Tuesday, June 4, 2013

ဖိုတိုရှော့နည်းပညာ

ဒီနေ့တော့ ပျင်းနေတာနဲ့ ပုံအတွင်းမှာစာရေးနည်းလေးတင်လိုက်တယ်။ ကိုယ်ကလဲသိပ်မတတ်ဘူးလေ။ အဲ့တော့ လွယ်တာဘဲရေးတင်ရတာဗျ။ မတတ်သေးတဲ့ မသိသေးတဲ့ သူတွေကို ရည်ရွယ်ပါတယ်။ 


(၁) ကတော့ ဖိုတိုရှောမှာ နယူပေ့ တစ်ခုယူလိုက်ပေါ့ဗျာ၊ ပြီးတော့ ကျွန်တော် အနီရောင်နဲ့ဝိုင်းပြထားတဲ့ အဆင့်တွေကို လုပ်လိုက်ပါ။

1/ Custom Shape Too ကိုယူပါ။

2/ Paths မှ ထားပါ။

3/Shape မှာ သူငယ်ချင်းလိုချင်တဲ့ပုံကိုရွေးပါ။

4/Create a new layer ကိုနှိပ်ပါ။

5/ Shift ကီးကို ဖိပြီး ဆွဲလိုက်ပါ။



(၂) အနေနဲ့ကတော့ Horizontal Type Tool ကိုယူပြီး ကာဆာချပြီး သူငယ်ချင်းရေးချင်တဲ့ စာကိုရေးလိုက်ပါ။ အကြီး၊ အသေးညှိလိုက်ပေါ့။ အရောင်လဲကြိုက်တာရွေး။



(၃) အနေနဲ့ကတော့ စာရေးပြီးရင် Move Tool လေးကို သွားပြီးနှိပ်ယူလိုက်ပါ။ ပြီးရင်တော့ Ctrl ကီးကိုဖိထားပြီး Enter ကို ခေါက်လိုက်ပါ။ Select လေးဖြစ်သွားရင် Ctrl ကိုဖိထားပြီး D ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီး။ ကြိုက်တဲ့နေရာရွေ့ယူသွားပါ။ အဆင်ပြေမှာပါနော်။


(၁) ပုံ



(၂) ပုံ



(၃) ပုံ




 တတ်လို့တော်လို့တော့ မဟုတ်ဘူးနော်။ မသိသေးတဲ့လူတွေကို မျှဝေတာပါ။ အပျင်းပြေပေါ့။


yoeyoelay18@gmail.com

0 comments:

Post a Comment