သွေးတိုးရှိနေပြီလား ... ???
" သွေးတိုးအကြောင်းသိကောင်းစရာ "
သွေးပေါင်ချိန်ပမာဏ မြင့်တက်ခြင်းကို သွေးတိုးသည်ဟု ပြောဆိုကြပါသည်။ သွေးပေါင်ချိန်ပမာဏ ဆိုသည်မှာ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးများမှ သွေးလွှတ်ကြောနံရံပေါ်သို့ သက်ရောက်သော ဖိအားကို ဆိုလိုပါသည်။
သွေးပေါင်ချိန်ပမာဏကို မီလီမီတာမာကျူရီ (mmHg) ဟူသော ယူနစ်ဖြင့် ဖော်ပြပါသည်။
အပေါ်သွေးပေါင်ချိန်ပမာဏနှင့် အောက်သွေးပေါင်ချိန်ပမာဏဟူ၍ နှစ်မျိုးရှိပါသည်။ သွေးပေါင်ချိန်ကို ဖော်ပြရာတွင် ဥပမာအားဖြင့် ၁၂၀/ ၈၀ ဟူသော ဂဏန်းနှစ်မျိုးဖြင့် ဖော်ပြပါသည်။ သွေးတိုးသောအခါ ၄င်းပမာဏနှစ်ခုအနက်မှ အပေါ်သွေးတစ်မျိုးတည်းဖြစ်စေ၊ အောက်သွေးတစ်မျိုးတည်းဖြစ်စေ၊ အပေါ်သွေးအောက်သွေးနှစ်မျိုးစလုံးဖြစ် စေ မြင့်တက်နိုင်ပါသည်။
အပေါ်သွေးပေါင်ချိန်ဆိုသည်မှာ နှလုံးမှ သွေးများကို ညှစ်ထုတ်လိုက်စဉ်တွင် သွေးလွှတ်ကြောနံရံများ ပေါ်သို့ သက်ရောက်သောဖိအား (Systolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၄၀)ထက် မြင့်တက်နေပါက အပေါ်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၁၂၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
အောက်သွေးပေါင်ချိန်ပမာဏဆိုသည်မှာ နှလုံးမှသွေးများကို ညှစ်ထုတ်ပြီးနောက် ပြန်လည်အနားယူချိန်တွင် သွေးလွှတ်ကြော နံရံများပေါ်သို့ သက်ရောက်နေသောဖိအား (Diastolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အောက်သွေးပေါင်ချိန်ပမာဏသည် (၉၀) ထက်မြင့်တက်နေပါက အောက်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၈၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၂၀)နှင့် (၁၃၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း၊ အောက်သွေးပေါင်ချိန် ပမာဏသည် (၈၀) နှင့် (၈၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း ၄င်းကို အကြိုသွေးတိုး (Pre- hypertension) ဟုခေါ်ပါသည်။အကြိုသွေးတိုး ရှိနေပြီဆိုပါက မကြာမီ သွေးတိုးရောဂါ ဖြစ်နိုင်ပါသည်။
သွေးပေါင်တက်ခြင်း၊ ကျခြင်းအပေါ် သက်ရောက်မှုရှိသည့် အချက်များစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ-
(၁) ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်ပမာဏ
(၂) သွေးကြောများ၏ အခြေအနေ၊ အာရုံကြောအဖွဲ့အစည်း၏ အခြေအနေ၊ ကျောက်ကပ်များ၏ လုပ်ဆောင်မှု အခြေအနေ
(၃) ဟော်မုန်းဓာတ် ပမာဏ
စသည်တို့ ဖြစ်ကြပါသည်။
အသက်အရွယ်ကြီးရင့်လာသောအခါ အများအားဖြင့် သွေးပေါင်ချိန်တိုးလာတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ကြီးလာသောအခါ သွေးကြောနံရံများ ထူ၍မာလာသောကြောင့် ဖြစ်ပါသည်။ သွေးတိုးရောဂါရှိခြင်းကြောင့် လေဖြတ်ခြင်း၊ ရုတ်တစ်ရက် နှလုံးရပ်ခြင်း (heart attack)၊ နှလုံးပျက်စီးခြင်း (heart failure) နှင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်နိုင်ပါသည်။
အောက်ဖော်ပြပါ အခြေအနေများကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမိုများပြား နိုင်ပါသည်။
(၁) အ၀လွန်ခြင်း
(၂) စိတ်ဖိစီးမှုများခြင်း၊ ထိတ်လန့်ကြောက်ရွံ့မှုများခြင်း
(၃) နေ့စဉ် စားသောက်မှုတွင် ဆားဓာတ်ပမာဏများခြင်း
(၄) မိဘမျိုးရိုးအတွင်း သွေးတိုးရောဂါရှိခြင်း
(၅) ဆီးချိုရောဂါရှိခြင်း
(၆) ဆေးလိပ်သောက်ခြင်း
တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့် သွေးတိုးရသည်ကို တိတိကျကျ ကောက်ချက် မချနိုင်တတ်ပါ။ ထိုကဲ့သို့သော သွေးတိုးခြင်းမျိုးကို ဖြစ်စဉ်မသိသွေးတိုးခြင်း (essential hypertension) ဟုခေါ်ပါသည်။
အခြားသောရောဂါတစ်ခုခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုအတွက် သုံးစွဲနေရသော ဆေးဝါးများ ကြောင့် သွေးတိုးခြင်းကို အခြားအကြောင်း ကြောင့် သွေးတိုးခြင်း (secondary hypertension) ဟုခေါ်ပါသည်။
အခြားအကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဖြစ်စေနိုင်သော အချက်များမှာ
(၁) အရက် အလွန်အကျွံသောက်သုံးခြင်း
(၂) သွေးကြောနံရံများ ထူလာခြင်း
(၃) နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း
(၄) ဆီးချိုရောဂါရှိခြင်း(ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း)
(၅) အင်ဒိုခရိုင်းပုံမမှန်ခြင်း
ဥပမာ-သိုင်းရွိုက်ပုံမမှန်ခြင်း (thyroid disorders)
ကူးရှင်းရောဂါ(Cushing syndrome)
(၆) ကျောက်ကပ်သွေးကြောကျဉ်းခြင်း(re nal artery stenosis)
စသည်တို့ဖြစ်ကြပါသည်။
အချို့သောဆေးဝါးများကြောင့်လည်း Secondary hypertension ဖြစ်နိုင်ပါသည်။
ဥပမာ-
(၁) အစာစားချင်စိတ်လျှော့ချသော ဆေးဝါးများ(appetite suppressants)
(၂) သန္ဓေတားဆေးများ(birth control pills)
(၃) တစ်ချို့သော အဖျားကျဆေးများ
(၄) စတီးရွိုက်ဆေးများ
(၅) ခေါင်းကိုက်ပျောက်ဆေးများ(migra ne medications)
စသည်တို့ဖြစ်ကြပါသည်။
သွေးတိုးသောအခါ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။
ရောဂါလက္ခဏာပြသောအခါ
(၁) စိတ်ရှုပ်ထွေးခြင်း
(၂) နားအူခြင်း
(၃) နုန်းခွေခြင်း
(၄) ခေါင်းကိုက်ခြင်း
(၅) နှလုံးတုန်ခြင်း
(၆) နှာခေါင်းသွေးလျှံခြင်း
(၇) အမြင်ေ၀၀ါးခြင်း တို့ကို ခံစားရနိုင်ပါသည်။
အထက်ပါရောဂါလက္ခဏာများထဲမှ တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားရပါက သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်ဖြစ်နိုင်သကဲ့သို့ အသက်အန္တရာယ်ရှိသော သွေးတိုးခြင်း (malignant hypertension) ကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဆရာဝန်မှ သွေးပေါင်ချိန်ကြည့်ပြီး သွေးပေါင်တက်နေပါက ဆေးသောက်ရန်လိုမလို၊ သောက်ရန်လိုအပ်ပါကလည်း မည်သည့်ဆေး သောက်ရမည်တို့ကို ညွှန်ကြားပါလိမ့်မည်။ ခဏတာ သွေးပေါင်အနည်းငယ် တိုးရုံမျှဖြင့် သွေးပေါင်ကျဆေးသောက်ရန် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ ဆရာဝန်မှ ဆေးသောက်ရန်မလိုအပ်ဟု ဆုံးဖြတ်ပါက စိတ်ရောကိုယ်ပါ အနားယူခိုင်းခြင်း၊ ခေါင်းကြည်စေရန် သံပုရာရည်သောက်ခိုင်းခြင်း၊ အဆီ၊ အငန် ကဲ့သို့ သွေးတိုးစေသော အစားအသောက်များအား ရှောင်ကျဉ်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချစေခြင်း စသည့်နည်းလမ်းများကို ညွှန်ကြားမည် ဖြစ်ပါသည်။ ထို့ပြင် သွေးပေါင်ချိန်ကို မကြာခဏ ချိန်ကြည့်ခြင်းဖြင့် ယာယီသွေးတိုးခြင်း သို့မဟုတ် သွေးတိုးရောဂါရှိခြင်းကို ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။
အကယ်၍ သွေးပေါင်ချိန်တိုင်းတာခြင်းကို ဒစ်ဂျစ်တယ် (digital) သွေးပေါင်ချိန်တိုင်းစက်ဖြင့် ဖြစ်စေ၊ ပြဒါးတိုင်သွေးပေါင်ချိန်စက်ဖြင့် ဖြစ်စေ မိမိအိမ်တွင် သွေးပေါင်ချိန်မည်ဆိုပါက နောက်ဆုံးတိုင်းတာထားသော သွေးပေါင်ချိန် အမှတ်၊ ပျမ်းမျှအပေါ်သွေးပေါင်ချိန်အမှတ်နှင့် အောက်သွေးပေါင်ချိန်အမှတ် စသည်တို့ကို သိရှိထားရန်လိုအပ်ပါသည်။
အိမ်တွင်သွေးပေါင်ချိန်ပြီးနော က် သွေးတိုးသည်ဖြစ်စေ၊ သွေးပေါင် ကျသည်ဖြစ်စေ မိမိသဘောဖြင့် သွေးပေါင်ကျဆေးကို တိုးသောက်ခြင်း၊ လျော့သောက်ခြင်းတို့ကို မပြုလုပ်သင့်ပါ။ ဆရာဝန်အား အကြောင်းကြား တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသင့်ပါသည်။
သွေးပေါင်ချိန်တက်လျှင် သွေးတိုးသည့် ပမာဏပေါ် မူတည်၍ နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနှင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် ထိခိုက်မှု ရှိမရှိကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးရာတွင် -
(၁) သွေးစစ်ဆေးခြင်း
(၂) အက်ဟိုး (Echocardiogram) ရိုက်ခြင်း
(၃) အီးစီဂျီ (ECG) ဆွဲခြင်း
(၄) ဆီးစစ်ခြင်း
(၅) တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound) ရိုက်ခြင်း
စသည်တို့ ပါဝင်နိုင်ပါသည်။
သွေးပေါင်ချိန်ကျစေရန်အတွက် ကုသရာတွင် သွေးပေါင်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန်အတွက် သင့်တော်သော သွေးပေါင်ချိန်ပမာဏ အတွင်းသို့ ရောက်ရှိနေစေရန် ရည်ရွယ် ကုသပါသည်။ ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀၊၈၀ ဟု သတ်မှတ်ထားသော်လည်း သွေးတိုးရောဂါရှင်အများစုတွင် ၄င်းသွေးပေါင်ချိန် အမှတ်သို့ ချက်ချင်းရောက်ရှိရန် ပြုလုပ်၍မရပါ။ အချိန် ကြာမြင့်စွာ သွေးတိုးနေသူအဖို့ သွေးပေါင်ချိန် ရုတ်တစ်ရက်ကျအောင် ဆေးဝါးများ အလွန်အကျွံ သုံးစွဲပါက အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောသူများတွင် သွေးတိုး၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေနိုင်သော သင့်တော်သည့် သွေးပေါင်ချိန်အတွင်းရှိနေစေရန် ရည်ရွယ် ကုသရပါသည်။ သင့်တော်သည့် သွေးပေါင်ချိန်ပမာဏသည် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိနိုင်ပါ။ တတ်ကျွမ်းနားလည်သော သမားတော်ကြီးများမှ သေသေချာချာ စစ်ဆေးပြီး သတ်မှတ်ပေးမည်ဖြစ်ပါသည်။
သွေးတိုးရောဂါအမျိုးအစားပေါ် မူတည်၍ အသုံးပြုသော သွေးပေါင်ကျဆေး အမျိုးအစားများစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ
(၁) Alpha blockers
(၂) ACEI
(၃) ARB
(၄) Beta blockers
(၅) Calcium channel blockers
(၆) Central alpha agonists
(၇) Diuretics
(၈) Vasodilators
စသည်တို့ဖြစ်ကြပါသည်။
ဆရာဝန်ညွှန်ကြားချက်အရ သွေးပေါင်ကျဆေးကို စနစ်တကျ သောက်ရမည့်အပြင်
(၁) သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
(၂) ကိုယ်အလေးချိန်လျှော့ချခြင်း
(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ပြောင်းလဲစားသောက်ခြင်း
စသည်တို့ကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ရပါမည်။ အကယ်၍ သင်သည် အကြိုသွေးတိုး(Pre-hypertension ) ရှိနေပြီဆိုပါက အထက်ပါအချက် သုံးချက်ကို အမြန်ဆုံး ဆောင်ရွက်သင့်ပါသည်။
ပရိသတ်များ ကိုယ်ရော၊ စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။
" သွေးတိုးအကြောင်းသိကောင်းစရာ "
သွေးပေါင်ချိန်ပမာဏ မြင့်တက်ခြင်းကို သွေးတိုးသည်ဟု ပြောဆိုကြပါသည်။ သွေးပေါင်ချိန်ပမာဏ ဆိုသည်မှာ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးများမှ သွေးလွှတ်ကြောနံရံပေါ်သို့ သက်ရောက်သော ဖိအားကို ဆိုလိုပါသည်။
သွေးပေါင်ချိန်ပမာဏကို မီလီမီတာမာကျူရီ (mmHg) ဟူသော ယူနစ်ဖြင့် ဖော်ပြပါသည်။
အပေါ်သွေးပေါင်ချိန်ပမာဏနှင့် အောက်သွေးပေါင်ချိန်ပမာဏဟူ၍ နှစ်မျိုးရှိပါသည်။ သွေးပေါင်ချိန်ကို ဖော်ပြရာတွင် ဥပမာအားဖြင့် ၁၂၀/
အပေါ်သွေးပေါင်ချိန်ဆိုသည်မှာ နှလုံးမှ သွေးများကို ညှစ်ထုတ်လိုက်စဉ်တွင် သွေးလွှတ်ကြောနံရံများ ပေါ်သို့ သက်ရောက်သောဖိအား (Systolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၄၀)ထက် မြင့်တက်နေပါက အပေါ်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၁၂၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
အောက်သွေးပေါင်ချိန်ပမာဏဆိုသည်မ
သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၂၀)နှင့် (၁၃၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း၊ အောက်သွေးပေါင်ချိန် ပမာဏသည် (၈၀) နှင့် (၈၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း ၄င်းကို အကြိုသွေးတိုး (Pre- hypertension) ဟုခေါ်ပါသည်။အကြိုသွေးတိုး ရှိနေပြီဆိုပါက မကြာမီ သွေးတိုးရောဂါ ဖြစ်နိုင်ပါသည်။
သွေးပေါင်တက်ခြင်း၊ ကျခြင်းအပေါ် သက်ရောက်မှုရှိသည့် အချက်များစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ-
(၁) ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်ပမာဏ
(၂) သွေးကြောများ၏ အခြေအနေ၊ အာရုံကြောအဖွဲ့အစည်း၏ အခြေအနေ၊ ကျောက်ကပ်များ၏ လုပ်ဆောင်မှု အခြေအနေ
(၃) ဟော်မုန်းဓာတ် ပမာဏ
စသည်တို့ ဖြစ်ကြပါသည်။
အသက်အရွယ်ကြီးရင့်လာသောအခါ အများအားဖြင့် သွေးပေါင်ချိန်တိုးလာတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ကြီးလာသောအခါ သွေးကြောနံရံများ ထူ၍မာလာသောကြောင့် ဖြစ်ပါသည်။ သွေးတိုးရောဂါရှိခြင်းကြောင့် လေဖြတ်ခြင်း၊ ရုတ်တစ်ရက် နှလုံးရပ်ခြင်း (heart attack)၊ နှလုံးပျက်စီးခြင်း (heart failure) နှင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်နိုင်ပါသည်။
အောက်ဖော်ပြပါ အခြေအနေများကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမိုများပြား နိုင်ပါသည်။
(၁) အ၀လွန်ခြင်း
(၂) စိတ်ဖိစီးမှုများခြင်း၊ ထိတ်လန့်ကြောက်ရွံ့မှုများခြင်း
(၃) နေ့စဉ် စားသောက်မှုတွင် ဆားဓာတ်ပမာဏများခြင်း
(၄) မိဘမျိုးရိုးအတွင်း သွေးတိုးရောဂါရှိခြင်း
(၅) ဆီးချိုရောဂါရှိခြင်း
(၆) ဆေးလိပ်သောက်ခြင်း
တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့် သွေးတိုးရသည်ကို တိတိကျကျ ကောက်ချက် မချနိုင်တတ်ပါ။ ထိုကဲ့သို့သော သွေးတိုးခြင်းမျိုးကို ဖြစ်စဉ်မသိသွေးတိုးခြင်း (essential hypertension) ဟုခေါ်ပါသည်။
အခြားသောရောဂါတစ်ခုခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုအတွက် သုံးစွဲနေရသော ဆေးဝါးများ ကြောင့် သွေးတိုးခြင်းကို အခြားအကြောင်း ကြောင့် သွေးတိုးခြင်း (secondary hypertension) ဟုခေါ်ပါသည်။
အခြားအကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဖြစ်စေနိုင်သော အချက်များမှာ
(၁) အရက် အလွန်အကျွံသောက်သုံးခြင်း
(၂) သွေးကြောနံရံများ ထူလာခြင်း
(၃) နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း
(၄) ဆီးချိုရောဂါရှိခြင်း(ဆီးချိုရေ
(၅) အင်ဒိုခရိုင်းပုံမမှန်ခြင်း
ဥပမာ-သိုင်းရွိုက်ပုံမမှန်ခြင်း
ကူးရှင်းရောဂါ(Cushing syndrome)
(၆) ကျောက်ကပ်သွေးကြောကျဉ်းခြင်း(re
စသည်တို့ဖြစ်ကြပါသည်။
အချို့သောဆေးဝါးများကြောင့်လည်း
ဥပမာ-
(၁) အစာစားချင်စိတ်လျှော့ချသော ဆေးဝါးများ(appetite suppressants)
(၂) သန္ဓေတားဆေးများ(birth control pills)
(၃) တစ်ချို့သော အဖျားကျဆေးများ
(၄) စတီးရွိုက်ဆေးများ
(၅) ခေါင်းကိုက်ပျောက်ဆေးများ(migra
စသည်တို့ဖြစ်ကြပါသည်။
သွေးတိုးသောအခါ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။
ရောဂါလက္ခဏာပြသောအခါ
(၁) စိတ်ရှုပ်ထွေးခြင်း
(၂) နားအူခြင်း
(၃) နုန်းခွေခြင်း
(၄) ခေါင်းကိုက်ခြင်း
(၅) နှလုံးတုန်ခြင်း
(၆) နှာခေါင်းသွေးလျှံခြင်း
(၇) အမြင်ေ၀၀ါးခြင်း တို့ကို ခံစားရနိုင်ပါသည်။
အထက်ပါရောဂါလက္ခဏာများထဲမှ တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားရပါက သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်ဖြစ်နိုင်သကဲ့သ
ဆရာဝန်မှ သွေးပေါင်ချိန်ကြည့်ပြီး သွေးပေါင်တက်နေပါက ဆေးသောက်ရန်လိုမလို၊ သောက်ရန်လိုအပ်ပါကလည်း မည်သည့်ဆေး သောက်ရမည်တို့ကို ညွှန်ကြားပါလိမ့်မည်။ ခဏတာ သွေးပေါင်အနည်းငယ် တိုးရုံမျှဖြင့် သွေးပေါင်ကျဆေးသောက်ရန် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ ဆရာဝန်မှ ဆေးသောက်ရန်မလိုအပ်ဟု ဆုံးဖြတ်ပါက စိတ်ရောကိုယ်ပါ အနားယူခိုင်းခြင်း၊ ခေါင်းကြည်စေရန် သံပုရာရည်သောက်ခိုင်းခြင်း၊ အဆီ၊ အငန် ကဲ့သို့ သွေးတိုးစေသော အစားအသောက်များအား ရှောင်ကျဉ်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချစေခြင်း စသည့်နည်းလမ်းများကို ညွှန်ကြားမည် ဖြစ်ပါသည်။ ထို့ပြင် သွေးပေါင်ချိန်ကို မကြာခဏ ချိန်ကြည့်ခြင်းဖြင့် ယာယီသွေးတိုးခြင်း သို့မဟုတ် သွေးတိုးရောဂါရှိခြင်းကို ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။
အကယ်၍ သွေးပေါင်ချိန်တိုင်းတာခြင်းကို
အိမ်တွင်သွေးပေါင်ချိန်ပြီးနော
သွေးပေါင်ချိန်တက်လျှင် သွေးတိုးသည့် ပမာဏပေါ် မူတည်၍ နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနှင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် ထိခိုက်မှု ရှိမရှိကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးရာတွင် -
(၁) သွေးစစ်ဆေးခြင်း
(၂) အက်ဟိုး (Echocardiogram) ရိုက်ခြင်း
(၃) အီးစီဂျီ (ECG) ဆွဲခြင်း
(၄) ဆီးစစ်ခြင်း
(၅) တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound) ရိုက်ခြင်း
စသည်တို့ ပါဝင်နိုင်ပါသည်။
သွေးပေါင်ချိန်ကျစေရန်အတွက် ကုသရာတွင် သွေးပေါင်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန်အတွက် သင့်တော်သော သွေးပေါင်ချိန်ပမာဏ အတွင်းသို့ ရောက်ရှိနေစေရန် ရည်ရွယ် ကုသပါသည်။ ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀၊၈၀ ဟု သတ်မှတ်ထားသော်လည်း သွေးတိုးရောဂါရှင်အများစုတွင် ၄င်းသွေးပေါင်ချိန် အမှတ်သို့ ချက်ချင်းရောက်ရှိရန် ပြုလုပ်၍မရပါ။ အချိန် ကြာမြင့်စွာ သွေးတိုးနေသူအဖို့ သွေးပေါင်ချိန် ရုတ်တစ်ရက်ကျအောင် ဆေးဝါးများ အလွန်အကျွံ သုံးစွဲပါက အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောသူများတွင် သွေးတိုး၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေနိုင်သော သင့်တော်သည့် သွေးပေါင်ချိန်အတွင်းရှိနေစေရန်
သွေးတိုးရောဂါအမျိုးအစားပေါ် မူတည်၍ အသုံးပြုသော သွေးပေါင်ကျဆေး အမျိုးအစားများစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ
(၁) Alpha blockers
(၂) ACEI
(၃) ARB
(၄) Beta blockers
(၅) Calcium channel blockers
(၆) Central alpha agonists
(၇) Diuretics
(၈) Vasodilators
စသည်တို့ဖြစ်ကြပါသည်။
ဆရာဝန်ညွှန်ကြားချက်အရ သွေးပေါင်ကျဆေးကို စနစ်တကျ သောက်ရမည့်အပြင်
(၁) သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
(၂) ကိုယ်အလေးချိန်လျှော့ချခြင်း
(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ပြောင်းလဲစားသောက်ခြင်း
စသည်တို့ကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ရပါမည်။ အကယ်၍ သင်သည် အကြိုသွေးတိုး(Pre-hypertension
ပရိသတ်များ ကိုယ်ရော၊ စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။
0 comments:
Post a Comment