလိုက်ပါ။

Creating the Menu in Dreamweaver CS4

ထို့နောက် မှာရေးထားတဲ့ အောက်မှာ ပြထားတဲ့ Code ကိုရှာပြီး ရဲ့နောက်မှာ cursor ချလိုက်ပါ။

ထို့နောက် အရင်အဆင့်တွေအတိုင်း Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ middle ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

Design your template in Dreamweaver CS4

ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။

  • Selector Type: ID
  • Selector Name: #middle
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #middle’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 100%
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ထို့နောက် Content for id "middle" Goes Here ကို Select မှာကာ Delete လုပ်ပြီး Insert > Layout Objects > Div Tag ကိုရွေးကာ submenu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။

  • Selector Type: ID
  • Selector Name: #submenu
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 25%
  • Box > Float: left
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ထို့နောက် မိမိရဲ့ submenu div တွင် Content for id "submenu" Goes Here ကိုတွေရပါမယ်။ ကျွန်တော်တို့ Code ကို သွားပြီး

ကိုရှာပြီး ရဲ့နောက်မှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် content ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။

  • Selector Type: ID
  • Selector Name: #content
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 75%
  • Box > Float: left
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

Content in Dreamweaver CS4

ထို့နောက် ကျွန်တော်တို့ CSS မှာ Body ကို ပြင်ရန်အတွက် Window > CSS Styles ကို နှိပ်လိုက်ပါ။ ထို့နောက် Body ကိုရွေးပြီး Right Click နှိပ်ပြီး Edit ကို ရွေးလိုက်ပါ။

Content in Dreamweaver CS4

ပုံမှာ ပြထားတဲ့အတိုင်းပြင်ပြီး Click နှိပ်လိုက်ပါ။

Content in Dreamweaver CS4

င်္Font ပြောင်းသွားတာကို တွေ့ရပါမယ်။

Content in Dreamweaver CS4

ကျွန်တော်တို့ footer အတွက် Div တစ်ခုထပ်လုပ်ပါမယ်။ သိတဲ့အတိုင်းပဲ Code ကို သွား ရဲ့နောက်ဆုံးမှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် footer ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။

  • Selector Type: ID
  • Selector Name: #footer
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #footer Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 100%
  • Box > Height: 33 px
  • Box > Clear: both
  • Block > Text align: Right
  • Background> Background-image: footer-bg.jpg
  • Type > Color: #FFF
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးရင် Design Tag ကို နှိပ်ပြီးကြည့်လိုက်ပါ။ ထို့ နောက် ‘Content for id “footer” Goes Here’ ဆိုတဲ့ စာသားကို Select မှတ်ကာ မိမိကြိုက်တဲ့အမည်ပေးလိုက်။ ကျွန်တော်ကတော့ ‘© 2009 Company Name. All Rights Reserved.’ လို့ပေးလိုက်ပါတယ်။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

Content in Dreamweaver CS4

အခုဆိုရင်တော့ basic layout template လုပ်လို့ပြီးပါပြီခင်ဗျာ။ File > Save All ကိုနှိပ်ပြီး Save မှတ်လိုက်ပါ။

ဟူးးးးးးးးးးး ဖတ်တဲ့သူတွေတော့နားလည်မလည်မသိဘူး။ ရေးတဲ့ကျွန်တော်တော့ လက်တွေ တော်တော်ညောင်သွားပြီ။ ဒါကြောင့် ဒီမှာ ခဏနားမယ်။ ပြီးလျှင် ဒုတိယပိုင်း သင်ခန်းစာ (၂) ကိုရေးပြီး Dreamwaver CS4 နဲ့ အခြေခံ Website ပြုလုပ်နည်းကို ဆက်လက်ရှင်းပြပါမယ်။ Software မရှိသေးတဲ့သူတွေကတော့ Dreamweaver CS4 Portable ကို ဒီနေရာကနေ Download လုပ်လိုက်ပါ။

Webpage အတွက် ပုံတွေကို ဒီနေရာကနေရယူပြီး rar ဖိုင်ဖြေပြီး m51aimage ထဲက ပုံတွေကို Copy ကူးပြီး images အောက်မှာ သိမ်းလိုက်ပါ။

‘content’ div ထဲက ‘Content for id “content” Goes Here’ ဆိုတဲ့ စာသားကို ဖျက်ပြီး Insert > Template Objects > Editable Region ကို ရွေးလိုက်ပါ။

Insert Editable Regions in the Dreamweaver Template

New Editable Region တွင် content ဟု အမည်ပေးလိုက်ပါ။

Insert Editable Regions in the Dreamweaver Template

ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိ Templete ကို Save မှတ်လိုက်ပါ။

Insert Editable Regions in the Dreamweaver Template

ကျွန်တော်တို့ Page တစ်ခု ဖန်တီး၇န်အတွက်
  • File > New
  • Page From Template > BusinessSite > template
ကို ရွေးပြီး Create ကို နှိပ်လိုက်ပါ။ ထို့နောက် File Name ကို index.html လို့ အမည်ပေးပြီး Save မှတ်လိုက်ပါ။

Dreamweaver CS4 Template Based Web Pages

Dreamweaver CS4 Template Based Web Pages

ထို့နောက် Title ရှိ ‘Untitled Document’ နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခုပေးလိုက်ပါ။ ကျွန်တော်ကတော့ ဒီမှာ BusinessSite Home Page လို့ပေးလိုက်ပါတယ်။ ထို့နောက် အပေါ်ပုံတွင် အမဲဖြင့်ပြထားသော Content နေရာတွင် စာမျက်နှာတွင် မိမိရေးချင်သည့် မိမိကြိုက်နှစ်သက်သည့် Post တစ်ခုကိုရေးလိုက်ပါ။ Post တွင် ခေါင်းစဉ်ပါအောင်တော့ရေးပါ။ ထိုရေးထားသော စာများသည် Browser ပေါ်တွင် မြင်တွေ့ရမည့်စာများဖြစ်ပါသည်။

Dreamweaver CS4 Template Based Web Pages

ထို့နောက် မိမိရေးထားသည်ကို ပြန်ကြည့်ရန် File> Preview in Browser > ထဲမှ မိမိကြိုက်နှစ်သက်သည့် Browser ကို ရွေးကာ Preview ကြည့်လိုက်ပါ။

Dreamweaver CS4 Template Based Web Pages

ထို့နောက် ကျွန်တော်တို့ရေးထားတဲ့ Post မှ ခေါင်းစဉ်ကို Select မှတ်ပြီး Format > Paragraph format > Heading 1 ကိုရွေးလိုက်ပါပြီး Preview ကြည့်လိုက်ပါ။

Formatting Headings in Dreamweaver CS4

Formatting Headings in Dreamweaver CS4

ကျွန်တော်တို့ အခုနကအတိုင်း မိမိတို့ရေးထားတဲ့ Post ၇ဲ့ခေါင်းစဉ်ကို Select မှတ်ကာ layout အသစ်တစ်ခုဖန်တီးရန် Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ပြီး New CSS Rule ကို နှိပ်လိုက်ပါ။

Design your template in Dreamweaver CS4

New CSS Rule Box ကျလာပါက အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။

  • Selector Type: ID
  • Selector Name: h1
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

Formatting Headings in Dreamweaver CS4

‘CSS Rule Definition for h1’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Type > Font-size: 18 px
  • Type > Color: #D6130A
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

Formatting Headings in Dreamweaver CS4

ယခုဆိုလျှင်တော့ ကျွန်တော်တို့ခေါင်းစဉ်ဟာ အရောင်ပြောင်းသွားပြီ ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Formatting Headings in Dreamweaver CS4

ထို့နောက် မိမိရေးထားတဲ့ Post မှာ ဓာတ်ပုံတင်ရန်အတွက် မိမိဓာတ်ပုံထည့်လိုသည့်နေရာတွင် cursor ချပြီး Insert > Image ကိုနှိပ်လိုက်ပါ။ထို့နောက် ကျွန်တော်တို့ ပုံတွေသိမ်းထားတဲ့ images folder ထဲက picture.jpg ကို ရွေးလိုက်ပါ။ ထို့နောက် alternate text တွင် မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ပြီးလျှင် OK နှိပ်လိုက်ပါ။ ဒါဆို မိမိရဲ့ Post မှာ ဓာတ်ပုံလေးရောက်လာမှာ ဖြစ်ပါတယ်။ ထို ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘Align’ တွင် Right ကို ရွေးပေးလိုက်ပါက မိမိရဲ့ ဓာတ်ပုံဟာ စာသာတွေရဲ့ ညာဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Formatting Images in Dreamweaver CS4

Formatting Images in Dreamweaver CS4

ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘H Space’မှာ 10 လို့ရိုက်လိုက်ပါ။

Formatting Images in Dreamweaver CS4

ယခုဆိုလျှင်တော့ ကျွန်တော်တို့ မှုလစာမျက်နှာဖြစ်တဲ့ index.html ကို ဖန်တီးလို့ပြီးစီးပါပြီ။ ထို့ကြောင့် Save မှတ်ပြီး Preview ကြည့်လိုက်ပါ။

အပေါ်အဆင့်တွေမှာ လုပ်ပြခဲ့တဲ့ index,html ဖန်တီးသလိုမျိုး about-us.html ၊ contact-us.html၊ services.html တို့ကို မိမိတို့ စိတ်တိုင်းကျဖန်တီးလိုက်ကြပါ။ ဒါပေမယ့် contact-us.html ကိုတော့ Page တစ်ခုသာ ဖန်တီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ Content ကို ဖျက်ပြီး Post မတင်ထားပါနှင့်။
ကျွန်တော်တို့ Page တွေ ဖန်တီးပြီးပြီဆိုလျှင် Page တွေကို Link ချိတ်ရန်အတွက် Window > Files ကိုခေါ်လိုက်ပါ။ ဒါမှမဟုတ်လည်း ညာဘက်ခြမ်းက File အောက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

Linking pages in Dreamweaver CS4

‘Templates’ folder ထဲက template file (template.dwt) ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
‘Home’ menu button ကို Select မှတ်ပြီး ‘Properties’ Panel ထဲက Link နေရာတွင် http://multiplygroups.multiply.com/index.html ဟုတ်ရိုက်လိုက်ပြီး ‘Border’ field တွင် 0 လို့ပေးလိုက်ပါ။ Link တွင် index.html ကို မရိုက်ချင်ပါက Link ဘေးမှာရှိတဲ့ နာရီလိုပုံလေးကို Click နှိပ်ပြီး ညာဘက် File အောက်မှာရှိတဲ့ index.html ဖိုင်ကို Drag ဆွဲးသွားလည်းရပါတယ်။

Linking pages in Dreamweaver CS4

ကျန်တဲ့ menu icon တွေကိုလည်း သက်ဆိုင်ရာ Page များနှင့် အပေါ်အဆင့်ကအတိုင်း Link ချိတ်လိုက်ပါ။
Link ချိတ်ပြီးလျှင် Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။
Linking pages in Dreamweaver CS4

ကျွန်တော်တို့ contact-us.html ကို ဖွင့်လိုက်ပါ။
ထို့နောက် အမည်းနဲ့ရေးထားတဲ့ content ကို Select မှတ်လိုက်ပြီး Insert > Form > Form ကို သွားလိုက်ပါ။ ထိုအခါ Form tag အတွက်နေရာကို အနီရောင်ဖြင့် မြင့်တွေ့ရပါမယ်။
ထို့နောက် Insert Form > Text field ကို သွားပြီး Name လို့အမည်ပေးလိုက်ပါ။

Forms in Dreamweaver CS4

Text field ရပါက Email အမည်ဖြင့် Field တစ်ခုထပ်လုပ်ရန်အတွက် Text field ရဲ့အနောက်မှာ cursor ချပြီး Enter ၂ ချက်လောက်ခေါက်လိုက်ပါ။ ထို့နောက် Insert Form > Text field ကို သွားပြီး Email လို့အမည်ပေးလိုက်ပါ။
Email field ရပါက Message အတွက် Field ကို အထက်က အတိုင်းဖန်တီးလိုက်ပါ။
ထို့နောက် Message Field ကို Click နှိပ်ပြီး Properties အောက်မှာရှိတဲ့ Char Width တွင် 45 Max Chars တွင် 5 နှင့် Multi line တို့ကိုရွေးချယ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Message ရဲ့အောက်မှာ Button ပြုလုပ်ရန် Insert > Form > Button ကိုရွေးပြီး OK ကို နှိပ်လိုက်ပါ။ အားလုံးပြီးဆုံလျှင် ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

Forms in Dreamweaver CS4

ပြီးလျှင် Save မှတ်လိုက်ပါ။

ကျွန်တော်တို့ template.dwt ကို ဖွင့်လိုက်ပါ။
ထို့နောက် ‘submenu’ div မှာ ရှိတဲ့ ‘Content for id “submenu” Goes Here’ ကို Select မှတ်ပြီး ဖျက်လိုက်ပါ။ nsert > Table ကို ရွေးပြီး ပုံတွေင်ပြထားသည့်အတိုင်း ပြုလုပ်ကာ OK ကို နှိပ်လိုက်ပါ။

Tables in Dreamweaver CS4

  • Select the table [Right click within the table > Select Table] and align it ‘Center’ in the ‘Properties’ Panel.
  • Click within the top row of the table and insert the image ‘submenu-top-bg.jpg’
  • Click within the bottom row of the table and insert the image ‘submenu-btm-bg.jpg’
To give the background image to the middle:
  • Click within the middle row
  • From the Properties panel, select and click the ‘Edit Rule’ button
  • Create a ‘class’ style called ‘.sub-bg’ within ‘styles.css’
  • ပုံတွင်ပြထားသည့်အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။
    Tables in Dreamweaver CS4
    Tables in Dreamweaver CS4
    Tables in Dreamweaver CS4
  • Type in the submenu items
    Tables in Dreamweaver CS4

Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။

styles.css ကိုဖွင့်ပါ။ ထို့နောက် Window > CSS Styles ကို ဖွင့်လိုက်ပါ။ ထို့နောက် #menu style ကို Select လုပ်ပြီး Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။

Testing the Website in the Browser

ထို့နောက် #footer style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး Box > Margin > Top: 20 px လုပ်လိုက်ပါ။ styles.css ကို Save မှတ်လိုက်ပါ။

#middle style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။
Testing the Website in the Browser

ပြီးရင်တော့ File တွေအားလုံးကို Save All မှတ်လိုက်ပါ။ Preview ကြည့်လိုက်ပါ။ အားလုံး completed ဖြစ်သွားပါပြီ။

Testing the Website in the Browser

နောက်ဆုံးအဆင့်အနေနဲ့ File တွေကို Upload လုပ်ပါမယ်။
င်္ ‘Files’ panel ထဲက ‘Expand to show local and remote sites’ icon ကို Click နှိပ်လိုက်ပါ။

Upload your site with Dreamweaver CS4
‘Connects to remote host’ icon ကို Click နှိပ်ပါ။
Upload your site with Dreamweaver CS4
FTP ကို ရွေးပြီး ပုံတွင်ပြထားသည့်အတိုင်း ပြုလုပ်ပါ။
Upload your site with Dreamweaver CS4
Upload your site with Dreamweaver CS4
‘Test Connection’ button ကို နှိပ်လိုက်ပါ။
Upload your site with Dreamweaver CS4
Next ကို နှိပ်ပါ။ No, do not enable check in and check out ကိုရွေးပါ။ Next ကို နှိပ်ပါ။
Upload your site with Dreamweaver CS4
Done ကို နှိပ်ပါ။ ပြီးလျှင်တော့
  • You will be taken back to the Expanded ‘Files’ Panel again.
  • Click the ‘Connects to Remote host icon’ again.
ထို့နောက် ဖိုင်တစ်ခုခြင်းစီကို ‘Put Files’ icon ကို နှိပ်ပေးပါ။ ( template file မပါ)
Upload your site with Dreamweaver CS4
Congratulations! အားလုံးပြီးဆုံးပါပြီ။ သင်ခန်းစာအစက မိမိပြုလုပ်ခဲ့တဲ့ D:> Project>BusinessSiter မှာ ရှိတဲ့ File တွေကို စမ်းသပ်ကြည့်ပါ။ အားလုံးအဆင်ပြေကြပါစေ။ ယခုပြုလုပ်ခဲ့သော BusinessSite ကို လိုချင်ရင်တော့ ဒီနေရာကနေရယူပါ။

Download the files