တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

Wednesday, July 6, 2016

Anano


အသက် ၆ နှစ်အရွယ် ကလေးလေးတစ်ယောက် မိဘမပါပဲ တစ်ယောက်ထဲဖြစ်နေတာတွေ့ရင် ရှင်ဘာလုပ်မလဲ?
***************************************
Anano လို့ခေါ်တဲ့ ဒီ ၆ နှစ်အရွယ် ကလေးသရုပ်ဆောင်လေးကိုသုံးပြီး UNICEF ကနေ Social Experiment တစ်ခုလုပ်ခဲ့ပါတယ်။
ကလေးကို လှလှပပ သပ်သပ်ရပ်ရပ်ဝတ်စားထားပေးတဲ့အခါ လူတွေရဲ့တုံ့ပြန်မှုနဲ့ မသပ်မရပ်ခပ်နွမ်းနွမ်းဖြစ်နေတဲ့အခါ လူတွေရဲ့တုံ့ပြန်မှုက သိပ်ကွာခြားလွန်းပါတယ်။
ပေတူးတူးကလေးလေးအဖြစ်နဲ့ စားသောက်ဆိုင်တခုမှာ စမ်းသပ်တဲ့အခါ"ဒီကလေးကို အပြင်ထွက်သွားခိုင်းပေးပါ" လို့ စားသောက်နေသူတချို့ကပြောတယ်။ လူတွေရဲ့တုံ့ပြန်မှုကြောင့် ကလေးသရုပ်ဆောင်လေးက အရမ်းစိတ်ထိခိုက်လာတာမို့ ဆက်ပြီးမရိုက်နိုင်တော့တဲ့အတွက် ရိုက်ကူးရေးကို ရပ်လိုက်ရပါတယ်တဲ့။
"သမီးမျက်နှာနဲ့အင်္ကျီတွေက ညစ်ပတ်နေလို့ သူတို့က သမီးကို ဝမ်းနည်းအောင်လုပ်တယ်။ သူတို့အားလုံးက သမီးကို "ဝေးဝေးသွားစမ်း" လို့ပဲပြောကြတယ်" လို့ Anano လေးကပြောတယ်။
အဲဒီလို အပယ်ခံကလေးလေးတွေ သန်းပေါင်းများစွာရှိနေပါတယ်။ ရှင်တို့ ကျွန်မတို့က စပြီးအပြောင်းအလဲ လုပ်လို့ရပါတယ်။
ကျွန်မလဲ ဒီ video လေးကိုကြည့်ပြီး ကိုယ်ဒါမျိုးလုပ်ခဲ့မိဖူးသလားလို့ တကယ်ပဲဆန်းစစ်မိပါတယ်။ နောင် ဘယ်သောအခါမှ မလုပ်ဖြစ်ဖို့ ဆုံးဖြတ်ရင်း အားလုံးကို ပြန်ဝေငှပါတယ်နော်။
Jessica Mozart (A Cool Mom)
Ref : UNICEF

Friday, July 24, 2015

တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ


တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ (Competency Iceberg Model)
=======================================
ရေးသူ-အစိုင်း
Competency ရဲ့ အနက်အဓိပ္ပါယ်ကို ကျွမ်းကျင်လိမ္မာမှုလို့ မြန်မာမှုပြု ကောက်ယူလိုက်ပါတယ်။ Iceberg ဆိုတာကတော့ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ရေခဲတုံးပေါ့၊ အတ္တလန္တိတ် သမုဒ္ဒရာက ရေခဲတုံးကြီးတွေ ပင်လယ်မှာမျောနေတာ တိုက်တန်းနစ်ကားထဲမှာ တွေ့ဖူးကြမှာပေါ့။ ရေခဲတုံးဆိုတော့ ပေါ်တဲ့အပိုင်းက ပေါ်ပြီး မြုပ်တဲ့ အပိုင်းက မြုပ်နေတယ်မဟုတ်လား။ ဒါကြောင့် “တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ”လို့ ခေါင်းစဉ် ပေးလိုက်ပါတယ်။
၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှာ Harvard Business School က စိတ်ပညာပါမောက္ခ Dr. David McClelland ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင် အစပျိုး လေ့လာခဲ့တာပါ။ လေ့လာတွေ့ရှိချက်အရ ကျောင်းပညာရေး ထူးချွန်သူတွေဟာ အလုပ်မှာ ထင်သလောက်မအောင်မြင်ခဲ့ဘူးလို့ ပါမောကကြီးကဆိုပါတယ်။ တက္ကသိုလ်ပညာရေးမှာ ညံ့ဖျင်းခဲ့တဲ့ ကျောင်းသားတွေဟာလည်း တော်တဲ့ ကျောင်းသားတွေလိုပဲ အောင်မြင်ကြတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ ကျောင်းရမှတ်တွေနဲ့ ဘ၀မှာ သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာလို့မရပါဘူး။ ဒါပေမဲ့ ဒါဟာ ဖုံးကွယ် တိမ်မြုပ်နေတဲ့ အလေ့အကျင့်တွေနဲ့ အားကျစရာကောင်းတဲ့ အပြုအမူတွေနဲ့ ဆက်စပ်နေတာပါလို့ အခိုင်အမာဆိုထားပါတယ်။ “နွားကောင်းမကောင်း ချောင်းတက်ကျမှသိ” ဆိုတာက ကျောင်းမှာ ရမှတ်တွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ဘ၀မှာ ရုန်းကန်နိုင်မှု ရှိမရှိဆိုတာကိုများ ဆိုလိုနေရော့သလားပင်။ ဒါကြောင့် ၁၉၇၀ ပြည့်နှစ်အစောပိုင်းကစလို့ အဖွဲ့အစည်းအချို့မှာ Competency ကို အသုံးပြုပြီး လက်တွေ့ ဆောင်ရွက်မှု ထူးချွန်သူတွေကိုသာ ရွေးချယ်လာကြပါတယ်။ ထိုသူတွေက တကယ့်တကယ် စီမံလုပ်ဆောင်မှုတွေမှာလည်း အထောက်အကူပြုတဲ့ အသုံးဝင်သူတွေ ဖြစ်လာကြပါတယ်။
Skill ဆိုတာက How to do? “ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတာ”လို့ ဆိုလိုတာဖြစ်ပြီး Knowledge ဆိုတာကတော့ What to do? “ဘာလုပ်ရမလဲဆိုတာ”သိတာ ဖြစ်ပါတယ်။ ဒါဆို Skill နဲ့ Knowledge ဆိုတဲ့ ကျွမ်းကျင်မှု ရှိတယ်ဆိုပါစို့ ။လက်တွေ့လုပ်ဆောင်ရမယ့်အခါမှာ အောင်မြင်မယ်လို့ မှတ်ထင်ထားကြပါသလား။ သေချာပေါက်အောင်မြင်နိုင်မှာ မဟုတ်ပါ။ အထက်မှာ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်မှာ ကျွမ်းကျင်မှု တစ်ခုတည်းမဟုတ်ပါ ။လိမ္မာမှုလည်းပါပါတယ်။ လိမ္မာမှုဟာ တိမ်မြုပ်နေတတ်တဲ့ အရာဖြစ်နေပါတယ်။ ဒါကြောင့် Iceberg ရေခဲတုံးကြီးမှာ ပေါလောပေါ်နေတဲ့ အရာတွေက ကျွမ်းကျင်မှုဆိုတဲ့ Skill နဲ့ Knowledge ဖြစ်ပြီး တိမ်မြုပ်နေတတ်တဲ့ လိမ်မာမှုဆိုတဲ့ အရာတွေကတော့ Value ကိုယ်ရယူပိုင်ဆိုင်သင့်တဲ့ ပန်းတိုင်ကို တန်ဖိုးထားတတ်မှု၊ Self-Image မိမိပုံရိပ်ပုံစံပုံသဏ္ဍာန်၊ မိမိကိုယ်မိမိဘယ်လိုမြင်သလဲ၊ ယုံကြည်မှုရှိရဲ့လားစသဖြင့် (နောက်ပိုင်းမှ မိမိကိုယ်ကိုယ် Building Brand Image တည်ဆောက်ပုံကို အကျယ်ရေးပါဦးမယ်)၊ Trait Personality မိမိရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလေ့အထ နဲ့ Behavior Motives လိုလိုလားလားနှစ်သက်လက်ခံမှု ရုပ်ပိုင်းဆိုင်ရာ အလေ့အထ တို့ဖြစ်ပါတယ်။
အလွယ်ဆုံး Equation အနေနဲ့ကတော့
Competencies = Knowledge + Technical Skill + Value + Trait Personality + Behavior Motives
Expectation ဆိုတဲ့ မျှော်လင့်ချက်က I want to ဖြစ်ပြီး Reality ဆိုတဲ့ လက်တွေ့မှာ But သို့သော်ဆိုပြီး လမ်းခုလတ်မှာတင် တစ်နေပြီး ပန်းတိုင်မရောက်ဘဲ Gap Problem ကွာဟချက်ပြသာနာကြီး ဖြစ်နေတာတွေ့ကြုံခဲ့ကြရဖူးမှာပါ။ ဒါဟာ Competencies တစ်ခုခု ချို့တဲ့နေလို့ပါပဲ။ လေ့လာဖော်ထုတ်ကြည့်ပါ။ တစ်ခုခု ချို့တဲ့နေတာကို တွေ့နေရပါလိမ့်မယ်။ တကယ်တမ်း ချို့တဲ့နေတဲ့ အနာအဆာလေး ရှာတွေ့လိုက်ပေမဲ့လည်း ပြင်ဆင်ရှေ့ဆက်နိုင်ဖို့ရာ ခက်ခဲနေကြပါသေးတယ်။ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက် ဖြစ်နေကြပြီး နီးလျက်နဲ့ဝေး ဆိုသလို တဖြည်းဖြည်း တိမ်မြုပ်နေရာကနေ ပျောက်ကွယ်လုနီးပါး ဖြစ်နေတတ်ကြပါတယ်။ ဒါဆို သေချာပေါက် Mindset ကို ပြောင်းရပါလိမ့်မယ်။
Mindset နဲ့ ပတ်သက်လို့ Mindset ဖြစ်ပေါ်လာပုံကို အစကနဦး ခွဲခြမ်းစိတ်ဖြာကြည့်တယ်။ ကမ္ဘာဦးအစက စတွေးခေါ်ကြည့်မိတယ်။ ကျောက်ခေတ်က ဆိုပါတော့ ကျောက်ခေတ်လူသားတွေက Climate ဥတုရာသီ နေရာဒေသ အသက်ရှင်ရပ်တည် နေထိုင်ခဲ့မူပေါ်မူတည်ပြီး Culture ယဉ်ကျေးမှု အမျိုးမျိုးပြောင်းလဲလာခဲ့ကြတယ်။ အသားစိမ်းတွေစားရာက မီးကိုစတင်တွေ့ရှိလာပြီး အသားတွေကို ကင်စားတတ်လာတဲ့ ယဉ်ကျေးမှု၊ ကျောက်တုံးတွေကို အသုံးပြုကာ လက်နက်အဖြစ်အသုံးပြုလာခဲ့မှု နောက်ဆုံး သံလက်နက်တွေ အသုံးပြုမှုကနေ ယခု နျုကလီးယား စွမ်းအင်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုလာတဲ့အထိ Culture တွေပြောင်းလာပါတယ်။ ဥပမာ- နွားလှည်းစီးတဲ့ Culture ကနေ ကားစီးတဲ့ Culture ဖြစ်လာတဲ့အခါ နေ့စဉ်ပြုမှုနေကျ Behavior တစ်ခုအနေနဲ့ ပြောင်းလာပါတော့တယ်။ အဖွဲ့အစည်းတိုင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မိမိကိုယ်ပိုင် Culture ကနေ Behavior ဖြစ်လာတာပါပဲ။ နေ့စဉ်ပြုမှုနေကျ Behavior ကနေ Mindset ဆိုတဲ့ စိတ်တွေးစဉ်တွေပါ လိုက်ပြောင်းပါတော့တယ်။ Environment Behavior ကြောင့် Mindset ပြောင်းလာတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကောင်းတဲ့ Behavior ကနေ ကောင်းတဲ့ Mindset ဖြစ်လာသလို မကောင်းတဲ့ Behavior ကလည်း မကောင်းတဲ့ Mindset ကို ဦးတည်တာပါပဲ။

1) Adaptability- ရေလိုက်ငါးလိုက် လိုက်လျောညီထွေစွာ နေထိုင်တတ်ရမယ်။
2) Motivation- စိတ်အားထက်သန် လိုလိုလားလား လုပ်ဆောင်တတ်ရပါမယ်။
3) Commitment- ကတိက၀တ် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နိုင်ရပါမယ်။
4) Creativity- အသစ်အသစ်ကို ဖန်တီးနိုင်စွမ်းရှိနေရပါမယ်။
5) Independence- အမြဲတမ်းသူတစ်ပါးကို အားကိုးတာတွေလျော့ပြီး အမှီခို ကင်းမဲ့စွာ ကြိုးစားအားထုတ်နိုင်ရပါမယ်။
6) Analytical Reasoning- ကြောင်းကျိုးဆီလျော်မှုကို အသုံးချပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစား တတ်ရပါမယ်။
7) Foresight- အနာဂတ်ကို မျှော်ကြည့်ပြီး လုပ်ကိုင်တတ်တဲ့သူ တစ်ယောက်ဖြစ်နေရပါမယ်။
8) Leadership- ခေါင်းဆောင်မှုကို မြတ်နိုးပြီး တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်လုပ်ကိုင်ချင်စိတ်လည်းရှိနေရပါမယ်။
9) Emotional Stability- စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိနေရပါမယ်။
10) Communication Skills- ပေါင်းသင်းဆက်ဆံရေး ပြေပြေပြစ်ပြစ်နဲ့ မိမိလုပ်ငန်းဆောင်တာကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်တတ်ရပါမယ်။
ပြင်ရမယ်ထင်တဲ့ Mindset တွေကို ဖော်ပြလိုက်တာပါ။ လိုအပ်တာလေးတွေလည်း ရှိနေဦးမယ်ထင်ပါတယ်။
အဲဒီအချက်တွေသာ မိမိမှာ ပြည့်စုံနေမယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။
- Competency က Skill နဲ့ Knowledge ကို ဦးဆောင်ပြီး သာလွန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ရရှိစေပါလိမ့်မယ်။
- Competency သာရှိနေမယ်ဆိုရင် မိမိကိုယ်ပိုင်စွမ်းရည်နဲ့ အလေ့အကျင့်အပြုအမှုတွေဟာ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။
- Competency က ဘယ်တော့မှ တစ်သမတ်တည်းရှိနေမှာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ အထောက်အပံ့သာရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု ရှိလာပါလိမ့်မယ်။
- Competency ဟာ အဖွဲ့အစည်းတိုင်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း ဘယ်လိုလုပ်ဆောင်ချက်မှာမဆို ဆောင်ရွက်လုပ်ဆောင်နိုင်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။
- Competency သာရှိနေရင် လုပ်ဆောင်မှုတိုင်းဟာ Level အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Standard တစ်ခုကို အမြဲ ရရှိပါလိမ့်မယ်။
ထပ်ပြီးခွဲခြမ်းစိတ်ဖြာရရင် Competencies မှာ Basic competency နဲ့ Professional competency ဆိုပြီး ခွဲခြမ်းလို့ရပါသေးတယ်။
Competencies = Basic competency + Professional competency
Basic competency ကို ဥပမာအနေနဲ့ ပြောရရင် ပြဿနာဖြေရှင်းခြင်းဆိုပါတော့ ။လူတိုင်းမှာ မတူကွဲပြားတဲ့ ပြဿနာဖြေရှင်းနည်းတွေနဲ့ ကိုယ့်ဘာသာ ဖြေရှင်းခဲ့ရဖူးတာတွေရှိခဲ့ကြမှာပါ။ ဒါဟာ Basic competency လို့ပြောရပါမယ်။ လူတိုင်းကြုံရဆုံရလုပ်ရမယ့် competency ပါ။ Professional competency ကတော့ Skill နဲ့ Knowledge ပိုင်းကို အသားပေးပြီး လုပ်ဆောင်ရတဲ့ Competency မျိုးဖြစ်တယ်။ ဆေးပညာမတတ်ဘဲ ဆေးကုလို့မရဘူး ဆိုသလိုမျိုးပေါ့။
Basic competency လေးမျိုးရှိနေပါတယ်။ ဘာတွေလဲဆိုတော့
1) Intellectual competency- လူတစ်ယောက်ရဲ့ ဥာဏ်ရည်ပါးနပ်ကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်တတ်တာဖြစ်တယ်။
2) Motivational competency - လူတစ်ယောက်ရဲ့ စိတ်ခွန်အားကို တွန်းအားပေးပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာဖြစ်တယ်။
3) Emotional competency- လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာကို ဆိုလိုတယ်။
4) Social competency -လူတစ်ယောက်ရဲ့ လူဝင်ဆံ့စွာ ပေါင်းသင်းဆက်ဆံတတ်တာကို ကျွမ်းကျင်လိမ္မာမှုလို့လည်း သတ်မှတ်ပါတယ်။ ဒါတွေဟာ အခြေခံ လူတိုင်းမှာရှိနေရမယ့် Competency ပဲဖြစ်ပါတယ်။
Professional Competency မှာတော့ သုံးမျိုးရှိပါတယ်။ အများအားဖြင့် လုပ်ငန်းခွင်နဲ့ပဲ သက်ဆိုင်တာများပါတယ်။
1) Generic competency ကတော့ Basic competency ရဲ့အပွားပါပဲ။ Basic competency ရှိနေရင်တော့ Generic competency က လုပ်ငန်းခွင်မှာ အကျိုးရှိစွာ အသုံးချနိုင်ပါလိမ့်မယ်။
2) Managerial competency ကတော့ လုပ်ငန်းခွင် Management skill တွေဖြစ်တဲ့ Planning, Decision making, Deligation, Leadership စတဲ့ Management Level skill တွေ ဖြစ်ပါတယ်။
3) Functional / Technical competency သက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။
Competencies တွေကို ထပ်ပြီး Analyzes လုပ်ရင် အများကြီးကျန်ပါသေးတယ်။ ထပ်ရှင်းပြနေရရင် ရှုပ်သွားတာပဲ ဖြစ်နေပါလိမ့်မယ်။ ဒီလောက်နဲ့ပဲ စာဖတ်သူတို့ကို မြုပ်နေတဲ့ ရေခဲတုံးအပိုင်းလေးကို ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြုပြင်ရမလဲဆိုတာလေးသိသွားဖို့က ပိုအရေးကြီးပါတယ်။ သိချင်တာများရှိရင် Comment ရေးပြီး ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်သိသလောက် အကြုံပြု ဆွေးနွေးပါ့မယ်။ သေချာတာက Competencies အခွဲတွေ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ အခြေခံ အဆင့်လောက်ရေးတာဖြစ်တဲ့အတွက် ဒီလောက်နဲ့ပဲ လက်စသတ်လိုက်တာပါ။ မြုပ်နေတဲ့ ရေခဲတုံး အပိုင်းလေးတွေကိုတော့ မမေ့ကြနဲ့နော်။
(Myanmar B2B Management Magazine , January 2015)

ဒေါ်ဖြူဖြူသင်းကို............မလေးစားဘူးလား..ဂုဏ်ယူဖို့ မသင့်ဘူးလား


*ဆရာတော်လေးစားရတဲ့ အမျိုးသမီး တစ်ဦး*
သူကတော့ ဒီမိုကရေစီအဖွဲ့ ချုပ်က လွှတ်တော်အမတ် အဖြစ် အရွေးခံခဲ့ ရတဲ့ ဒေါ်ဖြူဖြူသင်း ပါ။သို့ သော် ဒီလို ဘဝရောက်အောင်နှစ်ပေါင်းများ စွာ သူ့ ဘဝကြီး တစ်ခုလုံးကို ပေးဆပ် စတေးခဲ့ရတာပါ။ထောင်အကျခံခဲ့ရတယ်။(အင်းစိန်အကျဉ်းထောင်ထဲမှာပါ။)
မိန်းကလေးတစ်ယောက် ထောင်ထဲမှာ အဝတ်အစား
လည်း တစ်စုံတည်း။အပို ယူခွင့်မပေးဘူး။အိပ်ရင်လည်း
သံမန်တလင်း ပေါ်မှာ အိပ်ရတယ်။တစ်နေကုန် စစ်နေတာပါ။ရေချိုးချင်ရင်လည်း(၅)မိနစ်ဘဲ့ အချိန်ရတယ်။ရေချိုးလို့ ရှိရင် သူ့ ခမျာ အဝတ်အစား အပို ကလည်းမရှိဘူး။အင်္ကျီလျှော်ချင်တယ် ဆိုရင် တော်တော် ဒုက္ခရောက်ခဲ့တာ။ထမိန်ရင်စည်းပြီး နေရတာ။ဒါတွေ လူတွေမသိဘူး။လွှတ်တော် အမတ်ဖြစ်မှသာ ဒေါ်ဖြူဖြူသင်း လို့ သိကြတာ
(လူတွေကိုကယ်ချင်လို့ ထောင်ထဲမှာ ခံခဲ့ ရတာပါ။)

(၂၀၀၂)ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဝါဒ ပေးချက်အရ (HIV) ရောဂါသည်တွေကို စောင့်ရှောက်နည်း သင်တန်းတက်ပြီးတော့ သူမဟာ လူနာ တွေကို ကယ်တင်ဖို့ စိတ်ဖြစ်သွားတာပါ။
ဒေါ်ဖြူဖြူသင်းက ငယ်ငယ်ကတည်းက လှူရတာ ဝါသနာပါ တယ်။အထက်တန်းကျောင်းသူ ဘဝကတည်းက သူ့  အဖေရော ညီမလေးပါ နေမကောင်းဖြစ်၊ ဆေးရုံတက်နေရပြီး အိမ်မှာ
ငွေကြေး အခက်အခဲ ဖြစ်နေတဲ့အချိန်မှာတောင် သူ့  သူငယ်ချင်းမလေး တစ်ယောက်က အကူညီလာတောင်းပါတယ်။အိမ်ဌားကလည် စေ့နေပြီး စပေါ်တင်စရာငွေလည်း မရှိတော့ မနက်ဖြန် အိမ်ပေါ်ကဆင်း ပေးရတော့မယ်လို့  လာပြောတော့ သနားပြီး သူ့ နားကပ်ချွတ်ပြီးတော့ ကူညီခဲ့ပါတယ်။ အဲဒါ ငယ်ငယ်ကတည်းက ဖြူစင်တာလို့  ခေါ်တယ်။ အဲဒါနှလုံးဖြူအူစင်းတဲ့ သူတော်ကောင်းအစစ်လို့  ခေါ်တယ်။အဲဒါ သူများကို ကူညီထောက်ပံ့ချင် ပြီး သူ့  ဟာသူ ဖြူစင်နေတာပါ။
အရင်က HIV ဆေးကို ရန်ကုန် မှာဘဲ့ပေးတာပါ။နယ်တွေ
မှာ မပေးဘူး။အဲဒီတော့ ရန်ကုန်ကို လူနာတွေ တက်လာ
တဲ့ အချိန်မှာ နေစရာ၊စားစရာမရှိတော့ ဒေါ်ဖြူဖြူသင်းက
သူ့ တို့ အိမ်မှာလူနာတွေကိုထား၊ ပြည့်သွားရင် မြောက်ဒဂုံက သူ့ အဖေပိုင်တဲ့ အိမ်မှာထား၊ ပြည့်သွားရင် သာကေတမှာ အိမ်ဌါး ထားပြီးတော့ လူနာ အယောက်(၃၀၀)ကျော်တို့ ရဲ့ နေရေး စားရေး၊ဆေးရဖို့  အရေးတို့ တာဝန်ယူရတဲ့ အပြင်သေလို့  ရှိရင်လည်း သဂြိုလ်ပေးရ သေးတယ်။ရက်လည်ဆွမ်းပါ
ကပ်ပေးရတယ်။အကုန်တာဝန်ယူလုပ်ပေးရှာတာပါ။
အဲလိုလုပ်ပေးတာတောင် သူ့ ကို ကူညီမဲ့သူမရှိဘူး ၊နှောက်ယှက်မဲ့သူဘဲ့ရှိတယ်။အဲဒီ အချိန်တုန်းက သူလည်း ဒီမိုကရေစီအဖွဲ့ ချုပ်မှာပါတော့ လက်ရှိအာဏာပိုင်တွေရဲ့ နှောက်ယှက်မှု အမျိုးမျိုး ခံခဲ့ရပါတယ်။"(သူသာ ဒီလိုလုပ်လို့ ပြည်သူတွေ ကြည်ညိုသွားလို့ ရှိရင် ငါတို့  ကို မကြည်ညိုဘဲ့ နေလိမ့်မယ် )"အဲဒီစိတ်မျိုးနှင့် လိုက်ဖမ်းတဲ့အခါလည်း ဖမ်းတယ်။တစ်ခါတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ဖို့  ဘုရားမှာ ဆုတောင်းတာ လိုက်ဖမ်းလို့ ထွက်ပြေးရတယ်။အိမ်ပြန်လာမရဲတော့ ဒီအချိန်ဆို လူနာတွေ ထမင်းကျွေးကြ ဆေးသောက်ကြ ဖုံးနှင့်ဘဲ့ ညွှန်ကြားနေရတယ်။အဲဒီအချိန်မှာ သူ့ အဖေက
အသည်းအသန်ဖြစ်ပြီး ဆေးရုံတင်ရတော့ ဒေါ်ဖြူဖြူသင်း
ကသူ့ ကို ဖမ်းရင်လည်းဖမ်းပါစေ အဖေရဲ့ နောက်ဆုံး အချိန်ကိုလာချင်ပေမဲ့ သူထောင်ကျရင် သူ့ ကို မှီခိုနေတဲ့
HIV အယောက်(၃၀၀)ကို ဘယ်သူ ကူညီမှာလဲ တွေးကာ
သူလာချင်ပေမဲ့ အနစ်နာခံခဲ့ပါတယ်။အဖေက သေခါနီးတဲ့အချိန် ကံဆိုးချင်တော့ သူ့ အဖေကို ပြုစုဖို့  ဌားလိုက်တဲ့ နာစ့်မ နံမည်ကလည်း ဖြူဖြူသင်း ဖြစ်နေပါတယ်။နံမည်ချင်း သွားတူနေပါတယ်။အဲဒီမှာတင် ထောက်လှမ်းရေးက တစ်ခါတည်း ဖြူဖြူသင်းဆေးရုံရောက်နေပြီဟု လူမှားပြီး
နာစ်မကို လူမှားပြီးဖမ်းပါတယ်။ဆွဲလား ရမ်းလားလုပ် အော်ကြဟစ်ကြ ဖြစ်နေတော့ တကယ်တမ်း လူမှားပြီးဖမ်းတာပါ။ အိပ်ရာထဲမှာ လှဲနေတဲ့ သူ့ အဖေဟာ
ဖြူဖြူသင်းကို ဖမ်းပြီလည်း ကြားရော သူ့ သမီး အဖမ်း
ခံရပြီ အထင်ဖြင့် ရှောစ့်ဖြစ်ပြီးတော့ အိပ်ရာထဲမှာ သေရှာ
ပါတယ်။ကြည့်စမ်း သူ့ ရဲ့ လူနာတွေအတွက် သူ့ အဖေ
အသက်တောင်သူ မမှီလိုက်ရှာဘူး။
(ကဲ ပရိတ်သတ်များတို့  အဲဒီလို အနစ်နာခံတဲ့ အလုပ်ကို
လူတိုင်း လုပ်နိုင်ပါ့မလား...)
*(ယနေ့ ခေတ်က မိမိလည်း အနစ်နာမခံဘူး အနစ်နာခံတဲ့ ပုဂ္ဂိုလ်ကိုလည်း လေးစားကြည်ညို ရကောင်းမှန်းမသိကြဘူး)* ဒါပေမဲ့ သူ့ အဖေ အသက် အသေခံပြီးတော့ အနစ်နာခံခဲ့ ဒေါ်ဖြူဖြူသင်းကို ကူညီမဲ့သူ သိမ့်မရှိဘူး။ကြောက်တာလည်း ပါတာပေါ့လေ။သူက အတိုက်အခံ ပါတီလို ဖြစ်နေတာကိုး။အဲဒီတော့ မကူညီတဲ့ အပြင်
ဝိုင်းနှောက်ယှက်ကြတယ်။ အဲဒီအချိန်မှာ အာဏာပိုင်တွေရဲ့ မြောက်ပင့်ပေးမှုကြောင့် ရောဂါသည်တွေနေတဲ့အိမ်ကို ရပ်ကွက်ထဲကလူတွေက အဲဒါ အယုတ်တမာကောင်တွေ၊ လူမှုရေး ဖောက်ပြန် ကြလို့ ဒီရောဂါဆိုးကြီးရတာ။ရပ်ကွက်ထဲ
အနေမခံကြနှင့် ဝိုင်းဆဲကြပါတယ်။သည်းခံရတာဘဲ့။
နောက်ဆုံး ခဲနှင့်ဝိုင်းထုကြတော့ သူတို့ မှာ လူနာတွေခေါ်ပြီးထွက်ပြေးရ တာပါဘဲ့။တခြားအိမ်ပြောင်း ပြေး နဲ့ လေးငါးခြောက် အိမ်လောက် ပြောင်းပြေး ခဲ့ရရှာတယ်။ကိုယ်လုပ်တဲ့ အလုပ်ကို ကူညီမဲ့သူ မရှိဘဲ (၁၀)နှစ်စလုံး အနှောက်ယှက်ခံခဲ့ရတာတောင် လူနာ
တွေနှင့် သူ့ အလုပ်ကို မစွန့် လွှတ်တာ နဲနဲနှောနှော မေတ္တာ မဟုတ်ပါဘူး။ဒါကြောင့် မြန်မာပြည်မှာ ရှိတဲ့ အမျိုးသမီး အားလုံးကို ဆရာတော်က အတုယူ စေချင်ပါတယ်။ အဲဒါဘုရားလောင်းတို့ရဲ့ စိတ်ဓာတ်ဘဲ့။ အများအကျိုး သူလုပ်ခဲ့ တာတွေလေ။
တစ်နေ့ တော့ ရောဂါသည်အမျိုးသားလူနာတစ်ယောက် ကို သူ့  မိသားစုကလည်းမကုဘဲ ပစ်ထားပြီး အခန်းတံခါး ပါ ပိတ်ထားလိုက်ကြတယ်။ လူနာက မထနိုင်ဘူး။မစင်အညစ်အကြေးတွေကို လုံချည်အထဲပါချပေါ့။ဒီအတိုင်း ပစ်ထားတဲ့ လူနာကို ဒေါ်ဖြူဖြူသင်းတို့  က လာကြည့်ပေး ရတယ်။အခန်းတံခါးဖွင့်လိုက်တော့ အပုပ်နံတွေရော ၊မစင်အညစ် အကြေးအနံတွေရော ထောင်းထောင်းထနေတဲ့ လူနာကို
သူငယ်ချင်းအရင်း ခေါက်ခေါက်တောင် အခန်းအထဲမဝင်ဘဲ့ ရွံ့နေတယ် ပျို့ နေတယ်တဲ့။
ဒေါ်ဖြူဖြူသင်းတို့ က ဒီအနံ့ တွေကို ပဓာန မထားမရွံမရှာဘဲ လူနာကို အားပေးစကား
တွေပြော ၊အင်္ကျီတွေလဲပေး ရေပတ်တိုက်၊အဝတ်တွေ
လျှော် နေပူလှန်း မီးပူတိုက် ပြီးတော့ မျက်နှာသုတ်ပုဝါ
တွေကို ရေစွတ်ပြီးတော့ ချီးပေနေတဲ့ အခန်းကို သုတ်၊
ကြည့်စမ်း ဆွေမတော်မျိုးမစပ် အမျိုးသမီးအပျိုလေးတွေ
လုပ်ပေးနေကြတာ။သန့် ရှင်းသွားတဲ့ အခါကျတော့မှ အားပေးစကားတွေပြော ဆေးတွေတိုက် ပြုစုရှာတာ။
အဲဒီချိန်က ဒေါ်ဖြူဖြူသင်းကအပျိုအရွယ် အသက်(၃၀)ဘဲ့ ရှိသေးတယ်။ခုတော့(၄၂)နှစ် အိမ်ထောင်မပြုရှာပါဘူး။တစ်ဘဝလုံး ပရဟိတကို ပေးဆပ်ထားတာပါ။
အဲဒီတော့ ဒေါ်ဖြူဖြူသင်းဟာ သူများအပူကို ကိုယ့် အပူလုပ်ခဲ့တဲ့ တကယ့် သူတော်ကောင်းပါ။ဘုရားရှင်
ကိုယ်တိုင်ပြု လုပ်ခဲ့တဲ့ အရာဖြစ်ပါတယ်။ကဲ ဒကာ၊ ဒကာမ များအားလုံး အရင်ဘဝအဆက်ဆက် က သူများအပူကို ကိုယ့်အပူ မလုပ်ခဲ့ဘဲ ကိုယ်ကျိုးနှင့်တင် ဘဝတွေဆုံးခဲ့ ရလို့ နိဗ္ဗာန်နှင့် ဝေးခဲ့တာပါ။ဒီဘဝမှာတော့ ဘာမျှော်လင့်ချက်မှ မထားဘဲနှင့် သူတစ်ပါး အပူကို ကိုယ့်အပူလုပ် ပြီးတော့ လောကကောင်းကျိုးများ သယ်ပိုးနိုင်တဲ့ ပညာရှိ သူတော်ကောင်း များ မုချမသွေ ဖြစ်ပါစေ သတည်း။
ပရ ဟိတ ဒကာလေး
လေးစားလျက်
ကျော် ဇေ ယျ

Wednesday, July 31, 2013

ဆရာ ဦးဘုန်း (ဓာတု) ပြောတဲ့ မျိုးစေ့ ပုံပြင်



                      ဟိုတုန်းက ပေါ့ဗျာ....... တိုင်းပြည် တစ်ပြည်မှာ ....... မင်းသား တစ်ပါးရှိခဲ့တာပေါ့ .... အဲဒီမင်းသားလေးက ပန်းစိုက်ရတာ တအား ၀ါသနာ ပါတယ် .... ပြီးကျတော့ သူကိုယ်တိုင်က ပန်းတွေကို အလွန်ချစ်တတ်တယ် တဲ့ .... တစ်နေ.ကျတော့ဗျာ ..... မင်းသားရဲ. ဖခင် ဘုရင်ကြီးက သူ.သားတော် အတွက် ကြင်ရာဖက် ရှာပေးရတော့မယ် ပေါ့ ...........
''ငါ့ရဲ. သားတော်ဟာ အရွယ်ရောက်ပြီ ဖြစ်တဲ့အတွက် ကြင်ရာဖက် ရှာပေးရတော့မယ် " လို. ဘုရင်ကြီးက တွေးမိတာပေါ့ဗျာ .......... အဲဒါနဲ. သားတော်နဲ. တိုင်ပင်ကြည်.တဲ့အခါ သားတော် မင်းသားလေးက ဘယ်လိုပြောလဲဆိုတော့ " အို ဖခမည်းတော် ... ကြင်ရာဖက်ရွေးချယ်ဖို. အတွက် သားတော် ကိုယ်တိုင် ရွေးချယ်ခွင့် ပြုပါ .... ကြင်ရာဖက် ရှာတယ် ဆိုတာ ဦးနှောက်ရော နှလုံးသား ပါ ရွေးချယ် ပြီး ရှာရမှာပါဖခမည်းတော် ... ဒါကြောင့် သားတော် ကိုယ် တိုင် ရွေးချယ် ပြီး ရှာပါရစေ " ဆိုပြီး ဖခမည်းတော်ကို တောင်းဆိုတာပေါ့ ......... ဒါနဲ. ဘုရင်ကြီး လည်း သူ.ရဲ. သားတော် စိတ်တိုင်းကျ ရှာခွင့်ပြု ခိုင်းလိုက် တယ် ...... ဒီလိုနဲ. မင်းသားလေးလည်း တိုင်းပြည် မှာ ပြိုင်ပွဲ ကြင်ရာဖက်ရွေးပွဲ ကျင်းပတာပေါ့ ဗျာ 

................. ဘယ်လိုလဲ ဆိုတော့ကား ..... တိုင်းပြည် နန်းတော်တွင်းမှာ ကြင်ယာေ၇ွးပွဲ ရှိတယ်ပေါ့ ..... မည်သူမဆို အပျိုစင် ဖြစ်ပြီး အိမ်ထောင်မရှိသူများ တက်ရောက်နိုင်ကြောင်း ကြေ ညာ မောင်းခတ်တာပေါ့ ........ အဲဒါနေ. အဲဒီ နေ.လည်း ရောက်ရော .... နန်းတော်ထဲမှာ ကြင်ယာဖက် ရှာပွဲ .. မိဖုရားလောင်း ရွေးပွဲ လုပ်တာပေါ့ လေ .......... အဲဒီအချိန်မှာ နန်းတော်မှာလည်း အပျိုစင်ကို ငါးသောင်းကျော် လောက် တက်ရောက်ကြတယ် ဆိုပဲ .......... ၀တ်ကောင်းစားကောင်းတွေနဲ. ပေါ့ဗျာ .....ူ မင်းသားလေးရဲ. မိဖုရားလောင်း အ ဖြစ် ရွေးချယ်ခံချင်ကြလို.လေ ........ နန်းတော်တွင်းမှာလည်း လူစုံပြီ ဆိုတော့ မင်းသားလေးက ပြောတာပေါ့ .....
     . " အို အပျိုစင် အပေါင်းတို. .. ဟိုအေ၇ှ.နားမှာ ပန်းအိုးရယ် .. မြေဆီ လွှာရယ် ..... ပန်းမျိုးစေ့ရယ် ..... ရှိတယ် ..... သင်တို. ရဲ. အိမ်ကို ယူသွားပြီး ပန်းပင် ပေါက်လာအောင် စိုက်ခဲ့ကြပေါ့ .... နောက်ခြောက်လ နေရ်ျ နန်းတော် တွင်း ပြန်လာပြီး အသင်တို. စိုက်ပျိုးထားတဲ့ ပန်းပင်တွေကို ကြည်.ပြီး ငါကိုယ်တော် မြတ် စိစစ် ရွေးချယ်တော်မူမယ် " လို . ပြောလိုက်တာပေါ့ ..... အာ ... အဲဒီအချိန်မှာ ဘယ်ပြောကောင်းမလဲ.... မိန်းကလေးတွေကလည်း အလုအယက်ပေါ့ ....... မင်းသားလေးကြိုက် တဲ့ ပန်း ကို သိထားတဲ့အတွက် ပန်းမျိုးစေ့တွေ ရှာပြီးတော့ အိမ်သယ်သွား ပြီး စိုက်ပျိုး ကြတာပေါ့ဗျာ .... ဒါနဲ. နောက် ခြောက်လလောက်လည်းနေရော ... နန်းတော်တွင်း မှာ အပျိုစင်တွေက ပန်းအိုးလေးတွေ ကိုယ်စီရွက်ပြီး မင်းသားလေးထံ လာရောက် အရွေးချယ် ခံကြတာပေါ့ ဗျာ ...... မင်းသားလေးနဲ. မှူးကြီးမတ်ရာ အပေါင်းတို.လည်း ရွေးချယ် ကြတာပေါ့ဗျာ ....... ဖြစ်ချင်တော့ အဲဒီနေ. က မင်းသားလေး နန်းသိမ်းပွဲနဲ. ကြင်ရာရွေးပွဲ ကိုးဗျာ .... အဲဒါနဲ. အပျိုစင်တွေလည်း ရွေးချယ်ခံကြတာပေါ့ ....... ပန်းလေးတွေကလည်း လှလို.ဗျာ ... အရောင်အသွေးကို စုံလို . ..........
     အဲဒီအချိန်မှာ ..... မိန်းကလေးတစ်ယောက် .......... လက်ထဲမှာ .......... ပန်းအိုးလေးတော့ ရွက်လာပါရဲ. ............... ပန်းက ပါမလာခဲ့ဘူး ...... အဲဒီ မိန်းကလေးက မင်းသားလေးကို လျှောက်သတဲ့ ........ " အရှင်မင်းသား .......... ကျွန်တော် မျိုး မ ကြိုးစားပြီး အပင် စိုက်ခဲ့ပါတယ် .... ဒါပေမဲ့ ဒီအပင် က ဘယ်လိုပင် စိုက်စိုက် ပန်းမပွင့်ရ်ျ အပင် ဖြစ်မလာကြောင်းပါ ဘုရား" လို. ပြောတော့ မင်းသားက အိမ်း ရှိစေ ... ရှိစေ ...... လို. ပြောတာပေါ့ဗျာ .......... အဲ ......... အဲဒါနဲ. ကြင်ယာဖက် ဘယ်သူများ ဖြစ်မလဲလို. အပျိုစင်တွေ ကိုယ် စီ ရင်ခုန်ကြတာပေါ့ဗျာ .......... ဒါနဲ. .... မင်းသားလေးလည်း ပုလ္လင် ပေါ်မှာထိုင် ......... ဒီလို ကြေညာသတဲ့ ......... " ပန်းမပွင့်သော မိန်းကလေးအား ငါ မိဖုရားလောင်း အဖြစ် ရွေးချယ် သည် ......" ဘယ်ပြော ကောင်းမလဲ .. နန်းတော် တွင်း မှာ ဆူညံ ပွက်လောရိုက်ကုန်တာပေါ့ .... " ငါတို. လို ပန်းလှလှ လေးတွေ စိုက်ခဲ့တဲ့ လူကိုတော့ မရွေးပဲနဲ. ဒင်းလို ပန်းမပွင့်တဲ့ ကောင်မကို မှ ဒီမင်းသားက ရွေးရသလား .... ပေါ့" .............. တခြား အပျိုစင်တွေက မင်းသားလေးကို အပြစ်တွေ ပြောကြတာပေါ့ဗျာ ......... (ဟင်း ဟင်း ..... ဇာတ်သိမ်းခန်းလာပါပြီ ဗျာ .......)
      မင်းသားလေးလည်း ......... ဖြေရှင်းချက်ပေးပြီပေါ့ ...... စပါပြီ " အကျွန်ပ် ပြောပြမယ် .... အပျိုစင် အပေါင်းတို. ........... အကျွန်ပ် အသင်တို. ကို ပေးလိုက် တဲ့ မျိုးစေ့တွေအားလုံး က ရေနွေးပူပူထဲမှာ တစ်နာရီလောက် စိမ်ထားပြီးသားလေ .... ဘယ်လိုမှ အပင်ပေါက်လာစရာ အကြောင်းမရှိဘူး .... အသင်တို. အားလုံး လူလိမ်တွေချည်းပဲ.......... အသင်တို.ကို အကျွန်ုပ် မိဖုရားလောင်း ရွေးချယ်လိုက်ရင် တိုင်းပြည် ပျက်မှာပေါ့ .... မှတ်ထားကြ တိုင်းပြည်တစ်ပြည်မှာ ဘု၇င်ပြီးရင် မိဖုရားက အရေးကြီးဆုံးပဲ .......... " လို.လည်း ဆိုတော့ ကျန်တဲ့ အပျိုစင် တွေ ခေါင်းလေးတွေ ငုံ.ထားကြတာပေါ့ဗျာ ...... မင်းသားလေးလည်း ဆက်ပြီး ........... ဒီမိန်းကလေးကတော့ မလိမ်ဘူး ........ မညာ ဘူး ......... ရိုးသားတယ် ........ ငါကိုယ်တော်မြတ် ချမ်းသာတာ ရုပ်အဆင်းလှတာ မမက်မောဘူး ...... မလိမ်တတ်ပဲ သစ္စာရှိတဲ့ ရိုးသားတဲ့ မိန်းကလေးကသာ ငါကိုယ်တော်မြတ် မိဖုရားလောင်း ဖြစ်ထိုက်တယ် " လို. ဆိုလိုက်ပါတော့တယ် .................. ပုံပြင်လေးက တော့ ဒါပါပဲဗျာ .............
       ဆရာ ဦးဘုန်း ( ဓာတု ) စာပေဟောပြောပွဲ မှာ ပြောခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ပါဗျာ .............
     အားလုံး ပျော်ရွှင်နိုင်ပါစေ ........

Sunday, June 9, 2013

Click တစ်ချက်နှိပ်လိုက်တာနဲ့ စကြ၀ဠာကြီးတစ်ခုလုံး သင့်ရှေ့မှောက် ဒူးထောက်လာစေရမယ်



အပျင်းပြေပေါ့ဗျာ ..
အင်တာနက်သုံးနေရင်း ဗဟုသုတလည်းရ အသစ်အဆန်းလေးတွေလည်း
လေ့လာနိုင်မယ့် Website လေးတစ်ခုကို မိတ်ဆက်ပေးပါမယ် ..
အဲဒီ Website မှာ ကျွန်တော်တို့နေထိုင်တဲ့ စကြ၀ဠာကြီးတစ်ခုလုံးအကြောင်းကို
စိတ်ဝင်စားစရာလေ့လာနိုင်မှာ ဖြစ်ပါတယ် ...
စကြ၀ဠာကြီးကို အဝေးတစ်နေရာကနေ လှမ်းကြည့်လို့ မြင်ရမယ့် အနေအထားကနေ
တဖြည်းဖြည်း စကြ၀ဠာထဲ တိုးတိုးပြီးဝင်သွားလိုက်တာ .. လမ်းတလျှောက်မှာရှိတဲ့
ဂြိုလ်တွေအကြောင်းကိုလည်း လေ့လာမှတ်သားသွားနိုင်ပါတယ် ..


             အဲဒီလို တဖြည်းဖြည်းတိုးဝင်သွားရင်းနဲ့ ဘယ်လောက်ထိအောင် လေ့လာခွင့်ရမလဲဆိုရင်
မိုက်ခရိုစကုပ်နဲ့တောင် ကြည့်လို့မရတော့လောက်အောင် သေးငယ်တဲ့ အခြေအနေအထိရှိတဲ့
အရာတွေအကြောင်းကိုပါ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ..
 
စကြ၀ဠာကြီးကို လေ့လာရန် သွားပါ=>> http://htwins.net/scale2/

အဲဒီမှာ Loading ကို ပြည်အောင်စောင့်ပေးလိုက်ပါ ..
Loading ပြည့်သွားရင် Start ဆိုတာပေါ်လာပါမယ် .. Start ကိုနှိပ်လိုက်ရင်
ပုံအတိုင်း စကြ၀ဠာခရီးစဉ်ကြီး စတင်ရုံပါပဲ ..

       မောက်မှာပါတဲ့ Scroll ဘီးလေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ခရီးဆက်လိုက်ပါ ..
လမ်းမှာတွေ့သမျှ အရာတွေအားလုံးထဲက ကိုယ်သိချင်တဲ့ အရာလေးများတွေ့ရင်
အဲဒီနေရာလေးကို ကလစ်နှိပ်လိုက်ပါ .. အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ် ...
ခရီးဆက်မယ်ဆိုရင်တော့ မောက်က Scroll Wheel ကို လက်ညှိုးလေးနဲ့ထိပြီး လီဗာတင်လိုက်ပေါ့ဗျာ

အိုင်တီမုဆိုး

မူရင်း= http://www.facebook.com/photo.php?fbid=379588852138952&set=a.35...

Tuesday, June 4, 2013

အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)

အင်တာနက်နှင့် ၀ဘ်ဆိုဒ်တွေက ခမ်းနားကြီးကျယ်သလောက် လူတိုင်းနေ့စဉ်ဘ၀မှာ နေရာ ၀င်ယူလာသည်။ အင်ဖော်မေးရှင်းတွေက ဖောင်းပွလွန်းပြီး၊ အွန်လိုင်းပေါ်မှာ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ အချိန်တွေ ပိုပေးလာကြရသည်။



သို့နှင့်တိုင် ၀ဘ်ဆိုဒ်တွေက မျိုးဆက်တိုင်းအတွက် ကမ္ဘာလုံးချီလေးနက်တဲ့ အတွေးအမြင်ရသပေါင်းစုံ ပေးခဲ့တဲ့ ဂန္တ၀င်စာအုပ်တွေကိုတော့ဖြင့် ဖယ်ရှားပစ်လို့ မရပါ။



အောက်မှာ ကမ္ဘာ့ပညာရတနာသိုက်အဖြစ် တစိတ်တပိုင်း ရည်ညွှန်းနိုင်မည့် စာအုပ်စာရင်းကို ဖော်ပြထားပါသည်။ အသက် ၃၀ မွေးနေ့ရက် မတိုင်မီ လူတိုင်း ဖတ်သင့်တဲ့ စာအုပ် (၃၀) ဟု Foreign Policy ဂျာနယ်က ညွှန်းဆိုထားပါသည်။



1. Siddhartha by Hermann Hesse

ဘ၀ရဲ့ အနှစ်သာရနှင့် သဘောကို လက်တွေ့နားလည်ဖို့နဲ့ ဥာဏ်အလင်းရရှိဖို့အတွက် နည်းလမ်းရှာဖွေရာမှာ မိမိကိုယ်ကို အားကိုရေးသာ ပဓာနကျကြောင်း တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ဆွစ်လူမျိုး ဂျာမန်နိုင်ငံသား ဟာမန်ဟစ် ကရေးပြီး၊ ဆရာပါရဂူ က 'သိဒ္ဓတ္ထ' အမည်ဖြင့် မြန်မာပြန်ခဲ့သည်။



2. 1984 by George Orwell

၁၉၈၄ ခုနှစ်မှာ ဖြစ်လာမယ့် အစိုးရများရဲ့ ကြောက်မယ်ဖွယ် သရုပ်သကန်ကို စာရေးသူက ၁၉၄၉ ခုနှစ်မှာ ကြိုတင်ရေးသား သတိပေးခဲ့တဲ့ စာအုပ်ဖြစ်သည်။ လူထုနဲ့ နိုင်ငံသားများအပေါ် အမျိုးမျိုး လိမ်လည်လှည့်စား ထောက်လှမ်းရေးလုပ်တဲ့ 'အားလုံးသိ-အစိုးရတွေ' ရဲ့ အန္တရာယ်ရှိတဲ့ အပြုအမူစရိုက်တွေကို အကောင်းဆုံး ဖော်ပြနိုင်တာကြောင့် ယနေ့တိုင် အမြဲချီးကျူးကြရတဲ့ စာအုပ်ဖြစ်သည်။



အင်္ဂလိပ် စာရေးဆရာကြီး ဂျော် အော်ဝဲလ် မှာ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ရဲအရာရှိအဖြစ် အမှုထမ်းခဲ့ပြီး၊ ၁၉၃၄ ခုနှစ်တွင် နာမည်ကျော် 'မြန်မာပြည် နေ့ရက်များ' စာအုပ်ကို ရေးသားခဲ့သည်။



3. To Kill a Mockingbird by Harper Lee

၁၉၃၀ ပြည့်နှစ် အမေရိကန် တောင်ပိုင်းပြည်နယ်တွေမှာ လူမျိုးရေးနဲ့ စီးပွားရေး ခွဲခြားဆက်ဆံခံရတဲ့ အငြင်းပွားဖွယ် ပြဿနာများကို တင်ပြထားသည်။ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခဲ့ရတဲ့ လူမည်းတစ်ဦးနှင့် အဓမ္မပြုကျင့်ခံရသူ လူဖြူအမျိုးသမီးငယ်တို့ရဲ့ တရားရုံးနောက်ခံအမှု ဖြစ်သည်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း အစွဲအာဃတတွေကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့၊ အတွေးအခေါ်များစွာပေးတဲ့ ဇာတ်လမ်း ဖြစ်သည်။



4. A Clockwork Orange by Anthony Burgess

၂၀ ရာစု အကောင်းဆုံး အင်္ဂလိပ် ၀တ္ထု (၁၀၀)မှာ စာရင်းတင်ခံရတဲ့ စာအုပ်ဖြစ်ပြီး၊ ရုပ်ရှင်လည်း ရိုက်ကူးခဲ့သည်။ ရူးနှမ်းတဲ့ လူငယ်ယဉ်ကျေးမှု အိပ်မက်ဆိုး တစ်ခုက ဆယ်ကျော်သက် လူငယ်တစ်ယောက်ကို အမြဲထိတ်လန့် ကြောက်ရွံအောင် အမျိုးမျိုးနှောက်ယှက်မှုပေးတဲ့ ဇာတ်လမ်း ဖြစ်သည်။ အသက် မရှုနိုင်လောက်အောင် စိတ်လှုပ်ရှားစေတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ စာဖတ်သူကို အတွေးချဲ့ထွင်မှုများစွာ ပေးနိုင်သည်။



5. For Whom the Bell Tolls by Ernest Hemingway

မယုံကြည်နိုင်လောက်အောင် ရက်စက်တဲ့ စစ်ပွဲ၊ သေခြင်းတရားနဲ့ အိုင်ဒီအိုလော်ဂျီများအပေါ် အားကောင်းစွာ စဉ်းစားတွေးခေါ် တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေးရဲ့ စာအုပ်များနှင့် ၀တ္ထုတိုများမှာ မြန်မာဘာသာပြန် ရှိနေပြီး၊ ယခုစာအုပ်ကို စာရေးဆရာ 'ကိုကို' က 'ခေါင်းလောင်းသံ' အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။



6. War and Peace by Leo Tolstoy

ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း ရေးသားပြီး၊ ၁၈၆၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့ဂန္တ၀င်စာအုပ် ဖြစ်သည်။ ရုရှားကို ပြင်သစ်တို့ ကျူးကျော်ဝင်ရောက်မှု၊ ဇာဘုရင် လူ့အဖွဲ့အစည်းအပေါ် နယိုလီယံခေတ်ရဲ့ အကျိုးသက်ရောက်မှု၊ ရုရှား မင်းမျိုးစိုးနွယ်တွေရဲ့ အမူအကျင့်တွေကို ဇာတ်ကောင်စရိုက်များ အားကောင်းစွာဖြင့် တင်ပြထားတဲ့ ဇာတ်လမ်းကြီး ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း စာအုပ် (၁၀၀) တွင် ထိပ်ဆုံးမှာ နေရာယူထားသော စာအုပ် ဖြစ်သည်။



7. The Rights of Man by Tom Paine

ပြင်သစ်တော်လှန်ရေး ကာလအတွင်း ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပြီး၊ ဒီမိုကရေစီ ရှုထောင့်ကနေ လူ့အခွင့်အရေး အယူအဆကို ပထမဆုံး စတင်မိတ်ဆက်ပေးတဲ့ စာအုပ်တစ်အုပ်အဖြစ် သတ်မှတ်ကြသည်။ သောမစ် ပိန်း ကို အမေရိကန်ပြည်ထောင်စု တည်ထောင်ရာမှာ စာပေရေးသားမှုဖြင့် ကူညီခဲ့သူအဖြစ် လူသိများသည်။



8. The Social Contract by Jean-Jacques Rousseau

ဒီစာအုပ်ကနေ ကျော်ကြားတဲ့ ကိုးကားစရာတစ်ခုက "လူဟာ လွတ်လပ်စွာ မွေးဖွားခဲ့ပြီး၊ နေရာတိုင်းက သူနဲ့ ဆက်စပ်ပတ်သက်နေတယ်" ဆိုတာ ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးချင်းရဲ့ အရေးပါမှု အခန်းကဏ္ဍကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ၁၇၆၂ ခုနှစ်မှာ ရေးခဲ့တဲ့ ရူးဆိုး ရဲ့ "လူမှု ပဋိညာဉ်' စာအုပ်က ပြင်သစ်နဲ့ ဥရောပမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တော်လှန်ရေးများကို ဖြစ်ပေါ်အောင် လှုံဆော်ပေးခဲ့သည်။



9. One Hundred Years of Solitude by Gabriel Garcia Marquez

သာမန် ဇာတ်လမ်းဇာတ်ကွက် ဆင်ထားတဲ့ ၀တ္ထုမျိုးမဟုတ်ဘဲ၊ လူယဉ်ကျေးမှု သမိုင်းကို ပြန်လည် အမှတ်ရခြင်းရဲ့ အရေးကြီးပုံကို အမျိုးမျိုးသော ဇာတ်ကြောင်းပြောပုံစံနဲ့ လှလှပပဖွဲ့ဆို တင်ပြထားတဲ့ ၀တ္ထု ဖြစ်သည်။ ကိုလံဘီယာ စာရေးဆရာက ၁၉၆၇ ခုနှစ်မှာ စပိန်ဘာသာနဲ့ ပထမဆုံး ထုတ်ဝေခဲ့ပြီး၊ နောက်ပိုင်း ဘာသာစကား ၃၀ ကျော်ဖြင့် ပြန်ဆိုခဲ့ကြသည်။



10. The Origin of Species by Charles Darwin

လူသားရဲ့ မူလဇာတ်မြစ်နှင့် သဘာဝလောကနှင့် ပတ်သက်ပြီး၊ လူ့အဖွဲ့အစည်းများရဲ့ အတွေးအမြင်အပေါ် ထူးထူးခြားခြား ဂယက်ရိုက်စေခဲ့တဲ့ စာအုပ်ဖြစ်သည်။ ၁၈၅၉ ခုနှစ်မှာ ရေးသားခဲ့ပြီး၊ ချားလ်စ် ဒါဝင် က လူသားရဲ့ ဖြစ်စဉ်ကို ဇီဝဆင့်ကဲတိုးတက်မှု လမ်းကြောင်းကနေ စဉ်းစားပြခဲ့သည်။



11. The Wisdom of the Desert by Thomas Merton

ဘ၀ဆိုတာ ဘာလဲ၊ ဘ၀ကို သန့်ရှင်းမြင့်မြတ်အောင် ဘယ်လိုနေထိုင်မလဲ၊ ဘ၀မှာ ကြီးမားတဲ့ စွမ်းအားတွေရအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေအပေါ်၊ သုံးရာစုနဲ့ လေးရာစုမှာ အီဂျစ် သဲကန္တာရထဲ ကျင်လည်ခဲ့ကြတဲ့ ပညာရှင်များရဲ့ အတွေးအခေါ် အဆိုအမိန့်များကို စုစည်းတင်ပြထားတဲ့ အမေရိကန် ခရစ်ယာန် ဘုန်းတော်ကြီး သောမတ်စ် မာတင် ရဲ့ စာအုပ်ဖြစ်သည်။



12. The Tipping Point by Maclolm Gladwell

သေးငယ်တဲ့ စိတ်ကူးတစ်ခု၊ အယူအဆတစ်ခု၊ ထုပ်လုပ်မှုတစ်ခုက ဗိုင်းယပ်စ်လို ပြန့်နှံပြီး၊ ပဉ္စလက်ဆန်ဆန် ဂလိုဘယ် လူမှုအပြောင်းလဲတွေ ဖြစ်ပေါ်ခဲ့တာ၊ ဆက်လက်ဖြစ်ပေါ်ဦးမှာကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး၊ စာအုပ်ကော်ပီ ၁.၇ သန်းကျော် ရောင်းခဲ့ရသည်။



13. The Wind in the Willows by Kenneth Graham

အင်္ဂလန်ဘဏ် အငြိမ်းစား အုပ်ချုပ်ရေးမှုးက ၁၉၀၈ ခုနှစ်မှာ ရေးခဲ့တဲ့ ကလေးစာအုပ် ဖြစ်သည်။ ကလေးစာပေထဲတွင် အကောင်းဆုံး ၀တ္ထုဇာတ်လမ်းအဖြစ် ရည်ညွှန်းခံရပြီး၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ ရဲဝံ့စွန့်စားဖို့၊ ရဲဘော်ရဲဘက်စိတ် ရှိဖို့အတွက် လူမဟုတ်တဲ့ ဇာတ်ကောင်များဖြင့် တင်ပြထားသည်။



14. The Art of War by Sum Tzu

စစ်ရေးမဟာဗျူဟာနဲ့ နည်းဗျူဟာများအတွက် ရှေးအကျဆုံး စာအုပ်တစ်အုပ် ဖြစ်သည်။ စစ်ရေးသာမက၊ စီးပွားရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ပါ အောင်မြင်အောင် မဟာဗျူဟာချမှတ်နိုင်ဖို့ လမ်းညွှန်မှု ပေးနိုင်တဲ့ ရှေးဟောင်း တရုတ်စစ်ရေးကျမ်းစာအုပ် ဖြစ်သည်။



15. The Lord of the Rings by J.R.R. Tolkien

၂၀ ရာစု အင်္ဂလိပ်စာပေသမိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ဩဇာအကြီးဆုံး ၀တ္ထုစာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်ကို ကိုင်ကြည့်ရုံနဲ့ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖြစ်အောင် စွဲဆောင်နိုင်တဲ့ စာအုပ်ဖြစ်သည်။



16. David Copperfield by Charles Dickens

အင်္ဂလိပ်စာရေးဆရာကြီး ချားလ် ဒစ်ကင်းစ် ရဲ့ ရှစ်အုပ်မြောက် စာအုပ်ဖြစ်ပြီး၊ ၁၈၅၀ ခုနှစ်မှာ စတင် ထုတ်ခဲ့သည်။ ဒစ်ကင်းစ် ကိုယ်တိုင်က "မိဘအများစုလိုပဲ၊ သားသမီးအများကြီးထဲက တစ်ယောက်ကို အချစ်ဆုံး ဖြစ်တတ်သလို၊ ကျနော်လည်း ရေးသမျှတွေထဲက ဒေးဗစ်ကော်ပါးဖီးလ် ကို အနှစ်သက်ဆုံးပဲ" ဟုဆိုသည်။ ဒေးဗစ်ကော်ပါးဖီးလ် ရုပ်ရှင်၊ တီဗီ၊ ပြဇာတ်များ များစွာရှိပြီး၊ စာရေးဆရာ ဒစ်ကင်းက ဂဏှာမငြိမ်တဲ့ နှလုံးသားကနေ မှားယွင်းမှု ဖြစ်ပေါ်လာခြင်းကို စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းရှိဖို့ တင်ပြထားခြင်း ဖြစ်သည်။



17. Four Quartest by T.S Eliot

ဒုတိယကမ္ဘာစစ်အတွင်း ရေးသားခဲ့တဲ့ ကဗျာစကားပြေ လေးပုဒ်ကို စုပေါင်းထားခြင်းဖြစ်ပြီး၊ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကဗျာစကားပြေအဖြစ် သတ်မှတ်ခံရသည်။



18. Catch-22 by Joseph Heller

၁၉၆၁ ခုနှစ်မှာ အမေရိကန် သရော်စာရေး စာရေးဆရာ ဂျိုးဇက် ဟဲလ်လာ ရေးခဲ့တဲ့ ၂၀ ရာစု အကောင်းဆုံး လက်ရာ စာရင်းဝင် စာအုပ်ဖြစ်သည်။ ဗျူရိုကရေစီ စနစ်ကို သရော်ဝေဖန်တဲ့ စာအုပ်ဖြစ်ပြီး၊ စာအုပ်နာမည် Catch-22 မှာ အနောက်နိုင်ငံများတွင် နေ့စဉ်သုံး ဗန်းစကားတစ်ခုအထိ ဖြစ်လာခဲ့သည်။



19. The Great Gatsby by F. Scott Fitzgerald

၁၉၂၀ ပြည့်နှစ်များမှ ဂျက်ဇ် တေးဂီတခေတ်ကို နောက်ခံထားပြီး၊ နာမည်ကျော် 'အမေရိကန် အိပ်မက်' ကို တင်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ ရင်းနှီးတဲ့ မိတ်ဆွေများစွာရှိတဲ့အနက်၊ မိတ်ဆွေကောင်း အနည်းငယ်က ပိုတန်ဖိုးရှိပုံမှာ စာဖတ်သူများအတွက် သင်ခန်းစာယူစရာ ဖြစ်သည်။ နောက်ပြီး၊ ဘ၀မှာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ထမြောက်အောင်လုပ်ဖို့ တွန်းအားပေးတဲ့ စာအုပ်ဖြစ်သည်။



20. The Catcher in the Rye by J.D Salinger

အမေရိကန် စာရေးဆရာ ဂျေဒီ ဆလင်းဂျာ က ၁၉၅၁ ခုနှစ် ဆယ်ကျော်သက်များအတွက် ရည်ရွယ်ရေးတဲ့ စာအုပ်ဖြစ်သည်။ ဆယ်ကျော်တို့ရဲ့ အကြောက်၊ စိုးရိမ်သောက၊ အာခံပုန်ကန်လိုစိတ်တို့ရဲ့ အတက်အကျကို ဖော်ပြတဲ့ ဇာတ်လမ်းဖြစ်သည်။ ဆယ်ကျော်သက်တို့ရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။



21. Crime and Punishment by Fyodor Dostoyevsky

ကာရာမာဇော့ဗ် ညီအစ်ကိုများ စာအုပ်ရေးသူ၊ ရုရုားစာရေးဆရာ ဒေါ့စတိုယဗ်စကီး က ဆာဘီးယားမှာ ပြည်ပြေး ၅ နှစ်နေပြီးနောက် ရုရှားကိုအပြန်၊ ၁၈၆၆ ခုနှစ်မှာ ရေးခဲ့တဲ့ နာမည်ကြီးစာအုပ်ဖြစ်သည်။ ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးရဲ့ စိတ်ဒေါသ၊ ကိုယ့်ကျင့်တရား ပြဿနာနဲ့ ငွေအတွက် လူသတ်လိုမှုတွေကို ဖော်ပြတဲ့ ၀တ္ထုကောင်း ဖြစ်သည်။



22. The Prince by Niccolo Machiavelli

အာဏာနှင့် နိုင်ငံခေါင်းဆောင်မှုရဲ့ လျှို့ဝှက်ချက်များကို ဖော်ပြတဲ့ နာမည်ကြီး စာအုပ်ဖြစ်သည်။ နိုင်ငံရေးအာဏာမှသည် ကော်ပိုရေးရှင်းလောကအထိ ရာထူး၊ ဩဇာ၊ နေရာ ရရှိဖို့ ရုန်းကန်ကြိုးစားရာမှာ၊ အီတလီ သမိုင်းနဲ့ ဒဿနပညာရှင်ရဲ့ ၁၅၁၃ ခုနှစ်မှာ စတင်ဖြန့်ခဲ့တဲ့ စာအုပ်ကို လေ့လာဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။



23. Walden by Henry David Thorean

ဟင်နရီ ဒေးဗစ် သော်ရိုးက ဒီစာအုပ်ကို ရေးဖို့အတွက် အမေရိကန်၊ မက်ဆာချူးဆတ်စ် ပြည်နယ် ကွန်ကော့ဒ်မြို့ရှိ ၀ဲလ်ဒန် ကန်ဘောင်ပေါ်မှာ ရွက်ဖျင်တဲထိုးပြီး နှစ်နှစ်၊ နှစ်လနဲ့ နှစ်ရက် အချိန်ယူ ရေးခဲ့သည်။ လူ့အဖွဲ့အစည်းရဲ့ ဖိအားတွေကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြထားတဲ့ ဇာတ်လမ်း ဖြစ်သည်။

ဒီစာအုပ်မှ ကျော်ကြားတဲ့ စာသားတစ်ခုကတော့ "လွတ်လပ်စွာ အသက်ရှင်လိုတဲ့ ဆန္ဒနဲ့ ဘ၀ရဲ့ အရေးပါတဲ့ အချက်တွေကို ရင်ဆိုင်ဖို့အတွက် ငါ တောထဲကို သွားခဲ့တယ်။ ဘာတွေ သင်ယူနိုင်မလဲဆိုတာ ငါကြည့်ခဲ့တယ်။ ဘာမှ သင်ယူစရာ မတွေ့ဘူးဆိုရင်တော့၊ ငါသေခါနီးမှာ ငါရဲ့ ဘ၀ကို ကောင်းကောင်း မရှင်သန် မနေထိုင်ခဲ့ဘူး ဆိုတာ တွေ့ရလိမ့်မယ်"



24. The Republic by Plato

ဘ၀ကို ဘယ်လိုနေထိုင်သင့်သလဲ၊ တရားမျှတမှုကို ဘယ်လိုဆောင်ရွက်သင့်လဲ၊ သူရသတ္တိဆိုတာ ဘာလဲ၊ ခေါင်းဆောင်တွေက ဘယ်လိုဦးဆောင်မှုပေးသင့်သလဲ စတဲ့ အချေအတင် ဆွေးနွေးထားချက်များကို ဂရိဒဿနပညာရှင် ပလေတို က တင်ပြထားခြင်း ဖြစ်သည်။ ပလေတိုက သူ့ဆရာ ဆော့ခရတ္တိ ကို ခေါင်းဆောင်တင် ရေးသားထားပြီး၊ အနောက်တိုင်း နိုင်ငံရေးသီအိုရီကို နားလည်ဖို့အတွက် အခြေခံဖြစ်သည်။ ဆရာဇော်ဂျီ က ပလေးတိုးနဒါန်း အဖြစ် မိတ်ဆက်ပေးခဲ့သည်။



25. Lolita by Vladimir Nabokov

ရုရှားစာရေးဆရာ နဘိုကော့ဗ် က ၁၉၅၁ ခုနှစ် ပြင်သစ်မှာ အင်္ဂလိပ်လို ရေးခဲ့ပြီး၊ နောက်မှ ရုရှားဘာသာကို ပြန်ခဲ့သည်။ အချစ်၊ ကိုယ်ကျင့်တရား ဖောက်ပြန်မှုနှင့် ဘ၀ခံစားချက်များအပေါ် ပဋိပက္ခဖြစ်မှုကို အမြင်ကျယ်ကျယ် ဖော်ပြထားတဲ့ စာအုပ်ဖြစ်သည်။



26. Getting Things Done by David Allen

အမေရိကန် စာရေးဆရာ ဒေးဗစ်ဒ် အလန် က သူ့စာအုပ်နာမည်အတိုင်း Getting Things Done (GTD) ဆိုတဲ့ အတိုင်ပင်ခံ (consultant) အဖွဲ့တစ်ဖွဲ့ကိုလည်း ထောင်ထားသည်။ သူ့အယူအဆတက လူတစ်ယောက်ဟာ စိတ်ထဲမှာ မှတ်သားထားတဲ့ အရာရာကို ဖယ်ရှားပြီးမှသာ အလုပ်စတင်ဖို့လိုတယ်။ လုပ်ဖို့လိုအပ်တယ်ဆိုပြီး ဖိစီးနေတဲ့ အရာရာကို စိတ်ထဲက ဖယ်ထုတ်ပစ်မှာသာ၊ အောင်မြင်တဲ့လုပ်ငန်းအတွက် အာရုံစူးစိုက်နိုင်မှာ ဖြစ်ကြောင်း တင်ပြထားသည်။



27. How to Win Friends and Influence People by Dale Carnegie

အောင်မြင်ရေး တက်ကျမ်းစာအုပ်များထဲတွင်တော့ အကြီးကျယ်ဆုံး စာအုပ်ဖြစ်သည်။ စီးပွားရေး၊ နိုင်ငံရေ၊ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများတွင် ကိုယ့်ဖက်ပါအောင် သိမ်းယူစွဲဆောင်နိုင်ဖို့အတွက် အလွယ်တကူ ညွှန်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။ ဦးနုနှင့် ဗမိုးတို့က မြန်မာပြန်ဆိုခဲ့ကြသည်။



28. Lord of the Flies by William Golding

၎င်းစာအုပ်နာမည်နှင့်ပင် ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ လူသားရဲ့ အကြင်နာတရားနဲ့ ဆင်ခြင်တုံတရားနေရာတွင် မင်းမဲ့စရိုက်နဲ့ တိရိစ္ဆာန်စိတ်များ ၀င်လာပြီး၊ ဥပဒေမဲ့ ပတ်ဝန်းကျင် ဖြစ်သွားတဲ့အခါ ရက်စက်ကြမ်းကြုပ်မှုနဲ့ ကြောက်မယ်ဖွယ် ဖြစ်နိုင်ချေတွေကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။



29. The Grapes of Warth by John Steinbeck

ဆရာမောင်ထွန်းသူက 'ဒေါသမာန်' အမည်ဖြင့် ပြန်ဆိုခဲ့သည်။ ၁၉၃၀ အမေရိကန် စီးပွားရေး အကျပ်အတည်း ကာလမှာ ပြည်တွင်းရွှေ့ပြောင်းမိသားစုများရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင် အရူးအမူး ရှာကြပုံကို ဖော်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ အမေရိကန် အထက်တန်းကျောင်းများတွင် ဂန္တ၀င်စာပေ သင်ကြားရေးအတွက် မကြာခဏ ပြဌာန်းသောစာအုပ် ဖြစ်သည်။



30. The Master and Margarita by Mikhail Bulgakov

ကောင်းမှုနဲ့ မကောင်းမှုကြား ပဋိပက္ခလွန်ဆွဲမှုကို ဖော်ပြရင်း ကွန်မြူနစ်ဆန့်ကျင်ရေး တင်ပြထားတဲ့ ရုရှား ၀တ္ထုဖြစ်သည်။ လောဘ၊ အဂတိလိုက်စားမှုနဲ့ လိမ်လည်လှည့်စားမှုများမှာ လူ့သဘာဝနှင့် ဆက်နွယ်နေကြောင်း တင်ပြတဲ့ စာအုပ်လည်း ဖြစ်သည်။ ဆိုဗီယက်ခေတ်ကို သရော်တဲ့ဇာတ်လမ်းဖြစ်ပြီး လန်ဒန်တိုင်းမ်း သတင်းစာက ၂၀ ရာစုရဲ့ အကောင်းဆုံးဝတ္ထုတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

တွေ့ လို့ တော့တင်လိုက်ပါသည် ဟုတ်မယ်ဆိုရင်တော့မြန်မာဂုဏ်ယူရမယ်............

သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်ခဲ့တဲ့ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကိုပြောပြချင်ပါတယ်။ဆရာဝန်မလေးနှစ်ယောက်ရဲ့ပြောပြချက်အရဒီရောဂါကိုကုသနိင်အောင်ကိုရီးယားနိင်ငံတောတောင်ထဲမှာရရှိထားတဲ့တိုင်းရင်းဆေးနဲ့ကုသနိင်ခဲ့တာဖြစ်ပါတယ်၊အခုကုသပေးတဲ့ဆရာဝန်မလေးနှစ်ဦးကတော့ဆင်းရဲရှာပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုက..ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှမကုသနိင်သေးတဲ့ပညာရပ်တစ်ခုပါ..။သွေးကင်ဆာရောဂါကိုသွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန်..၁၀ရက်အတွင်းပပျောက်အောင်ကုသပေးနေပြီးဖြစ်ကြောင်းနှင့်ဆရာမလေးနှစ်ဦးရဲ့မေတ္တာဖြင့်သာကုသပေးနိင်ကြောင်းကိုအသိပေးအပ်ပါသည်။.. စုံစမ်းရန်လိပ်စာကတော့.
.09421102672(ဆရာမဒေါ်လှလှဝင်း).
.ဆရာမဒေါ်ထားထားမေ(မြန်မာနိင်ငံရေကြောင်းတက္ကသိုလ်(သန်လျှင်မြို့ကျိုက်ခေါက်ဘုရားရဲ့နောက်လမ်းရေကြောင်းလမ်းဆုံ)လူမျိုးဘာသာမရွေးကုသပေးနေပြီဖြစ်ပါသည်.။



ရန်ကုန်မြို့(သန်လျှင်)မြန်မာနိင်ငံရေးကြောင်းတက္ကသိုလ်အနီး..ကုသပေးနိင်ပြီးဖြစ်ပါသည် ..။ ယခုအောင်မြင်မှူ ဟာ နိုင်ငံရပ်ခြား
မှာဆိုရင် နိုဘယ်ဆုတောင် ပေးလို့ရတဲ့ အောင်မြင်မှူ ဖြစ်ပြီး ငွေများစွာ ရရှိနိုင်ပါသည် ..။ပြည်ပမှ ပညာရှင်
ဆိုသူများသည် ၄င်းတို့၏ ပညာများသည် မြန်မာနိုင်ငံနှင့်မတန် ဟုဆိုကာတမျိုး..ပြည်ပနှင့်ဝင်ငွေချိန်ထိုးမပေးသ၍ ပြန်မလာဟုဆိုကာ အမိနိုင်ငံရဲ့ကျေးဇူးကိုမထောက် ကျေးဇူးကန်းစကားများပြောဆိုကာ ပြန်မလာကြနိုင်သေးပဲ ကြီးကြီးကျယ်ကျယ် ပြောဆိုနေသော်လည်း  ဤကဲ့သို့ ဆင်းရဲရှာသော ဆရာဝန်မှလေး နှစ်ဦးမှာ မူ အထက်ပါ ငွေကြေးများ ဆုငွေများ ရယူရန်မစဉ်းစားပဲ ပြည်တွင်းရှိ လူနာများကို ဦးစားပေးပြီး ကုသနေသည်ဖြစ်သည် ။
ဒီ post ကတော့ ဖတ်ဘူးသလားတော့ မသိဘူး====မသိသေ သူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါသည်။ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ငွေကုန်းနည်းမည့် အသိအမြင်မှန်သမျှ ဂရုစိုက်ပြီး တင်ပေးပါသည်။အားလုံးကို လေးစားလျှက်ပါ-------။

အင်္ဂလိပ်စာ လေ့လာချင်သော်လည်း မလေ့လာနိုင်သော သူငယ်ချင်းများအတွက်.. (Online English Class)

အင်္ဂလိပ်ဘာသာစကားကို လေ့လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကို မရောက်နိုင်သူတွေအတွက်ရည်ရွယ်
ပြီး အွန်လိုင်းပေါ်က မျှဝေလာခဲ့တဲ့ အချိန်အတွင်းမှာ friend များလည်း တိုးသ ထက်တိုးလာသလို လေ့ လာသူတွေ အတွက်လည်း
အကျိုးရှိတယ်လို့ သိရတဲ့အတွက် ပင်ပန်းပေမဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။


ဆက်လက်ပြီး လေ့လာသင်ယူသူတွေ ပိုမိုထိရောက်စေဖို့ အွန်လိုင်း အင်္ဂလိပ်ဘာသာစကားသင်တန်း (General English 4 Skills

Class online free) ကို အခမဲ့ဖွင့်လှစ်သွားပါမည်။ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပါသည်။


သင်ကြားမည့်ပုံစံမှာ သက်ဆိုင်ရာသင်ခန်းစာ ပို့ချချက်၊ ရှင်းလင်းချက်များကို email မှတဆင့်ပို့ပေးသွားမည် ဖြစ်ပြီး၊ လေ့ကျင့်ပြီး

အဖြေများ၊ သင်ခန်းစာများကို email ဖြင့် ပြန်လည် ပို့ပေးရပါမည်။ ပြန်လည်စစ်ဆေးပြီးသည့်အခါ အဖြေလွှာများနှင့်နောက်ထပ်
သင်ခန်းစာများကို email ဖြင့် ဆက်လက်ပို့ပေးပါမည်။
သင်တန်းကာလမှာ သုံးလဖြစ်ပြီး သင်တန်းရက်မှာ တစ်ပတ်လျှင် တနင်္လာနေ့ မှ ကြာသပတေးနေ့ အထိ တစ်ပတ်လျှင် (၄)
ရက်ဖြစ်ပါသည်။


သက်တန်းတက်ရောက်လိုသူများအနေဖြင့် facebook comment box မှဖြစ်စေ၊ message ဖြင့်ဖြစ်စေ၊ email ဖြင့်ဖြစ်စေ မိမိတို့၏

mail များကို ပို့ပေးကာ စာရင်းပေးသွင်းရပါမည်။ သင်ကြားပို့ချသော ကျွန်တော့်စေတနာကို လေးစားသော အားဖြင့် အမှန်တကယ်
လေ့လာ သင်ယူ လေ့ကျင့်ရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သည့်အခါ ခွင့်တိုင်ကြားစေလိုပါသည်။


အသေးစိတ် စုံစမ်းမေးမြန်းလိုပါက siraungkou.umk@gmail ၊ ဖုံး - ဝ၉ ၄၂၁၇၅၂၅၆၈ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။



ဆရာအောင်ကိုဦး(UMK)




Source>>> Myanmar News Update

English ဘာသာစကားကို ပျော်ရွှင်တက်ကြွ စိတ်ဝင်စားစွာ အမြဲ ထိတွေ့လေ့လာသင်ယူလိုသူများအတွက်

https://www.facebook.com/events/377717292347816
English ဘာသာစကားကို ပျော်ရွှင်တက်ကြွ စိတ်ဝင်စားစွာ
အမြဲ ထိတွေ့လေ့လာသင်ယူလိုသူများအတွက်
Active English (Active Learning Society ) မှ
1. Learning English Via Quotes
2. Learning English Via Jokes
အစီအစဉ်များကို စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် ခင်ဗျာ ...

ကိုဇင်ဇေ
(Founder & Trainer @ Active English<Active Learning Society)
www.facebook.com/activelearningsociety
Ph : 09 4311 5202

(မှတ်ချက် ။ သတင်းကောင်း ဟုတ်ပါတယ် နော် ... :) )
နှစ်သက် သဘောကျတယ်ဆိုရင်ဖြင့်
Like & Share လေး ပေးပြီး ကူညီကြပါဦးဗျာ ... ;)


_______________________________________-
မနေ့က ဖြစ်ခဲ့တာတွေ အတွက်
ဒီနေ့ မှာ  ငြီးငြူ ပြစ်တင်နေပြီး အချိန်တွေ ကုန်လွန်သွားစေမယ်ဆိုရင် ...
ပိုကောင်းတဲ့ မနက်ဖြန်ဆိုတာ ရလာမှာ မဟုတ်တော့ဘူး ....

Spending Today...
Complaining about Yesterday....
Won't make
Tomorrow
Any Better....

ကိုဇင်ဇေ (Founder & Trainer @ Active English<Active Learning Society)
www.facebook.com/activelearningsociety
Ph : 09 4311 5202

*** PS : Active English -လက်တွေ့ အသုံးချ ဘာသာစကား သင်တန်း
စနေ ၊ တနင်္ဂနွေ  ညနေ ၆ ခွဲ မှ ၈ အထိ တန်းခွဲသစ် တစ်ခုကို
မေလ ၁၈ ရက် နေ စဖွင့်ပါမည် ။
အွန်လိုင်းမှ တွေ့ရှိပြီး သင်တန်း ကို စောစွာ လာရောက် အပ်နှံသူများအတွက်
အထူး အစီအစဉ်များ ရှိပါသည် ။
စိတ်ပါဝင်စားသူများ အနေဖြင့်
၀၉ ၄၃၁၁ ၅၂၀၂ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ။
သင်တန်း လိပ်စာ - အမှတ် ၁၀ ၊ ၄ လွှာ ၊ ဗိုလ်မှူးအောင်လမ်း ၊ တာမွေ အဝိုင်းထိပ်မှတ်တိုင် အနီး ။

ကွန်ပျူတာလောက

ကွန်ပျူတာလောက ၁) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gatesဟာ ကောလိပ် ကျောင်းက ထွက်ခဲ့ရဖူးပါတယ်... ၂) ကမ္ဘာ့အကျော်ကြားဆုံး အရောင်းအဝယ် website တစ်ခုဖြစ်တဲ့ eBay မှာ ခန့်မှန်းခြေအားဖြင့် တစ်စက္ကန့်ကို ဒေါ်လာ ၆၈၀ ဖိုးလောက် အရောင်း အဝယ်ဖြစ်ကြပါတယ်... ၃) လစဉ်လတိုင်း ကွန်ပျူတာဗိုင်းရပ်စ်အသစ် အမျိုးအစားပေါင်း ၆၀၀၀ လောက် ပေါ်ထွက်နေကြပါတယ်.... ၄) အင်တာနက်ပေါ်ကပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီး တွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်... ၅) Crash Course ဆိုတာ Microsoft Windows tutorials တွေရဲ့ တခြားနာမည်တစ်ခုဖြစ်ပါတယ်... ၆) အီးမေးလ်တွေဟာ World Wide Web ထက် ပိုစောပြီးပေါ်ခဲ့တာဖြစ် ပါတယ်... ၇) ပုံမှန် web-page တစ်ခုရှိတိုင်း အညှီအဟောက် page ငါးခုလောက် ရှိနေကြပါတယ်... ၈) ၁၉၆၄ ခုနှစ်မှာ Doug Engelbart ဟာ ပထမဆုံး ကွန်ပျူတာ mouse ကို တီထွင်ခဲ့ပြီး အဲ့ဒါဟာ သစ်သားနဲ့ လုပ်ထားတာဖြစ်ပါတယ်... ၉) ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရောင်းရချရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Hewlett Packard (HP) ဟာ ၁၉၃၉ ခုနှစ်က Palo Alto က ကားဂိုဒေါင်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်... ၁၀) မူရင်း Macintosh ရဲ့ case ကို ဖွင့်ကြည့်မယ်ဆိုရင် ၁၉၈၂ ခုနှစ်က Apple ရဲ့ Macintosh ဌာနခွဲက အဖွဲ့ဝင် ၄၇ ယောက်ရဲ့ လက်မှတ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်... ၁၁) ကွန်ပျူတာအကြောင်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Steve Jobs နဲ့ Steve Wozniak တို့ တည်ဆောက်ခဲ့တဲ့ ပထမဆုံး Apple ကွန်ပျူတာဟာ သူတို့ရဲ့ အလုပ်ရှင်တွေဆီက အလကားရတဲ့ အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ခဲ့တာ ဆိုတာပါပဲ.. သူတို့ဟာ အလုပ်ကနေ အပိုပစ္စည်းတွေကို ဆွဲယူအသုံးပြုခဲ့တာဖြစ်ပါတယ်... ၁၂) ကွန်ပျူတာငါးမွေးကန်ကို လိုချင်တယ်ဆိုရင်တော့ Macintosh ကွန်ပျူတာအဟောင်းတွေနဲ့ပြုလုပ်ထားတဲ့ Macquarium ကို ရနိုင်ပါတယ်... ၁၃) ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဗိုင်းရပ်စ်ဟာ boot sector ဗိုင်းရပ်စ်လို့ ယုံကြည်ကြပါတယ်... ဒီဗိုင်းရပ်စ်ကို ၁၉၈၆ ခုနှစ်မှာ Farooq Alvi ညီအစ်ကိုများက ဖန်တီးခဲ့တာဖြစ်ပြီး သူတို့ရဲ့ သုတေသနလုပ်ငန်းတွေကို ကာကွယ်နိုင်ဖို့ ဒီဇိုင်းပြုလုပ်ထားပါတယ်... ၁၄) IBM PC ကို ဒီဇိုင်းထုတ်ခဲ့တဲ့ အင်ဂျင်နီယာ ၁၂ ယောက် အုပ်စုကို The Dirty Dozen လို့ခေါ်ခဲ့ကြပါတယ်... ၁၅) စံပြု command ဖြစ်တဲ့ Ctrl+Alt+Delete ကို David Bradley က ရေးသားခဲ့တာဖြစ်ပါတယ်.... ၁၆) သာမန်လူတစ်ယောက်ဟာ တစ်မိနစ်ကို အကြိမ် ၂၀ မျက်တောင်ခတ်ကြပါတယ်... ကွန်ပျူတာသမားတွေကတော့ တစ်မိနစ်ကို ၇ ကြိမ်ပဲခတ်ကြပါတယ်... ၁၇) Bill Gates ရဲ့ အိမ်ကို Macintosh ကွန်ပျူတာကို သုံးပြီး ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်... ၁၈) ဆွီဒင်ဟာ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအမြင့်ဆုံး (၇၅%) နိုင်ငံဖြစ်ပါတယ်... ၁၉) Mosaic ဟာ ပထမဆုံး ထင်ရှားလာတဲ့ web browser ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်... ၂၀) အတုံးဆက်တဲ့ Tetris ဂိမ်းလေးကို လူအများစု ဆော့ဖူးကြပါလိမ့်မယ်... ဒီဂိမ်းကို ၈၀ ခုနှစ်အစောပိုင်းလောက်မှာ ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သန်း ၄၀ အရေအတွက်လောက်ရောင်းချခဲ့ရပါတယ်... ဂိမ်းရေးသားသူဟာ ဒေါ်လာ ၈ သန်းလောက် ချမ်းသာသွားခဲ့ပါတယ်... ၂၁) ကွန်ပျူတာအသုံးပြုသူတိုင်းလိုလို ဗိုင်းရပ်စ်တွေက ဘယ်လောက်ဖျက်ဆီးနိုင်သလဲဆိုတာ သိထားကြပါတယ်... ဒါပေမဲ့ ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာစနစ်ပျက်စီးအောင် သူ့အလိုလိုမလုပ်ဆောင်နိုင်ကြပါဘူး... သင်ကသူတို့ကို activate သွားလုပ်လိုက်မှသာ သင့်စနစ်ကို ချိုးဖျက်နိုင်မှာဖြစ်ပြီး ပုံမှန်အတိုင်းဆိုရင် ဗိုင်းရပ်စ်ပါတဲ့ file တွေကို ကူးမိရုံ ဒါမှမဟုတ် ဖြန့်မိရုံလောက်ပါပဲ... ၂၂) ကွန်ပျူတာဆားကစ်တွေဟာ တည်ငြိမ်လျှပ်စီး (static electricity) ကြောင့်လည်း ပျက်စီးနိုင်ပါတယ်... ၂၃) Nvidia GeForce 6800 Ultra chiip ဟာ transistor အများဆုံးတပ်ဆင်ထားပါတယ်... ခန့်မှန်းခြေအားဖြင့် ၂၂၂ သန်းလောက်ရှိပါတယ်... ၂၄) Konrad Zuse ဟာ Z1 လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာကို ၁၉၃၆ ခုနှစ်မှာ တီထွင်ဖန်တီးခဲ့ပါတယ်... နောက်ထပ် ၃ နှစ်အကြာ ၁၉၃၉ မှာ Z2 လို့အမည်ရပြီး အပြည့်အဝအသုံးပြုနိုင်တဲ့ ပထမဆုံး electro-mechanical ကွန်ပျူတာကို ထုတ်လုပ်နိုင်ခဲ့ပါတယ်... ၂၅) Stewardesses ဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ရိုက်နိုင်တဲ့ အရှည်ဆုံးစကားလုံးဖြစ်ပါတယ်... Ref: Computer & Mobile (٠ Hacking Tips & Trick ٠) နှိုင်းရင့်နွေ
ကွန်ပျူတာလောက


၁) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gatesဟာ ကောလိပ်
ကျောင်းက ထွက်ခဲ့ရဖူးပါတယ်...
...
၂) ကမ္ဘာ့အကျော်ကြားဆုံး အရောင်းအဝယ် website တစ်ခုဖြစ်တဲ့ eBay
မှာ ခန့်မှန်းခြေအားဖြင့် တစ်စက္ကန့်ကို ဒေါ်လာ ၆၈၀ ဖိုးလောက် အရောင်း
အဝယ်ဖြစ်ကြပါတယ်...

၃) လစဉ်လတိုင်း ကွန်ပျူတာဗိုင်းရပ်စ်အသစ် အမျိုးအစားပေါင်း ၆၀၀၀ လောက် ပေါ်ထွက်နေကြပါတယ်....

၎) အင်တာနက်ပေါ်ကပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီး
တွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်...

၅) Crash Course ဆိုတာ Microsoft Windows tutorials တွေရဲ့ တခြားနာမည်တစ်ခုဖြစ်ပါတယ်...

၆) အီးမေးလ်တွေဟာ World Wide Web ထက် ပိုစောပြီးပေါ်ခဲ့တာဖြစ်
ပါတယ်...

၇) ပုံမှန် web-page တစ်ခုရှိတိုင်း အညှီအဟောက် page ငါးခုလောက် ရှိနေကြပါတယ်...

၈) ၁၉၆၄ ခုနှစ်မှာ Doug Engelbart ဟာ ပထမဆုံး ကွန်ပျူတာ mouse
ကို တီထွင်ခဲ့ပြီး အဲ့ဒါဟာ သစ်သားနဲ့ လုပ်ထားတာဖြစ်ပါတယ်...

၉) ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရောင်းရချရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Hewlett Packard (HP) ဟာ ၁၉၃၉ ခုနှစ်က Palo Alto က ကားဂိုဒေါင်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်...

၁၀) မူရင်း Macintosh ရဲ့ case ကို ဖွင့်ကြည့်မယ်ဆိုရင် ၁၉၈၂ ခုနှစ်က Apple ရဲ့ Macintosh ဌာနခွဲက အဖွဲ့ဝင် ၄၇ ယောက်ရဲ့ လက်မှတ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်...

၁၁) ကွန်ပျူတာအကြောင်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Steve Jobs နဲ့ Steve Wozniak တို့ တည်ဆောက်ခဲ့တဲ့ ပထမဆုံး Apple ကွန်ပျူတာဟာ သူတို့ရဲ့ အလုပ်ရှင်တွေဆီက အလကားရတဲ့ အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ခဲ့တာ ဆိုတာပါပဲ.. သူတို့ဟာ အလုပ်ကနေ အပိုပစ္စည်းတွေကို ဆွဲယူအသုံးပြုခဲ့တာဖြစ်ပါတယ်...

၁၂) ကွန်ပျူတာငါးမွေးကန်ကို လိုချင်တယ်ဆိုရင်တော့ Macintosh ကွန်ပျူတာအဟောင်းတွေနဲ့ပြုလုပ်ထားတဲ့ Macquarium ကို ရနိုင်ပါတယ်...

၁၃) ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဗိုင်းရပ်စ်ဟာ boot sector ဗိုင်းရပ်စ်လို့ ယုံကြည်ကြပါတယ်... ဒီဗိုင်းရပ်စ်ကို ၁၉၈၆ ခုနှစ်မှာ Farooq Alvi ညီအစ်ကိုများက ဖန်တီးခဲ့တာဖြစ်ပြီး သူတို့ရဲ့ သုတေသနလုပ်ငန်းတွေကို ကာကွယ်နိုင်ဖို့ ဒီဇိုင်းပြုလုပ်ထားပါတယ်...

၁၄) IBM PC ကို ဒီဇိုင်းထုတ်ခဲ့တဲ့ အင်ဂျင်နီယာ ၁၂ ယောက် အုပ်စုကို The Dirty Dozen လို့ခေါ်ခဲ့ကြပါတယ်...

၁၅) စံပြု command ဖြစ်တဲ့ Ctrl+Alt+Delete ကို David Bradley က ရေးသားခဲ့တာဖြစ်ပါတယ်....

၁၆) သာမန်လူတစ်ယောက်ဟာ တစ်မိနစ်ကို အကြိမ် ၂၀ မျက်တောင်ခတ်ကြပါတယ်... ကွန်ပျူတာသမားတွေကတော့ တစ်မိနစ်ကို ၇ ကြိမ်ပဲခတ်ကြပါတယ်...

၁၇) Bill Gates ရဲ့ အိမ်ကို Macintosh ကွန်ပျူတာကို သုံးပြီး ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်...

၁၈) ဆွီဒင်ဟာ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအမြင့်ဆုံး (၇၅%) နိုင်ငံဖြစ်ပါတယ်...

၁၉) Mosaic ဟာ ပထမဆုံး ထင်ရှားလာတဲ့ web browser ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်...

၂၀) အတုံးဆက်တဲ့ Tetris ဂိမ်းလေးကို လူအများစု ဆော့ဖူးကြပါလိမ့်မယ်... ဒီဂိမ်းကို ၈၀ ခုနှစ်အစောပိုင်းလောက်မှာ ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သန်း ၄၀ အရေအတွက်လောက်ရောင်းချခဲ့ရပါတယ်... ဂိမ်းရေးသားသူဟာ ဒေါ်လာ ၈ သန်းလောက် ချမ်းသာသွားခဲ့ပါတယ်...

၂၁) ကွန်ပျူတာအသုံးပြုသူတိုင်းလိုလို ဗိုင်းရပ်စ်တွေက ဘယ်လောက်ဖျက်ဆီးနိုင်သလဲဆိုတာ သိထားကြပါတယ်... ဒါပေမဲ့ ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာစနစ်ပျက်စီးအောင် သူ့အလိုလိုမလုပ်ဆောင်နိုင်ကြပါဘူး... သင်ကသူတို့ကို activate သွားလုပ်လိုက်မှသာ သင့်စနစ်ကို ချိုးဖျက်နိုင်မှာဖြစ်ပြီး ပုံမှန်အတိုင်းဆိုရင် ဗိုင်းရပ်စ်ပါတဲ့ file တွေကို ကူးမိရုံ ဒါမှမဟုတ် ဖြန့်မိရုံလောက်ပါပဲ...

၂၂) ကွန်ပျူတာဆားကစ်တွေဟာ တည်ငြိမ်လျှပ်စီး (static electricity) ကြောင့်လည်း ပျက်စီးနိုင်ပါတယ်...

၂၃) Nvidia GeForce 6800 Ultra chiip ဟာ transistor အများဆုံးတပ်ဆင်ထားပါတယ်... ခန့်မှန်းခြေအားဖြင့် ၂၂၂ သန်းလောက်ရှိပါတယ်...

၂၄) Konrad Zuse ဟာ Z1 လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာကို ၁၉၃၆ ခုနှစ်မှာ တီထွင်ဖန်တီးခဲ့ပါတယ်... နောက်ထပ် ၃ နှစ်အကြာ ၁၉၃၉ မှာ Z2 လို့အမည်ရပြီး အပြည့်အဝအသုံးပြုနိုင်တဲ့ ပထမဆုံး electro-mechanical ကွန်ပျူတာကို ထုတ်လုပ်နိုင်ခဲ့ပါတယ်...

၂၅) Stewardesses ဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ရိုက်နိုင်တဲ့ အရှည်ဆုံးစကားလုံးဖြစ်ပါတယ်...
    (face book Aye Chan May စာမျှက်နှာမှပြန်လည်မျှဝေပါသည်) 

Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ရာသီဥတု
မကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကိုတွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders ကပြောခဲ့ပါတယ်။
ဘဝမှာ ၁ဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။


"တစ်ကြိမ်အောင်မြင်ရင် ရပြီ"


၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့မိခင် အလုပ်ထွက်
လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကိုသူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်
ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီးမိခင်ကွယ်ရာမှာ ရိုက်
နှက်တတ်တယ်။
၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး
သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက်ပြန်ပို့ခံလိုက်ရတယ်။


၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကိုဇနီးက ရောင်းစားပြီး
မိဘအိမ်ပြန်ပြေးခဲ့တယ်။
၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။
ဒါပေမယ့်ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။


၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပို
ဆုကြေးနဲပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှနုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ရှေ့နေအလုပ်ကို
သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ထိုးကြိတ်ခဲ့ကြတယ်။


၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။


၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီးတံတားတစ်စင်းပေါ်
သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအ
ထပ်ထပ်နဲ့ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်
ခဲ့တဲ့အတွက်အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။


၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food)  စားသောက်ဆိုင်လေး
ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကိုအဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ကြက်ကြော်
အတတ်နဲ့အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့်ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်
ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်ကသူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်
အချို့လုပ်ချင်ခဲ့ပေမယ့်  သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်
လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။


၈၃နှစ်အရွယ်မှာ  (fast food)  နောက်စားသောက်ဆိုင် တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။  ဒါပေမယ့်
ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David
Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။
မူရင်းရေးသားသူ... Wang Jin Yao (汪金友) 一次成功就够了

Wednesday, April 24, 2013

ကိုရီးယားနိုင်ငံတွင် စကတ်အတို ဝတ်ဆင်ခြင်းကို ဒဏ်တပ်မည်

ကောင်းတော့ကောင်းတယ် ဟုတ်တယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းအဲလိုမျိုးလုပ်သင့်တယ်


တောင်ကိုရီးယား နိုင်ငံတွင် ယခု ရက်သတ္တပတ် အတွင်း၌ အမျိုးသမီးများ အဝတ်အစား အဖော် အချွတ်နှင့် ပတ် သက်သော ဥပဒေ တစ်ရပ်ကို ထုတ်ပြန် ကြေညာခဲ့ရာ လူထုကြား၌ အငြင်းပွားမှု များ ဖြစ်ပေါ် နေသည်။ကိုရီးယား နိုင်ငံရှိ အမျိုးသမီး များက အများပြည်သူ ရှေ့တွင် ပေါင်ပေါ် စကတ်ကို ဝတ်ဆင်လျှင် သော်လည်းကောင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်း များကို အလွန်အ မင်း ဖော်ပြ လျှင် သော်လ ည်းကောင်း ကိုရီးယား ငွေ ဝမ် ၅၀,၀၀၀ ဒဏ်ကြေးငွေ ပေးဆောင် ရမည်ဟု သိရသည်။ 

အဆိုပါ ဥပဒေ သစ်ကို တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်သူ ပက်ဂွမ်ဟေးက သူမ၏ ပထမဆုံးဒ ဝန်ကြီးများ တွေ့ဆုံ အစည်း အဝေး၌ အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေ အပေါ် ခေတ်နောက် ပြန်ဆွဲသော ဥပဒေဟု လည်းကောင်း၊ အာ ဏာရှင် ဆန်သော ဥပဒေဟု လည်းကောင်း အမျိုးမျိုး ဝေဖန် ကြကြောင်း သိရသည်။ ပက်ဂွမ်းဟေး၏ အဖေဖြစ်သူ ပတ်ချုံ ဟီး တောင်ကိုရီးယား နိုင်ငံကို ၁၉၇၀ ပြည့်နှစ်များက အုပ်ချုပ်စဉ်ကလည်း အလားတူ ဥပဒေမျိုး ပြဌာန်းခဲ့ဖူး သည်ဟု သိရသည်။စကတ်တို ဝတ်ဆင် ခြင်းသည် ကိုရီး ယား အမျိုးသမီး များနှင့် အဆိုတော် များ အကြားတွင် အလွန်ခေတ် စားနေသော ဖက်ရှင် တစ်ခု ဖြစ်သည်။
From:Myawady

Tuesday, March 12, 2013

ကွန်ဒုံးနဲ့ ပတ်သက် ပြီး သင်မ ဖြစ်မ နေသိထား သင့်တဲ့ အချက် တွေရှိပါတယ်။


(၁) Sex ကိစ္စတိုင်းအတွက် ကွန်ဒုံးအ သစ်ကိုပဲ သုံးပါ။

(၂) သင်ရဲ့ လိင်တံထိပ်က အရေပြားကို မလှီးဖြတ်ရသေးရင် ကွန်ဒုံးမစွပ်ခင် ထိပ် က အရေပြားကို နောက်ဘက်သို့ ဆွဲရ ပါမယ်။

(၃) သင့်အဖော်နဲ့ ထိတွေ့မှု မစခင် ကွန် ဒုံးကို စွပ်ရမှာပါ။

(၄) ကွန်ဒုံးမှာ သိုလှောင်တဲ့နေရာ မပါ ရင် သုက်ရည်တွေ စုသွားနိုင်ဖို့ လုံ လောက်တဲ့အထိ ထိပ်ကို လက်မနဲ့ လက် ညှိုးသုံးပြီး ဖိညှစ်ကာ နေရာချန်ပေးပါ။

(၅) Sex ကြောင့် ကွန်ဒုံးပေါက်ပြဲသွား တယ်လို့ထင်ရင် ချက်ချင်းရပ်လိုက်ပါ။ ကွန်ဒုံးအသစ်ကို လဲဖို့ လိုပါတယ်။ အ သုံးပြုပြီးသား ကွန်ဒုံးကို အမှိုက်ခြင်းထဲ ကို စနစ်တကျ စွန့်ပစ်ပါ။

(၆) Sex မတိုင်ခင်မှာ မူးယစ်ဆေးဝါးနဲ့ အရက်ကို မသုံးပါနဲ့။ သင်ရဲ့ ဆင်ခြင်ထိန်း ချုပ်နိုင်စွမ်း လျော့ကျပြီး ကွန်ဒုံးသုံးဖို့ မေ့ လျော့တတ်ပါတယ်။ ကွန်ဒုံးကို စနစ်တ ကျသုံးနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါ တယ်။

(၇) ရောဂါပိုးမွှားတွေ ကာကွယ်နိုင်ဖို့ မှန် ကန်သင့်တော်တဲ့ ကွန်ဒုံးအမျိုးအစားကို ရွေးချယ်ပါ။

(၈) ကွန်ဒုံးတွေကို စနစ်တကျ သိမ်းဆည်း ထားရှိပါ။

(၉) Sex ကိစ္စတိုင်းအတွက် ကွန်ဒုံးအ သစ်သုံးဖို့ သတိရပါ။

(၁၀) ကွန်ဒုံးကို အစမှ အဆုံးတိုင် သေ ချာ နည်းလမ်းတကျ အသုံးပြုပါ။
ကွန်ဒုံးနဲ့ ပတ်သက် ပြီး သင်မ ဖြစ်မ နေသိထား သင့်တဲ့ အချက် တွေရှိပါတယ်။ ===================================  (၁) Sex ကိစ္စတိုင်းအတွက် ကွန်ဒုံးအ သစ်ကိုပဲ သုံးပါ။  (၂) သင်ရဲ့ လိင်တံထိပ်က အရေပြားကို မလှီးဖြတ်ရသေးရင် ကွန်ဒုံးမစွပ်ခင် ထိပ် က အရေပြားကို နောက်ဘက်သို့ ဆွဲရ ပါမယ်။  (၃) သင့်အဖော်နဲ့ ထိတွေ့မှု မစခင် ကွန် ဒုံးကို စွပ်ရမှာပါ။  (၄) ကွန်ဒုံးမှာ သိုလှောင်တဲ့နေရာ မပါ ရင် သုက်ရည်တွေ စုသွားနိုင်ဖို့ လုံ လောက်တဲ့အထိ ထိပ်ကို လက်မနဲ့ လက် ညှိုးသုံးပြီး ဖိညှစ်ကာ နေရာချန်ပေးပါ။  (၅) Sex ကြောင့် ကွန်ဒုံးပေါက်ပြဲသွား တယ်လို့ထင်ရင် ချက်ချင်းရပ်လိုက်ပါ။ ကွန်ဒုံးအသစ်ကို လဲဖို့ လိုပါတယ်။ အ သုံးပြုပြီးသား ကွန်ဒုံးကို အမှိုက်ခြင်းထဲ ကို စနစ်တကျ စွန့်ပစ်ပါ။  (၆) Sex မတိုင်ခင်မှာ မူးယစ်ဆေးဝါးနဲ့ အရက်ကို မသုံးပါနဲ့။ သင်ရဲ့ ဆင်ခြင်ထိန်း ချုပ်နိုင်စွမ်း လျော့ကျပြီး ကွန်ဒုံးသုံးဖို့ မေ့ လျော့တတ်ပါတယ်။ ကွန်ဒုံးကို စနစ်တ ကျသုံးနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါ တယ်။  (၇) ရောဂါပိုးမွှားတွေ ကာကွယ်နိုင်ဖို့ မှန် ကန်သင့်တော်တဲ့ ကွန်ဒုံးအမျိုးအစားကို ရွေးချယ်ပါ။  (၈) ကွန်ဒုံးတွေကို စနစ်တကျ သိမ်းဆည်း ထားရှိပါ။  (၉) Sex ကိစ္စတိုင်းအတွက် ကွန်ဒုံးအ သစ်သုံးဖို့ သတိရပါ။  (၁၀) ကွန်ဒုံးကို အစမှ အဆုံးတိုင် သေ ချာ နည်းလမ်းတကျ အသုံးပြုပါ။

အမျိုးသားများ အိမ်မှုကိစ္စ လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင်

စိတ်ပညာရှင် သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် အိမ်မှု ကိစ္စများကို လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွား နိုင်မှုနှုန်း လျော့ကျ နိုင်သည်ဟု သိရသည်။

ယူမီယာ တက္ကသိုလ်မှ ဆွီဒင်နိုင်ငံ သုတေသီများ၏ ထုတ်ဖော် ပြောကြား ချက်အရ အိမ်မှုကိစ္စ ပြုလုပ်လျှင် စိတ်ဖိစီးမှုများ ပြေလျှော့ကာ ကျန်းမာရေး ကောင်းမွန် စေနိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။

ယခင်က သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် ဇနီးသည်အား အိမ်မှုကိစ္စ ပြုလုပ်ခြင်းကို ကူညီပေးလျှင် ဇနီးသည်၏ နှလုံးရောဂါဖြစ်ပွားမှု ကို လျှော့ချ ပေးနိုင်သည်ဟု သိရသည်။

အမျိုးသားများ အိမ်မှုကိစ္စ လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင် ==================================== စိတ်ပညာရှင် သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် အိမ်မှု ကိစ္စများကို လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွား နိုင်မှုနှုန်း လျော့ကျ နိုင်သည်ဟု သိရသည်။  ယူမီယာ တက္ကသိုလ်မှ ဆွီဒင်နိုင်ငံ သုတေသီများ၏ ထုတ်ဖော် ပြောကြား ချက်အရ အိမ်မှုကိစ္စ ပြုလုပ်လျှင် စိတ်ဖိစီးမှုများ ပြေလျှော့ကာ ကျန်းမာရေး ကောင်းမွန် စေနိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။  ယခင်က သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် ဇနီးသည်အား အိမ်မှုကိစ္စ ပြုလုပ်ခြင်းကို ကူညီပေးလျှင် ဇနီးသည်၏ နှလုံးရောဂါဖြစ်ပွားမှု ကို လျှော့ချ ပေးနိုင်သည်ဟု သိရသည်။  (အင်တာနက်) _______________________________________ မြ၀တီ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ (ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

မည်သည့် ဘာသာဝင်မဆို သိသင့်သည့် ပုစ္ဆာ (၁၄)ချက်


သုဘလုလင်က ဗုဒ္ဓထံသွားကာ မည်သည့် ဘာသာဝင်မဆို အလွန် သိချင်ကြသည့် သိလည်း သိသင့်သည့် ပုစ္ဆာ (၁၄)ချက်ကို မေးမြန်းခဲ့သည် ...

သုဘလုလင် ၏ အမေး နှင့် ဗုဒ္ဓ ၏ အဖြေတို့ကို ဖော်ပြပေးအံ့ -


မေး(၁) - လူသားချင်းတူပါလျက် တစ်ချို့ကအသက်တိုပြီး တစ်ချို့က အသက်ရှည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၁) - ဘုရား၇ှင်မှန်သမျှသည် ကရုဏာတရားရှိသူများသာ ဖြစ်ကြ၏။

သတ္တ၀ါတို့သည် မိမိတို့ကိုယ်ကိုယ်မိမိတို့ဖန်ဆင်း ကြခြင်း ဖြစ်၏။ ထိုဖန်ဆင်းသူကား ကံပင်ဖြစ် ၏။ စေတနာကို ကံ ဟုခေါ်၏။ ထို့ကြောင့် စေတနာကောင်းလျှင် ကံကောင်းမည်။စေတနာဆိုး လျှင် ကံဆိုး မည် ဟု ဆိုကြခြင်းဖြစ်၏။

အသက်တိုသောသူသည် သူတစ်ပါး၏အသက်ကို သတ်ဖြတ် ခဲ့သောကြောင့်ဖြစ်၏ ...။
အသက်ရှည်သောသူသည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင် ကြဉ်ခဲ့သောကြောင်ပင်ဖြစ်၏ ...။
သူတစ်ပါးအသက်ကို သတ်ခြင်းသည် စေတနာဆိုးဖြစ်၏။ထိုစေတနာဆိုး က ဖြစ်ရာဘ၀တွင် အသက်တိုအောင်ပြုလုပ်ခြင်းဖြစ်၏ ...။

သူတစ်ပါးအသက် ကို ရှည်စေလိုခြင်းသည် စေတနာကောင်းကြောင်းဖြစ်၏။ ထိုစေတနာကောင်းသည် ဖြစ်ရာဘ၀တွင် အသက်ရှည်အောင်ပြု လုပ်ပေးခြင်း ဖြစ်၏ ...။

မေး(၂) - လူသားချင်းတူပါလျက် တစ်ချို့အနာရောဂါပေါများပြီး တစ်ချို့က အနာရောဂါ ကင်းရှင်းကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၂) - သူတစ်ပါးကို နာကျင်အောင် ညှဉ်းဆဲခဲ့သူများသည် အနာရောဂါ များ၍ ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခဲ့သူများသည် အနာရောဂါ ကင်းရှင်းသည် ...။

ဗုဒ္ဓဒေသနာအရ အသက်ရှည်ကျန်းမာလိုလျှင် သူတစ်ပါးအသက်ကို သတ်ခြင်း၊သူတစ်ပါးကို ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်၏ ...။
အကြောင်းသတ်တရားဟုခေါ်၏ ...။

အသက်တိုခြင်း၏ အကြောင်းတရား ရောဂါများဖြစ်ခြင်း၏ အကြောင်းတရား တို့ကို ပယ်သတ်လိုက်ခြင်းပင်ဖြစ်၏ ...။

မေး(၃) - လူသားချင်းတူပါလျက် တစ်ချို့က အရုပ်ဆိုး၍ တစ်ချို့က ရုပ်လှ ကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၃) - အမျက်ဒေါသကြီးခဲ့သူများ အရုပ်ဆိုး၍ ဒေါသကင်းပြီး မေတ္တာပွား သူများ ရုပ်ရည်ချောမောလှပသည်။

မေး(၄) - လူသားချင်းတူပါလျက် တစ်ချို့က အခြွေအရံပေါများပြီး တစ်ချို့ က အခြွေအရံမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေရသည်မှာ အ ဘယ်ကြောင့်ပါနည်း ???

ဖြေ(၄) - မိမိထက် စည်းစိမ်ဥစ္စာ ရာထူး အာဏာသားသူများအပေါ် မနာလို ၀န်တို ဖြစ်ခဲ့သူများ အခြွေအရံနည်းပါးပြီး ကိုယ့်ထက်အစစ အရာရာသာသူ များ အပေါ် မုဒိတာဖြင့် ၀မ်းမြောက်ခဲ့သူများ အခြွေအရံပေါများသည်။

မေး(၅) - လူသားချင်းတူပါလျက် တစ်ချို့က ပစ္စည်းဥစ္စာပေါများချမ်းသာကြ သည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၅) - လှူဒါန်းပေးကမ်း စွန့်ကြဲခဲ့သူများ ပစ္စည်းဥစ္စာပေါများချမ်းသာ၍ မပြုခဲ့သူများ ဆင်းရဲမွဲတေသည်။

ချမ်းသာချင်စိတ်ရှိတာခြင်းလည်းတူ စီးပွားရှာတာခြင်းလည်းတူပါလျက် တစ်ချို့က အဆင်ပြေချမ်းသာပြီး တစ်ချို့က အဆင်မပြေ မချမ်းမသာကြခြင်း မှာ ဒါနရှိမှု/မရှိမှုတို့၏ ကွာခြင်းမှုကြောင့်ပင်ဖြစ်၏။

အဂုင်္တ္ထိရ်ပါဋ္ဌိတော်တွင် မိမိပြုခဲ့သည့် ဒါနစေတနာအလိုက် စီးပွားဖြစ်ထွန်း အမြတ်ကျန်ပုံကို ဗုဒ္ဓဟောကြားထားသည်မှာ တိကျသေချာလှ၏။

မေး(၆) - လူချင်းတူပါလျက် အမျိုးယုတ်ခြင်း၊အမျိုးမြတ်ခြင်းဟူ၍ ကွဲပြားရ သည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၆) - မာနကြီးပြီး ဂါရ၀၊နိဝါတကင်းသူ ဖြစ်ရာဘ၀ အမျိုးယုတ်၍ မာန ကင်းပြီး ဂါရ၀ နိဝါတရှိသူ အမျိုးမြတ်ဖြစ်သည်။

မေး(၇) - လူချင်းတူပါလျက် တစ်ချို့က ဥာဏ်ထိုင်းပြီး တစ်ချို့က ဥာဏ်ကောင်းသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၇) - မိမိမသိတာကို မေးမြန်းတတ်သူများ ဖြစ်ရာဘ၀ ဥာဏ်ကောင်း၍ မမေးမြန်းသူများ ဥာဏ်ထိုင်းသည်။

ဤအမေးအဖြေများကို သဘာဝကျကျ ရှင်းပြ ပြောပြကာ မိမိနှင့်သက်ဆိုင်သူ များကို ဗုဒ္ဓဘာသာအဖြစ်သို့ပါအောင် သမာသမတ်ကျစွာ ဆွဲဆောင်နိုင်ကြ ပါစေ ........................


**ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွေပြည်သာ) ၏ တကယ်ဗုဒ္ဓ ဘာသာ နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နုတ်ဖော်ပြ ပါသည်။***

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~နှလုံးသား၏ ဓမ္မသံစဉ်

                                                                                              လေးစားစွာဖြင့်    ....    မောင်မြင့်

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့”

လောကမှာ အသေသတ်ဖို့အကောင်းဆုံးကောင်တွေ

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့”

မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။သူတို့ဆီကအကြမ်း

ဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံးသတိထားကြည့်တာဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်း
စုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်
ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူ
တို့ရဲသားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာအ၀တ်အစားအလွယ်တကူချွတ်ပစ်လို့ရမယ့်မိန်းကလေး
မျိုးကိုရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင်အများစုဟာအ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ကတ်ကြေးယူဆောင်
လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှ မ
ဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံ စူး
စိုက်နေတဲ့မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့
အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့ နံပါတ်တစ် နေရာကတော့ ကုန်တိုက်တွေ ရဲ့
ကားပါကင်ပါပဲ။(မှတ်ချက်..ဒါကတော့သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။)

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန်လုံခြုံစိတ်ချရတဲ့နေရာ)ကို မိန်း
ကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှ တိုက်ခိုက်နေခဲ့မယ်ဆိုရင်
သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။သင်ရုန်းကန် တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ်
ဒါမှမဟုတ် ၂  မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ ထင်သလောက် လွယ်ကူမှု မရှိဘူး ဆိုတာ ကို သူတို့  သဘော
ပေါက်လာနိုင်ပါတယ်။
ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြ
ပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်
ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှ မလုပ်တာ
ထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘောပါပဲ။ အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ
သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်
အနောက်ကနေ လိုက်လာနေတယ် ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကိုမေးခွန်းတစ်ခုတစ်လေ
လောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်း
ရာသီက တော်တော်ဆိုးတာပဲစသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင် အဲ့ဒီလူရဲ့မျက်နှာ ကို သေချာ
မြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ် ပြောင်းသွားနိုင်ပါ
တယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်
တော့အကျယ်ကြီး အော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့် ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြော
ကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့မိန်းကလေးတွေဆိုရင်ဆက်
မကြိုးစားချင်တော့ပါဘူး။ထားခဲ့လိုက်ပါတယ်။သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး( spray တစ်ခုခုပေါ့ )ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ
ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ ( မူရင်း စာရေးသူ ကတော့ ဒီ
Pepper  Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက်တိုက်ခိုက်
လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ဆွဲဆိတ်တယ်
ဆိုတာက အင်အားလည်းအများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ၊လက်မောင်းကနေ
တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်းနေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။သွေးထွက်အောင်
အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်  ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုး
တွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့လူတစ်ယောက်
အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့
ကိုဒေါသပိုထွက်စေတယ်လို့ထင်နေမှာပါ။ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကိုဒုက္ခရောက်
အောင်၊အချိန် ကြန့်  ကြာအောင် မလုပ်တဲ့ မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီး
ရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂  ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်
ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲ ပစ်ပါ၊ တက်နိုင်သမျှ အား အကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းက လည်း အားသိပ်မပါဘဲနဲ့
စမ်းကြည့်တာတောင်နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင် ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/ အမူအယာ ထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေး
မနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလားအကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊
ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။

နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…

သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက် မျှဝေပေး
လိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံ
တောင်  ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာ ဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊
ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ် ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ ဝေးတဲ့နေရာကို
လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက်ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကိုသွားကောက်မှာပါ။
အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီးရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအ
ပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေ
က မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့်ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ
ချက်  ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခုကိုခဏဖတ်နေတာမျိုး စသဖြင့်
လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကိုစောင့်ကြည့်နေပါတယ်။
အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံးအခွင့်အလမ်းဖြစ်နေလို့ပါ။သင့်နောက်ကခုံမှာဝင်ထိုင်ပြီးသင့်ခေါင်းကို
သေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်းချက်
ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေ

ဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်
ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ (တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။)
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့
အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။ ( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာရပ်ထားမယ်
ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ ကားထဲ
ကိုဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။ အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်
တော့ ကားထဲ မ၀င်ပါနဲ့ဦး။ သင် လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင် သွားပါ။ ရဲ တစ်ယောက်
ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။ ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်
မကောင်းစရာ အဖြစ်အပျက် ဖြစ်သွားတာထက်စာ ရင် အများကြီး ပိုကောင်းပါတယ်။ သူများ အပေါ် သံသယ လွန်ကဲမှု /
အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်
တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။
ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။
ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့
တစ်ချို့အရာတွေမှာ အခြေအနေနဲ့အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်
ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာသင့်အ
တွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့အဲ့ဒီစိတ်တွေကိုအမြဲအသုံးချ
ခဲ့ပါတယ်။ သူက ဒုတ်ကောက် တစ်ချောင်း ဒါမှ မဟုတ် ခြေထောက် တစ်ဖက်ဆာ ပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီး တဲ့
နောက်သူဟာသူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ကားထဲ
ရောက် သွားရင်တော့ သင့်ကို သူအတင်း  ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်း မကယ်ကောင်းဆိုတဲ့
စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်
ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ် ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို
မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။ ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့
အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊
သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီးဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာ
ရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခု ဖြစ်ပြီးသွားတော့မှ စိတ်
မကောင်းဘူး ပြောတာထက် စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။


သင်နှင့် တိုက်ဆိုင်သလားဆိုတာကြည့်ပါ.( A သွေး B သွေး O သွေး AB သွေးများ၏ .ထူးခြားချက်များ)

... " A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..ငယ်စဉ်ဘ၀မှာတော့ သူတပါး
ကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို
နောက်ပြောင်ရတာကိုလဲကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်ကစရိုက်
သဘာဝများကတဖြည်းဖြည်း ပြောက်ကွယ်သွားပြီးသူများတကာတွေအံ့အားသင့်လောက်အောင် အေး
ဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာလုပ်ကိုင်တတ်သူ
များ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေမကောင်းတဲ့ အခါမှာ စိတ်လေလွင့်
တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကိုစမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်
မှာ အေးအေးချမ်းချမ်းကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီ
ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့
စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကိုမရှိဘူးလို့ အပြောခံရ
တာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆို
တဲ့ အတွေးဟာပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်...ဘုကြတယ် ဆိုပြီးအပြောခံရတာ
မျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်းပေါ်ပေါက် ရင်ဆိုင်ရတဲ့
အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့
ဆက်ဆံနေတဲ့ လူတွေကိုနွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ
ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ကိုယ့်အကြောင်းတွေကို ဘယ်
သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလိုမယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာတစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးက
တော့ သူတို့ရဲ့မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့...
ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲမရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အား
လပ်တဲ့ အခါမှာလျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကို
လည်းမနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများဖြစ်
ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်
တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..
> . ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်...
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်
မို့စိတ်ထဲကမကြေနပ်ချက်လေးတွေကိုတခါတလေ ဖော်ပြဘို့လိုပါတယ်..တကယ်လို့  ဒီကနေ့ ဖော်ပြပေး
လိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်...... စိတ်နှလုံး အပန်းဖြေနိုင်
ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်..။
(B)သွေးပိုင်ရှင်များရဲ့ ထူးခြားချက်

 
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး...ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်...အလုပ်တစ်ခုကိုလုပ်နေစဉ်မှာတောင်တခြားအလုပ်တစ်ခုကိုတပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ကိုယ့်
ထက်... အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့...
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများ
လည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာ
တို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။
" O " သွေးပိုင်ရှင်များ


> ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်...>... > အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာ
တတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး
လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်
တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အ
လုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို
ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်
မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်
မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်
တဲ့အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်းကောင်း
မွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့..အလုပ်တစ်ခုကို လုပ်တော့မယ်
ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်
သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။
ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်
မြင်နိုင်တဲ့သူများဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံ
ကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်အပန်း
ဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်
ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေ
မှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု
ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေးသဘော
ထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့..... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလို
အပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်......အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့တစ်ယောက်
ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်းစိတ်ထဲမှာစုမထားဘဲတဘက်သားကို ပြတ်ပြတ်သား
သား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်
ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...။
AB "သွေးပိုင်ရှင်များ..


အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေး
ပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါ
တဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများ
လည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး
ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေ
ပြစ်လာပါတယ်တဲ့။
အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲနည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့
အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့.....ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီးကြိုးစားနေတဲ့
ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုး
စားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အ
ပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင်
သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာ
တောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်
ပါတယ်...
ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်
လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ
ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူ
များ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်...
အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်
တဲ့...မိဘ ဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့်မခွဲခြားတတ်ဘဲ လူသားအားလုံးကိုတန်းတူညီတူဆက်
ဆံတတ်သူများလည်း ဖြစ်ပါတယ်...
ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့်
အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ခံစား
ချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝ
ကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်
များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်....
ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်... —။