လောကရဲ့နိယာမအတိုင်း…စားဝတ်နေရေးဆိုတဲ့
ခေါင်းစဉ်းအောက်မှာ…ရေမြေမတူတဲ့နိုင်ငံခြားဆိုတဲ့
ခရီစဉ်..ငါတို့စတင်ခဲကြတယ်။။
ရှေ့မှာအလင်းရောင်တွေ့မလာ…ကြိုးစားရှာဖွေရင်း
တစ်နေ့အိမ်ပြန်ဖို့…ငါတို့ရည်မှန်းခဲကြတာပေါ့။။
အခက်အခဲဆိုတာ...လူတိုင်ရှိကြစမြဲမို့..
ကြုံလာတဲ့ဒါဏ်ရာတွေ့ကို…အဖော်မပါ
တစ်ယောက်တည်း..ငါတို့ကြိုးစားကုကြတယ်။။
လူမျိုးပေါင်းစုံကြား…အရောင်မဲတဲလိပ်ပြာကလေးလို
ငါတို့ရုန်းကန်ပျံသန်းရင်း…မတူသလိုကြည့်တဲ့အကြည့်နဲ့…
မတန်သလို့ဆက်ဆံတဲ့အမူရာ.....ငါတို့နေ့တိုင်းကြုံတွေ့ခဲရတယ်။။
ဒါသူများအိမ်ပါ…ငါတို့ကဧည့်သည်ဆိုတဲ့စိတ်နဲ့
ကြိုးစားဖြေသိမ့်ရင်…တစ်နေ့ငါတို့မိသားစုရှိတဲ့
ငါတို့အိမ်…ငါတို့ဘာသာ...ငါတို့မြေ…ငါတို့တိုင်းပြည်
ကြီးကိုပြန်ဖို့....အတောင်ပံတွေ့ကိုတပ်ဆင်ခဲကြတာပေါ့။။
အခုတော့…တစ်ပါးသူရဲ့လက်ချက်အောက်
ငါတို့အတောင်ပံတွေ့ကိုရိုက်ချိုး
ငါတို့စိတ်ကူးတွေ့ပျောက်ဆုံး
ငါတို့အိမ်မက်တွေ့ပါပျက်သုန်းပြီး
ငါတို့အသက်တွေ့ပါပေးဆပ်လိုက်ရပြီး။။
အသက်ဆုံးရှုံးသွားသော...ဘ၀တူမောင်နှမများ
ကောင်းရာသုဂတိလာပြီး…နောင်ဘ၀ဆိုတာမျိုးရှိခဲရင်
ဒီလိုအဖြစ်မျိုးက...ကင်းဝေးလို့
ပြည်ပြည့်စုံတဲ့မြေပေါ်မှာကြီးပြင်းပြီး...နွေးထွေးလုံခြုံတဲ့မိသားစုနဲ့
အသက်ထက်ဆုံးနေနိုင်ကြပါစေ။။
* လေပြေ *
0 comments:
Post a Comment