Sunday, June 16, 2013

အရေပြားကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ်နေသောတက်တူးထိုးခြင်း

 အရေပြားကင်ဆာ ဖြစ်ပွားမှု နှင့် ဆက်စပ်နေသောတက်တူးထိုးခြင်း
     
လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကိုမြင့်တက်စေကြောင်း
လေ့လာမှုတရပ်တွင် ဖေါ်ပြထားသည် ။ တက်တူးထိုးရာတွင်အသုံးပြုသော ဆေးရည်သည် အရေပြားကင်ဆာကို ဖြစ်စေ
နိုင်သော ပစ္ဓည်းများပါဝင်နေသည် ဟုသိရသည် ။
     
အထူးသဖြင့်အပြာရောင်ချယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများ အကြိုက်အရောင်တမျိုးဖြစ်
ပြီးကိုဘော့သတ္တုနှင့် အာလူမီနီယမ်များ ပါဝင်နေသည် ။
နယူးဒေလီမြို့ BLK ဆေးရုံအရေပြားအထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာအပေါက်ဖေါက်သော ကိရိ
ယာများသည်လူ့သွေးများမှ တဆင့်ကူးဆက်တတ်သော HIV အသဲရောင်အသားဝါ B C အေ၇ပြားကင်ဆာ ရောဂါအချို
့ကိုရရှိနိုင်ကြောင်း အရေပြားကင်ဆာများတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ပါဝင်ကြောင်း တက်တူးထိုး
သူတိုင်းအဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသောတက်တူးမင်အမျိုးအစား တက်တူးထိုးသောကရိ
ယာလုပ်ငန်းစဉ်များ၏ ပိုးသတ်ထားမှု ရှိမရှိက အဓိကကျကြောင်း ကိုရှင်းပြထားသည် ။
      
တက်တူးထိုးတဲ့မင်မှာ တခါတလေ အာဆင်းနစ် တွေ ထည့်သွင်းထားတတ်ပါတယ် ထိုးနှံ သူကတော့ မသိ တဲ့အတွက်
အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများနေပါတယ် နောက်ပြီးမှဲ့ရှိတဲ့ နေရာတွေနားမှာလည်း တက်တူးမထိုးသင့်ပါဘူး
တကယ်လို့တက်တူးထိုးထားတဲ့နေရာ အနီးတ၀ိုက်မှာ ပုံမှန်မဟုတ်ဘဲ မှဲ့တွေ ပေါ်လာပြီးဆိုရင် အရောင် အရွယ်အစား
ပုံသဏ္ဍာန် အနားသတ်ပုံစံတွေကို သေချာစစ်ဆေးဖို့လိုပါတယ်။တကယ်လို့သေချာမကြည့်ဘဲ ပေါ့ပေါ့ဆဆဘဲထားမယ်
ဆိုရင် မှဲ့ကင်ဆာနဲ့အခြားအရေပြားကင်ဆာတွေကို အချိန်လွန်မှသိတာမျိုး ဖြစ်သွားနိုင်ပါတယ်ဟု ကင်ဆာရောဂါအထူး
ကု ဆရာဝန် Dr. Amit Kumar ကအကြံပေးထားသည် ။
ထို့အပြင်တက်တူးဖျက်ခြင်းတွင်လည်းဆိုးကျိုးများရှိနေကြောင်း အရေပြားအရောင်ဖျော့သွားခြင်း(hypo pigmentation)
ရင့်သွားခြင်း (hyper pigmentation ) များ ရလာနိုင်ကြောင်း သိရသည်။ကျွမ်းကျင်သောတက်တူးထိုးပေးသူများ ထံသာ
သွားသင့်ကြောင်း Progessional tattooist သည်  အော်ဂဲနစ်မင် ကိုသာအသုံးပြုကြကြောင်း ဈေးပေါပေါ သုံးထားသော
တက်တူးများတွင် အာဆင်းနစ်ကိုဘော့ နှင့် အလူမီနီယမ် တို့ကဲ့သို့သော အရေပြားကင်ဆာဖြစ်စေနိုင်သည့် ဓါတ်များ ပါ
ဝင်နေကြောင်းကို ယခုလေ့လာမှုတွင် ဖေါ်ပြထားသည် .
(မြ၀တီ --မှ )

0 comments:

Post a Comment