တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label photoshop. Show all posts
Showing posts with label photoshop. Show all posts

Friday, July 8, 2016

Multichannel သုံးပြီး RGB နှင့်အနီးစပ်ဆုံး CMYK သို့ပြောင်းခြင်း.




ပထမဦးဆုံးပြောချင်တာက
ကျွန်တော်တင်ပေးထားတဲ့ ပုံနှစ်ပုံကိုသေချာကြည့်စေချင်ပါတယ်
Image > Mode > CMYK ကို ပြောင်းလိုက်တဲ့အခါ
color swatches တွေရဲ့ တန်ဖိုးတွေ သိသိသာသာကို ပြောင်းလဲသွားတာပါ
ဓာတ်ပုံဆိုရင်လည်း အလားတူပါပဲ

ကဲ Multichannel အသုံးပြုနည်းလေး စလိုက်ရအောင်
သိပ်မခက်ပါဘူး
၁) Image > Mode > CMYK ပြောင်းပါ
Channel ကို သွားပြီး Black Channel ကို Select All ပေးပြီး
Copy Merged (Ctrl + Shift + C) နှိပ်ပါ
ပြီးရင် မူလ RGB ပြန်ရောက်တဲ့အထိ Undo (Ctrl + Z) သွားပါ
၂) မူလ RGB ပြန်ရောက်ပြီဆိုရင် Image > Mode > Multichannel ကို နှိပ်ပါ
Channel သွားပြီး New Channel ယူလိုက်ရင်
alpha 1 ဆိုတဲ့ အနက်ရောင် Channel တစ်ခုရပါလိမ့်မယ်
ရလာတဲ့ အနက်ရောင် alpha 1 ကို အဖြူရောင်ပြောင်းပေးလိုက်ပါ
၃) alpha 1 အဖြူရောင်ဖြစ်ပြီးရင်တော့ Image > Mode > CMYK ပြောင်းပြီး
အဖြူရောင်ဖြစ်နေတဲ့ black channel မှာ Ctrl + V နဲ့
စောစောက copy လုပ်ထားတာကို Paste လုပ်ပေးလိုက်ပါ
၎) ဒါဆိုရင်တော့ နောက်ဆုံးအနေနဲ့ New Adjustment Layer မှာ
Hue/Saturation ကိုခေါ်ပြီး Blending Mode မှာ Color ပေးလိုက်ပါ
Saturation ရဲ့ တန်ဖိုးကိုတော့ +50 ကနေ +60 ကြား
(လိုအပ်သလို) ချိန်လိုက်ယုံပါပဲဗျာ
လိုအပ်မယ်ဆိုရင်တော့ အခု ဒီအဆင့်တွေအကုန်လုံးကို
action လုပ်ပေးပါ့မယ်။ 1 click ပေါ့
ရုတ်တရက်ကြည့်ရင် အဆင့်များတယ်လို့ထင်ရပေမယ့်
လုပ်ကြည့်ရင်လွယ်ပါတယ်ဗျာ
#Note
indexed color နဲ့ 32-bit ဖိုင်များကိုတော့ Multichannel အဖြစ်ပြောင်းလို့မရပါ
Flatten ဖြစ်နေရင် Copy Merged ဟာ hidden ဖြစ်နေလို့
Layer 0 အဖြစ်ပြောင်းလဲပေးရပါမယ်။

shake ဖြစ်နေတဲ့ ဓာတ်ပုံတစ်ပုံကို ပြင်ဆင်နည်း










ကဲမိတ်ဆွေ
တစ်ကယ်လို့များ shake ဖြစ်နေတဲ့ ဓာတ်ပုံတစ်ပုံကို
မဖြစ်မနေ ဒီဇိုင်းလုပ်ရတော့မယ်ဆိုရင် ဘာလုပ်ကြမလဲ ?
အဲ့ဒီမှုန်ဝါးနေတဲ့ ဓာတ်ပုံတစ်ပုံကို လုံးဝကြည်လင်သွားဖို့အတွက် Photoshop မှာ ဘာတွေသုံးပြီး ကယ်ဆယ်ရေးလုပ်ကြမလဲ ?
smart sharpen တို့ Unshark Mask တို့သုံးမယ်လို့
ဆုံးဖြတ်လိုက်ရင်တော့ ဆက်ဖတ်လို့ရပါပြီ

#Camera_Shake_Reduction
အကယ်၍များ မိတ်ဆွေဟာ ဓာတ်ပုံဆရာတစ်ယောက်သာဆိုရင်
မကြာခဏ ဒီလိုဝါးတားတားပုံတွေကို ရိုက်ကူးမိနိုင်တာ သေချာသလောက်ပါပဲ။
ဒီအတွက် Phoshop CC 14 မှာ Camera Shake Reduction ကို
စတင်ထည့်သွင်းပေးလိုက်ပါတယ်။ CC Version 14.1မှာ လုပ်ဆောင်ချက်တွေကို တိုးမြှင့်လာခဲ့ပေမယ့် နောက်ပိုင်း Version တွေ (14.2, 2014, 2015..) မှာတော့ ဆက်လက်တိုးတက်လာတာ မတွေ့မိတော့ဘူးဗျ
Shake Reduction ဆိုတာကြီးက
မိတ်ဆွေရဲ့ ပုံကို ရိုက်ကူးစဉ်က ဘယ်လိုပုံစံမျိုးစုံပဲ ၀ါးခဲ့ပါစေ ပြင်ပေးနိုင်ပါတယ်။
ဆိုလိုတာက ကင်မရာကို အလျားလိုက်၊ ဒေါင်လိုက် လှုပ်ခါခဲ့တာ၊ စက်ဝိုင်းသဏ္ဍာန်လည်သွားတာ၊ ဘယ်ပြန်ညာပြန် လှုပ်ခါခဲ့မိတာတွေကို အလိုအလျောက် ပြင်ပေးနိုင်ပါတယ်
စလိုက်ကြရအောင်ဗျာ
သင့်ရဲ့ ၀ါးတားတား ပုံကြီးကို Photoshop မှာ အရင်ဖွင့်လိုက်ဦး
ပြီးရင်တော့ Filter > Sharpen > Shake Reduction ကိုသွားပါ
ဒီလိုဖွင့်လိုက်တယ်ဆိုရင်ပဲ မိတ်ဆွေရဲ့ ဓာတ်ပုံကို ရသလောက်အခြေအနေနဲ့
အသင့်လျော်ဆုံးဖြစ်အောင် shake reduction filter က ခန့်မှန်းပြင်ဆင်ပေးပါလိမ့်မယ်။
ပုံပေါ်မှာတော့ blur trace bounds တစ်ခုပေါ်လာမှာဖြစ်ပါတယ်။
ညာဘက် panel မှာရှိနေတဲ့ blur trace bounds မှာ size ကတော့
တစ်ပုံနဲ့တစ်ပုံပေါ်မူတည်ပြီး ပြောင်းလဲနေပါလိမ့်မယ်။
အလိုအလျောက်ခန့်မှန်းတွက်ချက်ပေးနေတာကိုး။
smoothing ဆိုတာကတော့ သင့်ဓာတ်ပုံမှာ Noise တွေရှိနေရင် လျော့ချပေးမှာပါ။
photoshop က default အနေနဲ့ 30 သတ်မှတ်ပေးထားပေမယ့်
မိတ်ဆွေ အဆင်ပြေသလောက် ချိန်ညှိပေါ့ဗျာ။
(ဓာတ်ပုံတစ်ပုံ shake ဖြစ်တာနဲ့ Noise ဖြစ်တာဟာ
ကင်မရာသဘောအရ ဆက်စပ်မှုရှိပေမယ့် ဒီနေရာမှာတော့ ချန်လှပ်ခဲ့ပါရစေ)
artifact suppression
တစ်ခါတစ်ရံ ဓာတ်ပုံဟာ သိပ်ပြီး sharp ဖြစ်လွန်းတဲ့အခါ ပုံရိပ်ရဲ့ အနားစွန်းလေးတွေမှာ Noise artifacts တွေကို သတိထားမိလောက်အောင် ဖြစ်နေပါလိမ့်မယ်။ ဒါကို ထိန်းချုပ်ဖို့အတွက် artifact suppression ကို enable ပေးထားဖို့လိုပါလိမ့်မယ်။ (ကျွန်တော်တင်ပေးထားတဲ့ ပန်းပွင့်ပုံကိုကြည့်ပါ)
ဒီလောက်နဲ့တင်ပဲ မိတ်ဆွေရဲ့ဓာတ်ပုံက အဆင်ပြေကောင်းပြေသွားနိုင်ပါတယ်
ဒီထက်ပိုပြီး ပြင်ချင်သေးတယ်ဆိုရင်တော့ advance panel ကနေလည်း
စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်။
လာပါဗျာ။ ဆက်လုပ်လိုက်ရအောင် :D
advance panel ကိုဖွင့်လိုက်ရင်တော့
အမဲရောင် blur trace icon ကို မြင်ရပါလိမ့်မယ်။
(1) ကတော့ နောက်ထပ် blur trace တွေထပ်ယူဖို့ပါ။ မူလရှိပြီးသားအတိုင်း နောက်ထပ်တစ်ခု ထပ်ယူချင်သေးတယ်ဆိုရင် Layer copy လုပ်သလို (1) အပေါ်ကို drag and drop လုပ်နိုင်ပါတယ်
(2) Unlock Detail ကို နှိပ်လိုက်ရင်တော့ panel ပေါ်ကနေထွက်ပြီး ပုံပေါ်ကို ကျသွားပါလိမ့်မယ်။ နေရာရွေ့ပြီး ကြည့်နိုင်သလို mouse ကို ဖိထားပြီးတော့လည်း before and after နိုင်းယှဉ်ကြည့်နိုင်ပါတယ်။
1x ဆိုတာကတော့ မူလအရွယ်အစားအတိုင်းမြင်ရမှာဖြစ်ပြီး 2x 4x အစရှိသဖြင့်လည်း အရွယ်အစားကို ချဲ့ကြည့်နိုင်ပါသေးတယ်။
Detail ရဲ့ ဘယ်ဘက်အောက်ဆုံးမှာရှိနေတဲ့ (4) Enhance at Loupe Location ဆိုတာလေးကိုလည်း ပြောပြချင်ပါသေးတယ်။ မိတ်ဆွေရဲ့ ဓာတ်ပုံကို နေရာရွှေ့ပြီး click နှိပ်လိုက်တဲ့နေရာအတိုင်း Details က အဲ့ဒီနေရာကို လိုက်လံဖော်ပြပေးနေမှာပါ။ ဒီလိုပြောင်းလဲသွားတိုင်းမှာ Enhance at Loupe Location လေးကို နှိပ်လိုက်ရင်တော့ မိတ်ဆွေသုံးနေတဲ့ Blur Trace Bound ကပါ အဲ့ဒီနေရာကို ပြောင်းလဲရောက်ရှိလာမှာပါ။
(4) Shake Reduction ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Blur Estimation Tool ကတော့ လက်ရှိသုံးနေတဲ့ Blur Trace Icon ရဲ့ အရွယ်အစားကို ပြုပြင်ပေးဖို့နဲ့ နောက်ထပ် blur trace အသစ်တွေကို Drag လုပ်ပြီး ရယူနိုင်ပါတယ်။
အောက်ဆုံးမှာရှိနေတဲ့ Zoom Tool နဲ့ Hand Tools ရဲ့ shortcut တွေကတော့ ပြောပြစရာမလိုတော့ဘူးထင်ပါတယ်။
advance ဆိုတဲ့စကားလုံးရဲ့ ညာဘက်စွန်းစွန်းမှာတော့ လက်ရှိလုပ်ထားတဲ့ setting တွေကို save လုပ်ဖို့နဲ့ အရင်လုပ်ထားတာတွေကို Load ဆိုတာလေးကိုလည်း အချိန်အားရင် စမ်းကြည့်ပေါ့ဗျာ။
ဒီအချိန်လောက်ဆိုရင် မိတ်ဆွေအနေနဲ့ (4) Blur Estimation Tool အောက်က Blur Direction Tool ဆိုတာ ဘာလဲသိချင်နေမှာပေါ့။ တစ်ကယ်တော့ ကျုပ်လည်း အဲဒါကြီးကို မသိဘူးဗျ။
နောက်တာပါဗျာ။ စာရှည်မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပြီမိတ်ဆွေ ..........

Tuesday, March 25, 2014

photoshop နှင့်အရောင်ခြယ်သမှုများ စာအုပ်

အားလုံးပဲမင်္ဂလာပါဗျာ photoshop အခြေ ခံလေ့လာနေတဲ့မိတ်ဆွေများအတွက်
 photoshop နှင့်အရောင်ခြယ်သမှုများ  စာအုပ် လေးမျှဝေလိုက်ပါတယ်
မိမိတို့ ဝတ်ဆင်ထားသော အိကျီ င်္များကို အရောင်ပြောင်းခြင်း
ဆံကေသများကို ဖလန်းဖလန်းထအောင်အရောင်ပြောင်းခြင်း
မှောင်မဲသောမျက်နှာများကို ဖြူဖွေးတောက်ပအောင်ခြယ်သခြင်း
photoshop သမားများအတွက် ရှိထားသင့်တဲ့ စာအုပ်လေးပါ
DWNLOAD>>>>LINK 1 LINK 2

Wednesday, July 31, 2013

How To Remove Unwanted People (Photoshop သင်ခန်းစာ)

                                                      မပြုပြင်မီပုံ
အခုကျွန်တော် Photoshop နဲ့ပတ်သက်တဲ့နည်းပညာလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါသေးတယ်။
ဒါကဘာလဲဆိုတော့ ကိုယ့်ရဲ့ကောင်မလေးနဲ့လားဒါမှမဟုတ်ကောင်းလေးနဲ့လား ? အလယ်သွားရာမှ
ကန့်လန့်ပါနေတဲ့ အလိုက်မသိတဲ့ ဘော်ဘော်တစ်ချို့ကိုအခုပြမဲ့နည်းလေးနဲ့ဖျောက်ပြစ်လိုက်မယ်။
ပုံသေးလို့မမြင်ရရင် ပုံကိုတစ်ချက်ကလစ်လိုက်ပါ။
                                                       ဒါကတော့ပြုပြင်ပြီးပုံ
စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်.....အရမ်းလွယ်ပါတယ်။
ပုံ 1 ။။ နံပါတ်တွေကိုတဆင့်ချင်းပြောပြသွားပါမယ်။သေချာအရင်ကြည့်ပေးပါ။
နံပါတ် ၁ ။ New Layer ယူဖို့အတွက် ပြထားတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ။
နံပါတ် ၂ ။ Clone Stamp tool (s)ကိုယူလိုက်ပါမယ်။
နံပါတ် ၃ ။ ပြထားတဲ့နေရာမှာ All Layers ကိုယူပါမယ်။
နံပါတ် ၄ ။ ပြထားတဲ့နေရာမှာ ရာခိုင်နှုန်း 80 လောက်ပဲထားလိုက်ပါ။ 2ခုလုံးနော်။ရှေ့ကဟာာပါ။
နံပါတ် ၅ ။ အပေါ်ကအဆင့်တွေပြီးပြီဆိုရင် အခုပြထားတဲ့နေရာမှာ ကီးဘုတ်ကနေ Alt ကို
တစ်ချက်နှိပ်လိုက်ပါ။အ၀ိုင်းလေးကိုလည်း သိပ်မကြီးစေနဲ့နော်။အိုကေနောက်အဆင့်တွေဆက်သွားမယ်။
ပုံ2 ။။ နံပါတ် ၁ ပြထားတဲ့အ၀ိုင်းအနေအထားလောက်ပဲထားပါ။နဲနဲလောက်ဖြတ်ကြည့်လိုက်ပါ။
နံပါတ် ၂ ပြထားတဲ့နေရာမှ + လေးကျန်နေခဲ့တာတွေရပါမယ်။မမြင်ရရင်ပုံကိုနှိပ်ပြီးကြည့်ပါ။
ဆိုလိုချင်တာက ဒီ + နေရာကအကွက်လေးကို ကိုယ်ဖျတ်လိုက်တဲ့နေရာမှာအစားထိုးလိုက်တာပဲ။
ပုံ 3 ။။ ပြထားတဲ့အတိုင်း ပုံကိုဖျတ်ရာမှာ ဟိုတစ်ကွက်ဒီတစ်ကွက်မဖျတ်ပါနဲ့။ဘာကြောင့်လဲဆိုတော့
မလှဘူးအကွက်တွေထပ်နေမယ်။ ဒါကြောင့် မျှားပြထားတဲ့အတိုင်း မောက်စ့်ကိုဖိပြီး ဟိုဘက်ဒီဘက်
ဘေးတိုက်တစ်ပြေးညီဖျတ်ပါ။

ပုံ 4 ။။ ခေါင်းဖျတ်တဲ့နေရမှာတော့အလွန်အကျွံဆွဲမဖျတ်ပါနဲ့။ သူ့ခေါင်းဧရိယာလောက်သာ
ဖြေးဖြေးချင်းဖျတ်ပါ။
ပုံ 5 ။။ ပုံဖြတ်ပြီးရင်လည်းသေချာကြည့်အုန်း။ အရိပ်ကလေးကျန်နေသေးတယ်။ဒီလိုအလိုက်ကန်း
မသိတဲ့ဘော်ဘော်ကိုအရိပ်တောင်မထားနဲ့....ဖျတ်....
                   အားလုံးပြီးသွားပြီဆိုရင် အောက်ကပုံလေးအတိုင်းပေါ့နော်။
           အားလုံးပဲနည်းပညာတိုးတက်ကြပါစေ။

How to make Face Zombie !!!!(ဖိုတိုရှော့စ်သင်ခန်းစာ)

                                       ဒါကတော့ ပြုပြင်ပြီးပုံပါ။
                                         ဒါကတော့ မပြုပြင်မီပုံပါ။
                                    ဒါကတော့မျက်နှာမှာအစားထိုးဖို့မရှိရင်ဒီမှာယူလိုက်
 ပုံကိုမမြင်ရရင် ပုံပေါ်နှိပ်ပြီးကြည့်ပါ။
 သူငယ်ချင်းတို့ကို ဒီတစ်ခါစိတ်ဝင်စားစရာ ဖိုတိုရှော့စ်နည်းပညာလေးတစ်ခုနဲ့မိတ်ဆက်
ပေးချင်ပါတယ်။ အခုချိန်ကလဲ ဗီဒီယိုကားဆိုရင် zombie | ဂိမ်းဆိုရင် zombie ဂိမ်းမှ
ကျွန်တော်သိသလောက်လေး ဓါတ်ပုံကို zombie လုပ်ကြည့်တာပေါ့။
သူငယ်ချင်းတို့စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်။

ပုံ 1။။ပထမဆုံးကိုယ်ပြုလုပ်မယ့် မျက်နှာပုံအရင်ယူလိုက်ပါ။ပြီးရင် မျက်နှာပေါ်မှာဒဏ်ရာလုပ်ဖို့
ပုံတစ်ပုံကို google မှာရှာလိုက်ပါ။ဒါမှမဟုတ်ရင်လည်း အပေါ်ကပုံကို ယူလိုက်ပါ။
 နံပါတ် ၁ ပြထားတဲ့အတိုင်း Lasso tool ကိုယူလိုက်ပါ။နံပါတ် ၂ ပြထားတဲ့အတိုင်း လိုသလောက်လေး
မောက်စ် ကိုဖိပြီး ၀ိုက်ယူလိုက်ပါ။

ပုံ2။။ ပုံကိုလိုသလောက် ၀ိုက်ယူပြီးသွားပြီဆိုရင် Select ကနေ Modify ပြီးရင် Feather ကိုယူလိုက်ပါ။

ပုံ 3။။ ပေါ်လာတဲ့ဘောက်ကနေ သှူုရဲ့တန်ဖိုးကို 20 ထားလိုက်ပါ။

ပုံ 4 ။။ ပြီးသွား၇င် ခုနက Lasso tool နဲ့ဖြတ်ထားတဲ့ပေါ်မှ Ctrl+C နှိပ်ပြီးကော်ပီလုပ်ပါ။
ပြီးရင် မျက်နှာပေါ်မှာ Ctrl + V နှိပ်ပြီး ပိတ်လုပ်လိုက်ပါ။ပြီးရင် Move tool လေးကိုယူပါ။
ခုနကကော်ပီ ယူလာတဲ့ဟာမှာခေးထောင်ဘောင်အကွက်ပေါ်လာပါမယ်။ တကယ်လိုသူငယ်ချင်းတို့
ရဲ့ဖိုတိုရှော့စ်မှာပေါ်မလာဘူးဆိုရင် အပေါ်ဘာတန်းလေးမှာ Auto ဆိုတဲ့အရှေ့မှာအမှန်ချစ်လေး
ထည့်လိုက်ပါ။ပြီးတော့သူ့နောက်မှာရှိတဲ့ Show ဆိုတဲ့အကွက်မှာရောထည့်လိုက်ပါ။ ရပြီဆိုရင်
လက်ပြထားတဲ့ထောင့်လေးကို မောက်စ်လေးကိုဖိပြီး လိုသလိုအကြီးအသေးချိန်လိုက်ပါ။
မောက်စ် မဖိခင်အရင်ဆုံး ကီးဘုတ်ကနေ Shift ကီးကိုဖိထားဖို့လိုပါတယ်။ဒါမှအချိုးစားညီမှာပါ။
လွှတ်ရင်လည်း မောက်စ် ကိုအရင်လွှတ်ပါ။ အိုကေ...ဆက်သွားမယ်။

ပုံ 5 ။။နေရာချထားပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Image ကနေ Adjustments ပြီးရင်
နံပါတ် ၂ ပြထားတဲ့အတိုင်း Color Balance ကိုယူလိုက်ပါ။

ပုံ 6 ။။ဒီလိုဘောက်လေးကျလာပါမယ်။ အဲ့ဒီမှာ ပုံမှာပြထားတဲ့အတိုင်း -19 +16 +1 ထားလိုက်ပါ။
ပြီးရင်အိုကေနော်။

ပုံ 7။ ။ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Image ကနေ နံပါတ် ၂ ပြထားတဲ့အတိုင်း
Brightness/Contrast ကိုယူလိုက်ပါ။

ပုံ 8။။ ကျလာတဲ့ဘောက်ကနေ -32 -13 လောက်ထားလိုက်ပါ။မမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ။

ပုံ 9 ။။ ဒီအဆင့်တွေပြီးသွားရင် အပေါ်ကအဆင့်တွေအတိုင်းပဲ နောက်ထပ် ဒဏ်ရာပုံထဲကနေ
မိမိအဆင်ပြေမယ်ထင်တဲ့နေရာလေးတွေကို ဖျတ်ယူပြီး ခုနအဆင့်တွေအတိုင်းပဲ ယူယူပြီး
ထားသွားလိုက်ပါ။ ပုံ 1 ကနေ 8 ထိအတိုင်းပဲနော်။ 1 ခုချင်းလိုက်ပြနေရင်ပုံတွေများသွားလိမ့်မယ်။

ပုံ 10။။ ရပြီဆိုရင်ဒီအဆင့်မှာ မျက်လုံးကိုကာလာပြောင်းပါမယ်။နံပါတ် ၁ ပြထားတဲ့အတိုင်း
Brush tool ကိုယူလိုက်ပါ။ ပြီးရင် နံပါတ် ၂ ပြထားတဲ့အတိုင်း ကာလာနေရာမှ အ၀ါရောင်လေး
ယူလိုက်ပါ။ နံပါတ် ၃ ပြထားတဲ့အတိုင်း သူ့ရဲ့အရောင်တန်ဖိုးကို 2ခုလုံးနော် 40%လောက်ထားပါ။
ပြီးရင်မျက်လုံးထဲက မျက်စံအမည်းဝိုင်းလေးကိုပဲ အ၀ါရောင်ချယ်ပေးလိုက်ပါ။

ပုံ 11။။ဒီအဆင့်မှာတော့ လက်ပြထားတဲ့ Layer တွေကို တစ်ခုချင်းကီးဘုတ်ကနေ Shift ကီး
နှိပ်ပြီး တစ်ကွက်ချင်းအကုန်လိုက်နှိပ်ပေးပါ။

ပုံ 12။။ အကုန်လုံး ပြီးသွးပြီဆိုရင် အဲ့ဒီ့ပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ပေါ်လာတဲ့ဘောက်ကနေ
လက်ပြထားတဲ့နေရာ Duplicate Layer ကိုနှိပ်လိုက်ပါ။

ပုံ 13 ။။ အဲ့ဒီမှာ အကွက်တွေနောက်ထပ်တိုးလာပါမယ်။တိုးလာတဲ့အကွက်တွေထဲမှာ
Background copy ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

ပုံ 14 ။။ပြီးရင် Image ကနေ Adjustments ပြီးရင် Hue/Saturation ကိုနှိပ်လိုက်ပါ။

ပုံ 15။။ ပေါ်လာတဲ့ဘောက်ကနေ အရင်ဆုံးလက်ပြထားတဲ့နေရာမှ Colorize ကို
အမှန်ချစ်ပေးလိုက်ပါ။ပြီးရင် တန်းဖိုးကို 82  15  -1  ထားလိုက်ပါ။ကိုယ်ကြိုက်သလို
ချိန်ကြည့်ပေါ့နော်။ ဘယ်လိုကာလာလေးဆိုရင်ဒီဇိုင်းပိုလှမလဲပေါ့။

ပုံ 16 ။။ အားလုံးပြီးသွားရင် Save as လုပ်လိုက်ရုံပါပဲ။
                                             အားလုံးအဆင်ပြေကြပါစေ။
                       ဖိုတိုရှော့စ်နဲ့ပတ်သက်တဲ့သင်ခန်းစာများကို ဖိုတိုရှော့စ်သင်ခန်းစာများ
        ဆိုတဲ့ခေါင်းစဉ်ထဲမှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

Sunday, June 16, 2013

ဖိုတိုရှော့နည်းပညာ


 ကဲ ဒီတစ်ခါတော့ ဖိုတိုရှော့သုံးပြီး စာတိုက်ပုံလေးတစ်ခုလောက်ဆွဲကြည့်ရအောင်နော်။ အဆင့်တွေကို သေချာပုံနဲ့ရှင်းပြထားပါတယ်။ သူငယ်ချင်းတို့ အတွက်လွယ်အောင်လို့ပါ။  ပထမဆုံး File>new ဖြင့်ပေ့တစ်ခုယူလိုက်ပါ။ ထားရမဲ့ဆိုဒ်တွေကတော့

width: 500 pix, heigth:500 pix, Resolution: 72 ထားပြီး အိုကေပါ။ ကဲစပါမယ်။ ဒီပို့ဒ်မှာ အများဆုံးသုံးထားတာကတော့ Pen tool ပါ။
(၁) ပထမဆုံး Layer box မှ Create a new layer ကိုနှိပ်ပြီးလေယာအသစ်တစ်ခုယူလိုက်ပါ။ ပြီးရင်တော့ ခုအောက်မှာပြထားတဲ့အတိုင်း Tool box မှ Pen tool ကိုယူပြီးဆွဲလိုက်ပါ။




(၂) 1 မှ 7 ထိဆက်ဆွဲပြီးရင်တော့ ဆွဲထားတဲ့အပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ အဲ့ဒီအထဲကမှ Fill path ကိုရွေးလိုက်ပါ။



(၃) Fill path box မှ Use တွင် Color ကိုရွေးပါ။ ကျလာတဲ့ဘောက်မှာ R: 92, G: 94, B: 92 ပေး အိုကေ။



(၄) Layer>layer style> Blending Options (သို့) Layer box မှ Blending Options သင်ကြိုက် တာ နှိပ်ပါ။ Gradient Overlay ရွေးပါ။ Gradient မှာ Click to open Gradient picker ကိုနှိပ်ပါ။ အဲ့ဒီ အထဲကမှ Metals ကိုယူပါ။ ကျလာတဲ့အရောင်တွေထဲကမှ Silver ကိုယူပါ။ ကျွန်တော် အနီရောင်နဲ့ ပြထား ပါတယ်။




(၅) ပြီးရင်တော့ Angle : 144 ထားပြီး အိုကေလိုက်ပါ။



(၆) ဘေးမှ ပန်တိုးနဲ့ဆွဲထားတာကိုတော့ Ctrl ဖိပြီး Enter ခေါက်လိုက်ပါ။ စလက်ဖြစ်သွားပါမယ်။ စလက်ပေါ်မှာ ညာကလစ်နှိပ်ပြီး Deselect လုပ်လိုက်ပါ။ ဒါမှမဟုတ် Ctrl+ D ဖြင့်လည်းဖျောက်နိုင်ပါတယ်။



(၇) နောက်ထပ် Create a new layer ကိုနှိပ်ပြီးလေယာအသစ်တစ်ခုယူလိုက်ပါ။ ပြီးရင်တော့ ကျွန်တော် တို့ဆွဲထာတဲ့ အပေါ်အဖုံးရဲ့နောက်မှာဘဲ Pen tool ကိုအသုံးပြုပြီး လိုင်းတစ်လိုင်းဆွဲလိုက်ပါ။ ပုံရဲ့အနား အဖြစ်သုံးမှာပါ။ ပြီးရင် Pen tool  မှာ အမဲရောင်ပတ်မှာပါ။ ကျွန်တော်ပြထားတဲ့ အတိုင်း ဆွဲပြီးသွား ရင်တော့ Tool box မှ Brush tool ကိုယူပြီး Brush tip Shape မှာ 5 လောက် ထားလိုက်ပါ။ ကျွန်တော်ပုံ နဲ့ပြထားပါတယ်။



(၈) ဘရပ်ဆိုက်ယူပြီးသွားရင်တော့ Set foreground  color နဲ့ Set background color မှာ အဖြူအမဲထား လိုက်ပါ။။ D ကိုနှိပ်လိုက်ရင် အလွယ်တကူရပါလိမ့်မယ်။ ပြီရင်တော့ Pen tool ကိုပြန်ယူပါ။ ဆွဲထားတဲ့လိုင်းပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ ကျလာတဲ့ အထဲကမှ Stroke path ကိုနှိပ်လိုက်ပါ။ Tool နေ ရာမှာ Brush ကိုရွေးလိုက်ပါ။



(၉) Layer>layer style> Blending Options (သို့) Layer box မှ Blending Options သင်ကြိုက် တာ နှိပ်ပါ။  Bevel and Emboss ကိုရွေးပါ။ ပုံမှာပြထားတဲ့အတိုင်း စက်တင်တွေထားပေးပါ။ အနောက်က အမဲရောင် ဘောင်ကွပ်လေးကို လုံးသွားအောင်ပြုလုပ်လိုက်တာပါ။



(၁၀)  ပုံးရဲ့ရှေ့အတွက်လည်း ဘောင်လေးတစ်ခုလုပ်ရမှာဖြစ်တဲ့အတွက် Layer box မှ Create a new layer ကိုနှိပ်ပြီးလေယာအသစ်တစ်ခုယူလိုက်ပါ။ ပြီးရင်အဆင့် (၈) မှာ ပါတဲ့အတိုင်း Pen tool ကိုသုံးပြီး အနားတစ်ခုဆွဲလိုက်ပါ။   ရှေ့ဘောင်အတွက်ပါ။ ဆွဲပြီးသွားရင် Blending Options မှာ Gradient Overlay  ရွေးပါ။ Angle : 115  ထားပါ။ Gradient အရောင်ကတော့ Silver ပဲထားပါ။ ကျွန်တော်ပုံနဲ့ ပြထားပါတယ်။ စာနဲ့မိုလို့ ရှည်နေတာပါ။ အမှန်ကလွယ်ပါတယ်။



(၁၁) ပုံအခွန်အတွက်ဒီလောက်ပါဘဲ။ နောက်ထပ်ရှေ့ထွက်နေတဲ့ပုံးအဖုံးပြားဆွဲပါမယ်။ လေယာအသစ်တစ်ခု ထပ်ခေါ်ပါ။ Pen tool သုံးပြီး တော့ပုံးအဖုံးဆွဲပါ။ အောက်မှာပြထားတဲ့ပုံအတိုင်းပါ။



 (၁၂) ဆွဲထားတဲ့အပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ အဲ့ဒီအထဲကမှ Fill path ကိုရွေးလိုက်ပါ။ Fill path box မှ Use တွင် Color ကိုရွေးပါ။ ကျလာတဲ့ဘောက်မှာ R: 206, G: 219, B: 215 ပေး အိုကေ။  ဘေးမှ Pen too နဲ့ဆွဲထားတာကိုတော့ Ctrl ဖိပြီး Enter ခေါက်လိုက်ပါ။ စလက်ဖြစ်သွားပါမယ်။ စလက်ပေါ်မှာ
ညာက လစ်နှိပ်ပြီး Deselect လုပ်လိုက်ပါ။ ဒါမှမဟုတ် Ctrl+ D
ဖြင့်လည်းဖျောက်နိုင်ပါတယ်။ ပုံကြည့်ပါဦး။



 (၁၃)  Blending Options မှာ Gradient Overlay  ရွေးပါ။ ပုံမှာပြထားတဲ့အတိုင်းထားပေးပါ။



(၁၄) ပုံးအဖုံးရဲ့အနားကိုလည်း စတုတ်ပတ်မှာပါ။ လေယာအသစ်တစ်ခုထပ်ခေါ်ပါ။ အထက်မှာလေယာ ယူတဲ့အကြောင်း ပြောထားပြီဖြစ်တဲ့အတွက် ဘယ်လိုယူရမလဲ မရေးတော့ဘူးနော်။  Pen tool ကိုပြန်ယူပါ။
ပုံးရဲ့ ဘေးသားအတိုင်း ပတ်ဆွဲ လိုက်ပါ။ ဆွဲထားတဲ့လိုင်းပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ ကျလာတဲ့ အထဲကမှ Stroke path
ကိုနှိပ်လိုက်ပါ။ Tool နေ ရာမှာ Brush ကိုရွေးလိုက်ပါ။ ကာလာကတော့ အမဲပဲနော်။ ပုံကိုကြည့်ပါဦး။



(၁၅) ပြီးရင် Blending Options ကိုဝင်ပါ။ Blending Options မှာ Soft light ကိုရွေးပါ။ ကျန်တာ ကတော့  Drop Shadow နဲ့ Bevel and emboss မှာ အမှန်ခြစ်ပေးလိုက်ရုံပါဘဲ။



(၁၆) နောက်ထပ် Layer box မှ Create a new layer ကိုနှိပ်ပြီးလေယာအသစ်တစ်ခုယူလိုက်ပါ။ အောက် ကထောက်တိုင်ဆွဲပါမယ်။ Pen tool ကိုပြန်ယူပါ။ ပုံမှာပြထားတဲ့အတိုင်းဆွဲလိုက်ပါ။  ဆွဲပြီးရင်တော့ ညာကလစ်နှိပ်ပြီး  Fill path ကို ရွေးပါ။ Fill path box မှ Use တွင် Color ကိုရွေးပါ။ ကျလာတဲ့ဘောက်မှာ R: 92, G: 94, B: 92 ပေး အိုကေ။  ဘေးမှ Pen too နဲ့ဆွဲထားတာကိုတော့ Ctrl ဖိပြီး
Enter ခေါက်လိုက် ပါ။ စလက်ဖြစ်သွားပါမယ်။ စလက်ပေါ်မှာ
ညာက လစ်နှိပ်ပြီး Deselect လုပ်လိုက်ပါ။ ဒါမှမဟုတ် Ctrl+ D 
ဖြင့်လည်းဖျောက်နိုင်ပါတယ်။ ပုံကြည့်ပါဦး။



(၁၇)  ဆွဲပြီးသွားရင် Blending Options မှာ Gradient Overlay  ရွေးပါ။ Angle :
180  ထားပါ။ Gradient အရောင်ကတော့ Silver ပဲထားပါ။ ကျွန်တော်ပုံနဲ့
ပြထားပါတယ်။



(၁၈)  ဒေါက်တိုင်ပြီးသွားရင် အောက်ခံအပြားဆွဲပါမယ်။ လေယာအသစ်ခေါ်ပါ။ Tool box မှ Elliptical Marquee tool သုံးပါ။ ပုံမှာပြထားတဲ့အတိုင်း ၀ိုက်ဆွဲလိုက်ပါ။ ကာလာကတော့ Set foreground color မှာ R: 92, G: 94, B: 92 ယူပြီး Alt ကီးဖိပြီး Backspace နှိပ်လျက်ဖြည့်လိုက်ပါ။ ကျွန်တော်မှာချင်တာ ကတော့သူငယ်ချင်းတို့ Layer တွေမမှားပါစေနဲ့။ မှားသွားရင်တော့ ဘာမှလုပ်ရမှာမဟုတ်ပါဘူး။   ပြီးရင်တော့ဆွဲထားတဲ့ layer ကို အောက်ဆုံး ဘက်ဂဒေါင်းလေယာအပေါ်အထိ Move tool ဖြင့် ဆွဲချသွားလိုက်ပါ။ သူငယ်ချင်းအမြင်ရှင်းအောင်လို့ပါ။ လွယ်ပါတယ်။



 (၁၉) ပြီးရင် Blending Options မှာ Gradient Overlay  ရွေးပါ။ Angle :
180  ထားပါ။ Gradient မှာ ထားရမယ့် ဆက်တင်တွေကို ကျွန်တော်ပုံနဲ့
ပြထားပါတယ်။




(၂၀) အောက်ခံပြားကို အခုံးပုံစံဖြစ်အောင် Blending Options မှာဘဲ ပုံထဲမှာပြထားတဲ့ စက်တင်အတိုင်း ထားပါ။


(၂၁) အောက်ခံအခုံးပုံစံ ပိုမိုပီပြင်အောင်လို့ ကျွန်တော်တို့ ဒေါင့်ချိုးပုံစံဆွဲပါမယ်။ လေယာအသစ် ထပ်ခေါ် လိုက်ဦးနော်။
Pen tool  မှာ အဖြူရောင်ပတ်မှာပါ။ ကျွန်တော်ပြထားတဲ့အတိုင်း
ဆွဲပြီးသွားရင်တော့ Tool box မှ Brush tool ကိုယူပြီး Brush tip Shape မှာ 3
လောက်
ထားလိုက်ပါ။ ပြီးရင် Pen tool ကိုပြန် ယူပြီးတော့ Stroke path
ကိုနှိပ်လိုက်ပါ။ Tool နေ ရာမှာ Brush ကိုရွေးလိုက်ပါ။ ကျွန်တော်ပုံနဲ့ပြထားပါ တယ်။ ရှင်းမှာပါ။



(၂၂) နောက်ထပ် Blending Options မှာ Gradient Overlay  ရွေးပါ။ Gradient မှာ ထားရမယ့် ဆက် တင်တွေကို ကျွန်တော်ပုံနဲ့
ပြထားပါတယ်။ သေချာတော့လုပ်နော်။



(၂၃) နောက်ထပ်လေယာအသစ်တစ်ခုခေါ်လိုက်ပါဦး။ အတွင်းသားဆွဲမှာပါ။ Pen tool နဲ့ ဆွဲပါမယ်။ ပုံမှာပြထား တဲ့အတိုင်းဆွဲလိုက်ပါ။  ဆွဲပြီးရင်တော့ ညာကလစ်နှိပ်ပြီး  Fill
path ကို ရွေးပါ။ Fill path box မှ Use တွင် Color ကိုရွေးပါ။
ကျလာတဲ့ဘောက်မှာ R: 206, G: 219, B: 215 ပေး အိုကေ။  ဘေးမှ Pen too
နဲ့ဆွဲထားတာကိုတော့ Ctrl ဖိပြီး
Enter ခေါက်လိုက် ပါ။ စလက်ဖြစ်သွားပါမယ်။ စလက်ပေါ်မှာ
ညာက လစ်နှိပ်ပြီး Deselect လုပ်လိုက်ပါ။ ဒါမှမဟုတ် Ctrl+ D 
ဖြင့်လည်းဖျောက်နိုင်ပါတယ်။ ပြီးရင် Blending Options မှာပုံမှာပြထားတဲ့အတိုင်း ပေးလိုက်ပါ။



(၂၄)  နောက်ထပ်စာတိုက်ပုံးရဲ့ ခလုပ်ဆွဲပါမယ်။ လေယာအသစ်တစ်ခုထပ်ခေါ်ပါ။ Pen tool ကိုသုံးပြီ တော့ဆွဲမှာပါ။ ကျွန်တော်ပုံမှာပြထားတဲ့အတိုင်းဆွဲပါ။ ပြီးရင် အဲ့ဒီလေယာကို အပေါ်ဆုံး အထိဆွဲ ခေါ်သွားပါ။ အထက်ကပြထားတဲ့အဆင့်တွေလုပ်ပြီးသွားပြီဆိုတော့ ရှင်းမှာပါနော်။



(၂၅) ဆွဲပြီးသွားရင် ပုံပေါ်မှာညာကလစ်နှိပ်ပြီး Fill path box မှ Use တွင် Color ကိုရွေးပါ။ ကျလာတဲ့ဘောက်မှာ R: 93, G: 93,
B: 94 ပေး အိုကေ။  ဘေးမှ Pen too နဲ့ဆွဲထားတာကိုတော့ Ctrl ဖိပြီး
Enter ခေါက်လိုက် ပါ။ စလက်ဖြစ်သွားပါမယ်။ စလက်ပေါ်မှာ
ညာက လစ်နှိပ်ပြီး Deselect လုပ်လိုက်ပါ။ ဒါမှမဟုတ် Ctrl+ D 
ဖြင့်လည်းဖျောက်နိုင်ပါတယ်။ ပုံကြည့်ပါဦး။



(၂၆) ပြီရင်ခလုတ်ခုံဒေါင့်ချိုးချိုးပါမယ်။ Pen tool ဘဲသုံးမှာပါ။ လေယာအသစ်ခေါ်ပါ။ ကျွန်တော် ပုံနဲ့ ပြထားတဲ့အတိုင်းဆွဲလိုက်ပါ။ ရှင်းမှာပါနော် ... ဟဲ ဟဲ။ ခေါင်းတွေလည်းပူနေဦးမယ်နော်။



(၂၇) အပေါ်အဆင့်တွေမှာပြခဲ့သလိုပါဘဲ Pen tool  မှာ အဖြူရောင်ပတ်မှာပါ။ ကျွန်တော်ပြထားတဲ့ အတိုင်း
ဆွဲပြီးသွားရင်တော့ Tool box မှ Brush tool ကိုယူပြီး Brush tip Shape မှာ 3
လောက်
ထားလိုက်ပါ။ ပြီးရင် Pen tool ကိုပြန် ယူပြီးတော့ Stroke path
ကိုနှိပ်လိုက်ပါ။ Tool နေ ရာမှာ Brush ကိုရွေးလိုက်ပါ။ အဖြူရောင်ပတ်မှာနော်။ အဖြူပတ်ပြီးသွားရင် Filter>Blur>Gaussian Blur နှိပ်ပါ။
2.5 လောက်ပေးပြီးအိုကေလိုက်ပါ။ Pen tool ကိုတော့ ကွန်ထရိုး အန်းတာခေါက်ပြီး ဖျက်လိုက်ပါ။



(၂၈) ပြီရင် လေယာအသစ်ထပ်ခေါ်ပါဦး၊ ခလုတ်မောင်းတံဆွဲမှာပါ။ Pen tool နဲ့ပါဘဲ။ ပုံနဲ့ပြထားပါတယ်။



(၂၉) ဆွဲပြီးသွားရင် ပုံပေါ်မှာညာကလစ်နှိပ်ပြီး Fill path box မှ Use တွင် Color ကိုရွေးပါ။ သူငယ်ချင်းနှစ် သက်ရာအရောင်တစ်ခုခုထည့်လိုက်ပါ။ ပြီးရင်တော့ Blending Options ကိုဝင်ပါ။ Bevel and Emboss မှာ ပြထားတဲ့ဆက်တင်တွေအတိုင်း လုပ်လိုက်ပေါ့နော့်။ ဒီဆက်တင်တွေကသိပ်အရေးမကြီးတော့ပါဘူး။ စိတ်ကြိုက်သာလုပ်တော့ ..... ဟိ ဟိ။



(၃၀) ပိုပီပြင်သွားအောင် Tool box မှ Brush tool နဲ့ ခလုတ်အလယ်လောက်မှာအစက်တစ် စက်လောက် ပေးလိုက်။ ကြိုက်ရာအရောင်နဲ့လုပ်။ ပြီးရင်တော့ Blending Options ကိုဝင်ပါ။ Bevel and Emboss မှာ ပြထားတဲ့ဆက်တင်တွေအတိုင်း လုပ်လိုက်ပေါ့နော့်။ စိတ်ကြိုက် နော် ဟိဟိ



(၃၁) အထဲမှာထည့်ဖို့ စာအိပ်က ဒီမှာယူလိုက်။ ပြီးရင်တော့ဖြတ်လိုက်နော်။


(၃၂) ဖြတ်ပြီးသွားရင်တော့ အဖုံးအပေါ်မှာ သူငယ်ချင်းအဆင်ပြေသလိုသာတင်လိုက်ပေတော့။ စာက တစ်ခုခုနဲ့ကွယ်နေရင်၊ ဥပမာ။ အောက်ဖုံးဖြစ်ဖြစ်၊ အနားဖြစ်ဖြစ်ပေါ့။ အဲ့လိုကွယ်နေရင် စာအိတ်လေယာကို အပေါ်ဘက်ဆွဲတင်ပေးလိုက်ပါ။ ဒီအထိရောက်မှတော့ သူငယ်ချင်း မညံ့တော့ဘူးဆိုတာကိုယ်သိပါတယ်။ ဟိ ဟိ မြောက်ပေးတာ။ ကဲ စာတိုက်ပုံးကြီးကြည့်သွားဦး။



အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒီပို့က တော်တော်ရှည်သွားပြီ။ တတ်လို့တော်လို့ရယ်တော့ မဟုတ်ရပါဘူးဗျာ။ ကျွန်တော်လည်း ဘာမှသိပ်မတတ်ပါဘူး။ မသိသေး မတတ်သေးသူများကို Tool လေးတွေရဲ့အသုံးဝင်ပုံလေးတွေ သိသွားပါစေဆိုတဲ့ စေတနာလေးကြောင့်ပါဗျာ။ ပို့တစ်ခုဖြစ်ဖို့က ကျွန်တော်အတွက်တော့ မလွယ်ပါဘူး။ မနည်းကြိုးစားရတာပါ။ ပညာရှင်အားလုံးကိုလေးစားလျက်ပါဗျာ။ သူငယ်ချင်းအားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့။။။။။
ရိုးရိုးလေး (yoeyoelay18@gmail.com)