Tuesday, June 4, 2013

မိမိ၏ Facebook Chatting History ကို အပြီးအပိုင်ဖျက်ပြစ်နည်း

ဒီနေ့တော့ မိမိ၏ Facebook Chatting History ကို အပြီးအပိုင်ဖျက်ပြစ်နည်းလေးတင်ပေးလိုက်ပါတယ်

ESBI စီးပွားရေးလုပ်ငန်းရှင်လေးဖြစ်တဲ့ ကိုမင်းမင်း(SE)မေးထားခဲ့ဘူးတာလေးကို ခုမှပြန်ဖြေပေးရင်း အခြားသော FB ရောဂါသည်များထဲက မသိသေးသူများအတွက် ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းပါ ။

တချို့ကျတော့ message သမိုင်းကို အမှတ်တရသိမ်းထားချင်ကြတယ် ။ တချို့ကျတော့လည်း များတယ်ရှုပ်တယ် လေးတယ် ဆိုပြီးဖျက်ပစ်လိုက်ချင်ကြတယ်...
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Facebook Chatting History ကို အပြီးအပိုင်ဖျက်ချင်တယ်ဆိုရင်..

1.  မိမိ FB အကောင့်ကို Login ဝင်လိုက်ပါ ။ ပြီးရင် Option စက်သွားရုပ် သင်္ကေတလေးကိုနှိပ်ပါ ။
ပြီးနောက် See Full Conversation ဆိုတဲ့ စာတန်းကိုနှိပ်ပါ ။







2.အောက်ပုံ အတိုင်း မြင်ရမှာပါ ..Actions နောက် အနီရောင်ဝိုင်းပြထားတဲ့ Down Arrow လေးကို နှိပ်ပါ ။



 3. အောက်ကပုံအတိုင်း Delete Message ဆိုတဲ့စာတန်းကိုနှိပ်ပါ ။


4.  နှစ်ဘက်စလုံးကပို့ထားခဲ့တဲ့ message စာပိုဒ်လေးတွေအရှေ့မှာ လေးဒေါင့် Check Box လေးတွေ
တွေ့ရမှာပါ ။ မိမိဖျက်လိုတဲ့ စာပိုဒ်တွေကို ရွေးပြီး(သို့မဟုတ်) အားလုံးကို Check လုပ်ပြီး အောက်ဒေါင့်နားက အနီရောင် လေးဒေါင့်ကွင်းကွင်းထားတဲ့ Delete ကိုနှိပ်လိုက်ပါ။


5.  အောက်ကပုံအတိုင်းမြင်ရပြီး  Delete Message ကိုနှိပ်လိုက်ပါ ။


ဒါဆိုရင် မိမိ၏ Facebook Chatting History တွေအပြီးအပိုင်ပျက်သွားတာကိုတွေ့ရမှာပါ ။

ကဲ ... ဘယ့်နှယ်လဲ ... လွယ်တယ်မဟုတ်လား?
ဒါလောက်ဆို လူတိုင်းလုပ်တတ်ကြပြီလို့ထင်ပါတယ် ။
ညီငယ် ညီမငယ်များအားလုံး နည်းပညာတွေ ဒီထက်မကတိုးပွားကြပြီး အများအကျိုးဆောင်နိုင်သူများဖြစ်ကြပါစေ ။
မရှင်းလင်းတာများရှိခဲ့ရင် konainga2@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

0 comments:

Post a Comment