တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Saturday, December 16, 2017

Hard Disk ဘာကြောင့် ပျက်ရသလဲ




HDD ဘာဆိုတာ သိပြီးသားလို့ ထင်ပါတယ်။ HDD ဆိုတာ Hard Disk ကို ပြောတာပါ။ Hard Disk ဘာကြောင့် ပျက်တတ်သလဲ။ သိထားသင့်တဲ့ အချက်ပါ။ Hard Disk ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကွန်ပျူတာက Access လုပ်လို့ မရနိုင်တော့ဘူးဆိုလျင် Hard Disk ပျက်တယ်လို့ ပြောနိုင်ပါတယ်။ အဲလိုပျက်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ အဲလိုသိထားမယ်ဆိုလျင် ကိုယ်က သတိထားလို့ရတာပေါ့။
Hard Disk ပျက်စီးစေနိုင်တဲ့ အချက်အလက်တွေကတော့
(၁) Firmware တစ်ပိုင်းတစ်စပျက်ခြင်းနှင့် လုံးဝပျက်ခြင်း
(၂) Electronic ပိုင်းက Failure ဖြစ်ခြင်း
(၃) Mechanical ပိုင်းက Failure ဖြစ်ခြင်း
(၄) Logical ပိုင်းက Failure ဖြစ်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။
Data Lost ဖြစ်တာကို အဓိကထားပြောချင်တာကြောင့် Logical Failure ကိုပါ ထည့်သွင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သုံးလို့မရနိုင်လောက်အောင် ပျက်စီးသွားတဲ့ Hard Disk ရှိသလို၊ Bac Sector ဖြစ်လို့ Data တွေ ဆုံးရှုံးသွားတဲ့ အကြောင်းကိုပါ ခြုံငုံပြီးတော့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Firmware ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း Hard Disk ရဲ့ Firmware ဆိုတာ ဘာကိုပြောတာလဲ။ ကွန်ပျူတာကနေ Hard Disk ကို ချိတ်ဆက်အသုံးပြုတဲ့နေရာမှာ တိကျမှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ Information တွေ သိမ်းထားတဲ့နေရာ ဖြစ်ပါတယ်။ ဒီတော့ တကယ်လို့များ Hard Disk ရဲ့ Firmware က တစ်ပိုင်းတစ်စပဲဖြစ်ဖြစ်၊ အကုန်လုံးပဲဖြစ်ဖြစ် ပျက်သွားခဲ့လျင် ကွန်ပျူတာကနေ Hard Disk ကို လှမ်းပြီး ချိတ်ဆက်တဲ့အခါ မှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။
ဒီလို Hard Disk ရဲ့ Firmware က ဘာကြောင့် ပျက်ရတာလဲ။
အခုနောက်ပိုင်း Hard Disk တွေမှာ Spindle အတွက် Fluid Bearing နည်းပညာကို အသုံးပြုလာပါတယ်။ ထို့ကဲ့သို့ Fluid Bearing နည်းပညာကို အသုံးပြုခြင်းကပဲ Firmware ကို ပျက်စီးစေတဲ့ အကြောင်းအရင်းပဲလို့ ပြောရမလားပါပဲ။ Fluid Bearing အကြောင်းကို အကြမ်းဖျင်းလောက် ရှင်းပြပေးပါမယ်။ ယနေ့ခေတ် Hard Disk ထုတ်လုပ်သူအများစုက Fluid Bearing ကို Spindle အဖြစ် အသုံးပြုလာခြင်းဟာ အရင်တုန်းက Hard Disk တွေမှာ အသုံးပြုခဲ့တဲ့ Ball Bearing ထက် ပိုကောင်းတာတွေ ရှိပါတယ်။ ၎င်းတို့ကတော့
(၁) Ball Bearing ထက် ပိုမိုကောင်းမွန်တဲ့ Shock Resistant ကို ပေးနိုင်တယ်။
(၂) အသံမကျယ်ဘူး။ ဆူညံမှုနည်းတယ်။
ဒါပေမယ့် Fluid Bearing မှာ Hard Drive ကို စဖွင့်လိုက်တဲ့အချိန်မှာ သူရဲ့ Motor အစိတ်အပိုင်းတွေက အေးနေတယ်ဗျ။ Bearing အတွင်းမှာရှိတဲ့ Fluid က Hard Drive ကို အကောင်းဆုံး Performance မျိုးရအောင် လိုအပ်တဲ့ အခြေအနေမျိုးရောက်ဖို့ အချိန်ယူရသေးတယ်။ ၎င်းကို Warm Up လုပ်နေတဲ့ အချိန်လို့ ခေါ်ပါတယ်။ အဲလို Warm Up လုပ်နေတဲ့အချိန်လေးမှာ Hard Drive ရဲ့ Platters တွေဟာ ဒေါင်လိုက်တုန်ခါမှု Vertical Vibration ဖြစ်နေတယ်ဗျ။ အဲလိုဖြစ်ပေါ်နေတဲ့ တုန်ခါမှုတွေကြောင့် Read/Write Error တွေ ဖြစ်ပေါ်စေပါတယ်။ Hard Drive တွေ Fail ဖြစ်ရခြင်းတွေထဲက အချက်တစ်ချက်ပေါ့။ ဒါကလည်း အမြဲတမ်းဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒေါင်လိုက်တုန်ခါမှုကြောင့် Hard Drive တွေရဲ့ Firmware တွေနဲ့ Service Area တွေ ပျက်စီးရတာ ဖြစ်ပါတယ်။ Vertical Vibration ဖြစ်ပေါ်မှု အများဆုံးနေရာဟာ Disks ရဲ့ အပြင်ဘက်ဆုံး Area ဖြစ်ပါတယ်။ ၎င်း Area ဟာလည်း Hard Disk ရဲ့ Service Track ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ Service Track ဆိုတာကလည်း Hard Disk ရပ်နေတဲ့အချိန်ကနေ ရုတ်တရက် စက်ဖွင့်လိုက်လျင်ဖွင့်ခြင်း အလုပ်စလုပ်ရတာဆိုတော့ ကြာလာတဲ့အခါ Service Track မှာရှိတဲ့ အကြောင်းအရာ(Firmware)တွေ တဖြည်းဖြည်း Lost ဖြစ်လာတာ ဖြစ်ပါတယ်။
နောက်ထပ်ဘာတွေ ဖြစ်လာနိုင်သေးသလဲဆိုတော့
(၁) Service Track ဖတ်လို့မရလျင် Read/Write Head ဟာ သူ့ဝင်ရိုးတစ်လျှောက် ဂတ်ဂတ်မြည်အောင် ဖတ်နေလိမ့်မယ်။ ပြီးလျင် မဖတ်တော့ဘဲ Parking သွားထိုးလိမ့်မယ်။
(၂) Read/Write Head မှာပါတဲ့ အစိတ်အပိုင်းထဲက (ထောက်တိုင်) သဘောမျိုး အစိတ်အပိုင်းက ကွေးလာတတ်တယ်။
(၃) အဲ့သလို ကွေးလာတတ်လျင် နောက်တစ်ခါမှာ Head ဟာ မျက်နှာပြင်မှာ ပွတ်တိုက်သွားတတ်တယ်။
အဲဒီတော့ ဒီလိုမပျက်ရလေအောင် ဘယ်လိုလုပ်ရမလဲ။
ဒါက ပျက်ရိုးပျက်စဉ်တွေထဲက သဘောတစ်ခုပါ။ အချိန်ကြာလာလျင် ဖြစ်လာတတ်တာကို ပြောပြတာပါ။ Electronic ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း Hard Disk ရဲ့ Electronic အပိုင်းဆိုတာဘာပါလဲ။ Hard Disk ရဲ့ အောက်ဖက်က Circuit Board လေးပဲ ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ Hard Disk ရဲ့ Electronic ပိုင်း Fail ဖြစ်တယ်ဆိုတာ အဲ့ဒီ Circuit Board ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုလျင်တော့ ရှင်းပါတယ်။ Power ကြောင့်ပဲ ဖြစ်ပါတယ်။ Voltage မတည်ငြိမ်တဲ့အခါတွေမှာ၊ Voltage ဆောင့်တက်တဲ့အခါမျိုးတွေမှာ ဘယ်လိုမျိုးပဲဖြစ်ပါစေ Electrical နှင့် ပတ်သက်ပြီးတော့ပဲ ဖြစ်တတ်တာ ဖြစ်ပါတယ်။
ဒါမျိုးကတော့ များသောအားဖြင့် Circuit Board မှာ Physically ထိခိုက်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဒီလိုမျိုးဖြစ်သွားဖူးတဲ့ Hard Disk တွေကို တော်တော်လေးတွေ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က Circuit Board ကို ဖြုတ်လဲလိုက်လို့တော့ ရပါတယ်။ Data တော့ မဆုံးဘူးပေါ့။ ဒါပေမယ့် လုပ်တာမှားသွားလျင်လည်း Data ပါ Lost ဖြစ်သွားနိုင်ပါတယ်။ Mechanical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Mechanical ပိုင်း ပျက်တာက Electrical ပိုင်းပျက်တာထက် ပိုဆိုးတယ်ဗျ။ ဘာလို့လဲဆိုတော့ Hard Disk ပျက်ပြီဆိုကတည်းက Hard Disk တစ်လုံးထပ်ဝယ်ရမှာပဲလေ။ Data တွေ ပြန်ရဖို့အတွက်ကြတော့ ဘယ်လိုလုပ်မလဲ။ Mechanical ပိုင်းပျက်တာက Hard Disk မှာ Electronic ပိုင်းပျက်တာထက် Data ပြန်ရဖို့ သိပ်မလွယ်ဘူးဗျ။ နောက်ပြီး Mechanical ပိုင်းပျက်တာက ပျက်ပြီဆိုတာနဲ့ချက်ချင်းသိလျင်သိ၊ မသိလျင်တော့ ကြာလေ Data တွေ ပို Lost ဖြစ်နိုင်လေပဲ။ Hard Disk တွေရဲ့ Mechnical ပိုင်းပျက်တယ်ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာပြောရလျင် Motor ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ Read/Write Head တွေ ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ အများဆုံးဖြစ်ကြတာကတော့ Head Crash ဖြစ်တာပါပဲ။ Head Crash ဖြစ်တယ်ဆိုတာကလည်း Head ကြီးက Hard Disk ရဲ့ မျက်နှာပြင်ပေါ်မှာ တစ်ချက်ကလေးသွားထိတာလည်း ဖြစ်နိုင်သလို၊ တောက်လျှောက်တစ်ရွက်တိုက် ဆွဲချသွားတာလည်း ဖြစ်နိုင်တယ်။
ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့-
(၁) Shock ဖြစ်၍သော်လည်းကောင်း
(၂) ကွန်ပျူတာအရွှေ့အပြောင်း၌ အခန့်မသင့်၍သော်လည်းကောင်း
(၃) Static Charge (Electricity) ကြောင့်သော်လည်းကောင်း
(၄) Power မတည်ငြိမ်မှုကြောင့်လည်းကောင်း
(၅) Read Write Head က ချွတ်ယွင်းလာသောကြောင့်လည်းကောင်း ဖြစ်တတ်ကြပါတယ်။
အဲ့သလိုဖြစ်လျင် ဖော်ပြမယ့်လက္ခဏာကတော့ ကတောက် ကတောက်ဆိုပြီး အသံတွေ မြည်လာတတ်ပါတယ်။ အကယ်၍ သင်ဟာ Hard Disk ထဲက Data တွေအတွက် အရေးတကြီး စိုးရိမ်ပူပန်ခဲ့မယ်ဆိုလျင် ကွန်ပျူတာကို ဆက်လက်မသုံးသင့်တော့ပါဘူး။
Logical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Logical ပိုင်းပျက်တယ်ဆိုတာ Hard Disk ကကောင်းနေပြီး အထဲက Data File တွေ ပြန်ခေါ်လို့ မရတော့တဲ့ ပျက်ခြင်းမျိုးကိုပြောတာ ဖြစ်ပါတယ်။ ဒီပြဿနာက ခုနကပြောခဲ့တဲ့ ပြဿနာတွေထက် ပိုလွယ်လိမ့်မယ်လို့တော့ ပြောလို့မရဘူး။ ပြောရမယ်ဆိုလျင် အလွယ်ကူဆုံး အခြေအနေကနေ အခက်အခဲဆုံး အခြေအနေထိ ပြဿနာက ကျယ်ပြန့်တယ်။ ဥပမာ-ဖိုင်တွေ Frag ဖြစ်တာများပြီး ဖွင့်လို့မရတော့တာမျိုး၊ Directory Structure Error ဖြစ်ပြီး ဖတ်မရတာမျိုး စသည်ဖြင့်ပေါ့။ ဒါပေမယ့် Data ကို အရေးမကြီးတဲ့သူတွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ Hard Disk ကို Partition ပိုင်း Format ချပြီး ပြန်သုံးလို့ရတာပဲ။ ဘာလို့လဲဆိုတော့ Hard Disk ဘက်က Physically ပျက်တာမှ မဟုတ်တာ။ ဒီလိုအခြေအနေမျိုးမှာ Hard Disk ပေါ်က Data တွေ ပြန်ရဖို့ Recovery Software တွေ အများကြီး ၀ယ်ပြီးအသုံးပြုလို့ရနေတာပဲ။ ဒါပေမယ့် သတိထားရမှာက မလုပ်တတ်လျင် Data တွေကို Recovery ပြန်လုပ်လို့ရနေတဲ့ အခြေအနေကနေ လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးဖြစ်လာလျင် အမြဲတမ်း Scandisk Run ခြင်း၊ Chkdsk Run ခြင်းတို့ဟာ မှန်တယ်လို့ တရားသေပြောလို့ မရပါဘူး။
Credit - Original Writer

Monday, August 10, 2015

IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ

မူရင်း credit: http://momeiktharr.wordpress.com/

စိတ်ဝင်စားဖွယ် website လိပ်စာများ
1. www.mcpamyanmar.com မြန်မာနိုင်ငံ ကွန်ပျူတာပည်ရှင်များ အသင်း၏၀က်ဆိုဒ် )
2. www.getnetwise.com
( အင်တာနက်ကိုလုံခြုံစွာ သုံးစွဲနိုင်ရေး အတွက် လမ်းညွှန်ပေးတဲ့ဝက်ဆိုဒ် )
3. www.computerhope.com
( ကွန်ပျူတာနှင့် ဆိုင်တဲ့ software/ hardware ပြသနာပေါင်းစုံ ဖြေရှင်းတဲ့ ၀က်ဆိုဒ် )
4. www.tizag.com
(၀က်ဆိုဒ်ရေးသားချင်သူတွေအတွက်
အသုံးဝင်မယ့် ဆိုဒ် )
5. www.webteacher.com
( ၀က်ဆိုဒ်အခြေခံ ဗဟုသုတတွေ ကိုယ်ပိုင်ဝက်ဆိုဒ် စာမျက်နှာတစ်ခု ပြုလုပ်ပုံတွေ ရှင်းပြထားတဲ့ ၀က်ဆိုဒ် )
6. www.elo-godsign.com
( လိုဂို အကောင်းဆုံး လင့် 300 ကျော်ကို စုစည်းပေးထားတဲ့ ဆိုဒ် )
7. www.photobucket.com
(ဗီဒီယိုတွေကို တင်နိုင်၊ ကြည့်နိုင်တဲ့ဆိုဒ်)
8. www.say-it.com
( seal အမှတ်အသားတစ်ခုကို အွန်လိုင်းတွင် ချက်ချင်းဖန်တီးနိုင်ပြီး တံဆိပ်တုံးတစ်ခုလုပ်နိုင်တဲ့ ဆိုဒ် )
9. www.mebo.com
( Yahoo သုံးသူရော ၊ G-Talk သုံးသူရော ၊ MSN သုံးသူရော တစ်နေရာတည်းမှာ စကားပြောနိုင်တဲ့ ဆိုဒ် )
10. www.bok.google.com
( ရှေးဟောင်း မြန်မာ စာအုပ်များကို အခမဲ့ ဒေါင်းလော့ဒ်လုပ်နိုင်တဲ့ ဆိုဒ် )
11. www.futuremessage.com / www. emailfuture.com
( မေးလ်တစ်ခုကို နောက်လေးငါးနှစ် ကိုယ်ကြိုက်တဲ့ အချိန်ကျမှ ပို့နိုင်တဲ့ ဆိုဒ် )
12. www.speakingfaces.com
( သင့်မျက်နှာကို တင်ပို့လိုက်လျှင် အရှက်ကြီးသူလား ၊ သဘောထား ကြီးသူ လား ၊ စမတ်ကျသူလား ၊ ဆွဲဆောင်မှု ရှိသူလား ပြောပြမယ့် ဆိုဒ် )
13. www.whoreadme.com
( မေးလ်တစ်စောင်ကို ဒီဆိုဒ်မှပို့လျှင် လက်ခံရရှိသူ ဖတ်မဖတ် ၊ ပို့ပြီး ဘယ်အချိန်မှဖတ် သလဲဆိုတာသိနိုင်တဲ့ ဆိုဒ် )
14. www.festisite.com
( ကမ္ဘာ့ငွေကြေးစက္ကူတွေပေါ်မှာ သင့်မျက်နှာကို ထည့်သွင်းကြည့်ရှုနိုင်တဲ့ ပျော်စရာဆိုဒ် )
15. www,searchengine.com
( အကောင်းဆုံးနှင့် အခမဲ့သုံးနိုင်သော ဆိုဒ်များကို ဖော်ပြပေးသည့်ဆိုဒ် )
16. www.answerbag.com
( မေးချင်ရာမေး တစ်မိနစ်အတွင်းပြန်ဖြေပေးမယ့် ဆိုဒ် )
17. www.langid.net
( မသိတဲ့စာကြောင်းကိုမှတ်ပြီး ဂျပန်စာလား .၊ ကိုရီးယားစာလား ၊ တရုတ်စာလား ဖြေဆိုပေးတဲ့ဆိုဒ် )
18. www.scopesys.com
( သင်သိချင်တဲ့နေ့စွဲကို ရိုက်ထည့်ပြီး အဲဒီနေ့ရဲ့ ထူးခြားချက်တွေနဲ့ နေ့ထူး နေ့မြတ် တွေ ဖော်ပြပေးတဲ့ ဆိုဒ် )
19. www.beautifulpeople.com
( ရုပ်ချောသူများကိုသာ ပေးကြည့်တဲ့ ဆိုဒ် )
http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http://: http://myanmaritpros.com/ ကွန်ပျူတာအမေးအဖြေများလေ့လာရန်.
http://www.thelist.com/countrycode.html#top
နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်….
http://mmastrology.myanmarbloggers.org/
မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
http:// http://chitoophoto.blogspot.com/
blog နှင့် I T နည်းပညာ
http:// http://www.deathclock.com/index.cfm
ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါ သလား
http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a……
ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း…
http:// http://sharingtofrds.blogspot.com/
နည်းပညာ အတွက် လေ့လာရန်…
http:// http://www.myanmarisp.com/computer_ict
ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..
http://www.imagechef.com/ ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်..
http://photofunia.com/ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့…..
http://www.topsecretemail.com/Encode_Message.cfm
Email တွေကို လုံခြုံအောင် ပို့ကြမယ်..
http://www.passwordmeter.com/ သင်သုံးနေတဲ့ Password လုံခြုံမှု ရှိရဲ့လား..စစ်ချင်ရင်…
http://burglish.googlepages.com/fontconv.htm
မြန်မာ တခြားဖောင့်မှ ဇော်ဂျီဖောင့် သို့ ပြောင်းချင်ရင်…
http://burglish.googlepages.com/testarea.htm
မြန်မာ လက်ကွက် လေ့ကျင့်ရန်နေရာ…
http://www.photoshoptalent.com/ Photoshop လေ့ကျင့်ခန်းနဲ့ ပြိုင်ပွဲတွေ..
http://delicious.com/ ပေါ်ပြူလာအဖြစ်ဆုံး website..တွေကို ရှာရန်..
http://www.mmphotoshop.net/ Photoshop ကို မြန်မာလိုလေ့လာဖို့…
http://www.whatismyipaddress.com/
Gtalk မှ နိုင်ငံ လိမ်ပြောသူများကိုဖမ်းဖို့…
http://www.4shared.com/file/80626166/b5161ee5/GTunnel.html…; GTunnel.exe ကိုလိုချင်ရင်….
http://www.ultrareach.com/ ကျော်မယ် ၊ ခွမယ် ဆိုရင်….
http://www.yousendit.com/ ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်…(၁)
http://www.sendthisfile.com/ ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်…(၂)
http://www.send6.com/ ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်…(၃)
http://www.drhardware.com/ Hardware ကိုစစ်တဲ့ software ..(၁)
http://www.lavalys.com/
Hardware ကိုစစ်တဲ့ software…(၂)
http://www.spadixbd.com/ Hardware ကိုစစ်တဲ့ software ….(၃)
http://technorati.com/
Blog တွေရဲ့စာရင်းကို ရှာချင်ရင်….
http://www.alpha.com.mm/alphaprice/alphaprice.php ကွန်ပျူတာ ဈေးနှုန်းတွက်ချင်ရင်…
http://www.memtest86.com/ Memory ကိုစစ်ဖို့ software……
http://winkkk.com/glitters14_comments_Hearts_&_Love.html
ချစ်သူအတွက် ပုံလှလှလေးတွေ ယူရန်
http://www.heidi.ie/
Windows ကို မထိစေပဲ ဖိုင်တွေကို ဖျက်တဲ့ software……..
http://www.download.com/ThreatFire-AntiVirus-Fr…/3000-2239&…;
နဲ့ Virus ကိုရှင်းတဲ့ software…..
http://www.gadwin.com/printscreen/
Print Screen ဖမ်းတဲ့ Software…
http://www.optimizingpc.com/index.html
Software တွေ အစုံဆုံးနေရာ…
http://www.abstradrome.com/ Hard Disk ကိုသွေးသစ်လောင်းတဲ့ software..
http://www.runtime.org/data-recovery-downloads.htm
Hard Disk အတွက် Recover လုပ်တဲ့ software….
http://www.softpedia.com/…/Hard-Disk-U…/Partition-Magic.sh&…;
Hard Disk ကို Partitionချတဲ့ software
http://www.heidi.ie/
Window ကို မပါစေပဲ Hard Disk ကိုဖျက်တဲ့ software…
http://www.customizetalk.com/ Gtalk အကြောင်းစုံစုံ သိချင်ရင်…
http://www.vintelligence.blogspot.com/
Java အကြောင်းသိလိုသမျှ..
http://www.pcworld.com/
ကွန်ပျူတာ အကြောင်း ဘာထူးလဲ..
(PC World)..
http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http://www.ebooksbank.com/
E-Books တွေကူးဖို့…
http:// http://www.mediaringtalk.com/
ဖုန်းအလကားပြောရဖို့နေရာ
http://www.w3schools.com/ ပရိုဂမ်သမားတွေအတွက်….
http://www.brothersoft.com/ Software တွေ ကူးမယ်ဆိုရင်…
http://www.flashvortex.com/index.php
စိတ်ဝင်စားစရာ စာလုံးလေးတွေ…
http:// http://www.books-hive.com/ မြန်မာ E-books တွေ….
http:// http:// http://www.myanmarengineer.org/ အင်ဂျင်နီယာဆိုင်ရာနဲ့ ကွန်ပျူတာဆိုင်ရာ နည်းပညာတွေ ဆွေးနွေးဖြန့်ဝေပေးနေတဲ့ နေရာ..
http:// http://www.adobetutorialz.com/
Adobe ရဲ့ Photoshop နဲ့သက်ဆိုင်တဲ့ tool တွေလေ့လာစရာ
http://www.mcpa.org.mm/
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရဲ့
ဝက်ဘ်ဆိုက်…
http:// http://www.reader.google.com/
Google reader တဲ့ဟေ့… အသုံးပြုနည်းကိုတော့ Blog နံပါတ် 46 မှာရေးထားပါတယ်..
http://free.avg.com/download-avg-anti-virus-free-edition AVG Antivirus Download အလကားရတဲ့နေရာ….
http://www.insideoe.com/resources/ Outlook Express ကိုပြင်တဲ့နေရာ…
http://www.webroot.com/En_US/index.html Webroot Antivirus & Spyware Software ယူဖို့နေရာ..
http://www.mymyanmar.net/2g/ မြန်မာယူနီကုတ် အကြောင်းလေ့လာဖို့..
http://isoft.ygn.cc/
မြန်မာ့ ပညာရှင်များကို လေ့လာဖို့…
http://www.softpedia.com/…/E-ma…/Mail/Utilities/Gmail-Mana&…;
Gmail Manager လုပ်တဲ့ Software..(၁)
http://www.longfocus.com/firefox/ Gmail Manager လုပ်တဲ့ Software ….(၂)
https://addons.mozilla.org/en-US/firefox/browse/type:1/cat:5 Download Management လုပ်တဲ့ Software..
http://www.imtoo.com/dvd-ripper-platinum.html
DVD ထဲက သီချင်းတွေကို ဖြတ်တဲ့တောက်တဲ့ Software..(1)
http://besweet.notrace.dk/
DVD ထဲက သီချင်းတွေ ဖြတ်တဲ့ တောက်တဲ့ Software..(၂)
http://www.computeractive.co.uk/downloa…/backup-and-recovery ဒီဂျစ်တယ်ကင်မရာမှ မှားဖျက်မိသော ပုံများကို ပြန်ရှာပေးသော Software..(၁)
http://www.objectrescue.com/download/
ဒီဂျစ်တယ်ကင်မရာမှ မှားဖျက်မိသော ပုံများကို ပြန်ရှာပေးသော Software..(၂)
http://www.xilisoft.com/
DVD ဖြတ်တဲ့ Software…
http://www.mp4converter.net/download.html?ID=1 MP4 လုပ်တဲ့ Software တွေ…
http://www.dbpoweramp.com/ WAV မှ MP3 ပြောင်းပေးတဲ့ Software..
http://www.miksoft.net/comments.htm
Video ဖိုင်တွေဖွင့်တဲ့ Software…
http://www.cucusoft.com/
DVD ကူးတဲ့ Software တွေ..
http://www.softpedia.com/get/Antivirus/Trojan-Remover.shtml Trojan (ထရိုဂျန်) ကိုရှင်းတဲ့ Software…
http://www.infinadyne.com/flashretriever.html
Memory Card ထဲမှ ပုံတွေ ၊ ဗီဒီယိုတွေ ၊ သီချင်းတွေ မှားဖျက်မိရင် ပြန်ယူပေးတဲ့ Software..
http://www.wnsoft.com/
ပုံတွေကို Album အလိုက်ပို့လို့ရတဲ့ Software…
http://www.freedownloadscenter.com/Se…/internet_cleaner.html Internet သုံးထားတဲ့အတွက် မလိုတဲ့ ဖိုင်တွေကိုဖျက်တဲ့ Software…
http://www.powerkaraoke.com/s…/prod_karaokecdgcreatorpro.php ကာရာအိုကေ ဆိုလို့ရတဲ့ Software…
http://www.lostpassword.com/ Password တွေကို ရှာပေးတဲ့ Software..
http://www.pcdocpro.com/
PC ထဲက အမှားတွေကို ပြတဲ့ Software …
http://www.acronis.com.sg/ Partition ချတဲ့ Software…(၁)
http://www.partitionmanager.com/ Partition ချတဲ့ Software….(၂)
http://www.soft32.com/download_151.html
Partition ချတဲ့ Software….(၃)…
(ကျွန်တော့် အကြိုက်ဆုံး Software..ပေါ့.)
http://www.styopkin.com/ ပုံတွေကို အမည်လွယ်လွယ်ပေးတဲ့ Software…(၁)
http://www.fastphotorenamer.com/ ပုံတွေကို အမည်လွယ်လွယ်ပြောင်းပေးတဲ့ Software…(၂)
http://www.infinadyne.com/download.shtml
CD/DVD ကောင်းမကောင်း စမ်းတဲ့ Software….
http://www.download3000.com/download_27264.html ဘယ်ရောက်နေမှန်းမသိတဲ့ ဖိုင် ကိုရှာတဲ့ Software…
http://www.manageengine.com/…/desktop-c…/software-hardware&…; Windows Product Key ကိုရှာတဲ့ Software…
http://www.messx.net/download.php
English – Myanmar အဘိဓာန် Software…
(ဖုန်း ၊ PC တွေအတွက်ပါ ရတယ်..ဟဲဟဲ ပိုက်ဆံတော့ ဆောင်ထားပေါ့..)
http://dictionary.all-channel.com/ English – Myanmar – English Online အဘိဓာန်…(၁)
http://www.burmese-dictionary.org/
Myanmar-English-Myanmar Online အဘိဓာန်…(၂)
http://www.ayinepan.com/literature/dictionary/
English – Myanmar အဘိဓာန်စာအုပ်
http://www.monywa.org/fonts/index.htm
English – Myanmar ဖောင့်များ…..
http://www.mtvmusic.com/
MTV MUSIC တွေလိုချင်ရင်…
http://www.keronsoft.com/ ပုံတွေအများကြီးကို တစ်ခါတည်း နာမည်ပြောင်းတဲ့ Software…
http://www.acutesystems.com/ Mac မှ Window သို့ ဖိုင်ပြောင်းပေးတဲ့ Software….
http://www.spadixbd.com/ Program တွေ PC ထဲမှာ နေရာယူတာကို ကြည့်တဲ့ Software…
http://www.axialis.com/download/iw.html
Icon လုပ်တဲ့ Software…
http://www.softfields.com/
ပုံတွေကို တပြိုင်နက်ကြည့်တဲ့ Software…..
http://www.lavasoft.de/
Adware ကိုရှင်းပေးတဲ့ Software…
http://www.irfanview.com/
File အားလုံးကို ကြည့်လို့ရတဲ့ Software…
http://www.passmark.com/products/keytest.htm
Keyboard ကိုစစ်တဲ့ Software…
http://www.passmark.com/products/pt.htm
Performance ကိုစစ်တဲ့ Software….
http://www.passmark.com/products/bit.htm
PC ကို BurnIn စစ်တဲ့ Software…
http://www.testlog.com/
Program တွေကို Test Plan လုပ်ပြီးစစ်ပေးတဲ့ Software….
http://www.passmark.com/products/wirelessmonitor.htm Wireless WiFi လုပ်ပေးတဲ့ Software…
http://www.passmark.com/products/batmon.htm
UPS & laptop computer battery တွေကို စစ်ပေးတဲ့ Software…
http://www.passmark.com/products/monitortest.htm
Monitor မှ CRT & LCD မျက်နှာပြင် ပုံရိပ်တွေကို စစ်ပေးတဲ့ Software..
http://www.passmark.com/products/modemtst.htm
Modem ကောင်း ၊ မကောင်းစစ်ပေးတဲ့ Software…
http://www.passmark.com/products/soundcheck.htm
Sound Card ကိုစစ်ပေးတဲ့ Software…
http://www.passmark.com/products/oscheck.htm
Operation System ကိုစစ်ပေးတဲ့ Software…
http://myanmaritpros.com/profiles/blog/show…;
ISA Server ကိုမြန်မာလို လေ့လာဖို့ ..(၁)
http://myanmaritpros.com/group/smenetworking
ISA server ကို မြန်မာလို လေ့လာဖို့…(၂)
http://download.cnet.com/Active-…/3000-2086_4-10055071.html…;
Active SMART Software လိုချင်ရင်..
http://www.brothersoft.com/google-talk-shell-70998.html
Gtalk Shell လုပ်ဖို့ Software….(၁)
http://www.softpedia.com/…/google-talk-shell-Download-71248…;
Gtalk Shell လုပ်ဖို့ Software….(၂)
http://portableapps.com/apps/utilities/toucan
USB drives တွေအတွက် Password ပေးတဲ့ software..
လုပ်ပုံ လုပ်နည်းကို Blog နံပါတ် 92 မှာ ရေးထားပါတယ်..။လေ့လာကြည့်ပါ…။
လုပ်ထားသင့်ပါတယ်..။
http://www.malwaresweeper.com/ malware တွေကို သတ်တဲ့ Software…
http://www.mediafire.com/download.php?ym02owyxyxb Malware sweeper ဒေါင်းလို့ မရဘူးဆိုလို့…
http://www.mediafire.com/download.php?mw20ofgdmll Memory Strick ထဲကဟာတွေကို ဖွတ်ပေးတဲ့ ဆော့ဝဲလ်….
http://www.freepdfconvert.com/ pdf ဖိုင်တွေပြောင်းတဲ့ ဆောဝဲလ်……
http://laughing-kookaburra.ning.com/ ရယ်မောခြင်းငှက်ငယ်…
http://onlinedoctor.ning.com/ အွန်လိုင်းဒေါက်တာ
http://www.ning.com/
Ning ၀က်ဆိုဒ်ပြုလုပ်နည်း

Monday, July 20, 2015

Blue Screen of Death အကြောင်းတစေ့တစောင်း….

Blue Screen of Death အကြောင်းတစေ့တစောင်း….




ကျွန်တော်တို့ Microsoft Windows အသုံးပြုသူတိုင်း ကြုံတွေ့ဖူးကြရတဲ့
Error တစ်မျိုးပါပဲ…. ဒါကို Blue Screen of Death (BSODs) လို့ခေါ်ပါတယ်။
BSODs ကို ဘယ်လိုရှင်းမလည်းဆိုတာ မပြောခင်မှာ ဘာကြောင့် BSODs ဖြစ်
ရသလည်းဆိုတာကို အကြမ်းဖျဉ်းလေးပြောပြချင်ပါတယ်….
တစ်ကယ်တမ်း BSoD တက်တယ်ဆိုတာကတော့ သာမာန်အားဖြင့် Hardware
Error ကြောင့်ပါ။ ဘယ်အချက်တွေကို သာမာန်အားဖြင့်ခေါ်သလည်း ဆိုရင်
Memory Dump ဖြစ်တာတွေ၊ HDD Crush ဖြစ်တာတွေကတော့ ယေဘုယျ
အားဖြင့် BSoD တက်ဖို့အတွက် အာလားအလာတွေပါပဲ…. သို့ပေသိ တစ်ခါ
တစ်ရုံ Video Editing Software လိုမျိုး… Memory Load များစေမယ့် Software
လိုမျိုး၊ VGA Load များစေမယ့် Software လိုမျိုး တင်လိုက်တဲ့အခါမှာလည်း
ထိုကဲ့သို့သော BSoD ဖြစ်တတ်ပါတယ်။ ဒီလို BSoD ဖြစ်ပြီဆိုရင် ကျွန်တော်တို့
က ထို BSoD မှာပြထားတဲ့ Error Code တွေကို ဖတ်ရှုပြီးမှ ဘာကြောင့်ဖြစ်တယ်
ဆိုတာကို သိအောင်လုပ်ပြီး ဘယ်လို ရှင်းရမလည်းဆိုတဲ့ နည်းလမ်းကို ရှာဖွေ
ကြရတာပါ။ ဒီတော့ ဘယ်လိုပဲ BSoD Error တက်တက် ကျွန်တော်တို့ က
ထို Error Message Code ကို အမိအရဖတ်ကိုဖတ်ရပါမယ်။ ဒါမှလည်း ပြန်လည်
Fix လုပ်နိုင်မှာပါ။ သာမာန်အားဖြင့် BSoD ဖြစ်သွားတဲ့အချိန်ဆိုရင် Error Code
ကိုလှမ်းဖတ်ဖို့က အချိန် ခဏလေးပဲရပါတယ်။ဘာကြောင့်လည်း ဆိုတော့
System Restart က အရမ်းမြန်လို့ပါပဲ… ဒီတော့ အဲ့ဒီအချိန်မှာ Restart ကျ
သွားတာကို အချိန်ဆွဲထားနိုင်ဖို့ ကွန်ပျူတာတိုင်း မရှိမဖြစ် လုပ်ကိုလုပ်ဆောင်
ရမယ့် အချက်လေးစပြောပါပြီ အရင်ဆုံး My Computer ကို Right Click ထောက်
ပြီး System Properties ကိုသွားပါမယ်။
ထို့နောက်တော့ Advanced System Settings ထဲကိုဝင်လိုက်ပါမယ်။

ဒါဆိုရင် အထက်ပါအတိုင်းပေါ်လာတဲ့အခါမှာ Settings ကို နှိပ်လိုက်ပါမယ်။

ထို့နောက် အထက်ပါပုံအတိုင်းမှ Automaticall restart ဆိုတာလေးကို
အမှန်ခြစ်ဖြုတ်ပေးထားပါမယ်။ ဘာကြောင့် အမှန်ခြစ်ဖြုတ်ရသလည်းဆို
တော့ သင်သုံးနေတဲ့ Operating System ကရုတ်တရက် Error တက်
သွားတဲ့အခါမှာ System ကို အလိုအလျောက် ချက်ချင်း Restart လုပ်ခိုင်း
ခြင်းကို ရပ်တန့်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုရပ်တန့်လိုက်ခြင်းအားဖြင့်
BSoD ဖြစ်တဲ့အခါ ဖော်ပြမယ့် Error Code ကို အလွယ်တကူဖတ်ရှုနိုင်
မှာဖြစ်ပါတယ်။ကဲ… BSoD Error Code ကို ဖတ်လို့ရပြီဆိုရင် ဆက်သွား
၇အောင်…. ပုံမှန်အားဖြင့် ဘယ်လိုပဲ BSoD ဖြစ်ဖြစ် ပြထားတဲ့ Message
တိုင်းမှာ Hint တစ်ခုစီပေးထားတတ်ပါတယ်။ အဲ့ဒီ Hint တွေကို ယေဘုယျ
အားဖြင့် နားလည်ထားရပါတယ်။ ပုံလေးတစ်ခုနဲ့ ပြပါမယ်

အထက်ပါပုံအတိုင်းပေါ့…. အဓိကကတော့ ကျွန်တော်တို့က Error Code
ကိုဖတ်ဖို့က Technical Information ဆိုတဲ့နေရာမှာ STOP Code ကို
ဖတ်ရမှာဖြစ်ပါတယ်။ အများကြီးလိုက်မှတ်စရာမလိုပါဘူး 0x000000 ရဲ
အနောက်က D1 ဆိုတဲ့နေရာပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးပဲ တက်လာတက်လာ
အဲ့နောက်က Code ကို မိအောင် ဖတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ဘာ
ကြောင့်ဖြစ်တယ်ဆိုတာကိုသိပြီး ဘယ်လိုရှင်းရမယ်ဆိုတာကိုသိရှိနိုင်
မှာဖြစ်ပါတယ်။ ရှာရင်းဖွေရင်း ကျွန်တော်ရှာတွေ့မိသွားတာလေးရယ်
ကျွန်တော့် ဘလော့ထဲမှာပဲ တင်ထားပြီးသားဖြစ်တဲ့ BSoD Error Code
260 ကျော်ကို Text ဖိုင်လေးနဲ့ ဒီကနေဒေါင်းပါမယ်တင်ပေးထားပါတယ်။
ကဲ ဘယ်လိုကုဒ်ပဲလာလာ အကြမ်းဖျဉ်းလေးရှင်းရမယ့် ပုံစံလေးတွေ
ကို ထပ်ရှင်းပြပေးပါ့မယ်။
ဖြေရှင်းချက် (၁)
BSoD ဖြစ်ပြီးဆိုရင် အရင်ဆုံး Hardware တွေကို Replacement လုပ်
ရပါမယ်။ ပထမတစ်ခုအနေနဲ့ RAM (Memory) ကို Replace လုပ်ပါမယ်။

Memory ကိုဖြုတ်ပြီး ကြေးပြားလေးတွေကို ခဲဖျက်နဲ့ ဖြစ်စြဖ်၊ A4 စက္ကူ သန့်
သန့်လေးနဲ့ ဖြစ်ဖြစ်။ အသာလေးပွတ်ပြီး Band ထဲကို ပြန်ထည့်ပါမယ်။ မထည့်
ခင်မှာလည်း Memory Band ထဲမှာ ဖုန်မှုန့်တွေမရှိအောင် စုတ်တံလေးနဲ့ သန့်
ရှင်းရေးလုပ်ပေးရပါမယ်။ထို့နောက်တော့ HDD (Hard Disk Drive) ကို Replace
လုပ်ပါ့မယ်။

ဆိုလိုတာက လက်ရှိ ဆက်သွယ်ထားတဲ့ Connector တွေကို ဖြုတ်ပြီး
အသေအချာပြန်တပ်တာကိုဆိုလိုတာပါ…နောက်တစ်ခုကတော့ Power
Supply Connectors တွေကို Replacementဲပြန်လုပ်တာပါ
ဘာကြေ င့်လည်းဆိုတော့ Power Source တွေကို ပုံမှန်လည်ပတ်စီးဆင်း
နိုင်အော်င Fit လုပ်ခြင်းဖြစ်ပါတယ်။ ဒါကတော့ ပထမလုပ်ဆောင်ချက်တွေ
ပဲဖြစ်ပါတယ်။

ဖြေရှင်းချက် (၂)
နောက်ထပ်ဖြေရှင်းချက်ကတော့ ၀င်းဒိုး စတက်တက်ချင်းမှာ မလိုအပ်
တာတွေ မတက်လာနိုင်အောင် Safe Mode ထဲကနေ ၀င်တဲ့နည်းဖြစ်
ပါတယ်။ ဘာကြောင့် OS ကို Services လုပ်ရင် Safe Mode ကနေ
ဝင်ရသလည်းဆိုတော့ အကယ်လို့ Virus တွေကိုက်နေရင်လည်း
Safe mode ထဲမှာ Virus က သူ့သက်ဆိုင်ရာ ဟန်ဆောင်ထားသော
Driver တွေ တက် မ Run နိုင်အောင် မလိုအပ်သော Driver တွေ
Services တွေပိတ်ပြီး အလုပ်လုပ်သောကြောင့် Safe Mode က
System Maintain လုပ်ဖို့ အသင့်လျော်ဆုံးနေရာစြဖ်ပါတယ်။
ဒါကြောင့် Safe Mode ထဲကို ၀င်ဖို့က ပါဝါစဖွင့်ဖွင့်ချင်းကတည်းက
ကီးဘုတ်ကနေ F8 ကို နှိပ်ထားပြီး ၀င်ရပါတယ်။

ထို့နောက်တော့ Safe Mode ကနေ OS တက်လာပြီဆိုရင်တော့
Run Box ထဲမှာ “msconfig” လို့ရိုက်လိုက်ပါမယ်။ ပြီးသွားရင်တော့

အထက်ပါပုံအတိုင်း Startup Tab ထဲကနေပြီးတော့ Disable all ဆိုတာကို
နှိပ်ပြီး Apply , Close နှိပ်ပေးလိုကပါမယ်။ ဒါတွေကတော့ သာမာန်အားဖြင့်
ဖြေရှင်းတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ အားလုံးပဲ နားလည်သဘောပေါက်
မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ တစ်စုံတစ်ရာမရှင်းလင်းမှုများအတွက်
လည်း ကျတော့ထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
credit to ........
Cristiano Zarni@ ဦးဇာနည်

Wednesday, February 11, 2015

History Files အားလုံးကို ဘယ်လိုဖျက်နိုင်မလဲ

အခု ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့
window operating system မှ User History အားလုံးကို Manage လုပ်နိုင်တဲ့ နည်းလမ်းပါ
windows တိုင်းမှာ User's hsitory များကို သိမ်းဆည်း ထားလေ့ရှိပါတယ်
(ဥပမာ အားဖြင့် သွားရောက်ခဲ့တဲ့ websites များ၊အသုံးပြု ၀င်ရောက်ခဲ့တဲ့ documents, keywords )
ဒီနည်းလမ်းကတော့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သင့်ရဲ့ကွန်ပျူတာကို အခြား သူများကို share ပေးတဲ့ အခါမျိုးမှာ
သင့်ရဲ့ ကွန်ပျူတာ အသုံးပြု မှတ်တမ်းကို မသိစေချင်ဘူး ဒီလိုအခြေအနေ မျိုးမှာ single click လေးတစ်ချက် နှိပ်ယုံနဲ့
history files များအားလုံးကို one by one ရှင်းလင်းစရာ မလိုပဲ Auto Clear ဖြစ်စေမှာပါ
အောက်ဖော်ပြပါ ကုဒ်ဒင်းလေးတွေကို notepad မှာ ကူးထည့်ပြီး Cleanmru.reg နဲ့ save ပါ

REGEDIT4
;Created for lwan
[-HKEY_CURRENT_USER\Software\Microsoft\Internet Explorer\TypedURLs]
[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU]
[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RecentDocs]
[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\ComDlg32\
LastVisitedMRU]
[-HKEY_CURRENT_USER\Software\Microsoft\Search Assistant\ACMru]
double-click ပေးလိုက်ရင် "Are you sure you want to add the information in
C:\Documents and Settings\Administrator\desktop\Clearmru.reg to the registry?" ဟု Dialog box ပေါ်လာရင် Yes ,Ok ပေးရင် ရပါပြီ
အဆင်ပြေချောမွေ့ပါစေ

Command Prompt ကို Disable ပြုလုပ်နည်း(၃)မျိုး


မိမိကွန်ပျူတာကို အခြားတစ်ယောက်အား ခေတ္တငှားရမည့်အခါမျိုးတွင် Command Prompt ကို Disable ပြုလုပ်ထားခြင်းဖြင့်
ကွန်ပျူတာကို အတန်အသင့် စိတ်ချလုံခြုံစေနိုင်ပါသည်။ ထို့အပြင် Command Prompt ကိုအသုံးပြု၍
ကွန်ပျူတာကိုကလိခြင်းမှလည်း ကာကွယ် နိုင်ပါသည်။Command Prompt ကို Disable ပြုလုပ်ရန်အတွက်
Start \ Run မှ တစ်ဆင့်အောက်ဖော်ပြပါ စာသားများကို Copy ကူး၍ Ok ကို Click ပေးရပါမည်။
ထိုအခါ Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f

ဒုတိယနည်းမှာ
Registry Editor သို့ဝင်ရောက်၍ Command Prompt ကို Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Register Editor သို့ဝင်ရောက်ရပါမည်။ Start\ Run တွင် regedit ဟုရိုက်နှိပ်၍ Ok ပေးရပါမည်။
၂။ အောက်ဖော်ပြပါ အတိုင်းဝင်ရောက်ရပါမည်- HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
၃။ ထို့နောက် ညာဘက် Pane အတွင်းရှိ DisableCMD ကို Double Click နှိပ်၍ Data တွင် ၀ ဟုပေးရပါမည်။
၎။ Register Editor ကို ပိတ်ပြီးနောက် Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
တတိယ နည်းလမ်း တစ်မျိုးမှာ
Group Policy မှတစ်ဆင့် Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Start \ Run တွင် gpedit.msc ဟုရိုက်၍ Ok ပေးပြီး Group Policy သို့ဝင်ရောက်ရပါမည်။
၂။ User Configuration > Administrative Templates > System သို့ဝင်ရောက်ရပါမည်။
၃။ System Click ပြီးနောက် ညာဘက် Pane အတွင်းရှိ “Prevent access to the command prompt” ကို Double click နှိပ်၍
Disable ကို Check ပေး၍ Ok ပေးရပါမည်။ ထို့နောက် Group Policy ကို ပိတ်ပြီနောက် Command Prompt ကို Disable ပြုလုပ်ပြီး ဖြစ်ပါ သည်။
အားလုံးပဲ အဆင် ပြေပါ စေ ။

Friday, August 30, 2013

CMD ကို အလှဆင်ကြမယ်

Star  cmd လို့ ရိုက်လိုက်ရင် ဒါ Command DOS Prompt ထဲရောက်သွားပြီပေါ့...

အဲ့ဒါ CMD ပါပဲ.. CMD ဟာ သုံးတတ်ရင် အရမ်းအသုံးဝင်ပါတယ် ကွန်ပြူတာမှာရှိတဲ့ virus နဲ့  usb မှာ
ရှိတဲ့ autorun.inf နှင့် Recycle virus များကို တိုက်ထုတ်နိုင်ပါတယ်
CMD window ရဲ့ Title Bar လေးကို Right Click လိုက်ပြီး Properties ထဲကိုဝင်လိုက်ပါ ပုံကိုကြည့်ပါ..

Properties Window လေးထဲရောက်သွားရင် အောက်ကလို Colour Tab လေးထဲ ထပ်ဝင်လိုက်ပါ..
အဲ့ဒီ့မှာရှိတဲ့ Screen Text နဲ့ Screen Background တို့ ကိုရွေးပြီးတော့
ကျွန်တော် မြားလေးတွေနဲ့ ပြပေးထားတဲ့ အတိုင်း Colour လေးတွေ ထည့်ပြီး Ok နှိပ်ပေးလိုက်ပါ
  • အောက်ကလို Effect ဖြစ်သွားပြီ ဖြစ်တဲ့ ပုံလေးကိုကြည့်ပါ...
ကဲစမ်းကြည့်လိုက်ပေါ့နော်
အားလုံးပျှော်ရွင်နိုင်ကြပါစေ