Friday, July 8, 2016

Multichannel သုံးပြီး RGB နှင့်အနီးစပ်ဆုံး CMYK သို့ပြောင်းခြင်း.




ပထမဦးဆုံးပြောချင်တာက
ကျွန်တော်တင်ပေးထားတဲ့ ပုံနှစ်ပုံကိုသေချာကြည့်စေချင်ပါတယ်
Image > Mode > CMYK ကို ပြောင်းလိုက်တဲ့အခါ
color swatches တွေရဲ့ တန်ဖိုးတွေ သိသိသာသာကို ပြောင်းလဲသွားတာပါ
ဓာတ်ပုံဆိုရင်လည်း အလားတူပါပဲ

ကဲ Multichannel အသုံးပြုနည်းလေး စလိုက်ရအောင်
သိပ်မခက်ပါဘူး
၁) Image > Mode > CMYK ပြောင်းပါ
Channel ကို သွားပြီး Black Channel ကို Select All ပေးပြီး
Copy Merged (Ctrl + Shift + C) နှိပ်ပါ
ပြီးရင် မူလ RGB ပြန်ရောက်တဲ့အထိ Undo (Ctrl + Z) သွားပါ
၂) မူလ RGB ပြန်ရောက်ပြီဆိုရင် Image > Mode > Multichannel ကို နှိပ်ပါ
Channel သွားပြီး New Channel ယူလိုက်ရင်
alpha 1 ဆိုတဲ့ အနက်ရောင် Channel တစ်ခုရပါလိမ့်မယ်
ရလာတဲ့ အနက်ရောင် alpha 1 ကို အဖြူရောင်ပြောင်းပေးလိုက်ပါ
၃) alpha 1 အဖြူရောင်ဖြစ်ပြီးရင်တော့ Image > Mode > CMYK ပြောင်းပြီး
အဖြူရောင်ဖြစ်နေတဲ့ black channel မှာ Ctrl + V နဲ့
စောစောက copy လုပ်ထားတာကို Paste လုပ်ပေးလိုက်ပါ
၎) ဒါဆိုရင်တော့ နောက်ဆုံးအနေနဲ့ New Adjustment Layer မှာ
Hue/Saturation ကိုခေါ်ပြီး Blending Mode မှာ Color ပေးလိုက်ပါ
Saturation ရဲ့ တန်ဖိုးကိုတော့ +50 ကနေ +60 ကြား
(လိုအပ်သလို) ချိန်လိုက်ယုံပါပဲဗျာ
လိုအပ်မယ်ဆိုရင်တော့ အခု ဒီအဆင့်တွေအကုန်လုံးကို
action လုပ်ပေးပါ့မယ်။ 1 click ပေါ့
ရုတ်တရက်ကြည့်ရင် အဆင့်များတယ်လို့ထင်ရပေမယ့်
လုပ်ကြည့်ရင်လွယ်ပါတယ်ဗျာ
#Note
indexed color နဲ့ 32-bit ဖိုင်များကိုတော့ Multichannel အဖြစ်ပြောင်းလို့မရပါ
Flatten ဖြစ်နေရင် Copy Merged ဟာ hidden ဖြစ်နေလို့
Layer 0 အဖြစ်ပြောင်းလဲပေးရပါမယ်။

0 comments:

Post a Comment