Sunday, June 9, 2013

Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီးသုံးခြင်ရင်

ကျနော်တို့ရဲ့ Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့လေးပါ။ အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ ရောက်သွားတော့မှာလေ။ ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ... (၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။ .... (၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို Enable ပေးထားပါ။ (၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။ (၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး Add နှိပ်ပါ။ http://hosting.gmodules.com/ig/gadgets/file/104971404861070329537/f... အဲဒါတွေပြီးသွားရင်တော့ ကျနော်တို့ရဲ့ G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့) Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့ G-mail Inbox ထဲက ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။ အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင် Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Face book ထဲကို Log-in ၀င်လို့ရပါပြီ ။ ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ။

0 comments:

Post a Comment