Tuesday, June 4, 2013

HP laptop ဝယ်ထားတဲ့သူတွေအတွက် သိထားသင့်သော အချက်များ

ပထမ တစ်ခါတုန်းက ကျွန်တော် Dell services tag အကြောင်းရေးဖူးပါတယ်..မိမိ ရဲ့ ကိုယ်ပိုင် laptop တွေမှာ မိမိကိုယ်တိုင်
 technician အဆင့်မဟုတ်တောင်မှ ...မိမိ ရဲ့ laptop လေးမှာ RAM ရဲ့ အခြေ အနေ HDD နဲ့ တစ်ခြား ကွန်ပျူတာ အစိအပိုင်တွေရဲ့
လက်ရှိအခြေနေတွေကို ကိုယ်တိုင်စစ်လို့ရနေပါပီ..အခုနောက်ပိုင်နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ ဝန်ဆောင်မှုတွေ က ကုမ္ပဏီတစ်ခုနဲ့တစ်ခု
ဟာ သူ့ထက်ငါ ကောင်းသည်ထက်ကောင်းအောင် customer အတွက် အဆင်ပြေအောင် ဝန်ဆောင်မှုတွေ ပေးလာကြပါတယ်..
ဟိုတလောကကျွန်တော်ပြောခဲ့သလိုမျိုး Windows error လား ကွန်ပျူတာ မှာပါဝင်တဲ့အစိတ်အပိုင်းတွေရဲ့ပြဿနာလားဆိုတာ ကို
သို့လောသို့လောဖြစ်နေသူတွေအတွက်ကိုယ်တိုင်စစ်လို့ရအောင် ဒီကနေ့ HP Laptop အသုံးပြုသူတွေအတွက် ကျွန်တော် သိထားတာလေးပြန်မျှပေးမှာဖြစ်ပါတယ်။ တစ်ချို့လည်းသိပြီးသားဖြစ်ပါလိမ့်မယ်။ Laptop က power တော့လာပါရဲ့ ဘာမှတတ်မလာ ဘူး
သို့မဟုတ် laptop က ဖွင့်လိုက် windows logo လေးပဲပြပြီး ကျသွားတယ်..သို့မဟုတ် laptop က no bootable device ဆိုတဲ့ error မျိုးပြနေတဲ့အခါမျိုး ကိုယ်က laptop ကဝယ်ထားတာတစ်နှစ်လောက်ရှိနေပြီ ကိုယ့်စက်ရဲ့ hard disk ထဲမှာကလည်း အရေးကြီးတာတွေသိမ်ထားတယ်.. အကယ်၍ hard disk များပျက်သွားခဲ့သော်ဆိုတဲ့ သံသယ ဖြစ်နေခဲ့တဲ့အခါမျိုး အဲလိုအခါမျိုးတွေမှာ ကျွန်တော်တို့ က service center ကိုမသွားခင် မိမိ ရဲ့ laptop မှာပါဝင် တဲ့အစိတ်အပိုင်းတွေရဲ့ ချို့ယွင်းချက်ကို စစ်ကြည့်ကြရအောင်။ အပေါ်က ကျွန်တော်ပြောခဲ့သိုပေါ့ HP laptop သမားတွေအတွက်ပါ..စစ်ပုံ ဒီလိုပါ..
laptop ကို battery နဲ့ ဖြစ်ဖြစ် battery မပါဘဲ adapter နဲ့ပဲဖြစ်ဖြစ် ..စက်ကိုစဖွင့်လိုက်ပါ  ပြီးရင် ဘာမှတတ်မလာခင်လေးမှာ Keyboard က Esc ဆိုတဲ့ ကီးလေးကို ဖိလိုက်လွှတ်လိုက်လုပ်ပါ သူက System Menu တစ်ခုကျလာပါလိမ့်မယ်..အဲဒီထဲမှာ Hp system diagnostic ဆိုတာ ကိုရွေးပြီး
Enter ခေါက်လိုက်ပါ နောက် စာမျက်နှာတစ်ခုမှာက
1) System Information
2)System Test
3)Component Tests
4)Firmware Management
5)Test Logs
6)Exit

ဆိုတာတဲ့ 6 ခုတွေ့ပါလိမ့်မယ်
အဲဒီမှာ Component Test ကိုသွားပါ ကျွန်တော်ကတို က ကွန်ပျူတာမှာ ပါဝင်တဲ့ hardware ပိုင်းကိုစစ်မှာမှို့ပါ..
အဲဒီကိုရောက်ပြီးသွားရင်တော့
1) Processor
2)Memory
3)Hard Drive
4)Battery
5)Keyboard
6)Mouse
7)Optical Drive
8)System Board
9)USB Port
10) Video
11)Wireless Module
12)1394 port
13)Main Menu ( အပေါ်က Menu ကိုပြန်သွားတဲ့နေရာပါ )

အဲဒီမှာ ကို က ..Hard Drive ကိုစစ်ချင်ရင် Hard Drive ကိုရွေးပြီး စစ်လို့ရပါပီ keyboard က နေ Down Arrow key သို့မဟုတ် up arrow key နဲ့ မိမိ စစ်ချင်တဲ့အစိတ်အပိုင်းကို ရွေးပြီး Enter ခေါက်ပေးလိုက်တာနဲ့ သူက စစ်ပေးပါလိမ့်မယ်..passed ဖြစ်တယ်မဖြစ်ဖူးဆိုတာကို စစ်ပြီးရင်သိပါလိမ့်မယ်..error ပြခဲ့ရင်လည်း error code ကိုထုပ်ပေးပါလိမ့်မယ်..
ဒီလောက်ဆိုရင်တော့ ကိုယ်ပိုင် HP laptop လေးကိုစစ်တတ်လောက်ပြီထင်ပါတယ်..
အဆင်ပြေကြပါစေဗျာ...

0 comments:

Post a Comment