တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......
ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................
ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............
ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................
ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........
ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........
Wellcome To Kyaikkhami
" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...
နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............
အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Friday, July 24, 2015
ရင်သား ကင်ဆာဆိုင်ရာ သိမှတ်စရာ
Cancer, ရင်သားကင်ဆာ, အသားစ စမ်းသပ်မှု, Biopsy, ပဋိသန္ဓေ တားဆေး, ကိုလက်စထရော
ရင်သားကင်ဆာဆိုင်ရာ
သတ္တဝါရယ်လို့ ဖြစ်လာရင် ခန္ဓာကြီးကို ရတယ်။ အဲဒီခန္ဓာကြီးကိုပဲ စောင့်ရှောက်နေရတဲ့ အပြင် ဝေဒနာပေါင်းစုံလည်း ရတာမို့ ခန္ဓာဝန်လို့တောင် ခေါ်ဆိုကြပါတယ်။ အဲဒီခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အားလုံးမှာ ရောဂါဘယတွေကို ဖိတ်ခေါ် နေကြတာ မဟုတ်လား။
လူမျိုးဘာသာတွေ၊ ကျား-မတွေ ကွဲပြားပေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတူတူမို့ ရောဂါတွေ ကတော့ တူကြ တာပါပဲ။ မတူညီတဲ့ ရေမြေသဘာဝနဲ့ ကျား/မ အင်္ဂါတွေကို လိုက်ပြီး ရောဂါ အမည်တွေ ကွဲတာ၊ ဖြစ်ပွားတဲ့နှုန်း ကွာဟတာ ရှိတတ်ပေမယ့် လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ကပ်ငြိတာတော့ ငြင်းဆန်ရှောင်လွှဲ မရပေဘူး။
အဲဒီထဲကမှ ကင်ဆာဆိုတာကြီးက သေမိန့်ချ ခံရသလို ချောက်ချားကြရတဲ့ အထဲ အမျိုးသမီးထုကို ခြောက်လှန့်နေတဲ့ ရင်သားကင်ဆာ ဆိုတာ ကလည်း ပိုပြီး တွေ့တွေ့လာ နေရတာ ရင်ထိတ်စရာပါပဲ။ ခုတော့ အမျိုးသားတွေ မှာတောင် ရင်သားကင်ဆာ ဖြစ်နေတာကို တွေ့လာကြရ ပြန်ပါပြီ။
ရင်သားကင်ဆာ
ရင်သားရဲ့ တစ်ရှူးတွေမှာ ကင်ဆာခေါ်တဲ့ ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေ ပွားလာတာကို ရင်သားကင်ဆာလို့ ခေါ်တယ် လို့ပဲ အလွယ် မှတ်ကြပါစို့။ ဒီရောဂါ ဖြစ်လာတဲ့ အခါ ရင်သားမှာ အလုံးအကျိတ် ပေါ်လာပြီး ပုံပြောင်းလာတာ၊ ရင်သားမှာ အရေပြားချိုင့် လာတာ၊ နို့သီးခေါင်းကနေ အရည်ထွက်လာတာ၊ ရင်သား အရေပြားမှာ အကြေးခွံလို ပုံမမှန်ဖြစ်လာတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
တချို့ဆို ရင်သားအရေပြားက လိမ္မော်ခွံလိုမျိုး ဖြစ်နေတာ တွေ့ရ ပြန်ပါတယ်။ အဲဒီကနေမှ တကိုယ်လုံးကို ပျံ့နှံ့သွားတာပါပဲ။ ရင်သားထဲက နို့ရည်ဖြစ်စေတဲ့ တစ်ရှူးတွေ၊ နို့ရည်ပြွန်ငယ်တွေ၊ နို့သီးခေါင်း စသဖြင့် ဖြစ်တတ်တဲ့ နေရာလိုက်ပြီး ရင်သားကင်ဆာမှာ အမည်တွေ ထပ်ခွဲထားတာက ၁၈ မျိုးထက်တောင် ပိုပါသေးတယ်။
ဖြစ်နိုင်ခြေများ
ရောဂါပိုး ကူးစက်လို့ ဖြစ်တဲ့ရောဂါတွေလို ဒီပိုးကြောင့် ဒါဖြစ်တယ်လို့ ပြောဖို့ မလွယ်တာက ကင်ဆာတွေရဲ့ သဘာဝပါ ပဲ။ အဲဒီတော့ ဖြစ်နိုင်ခြေတွေကို ဖြစ်နေသူတွေဆီကနေ နောက်ကြောင်းပြန် လေ့လာ သုတေသနပြုခဲ့ ကြရပါတယ်။ ဖြစ်နိုင်ခြေ အများစုကို ဆန်းစစ်တော့ နေထိုင်စားသောက်မှု ပုံစံနဲ့ မျိုးရိုးဗီဇတွေက အရေးပါနေတာ တွေ့ကြရပါတယ်။
တွေ့ရှိချက်တွေ အရ ရင်သားကင်ဆာ ဖြစ်နိုင်ခြေတွေမှာ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အထိုင်များတာ၊ အရက်သေစာ သောက်စားတာ၊ အမျိုးသမီးတွေမှာ သွေးဆုံးချိန် ဟော်မုန်း အစားထိုး ကုထုံးတွေ သုံးတာ၊ ဓာတ်ရောင်ခြည် တွေနဲ့ ထိတွေ့မှုများတာ၊ အသက်ငယ်ငယ်နဲ့ ဓမ္မတာလာတာ အပါအဝင် အသက်ကြီးမှ ကလေးယူ တာတွေ ပါဝင်နေပါတယ်။
ဆေးလိပ် သောက်တာ၊ ပဋိသန္ဓေ တားဆေး သုံးတာတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေသလို စိတ်ဝင်စားစရာ တွေ့ရှိချက် တခုအရ မကြာခဏ ကိုယ်ဝန်ဖျက်ချသူတွေမှာလည်း ရင်သားကင်ဆာဖြစ်တာနဲ့ ဆက်စပ်နေတာ တွေ့ရပြန်ပါတယ်။
အဆီများတဲ့ အစားအသောက်တွေ ကလည်း ရင်သားကင်ဆာ ဖြစ်စေသလို အစားအသောက်မှာ အိုင်အိုဒင်းဓာတ် ချို့တဲ့တာ ကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေထဲ ပါဝင်နေ ပြန်ပါတယ်။ ဓာတ်မှန်ရောင်ခြည် ထိတွေ့မှုများတာက ကင်ဆာ အဖြစ်များတဲ့ အကြောင်းတခု ဖြစ်ပေမယ့် အသက် ၄၀ ကျော်လာလို့ နှစ်အလိုက် ရင်သား ဓာတ်မှန်ရိုက်တာ ကတော့ ပြင်းအားနည်း ရောင်ခြည်မို့လို့ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။
သွေးထဲမှာ ကိုလက်စထရောများတာ၊ ဆီးချို ရောဂါ ရှိတာတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု တွေ့ရတယ် လို့ ဆိုပါတယ်။
ရောဂါကို ဘယ်လိုရှာဖွေနိုင်သလဲ
ရင်သားကင်ဆာကို မိမိတို့ နိုင်ငံမှာတော့ အရှက် အကြောက် ကြီးတဲ့ ယဉ်ကျေးမှု အရ၊ ကျန်းမာရေး အသိနည်ပါးမှု အရ အများအားဖြင့် ကာယကံရှင်က အလုံးအကျိတ်တွေ့မှ၊ နာကျင်လာမှ ဆေးခန်းပြရင်း တွေ့ရှိရပါတယ်။ ဒါတောင် အဲဒါမျိုး အတွက် အမြစ်ပြတ်ကုတဲ့ တိုင်းရင်းဆေးတို့၊ အလုံးအကျိတ်ပျောက် ပညာရှင်တို့ လက်စွမ်းပြလို့ ရင်သားမှာ အနာပေါက်ပြဲလာမှ သိရတာတွေလည်း အများသားပါပဲ။
အနောက် နိုင်ငံများမှာနဲ့ ကျန်းမာရေး အသိရှိပြီး ဖြစ်နိုင်ခြေနဲ့ နီးစပ်သူ အဖြစ် မိမိကိုယ်မိမိ သိရှိ သတိပြုမိ သူတွေကတော့ ရင်သားကို ပုံမှန်စမ်းသပ်တဲ့ အလေ့အထကို ပြုလုပ်ခြင်း အားဖြင့် တခုခု ထူးခြားနေပြီ ဆိုတာနဲ့ သတိပြုမိမှာပါ။ ပြောလို့သာ ပြောရတာပါ။ စမ်းသပ်ရာမှာ ရင်သား အတွင်းဘက်ကို စမ်းသပ်ရုံသာ မဟုတ်ဘဲ အပေါ်က အရေပြားမှာ အရောင်၊ ပုံသဏ္ဌာန် အပြောင်းအလဲ ကိုပါ သတိပြုနေရမှာပါ။
ဒီအလေ့အထကို အတော်လေး ပညာပေးမှ အဆင်ပြေမှာပါ။ အများအားဖြင့် မြန်မာလူမျိုး ကျေးလက်သဘာဝက ရေချိုးကြတာ ရေတွင်းတို့၊ ရေချိုးဆိပ်တို့လို နေရာမျိုးတွေဆိုတော့ ရေချိုးခါနီး ရင်သားစမ်းသပ်တဲ့ အလေ့ကို လုပ်ခိုင်းရင် အရိုက်ခံ သွားရနိုင်ပါတယ်။ အထက်မှာဆိုခဲ့တဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အမူအကျင့်တွေ ရှိပြီး မျိုးရိုးလည်း ရှိတဲ့သူ တွေအတွက် ရင်သားကို မိမိဘာသာ စမ်းသပ်တဲ့အလေ့ လုပ်သင့်တယ် ဆိုတာတော့ သိထားစေချင်တာပါ။
ဒါကလည်း မခက်လှပါဘူး။ ရင်သားကို လေးကွက်ပိုင်းချလိုက်ပြီး အပြင်ဘက် အပေါ်ပိုင်းကနေ တကွက်ချင်းရွှေ့ပြီး စမ်းသွားဖို့ပါ။ လက်ချောင်းလေးတွေရဲ့ လက်ဖဝါးဘက် မျက်နှာပြင်နဲ့ နည်းနည်း ဖိစမ်းရင် အလုံးအကျိတ် လေးတွေ ရှိနေရင် စမ်းမိတတ်ပါတယ်။
အချို့ကျတော့လည်း ရောဂါပျံ့နှံ့ပြီး တခြား အစိတ်အပိုင်းတွေကို  ကူးစက်ပျံ့နှံ့ခါမှ  ရောဂါလက္ခဏာတွေပြလို့ စမ်းသပ်ရှာဖွေမှုတွေ လုပ်ရင်း သိရတာပါ။ ဥပမာ ချိုင်းက အကျိတ်တွေ ကြီးလာမှ သိတာမျိုး၊ အဆုတ်၊ အသည်း တွေကို ပျံ့နှံ့ပြီးမှ သိရတာမျိုးပေါ့။
ရင်သား အလုံးအကျိတ် တွေ့ရှိရာကနေ အသားစ စမ်းသပ်တာမျိုး (Biopsy)၊ ရင်သား ဓာတ်မှန်နဲ့ တယ်လီဗေးရှင်း (Mammogram & Ultrasound) ရိုက်တာမျိုး ကနေလည်း သိရှိနိုင်ပါ။
ကုသလို့ ရနိုင် မရနိုင်
ရင်သား ကင်ဆာမှာလည်း အဆင့်တွေ အများကြီး ခွဲထားတာပါ။ စောစောသိရှိလေ ကုသပျောက်ကင်းပြီး သက်တမ်း ရှည်နေရဖို့ အခွင့်အလမ်း များလေပါပဲ။ ရင်သား ကင်ဆာကလည်း အခြားကင်ဆာတွေလိုပဲ တကိုယ်လုံးကို ပျံ့နှံ့ပြီး ဒုက္ခ ပေးတယ် ဆိုတာ သိထားရမှာပါ။
ခွဲစိတ်ကုသတာလည်း ကင်ဆာဖြစ်နေတဲ့ အဆင့်အပေါ် မူတည်ပြီး ဖြစ်နေတဲ့ အပိုင်းလေးကို ဖြတ်ထုတ်တာမျိုးကနေ ရင်သားတခုလုံးနဲ့ ပြန်ရည်ကျိတ်တွေ ကိုပါ ခွဲထုတ်တာမျိုး၊ ပျံ့နှံ့နိုင်တဲ့ ချိုင်းလိုနေရာက ပြန်ရည်ကျိတ်တွေ ခွဲထုတ်တာမျိုး စသဖြင့်ပေါ့။
ဒါတင်မက ဓာတ်ကင်တယ်လို့ လူသိများတဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသတာ၊ တချို့ ကင်ဆာ နှိမ်နင်းပေးတဲ့ ဆေးဝါးတွေနဲ့ ကုသတာ အဲဒီလို ကုထုံးတွေကို တမျိုးချင်း ဖြစ်စေ၊ ပေါင်းစပ်ပြီး ဖြစ်စေ ကုသကြရပါတယ်။ ကုသမှုရဲ့ အကျိုးဆက် ကလည်း ရောဂါ အနုအရင့်နဲ့ ပျံ့နှံ့မှုပေါ်သာ မူတည်နေတာပါ။
ကာကွယ်နိုင်မလား
ကင်ဆာ ဖြစ်နိုင်ခြေ ရှိတဲ့ အမူအကျင့်တွေကို သိရင် ရှောင်ရှားပြီး လျှော့ချနိုင်မှာပါ။ ကိုယ်အလေးချိန် ထိန်းတာ၊ အရက် အလွန်အကျွံ မသောက်တာ၊ လှုပ်ရှားတက်ကြွှ နေတတ်တာတွေနဲ့  သားသည်မိခင်တွေမှာ ကလေးနို့တိုက်တဲ့ အလေ့တွေက ကောင်းမွန်တဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။
ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်တွေ ရှိရုံနဲ့  ရင်သားကို လှီးဖြတ် ထုတ်မလား၊ ရင်သားလှပဖို့  ခွဲစိတ်ပြုပြင်တာတွေ ကရော ကင်ဆာရောဂါကို ဖြစ်ပွားနှုန်း ပိုနိုင်မလားဆိုတာ တွေကတော့  ကာယကံရှင်နဲ့ ကုသတဲ့ ဆရာဝန်တွေရဲ့ တသီးပုဂ္ဂလ ဆုံးဖြတ် ယူဆမှုတွေ အပေါ် မူတည်ပြန်ပါတယ်။
ဖြစ်နိုင်ခြေတွေနဲ့ နှီးနွှယ်နေသူတွေ အဖို့ မိမိကိုယ်မိမိ ရင်သားစမ်းသပ်မှု လုပ်တာ၊ အသက် ၄၀ ပြည့်ပြီးတာနဲ့ ၂ နှစ် တကြိမ်လောက် ရင်သား ဓာတ်မှန် ရိုက်တာတွေ ကလည်း ရောဂါကို စောစောသိပြီး ထိရောက်တဲ့ ကုသမှုတွေ ရရှိနိုင်တာ အသေအချာပါ။
ဘာပဲပြောပြော ကင်ဆာ ရောဂါ ဖြစ်နှုန်းမှာတော့ ကမ္ဘာကို ဦးဆောင်လာနေတဲ့ ရွှေပြည်ကြီးမှာ ရင်သားကင်ဆာ ကလည်း အတွေ့များ လာတာကို သတိချပ်စေချင်ပါတယ်။ ဘယ်လိုအမူအကျင့်တွေက ဖြစ်နိုင်ခြေနဲ့ ဆက်စပ်ပြီး ဘယ်လိုရှောင်ရှားနိုင်မယ် ဆိုတာလည်း အသိနဲ့သတိ ယှဉ်စေချင်ပါတယ်။ လွှဲရှောင်မရလို့  ဖြစ်လာသည့်တိုင်လည်း စောစောသိပြီး ကုသမှုထိရောက်ခဲ့ရင် သက်တမ်းရှည်ကြာနေနိုင်တဲ့ လူနာတွေလည်း အများကြီးရှိတာကို သိစေချင်ပါတယ်။
ဒါပေမယ့် သတိလွန်ပြီး အလကားနေရင်း ရင်သားကင်ဆာ ဖြစ်တော့မလားရယ်လို့ စိတ္တဇ ဖြစ်မနေဖို့လည်း လိုပါတယ်။ ရင်သားက အလုံးအကျိတ် တိုင်းကလည်း ကင်ဆာမဟုတ်တာကို စမ်းသပ်ခွဲခြားလို့ ရတယ်ဆိုတာ ပြောချင်ပါတယ်။ ကျန်းမာရေးအသိ ခေါင်းပါးပြီး ကြုံရာရမ်းကုတွေ၊ မွေးရာပါ သမားတော်ဘွဲ့ခံတွေ လက်ချက်နဲ့ အငိုလွယ် အရှိုက်ခက် မဖြစ်ရအောင် ကင်ဆာလို့ သံသယဖြစ်စရာ မိမိမှာကြုံလာရင် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ ထံမှာသာ အကြံဥာဏ် ရယူကြဖို့ နှိုးဆော်လိုက်ရပါတယ်။     ။
(လုံးဝ) မသောက်သင့်ဆုံးအချိန်
(လုံးဝ) မသောက်သင့်ဆုံးအချိန်
=================================================
ပေါက်ပေါက်
ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ် မနက်ဆိုတဲ့ ရှေးစကားရှိပါတယ်။
လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်လိုအပ်ပါသလဲ
(၁) ဦးနှောက်ရဲ့ ၇၅ရာခိုင်နှုန်းကို ရေဓာတ်နဲ့ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ (၂) ခန္ဓာကိုယ်တွင်းအပူချိန် ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃ရာခိုင်နှုန်းက အရည် ဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားပါတယ်။ (၅) အရိုးထဲမှာ ရေဓာတ် ၂၂ရာခိုင်နှုန်းပါရှိပါတယ်။ (၆) ခန္ဓာကိုယ်ထဲသို့ရောက်ရှိ လာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေး ပါတယ်။
(၇) ခန္ဓာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလားအပ်တဲ့အ ရည်တွေနဲ့အဆိပ်အတောက်တွေကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးပါတယ်။ (၈) ခန္ဓာကိုယ်အ တွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။ (၉) အ သက်ရှူခြင်းကို အထောက်အပံ့ဖြစ်စေပါတယ်။ (၁ဝ) အရိုး အဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေပါတယ်။ (၁၁) ခန္ဓာကိုယ်တွင်းဆဲလ်များကို အောက်ဆီဂျင်မပြတ် လပ်စေတော့ပါဘူး။ (၁၂) သက်လုံကောင်းစေပါတယ်။ (၁၃) ခေါင်းကိုက်သက်သာစေပါတယ်။ (၁၄) ပင်ပန်းနွမ်းနယ် မှုကိုပြေပျောက်စေကာ စိတ်ကြည်လင်လန်းဆန်းစေပါ တယ်။ (၁၅) ကင်ဆာဖြစ်နိုင်ခြေအလားအလာကို လျော့ပါး သွားစေပါတယ်။ (၁၆) အမောအပန်းခံနိုင်ပြီး လေ့ကျင့် ခန်းကြာကြာလုပ်နိုင်လာပါတယ်။ (၁၇) အသားအရေကောင်း ပြီး အရွယ်တင်နုပျိုစေပါတယ်။ (၁၈) ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါတို့ကို သက်သာစေပါတယ်။(၁၉) အမြင်အာရုံ တိုးတက်ကောင်းမွန်စေပါတယ်။
ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ
ရေခဲရေနဲ့ ရေနွေးတွေကိုမဆိုလိုပါ။ (ရိုးရိုးသောက် ရေသန့်ကိုသာ သောက်ပါ)
(၁) တစ်ညတာလုံးငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ြ<ွကလာအောင် လှုံ့ဆော် ပေးဖို့ နံနက်အိပ်ရာထတာနဲ့ သောက်ရေနှစ်ခွက်သောက် ပေးရပါမယ်။ (၂) အစာကြေညက်စေဖို့ ထမင်းမစားခင်
နာ ရီဝက်ကြိုတင်၍ ရေတစ်ခွက် သောက်ပေးရပါမယ်။ (၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေတစ် ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါ တွေမဖြစ်အောင် ညမ အိပ်ခင် ရေတစ်ခွက် သောက်ပေးရပါ မယ်။ (၅) အိပ်ပျော်နေ စဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တစ်ရေးနိုး တဲ့အခါ ရေထသောက် ပေးပါ။
ရေ(လုံးဝ)မသောက် သင့်ဆုံးအချိန်က ဘယ် အချိန် ဖြစ်ပါသလဲ
အမေရိကန်ကျန်းမာရေး သုတေသီတွေရဲ့စစ်တမ်းများအ ရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူ မျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ရိုးရိုးရေ အေးမသောက်ကြဘဲ ရေနွေးဖြူ(သို့မဟုတ်) လက်ဖက် ရည်ကြမ်းပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ။ အထူးသ ဖြင့် ထမင်းစားရင်း ရေခဲရေအေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက (ဥပမာပြရရင် ရေခဲရေနဲ့တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့အူ လမ်းကြောင်းမှာ ရွှံ့စေးအနည်အနှစ်များသဖွယ် ခဲပျစ် သွားတတ်ကြပြီး အစာကောင်းစွာမချက်ပြုတ်နိုင်တော့ ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့အပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့အခါများ မှာလည်း အပူအအေးတစ်ပြိုင်နက်တည်း တွေ့လိုက်တာ ကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ် စေပါတယ်။ အပူအအေးတန်ပြန်သက်ရောက် မှုက အစာအိမ်အက်စစ်ထွက်ရှိမှုကို ကမောက် ကမဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါ တော့တယ်။ ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ (သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ်မနင်အောင် မျှောချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန် ရှိ ကျန်းမာရေးသုတေသီများကDaily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။
သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကိုဖတ်ရှုပြီးနောက် မိမိကိုယ်ကိုယ်ဆင်ခြင်
ကြပြီး မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ များအားလုံးကိုလည်း ကျန်းမာရေးအသိပေးမျှဝေပေးခြင်း ဖြင့် လူ၁ဝယောက်မှာ အနည်းဆုံးတစ်ယောက်ကို အသက် ကင်တင်နိုင်မှာဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရ ပါတယ်။
Wednesday, February 11, 2015
အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ ....
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
----------
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
--------------------------------------
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
မျက်ကွင်းညိုခြင်း
-----------------
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဝလွန်ခြင်း
-------------
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း
---------------------------------------------
အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။
_______________________________
Credit To> Myawady news<Thanks
Monday, September 16, 2013
သွေးအားနည်းရောဂါ ကာကွယ်ပါ
မိန်းကလေးတွေမှာ အဖြစ်များတဲ့ သွေးအား နည်းရောဂါ ဆိုတာ တစ်သျှူးတွေ ဆီကို အောက်ဆီ ဂျင်အလုံ အလောက် သယ်ယူနိုင်တဲ့ ကျန်းမာတဲ့ သွေးနီဥတွေ မရှိတဲ့ အခြေအနေပါ။ ဒါကြောင့် သွေး အားနည်း ရောဂါဖြစ်ရင် မောပန်းနုံးချည့်နေတတ်ပါ တယ်။ သွေးထွက်များ ရင်လည်း သွေးအားနည်းတတ် ပါတယ်။
သွေးအားနည်းတဲ့ အခါ အဖြစ်များတဲ့ လက္ခ ဏာတွေ ကတော့ နုံးချည့်ညောင်းညာတာ၊ အသား အရောင်ဖျော့တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမဝ တာ၊ ရငတ်တာ အာခေါင်ခြောက်တာ၊ မူး ဝေတာ၊ လက် ဖျားခြေ ဖျား အေးစက်တာ၊ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါ တယ်။ မိန်းကလေးအများစုဟာ သွေးအားနည်းနေတဲ့ အခါ အစပိုင်းမှာ သတိမထား မိတတ်ကြပါဘူး။ အခြေအနေဆိုး လာမှသာ စစ်ဆေးရင်းသိရှိတာများ ပါတယ်။
သွေးအားနည်းရောဂါ မဖြစ်စေဖို့ အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစား အများစုက ကာကွယ်လို့ ရပါတယ်။ သံဓာတ်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါနဲ့ ဗီတာမင်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါတွေ အတွက် အောက်ပါ အစာ တွေ စားပေးပါ။
သံဓာတ် - သံဓာတ်များတဲ့ အမဲသားနဲ့ တခြား အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးခြောက် တွေကို စားပါ။ ဖော်လိတ် - ဖောလိတ် (ဖောလစ်အက်စစ်) ဓာတ် ကို ချဉ်တဲ့ သစ်သီးတွေနဲ့ သစ်သီးဖျော်ရည်တွေ၊ ငှက်ပျောသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ပဲသီး၊ ကွေကာနဲ့ ခေါက်ဆွဲတွေ စားပြီး ရယူနိုင်ပါ တယ်။
ဗီတာမင် B 12 - ဒီဗီတာမင် ရရှိစေဖို့ အသား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားပါ။ ကွေကာ တချို့နဲ့ ပဲနို့ လို ပဲပုပ်စေ့ထွက်ကုန် အစားအသောက်တွေ ထဲမှာ လည်း ဗီတာမင် B12 ပါဝင်ပါတယ်။
ဗီတာမင်စီ- ဗီတာမင်စီ ပါဝင်တဲ့ ချဉ်တဲ့ သစ်သီး တွေ၊ ဖရဲသီးနဲ့ ဘယ်ရီသီးတွေဟာ သံဓာတ်စုပ်ယူမှုကို အားကောင်း စေပါတယ်။(ကျန်မာရေးဆောင်းပါးမှပြန်လည်မျှဝေပါသည်)
Friday, August 30, 2013
အဆိပ် များ နှင့်ပတ်သက်၍"(လောကတွင်ရှိသေးသောအဆိပ်)
လူနှင့်  ပတ်ဝန်းကျင်တွင် လူတို့ အသက်ကို လက်တလော သေကြေ ပျက်စီးစေတတ်သော အဆိပ်များ၊
တစ်ဖြည်းဖြည်း  သေကြေ ပျက်စီး စေတတ်သော အဆိပ် များနှင့် မူရင်း     အားဖြင့်   အဆိပ်    မမည်ပေ။
သို့သော် အဆိပ်ကဲ့  သို့ပင် ထပ်တူ အန္တရာယ်ပေးတတ်သော အဆိပ်မမည်သော   အဆိပ်များ လွန်စွာ
ပေါများ လှပါသည်။  နေ့စဉ် မှီဝဲစားသောက်နေသော အစာအာဟာရမှလည်း    အဆိပ်        ဖြစ်နိုင်၏။
ဥပမာ။ ။ပလောပီနံနှင့် ဥဒေါင်းသား၊ခိုသားနှင့် မုန့်ညင်းဆီ၊ ပေအူနှင့်ဝက်သား၊ ခံသီးနှင့်ဘဲဥ၊ ဖရီးသီးနှင့်
ဘဲဥ၊ စိန်နှင့် သံပုရာ စသည်အားဖြင့် ဆန့်ကျင်ဘက် အာာဟာရတို့ပင် ဖြစ်ပါသည်။
လက်တလော သေကြေပျက်စီးစေတတ်သော လူလုပ် အဆိပ်များလည်း ရှိသေး၏။ ဥပမာ။ ။ ဇီဝလက်နတ်များ၊
ဓါတုလက်နတ်များ၊ အဏုမြူလက်နတ်များ၊ နျူကလီးယား လက်နတ်များပင် ဖြစ်ပါသည်။ ထို့ပြင် ပတ်ဝန်းကျင်
သဘာဝမှဖြစ်သော အဆိပ်များလည်း ရှိသေး၏။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကြောင့်အဆိပ်သင့်မှုများ၊ အိုဇုန်းလွှာ  ပေါက်ကွဲမှုကြောင့်  ဖြစ်ပေါ်လာသော ခရမ်းလွန်ရောင်ခြည်   အဆိပ်သင့်မှုများ၊   အဏုမြူ ဓါတ်ပေါင်းဖိုမှ
စိမ်းယိုသော အဆိပ်များ၊ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီး ဟင်းရွက်များကိုစားသောက်မိ၍   တစ်ဖြည်းဖြည်းခြင်း
အဆိပ်သင့်မှုများ စသည်ဖြင့် ပတ်ဝန်းကျင်မှ မမျှော်လင့်ဘဲပေါ်ပေါက်လာသောတတ်သော အဆိပ်များပင် ဖြစ်ပါသည်။
အဆိပ်သည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေတတ်ကြ၏။ ပါးစပ်မှ တစ်ဆင့် လည်ချောင်း၊ အစာအိမ်သို့ ရောက်မှ အန္တရာယ်
ရှိသည်ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာမူ ပတ်ဝန်းကျင်အာရုံကို ခံစားနိုင်သော မျက်စိ၊နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ
စသော ပသာဒရုပ်(၅)ပါးမှာပင် အဆိပ်သည် အလိုအလျှောက် ၀င်ရောက်နိုင်သည်။ဤသည်တို့မှာ ထင်ရှားသည့် အဆိပ်များပင် ဖြစ်ပါသည်။
အဆိပ်မမည်သော အဆိပ်များ။ ။
ဘုရားဟောဒေသနာ ပိဋကတ်   စာပေတို့တွင် လာရှိသည့် အဆိပ်   မမည်သော်လည်း အဆိပ်ကဲ့သို့ အန္တရာယ်ပေးနိုင်သော
အဆိပ်များလည်း ရှိပါသည်။ လည်ချောင်းမှ တစ်ဆင့် အစာအိမ်ရောက်မှ အန္တရာယ်ဖြစ်နိုင်သော အဆိပ်များမဟုတ်ကြပေ။
မြင်ရာ၊ ကြားရာ၊ နံရာ၊ ရှူရာ၊ ထိတွေ့ရာ အာရုံ(၅)ပါးတို့မှဖြစ်လာနိုင်သော အဆိပ်များပင် ဖြစ်ပါသည်။
သီဟိုဠ်ခေတ်ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော မဓုရရသ၀ါဟိနီကျမ်း၌ “မြွေ၏ အဆိပ်ကိုသာ အဆိပ်ဟု
မဆိုအပ်။ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု ဆိုအပ်၏။ မြွေဆိပ်ကား အဆိပ် သင့်သူ တစ်ယောက်တည်း  ကိုသာ
သတ်တတ်၏။ မင်းဘဏ္ဍာကား အလုံးစုံသော အမျိုး   စဉ်ဆက် ကိုသတ်တတ်၏။”  ဟုပြဆို၏။      ထို့ကြောင့်
ဤကျမ်းအဆိုအရ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု မှတ်ယူရပေမည်။
(ဥတ္တရောရိယ၀တ္ထု၊ မဓုရရသ၀ါဟိနီကျမ်း။)
သေရည် အဆိပ်။ ။
စူဠနာရဒ  ဇာတ်၌ ဖခင်ရသေ့သည် သားငယ် ရသေ့အား “အဆိပ်ကို မမှီဝဲနှင့်။”     ဟုဆုံးမ    သားငယ်က
“အဘယ်အရာဟာ   အဆိပ်ပါလဲ” ဟုမေးရာ “ချစ်သား၊  လောက၌ အရက်ကို သုရာ ဟုဆိုအပ်၏။  စိတ်ကို
နှစ်သက်စေတတ်၏။ ကောင်းသော အနံ့လည်း ရှိ၏။ ရဲရင့်သော အဖြစ်သို့လည်းရောက်စေတတ်၏။    သဘောကျ
နှစ်သက်စေတတ်သော ယင်ပျားအရသာနှင့်တူ၏။ ထိုအရက်ကို မြတ်သောအကျင့်ကိုကျင့်သူတို့အတွက် အဆိပ်ဟု
မှတ်အပ်၏။” ဟုပြောဆို ဆုံးမခဲ့ပါသည်။ (ဇာတက၊ ၁၊ ၂၆၁၊ စူဠနာရဒဇာတ်။)
ဤဇာတ်တော်အလိုအရ အရက်ကို အဆိပ်ဟု ဆိုလိုပါသည်။
ကာမဂုဏ် အဆိပ်။ ။
ဘုရားရှင်ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးတော်မူစဉ် သာသနာတော်ကို ငြီးငွေ့နေသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသော ဂု မ္ဘီယဇာတ်၌ “လူတို့တွင် ကာမဂုဏ် (၅)ပါးအပေါင်းသည်     အဆိပ်မည်၏။
ထိုကာမဂုဏ် (၅)ပါးအပေါင်းဟူသော အဆိပ်သည်အာမိသလည်း မည်၏။ အနှောင်အဖွဲ့လည်း မည်၏။ ခန္ဓာကိုယ်
တည်းဟူသော လှိုဏ်၌ ကိန်းအောင်းတည်နေတတ်သောသေမင်းနှင့် တူ၏။” ဟု ဟောတော်မူခဲ့ပါသည်။
(ဇာတက၊ ၁၊ ၁၃၀၊ ဂု မ္ဘီယဇာတ်။)
ဤဇာတ်တော်အလို ကာမဂုဏ် (၅)ပါးကို အဆိပ်ဟု ဆိုလိုပါသည်။
နီတိကျမ်းလာ အဆိပ်များ။ ။
စာဏကျဆရာကြီး ရေးသားသော သက္ကတနီတိကျမ်း၌ ပြဆိုသော အဆိပ်များမှာ……
၁။ ညဥ့်အခါ၌ လှည့်လည်သွားလာခြင်း။
၂။ ပြည့်ရှင်မင်းနှင့် ပေါင်းခြင်း။
၃။ သူတစ်ပါး သားမယားအပေါ် တပ်မက်သောသူ။
၎။ မကုစားဘဲထားသော အနာ။
(တနည်း)
၁။ အပြီးတိုင် မသင်အပ်သော ပညာ။
၂။ မကြေညက်သော အစာ။
၃။ ဆင်းရဲသောသူတို့အတွက် ပွဲလမ်းသဘင်။
၎။ အသက်အရွယ်ကြီးသူတို့အတွက် ငယ်ရွယ်သော မိန်းမ။
တို့သည် အဆိပ်မည်၏ ဟုဆို၏။
ဤနီတိကျမ်းအဆိုအရ အဆိပ်(ဂ)မျိုးဟု မှတ်ယူရပါမည်။
ရတနာ(၃)ပါး အဆိပ်။ ။
“ထက်မြတ်ဝှန်ဆူ၊  အဆိပ်ဟူသည် ၊ သင့်သူသာမျှ၊ သေတတ်စွရှင့်။  သမဏ ဗြဟ္မဏာ၊  အရိယာဟု၊ သံဃာ
ရဟန်း၊ ကျင့်ခန်းမြတ်သူ၊ အဆိပ်မူကား၊ ရှင်လူနီးရင်း၊ ဆွေသင်းပင်းနှင့်၊ မကြွင်းပျက်စီး၊ လောင်သည့်မီးသို့၊
သေပြီးဆက်ဆက်၊ငရဲဆက်၏။” (မဃဒေ၀၊၄၇၃။)
ရတနာ(၃)ပါးနှင့် ရတနာ(၃)ပါးတို့၏  ပစ္စည်းတို့သည်  အဆိပ်  မဟုတ်သော   အဆိပ်စာရင်းတွင်   တင်သင့်၏။
အဘယ့်ကြောင့်ဆိုသော် ရတနာ(၃)ပါးတို့မှ သင့်ရောက်သော အဆိပ်သည် ပစ္စုပ္ပန်တွင် လက်တလော သေစေ
တတ်သည်သာ မဟုတ်သေး။တစ်သံသရာလုံးပင် ဒုက္ခရောက်စေနိုင်။ဆိုးကြိုး ဖြစ်စေနိုင်သောကြောင်ပင် ဖြစ်ပါသည်။
သက်သေပြစရာ သာဓကပေါင်းများစွာပင် ရှိပါသည်။  ဘုရားရှင်ကို   စွပ်စွဲသော စိဉ္စမာန၊  ဘုရားရှင်ကို  ပြစ်မှားသော
သုပ္ပဗုဒ္ဓ၊ သံဃာသင်းခွဲသော ဒေ၀ဒတ် တို့သည် ထိုအပြစ်ကြောင့် အရှင်လတ်လတ် မြေမြိုခြင်း ခံကြရ၏။ရှင်မဟာ
ကစ္စည်းကိုစိတ်အကြံမျှဖြင့်ပြစ်မှားမိ၍မိန်းမဖြစ်ခဲ့ရသော သောရေယျသူဋ္ဌေးသား၊သီလရှိသောခန္တီဝါဒီရသေ့အား
ပြစ်မှားသောကလာဗုမင်း၊ ကိသ၀စ္ဆရသေ့အား ပြစ်မှားသော ဒဏ္ဍကီမင်း စသည်တို့ ဖြစ်ပါသည်။ကလာဗုမင်းနှင့်
ဒဏ္ဍကီမင်းတို့သည် မိမိတို့ တစ်ဦးတည်းသာ ပျက်စီးခဲ့ကြသည် မဟုတ်။ ပြည်သူ ပြည်သားအားလုံးနှင့်တိုင်းပြည်ပါ ပျက်စီးဆုံးရှုံးခဲ့ကြခြင်း ဖြစ်ပါ၏။
အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့ ဂိဇ္ဈဂုတ်တောင်မှ ဆင်းသက်လာကြစဉ် တွေ့မြင်ရသော ပြိတ္တာများဝတ္ထုတွင် မစင်စားနေရသော ပြတ္တာ၊ ကျီးကန်းပြိတ္တာ တို့သည် သံဃာတော်များအား ပြစ်မှားခဲ့သောကြောင့် သင့်ရောက်သောအပြစ်၊ အဆိပ်များပင် ဖြစ်လေသည်။  (စတုတ္ထပါရာဇိက၊ ၀ိနီတ၀တ္ထု၊ ၀ိ၊ ၁၊ ပါ၊ ၅၈။)
မည်သည့်အဆိပ်ပင်ဖြစ်စေ သင့်ရောက်လျှင် အန္တရာယ်ရှိသည်ချည်းပင် ဖြစ်သည်။  အဆိပ်စစ်ထက်  အဆိပ်မဟုတ်သော
အဆိပ်တို့က ပိုမို၍   အန္တရာယ်ပေးနိုင်လေသည်။ အဆိပ်စစ်က အဆိပ်မှန်းသိ၍  အလွယ်တကူ  ရှောင်နိုင်ကြ၏။    အဆိပ်
မဟုတ်သော အဆိပ်ကအဆိပ်မှန်းမသိ၍ ပြုမိ၊ပြောမိ၊လုပ်မိတတ်ကြ၏။ ထို့ကြောင့်ပိုမို၍အန္တရာယ်ကြီးခြင်း ဖြစ်လေသည်။
သို့ဖြစ်၍ကျန်းမာလိုသူ၊ အသက်ရှည်လိုသူ၊ ဘေးအန္တရာယ်ကင်းလို သူတိုင်းသည် လူကို အန္တရယ်ပေးတတ်သည့်
အဆိပ်နှင့် အဆိပ်မဟုတ်သော အဆိပ်တို့မှ ကင်းဝေးအောင် ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။
မှီခိုကျမ်းကိုး-
- တက္ကသိုလ် မောင်ကိုရင်၊၏"အဆိပ်မမည်သော အဆိပ်များ"ဓမ္မဆောင်းပါး ။
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။
မေတ္တာဖြင့်
နွေည
သွေးတိုးရှိနေပြီလား ... ???
သွေးတိုးရှိနေပြီလား ... ???  " သွေးတိုးအကြောင်းသိကောင်းစရာ "   သွေးပေါင်ချိန်ပမာဏ မြင့်တက်ခြင်းကို သွေးတိုးသည်ဟု ပြောဆိုကြပါသည်။ သွေးပေါင်ချိန်ပမာဏ ဆိုသည်မှာ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးများမှ သွေးလွှတ်ကြောနံရံပေါ်သို့ သက်ရောက်သော ဖိအားကို ဆိုလိုပါသည်။   သွေးပေါင်ချိန်ပမာဏကို မီလီမီတာမာကျူရီ (mmHg) ဟူသော ယူနစ်ဖြင့် ဖော်ပြပါသည်။  အပေါ်သွေးပေါင်ချိန်ပမာဏနှင့် အောက်သွေးပေါင်ချိန်ပမာဏဟူ၍ နှစ်မျိုးရှိပါသည်။ သွေးပေါင်ချိန်ကို ဖော်ပြရာတွင် ဥပမာအားဖြင့် ၁၂၀/၈၀ ဟူသော ဂဏန်းနှစ်မျိုးဖြင့် ဖော်ပြပါသည်။ သွေးတိုးသောအခါ ၄င်းပမာဏနှစ်ခုအနက်မှ အပေါ်သွေးတစ်မျိုးတည်းဖြစ်စေ၊ အောက်သွေးတစ်မျိုးတည်းဖြစ်စေ၊ အပေါ်သွေးအောက်သွေးနှစ်မျိုးစလုံးဖြစ်စေ မြင့်တက်နိုင်ပါသည်။   အပေါ်သွေးပေါင်ချိန်ဆိုသည်မှာ နှလုံးမှ သွေးများကို ညှစ်ထုတ်လိုက်စဉ်တွင် သွေးလွှတ်ကြောနံရံများ ပေါ်သို့ သက်ရောက်သောဖိအား (Systolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၄၀)ထက် မြင့်တက်နေပါက အပေါ်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၁၂၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။  အောက်သွေးပေါင်ချိန်ပမာဏဆိုသည်မှာ နှလုံးမှသွေးများကို ညှစ်ထုတ်ပြီးနောက် ပြန်လည်အနားယူချိန်တွင် သွေးလွှတ်ကြော နံရံများပေါ်သို့ သက်ရောက်နေသောဖိအား (Diastolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အောက်သွေးပေါင်ချိန်ပမာဏသည် (၉၀) ထက်မြင့်တက်နေပါက အောက်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၈၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။   	သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၂၀)နှင့် (၁၃၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း၊ အောက်သွေးပေါင်ချိန် ပမာဏသည် (၈၀) နှင့် (၈၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း ၄င်းကို အကြိုသွေးတိုး (Pre- hypertension) ဟုခေါ်ပါသည်။အကြိုသွေးတိုး ရှိနေပြီဆိုပါက မကြာမီ သွေးတိုးရောဂါ ဖြစ်နိုင်ပါသည်။  သွေးပေါင်တက်ခြင်း၊ ကျခြင်းအပေါ် သက်ရောက်မှုရှိသည့် အချက်များစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ-  	(၁) ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်ပမာဏ  	(၂) သွေးကြောများ၏ အခြေအနေ၊ အာရုံကြောအဖွဲ့အစည်း၏ အခြေအနေ၊ ကျောက်ကပ်များ၏ 		လုပ်ဆောင်မှု အခြေအနေ  	(၃) ဟော်မုန်းဓာတ် ပမာဏ 	စသည်တို့ ဖြစ်ကြပါသည်။  	အသက်အရွယ်ကြီးရင့်လာသောအခါ အများအားဖြင့် သွေးပေါင်ချိန်တိုးလာတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ကြီးလာသောအခါ သွေးကြောနံရံများ ထူ၍မာလာသောကြောင့် ဖြစ်ပါသည်။ သွေးတိုးရောဂါရှိခြင်းကြောင့် လေဖြတ်ခြင်း၊ ရုတ်တစ်ရက် နှလုံးရပ်ခြင်း (heart attack)၊ နှလုံးပျက်စီးခြင်း (heart failure) နှင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်နိုင်ပါသည်။	  	အောက်ဖော်ပြပါ အခြေအနေများကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမိုများပြား နိုင်ပါသည်။  	(၁) အ၀လွန်ခြင်း  	(၂) စိတ်ဖိစီးမှုများခြင်း၊ ထိတ်လန့်ကြောက်ရွံ့မှုများခြင်း  	(၃) နေ့စဉ် စားသောက်မှုတွင် ဆားဓာတ်ပမာဏများခြင်း  	(၄) မိဘမျိုးရိုးအတွင်း သွေးတိုးရောဂါရှိခြင်း  	(၅) ဆီးချိုရောဂါရှိခြင်း  	(၆) ဆေးလိပ်သောက်ခြင်း  	တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့် သွေးတိုးရသည်ကို တိတိကျကျ ကောက်ချက် မချနိုင်တတ်ပါ။ ထိုကဲ့သို့သော သွေးတိုးခြင်းမျိုးကို ဖြစ်စဉ်မသိသွေးတိုးခြင်း (essential hypertension) ဟုခေါ်ပါသည်။  	အခြားသောရောဂါတစ်ခုခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုအတွက် သုံးစွဲနေရသော ဆေးဝါးများ ကြောင့် သွေးတိုးခြင်းကို အခြားအကြောင်း ကြောင့် သွေးတိုးခြင်း (secondary hypertension) ဟုခေါ်ပါသည်။  	အခြားအကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဖြစ်စေနိုင်သော အချက်များမှာ  	(၁) အရက် အလွန်အကျွံသောက်သုံးခြင်း  	(၂) သွေးကြောနံရံများ ထူလာခြင်း  	(၃) နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း  	(၄) ဆီးချိုရောဂါရှိခြင်း(ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း)  	(၅) အင်ဒိုခရိုင်းပုံမမှန်ခြင်း 	   ဥပမာ-သိုင်းရွိုက်ပုံမမှန်ခြင်း(thyroid disorders) 	         ကူးရှင်းရောဂါ(Cushing syndrome)   	(၆) ကျောက်ကပ်သွေးကြောကျဉ်းခြင်း(renal artery stenosis) 	စသည်တို့ဖြစ်ကြပါသည်။  	အချို့သောဆေးဝါးများကြောင့်လည်း Secondary hypertension ဖြစ်နိုင်ပါသည်။  	ဥပမာ- 	(၁) အစာစားချင်စိတ်လျှော့ချသော ဆေးဝါးများ(appetite suppressants) 	(၂) သန္ဓေတားဆေးများ(birth control pills) 	(၃) တစ်ချို့သော အဖျားကျဆေးများ 	(၄) စတီးရွိုက်ဆေးများ 	(၅) ခေါင်းကိုက်ပျောက်ဆေးများ(migrane medications) 	   စသည်တို့ဖြစ်ကြပါသည်။  	သွေးတိုးသောအခါ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။   ရောဂါလက္ခဏာပြသောအခါ  	(၁) စိတ်ရှုပ်ထွေးခြင်း  	(၂) နားအူခြင်း  	(၃) နုန်းခွေခြင်း  	(၄) ခေါင်းကိုက်ခြင်း  	(၅) နှလုံးတုန်ခြင်း  	(၆) နှာခေါင်းသွေးလျှံခြင်း  	(၇) အမြင်ေ၀၀ါးခြင်း တို့ကို ခံစားရနိုင်ပါသည်။  	အထက်ပါရောဂါလက္ခဏာများထဲမှ တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားရပါက သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်ဖြစ်နိုင်သကဲ့သို့ အသက်အန္တရာယ်ရှိသော သွေးတိုးခြင်း (malignant hypertension) ကြောင့်လည်း ဖြစ်နိုင်ပါသည်။  	ဆရာဝန်မှ သွေးပေါင်ချိန်ကြည့်ပြီး သွေးပေါင်တက်နေပါက ဆေးသောက်ရန်လိုမလို၊ သောက်ရန်လိုအပ်ပါကလည်း မည်သည့်ဆေး သောက်ရမည်တို့ကို ညွှန်ကြားပါလိမ့်မည်။ ခဏတာ သွေးပေါင်အနည်းငယ် တိုးရုံမျှဖြင့် သွေးပေါင်ကျဆေးသောက်ရန် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ ဆရာဝန်မှ ဆေးသောက်ရန်မလိုအပ်ဟု ဆုံးဖြတ်ပါက စိတ်ရောကိုယ်ပါ အနားယူခိုင်းခြင်း၊ ခေါင်းကြည်စေရန် သံပုရာရည်သောက်ခိုင်းခြင်း၊ အဆီ၊ အငန် ကဲ့သို့ သွေးတိုးစေသော အစားအသောက်များအား ရှောင်ကျဉ်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချစေခြင်း စသည့်နည်းလမ်းများကို ညွှန်ကြားမည် ဖြစ်ပါသည်။ ထို့ပြင် သွေးပေါင်ချိန်ကို မကြာခဏ ချိန်ကြည့်ခြင်းဖြင့် ယာယီသွေးတိုးခြင်း သို့မဟုတ် သွေးတိုးရောဂါရှိခြင်းကို ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။  	အကယ်၍ သွေးပေါင်ချိန်တိုင်းတာခြင်းကို ဒစ်ဂျစ်တယ် (digital) သွေးပေါင်ချိန်တိုင်းစက်ဖြင့် ဖြစ်စေ၊ ပြဒါးတိုင်သွေးပေါင်ချိန်စက်ဖြင့် ဖြစ်စေ မိမိအိမ်တွင် သွေးပေါင်ချိန်မည်ဆိုပါက နောက်ဆုံးတိုင်းတာထားသော သွေးပေါင်ချိန် အမှတ်၊ ပျမ်းမျှအပေါ်သွေးပေါင်ချိန်အမှတ်နှင့် အောက်သွေးပေါင်ချိန်အမှတ် စသည်တို့ကို သိရှိထားရန်လိုအပ်ပါသည်။  	အိမ်တွင်သွေးပေါင်ချိန်ပြီးနောက် သွေးတိုးသည်ဖြစ်စေ၊ သွေးပေါင် ကျသည်ဖြစ်စေ မိမိသဘောဖြင့် သွေးပေါင်ကျဆေးကို တိုးသောက်ခြင်း၊ လျော့သောက်ခြင်းတို့ကို မပြုလုပ်သင့်ပါ။ ဆရာဝန်အား အကြောင်းကြား တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသင့်ပါသည်။   	သွေးပေါင်ချိန်တက်လျှင် သွေးတိုးသည့် ပမာဏပေါ် မူတည်၍ နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနှင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် ထိခိုက်မှု ရှိမရှိကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးရာတွင် -  	(၁) သွေးစစ်ဆေးခြင်း  	(၂) အက်ဟိုး (Echocardiogram) ရိုက်ခြင်း  	(၃) အီးစီဂျီ (ECG) ဆွဲခြင်း  	(၄) ဆီးစစ်ခြင်း  	(၅) တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound) ရိုက်ခြင်း  	စသည်တို့ ပါဝင်နိုင်ပါသည်။  	သွေးပေါင်ချိန်ကျစေရန်အတွက် ကုသရာတွင် သွေးပေါင်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန်အတွက် သင့်တော်သော သွေးပေါင်ချိန်ပမာဏ အတွင်းသို့ ရောက်ရှိနေစေရန် ရည်ရွယ် ကုသပါသည်။ ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀၊၈၀ ဟု သတ်မှတ်ထားသော်လည်း သွေးတိုးရောဂါရှင်အများစုတွင် ၄င်းသွေးပေါင်ချိန် အမှတ်သို့ ချက်ချင်းရောက်ရှိရန် ပြုလုပ်၍မရပါ။ အချိန် ကြာမြင့်စွာ သွေးတိုးနေသူအဖို့ သွေးပေါင်ချိန် ရုတ်တစ်ရက်ကျအောင် ဆေးဝါးများ အလွန်အကျွံ သုံးစွဲပါက အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောသူများတွင် သွေးတိုး၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေနိုင်သော သင့်တော်သည့် သွေးပေါင်ချိန်အတွင်းရှိနေစေရန် ရည်ရွယ် ကုသရပါသည်။ သင့်တော်သည့် သွေးပေါင်ချိန်ပမာဏသည် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိနိုင်ပါ။ တတ်ကျွမ်းနားလည်သော သမားတော်ကြီးများမှ သေသေချာချာ စစ်ဆေးပြီး သတ်မှတ်ပေးမည်ဖြစ်ပါသည်။   	သွေးတိုးရောဂါအမျိုးအစားပေါ် မူတည်၍ အသုံးပြုသော သွေးပေါင်ကျဆေး အမျိုးအစားများစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ   	(၁) Alpha blockers 	(၂) ACEI 	(၃) ARB 	(၄) Beta blockers 	(၅) Calcium channel blockers 	(၆) Central alpha agonists 	(၇) Diuretics 	(၈) Vasodilators  	စသည်တို့ဖြစ်ကြပါသည်။  	ဆရာဝန်ညွှန်ကြားချက်အရ သွေးပေါင်ကျဆေးကို စနစ်တကျ သောက်ရမည့်အပြင်   	(၁) သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း  	(၂) ကိုယ်အလေးချိန်လျှော့ချခြင်း  	(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ပြောင်းလဲစားသောက်ခြင်း  	စသည်တို့ကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ရပါမည်။ အကယ်၍ သင်သည် အကြိုသွေးတိုး(Pre-hypertension) ရှိနေပြီဆိုပါက အထက်ပါအချက် သုံးချက်ကို အမြန်ဆုံး ဆောင်ရွက်သင့်ပါသည်။  " Yangon Health Guide ပရိသတ်များ ကိုယ်ရော၊ စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။ "
သွေးတိုးရှိနေပြီလား ... ???
" သွေးတိုးအကြောင်းသိကောင်းစရာ "
သွေးပေါင်ချိန်ပမာဏ မြင့်တက်ခြင်းကို သွေးတိုးသည်ဟု ပြောဆိုကြပါသည်။ သွေးပေါင်ချိန်ပမာဏ ဆိုသည်မှာ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးများမှ သွေးလွှတ်ကြောနံရံပေါ်သို့ သက်ရောက်သော ဖိအားကို ဆိုလိုပါသည်။
သွေးပေါင်ချိန်ပမာဏကို မီလီမီတာမာကျူရီ (mmHg) ဟူသော ယူနစ်ဖြင့် ဖော်ပြပါသည်။
အပေါ်သွေးပေါင်ချိန်ပမာဏနှင့် အောက်သွေးပေါင်ချိန်ပမာဏဟူ၍ နှစ်မျိုးရှိပါသည်။ သွေးပေါင်ချိန်ကို ဖော်ပြရာတွင် ဥပမာအားဖြင့် ၁၂၀/၈၀ ဟူသော ဂဏန်းနှစ်မျိုးဖြင့် ဖော်ပြပါသည်။ သွေးတိုးသောအခါ ၄င်းပမာဏနှစ်ခုအနက်မှ အပေါ်သွေးတစ်မျိုးတည်းဖြစ်စေ၊ အောက်သွေးတစ်မျိုးတည်းဖြစ်စေ၊ အပေါ်သွေးအောက်သွေးနှစ်မျိုးစလုံးဖြစ်စေ မြင့်တက်နိုင်ပါသည်။
အပေါ်သွေးပေါင်ချိန်ဆိုသည်မှာ နှလုံးမှ သွေးများကို ညှစ်ထုတ်လိုက်စဉ်တွင် သွေးလွှတ်ကြောနံရံများ ပေါ်သို့ သက်ရောက်သောဖိအား (Systolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၄၀)ထက် မြင့်တက်နေပါက အပေါ်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၁၂၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
အောက်သွေးပေါင်ချိန်ပမာဏဆိုသည်မှာ နှလုံးမှသွေးများကို ညှစ်ထုတ်ပြီးနောက် ပြန်လည်အနားယူချိန်တွင် သွေးလွှတ်ကြော နံရံများပေါ်သို့ သက်ရောက်နေသောဖိအား (Diastolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အောက်သွေးပေါင်ချိန်ပမာဏသည် (၉၀) ထက်မြင့်တက်နေပါက အောက်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၈၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၂၀)နှင့် (၁၃၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း၊ အောက်သွေးပေါင်ချိန် ပမာဏသည် (၈၀) နှင့် (၈၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း ၄င်းကို အကြိုသွေးတိုး (Pre- hypertension) ဟုခေါ်ပါသည်။အကြိုသွေးတိုး ရှိနေပြီဆိုပါက မကြာမီ သွေးတိုးရောဂါ ဖြစ်နိုင်ပါသည်။
သွေးပေါင်တက်ခြင်း၊ ကျခြင်းအပေါ် သက်ရောက်မှုရှိသည့် အချက်များစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ-
(၁) ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်ပမာဏ
(၂) သွေးကြောများ၏ အခြေအနေ၊ အာရုံကြောအဖွဲ့အစည်း၏ အခြေအနေ၊ ကျောက်ကပ်များ၏ လုပ်ဆောင်မှု အခြေအနေ
(၃) ဟော်မုန်းဓာတ် ပမာဏ
စသည်တို့ ဖြစ်ကြပါသည်။
အသက်အရွယ်ကြီးရင့်လာသောအခါ အများအားဖြင့် သွေးပေါင်ချိန်တိုးလာတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ကြီးလာသောအခါ သွေးကြောနံရံများ ထူ၍မာလာသောကြောင့် ဖြစ်ပါသည်။ သွေးတိုးရောဂါရှိခြင်းကြောင့် လေဖြတ်ခြင်း၊ ရုတ်တစ်ရက် နှလုံးရပ်ခြင်း (heart attack)၊ နှလုံးပျက်စီးခြင်း (heart failure) နှင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်နိုင်ပါသည်။
အောက်ဖော်ပြပါ အခြေအနေများကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမိုများပြား နိုင်ပါသည်။
(၁) အ၀လွန်ခြင်း
(၂) စိတ်ဖိစီးမှုများခြင်း၊ ထိတ်လန့်ကြောက်ရွံ့မှုများခြင်း
(၃) နေ့စဉ် စားသောက်မှုတွင် ဆားဓာတ်ပမာဏများခြင်း
(၄) မိဘမျိုးရိုးအတွင်း သွေးတိုးရောဂါရှိခြင်း
(၅) ဆီးချိုရောဂါရှိခြင်း
(၆) ဆေးလိပ်သောက်ခြင်း
တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့် သွေးတိုးရသည်ကို တိတိကျကျ ကောက်ချက် မချနိုင်တတ်ပါ။ ထိုကဲ့သို့သော သွေးတိုးခြင်းမျိုးကို ဖြစ်စဉ်မသိသွေးတိုးခြင်း (essential hypertension) ဟုခေါ်ပါသည်။
အခြားသောရောဂါတစ်ခုခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုအတွက် သုံးစွဲနေရသော ဆေးဝါးများ ကြောင့် သွေးတိုးခြင်းကို အခြားအကြောင်း ကြောင့် သွေးတိုးခြင်း (secondary hypertension) ဟုခေါ်ပါသည်။
အခြားအကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဖြစ်စေနိုင်သော အချက်များမှာ
(၁) အရက် အလွန်အကျွံသောက်သုံးခြင်း
(၂) သွေးကြောနံရံများ ထူလာခြင်း
(၃) နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း
(၄) ဆီးချိုရောဂါရှိခြင်း(ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း)
(၅) အင်ဒိုခရိုင်းပုံမမှန်ခြင်း
ဥပမာ-သိုင်းရွိုက်ပုံမမှန်ခြင်း(thyroid disorders)
ကူးရှင်းရောဂါ(Cushing syndrome)
(၆) ကျောက်ကပ်သွေးကြောကျဉ်းခြင်း(renal artery stenosis)
စသည်တို့ဖြစ်ကြပါသည်။
အချို့သောဆေးဝါးများကြောင့်လည်း Secondary hypertension ဖြစ်နိုင်ပါသည်။
ဥပမာ-
(၁) အစာစားချင်စိတ်လျှော့ချသော ဆေးဝါးများ(appetite suppressants)
(၂) သန္ဓေတားဆေးများ(birth control pills)
(၃) တစ်ချို့သော အဖျားကျဆေးများ
(၄) စတီးရွိုက်ဆေးများ
(၅) ခေါင်းကိုက်ပျောက်ဆေးများ(migrane medications)
စသည်တို့ဖြစ်ကြပါသည်။
သွေးတိုးသောအခါ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။
ရောဂါလက္ခဏာပြသောအခါ
(၁) စိတ်ရှုပ်ထွေးခြင်း
(၂) နားအူခြင်း
(၃) နုန်းခွေခြင်း
(၄) ခေါင်းကိုက်ခြင်း
(၅) နှလုံးတုန်ခြင်း
(၆) နှာခေါင်းသွေးလျှံခြင်း
(၇) အမြင်ေ၀၀ါးခြင်း တို့ကို ခံစားရနိုင်ပါသည်။
အထက်ပါရောဂါလက္ခဏာများထဲမှ တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားရပါက သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်ဖြစ်နိုင်သကဲ့သို့ အသက်အန္တရာယ်ရှိသော သွေးတိုးခြင်း (malignant hypertension) ကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဆရာဝန်မှ သွေးပေါင်ချိန်ကြည့်ပြီး သွေးပေါင်တက်နေပါက ဆေးသောက်ရန်လိုမလို၊ သောက်ရန်လိုအပ်ပါကလည်း မည်သည့်ဆေး သောက်ရမည်တို့ကို ညွှန်ကြားပါလိမ့်မည်။ ခဏတာ သွေးပေါင်အနည်းငယ် တိုးရုံမျှဖြင့် သွေးပေါင်ကျဆေးသောက်ရန် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ ဆရာဝန်မှ ဆေးသောက်ရန်မလိုအပ်ဟု ဆုံးဖြတ်ပါက စိတ်ရောကိုယ်ပါ အနားယူခိုင်းခြင်း၊ ခေါင်းကြည်စေရန် သံပုရာရည်သောက်ခိုင်းခြင်း၊ အဆီ၊ အငန် ကဲ့သို့ သွေးတိုးစေသော အစားအသောက်များအား ရှောင်ကျဉ်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချစေခြင်း စသည့်နည်းလမ်းများကို ညွှန်ကြားမည် ဖြစ်ပါသည်။ ထို့ပြင် သွေးပေါင်ချိန်ကို မကြာခဏ ချိန်ကြည့်ခြင်းဖြင့် ယာယီသွေးတိုးခြင်း သို့မဟုတ် သွေးတိုးရောဂါရှိခြင်းကို ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။
အကယ်၍ သွေးပေါင်ချိန်တိုင်းတာခြင်းကို ဒစ်ဂျစ်တယ် (digital) သွေးပေါင်ချိန်တိုင်းစက်ဖြင့် ဖြစ်စေ၊ ပြဒါးတိုင်သွေးပေါင်ချိန်စက်ဖြင့် ဖြစ်စေ မိမိအိမ်တွင် သွေးပေါင်ချိန်မည်ဆိုပါက နောက်ဆုံးတိုင်းတာထားသော သွေးပေါင်ချိန် အမှတ်၊ ပျမ်းမျှအပေါ်သွေးပေါင်ချိန်အမှတ်နှင့် အောက်သွေးပေါင်ချိန်အမှတ် စသည်တို့ကို သိရှိထားရန်လိုအပ်ပါသည်။
အိမ်တွင်သွေးပေါင်ချိန်ပြီးနောက် သွေးတိုးသည်ဖြစ်စေ၊ သွေးပေါင် ကျသည်ဖြစ်စေ မိမိသဘောဖြင့် သွေးပေါင်ကျဆေးကို တိုးသောက်ခြင်း၊ လျော့သောက်ခြင်းတို့ကို မပြုလုပ်သင့်ပါ။ ဆရာဝန်အား အကြောင်းကြား တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသင့်ပါသည်။
သွေးပေါင်ချိန်တက်လျှင် သွေးတိုးသည့် ပမာဏပေါ် မူတည်၍ နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနှင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် ထိခိုက်မှု ရှိမရှိကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးရာတွင် -
(၁) သွေးစစ်ဆေးခြင်း
(၂) အက်ဟိုး (Echocardiogram) ရိုက်ခြင်း
(၃) အီးစီဂျီ (ECG) ဆွဲခြင်း
(၄) ဆီးစစ်ခြင်း
(၅) တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound) ရိုက်ခြင်း
စသည်တို့ ပါဝင်နိုင်ပါသည်။
သွေးပေါင်ချိန်ကျစေရန်အတွက် ကုသရာတွင် သွေးပေါင်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန်အတွက် သင့်တော်သော သွေးပေါင်ချိန်ပမာဏ အတွင်းသို့ ရောက်ရှိနေစေရန် ရည်ရွယ် ကုသပါသည်။ ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀၊၈၀ ဟု သတ်မှတ်ထားသော်လည်း သွေးတိုးရောဂါရှင်အများစုတွင် ၄င်းသွေးပေါင်ချိန် အမှတ်သို့ ချက်ချင်းရောက်ရှိရန် ပြုလုပ်၍မရပါ။ အချိန် ကြာမြင့်စွာ သွေးတိုးနေသူအဖို့ သွေးပေါင်ချိန် ရုတ်တစ်ရက်ကျအောင် ဆေးဝါးများ အလွန်အကျွံ သုံးစွဲပါက အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောသူများတွင် သွေးတိုး၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေနိုင်သော သင့်တော်သည့် သွေးပေါင်ချိန်အတွင်းရှိနေစေရန် ရည်ရွယ် ကုသရပါသည်။ သင့်တော်သည့် သွေးပေါင်ချိန်ပမာဏသည် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိနိုင်ပါ။ တတ်ကျွမ်းနားလည်သော သမားတော်ကြီးများမှ သေသေချာချာ စစ်ဆေးပြီး သတ်မှတ်ပေးမည်ဖြစ်ပါသည်။
သွေးတိုးရောဂါအမျိုးအစားပေါ် မူတည်၍ အသုံးပြုသော သွေးပေါင်ကျဆေး အမျိုးအစားများစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ
(၁) Alpha blockers
(၂) ACEI
(၃) ARB
(၄) Beta blockers
(၅) Calcium channel blockers
(၆) Central alpha agonists
(၇) Diuretics
(၈) Vasodilators
စသည်တို့ဖြစ်ကြပါသည်။
ဆရာဝန်ညွှန်ကြားချက်အရ သွေးပေါင်ကျဆေးကို စနစ်တကျ သောက်ရမည့်အပြင်
(၁) သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
(၂) ကိုယ်အလေးချိန်လျှော့ချခြင်း
(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ပြောင်းလဲစားသောက်ခြင်း
စသည်တို့ကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ရပါမည်။ အကယ်၍ သင်သည် အကြိုသွေးတိုး(Pre-hypertension) ရှိနေပြီဆိုပါက အထက်ပါအချက် သုံးချက်ကို အမြန်ဆုံး ဆောင်ရွက်သင့်ပါသည်။
ပရိသတ်များ ကိုယ်ရော၊ စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။
ထန်းလျက် ကပေးသော ကျန်းမာရေး အာနိသင်များ
မြန်မာ့ရိုးရာစားစရာ ထန်းလျက်နှင့် ကျန်းမာရေး အာနိသင်များ
(၁) နေ့စဉ် စားသုံးခြင်းဖြင့် သွေး သားကို သန့်စင်စေသည်။
(၂) အစာကြေစေပြီး အချိုစားလိုစိတ် ရုတ်တရက်ဖြစ်လာတတ်သောအခါ မျိုးတွင် ထန်းလျက်ကို သတိရလိုက် ပါ။
(၃) ထန်းလျက်ကို ဂျင်းနှင့်ရော၍ စားသုံးခြင်းဖြင့် အဆစ်အမြစ်နာကျင် ခြင်းကို သက်သာစေပြီး အဆစ်များ ခိုင်မာလာစေသည်။
(၄) စားသုံးခြင်းဖြင့် အသားအရေနှင့် ဆံပင်ကျန်းမာစေပြီး မျက်နှာပေါ်တွင် ဝက်ခြံ၊ အမည်းကွက်များထွက်ခြင်း ကို ဟန့်တားပေးနိုင်သည်။
(၅) နေ့စဉ် ထန်းလျက်ရည် စားပွဲဇွန်း(၁)ဇွန်း သောက်ခြင်းဖြင့် အမျိုးသမီး များ လစဉ်ဓမ္မတာမလာမီ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို သက်သာစေ သည်။
(၆) ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်လွယ်ချိန်၌ ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ် နိုင်သည်။
စားသုံးနည်းများ
(၁) အဆုတ်ပွ၊ ပန်းနာရောဂါအတွက် နှမ်းနက်ဖြင့် စားသုံးပါ။
(၂) အားနည်းခြင်းအတွက် ထန်းလျက် စားပွဲဇွန်း (၁)ဇွန်းတစ်နေ့ (၂)ကြိမ် စားပါ။
(၃)ြွကက်သားများသန်စွမ်းစေရန် နို့နှင့် ရောသောက်ပါ။
(၄) မောပန်းခြင်းအတွက် တစ်နေ့ လျှင် ထန်းလျက်စားပွဲဇွန်း(၁) ဇွန်း သောက်ပါ။
(၅) လစဉ် ဓမ္မတာလာစဉ်နှင့် မလာမီ ဖြစ်တတ်သော နာကျင်မှုများအတွက် တစ်နေ့လျှင်စားပွဲဇွန်း(၁)ဇွန်း သောက်ပါ။
ငရုတ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
အစိမ်း၊ အဝါ၊ အနီ စတဲ့ အရောင် သုံးမျိုးတွေ့ရတဲ့ ငရုတ်ပွသီး တွေမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
(၁) ကယ်လိုရီ လျော့နည်းခြင်း ငရုတ်ပွသီးတွေက ကယ်လိုရီပါဝင် မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ် ပွသီး တစ်ခွက်လုံးအပြည့်စားရင်တောင် ၄၅ ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။ ငရုတ် ပွသီးတစ်ခွက်စာပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေနဲ့ စီပမာဏထက် ပိုမို ပါဝင်မှု ရှိပါတယ်။
(၂) ဗီတာမင်စီ များများ ပါဝင်ခြင်း ငရုတ်ပွသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေပြီး အသားအရေကို နုပျို ငယ်ရွယ်စေပါတယ်။ ငရုတ်ပွသီး အမှည့် ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာ မင်စီ အမြင့်ဆုံးပမာဏ ပါဝင်ပါတယ်။
(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရို တင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိ ပါတယ်။
(၄) ကိုလက်စထရော လျော့ကျစေခြင်း ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက် စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရှိပါတယ်။ လေ့လာမှု အရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက် စထရောအဆင့်ကို လျော့ကျစေပြီး ဆီး ချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်း ရှိ တဲ့အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေကြောင်း သိရပါတယ်။
(၅) အစွမ်းထက် အာဟာရဓာတ်ကို ရရှိ စေခြင်း ငရုတ်ပွသီးကို အပူနည်းနည်းနဲ့ အ ချိန်တိုအတွင်း ချက်ပြုတ်ရင် အချိုအရ သာနဲ့ သစ်သီးရနံ့ မပျက်တဲ့အပြင် အစွမ်း ထက် အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။
(၆) ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆာလဖာ ပမာဏဟာ တချို့သော ကင်ဆာရောဂါ တွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) အသားအရေနှင့် ဆံကေသာကို နုပျို လှပစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်း ပါဝင်တဲ့အတွက် အ သားအရေနဲ့ ဆံကေသာကို လှပနုပျို ကြည့်ကောင်းစေပါတယ်။
(၈) နာ့ဗ်ကြော စနစ်ကို ကျန်းမာစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်ြ၆ ပါဝင် တာကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါပြီး ဆဲလ်အသစ် တွေ ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။
(၉) အတွင်းတိမ်ရောဂါနှင့် မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်စေရန် မျက်စိကို ကာကွယ်ပေးခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ လူတင်လို တချို့အင်ဇိုင်းတွေက အသက်ကြီး လာချိန်မှာ မက်ကူလာ ယိုယွင်းပျက်စီး မှုနဲ့ အ တွင်းတိမ်ရောဂါ တို့ကြောင့် မျက်စိထိခိုက် မှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
ကြယ်စင်
Ref>>Good  Health
ကိုယ်အလေးချိန် ထိန်းနိုင်မည့် နံနက်စာ စားနည်း
အစာမစားဘဲ နေတာက ကိုယ်အလေးချိန် လျော့ကျစေတဲ့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် မနက်စာ မစားဘဲ မနေပါနဲ့။ မနက်စာကို ပုံမှန်စားတာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး တစ်နေ့တာအတွင်း ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို မြင့်တက်စေပါတယ်။ တစ်နေ့တာမှာ ပထမဆုံးစားတဲ့ အစာကြောင့် စိတ်ကျေနပ်မှု ရှိရင် နောက်ပိုင်းမှာ ကယ်လိုရီကို လျော့နည်းပြီး စားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကယ်လိုရီ ထိန်းနိုင်မယ့် မနက်စာကို ဖော်ပြပေးလိုက် ပါတယ်။
အိပ်ရာနိုးပြီး တစ်နာရီ အတွင်း နံနက်စာ စားပါ။
ပုံမှန်အတိုင်း နံနက်စာစားသူတွေဟာ ကိုယ်အလေးချိန် များတာမျိုး အဖြစ်နည်း ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ အစောဆုံး စားတဲ့ အစာက အရေးကြီးပါတယ်။ အိပ်ရာနိုးပြီး တစ်နာရီအတွင်း မနက်စာကို စားတာ အကောင်းဆုံးပါ။ အစောပိုင်း မနက်စာ စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက် ညီမျှစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ခပ်မြန်မြန် အားကောင်းစေ ပါတယ်။ 
ပရိုတင်းဓာတ် စားပါ၊ သကြားမစားပါနှင့်။
မနက်စာမှာ ဥ အမျိုးမျိုး၊ ဒိန်ချဉ်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာနဲ့ အခွံမာတဲ့ အစေ့အဆန်တို့လို ပရိုတင်းဓာတ် များများပါတဲ့ အစာတွေ ထည့်စားရင် ကယ်လိုရီ ပမာဏ လျော့နည်းစေပြီး စွမ်းအင်ကို များများ ရရှိစေပါတယ်။ 
အနည်းဆုံး အမျှင်ဓာတ် ရှစ်ဂရမ် မှီဝဲပါ။
ကိုယ်အလေးချိန် လျော့ကျဖို့ အဓိက သော့ချက်ဟာ ကြာကြာ ဗိုက်ပြည့်နေစေတဲ့ အစာတွေစားဖို့ ဖြစ်ပါတယ်။ ဗိုက်အလွန်အမင်း ဆာနေရင် ကယ်လိုရီများတဲ့ အစားအသောက်တွေကို စားဖြစ်စေလို့ မနက်စာမှာ အမျှင်ဓာတ်များများ ပါတဲ့ အစာတွေကို စားသင့်ပါတယ်။ သစ်သီးဖျော်ရည်မှာ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ 
ကယ်လိုရီကို အလွန်အမင်း မစားပါနှင့်။
သင့် ကိုယ်အလေးချိန်နဲ့ ကိုယ်အလေးချိန် လျှော့ချရေး ပန်းတိုင်အပေါ် မူတည်ပြီး တစ်နေ့တာမှာ ကယ်လိုရီ ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာ မှတ်ထားပါ။ ဟင်းသီးဟင်းရွက် ပါတဲ့ ဟင်းလျာတွေကို ရွေးချယ်စားသုံးပါ။
Ref>>>SweSone Media Group
နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်rမည့်အစားသောက် ကိုးမျိုး
သင်ဟာ အိမ်မပျော်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် အယောက်ငါးသန်းထဲက တစ် ယောက်အပါအဝင်ဖြစ်နေပါသလား ?
အောက်ဖော်ပြပါ အစားအစာတွေကို နေ့ စဉ်စားသုံးပေးခြင်း ဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်လာနိုင်ပါလိမ့်မယ်။
ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းရဲ့ ကျမ္မာရေး အကျိုးအမြတ်တွေက မရေတွက်နိုင်အောင်ပဲ များပြားပါတယ်။
ညစဉ်နှစ်ခြိုက်စွာ အိပ်ပျော်သူများအတွက် ပျော်ရွှင်လန်းဆန်း တက်ကြွမှုရှိခြင်း၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြတ်ခြင်း၊ ခုခံအားကောင်းခြင်း၊ သေသပ်သောခါးအလှကို ပိုင်ဆိုင်နိုင်ခြင်း၊ အသားအရည် နုပျိုခြင်း၊ သွေးပေါင်တက်ခြင်းကို ကာကွယ်နိုင်ခြင်း နှင့် နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ခြင်း အကျိုးတရားများကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။  
(၁) ငါးငါးတွင် ဗီတာမင် B6 ဓါတ်ပါဝင်သည်။ အထူးအားဖြင့် ဆယ်လမွန်ငါး၊နော်ဝေးငါးတစ်မျိုးဖြစ်သည့် ဟဲလဘတ်ငါး၊တူနာငါး တို့ တွင် ဗီတာမင် B6 ပိုမိုပါဝင်သည်။ ဗီတာမင် B6 သည် မယ်လတိုနင် ဟုခေါ်သော အမှောင်ထဲတွင် အိပ်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေသည့် ဓါတ်များကို ပြုလုပ်ပေးသည်။
(၂) ဂျက်စမင် ဆန်       { မြန်မာ အခေါ် (ထိုင်းမှလာသော) ခေါမလိဆန်}  
၎င်းခေါမလိဆန်ကို စားသုံးခြင်းဖြင့်သကြားဓါတ်များ သွေးထဲသို့ တိုးဝင်မှုနှုန်းကို ထိန်းသိမ်းပေးသည်။ အသားဓါတ်ကို ဖြစ်ပေါ်စေသည်။ ဥာဏ်ရည်ကို ပိုမိုထက်မြတ်စေသည်။  
(၃) ချယ်ရီသီး ဖျော်ရည်
အထက်ဖေါ်ပြပါ မယ်လတိုနင် များစွာပါဝင်သဖြင့် ချယ်ရီသီး ဖျော်ရည်ကို အိပ်ဆေးတစ်မျိုး အဖြစ်လည်း ဖော်ပြကြသည်။ ၄င်းကို တစ်နေ့ နှစ်ခွက် သောက်သုံးခြင်းဖြင့် လုံးဝအိပ်မပျော်သည့် ရောဂါကို ပျောက်ကင်းသက်သာစေနိုင်သည်။
(၄) ဒိန်ချဉ်
(၅)ဂျုံဖြင့်လုပ်သော အစားအစာများ
ဂျုံဖြင့်ပြုလုပ်သော အစားအစာများတွင် မက်ဂနီဆီယမ် ဒြပ်စင် ပါဝင်မှုနှုန်းများပြားသည်။ ၄င်းကို အနည်းငယ် ပိုမိုစားသုံးခြင့်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သည်။
(၆) ကိုက်လန်  
ကိုက်လန်ကဲ့သို့ သော အစိမ်းရောင် အရွက်များကိုစားသုံးခြင်းဖြင့်လည်း ကယ်လ်ဆီယမ် ဓါတ်ကို ပိုမို ရရှိနိုင်သည်။
(၇) ငှက်ပျောသီး
ငှက်ပျော်သီးတွင် ပိုတဆီယမ် ဒြင်စင်ပါဝင်မှုနှုန်းအားကောင်းသည်ဟု အသိများသည်။ ဗီတာမင် B6 ကိုတွန်းအားပေးသော အရာတစ်ခုလည်းဖြစ်သည်။
(၈)ကုလားပဲ  
ကုလားပဲသည်လည်း ဗီတာမင် B6 ကိုရရှိစေသည်။
(၉) စီရီယယ် ဟုခေါ်သော ကောက်ပဲသီးနှံဖြင့်ပြုလုပ်ထားသည့် နံနက်စာတစ်မျိုး
၎င်းစီရီယယ်သည်လည်း ဗီတာမင် B6 ပါဝင်ပြီး အိပ်စက်အနားယူမှုကို အားကောင်းစေပါသည်။
ဆံပင်ကျွတ်ခြင်းကို ဟန့်တားနိုင်သော အိမ်တွင်းနည်းလမ်းများ
သန်စွမ်းတောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လိုကြပါတယ်။ ဆံပင်ကျွတ်သန်စွမ်းတောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လိုကြပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလျတဲ့ ဆံသားတွေက အမျိုးသမီးတွေရဲ့ လှပမှုကို မှေးမှိန်စေပါတယ်။ လွယ်ကူတဲ့ အိမ်တွင်းနည်း တခိျု့နဲ့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
(၁) သဘာဝ အစားအစာများနှင့် ဆံပင်ကို အားဖြည့်ပါ။
အာဟာရဓာတ် ခိျု့တဲ့တာက ဆံပင်ကျွတ်တာရဲ့ အဓိက အကြောင်းရင်း တစ်ရပ်ပါ။ ဆံသားတွေ သန်စွမ်းထူထဲဖို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ စားသုံးဖို့ လိုပါတယ်။ အာဟာရ ပြည့်စုံတာက ဆံပင်တွေ သန်စွမ်း ထူထဲစေတဲ့အပြင် ဆံပင်အရောင်ကိုလည်း တောက်ပြောင် လှပစေပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အောက်ပါ အစားအစာတွေ ပါဝင်အောင် စားပြီး ဆံပင်ကျွတ်တာကို ကာကွယ်နိုင်ပါတယ်။
မုန်လာဥနီ - ဗီတာမင်အေကို ရရှိပြီး ဦးရေပြားကို အာဟာရ ဖြည့်စွမ်းပေးပါတယ်။ ဆယ်လ်မွန်ငါး - အိုမီဂါ-၃ ရရှိပြီး ဆံသားတွေ တောက်ပြောင် လှပစေပါတယ်။ဆီးသီးခြောက် - သံဓာတ်ြွကယ်ဝပြီး ဆံသား ခြောက်သွေ့တာ၊ ပါးတာနဲ့ ကြမ်းတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် -ကျန်းမာစေတဲ့အပြင် ဆံသားတွေ သန်စွမ်းစေပါတယ်။ သကြားမုန်လာ - သံဓာတ် ကြွယ်ဝပြီး ဆံသားတွေကို သန်စွမ်းစေပါတယ်။ အုတ်ဂျုံ - ဇင့်ဓာတ်၊ သံဓာတ်၊ အိုမီဂါ-၆ အဆီတွေ ပါဝင်တာကြောင့် ဆံပင် အရှည်မြန်စေပါတယ်။ သစ်ချသီး - ဇင့်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ဘီ-၁၊ ဘီ-၆၊ ဘီ-၉တွေ ပါဝင်ပြီး ဆံပင် သန်စေပါတယ်။ဥအမျိုးမျိုး - ပရိုတင်း၊ ဗီတာမင်ဘီ-၁၂၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ အိုမီဂါ-၆ တွေ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။
(၂) သဘာဝ အဆီများနှင့် ဆံပင် တောက်ပြောင်အောင် ပြုပြင်ပါ။
ဆံသား တောက်ပြောင်ဖို့၊ ဆံပင်သန်စွမ်းဖို့၊ ဆံပင်ကျွတ်တာကို ကာကွယ်ဖို့အတွက် ဆံသားကို ဆီလိမ်းပြီး ၂-၃မိနစ်ကြာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ညင်သာစွာ နှိပ်နယ်ပေးတာကြောင့် ဦးရေပြား သွေးလှည့်ပတ်မှု ကောင်းစေပြီး ဆံချည်မျှင်အိတ်တွေကို နှိုးဆွပေးပါတယ်။ ဆီကို ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး ခေါင်းမလျှော်ခင် တစ်နာရီ အလိုလောက်မှ လိမ်းပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီ၊ အုန်းဆီ၊ ဂနိုလာဆီ၊ လာဗန်ဒါဆီ၊ ဗာဒံစေ့ဆီ၊ နှမ်းဆီတွေကို အသုံးပြုနိုင်ပါတယ်။
(၃) အင်တီအောက်ဆီးဒင့်ကို အသုံးပြုပါ။
အင်တီအောက်ဆီးဒင့်က ဆံပင်ကျွတ်တာကို တားဆီးပေးနိုင်တဲ့ အပြင် ဆံပင်ပြန်ပေါက်အောင်လည်း ကူညီပေးပါတယ်။ အင်ဆီအောက်ဆီးဒင့် များစွာ ပါဝင်တဲ့ လက်ဖက်စိမ်းကို ရေနွေးတစ်ခွက်ထဲ ထည့်ပြီး ခဏနှပ်ထားပါ။ ရလာတဲ့ လက်ဖက်စိမ်းရည်ကို ဆံသား အနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက ဆံပင်သန်ပြီး ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။
(၄) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့်လေ့ကျင့်ခန်း လုပ်ခြင်းများ လုပ်ဆောင်ပါ။
ဆံပင်ကျွတ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုက စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ်များတာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်နဲ့ခန္ဓာကိုယ်ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းသွားတာကြောင့် ခန္ဓာကိုယ်တွင်းဟော်မုန်းတွေ မျှခြေ ဖြစ်သွားစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဦးရေပြားကို သန့်စင်အောင် ဂရုစိုက်ပါ။
ဦးရေပြားက ထွက်တဲ့ အဆီတွေနဲ့ဖုန်၊ အမှုန်တွေ ပေါင်းပြီး ဆံသား ကျိုးပြတ်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတာကြောင့် ဦးရေပြားကို သန့်ရှင်းအောင်ထားဖို့ လိုအပ်ပါတယ်။ ရှမ်ပူနဲ့ ပုံမှန်ခေါင်းလျှော်တာ၊ သဘာဝအဆီ လိမ်းပေးတာတွေက ဦးရေပြား သန့်စင်စေပြီး ဖောက်တွေကိုလည်း ကင်းစင်စေပါတယ်။ သံပရာရည်၊ ရှားစောင်းလက်ပတ်၊ စတော်ဘယ်ရီစတာတွေကို ဆံပင်ကျွတ်တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်း အဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်း(ဂျင်း)တွေကို အရည်ညှစ်ပြီး ဆံသားအနှံ့လိမ်းပြီး တစ်ညအိပ်ပါ။ မနက်မိုးလင်း ရေချိုးရင်းနဲ့ ခေါင်းလျှော်ပါ။ ဦးရေပြားနဲ့ ဆံသားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား၊ မှိုပိုးတွေကို ဖယ်ရှားပေးပါတယ်။
credit >>>SweSone Media Group
အိပ်စက်ခြင်းနှင့် မှတ်ဥာဏ်ကောင်းမွန်မှု
သင်ခန်းစာ အသစ်ကို လေ့လာတဲ့ အခါ အိပ်ရာဝင်ခါနီး လေ့လာတာက မှတ်မိနိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အိပ်စက်တာက သင့်မှတ်ဥာဏ်ကို တစ်နေ့တာလုံး ကောင်းမွန်စေ တာကြောင့်ပါ။ ဒါ့အပြင် အိပ်ရေးဝပြီး နိုးထလာချိန်မှာ စိတ်ကူး စိတ်သန်း အသစ်တွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိပါတယ်။
အိပ်စက်ခြင်းနှင့် ဦးနှောက် ဆက်စပ်ပုံ
NH သိပ္ပံပညာရှင်တွေက အိပ် စက်မှုနဲ့ မှတ်ဥာဏ်အကြား ဆက်စပ်မှုကို လေ့လာခဲ့ရာ " သင်ခန်းစာတွေကို လေ့ လာမှုမလုပ်ခင် အိပ်စက်တာကြောင့် မှတ်ဥာဏ်အစပိုင်း ဖြစ်ပေါ်ဖွံ့ဖြိုးမှုဖြစ်ဖို့ ဦးနှောက်ကို ပြင်ဆင်ပေး လိုက်ပါတယ်" လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက် တာ မက်သရူးက ရှင်းပြ ထားပါတယ်။ သင် ခန်းစာ လေ့လာပြီးနောက် အိပ်စက်တာ ဟာ သတင်းအချက်အလက် အသစ်တွေ ကို မှတ်သားနိုင်စွမ်းရှိစေပြီး အဲဒီသင် ခန်းစာတွေကို မေ့နိုင်ခြေလည်း နည်းသွား ပါတယ်။
အိပ်စက်တဲ့အခါ ဦးနှောက်ဟာ ပေါ့ပါးတဲ့ အိပ်ပျော်တဲ့ အဆင့်၊ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်တဲ့ အဆင့်၊ အိပ်မက်မက် တဲ့ REM အဆင့် စတဲ့ အဆင့်တွေအ တိုင်း လှည့်လည်နေပါတယ်။ ဒီစက်ဝန်း ဟာ မိနစ် ၉၀ ကြာတိုင်း ထပ်ကာထပ် ကာ လှည့်လည်နေပါတယ်။
လူငယ်တွေ၊ အထူးသဖြင့် ကျောင်း သား၊ ကျောင်းသူတွေအနေနဲ့ သင်ခန်း စာတွေကို လေ့လာမှုမပြုခင် အိပ်စက် သင့်ပါတယ်။
သင်ခန်းစာ လေ့လာရန် အိပ်စက်ခြင်း
လေ့လာမှု အရ အောက်ပါ အချက်တွေဟာ ကျောင်းသားတွေနဲ့ လေ့လာသူ တွေကို ကူညီနိုင်ပါတယ်။
သင်ခန်းစာတွေကို လေ့လာမှုမပြုခင် ခဏတာ အိပ်စက်ပါ။ အိပ်ရေးပျက်တာဟာ သင်ခန်းစာ လေ့လာနိုင်စွမ်းကို ၄၀ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေနိုင်ပါတယ်။
သင်ခန်းစာလေ့လာပြီးနောက် ၂၄ နာရီအတွင်း တစ်ညတာ ကောင်းကောင်း အိပ်စက်ပါ။ ဒါမှသာ မှတ်Óဏ်ကို ကောင်း မွန်စေပြီး မတူညီတဲ့ သတင်းအချက်အ လက်တွေကို ရယူနိုင်မှာပါ။
တစ်ညလုံး အိပ်ရေး ဝ၀အိပ်ပါ။ အ ရွယ်ရောက်သူအများစုအနေနဲ့ တစ်ည မှာ ၇-၈ နာရီခန့် အိပ်ချိန် ရှိသင့်ပါတယ်။ တစ်ည လေးနာရီနဲ့ အောက်ပဲ အိပ်စက်ချိန်ရှိရင် မှတ်ဥာဏ် အပြည့်အဝကောင်းမွန်ဖို့ ခက်ပါတယ်။
မိနစ် ၉၀ ခန့် တစ်ရေးအိပ်တာက မှတ်ဥာဏ်တွေကို ကောင်းမွန်စေနိုင်ပါ တယ်။ ဒါပေမဲ့ ညနေခင်းမှာ တစ်ရေး အိပ်တာက ညဘက်မှာ အိပ်ပျော်ဖို့ ခက် ခဲနိုင်ပါတယ်။ (ကျန်းမာရေးစာတိုစုစည်းမှုမှပြန်လည်ကူယူထားပါသည်။)
ဆီးသီး(ဇီးသီး) စားခြင်းရဲ့အကျိုးကျေးဇူး။
WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၆၆ ဂရမ်အလေးချိန်ရှိသော ဆီးသီးထဲတွင် ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ကယ်လိုရီ ၃၀.၃၆၊ ဗီတာမင်စီ ၆.၂၇ မီလီဂရမ်၊ ဗီတာမင်ကေ ၄.၂၂ မိုက်ကရိုဂရမ်၊ ဗီတာမင်အေ ၂၂၇.၇၀ IU၊ အမျှင်ဓာတ် ၀.၉၂ ဂရမ်၊ tryptophan ၀.၀၁ ဂရမ်၊ ပိုတက်စီယမ် ၁၀၃.၆၂ မီလီဂရမ်တို့ အသီးသီးပါရှိကြပါတယ်။ ဆီးသီးအမျိုးအစားပေါ်မူတည်၍ အရသာ ချဉ်လေ ဗီတာမင်စီ ဓာတ်ကြွယ်ဝလေဖြစ်၏။ အသီးသာမက၊ အရွက် နှင့်ပင်စည်အခေါက်တို့ ကလဲ လွန်စွာဆေးဘက် ၀င်ကြပါတယ်။
(၁)ဆီးသီးထဲတွင် မြင့်မားစွာပါရှိသော phytonutrients က ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေသလို၊ ဗီတာမင်စီဓာတ် လဲ အလုံအလောက်ပါရှိသဖြင့်၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာ၊ အအေးမိ/နှာစေး/ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများကို မဖြစ်စေပါဘူး။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နာတာရှည်ဖျားနာသူများ စားပေးသင့်ပါတယ်။
(၂)ယခုလို ဆောင်းရာသီမှာ နေ့တာတိုပြီးညတာရှည်တဲ့အတွက် နေ့အလင်းရောင်ဆုံးရှုံးတာဟာ အစာစားလိုစိတ်ကို တိုးစေတယ် လို့ စကော့တလန် သုတေသီတွေက ဆိုပါတယ်။ အစာစားလိုစိတ်ပေါ်လို့ စားတဲ့အခါ၊ အဆီဓာတ်လုံးဝမပါဘဲ ကယ်လိုရီ လုံလောက်တဲ့ ဆီးသီးလတ်လတ်ဆတ်ဆတ်ကို ဦးစားပေး စားသင့်ပါတယ်တဲ့။
(၃)ဆီးသီးထဲတွင်ပါရှိသော Asphenols (ခေါ်) အင်တီအောက်ဆီးဒင့်အာနိသင်က ဦးနှောက်နှင့်ဆက်စပ်လျှက်ရှိသော ဆဲလ်များကို ပုံမှန်အလုပ်လုပ်စေကာ၊ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေပါတယ်။ 
 ဆီးသီးဟာ အာရုံကြော တွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေလို့ ဆီးသီး ၅လုံး (သို့ ) ၆ လုံးကို ပုံမှန် စားပေးသင့်ပါ တယ်။ ဒါ့ပြင် စိတ်နှလုံးတည်ငြိမ်ကာ၊ စိတ်ဖိစီးမှုကိုဖြေလျော့ပေးနိုင်လို ၊့ စိတ်ဝေဒနာရှင်များအတွက် ဆီးသီး (၀ါ) ဆီးယိုတို့ ကို ဓာတ်စာအဖြစ်ကျွေးသင့်ပါတယ်။ ညဉ့်လုံးပေါက်အိပ်ရေပျက်ခံအလုပ်လုပ်ကြသူများလဲ စိတ်အာရုံကြည်လင်စေရန် တစ်နေ့ လျှင် ၃-၄လုံး စားပေးသင့်ပါတယ်။
(၄)ဗီတာမင်ကေလုံလောက်စွာပါရှိလို့ ၊ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆီးသီးဟာ မူးယစ်ထုံထိုင်းမှုကိုပြေစေလို့ ၊ မူးယစ်စေတတ်သောအရက်သေစာ သောက်သုံးများ ဆီးသီးစားပေးသင့်ပါတယ်။
(၅)ဆီးသီးထဲမှာ အစွမ်းထက် Lycopene ဓာတ်ပါရှိလို့ ၊ ရင်သားကင်ဆာ၊ အူကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာကင်ဆာတို့  ကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲတွင် Lycopene ဓာတ်ချို့  တဲ့သူများသည်၊ မချို့ တဲ့သူထက် ပန်ကရိယကင်ဆာဖြစ်လာနိုင်ချေ အလားအလာ ၅-ဆမျှ ပိုတယ်လို့  ဆိုပါတယ်။
(၆)ဗီတာမင်အေ နှင့် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝသော ဆီးသီးကိုစားပေးခြင်းဖြင့် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေရုံသာမက၊ သက်ကြီးပိုင်းတွင်ဖြစ်လေ့ရှိတဲ့ မက်ကူလာယိုယွင်းပျက်စီး၍ အမြင်အာရုံချို့ တဲ့ခြင်းနှင့် ၊ မျက်လုံးကွယ်ခြင်းများကို ၃၆% ထိလျော့ချပေးနိုင်ကြောင်း ဆေးသုတေသီများးက အကြံပြုထားပါတယ်။
(ရ)ဆီးသီးဟာ ကယ်လိုရီနည်းပါးပြီး၊ အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း လုံးဝမပါဝင်တာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာ စေပါတယ်။
(၈)ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထား ပေးနိုင်လို့  နှလုံး နှင့် သွေးတိုးရောဂါသည်များအတွက် အထူးသင့်တော်ပါတယ်။
(၉)ဆီးသီးဟာ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာကြောင့်၊ ကိုယ်ခံစွမ်းအားစံနစ်ကို တိုးတက်စေပြီး တစ်သျှူးတွေကို ကျန်းမာစေကာ၊ လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် သွေးနီဥတွေကိုဖြစ်ပေါ်စေလို့ ၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့  စားသုံးပေးသင့်ပါတယ်။
 ဗီတာမင်စီဓာတ်များတဲ့ ဆီးသီးများများစားပေးခြင်းဖြင့် နားတွင်းမကြာခဏ ပိုးဝင်မှုကို ကာကွယ်ပေးပါတယ်။
(၁၀)ဆီးသီးဟာ အရိုးများကိုသိပ်သည်းစေပြီး၊ သွေးဆုံးပြီးအမျိုးသမီးကြီးများကို အရိုးကြွတ်ဆတ်/အရိုးပွခြင်းမှ ကာကွယ်ပေးနိုင် ကြောင်း Florida State University မှ ဆေးသုတေသီများက အတည်ပြုထားပါတယ်။ ဒါ့ပြင် အဆစ်ရောင်ရောဂါများကိုလဲ မဖြစ် စေပါဘူးတဲ့။
(၁၁)ဆီးသီးမှာပါတဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တွေဟာ အူတွေကိုသန့်စင်စေပြီး၊ အစာခြေစံနစ်ကိုကောင်းမွန်စေလို့ ၊ ဝမ်းမချုပ် စေဘဲ၊ ဆီးသီးကို သဘာ၀၀မ်းပျော့ဆေးအဖြစ် အားထားလောက်ပါတယ်။
(၁၂)ဆီးသီးထဲတွင် ခန္ဓာကိုယ်တွင်းထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေပါဝင်တာကြောင့်၊ အောက်ဆီဂျင်ပြတ်လပ်၍ ဆဲလ်များသေဆုံးခြင်းနှင့် ကိုယ်တွင်းအင်္ဂါအစိပ်အပိုင်းများ ပျက်စီးခြင်းမှ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝလို့  မကောင်းသောကိုလက်စထရောများကိုသုတ်သင်ရှင်းလင်းပေးကာ၊ သွေးလွှတ်ကြောများ ပိတ်ဆို့ အနည် ကျခြင်းမှ ကာကွယ်ပေးပါတယ်။
(၁၃)ဆီးပင်၏အခေါက်ထဲမှာ phenols (ခေါ်) neocholorogenic အက်ဆစ် နှင့် chlorogenic အက်ဆစ်ဓာတ်တို့ ပါရှိသဖြင့်၊ ချောင်းဆိုးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ဆီးအိမ်ရောဂါတို့ အတွက် လွန်စွာဆေးဘက်ဝင်လှလို့ ၊ ဆီးပင်အခေါက်ကို လက်ဘက်ရည်ကြမ်းကြို၍ သောက်ပေးသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးပင်ခေါက်က ၀မ်းကိုက်ပျောက်စေပါတယ်။
(၁၄)ထိခိုက်ပြတ်ရှနာများ ပိုးဝင်၍ ရောင်ရမ်းခြင်းအတွက် ဆီးသီးသတ္တုရည်ကို ပိုးသတ်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။
(၁၅)ဆီးပင်၏ အရွက်နှင့်အခေါက်တို့ ဟာ ဆီးထဲရှိ ဂလူးကို့ စ်ပမာဏကိုကျစေလို့ ၊ တောင်အာဖရိက၊ စပိန် နှင့် ဂျပန်နိုင်ငံတို့ တွင် ဆီးချိုရောဂါ ကုထုံးအဖြစ် ဆီးရွက်/ဆီးပင်ခေါက်တို့ ကို လက်ဘက်ရည်ကြမ်းလုပ်ကာ သောက်သုံးလေ့ရှိကြပါတယ်။
(၁၆)ဆီးပင်အခေါက်ထဲရှိ ဗီတာမင်အေက အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံသာမက၊ မျိုးပွားအင်္ဂါ များ ခုခံအားစံနစ်လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံတွင် ဆီးပင်ခေါက်ကို အနှစ်ပြုလုပ်ပြီး၊ လိင်အင်္ဂါ ပေါ်ရှိ ကူးစက်နာများအတွက် ရိုးရာကုထုံးအဖြစ် အသုံးပြုလျှက်ရှိကြပါတယ်။
(၁၇)ဆီးသီးထဲရှိအစေ့အဆံ ဟာ ၀မ်းလျှောရောဂါကိုပျောက်စေလို့ ၊ တရုပ်နှင့် အိန္ဒိယနိုင်ငံတို့ မှာ ရိုးရာတိုင်းရင်းဆေးကုထုံးအဖြစ် တွင်ကျယ်စွာကုသနေကြပါတယ်။
ဆီးသီးထဲတွင်ပါရှိသော သဘာဝဖလေဗွိုးနွိုက်ဓာတ်ပေါင်းစုများသည်၊ ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော free radials များကို တွန်းလှန်နိုင်သောကြောင့်၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးပါတယ်။ ပါးရေတွန့် သည့်အရေးအကြောင်းတို့ ကို မဖြစ်စေဘဲ၊ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ သွားပိုးလည်း မစားစေပါဘူးတဲ့။
သတိပြုရန်။
(က) ဆီးသီးဟာကျန်းမာရေးအတွက်ကောင်းကျိုးများစေတာမှန်သော်လဲဘဲ၊ ဆီးသီးအပါအ၀င် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တို့  ကို လိုအပ်သည့်ပမာဏထက် အလွန်အကျူးစားသုံးပါက၊ ထို အသီးအနှံထဲတွင်ပါရှိသော oxalates ဓာတ်က ဆီးကျောက်တည်ခြင်း ကိုဖြစ် ပေါ်စေနိုင်ပါတယ်။
(ခ) ဆီးသီးနဲ့ စားတော်ပဲတွဲစားပါက၊ ၀မ်းလျောစေနိုင်ပါတယ်။
ဆီးသီးဟာ ဈေးမကြီးသော်ငြားလည်း ရာသီစာဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံးစားခွင့်မကြုံနိုင်ပါဘူး။ ယခုလို လှိုင်လှိုင်ပေါတဲ့ အခါသမယ မှာတော့ ဆီးသီးကို လက်လွတ်မခံဘဲ အမိအရစားသုံးကြခြင်းဖြင့်၊ ကျန်းမာရေးအကျိုးကျေးဇူးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း…….။
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (World's Healthiest Fruit - Plum)
ဆီးသီး(ဇီးသီး) နဲ့ သဘာဝအသားအရေထိန်သိမ်းနည်း။
ဆီးသီးဟာ မည်သည့်အသားအရေအတွက်မဆို သင့်တော်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုနိုင်ပါတယ်။ ယနေ့ အလှကုန် ဈေးကွက်ထဲမှာ ဆီးသီးဖြင့်ဖော်စပ်ထားတဲ့ ကုန်ပစ္စည်းများ တွင်ကျယ်စွာရောင်းချနေကြရပါတယ်။ စရိတ်စကမများဘဲ လှပတဲ့အသား အရေပိုင်ရှင်ဖြစ်အောင် မိမိအိမ်မှာ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ ဖြင့် ဖန်တီးနိုင်ပါတယ်။
၁။မျက်နှာအသားထဲမှာ စွဲမြဲဝင်ရောက်နေတဲ့ မှိုင်း/ဖုံ/အညစ်အကြေးတို့ ကြောင့် သင့်မျက်နှာမည်းညစ်ညစ်ဖြစ်နေပါသလား။ စိတ် မပူပါနှင့်။ ဆီးသီး ၃လုံးကို ကျိတ်ချေ၍ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁-ဇွန်းဖြင့် ရောနယ်၍သော်လည်းကောင်း၊ (သို့ မ ဟုတ်) ဆီးသီး ၃လုံးကို ကျိတ်ချေပြီး၊ သဘာဝကော်ဖီမှုန့်  စားပွဲတင်ဇွန်း ၁-ဇွန်း၊ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁-ဇွန်း တို့  ဖြင့် ရောနယ်၍သော်လည်းကောင်း မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၀မိနစ်အကြာမှာ ရေအေးဖြင့်သန့် စင်ဆေးကြောပေးဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပြီး၊ သင့်မျက်နှာလေး ဖြူစင်လာပါလိမ့်မယ်။
 ၂။ ကြိတ်ချေထားသောဆီးသီး အနှစ်တို့ ကို ကြက်ဥအကာ၊ သကြား နှင့် သမအောင်နယ်ကာ၊ မျက်နှာနှင့်လည်ပင်းတလျှောက် ရက်သတ္တ တစ်ပတ်လျှင်တကြိမ်မျှ လိမ်ပေးခြင်းဖြင့် မျက်နှာပေါ်တွင်အမည်းအစက်အပြောက်နှင့်အသားအရေအရောင် မညီခြင်း တို့ ကို သက်သာစေပါတယ်။
၃။ မျက်နှာအသားအရေသိပ်သည်းညက်ညောစေရန်အတွက်၊
(က)ခြောက်သွေ့သော အသားအရေပိုင်ရှင်များသည် ဆီးသီးသတ္တု ရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာပမာဏကို ကြက်ဥအနှစ် ၁-လုံးဖြင့်ရောစပ်နယ်လိမ်းကာ ၁၅မိနစ်အကြာတွင် ရေခပ်နွေးနွေး ဖြင့်မျက်နှာသစ်ပေးရပါမယ်။
(ခ) အဆီပြန်သောအသားရေပိုင်ရှင်များအတွက်၊ ချေမွထားသော ဆီးးသီး ၂ လုံးကို ကြက်ဥအနှစ် ၁လုံး၊ ပျားရည်စားပွဲတင်ဇွန်း ၁/၂ ဇွန်း တို့ ဖြင့်သမအောင်နယ်ကာ လိမ်းကျံပေးပြီး ၁၅မိနစ်ခန့် အကြာမှာ ၊ ရေခပ်နွေးနွေး ဖြင့် မျက်နှာသစ်ပေးရပါမယ်။
(ဂ) ပုံမှန်အသားရေပိုင်ရှင်များအတွက်၊ ချေမွထားသော ဆီးသီး ၃ လုံးကို၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်းတို့ ဖြင့် ရောစပ်ကာ facial mask အဖြစ် လိမ်းပေးပြီးနောက် ၁၅ မိနစ်အကြာမှာ ရေနွေး နွေးလေးဖြင့်မျက်နှာသန့် စင်ပြီး ထပ်မံ၍ ရေအေးဖြင့်သစ်ပေးရပါမယ်။
၎။ မျက်နှာပေါ်ရှိ အရေးအကြောင်းများ နှင့် အသားအရေလျော့ရွဲကျမှုများ သက်သာစေရန်အတွက်၊ဆီးသီး ၆လုံးကိုပြုတ်ကာ ထို ဆီးသီးတို့ ကို အအေးခံကြိတ်ချေပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနယ်လိမ်းပြီး၊ ၁၅ မိနစ်ခန့် အကြာမှာရေ အေးအေးဖြင့် သန့် စင်ပေးရပါမယ်။
၅။ဝက်ခြံအမာရွတ်များ၊ အသက်အရွယ်ကြီးရင့်၍ အမဲစက်ပြောက်များနှင့် တင်းတိပ်စွဲခြင်းများအတွက် ကျိတ်ချေထားသောဆီးသီး စားပွဲတင်ဇွန်း (၄)ဇွန်းစာပမာဏကို၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ဇွန်း နှင့် မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁/၄ ဇွန်း တို့ ဖြင့်ရောနယ်ကာ ရက်သတ္တတစ်ပတ်လျှင် ၃ကြိမ်မျှ ဤနည်းအတိုင်းမှန်မှန်လိမ်းပေးခြင်းဖြင့် သင့်အသားအရေ ကောင်းမွန်တိုးတက်လာပါလိမ့်မယ်။
၆။ ဆီးသီးဟာ မျက်နှာအသားအရေအတွက်သာမက၊ ခေါင်းဦးရေပြားကိုကျန်းမာစေပြီး ဆံပင်မကျွတ်စေပါဘူး။ ဒါ့ကြောင့် ဆီးသီး ကို သဘာဝဆေး ဆံပင်သန်ဆေးအဖြစ် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ လတ်ဆတ်သောဆီးသီးသတ္တုရည်ကို ကြက်ဥ အနှစ် ၁လုံးဖြင့်နယ်ကာ ခေါင်းဦးရေပြားထဲထိ စိမ့်ဝင်အောင်နှိပ်နယ်ပေးပြီး၊ ၁၀မိနစ်ခန့် အကြာမှာ မိမိလျှော်နေကျ ခေါင်းလျှော် ရည်ဖြင့် လျှော်ပေးလိုက်ရုံပါဘဲ။
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (World's Healthiest Fruit - Plum)
စိမ်းစားဥ နဲ့ ကျန်းမာရေး။
ယခုလိုချမ်းအေးသော ဆောင်းရာသီရောက်ပြီဆိုရင်ဖြင့်၊ တစ်နှစ်မှတခါသာ ပေါ်လေ့ရှိသည့်ရာသီစာစိမ်းစားဥလေးများကို စားသုံးနိုင်ပါပြီ။ အဖြူရောင် ဟင်းသီးဟင်းရွက်နွယ်ဝင် စိမ်းစာဥတို့ သည် အာလူးမျိုးနွယ်ဖြစ်ကြသော်လည်း၊ သူ့ ရဲ့ ကြီးထွာမှုပုံစံသည်
ပဲပင်နှင့် တူသောကြောင့် အချို့ အရပ်ဒေသများတွင် “ ပဲစိမ်းစားဥ ” လို့ ခေါ်ဆိုကြပါသည်။ မြန်မာပြည်အနှံ့ အပြားတွင် ပေါက်လေ့ရှိပြီး၊ အထူး သဖြင့် ရှမ်းပြည်နယ်ထွက် စိမ်းစားဥသည် အရွယ်အစားပိုကြီးကာ အရည်လည်းရွှမ်းပါသည်။ သဘာဝအရသာ အရသာချိုချိုလေးမို့ ၊ အခွံနွှာ၍သူ့ ချည်းဘဲ သွားရည်စာအဖြစ်စားကြသလို၊ ပါးပါးလှီးကာ အစိမ်းကြော် ကြော်စားလေ့ရှိကြပါသည်။
USDA ၏ ဓာတ်ခွဲစမ်းသပ်မှုအရ၊ ၁၀၀ ဂရမ်ရှိသော စိမ်းစားဥထဲတွင်၊ ရေဓာတ်ပေါကြွယ်ဝကာ ခွန်အား ၃၈ ကယ်လိုရီ၊ ကစီဓာတ် ၈.၈၂ ဂရမ်၊ ပရိုတင်း ၀.၇၂ ဂရမ်၊ သဘာဝအဆီဓာတ် ၀.၁၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၄.၉ ဂရမ်၊ ဖောလိပ် ၁၂ µg၊ နီအာစင် ၀.၂၀၀ မီလီဂရမ်၊ Pantothenic အက်ဆစ် ၀.၁၃၅ မီလီဂရမ်၊ Pyridoxine ၀.၀၄၂ မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၂၉ မီလီဂရမ်၊ သီအာမင် ၀.၀၂၀ မီလီဂရမ်၊ ဗီတာမင်အေ ၂၁ IU၊ ဗီတာမင်စီ ၂၀.၂ မီလီဂရမ်၊ ဗီတာမင်အီး ၀.၄၆ မီလီဂရမ်၊ ဗီတာမင်ကေ ၀.၃ µg၊ ဆိုဒီယမ် ၄ မီလီဂရမ်၊ ပိုတက်စီယမ် ၁၅၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၂ မီလီဂရမ်၊ ကော့ပါး ၀.၀၄၈ မီလီဂရမ်၊ သံဓာတ် ၀.၆၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် ၀.၆၀ မီလီဂရမ်၊ ဇင့် ၀.၁၆ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၁၃ µg၊ စသည်ဖြင့် လူသားတို့ ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်တို့ ပါရှိကြပြီး၊ ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရောလုံးဝ မပါရှိပါဘူး။
(1)စိမ်းစားဥထဲတွင်ပါရှိသော oligofructose inulin (ခေါ်) သဘာဝအချိုအရသာ ကစီဓာတ်သည်ပါရှိ၏။ ထိုအချိုဓာတ်ပါရှိသော စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။
(2)ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေး ငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။
(3)စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေ သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။
(4)ကယ်လိုရီလုံးဝမပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါများအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ ကိုလဲ မဖြစ်စေပါ။
(5)စိမ်းစာဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ၊ ကျန်းမာသန်စွမ်းစေပါသည်။
(6)စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်ဆက်တစ်မျိုးပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံးဝမစားသောသူများထက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ၁၁ % ထိ တိုးတက်ကောင်းမွန်စေကြောင်း WHFoods မှ အတည်ပြုထားပါသည်။
(7)ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကိုစားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေကြောင်း USDA မှအကြံပြုထားပါသည်။
(8) စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်ဝစွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။
(9) စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသောမော်လီကျူးများကိုကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့် စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။
(10) ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါကောင်းကျိုးပြုစေနိုင်၏။ စိမ်းစာဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင်သန့် စင်လာပါလိမ့်မည်။  
သတိပြုရန်။
(၁) စိမ်းစားဥ နှင့် နို့ /ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ ဖြင့်တွဲ၍မစားသင့်ပါ၊ အော့အန်တတ်ပါသည်။
(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။
(၃) စိမ်းစာဥထဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လဲဘဲ၊ လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ၀မ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့်ပါသည်။
(၄) ဘသဘာဝအရ မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။ မှတ်ချက်။
သန့် ရှင်းလတ်ဆတ်သောစိမ်းစားဥ၏ အင်္ဂါရပ်များမှာ-
(က)လက်ဖြင့်ကိုင်မြှောက်ကြည့်ပါက လေးလံနေ၏။
(ခ)အသီး၏ အပင်ကိုင်းသည်စိမ်းစိုနေရပါမည်။
(ဂ) အခွံမခြောက်သင့်ပါ။
ထို့ ကြောင့်အရွေးမမှားဘို့ လိုပါသည်။သင်ကံကောင်းပါသည်။ သဘာဝတရားကြီးက လူသားတို့ ကျန်းမာရေးကို တဘက်တလမ်းမှကူးညီပံ့ပိုးပေးလျှက်ရှိရာ၊ ယခုလို အေးမြ သောဆောင်းရာသီတွင် ခန္ဓာကိုယ်တွင်းအပူအောင်းကာ၊ လည်ချောင်းကွဲ အပူကန်ဖျားနားခြင်းကင်းဝေးအောင် ရေဓာတ်ကြွယ်ကာ ခန္ဓာကိုယ်တွင်းအေးမြစေသော စိမ်းစားဥကို ဟင်းလိုတမျိုး၊ သွားရည်စာလိုတဖုံ စားသုံးကြစေလိုပါကြောင်း။
ဘာသာပြန်သူ။ (ပေါက်ပေါက်)
ကိုးကား။ Yum bean’s Nutrient
ဦးနှောက်ကို အမြဲနုပျိုစေရန်
(၁) လှုပ်ရှားပါ
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။
(၂) အစာကျွေးပါ
ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောကြောင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။
(၃) အရှိန်တင်ပါ
ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ်ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါ ဦးနှောက်၏့ငစစသခောစကျ ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်Óဏ်မှတ်သားနိုင်စွမ်းလျော့နည်းလာသည်။
(၅) ရယ်ပါ
ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်သည်။ ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေးတစ်ခုလည်းဖြစ် သည်။
ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ
ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ
အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။
လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ
ဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့် ဖြစ်တာပါ။ ထိုင်ခုံ တစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့် လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။
ဆွဲဆန့်ပါ
ဇက်ကြော တက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာ တဖြည်းဖြည်း ဆွဲဆန့် လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူ ထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်း နေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေရာပြန်ရောက်အောင် ပြန်လည်ပင့်တင်ပါ။
လည်ပင်လှည့် လေ့ကျင့်ခန်း
နားရွက်တစ်ဖက်ကို ပခုံးပေါ် ရောက်အောင် နှိမ့်ချပြီး မေးစေ့ကို အခြား တစ်ဖက်မှ ရင်ဘတ်ပေါ်ရောက်အောင် လှည့်ပြီးနှိမ့်ချသွားပါ။ အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်ပေါ်မှ ဖြတ်ပြီး တခြားတစ်ဖက်ရောက်အောင် လှည့်ပြီး နှိမ့်ချပေးပါ။
အနှိပ်ခံပါ
ဇက်ကြောတက်ခဲ့ရင် ဇက်နေရာကို ပရုတ်ဆီလိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ နာကျင်မှုဝေဒနာသက်သာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေ ပါတယ်။
ကြွက်သားတင်းမာမှု လျော့အောင်
အသက်ရှုသွင်းပြီး သင့်ပခုံးကို နားရွက်ဆီသို့ ရောက်အျောင် မြှင့်တင်သွားပါ။ မြင့်နိုင်သလောက် မြင့်အောင် မြှင့်ပါ။ " အား" လို့အော်ပြီး မှုလာနေရာ ရောက်အောင် လျှော့ချပါ။ ကြွက်သားတင်းမာမှုလျော့အောင် မကြာခဏ ပြုလုပ်ပေးပါ။
ရေးကူးပါ
ဇက်ကြော တက်တာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ပက်လက် လှန်ပြီး ရေကူးတာပါ။ ရေက လည်ပင်းပေါ်မှာ ဖိအား သက်ရောက်မှု မရောက်အောင် ခေါင်း ကို ထောက်ပံ့ထားနိုင် တာကြောင့်ပါ။
ပခုံးလှည့်လေ့ကျင့်ခန်း ပြုလုပ်ပါ
ပခုံးကို မြှင့်တင်ပြီး အနောက်ဘက်ကို လှည့်ကာ အောက်ဘက်သို့ ပြန်ချပါ။ ပြီးရင် အရှေ့ဘက်ကို လှည့်ပြီး မြှင့်တင်ပါ။ မကြာခဏ ပြုလုပ်ပေးပြီး နောက်တစ် ဖက်ပြောင်းလုပ်ပါ။
ရောဂါလက္ခဏာ အတွက် သတိထားပါ
နေမကောင်းတဲ့ ခံစားမှုနဲ့ တွဲဖက်ပြီးဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ် နေတာကြောင့် ဇက်ကြော တက်နေတာ ဖြစ်နိုင်တာ မို့ပါ
ပန်းသီးအစိမ်းရောင်အကြောင်းသိကောင်းစရာ
မိုင်ဂရိန်းခေါ် ခေါင်းတခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက်ပါ၊မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေရပါလိမ့်မယ်။
အမေရိက သုတေသီများရဲ့ လေ့လာလချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော်ရွှင် လန်းဆန်းစေပါသတဲ့။
ဘာကြောင့်လဲ ဆိုတော့ ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက် နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက် ပတ်ပတ်လည်ရှိ ကြွက်သားနှင့် သွေးကြောများကျုံ့ ခြင်းကို လျော့ပါးသွားစေတာကြောင့်လို့ တွေ့ ရှိခဲ့ကြပါတယ်။
Monday, August 26, 2013
ဂွေးသီး၏ ကျန်းမာရေးစွမ်းပကား
သရက်သီးနဲ့ ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည် ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု
ပို လျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ
ဝယ်ယူလို့ ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့
အကျိုးကျေးဇူးတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ
ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ
လေ့လာကြည့်ရအောင်.။
(၁) ကယ်လိုရီ ပါဝင်မှု လျော့နည်းခြင်း
ဂွေးသီးဟာ ကယ်လိုရီပါဝင်မှုအ လွန်နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။
၁၀ဝ ဂရမ်အလေးချိန်ရှိတဲ့ ဂွေးသီးတွေ မှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သ
ရက်သီး ၁၀ဝ ဂရမ်မှာ ၆၄ ကယ်လိုရီပါ ဝင်တာကြောင့် သရက်သီးနဲ့ယှဉ်ရင် ဂွေး
သီးမှာ ကယ်လိုရီ နှစ်ဆနီးပါး လျော့နည်းမှု ရှိပါတယ်။ ဒါကြောင့် ကယ်
လိုရီများများ မရရှိဘဲ အစာစားချင်စိတ် ကို ကျေနပ်မှု ရရှိစေကာ ကျန်းမာရေး
နဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိ စေပါတယ်။
(၂) အမျှင်ဓာတ် ပါဝင်မှု မြင့်မားခြင်း
ဂွေးသီးမှာ အမျှင်ဓာတ် များများ ပါ ဝင်ပါတယ်။ဂွေးသီး ၁၀ဝဂရမ်ပမာဏမှာ
အမျှင်ဓာတ် ၅ ဒသမ ၇ ဂရမ်ပါဝင်တာ ကြောင့် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ်ရဲ့
၂၃ ရာခိုင်နှုန်း ကို ရရှိစေပါတယ်။ ဂွေးသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန်
မှန်သွားစေတာ၊အူမကြီးရဲ့ လုပ်ငန်းဆောင် တာကို ကောင်းမွန်စေတာနဲ့
ဝမ်းချုပ်ခြင်း ကင်းစေတာစတဲ့ အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။
အမျှင်ဓာတ်ဟာ အစာ ကြေညက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားပါတယ်။
အမျှင်ဓာတ်ပါဝင် မှုမြင့်မားတဲ့ ဂွေးသီးစားတာကြောင့် ဆီးချို
သွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ ကို လျော့ကျစေနိုင်ပါတယ်။
(၃) ဗီတာမင်စီ ပါဝင်မှု များခြင်း
ဂွေးသီး တစ်ခွက်စာ ပမာဏမှာ ဗီ တာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်း အတာရဲ့
တစ်ဝက်နီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာ မင်ဖြစ်ပြီး
ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ တွေအတွက် လိုအပ်ပါတယ်။ ကော်လာ
ဂျင်တည်ဆောက်မှုအတွက် လိုအပ်သ လို အနာကျက်စေပါတယ်။ ဗီတာမင်စီ က အရေးကြီးတဲ့
အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့်
ထိခိုက်မှု မဖြစ်အောင် ကာ ကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ် နိုင်ခြေကို
လျော့ကျစေပါတယ်။ ဗီတာ မင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာ ရေးအတွက်
အရေးပါသလို ခန္ဓာကိုယ် က သံဓာတ် စုပ်ယူနိုင်အောင်လည်း ကူ ညီပါတယ်။
(၄) သံဓာတ် ပါဝင်မှု များခြင်း
ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မား ပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ
အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိ မဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ ကမ္ဘာပေါ် မှာ
သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရော ဂါ အဖြစ်များပါတယ်။ ဂွေးသီး ၁၀ဝ ဂ
ရမ်မှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါ ဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့
သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိ စေပါတယ်။
(၅) ကယ်လ်စီယမ် ပါဝင်ခြင်း
ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီ ယမ် ၃၂ မီလီဂရမ်ပါဝင်တာကြောင့် တစ် နေ့တာ
လိုအပ်တဲ့ ပမာဏရဲ့ သုံးရာခိုင် နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ် ဟာ
အရိုးတွေ ကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပုံမှန်ကြွက်သား
လုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေး အတွက် ကယ်လ်စီယမ် အလုံအလောက်
မှီဝဲဖို့ လိုအပ်နေပါတယ်။
ရေ၏အသုံးဝင်ပုံများ
(၁) စိတ်ဖိစီးမှုပြေပျောက်စေခြင်း
စိတ်ရှုပ်ထွေးလာပြီး အလုပ်ဆက်လုပ်ချင်စိတ် မရှိ တော့ပါက ရေအေးအေးနှင့်မျက်နှာသစ်ပါ။ ရေအေး၏ အာနိသင်ကြောင့် ခန္ဓာကိုယ် အပူချိန် ပုံမှန်ဖြစ်ခြင်း၊ နှ လုံးခုန်နှုန်းနှေးစေခြင်းတို့ကြောင့် စိတ်ပူပန်ခြင်း၊ စိတ်ဖိစီး ခြင်းမှ ခေတ္တသက်သာစေသည်။
(၂) ဆံပင်များတောက်ပြောင်စေခြင်း
ဆံပင်အခြောက်ခံစက် (hair dryer) များတွင် ရေငွေ့နှင့်လေရော စပ်မှုတ်ပေးသော cool shot ခလုတ်မှာ ဆံပင်၏ အပေါ်ယံဖယောင်းသားအတွင်း ရေငွေ့များစိမ့် ဝင်စေသည်။ ဆံသားပေါ်အလင်းကျ သည့်အခါရေငွေ့များကြောင့် အလင်းပြန်ပြီး တောက် ပြောင်စေသည်။  
(၃) ကိုယ်အလေးချိန်ကျစေခြင်း
ရေများများသောက်ခြင်းကြောင့် ဗိုက်ဆာခြင်းကို အတော်အသင့်ထိန်းထားနိုင်သည့်အပြင် ရေ၏အာနိသင် သက်သက်ကြောင့် ကယ်လိုရီ (၇၀) ခန့်လောင်ကျွမ်းစေ သည်။
(၄) အရက်နာကျခြင်းမှသက်သာစေခြင်း
အရက်နာကျသည့်အခါ ရေအေးအေးနှင့်ချိုးပါ။ မျက်နှာသုတ်ပဝါကို ရေဆွတ်၍ နဖူးပေါ်၊ မျက်လုံးပေါ် တင်ပေးပါ။ ရေဓါတ်ခန်းခြောက်ခြင်းမှသက်သာစေပြီး အရက်နာကျခြင်းပြေပျောက်စေရန် ကူညီပေးသည်။  
(၅) သွေးလည်ပတ်မှုကောင်းစေခြင်းနှင့် ကြွက်သား ပျက်စီးမှုသက်သာစေခြင်း
ရေနွေးတစ်လှည့်၊ ရေအေးတစ် လှည့်ဖွင့်ပြီး ရေချိုး ကြည့်ပါ။ ရေနွေးကြောင့် ခန္ဓာကိုယ်သွေးများအရေပြား တဝိုက်လှည့်ပတ်စီးဆင်းစေပြီး ရေအေးကသွေးများကို ကလီစာများ ထံစီးဆင်းစေသည်။  
(၆)ကြွက်သားနာကျင်ကိုက်ခဲမှု သက်သာစေခြင်း
အားကစားသမားများ၌ လေ့ကျင့်ခန်းအပြင်း အထန် လုပ်ပြီးချိန် ရေအေးနှင့်ရေချိုးခြင်း၊ ရေစိမ်ခြင်းပြုပါက ကြွက်သားရောင်ရမ်းမှုနှင့် နာကျင်ကိုက်ခဲမှု သက်သာစေ သည်။