အင်္ဂလိပ်ဘာသာစကားကို လေ့လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကို မရောက်နိုင်သူတွေအတွက်ရည်ရွယ်
ပြီး အွန်လိုင်းပေါ်က မျှဝေလာခဲ့တဲ့ အချိန်အတွင်းမှာ friend များလည်း တိုးသ ထက်တိုးလာသလို လေ့ လာသူတွေ အတွက်လည်း
အကျိုးရှိတယ်လို့ သိရတဲ့အတွက် ပင်ပန်းပေမဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ဆက်လက်ပြီး လေ့လာသင်ယူသူတွေ ပိုမိုထိရောက်စေဖို့ အွန်လိုင်း အင်္ဂလိပ်ဘာသာစကားသင်တန်း (General English 4 Skills
Class online free) ကို အခမဲ့ဖွင့်လှစ်သွားပါမည်။ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပါသည်။
သင်ကြားမည့်ပုံစံမှာ သက်ဆိုင်ရာသင်ခန်းစာ ပို့ချချက်၊ ရှင်းလင်းချက်များကို email မှတဆင့်ပို့ပေးသွားမည် ဖြစ်ပြီး၊ လေ့ကျင့်ပြီး
အဖြေများ၊ သင်ခန်းစာများကို email ဖြင့် ပြန်လည် ပို့ပေးရပါမည်။ ပြန်လည်စစ်ဆေးပြီးသည့်အခါ အဖြေလွှာများနှင့်နောက်ထပ်
သင်ခန်းစာများကို email ဖြင့် ဆက်လက်ပို့ပေးပါမည်။
သင်တန်းကာလမှာ သုံးလဖြစ်ပြီး သင်တန်းရက်မှာ တစ်ပတ်လျှင် တနင်္လာနေ့ မှ ကြာသပတေးနေ့ အထိ တစ်ပတ်လျှင် (၄)
ရက်ဖြစ်ပါသည်။
သက်တန်းတက်ရောက်လိုသူများအနေဖြင့် facebook comment box မှဖြစ်စေ၊ message ဖြင့်ဖြစ်စေ၊ email ဖြင့်ဖြစ်စေ မိမိတို့၏
mail များကို ပို့ပေးကာ စာရင်းပေးသွင်းရပါမည်။ သင်ကြားပို့ချသော ကျွန်တော့်စေတနာကို လေးစားသော အားဖြင့် အမှန်တကယ်
လေ့လာ သင်ယူ လေ့ကျင့်ရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သည့်အခါ ခွင့်တိုင်ကြားစေလိုပါသည်။
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက siraungkou.umk@gmail ၊ ဖုံး - ဝ၉ ၄၂၁၇၅၂၅၆၈ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
ဆရာအောင်ကိုဦး(UMK)
Source>>> Myanmar News Update
Melbourne near me Trusted Removalist
8 months ago







0 comments:
Post a Comment