(၁) ပထမဆုံး File>new နဲ့ Width = 700, Height = 700 pixel လောက်နဲ့ ပေ့တစ်ခုယူလိုက်ပါ။ ယူထားတဲ့ နယူး
ပေ့မှာ layer>new >Layer ဖြင့် လေယာအသစ်ခေါ်လိုက်ပါ။ ပြီးရင်တော့ ယူထား တဲ့လေယာမှာTool box မှSelect
Foreground Color မှာ R=157, G=56, B=142 ဖြင့် အရောင် ယူလိုက်ပါ။ ပြီးရင်တော့ ယူထားတဲ့လေယာထဲကို
Alt ကီးကိုဖိလျက် Backspace နှိပ်ပြီးဖြည့်လိုက်ပါ။
(၂) အရောင်ဖြည့်ထားတဲ့လေယာကို Tool box မှ Magic Ward tool ဖြင့်ကလစ်ပြီး စလက်ပေးလိုက်ပါ။ ပြီးလျှင်တော့ Filter>Render>Lens Flare ကိုကလစ်လိုက်ပါ။ ကျလာတဲ့ဘောက်မှာ Brightness; 100%, Lens Type ; 50-300mm Zoom ကိုပေးပြီး OK လိုက်ပါ။
(၃) Filter>Distort>Polar Coordinates ကိုကလစ်ပါ။ စလက်ကိုမဖျောက်ထားနဲ့နော်။ ကျလာတဲ့ ဘောက်မှာ Polar to Rectanglar ကိုထားပြီး အိုကေလိုက်ပါ။
(၄) Edit>Transform>Flip Vertical ကိုနှိပ်လိုက်ပါ။
(၅) Filter>Distort>Polar Coordinutes ကိုကလစ်ပါ။ ကျလာတဲ့ဘောက်မှာ Rectangular to Polar ကိုပြန်ထားပြီး
အိုကေလိုက်ပါ။ ဘောလုံးအသွင်ဖြင့်မြင်ရပါလိမ့်မယ်။ ဒီအဆင့်ရောက်ရင်တော့ စလက်ဖြစ်နေတာကို ဖျောက်ပစ်လို့ရ
ပါပြီနော်။ ရလာတဲ့ ဘောလုံးလေးကို Tool box မှ Pen tool, Polygonal lasso tool, Elliptical marquee too တခုခု
သုံးပြီးဝိုင်းယူလိုက်ပါ။ Elliptical marquee too ကအလွယ်ဆုံးပါ။ သူ့ကိုသုံးမယ်ဆိုရင်တော့ ရှစ်ကီး၊ စပေ့ဘားတို့ကို
သုံးပြီးအလွယ်တကူ ၀ိုက်လိုက် လို့ရပါတယ်။ ပုံလေးကိုကြည့်လိုက်ပါ။

(၆) စလက်အနေနဲ့ရရင်တော့ Select>Inverse (သို့) Ctrl+Shift+I ဖြင့် ပြောင်းပြန်လုပ်လိုက်ပါ။ ပြီးရင်တော့Delete
ကီးနှိပ်လို့ဘေးသားတွေကိုဖျက်ပြစ်လိုက်ပါတော့။ အဲ့လိုဖျက်ပစ်လိုက်ရင်တော့ လှပတဲ့ ဘောလုံးလေးရသွားမှာပါ။ တ
ခြားအရောင်တွေနဲ့လဲ စိတ်ကူးရှိသလိုပြောင်းလုပ်ကြည့်ပါ။
ကဲဒါကတော့ ဘောလုံးဖန်တီးတဲ့အဆင့်ပါ။ နည်းပညာတစ်ပိုင်းပေါ့။ နောက်ထပ်ဘရပ် နည်းပညာ အပိုင်းကို ဆက်
လိုကဆက်နိုင်ပါတယ်။
(၇) File>New ပေ့တစ်ခုယူလိုက်ပါ။ Tool box မှ Gradient toolကိုယူလိုက်ပါ။ Click to edit the Gradient ကိုက
လစ်လိုက်ပါ။ ကျလာတဲ့Gradient Editor box မှ နှစ်ရောင်ထဲရှိတဲ့ကာလာကို ကလစ်လိုက်ပါ။ ပြီးရင် Newကိုကလစ်
ပါ။ ဒါမှမဟုတ်အလယ်က ဆေးပုံများကို အပြင်ဘက်သို့ ဆွဲလွှင့်ပစ်လိုက်လဲရပါတယ်။ အဓိကကတော့ဘယ်ညာဆေး
နှစ်ပုံကျန်အောင်ပါ။ ပြီးရင်တော့ဘယ်ဘက်ဆေးပုံမှာ ကလစ်လိုက်ပါ။ အောက်ဖက်မှာ Colorလို့ရေးထားတဲ့နေရာကို
ကလစ်လိုက်ပါ။ # ပြထားတဲ့နေရာမှာ 2a72b1 လို့ရေးပြီး Okပါ။ စာနဲ့မိုလို့ပါ။ အမှန်ကလွယ်ပါတယ်။
ကျွန်တော်လဲသိပ်မရေးတတ်လို့ပါ။ပုံဘဲကြည့်လိုက်ပါ။
ညာဘက်မှဆေးပုံကိုကလစ်လိုက်ပါ။ # နေရာမှာ 000000 အနက်ရောင်ပါ။ အိုကေလိုက်ပါ။ ကျွန်တော် အနီရောင်လေးတွေနဲ့ လွယ်အောင်ပြထားပါတယ်။
(၈) ပြီရင်ဒီပုံထဲကနံပါတ်ပြထားတဲ့အတိုင်း Linear Grandient ကိုယူပြီးဆွဲချလိုက်ပါ။
၎င်ပုံကို တော့အသင့်ဖြတ်ထားရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့မင်းသမီးပုံတစ်ခုကိုအသင့်ဖြတ်
ထား ပါတယ်။
(၁၀) နောက်ထပ်ကျွန်တော်တို့လုပ်ထားတဲ့ ဘောလုံးကိုလည်း Move tool ဖြင့်ဆွဲထည့်လိုက်ပါ။
(၁၁) ရောက်လာတဲ့ဘောလုံကို Ctrl+J ဖြင့်ပွားလိုက်ပါ။ ဒါမှမဟုတ် Move too ကိုယူလျက် Alt ကီးကိုဖိ လျက်ဆွဲ
လိုက်ရင်လဲ ပွားလာပါတယ်။ သူငယ်ချင်းနှစ်သက်ရာနဲ့လုပ်ပါ။ ပွားလို့ရလာ တဲ့ ဘောလုံး များကိုတော့အကြီးအသေး
မတူအောင် Edit>Free Transform (သို့) Ctrl+T ဖြင့် ဘယ်ညာမှာဆွဲပြီး ချုံ့လိုက်ပါ။သူငယ်ချင်းထားချင်သလောက်
အထက်ပါနည်းအတိုင်းပွားလိုက်ပါ။
ဒါကကျွန်တော်ပွားထားတဲ့ပုံပါ။
(၁၂) ပြီရင်တော့ Tool box မှ Brush tool ကိုယူလိုက်ပါ။ အထက်မှ Drag palettes to dock နေရာကို ကလစ်လိုက်
ပါ။ ပြီးရင်တော့ Brush Tip shape မှာ အနားဖွာနေတဲ့ 300 brush ကိုယူပါ။ Shape Dynamics , Scattering တို့မှာ
ဘရပ်ကို ညှိပါ။ အကြီးအသေးဖြစ်အောင်။ နေရာမသိရင် ပုံကိုကြည့် လိုက်ပါ။
(၁၃) အထက်ပါအတိုင်းပြင်ပြီးရင်တော့ Layer box မှ Create a new layer ကိုနှိပ်ပြီးလေယာအသစ် တစ်ခုထပ်ယူ
လိုက်ပါ။ လေယာအသစ် ယူပြီးရင်တော့ Tool box မှ Set Foreground color မှာအဖြူရောင် ထားပြီး ဘရပ်ဖြင့်ကျွန်
တော်ပြထားတဲ့အတိုင်းဆွဲလိုက်ပါ။
(၁၄) အထက်ပါအတိုင်း ဘရပ်နဲ့ဆွဲပြီးရင်တော့ Layer box မှ Create a new layer ကိုနှိပ်ပြီးလေယာ အသစ်တစ်ခု
ထပ်ယူလိုက်ပါ။ လေယာအသစ်မှာ Tool box မှ Gradient toolကိုယူပြီး Click to edit the Grandient မှSpeatrum
အရောင်ကိုယူပြီး ယူထားတဲ့လေယာအသစ်မှာ ကန့်လန့်ဖြတ်ဆွဲလိုက်ပါ။
(၁၅) ဒီအဆင့်ကို နည်းနည်းဂရုစိုက်လုပ်ပါ။ အောက်ကဘရပ်ဖြစ်ဆွဲထားတဲ့လေယာကို Activa ဖြစ်အောင်ပြန်ကလစ်
ပါ။ အပြာရောင်ဖြစ်သွားတာပါ။ ပြီးရင်တော့ ကျွန်တော်မျှားပြထားတဲ့နေရာမှာ Ctrl ကီးကိုဖိပြီး တချက်နှိပ်လိုက်ပါ။
ဘရပ်ဆွဲထားတဲ့အတိုင်း Selection ဖြစ်သွားတာတွေ့ရပါမယ်။
(၁၆) စလက်ရရင် အထက်မှ အရောင်စုံဖြည့်ထားတဲ့လေယာကို ပြန်ပြီးသွားပါ။အဲ့ဒီလေယာ ကို ရောက်ရင်တော့
Select> Inverse (သို့) Ctrl+Shift+Iကိုနှိပ်ပြီး Delete ကီးကိုနှိပ်ပြီးဘေးသားတွေ ကို ဖျက်ပြစ်လိုက်ပါ။ကျွန်တော်
ပုံနဲ့ပြထားပါတယ်။
(၁၇) ဒီပုံစံဖြစ်အောင်လုပ်နိုင်ရင်ရပါပြီ။ ကျန်တာလွယ်ပါတယ်။ Layer box မှ Normal ကို Overlay , သို့ Screen ကြိုက်ရာပြောင်းလိုက်ပါ။
ကဲအထက်ပါအဆင့်တွေပြီးသွားရင်တော့ အားလုံးပြီးပါပြီ။ ကျွန်တော်လုပ်ထားတဲ့ပုံလေးကြည့်သွားပါဦး။
ကဲသူငယ်ချင်းများအားလုံး ကြိုးစားကြည့်ပါဦးနော်။ တတ်လို့တော်လို့တော့မဟုတ်ပါဘူး။ ကျွန်တော်လည်း ဘာမှသိပ်
မတတ်ပါဘူး။ မသိသေးတဲ့သူများကို သိသွားစေချင်တဲ့ စေတနာကြောင့်ပါ။ ပညာရှင်အားလုံးကို လေးစားလျက်ပါ။
အားလုံးဘဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။ သူငယ်ချင်းများ အဆင်ပြေလား၊ မပြေလား လိုအပ်တာရှိရင်ပြောသွားပါဗျာ။
ကျွန်တော်အတတ်နိုင်ဆုံးရှင်းအောင်တင်ပေးထားပါတယ်။ အဆင်ပြေပါစေဗျာ။
ရိုးရိုးလေး (yoeyoelay18@gmail.com)

0 comments:
Post a Comment