Tuesday, June 4, 2013

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး



( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်



ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့စားမြန် ရည်နှင့်မုန်လာဥ

စသည်တို့ဖြစ် ပါသည်၊ အဲဒီ ဟင်း သီး ဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ် သဘာဝပစ္စည်းတွေ အများအပြား
ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက် 
ပေးခဲ့ပါတယ်။


( ၂ ) မုန်လာဥ-၀ါ



ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံးမှန်မှန်စားပေးနိုင်ရုံ နဲ့ရောဂါ လျော့ ပါး

လာနိုင် ပါမယ်၊ မုန် လာ ဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ရေဖျဉ်းရော ဂါ စွဲ မှု နဲ့အသားအရေ ဓာတ်ဖောက် မှု တို့ ကို ပါ
ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်းချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင်ဖိချပေးပြီးအူမကင်ဆာနဲ့ပတ်သက်တဲ့ပြဿနာအမျိုးမျိုးကိုဖြေရှင်းပေးတတ်ပါတယ်။


သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့ဆောင်ရွက်ပေမယ့်လည်းဆေးလိပ် စီးကရက်တွေကိုဆက် လက်ပြီး

သဲကြီးမဲကြီးဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့ အာနိသင်ကိုကောင်းစွာခံယူရရှိနိုင်တော့ မှာ မဟုတ်ပါဘူး။


( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း



ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ Capsaicinလို့ခေါ်တဲ့ ဓာတ် သ ဘာဝ ပစ္စည်းတွေ ပါ ရှိ ပါ တယ်၊ ဒီပစ္စည်း

တွေဟာ ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကိုကာကွယ်ပေး တတ် ပါမယ်၊ ထို့ပြင် လည်း ပင်ပန်းမှု
ဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ပါတယ်။ Capsaicin ဓာတ်ဟာကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက် စေတယ်၊ ချောင်းဆိုးရင်ကျပ် သက်သာစေ
တယ်၊ ပြီးတော့ သွေးထဲကခဲကျပ်မှုတွေကိုလည်းအရည်ပျော်စေတတ် တယ်။



( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ



သဘာဝ အင်ဇိုင်းတွေ ပါဝ င်ပြီး ကင် ဆာ ဆဲလ်  တွေ မျိုး ပျံ့အောင် ဆောင်ကြဉ်း  နေ တဲ့ ကာစီနို ဂျင်တွေ ကို ဖယ် ရှား နိုင်တဲ့

ဓာတ်သဘာဝတွေဟာ ရှောက်တို့၊ သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊Limoneneလို့ခေါ်တဲ့ဓာတ်သဘာဝ တွေ ဟာ
ကင်ဆာကိုတိုက်ဖျက်နိုင်မယ့်အင်ဇိုင်းတွေကိုမြှင့်တင်ပေးပါတယ်၊ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase ဓာတ်တွေက
လဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့ ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့
အထဲမှာ တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။



( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ



ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာစူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ

တမူထူးခြားနေခဲ့ပါတယ်၊ ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့အမျှပဲကင်ဆာဖြစ် စေတဲ့ ကာစီနိုဂျင်တွေကို
ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ဟင်းခတ်ကြက် သွန်မြိတ်တို့ကလည်း ထက်မြက်တဲ့
ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး



စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့် Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါ တယ်၊ ပန်းသီး၊

စတော်ဘယ်ရီသီးနှင့် ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေ ပါတယ်။ Phenol လို ဓာတ်တိုး
ဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန် လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း
လူကိုဒုက္ခပေးမယ့် သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူး သဖြင့် အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါ
တယ်။



( ၇ ) ဖရဲသီး၊ သခွားသီး



ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီး

တို့ကိုပါမြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့ Carotenoids နှင့်Cantaloupes တို့ ဖြစ်ကြပါတယ်၊
ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊ တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင်
ရောဂါ၊ ကင်ဆာနှ င့် မိန်း မသားတွေ ဓမ္မတာ ထိန်း ညှိ ဖို့ ရာ ကိစ္စတွေမှာ အသုံးချရမယ့် ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊
ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကိုအရည်ပျော်စေတဲ့သဘာဝကောင်းတွေပါဝင်နေတာကြောင့်
နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကုစားရာမှာပါဆက်စပ်သုံးစွဲခဲ့ပါ တယ်။



( ၈ ) ပဲပိစပ်



ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့

ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ Genistien ဓာတ် သဘာဝတွေ ပြည့်ဝ စွာ ပါ ၀င်နေ တာကြောင့် လည်း ကင် ဆာရောဂါ မဖြစ်အောင်
ကာကွယ်ရာ မှာ ထူး ထူြး ခားခြား အ သုံး ၀င်နေ ပါ တယ်၊ ပဲ ပိ စပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာ နိုင်တတ်မယ့်
ရင်သားကင်ဆာနှင့် သား အိမ် ကင်ဆာတို့ကို စွန့် စား မှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ် ပါမယ်၊ Genistien ဓာတ်ဟာ
အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်
ကို အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါ
တယ်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။


( ၉ ) လက်ဖက်


လက်ဖက်ရွက်၊အထူးသဖြင့်ဂရင်းတီးလက်ဖက်ထဲမှာလူကိုအကျိုးပြုရာရောဂါတိုက်ဖျက်ပြီးကျန်းမာမှုတိုးမြှင့်စေမယ့်Polyphenols

ဓာတ်တွေ ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ကူးပြောင်းပြီးဆက် လက် ပွားတိုးလာတော့မယ့်
အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ တွေကပဲ မပြန့်ပွားအောင်တားဆီး ကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာ
အဖြစ်ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊ ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီး
သောက်ခဲ့ရင် အာနိသင်ပိုထက်မြက်နိုင်ပါမယ်။


( ၁၀ ) ခရမ်းချဉ်သီး


လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ကိုယ်ထဲက ဖရီးရယ်ဒီကယ်အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင် စီ ဓာတ်ဟာ

ခရမ်းချဉ်သီးထဲမှာ အများဆုံး ပျော်ဝင်ေHနတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက်အတော်များများမှာပါဝင်နေပေမယ့်ခရမ်းချဉ်
သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့နိုက်ထရစ် အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက် ဆ စ်နှင့် Chlorogenic အက် ဆစ် တို့လည်း ခရမ်းချဉ်သီးနီနီထမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ
အဲဒီသဘာဝတွေကို ဖရဲသီး၊စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်းတွေ့ နိုင်ကြောင်း တင်ပြလိုက်ပါတယ်။

0 comments:

Post a Comment