Thursday, June 13, 2013

အရေးပေါ် Facebook လုံခြုံရေး

အခုတလောမြန်မာအချို့နှင့်ဘုန်းတော်ကြီးအချို့ အကောင့်တွေအခိုးခံရတယ်ဆိုလို့ မိမိတို့အင်တာနက်အသုံးပြုမှုလုံခြုံရေးအတွက်ရေးလိုက်တာဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်စာမျက်နှာအတု

ဒါကတော့ အင်တာနက်စတင်သုံစွဲတာမကြာသေးတဲ့သူတွေ၊နည်းပညာဗဟုသုတအားနဲ့သေးတဲ့သူတွေအများဆုံးခံရတဲ့နည်းတစ်ခုပါပဲ။

မိမိတို့ဝင်မယ့်ဝက်ဆိုက်ဥပမာ Facebook ,Gmail နဲ့ပုံစံတူတူပဲဗျာ ခွဲမရဖူး။ဘယ်လိုခွဲလဲဆိုတော့အစစ်က https://www.facebook.com/ နဲ့ https://mail.google.com/

ပါ ...အတုကတော့ နာမည်ဆင်တင်တင်တွေ ပေါက်ကရနာမည်တွေဖြစ်နေမယ်။အဲဒီတော့မိမိဝင်မယ့်ဆိုက်ကိုလိပ်စာသေချာစစ်ကြပါ။ Http ဖြစ်နေပြီး https:// မဖြစ်ရင်တောင်

မိမိအကောင့်ပါသွားနိုင်တယ်။အဲဒီတော့ဒီဝက်ဆိုက်တွေမှမဟုတ်ဖူး ဘယ်ဝက်ဆိုက်ကိုဝင်ဝင် မိမိမသိတဲ့လိပ်စာမျိုးဆိုရှောင်ရှားကြပါ။အဲဒီနည်းဖြင့်ခိုးတာကိုphishing လို့ခေါ်ပါတယ်။အချို့ဆိုက်တွေမှာ

ရီဂျက်စတာလုပ်ဖို့ လိုရင်အဲဒီအတွက်အကောင့်သပ်သပ်ထားပါ။မိမိအရေးကြီးအကောင့်နဲ့ဘာမှအမှားမလုပ်မိပါစေနဲ့ဗျာ။



Phishing ကို အခုထက်ထိနားမလည်တဲ့သူများ ဘယ်စာမျက်နှာ ဘယ်နေရာမှာဘဲဖြစ်ဖြစ် အမြဲတမ်း Login ၀င်ချင်လျှင် Passwords အမှားနှစ်ခါ သုံးခါလောက်ရိုက်ပြီး မှ ကိုယ့် Password အမှန်ကို ရိုက်ပြီးမှသာ ၀င်ပါ၊ (မှတ်ချက် (Phishing စာမျက်နှာတိုင်းမှာ ဘယ်ဟာဘဲရိုက်ရိုက် Login Fake Page ကို ၀င်သွားမှာပါဘဲ) အဲဒါကို အလေ့အကျင့်ပြုပါ၊ Browser မှ URL ကို အထူးသတိထားပါ Password နဲ့  ၀င်ရမည့်နေရာတွင် အဓိက စစ်ကြည့်ပါ။ တကယ်လို့  ကိုယ်ဝင်မယ့် Website က နဲ့  Facebook/Email Web page မဟုတ်ဘဲ Email Login/Facebook Login တွေတောင်းနေပါက မ၀င်ကြပါနှင့်၊ အဲဒါဟာတွေတွေ့ ရင် လူများများကို သတိထားစေရန် အဲဒီ Links ကို Share လုပ်ပေးလိုက်ပါ၊ လူတိုင်း သိသွားအောင်လို့ ပါ၊ သူတို့ လဲ သတိထားလို့ ရတာပေါ့၊



Rats,Trojans,Keylogger,Spyware

ဒါကကတော့မိမိဆီကပက်ဝက်တွေကိုခိုးမယ့်ပရိုဂရမ်တွေပါပဲ Exe နဲ့လာတတ်ပါတယ်

Key gen တွေ Crack ဖိုင်တွေ Patchဖိုင်တွေဆိုပြီးလာတတ်ကြပါတယ်။

လူတွေစိတ်ဝင်စားအောင်ယုံအောင်ဆော့ဝဲဒေါင်းလုပ်တွေပေးတိုင်းမယုံပါနဲ့။

ကိုယ်ပိုင်လက်တော့နဲ့သုံးများဆို အန်တီဘိုင်းရပ်ကိုအမြဲဖွင့်ထားပါ။ဆော့ဝဲတစ်ခုရလာတာနဲ့စကန်ဖတ်ပါ။မိမိမသိတဲ့သူဆီကဖိုင်တွေကိုလုံးဝ Click မနှိပ်မိပါစေနှင့်

သူများက ဘုန်းဘုန်းတို့  စိတ်ဝင်စားအောင် ပြောပြီး ဟိုဟာ ကို Download လုပ်ခိုင်းတာတို့  ဒီဟာကို သုံးခိုင်းတာ ရှိလျှင် ဘယ်တော့မှ download မလုပ်ပါနဲ့ ၊ IPhone ကို လိုချင်ရင် EXE ဖိုင်ကို သုံးလို့ ဆိုပြီး လိမ်လည်မူများကို မယုံပါနဲ့ ၊ ယုံပြီးလုပ်မိပါက ဘုန်းဘုန်းတို့  ခံရမှာပါဘဲ၊ ဟက်တဲ့ Program ကို Download လုပ်တာတို့  ဘာသာရေး စာအုပ်ဆိုပြီး exe files တွေကို download လုပ်တာ ရှောင်ကြည်ပါ၊ ဘာသာရေးစာအုပ်ဆိုတာလည်း EXE ဖိုင်မဟုတ်ပါ၊ Video file ဆိုတာလဲ EXE file မဟုတ်ပါ၊ ဓါတ်ပုံဆိုတာလဲ EXE ဖိုင်မဟုတ်ပါ၊

Hacking စလေ့လာနေသူများလဲအထူးသတိရှိပါ။Hacking ဆိုတာဆော့ဝဲသုံးပြီးလုပ်တာမဟုတ်ပါ။ဒီတော့အန်တီင်္ဘိုင်းရပ်ပိတ်ဖို့ လိုတဲ့ဆော့ဝဲတွေကိုလုံးဝမသုံးတာအကောင်းဆုံးပါ



Browser Adds On

==================

ဒါကတော့ Mozilla firefox,Google Crome စတာတွေ ရဲ့  add on တွေပြုလုပ်ပြီး၊အယုံသွင်းတာဖြစ်ပါတယ်။ဒါလေးထည့်ရင်

တော့You Tube ကနေတိုက်ရိုက်ဒေါင်းလို့ရမယ်။အင်တာနက်လိုင်းပိုကောင်းသွားမယ်။သူများအကောင့်တွေဟက်နိုင်မယ်လို့ 

မိမိအားနဲတာကိုထောက်ပြီး အင် စတောလုပ်ခိုင်းပြီး ခိုးယူတာဖြစ်ပါတယ်။မိမိ Browser မှာမိမိမသိတဲ့တခါမှမသုံးဖူးတဲ့ add on

တွေကိုမထည့်ပါနဲ့။ထည့်မယ်ဆိုရင်သိကျွမ်းတဲ့သူတွေကိုမေးပါ။



FACEBOOK Groups Security

Facebook group တွေဒီရက်ပိုင်းဟက်ခံထိနေပါတယ်။အထူးသဖြင့်ဗုဒ္ဓဘာသာအကြောင်းရေးတင်ကြတဲ့ဂရုတွေကိုပိုပြီးတားဂတ်ထားတာပါပဲ။

ဘုန်းဘုန်းတို့လိုအဲလိုဂရုတွေမှာအက်မင်တာဝန်ယူထားတဲ့သူများက ပိုပြီးတော့ဂရုစိုက်သင့်ပါတယ်။တွေ့ ကရာလျောက်မနှိပ်သင့်ပါ။ပြီးတော့အပြင်မှာလူချင်းသိတဲ့ယုံကြည်ရတဲ့

သူများကိုမသိတာမေးပါ။အွန်လိုင်းမှာမိမိမသိတဲ့သူက Group admin လုပ်ပေးမယ်ဆိုရင်လုံးဝမပေးသင့်ပါ။မယုံသင့်ပါ။အက်မင်မပေးလဲ စာတွေတင်လို့ရတယ်ဖတ်လို့ရတာပဲလေ။

Group တွေဖွင့်တယ်ဆိုရင်လည်း Admins (စိတ်ချရတဲ့သူများသာ) များများထားပေးပါ၊အက်မင် ကို ၃ယောက်အနည်းဆုံးထားပေးပါ။များများထားခိုင်းတဲ့ရည်ရွယ်ချက်က အက် မင်တစ်ဦးထဲထားလို့ အဲဒီအကောင့်က Lock/Disale

ဖြစ်သွားရင်ဂရုမန်ဘာLevelတစ်ယောက်ယောက်က Group setting နေရာကနေ အက်မင်ဝင်ယူသွားလို့ရတယ်(Make Me admin

လို့ယူလိုက်ရင်ရသွားနိုင်ပါတယ်။

Facebook Group တွေကို ဖွင့်တိုင်း Descriptions တွေကို ရေးဖြစ်အောင် ရေးပါ၊ ပြီးတော့ Group Cover ကို တင်ထားပါ၊ အဲလို မလုပ်ပါက မည်သူမဆို Members

တွေက ပေါက်တတ်ကရ လျှောက်ရေး လျှောက်တင်လို့ ရတယ်ဆိုတာ မမေ့ပါနဲ့ ၊



FAcebook Page

===========

Facebook Page တွေမှာလဲ အက်မင်ပေးတော့မယ်ဆိုရင်မသိတဲ့သူတွေကို Manager ပေးတာတာမျိုးမလု ပ် သင့်ပါဖူး

Content creator တို့  အခြား မော်ဒီရိတ်တာတို့ ပဲပေးထားပါ။ပြီးတော့ Page တစ်ခု မှာ မိမိ Manager ဆိုတာမသိလေကောင်း

လေပါပဲ သိနေရင်တချိန်လုံးချောင်းတာခံရတတ်ပါတယ်။တကယ်လို့ မိမိအကောင့်မိမိသံသယရှိရင်အခြားလူမသိနိုင်သောအကောင့်

တစ်ခုဖွင့်ပြီး Manager access ပေးတာထိန်းချုပ်ထားပါ။မိမိစလုပ်တဲ့အကောင့်ကိုတော့ (လူရိပ်မိနေသော) Content Creator

လောက်ပဲပေးထားပါ။



Facebook Login ၀င်ခြင်း

=================

Facebook အကောင့်ကိုဝင်တော့မယ်ဆိုရင် မိမိ USer name နေရာမှာ မိမိ Email နဲ့မ၀င် ပါ နဲ့  မိမိ Email ကို သူများသိနေလျှင်

မိမိအားနဲချက်ကို ချောင်းနေတတ်ပါသည်။ဒါကြောင့် USer Name နှင့်ဝင် ပါ။Username ဆိုသည်မှာ ကျနော်အကောင့်က

www.facebook.com/wytutherlay ဆိုပါစို့  Username=wytutherlay ဖြစ်ပါသည်။အဲတာနဲဝင်ပါ။အကယ်၍ Facebook

အကောင့်က www.facebook.com/thae.11000 ဆိုပါတော့ username=thae.11000 နဲ့ဝင်ရပါမည်။ထိုအခါမိမိ အီးမေးလ်

ကိုမသိနိုင်သဖြင့် Email Attack လု ပ် ခံ ရခြင်းမှကာကွယ်မိသလိုဖြစ်နေပါမည်။ပြီးတော့  Facebook password နှင့်

မိမိ Email Password မတူပါစေ နှင့်။တူလျှင်တစ်ခုရလျှင်တစ်ခု ပါပြီးငိုရပါမည်။



Facebook Application များအသုံးပြုခြင်း

=========================

app.facebook.com/ဘာညာ အစရှိသဖြင့် ဖေ့ဘုတ်က အပလီကေးရှင်းလန်းတိုင်းသုံးချင်သူများ သတိထားပါ။

Facebook ပေါ်က Application 80% က Spam Link တွေ ဖြန့်တတ်ပြီး ဒီထက်ဆိုးလျင်မိမိအကောင့်ပါမျိုးတုန်းပါမည်။

ဂိမ်းလို့ ရေးထားတိုင်းစိတ်မချရပါ။သူငယ်ချင်းပုံများစီလို့ရတယ်။ဟိုဟာလေးလှတယ်ဒီဟာလေးလန်းတယ်ဆိုတိုင်းရင်မခုန်ပါနှင့်

ကုန်ပါမယ်။တကယ့်လို့မိမိအကောင့်ကအရေးလဲကြီးတယ် app တွေလဲသုံးချင်တယ်ဆို နောက် ထပ် အကောင့်သစ်နဲ့သုံးပါ။

မိမိမသိလိုက်ပဲသွင်းထားတဲ့Application ကြည့်ချင်တာဖြစ်ဖြစ်တို့  မိမိပြန်ဖြုတ်ချင်တဲ့ Application ရှိရင်ဖြစ်ဖြစ်ဒီနေရာမှာ

ဖြုတ်ချလိုက်လို့ရပါတယ်။ https://www.facebook.com/settings?tab=applications





Facebook မသုံးခင်/အသုံးပြုပြီး Cache,Cookie,History တွေရှင်းပါ

====================================

မိမိတို့  Browser ထဲမှာမလိုလားအပ်တဲ့  Cache တွေ Cookie တွေ History တွေရှင်းပစ်ပါ။မရှင်းတတ်ရင်CCleanerကို

သုံးပြီးရှင်းလို့ရပါတယ်။ပြီးတော့စက်ထဲမှာ Remember Password မလုပ်ထားသင့်ပါဖူး။ပြီးတော့ Browser ထဲမှာ Proxy တွေ

ထည့်ထားလားမထားလားတတ်နိုင်ရင်စစ်ကြည့်ပါ။ဆိုင်တွေမှာသုံးလို့  Proxy ထည့်တာတာရှိနေရင်ဆိုင်ကိုမေးပါ။ဆိုင်ကစိတ်

ချရတယ်ဆိုမှသာသုံးပါ။Public Access Center တို့  internet ဆိုင်တို့မှာသုံးတိုင်းဘယ်အချိန်ဘယ်ဆိုင်မှာသုံးခဲ့တယ်ဆိုတာ

မှတ်ထားပါ။အရေးကြီးတဲ့သူတစ်ယောက်အတွက်လုံခြုံရေးဆိုတာအမြဲသတိရှိနေဖို့လိုပါတယ်။





အားလုံး သတိထားစေရန် ဒီဟာကို များများ Share/Forwards လုပ်ပေးပါ ခင်ဗျာ

အထူးသဖြင့် နည်းပညာအားနည်းသေးသောဘုန်းတော်ကြီးအကောင့်များသို့ရှဲပေးကြပါ

Celebrity ,Journal Pageများသို့ လဲ ရှဲ ပေးကြပါ။

Bro Buglab and B.H.G Bros မှနည်းပညာပံ့ပိုးသည်။

Copy from >>> https://www.facebook.com/pages/Putao-Media/247035342103172

0 comments:

Post a Comment