တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, July 20, 2015

ယနေ့ ဆင်းမ်ကဒ်တွေကို အစားထိုးတော့မယ့် အီး-ဆင်းကဒ် (e-SIM card)

e-SIM card ဆိုတာကို Apple ဟာ iPad မှာ အသုံးပြုပြီး စတင် innovate လုပ်ခဲ့ ပါတယ်။ Electronic SIM card ဆိုတာ ဖုန်းထဲမှာ ကဒ်ထည့်စရာ အပေါက် မပါပဲ ဖုန်းစထုတ်ကတည်းက SIM card မှာ အလုပ်လုပ်တဲ့ အပိုင်းတွေကို ဖုန်းမှာ တစ်ခါတည်း ပါဝင်အောင် ပြုလုပ်တဲ့ နည်းပညာ ဖြစ်ပါတယ်။
အပြန်အလှန်တရားစွဲရလောက်အောင် မတည့်ကြတဲ့ Apple နဲ့ Samsung ဟာ ယခုတော့ e-SIM card ကို တစ်ကမ္ဘာလုံး ပြောင်းလဲ သုံးလာဖို့အတွက် စတင်ပြီးတော့ ဆွေးနွေးနေပါပြီ။ သူတို့ အနေနဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဥရောပက နိုင်ငံကြီးများမှာ Mobile ဆက်သွယ်ရေး အော်ပရေတာများနဲ့ စတင်စကားပြောနေပြီး ဖုန်းတွေမှာ e-SIM ဖြစ်အောင် ဖန်တီးဖို့ ဖြစ်ပါတယ်။ သူ့မှာ ဘာအားသာချက်တွေ ရှိသလဲဆို ဖုန်းက ဆင်းမ်ကဒ်ထည့်စရာမလိုတော့ အလုပ်မရှပ်ဘူး။ အော်ပရေတာ တစ်ခုကနေ တစ်ခု အပြောင်းအလဲ လုပ်မယ်ဆိုရင် code အချို့ run ရုံပါပဲ။ ပြီးတော့ 2G, 3G တို့ကနေ 4G ပြောင်းသုံးလည်း ဖုန်းက လွယ်တကူ ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဓိကကတော့ အော်ပရေတာ တစ်ခုကနေ တစ်ခု ပြောင်းသုံးဖို့ ဆင်းကဒ် ပြောင်းနေစရာမလိုပဲ SSID ကုဒ်တွေ run သလို လွယ်တကူ setting ပြောင်းနိုင်ခြင်း ဖြစ်ပါတယ်။
ပြီးတော့ ကမ္ဘာတစ်လွှားမှာ ထုတ်တဲ့ ဖုန်းအားလုံးဟာ ဘယ် ဆင်းမ်ကဒ် ထည့်ထည့် အဆင်ပြေတဲ့ ဖုန်းဖြစ်လာမှာ ဖြစ်ပြီး ဘယ် အော်ပရေတာ ဖြစ်ဖြစ် လွယ်တကူ ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် iPhone 7, Samsung Galaxy Note 6 တို့လောက်မှာ စတင် အသုံးပြုနိုင်ဖွယ် ရှိပြီး တစ်နှစ်အတွင်း အကောင်အထည် ဖော်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

Monday, September 16, 2013

ထိုင်းနိုင်ငံ channel 3 တွင်လာရောက်တင်ဆက်သွားသော မြန်မာ အဆိုတော် 5ယောက်အဖွဲ့ 


မြန်မာတစ်ယောက်အဖြစ်တော့အားကျမိပါတယ်။အစသိကတည်းကလည်း အားပေးခဲ့ပါတယ်။သီချင်းတွေကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ဆိုသွားတယ်။
သီချင်းတိုင်းလိုလိုပါဘဲ။ဆိုသွားတဲ့သီချင်းလေးတွေတိုင်းမှာလည်း မြန်မာနဲ့ ပတ်သတ်တဲ့ ရိုးရာလေးတွေထည့်လေ့ရှိပါတယ်။နိုင်ငံခြားကလည်း လက်ခံတယ်
ကိုယ်ပိုင် အင်္ဂလိပ်ဘာသာ နဲ့ သီချင်းလေးတွေကိုလည်း ဆိုတယ်။အဆိုအက ပြောစရာမရှိဘူး အရမ်းသဘောကျပါတယ်။သူငယ်ချင်းတို့ လေ့လာကြည့်ပါ...

Monday, August 26, 2013

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ


ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။


၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။



facebookမှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်...

Thursday, May 2, 2013

ရုပ်ရှင်မင်းသားဦးကျော်သူ၏"သုခကုသိုလ်ဖြစ်ဆေးခန်း"သို့ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်။



သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်

ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(ကျော်သူ)

Wednesday, May 1, 2013

၉၆၉ တရားပွဲရဲ့ သတင်းအမှန်.............

ကဲ ကျွန်တော်ကိုယ်တိုင်လုံခြုံရေးမှုးအဖြစ်တာဝန်ယူခဲ့သော ၉၆၉ တရားပွဲရဲ့ သတင်းအမှန်ကအောက်ပါအတိုင်းပါ....
မီဒီယာများနှင်အကို လူထု မောင်ကာဠု တို့ ရေ အမှန်ကိုဘဲရေးပေးဖို့ တောင်ပန်ပါတယ်  ။ တောင်းဆိုပါတယ်......
1.5.2013 ရက်နေ့ ည ထိုင်းနိုင်ငံ ဆမူဆာခွန်ခရိုင် မဟာချိုင်မြို့  ၀ပ်ခွန်ခုလို့ ခေါ်တဲ့
ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သော ၉၆၉ တရားပွဲတွင် ထိုင်းလူမျိုး
လူငယ်လေးတွေနဲ့ တရားပွဲလာလူငယ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်ဆိုသောသတင်းမှာ
မှန်ကန်ပါသည် ထိုသို့ အသေးအမွှား စကားများကြသောနှစ်ဖက်လူငယ်များကိုထိုင်းရဲအရာရှိများက
လူစုကွဲသွားစေရန် သေနတ်ပစ်ဖောက်ကာခြောက်လှန့် ခဲ့ခြင်းသာဖြစ်ပြီး တစ်ခြားဘာမှ
ထပ်ကာမဖြစ်ခဲ့ဘဲ တရားပွဲကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်........................

သတင်းရေးသူများသို့ .....................

မနေ့ ညကတရားပွဲမှာခိုက်ရန်ဖြစ်ပွားတယ်ဆိုတာမှန်ပါတယ် သေနတ်ဖောက်တယ်ဆိုတာလည်းမှန်ပါတယ် သို့ ပေမဲ့ မှားနေတဲ့သတင်းတွေကတော့ ထိုင်းလူမိုက်များမှ ကုလားများကနေပြီး
အခေကြေးငွေယူကာ ယခုပွဲကိုလာဖျကိသည်ဆိုသောသတင်းမှာ လုံးဝသက်သေမခိုင်လုံပါ
ပြီးတော့တစ်ကယ်ရန်ပွဲဖြစ်တာကလည်းအကြီးအကျယ်မဟုတ်ပါ ပြီးနောက်ပြန်လည်ငြိမ်သက်
အေးဆေးသွားသောအခါမှာလည်း မည်သည့်လူငယ်များမှတရားပွဲအပြင်တွင်မနေကြတော့ဘဲ
ထိုင်းအာဏာပိုင်တွေကိုယ်တိုင်စောင့်ကျပ်ပေးတဲ့ လုံခြုံရေးအောက်တွင်ငြိမ်သက်စွာ
တရားနာခဲ့ကြပါတယ် ထိုင်းရဲအရာရှိကြီးများကိုယ်တိုင်က လုံခြုံရေးကောင်းကောင်းချပြီး
သူတို့ အရာရှိကြီးများကိုယ်တိုင်လာရောက်ကာတရားပွဲကိုအောင်မြင်ပြီးဆုံးသည်အထိ
စောက်ရှောက်ပေးခဲ့ပါတယ် ခိုက်ရန်ဖြစ်ပွားတဲ့လူငယ်လေးများနှင့်လည်းပြန်လည်တွေ့ ဆုံကာ
တောင်းပန်စကားများအပြန်အလှန်ပြောခဲ့ပြီးရပ်ကွက်လူကြီးများနှင့်လည်းတွေ့ ကာအခြေနေမှန်ကို
ပြောပြခဲ့လို့ ထိုင်းလူငယ်တွေကိုသူတို့ လူကြီးများကိုယ်တိုင်ဆုံးမစကားပြောခဲ့ပါတယ်
ထိုင်းဘုန်းတော်ကြီးများကလည်းပွဲပြီးသည်အထိအနားမှာလာရောက်စောင့်ရှောက်ပေးခဲ့ပါတယ်
သို့ ဖြစ်ပါသောကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ စောင့်ရှောက်ပေးတဲ့လုံခြုံရေးအောက်တွင်
ယခုတရားပွဲကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ် ဒါကြောင့်မို့ သတင်းရေးတဲ့ သူတွေကို
ပြောချင်တာကတော့ ဒီပွဲရဲ့ တာဝန်ရှိသူတွေကိုအရင်မေးမြန်းပြီးမှရေးစေချင်ပါတယ်
နှစ်နိုင်ငံအမြင်စောင်းမှုတွေမဖြစ်စေချင်သလို လူမျိုးရေး အရေးအခင်းတွေလည်းမဖြစ်စေချင်ပါဘူး
သို့ ဖြစ်ပါသောကြောင့် သတင်းသမားများအနေနဲ့ ရေးချင်တာကိုဘဲရေးကြတာမျိုးမလုပ်ပါနဲ့ လို့ 
နှစ်နိုင်ငံဆက်ဆံရေးနှင့်လူမျိုးရေး အရေးအခင်းများကိုကာကွယ်သောအနေဖြင့် ယခုဖေါ်ပြသော
သတင်းသည်အမှန်အကန်သာလျှင်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။.....................

အသေးစိတ်သိလိုပါက အောက်ပါနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။................
+66856147490
+66904240877
+66888643643
+66867532471

စသည်တို့ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်.............( သင့်ကြောင့်နိုင်ငံရေးလူမျိုးရေး အဓိကရုန်း
မဖြစ်ပါစေနှင့်)

Thursday, April 18, 2013

ဘော်စတွန်ဗုံးပေါက်မှုမှာ သေဆုံးသူများ

မာတင်ဆိုတဲ့ ခလေးကတော့ သူ့ဖခင် မာရသွန်ပြေးနေတာကို မိသားစုနဲ့ အတူလာကြည့်ခဲ့တာပါ။

ခရစ်တယ်ကလည် သူငယ်ချင်းတွေရဲ့ ပန်းဝင်မယ့်ပုံကို ရိုက်ဖို့ သွားစောင့်နေတာဖြစ်ပါတယ်။

လူလင်ဇီက တရုတ်နိုင်ငံကဖြစ်ပြီး ဘော်စတွန်တက္ကသိုလ်မှာ တက်ရောက် ပညာသင်ယူနေတဲ့သူဖြစ်ပါတယ် မာရသွန်ပြေးပွဲကို
လာရောက်အားပေးတာပါ။

Two explosives went off near the finish line of the Boston Marathon in Boston, Mass. on April 15, 2013, killing three and wounding more than 170 people. The victims were identified as 29-year-old Krystle Campbell (left), 8-year-old Martin Richard (center) and 23-year-old Lu Lingzi (right). Martin, of Dorchester, Mass., was with his family near the finish line waiting for his father to complete the marathon.

Campbell, of Medford, Mass., went with her best friend to take a picture of the friend s boyfriend crossing the finish line. Lu, of Shenyang, China, was a graduate student studying statistics at Boston University. President Barack Obama said it was unclear whether the bombings were carried out by an international organization, domestic group or a "malevolent individual."


Author: Stephanie Slifer
Credit: Family Photo / Personal Photo

http://www.cbsnews.com/2300-504083_162-10016486.html
ဘော်စတွန်ဗုံးပေါက်မှုမှာ သေဆုံးသူများ ========================  မာတင်ဆိုတဲ့ ခလေးကတော့ သူ့ဖခင် မာရသွန်ပြေးနေတာကို မိသားစုနဲ့ အတူလာကြည့်ခဲ့တာပါ။  ခရစ်တယ်ကလည် သူငယ်ချင်းတွေရဲ့ ပန်းဝင်မယ့်ပုံကို ရိုက်ဖို့ သွားစောင့်နေတာဖြစ်ပါတယ်။   လူလင်ဇီက တရုတ်နိုင်ငံကဖြစ်ပြီး ဘော်စတွန်တက္ကသိုလ်မှာ တက်ရောက် ပညာသင်ယူနေတဲ့သူဖြစ်ပါတယ် မာရသွန်ပြေးပွဲကို လာရောက်အားပေးတာပါ။  Two explosives went off near the finish line of the Boston Marathon in Boston, Mass. on April 15, 2013, killing three and wounding more than 170 people. The victims were identified as 29-year-old Krystle Campbell (left), 8-year-old Martin Richard (center) and 23-year-old Lu Lingzi (right). Martin, of Dorchester, Mass., was with his family near the finish line waiting for his father to complete the marathon.   Campbell, of Medford, Mass., went with her best friend to take a picture of the friend s boyfriend crossing the finish line. Lu, of Shenyang, China, was a graduate student studying statistics at Boston University. President Barack Obama said it was unclear whether the bombings were carried out by an international organization, domestic group or a "malevolent individual."   Author: Stephanie Slifer Credit: Family Photo / Personal Photo  http://www.cbsnews.com/2300-504083_162-10016486.html

Tuesday, March 12, 2013

မြန်မာနိုင်ငံရှိ Mobile Phone သင်တန်းများကို သတိထားတက်ကြရန်

သူငယ်ချင်းများကို ကျွန်တော်တို့လို မခံရလေအောင် သတိပေးချင်းဖြစ်ပါတယ်။ ကျွန်တော်သည် ရန်ကုန်တွင်ရှိသော Mobile Phone သင်တန်းတစ်ခုကို တက်ခဲ့ပါတယ်။ သင်တန်းကြေးကတော့ ၄သိန်း ပေးခဲ့ရပါတယ်။ သူတို့က ကြော်ငြာမှာကြော်ငြာတုန်းကတော့ Software and Hardware ရောသင်ပေးမယ်လို့ ကြော်ငြာခဲ့ပါတယ်။သင်တန်းသွားအပ်တဲ့ အချိန်တုံးကလည်း နှစ်မျိုးစလုံးသင်မှာလားလို့ မေးပါတယ် သင်ပေးမယ်လို့လည်းပြောပါတယ်။ တကယ် သင်တန်းလည်းတက်ရော Software ဆိုတာက လွယ်လွယ်လေးကိုသာ သင်ပေးကြပါတယ်။ Hardware ဆိုတာကတော့ နည်းနည်းဆို နည်းနည်းပဲ သင်ပေးပါတယ်။ သင်တန်းမှာသုံးနေသော Computer and Phone တွေကြတော့လည်း အဟောင်းတွေနဲ့ပဲသင်ပေးပါတယ်။ ပြောချင်တာတွေကတော့ အများကြီးပါ ဒါပေမဲ့ မပြောတော့ပါဘူး။ ကျွန်တော့လို သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတို့ရဲ့ အပေါင်းသင်းများ၊ မိတ်ဆွေများကိုလည်း ရန်ကုန်ရှိ Mobile သင်တန်းများကို တက်ရင် သတိထားပြီးအပ်ကြပါလို့ ပြောချင်ပါတယ်။

Wednesday, February 13, 2013

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်


ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်


ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအ လုပ် ရှင် လင်မယားက ရေနွေး ပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှု ကယ်ဆယ်ရေးဌာနက ပြောပါ တယ်။ 
 
ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူ တို့ရဲ့ လူမှုကယ်ဆယ်ရေး ဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင် ဖစ်မြို့ လူမှု ၀န်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
 
အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူ နဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ် လုပ်နေ စဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွား ဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေး လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေး ခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။ 
 
ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ သြဇာကြီးမားမှုကို ကြောက်ြ ပီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ် သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။
 
ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင် ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင် ပွန်းဖြစ် သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။ 
 
ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောေ လာ ဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ် ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက် တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်း ဌာနကို ပြောကြား သွားပါတယ်။
နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက် (အင်္ဂါနေ့)
Photo courtesy: Thairath

Monday, February 4, 2013

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး

ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မ ထ
တမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ သတင်း ထုတ်ပြန်
ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်း ရပ်ရှိ အင်တာနက် က
ဖေးဆိုင်တစ်ခုအတွင်းနှစ်ရက်တိုင် အစာလည်း ထမစား တစ်နေကုန် ကစားနေသဖြင့် ထိုသို့  အသက် ဆုံးရှုံး ရခြင်းဖြစ်
သည်ဟုသတင်းတွင်ဖော်ပြထားသည်။

ထိုလူငယ် ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်း တွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေ အထားဖြင့် တွေ့ ရှိခဲ့ရ
ကြောင်း၊ သူက သွားနှိုး လိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်
ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း  ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။  ရဲတပ်ဖွဲ့ မှ ရင်ခွဲရုံ သို့ အလောင်းကို ပို့ပြီး
သေဆုံး ရခြင်း အကြောင်းနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊  နာရီပေါင်း များစွာ ခွေခေါက် ထိုင်ပြီး ကစား နေခြင်း
ကြောင့်အပြင်နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီ ကလည်း နယူးတိုင်ပေ တွင် လူငယ် တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို
လက်လှမ်းနေသည့် အနေ အထားဖြင့် သေဆုံးသွား ခဲ့ကြောင်း၊ ထို လူငယ်ကိုလည်း နှလုံးရောဂါကြောင့်ပင် သေဆုံးခဲ့
ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

Wednesday, January 30, 2013

VZO Website မြန်မာဘာသာဖြင့် လေ့လာနိုင်ပြီး

VZO Website ကိုမြန်မာဘာသာဖြင့်လေ့လာနိုင်ပြီဖြစ်ကြောင်းသတင်ကောင်းပါအပ်ပါသည်။စိတ်ဝင်စာလိုလေ့လာချင်ပါက ဒီမှာ လေ့လားနိုင်ပါတယ် အတော်ထူးဆန်းတယ် အခုမျတွေ့ ဖူးတယ်ကြာပြီသူရှိနေတာ ကဲကဲ သူငယ်ချင်းတို့ လေ့လာကြည့်ပေါ့နော်...............

Tuesday, January 1, 2013

ဘတ်စ်ကားပေါ်တွင် ဘဝရှုံးခဲ့၍ ကံဆုံးရသူ အိန္ဒိယဆေးကျောင်းသူလေး...^^


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူလေး တစ်ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင် ကြည့်ပြီး ပြန်လာပါတယ်။
ဘက်စ်ကားစီးပြန်ပေမယ့် ကားပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဒါကို အခွင့်အရေးယူပြီး အမျိုးသား ၆ ဦးဟာ ဘက်စ်ကားပေါ်ပါလာ တဲ့ ဆေးကျောင်းသူတို့ ခရီးသည် နှစ်ဦးကို နှိပ်စက်ပါတယ်။ အမျိုးသမီး ဆေးကျောင်း သူကို နှိပ်စက်ရုံတင်မကပဲ ဝိုင်းဝန်း အဓ္ဓမ ကျင့်ခဲ့ ပါတယ်။ ယင်းနောက် နှစ်ဦးလုံးကို အမြန်မောင်းနေတဲ့ ဘတ်စ်ကားပေါ်က ပစ်ချခဲ့ပါတယ်။
ဒဏ်ရာဗလပွနဲ့ လူနှစ်ယောကို ဒေလီမြို့ ပေါ်က ဆေးရုံမှာ ကုသပါတယ်။ အမျိုးသမီးငယ်လေး အခြေအနေမဟန်တော့ပါဘူး။ ပြည်တွင်း ဆရာဝန်များ ကယ်မနိုင်တော့တဲ့အခြေအနေမို့ စင်္ကာပူက Mount Elizabeth ဆေးရုံပေါ် တင်ပြီး ကုသပါတယ်။
ဆေးကျောင်းသူလေး အမျိုးသမီးမှာ ဒဏ်ရာအတော်များပါတယ်။ ကိုယ်တွင်း ဒဏ်ရာ၊ ပြင်ပ ဒဏ်ရာ၊ ဦးနှောက်ဒဏ်ရာ၊ စိတ်ဒဏ်ရာပေါင်း များစွာနဲ့ ကုသမှုခံယူခဲ့ပါတယ်။ မထူးခြားပါဘူး။ ဒီဇင်ဘာလ ၂၉ ရက် ရက်နေ့ မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။
သူမ ရဲ့  သတင်းကြားရတဲ့ အိန္ဒိယပြည်သူများ ဒီတိုင်း ကြည့်မနေ တော့ ပါဘူး။ နယူးဒေလီမြို့ အပြင် ကျန်မြို့ ကြီး တွေမှာပါ အိန္ဒိယ ပြည်သူပေါင်း သန်းနဲ့ချီပြီး ဆန္ဒပြ ဆန့်ကျင်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယအမျိုးသမီးတို့ရဲ့  ဘဝလုံခြုံမှုကို အပြည့်အဝ မပေးတဲ့ အစိုးရအား ဖြုတ်ချဖို့ အထိတောင် တောင်းဆိုပါတယ်။ အဓ္ဓမ ပြုကျင့်မှုများ၊ မတရားအနိုင်ကျင့်မှု များဟာ အိန္ဒိယမှာ အမြဲလိုလို ဖြစ်နေပေမယ့် ယခု ဖြစ်ပွားမှု ကတော့ တော်တော်ဆိုးရွားပြီး ကမ္ဘာသိ ဖြစ်သွား ရပါတယ်။ ကမ္ဘာ့သတင်း မီဒီယာများလည်း စောင့်ကြည့်လာပြီး အမျိုးသမီး လူ့အခွင့်အရေး အတွက် အိန္ဒိယ အစိုးရက ဘယ်လို ပြန်ပေးဆပ်မယ်ဆိုတာကို စောင့်ဆိုင်းလျက် ရှိပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Manmohan Singh လည်း စိတ်မကောင်းစွာနဲ့ပဲ ဆန္ဒပြ သူများ စိတ်တိုင်းကျဖြစ်လာဖို့ ကြိုးပမ်း ပေးနေပါတယ်။ လက်ရှိမှာ တရားခံ နဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီး ရမိ ထားပြီး တရားခံများကို မကြာမီ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆို ထားပါတယ်။
ဘယ်လို တရားစီရင်မှုလုပ်လုပ်၊ အပြစ်ပေးမှုလုပ်လုပ် သေသွား တဲ့ ဆေးကျောင်းသူကို အသက်ရှင်လျက်နဲ့ ပြန်မရနိုင်တော့ပါဘူး။ အသက်ရှင်ရင်တောင် ဘဝမရှင် တော့တဲ့ သူမဟာ ဘဝသေပြီးသား လူ ဖြစ်ပါတယ်။ နယူးဒေလီမြို့ ကြီးရဲ့  ညတွေမှာတော့ သူမအတွက် ဆုတောင်းပေးတဲ့ ဖယောင်းတိုင်များနဲ့ ထိန်လင်းလျက် ရှိကြောင်း သိရပါတယ်။

Thursday, November 29, 2012

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ (RSO) ဘင်္ဂါလီကုလားသပုန်အဖွဲ့တိုက်ပွဲဖြစ်ပွါးနေ...

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းမှာ မြန်မာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ အကြား မနေ့ညနေက ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ နစက နယ်မြေ (၁) လို့ သတ်မှတ်ထားတဲ့ အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယမန်နေ့ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ အောင်သပြေကျေးရွာ သားတဦးက နိရဉ္စရာကို အခုလို ပြောပြပါတယ်။

“ ည ၈ နာရီကျော်မှာ ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲက ဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဗန္ဓုလနယ်မြေ နယ်စပ် မိုင်တိုင်အမှတ် (၅၂) (၅၃) အကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ညဥ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ဒီမှာ သတင်းဖြစ်နေတာကတော့ ဟိုဘက်က ၀င်လာတာက ကုလား ပြောက်ကျားတွေလို့ ပြောပါတယ်။”

မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သလို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီး သိပ်မကြာခင်မှာဘဲ အောင်သပြေရွာမှာ ရှေ့တန်း စခန်းထိုင်နေတဲ့ ဗျူဟာမှူး ကိုယ်တိုင် ကား ၃စီးနဲ့ အတူ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နေရာ နယ်စပ်အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ ၀င်ရောက် တိုက်ခိုက်တဲ့အတွက် ဂျီအီးတပ်သား တစ်ဦး ကျဆုံးပြီး သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်ခံ သွားခဲ့ရပါတယ်။

အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာဘက်က စစ်တပ် တပ်ရင်း (၆) ခုခန့် တိုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ဆောင်ခံသွားရတဲ့ တပ်သားတွေကို လိုက်ရှာဖွေနေတဲ့ အတွက် အခြေအနေဟာနယ်စပ်မှာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ချောင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါဝင်ပြီး အိမ်ခြေပေါင်း ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်မူတွေ တိုးပွားနေပြီး သူတို့ရဲ့ အလုပ်တွေကိုလည်း သွားရောက် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
12-11-2012. နေ့ညနေ(၄)နာရီခန့်တွင် တိုက်ပွဲဖြစ်ပွါးနေသော ကျေးရွာအနီးအနားမှ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်ဌာနဆိုင်ရာ တိုင်းရင်းသား မိသားစုများမှာ အခြေနေတင်းမာမူများကြောင့် နေအိမ်များစွန့်ခွါပြီး ခရီးသည်တင်ကားများ GEဆောက်လုပ်ရေးကားများနှင့် မောင်တောမြို့ပေါ်သို့ ထွက်ပြောတိမ်းရှောင်လာခဲ့ ရကြောင်းသိရှိရပါသည်။ မောင်တောမြို့ပေါ် ရှိတိုင်းရင်းသားလူနည်းစုမှာလည်းအထူးစိုးရိမ်နေ ကြကြောင်းညမြို့ခံသားတစ်ဦးမှပြောကြားခဲ့ပါသည်။
 
 
 မြန်မာ့ပိုင်စစ်တပ်လေသိတယ်မဟုတ်လားအမိန့်ပေလိုက်လိုကတော့ ကုလားဆုတ်ခွေပြေးဝက်ပြေးပြေးဖိုသာပြင်ထားကြတော့ဟေ့မင်တို့လိုတိုင်တစ်ပါးမပြောနဲ့ငါတို့မြန်မာအချင်တောင်စစ်တပ်ဆို သိတယ်နော် ၈၈၈၈

လေဆာကီးဘုတ် (Virtual Keyboard)

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လေဆာအလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် typing ရိုက်လို့ရမှာ ဖြစ်
ပါတယ်။


အမေရိကန်အခြေဆိုက် Brookstone - gadgets ပစ္စည်းထုတ် ကုမ္မဏီက ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
အော်ဒါမှာယူခွင့်ပေးတဲ့ ရက်ပိုင်းအတွင်း ကုန်သွားပြီး ဒီဇင်ဘာလ လောက်မှ ပြန်လည်ရရှိမယ်လို့ ဆိုပါတယ်။
စမတ်ဖုန်း၊ လပ်(ပ်)တော့၊ Tablet အစရှိသဖြင့် ပစ္စည်း စုံစုံလင်လင်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth
ပါဖို့တော့ လိုပါတယ်။ သူက Bluetooth နဲ့ အလုပ်လုပ်တာမို့ ဖြစ်ပါတယ်။
ကီးဘုတ်အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလို ချိန်ညှိယူနိုင်ပြီး သာမန် ကွန်ပျူတာ တစ်လုံးသုံးသလိုပဲ
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း နဲ့ Message ပို့တဲ့အခါ အလွယ်တကူ ရိုက်ပို့နိုင်ပါတယ်။
အင်တာနက်သုံးရင် လည်း အဆင်ပြေပါတယ်။ အရွယ်အစားကလည်း သော့ချိတ်သာသာပဲ ရှိပြီး သော့ချိတ်
ပုံစံမျိုးပဲ ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။ မြန်မာပြည် မှာလည်း မှာယူပေးမယ့် ကိုယ်စားလှယ်များ ရှိလာနိုင်
ပါတယ်။


မူရင်း အင်တာနက်ကနေ တစ်ဆင့်ရောင်းချတဲ့ Brrokstone ရဲ့  လေဆာကီးဘုတ် (Virtual keyboard) ကို
အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။TechSpace Journal မှကူးယူတင်ပြခြင်းဖြစ်သည်....

ဘန်ကောက်ရောက် မြန်မာများအတွက် အထူးသတိပေးချက်

မင်္ဂလာပါ

ဧဒင်ဥယျာဉ်ရဲ့ ထုံးစံအတိုင်း အထူးသတင်းနှင့် အခြေအနေများကို အချိန်မှီတင်ဆက်ပေးရာမှာ ယနေ့ ၂၃.၁၁.၂၀၁၂ သောကြာနေ့ ညနေမှာစတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့ အချက်ချာကျတဲ့ လမ်းအားလုံးကို ကြားဖြတ်အစိုးရ အမိန့်အရ အင်အား ၁၇၀၀၀ (တစ်သောင်းခုနှစ်ထောင်) ရှိသော ရဲအင်အား အားလုံးဖြင့် စတင်ပိတ်ဆို့လိုက်ကြောင်း ဘန်ကောက်ရဲချုပ်မှ ဒီနေ့ညနေ မှာ စတင်ထုတ်ပြန်သွားခဲ့ပါတယ် ။

ထိုသို့ကြားဖြတ်အာဏာသိမ်းယူမှု့များကြောင့် တော်လှန် ဆန္ဒပြကြမည့် သူ ၅၀၀၀၀ (၅သောင်းခန့်) လာမည့် စနေနေ့ ၂၄.၁၁.၂၀၁၂ မှာ ထိုင်းပါလီမာန် အဆောက်အဦးပတ်ဝန်းကျင်တွင် ဆန္ဒပြမည့်အကြောင်း သတင်းရရှိသဖြင့် ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ယနေ့ ကမ္ဘာ့သတင်း အထူးသတင်းအဖြစ် ကြော်ငြာသွားခဲ့ပါသည်။

ယခု ထိုင်းအိမ်နီးချင်းနိုင်ငံများ က ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်ပါက ဆင်ခြင်သတိထားနိုင်ရန် နှင့် မလိုအပ်ပါက မသွားရန် Alert (သတိပေးချက်များ) ထုတ်ပြန်ကြော်ငြာလိုက်ပြီဖြစ်ပါတယ် ။

သို့ပါသောကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားအားလုံး နနက်ဖြန်နံနက်မှစပြီး ဘန်ကောက်မြို့တွင်းသွားလာမှု့မှ ရှောင်ကြဉ်နိုင်ရန်နှင့် သတင်းများကို သတိထား နားဆင်ကြရန် ၊ ထိုင်းနိုင်ငံရောက် မြန်မာ အချင်းချင်း သတိပေးကာကွယ်ပေးနိုင်ရန် ဧဒင်ဥယျာဉ်မှ အထူးသတိပေးပါသည် ။




ထိုင်းပါလီမာန် အနီးတဝိုက် ပိတ်ဆို့ထားခြင်း သတင်း ဓာတ်ပုံ Router 




ရင်လတ် ရှာရနာဝပ်ထရာ (လက်ရှိထိုင်းဝန်ကြီးချုပ်)

Friday, October 26, 2012

မီးဆင်နှာမောင်း တိုက်ခတ်ပုံပါ...။ (အရမ်းဆန်းကြယ်လွန်းပါတယ်)

သြစတေးလျှတွင် မီးဆင်နှာမောင်း တိုက်

ငရဲမင်းကြီး မြေပေါ်ထွက်လာသည် ဟု ဂျပန်တို့ ခေါ်သည့် ဆန်းကြယ်သည့် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သော
အမြင့်ပေ ၁၀၀ ခန့် ရှိ မီးဆင်နှာမောင်း တစ်ခုသည် သြစလေးနိုင်ငံ အလယ်ပိုင်း က အေယာသဘာဝ
ကျောက်တောင်ကြီး တွေရှိတဲ့နေရာ (Alice Spring) မှာ စက်တင်ဘာလ ၁၁ ရက်နေ့ က တိုက်ခိုက်ခဲ့တယ် လို့ 
ဗီဒီယိုမှတ်တမ်း တင်ထား သူ Chris Tangey က ဆစ်ဒနီမောနင်းဟာရယ် ကိုပြောပါတယ်။



ဒါကတော့ ဗီဒီယိုလင့်ပါ။
https://www.facebook.com/photo.php?v=277191562391134
 

Sunday, September 30, 2012

Internet Explorer အသုံးပြုသူများသတိဖို့ထားပါ

ဂျာမနီတွင် Internet Explorer အသုံးပြုခြင်းအား ယာယီတားမြစ်

ဂျာမနီနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်နေ့မှ စပြီး ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Internet Explorer အသုံးပြုခြင်းအား ရပ်တန့်ထားရန် ဖြစ်ကြောင်း သိရသည်။

ဂျာမနီ ပြန်ကြားရေး ဝန်းကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက် ဖြစ်သည်။ ဂျာမနီတွင် Microsoft မှ ထုတ်သမျှ Internet Explorer ဗားရှင်းတိုင်း တွင် ပြဿနာတက်နေပြီး အသုံးပြုမိပါက မိမိအကောင့်၊ ဝဘ်ဆိုဒ်၊ အချက်အလက်၊ လျှို့ ဝှက်နံပါတ်များအား ဟက်ကာတို့တွက် အလွယ်တကူ ရယူစေသလို ဖြစ်နေကြောင်း သိရသည်။

Browser ၏ Security layer ပေါက်ကြားခြင်းဖြစ်ပြီး ယင်းအတွက် Internet Explorer မှ ပြန်လည်ဖာထေးနိုင်သော နည်းလမ်း ရှာဖွေလျက် ရှိကြောင်း သိရသည်။

Internet Explorer ဖြင့် Web page တစ်ခုဝင်မိပါက မိမိအကောင့်ကို Crack လုပ်ရန် လွယ်ကူသွားပြီး ဟက်ကာတို့ တိုက်ခိုက်ရန် လွယ်ကူနေကြောင်း သိရသည်။ ထို့ကြောင့် ဂျာမနီတွင် ယခုရက်ပိုင်းအတွင်း ဝဘ်ဆိုဒ်များ၊ အကောင့်များ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ၊ အစိုးရဝဘ်ဆိုဒ်၊ Server များလည်း အတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် Microsoft မှ မဖြေရှင်းပေးနိုင်သေးသရွေ့ အခြား Browser များသာ အသုံးပြုရန် တိုက်တွန်းထားသည်။

Mozilla Firefox, Google Chrome, Safari အစရှိသဖြင့် အင်တာနက် Browser များက အသုံးအများဆုံး နေရာယူထားသော်လည်း ဂျာမနီအပါ အဝင် ကမ္ဘာတစ်လွှားတွင် Internet Explorer အသုံးပြုသူများ အခိုင်အမာ ရှိနေသေးကြောင်း သိရသည်။

Saturday, September 29, 2012

ဧ၀ရက် တောင်တက်မယ့် ကမ္ဘာ လှည့် တွေ လေယာဉ် ပျက်ကျ လို့ သေ



     နီပေါနိုင်ငံရှိ ကမ္ဘာ့ကျော်အမြင့်ဆုံး မောင့်အဲ ဗရက်စ် တောင်တက်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသည်တို့စီးနင်းလိုက်ပါလာသော စီတာလေကြောင်းလိုင်းပိုင် ပန်ကာ(၂)လုံးတပ်လေယာဉ်သည် မြို့တော် ခတ္တမန္ဒူလေဆိပ်မှLukla လေဆိပ်တို့ ပျံသန်းခဲ့ရာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ရှိခရီးသည်အားလုံးသေဆုံးခဲ့ရသည်။သောကြနေ့က
လေယာဉ်ပျက်ကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်ဗြိတိသျှလူမျိုး(၇)ဦး၊ တရုပ်လူမျိုး(၅)ဦး သေဆုံးခဲ့ကြောင်းနီပေါရဲတပ်ဖွဲ့
မှ အတည်ပြုပြောဆိုခဲ့သည်။

       Lukla လေဆိပ်သည် မောင့်အဲဗရက်စ်တောင်တက်ရန်အတွက် တောင်တက်ဝါသနာရှင် ကမ္ဘာလှည့်ခရီးသည်တို့အကြားတွင် ထင်ရှားကျော်ကြားသော တောင်ပေါ်မြို့ဖြစ်သည်။
ဗြိတိသျှလူမျိုး ခရီးသွားအုပ်စုတွင် အသက်(၂၇)နှစ်အရွယ်မှ (၆၀)နှစ်အရွယ်ထိပါဝင်ပြီး မောင့်အဲဗရက်တောင်မြေပြင်
စခန်းမှ တောင်ရက် (၁၆)ရက်ခရီးစဉ်ဝယ်သူများဖြစ်ကြောင်းကို ခရီးသွားအေဂျင်စီမှတဆင့်သိရှိရသည်။
လေယာဉ်ပျက်မကျခင်တွင် လေယာဉ်မှူးမှ မြေပြင်လေဆိပ်နှင့်အဆက်အသွယ်ရရှိပြီး ငှက်အုပ်နှင့် တိုက်မိကြောင်းသတင်း ရရှိခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ လေယာဉ်ပျက်ကျရာအနီးမှမျက်မြင်မြင်တွေ့
တွ့ရသူတဦးက လေယာဉ်သည်အရေးပေါ်ဆင်းသက်ရန်ကြိုးစားသော်လည်း လေထဲတွင်မီးတောက်မြင်ရပြီး
ပေါက်ကွဲ မှုဖြစ်ကာထိုးကျလာကြောင်းပြောပြခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်း (၁၉)လောင်းတွေ့ရှိရကြောင်းကို အေအက်ပီသတင်းတွင်ဖေါ်ပြထားသည်။နီပေါနိုင်ငံသည် ဆင်းရဲသောနိုင်ငံတခုဖြစ်ပြီး လေကြောင်းလိုင်း(၁၆)
လိုင်း၊လေဆိပ်ပေါင်း(၄၉)ခုတည်ရှိသည်။ နီပေါနိုင်ငံသည် တောင်တက်သမားစိတ်ဝင်စားဖွယ်ရာ ကမ္ဘာ့အမြင့်ဆုံးတောင်(၁၄)လုံးအနက် (၈)လုံးတည်ရှိနေသောကြောင့် ကမ္ဘာ့တောင်တက်သမားတို့ဖြင့် နှစ်စဉ်ပွင့်လင်းရာသီတွင်
စည်ကားနေတတ်သည်။ပြီးခဲ့သည် (၂)နှစ်အတွင်းတွင် နီပေါနိုင်ငံအတွင်း၌ လူသေဆုံးစေသော လေယာဉ်ပျက်ကျမှု (၆)ကြိမ်ရှိခဲ့သည်။

ပြီးခဲ့သည် မေလအတွင်းကလေယာဉ်ပျက်ကျမှုတွင် ခရီးသည်အားလုံးမသေဆုံးဘဲ ၈၅ဦးအသက်မသေလွတ်မြောက်ခဲ့ပြီး ခရီးသည်(၁၅)ဦးသာသေဆုံးသော ဖြစ်ရပ်တခုလည်းရှိခဲ့သည်။ နီပေါနိုင်ငံ၏ လေကြောင်းလိုင်းများစိတ်မချရမှု၊အန္တရာယ်ရှိမှုအကြောင်းကို နိုင်ငံတကာမှ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုမှုများသည် နီပေါနိုင်ငံ
ခရီးသွားအတွက်ထိခိုက်မှုရှိလာနိုင်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

Tuesday, July 3, 2012

မလေးရှာရောက် အိုဗာစတေးဖြစ်ပြီး အလုပ်ရှာနေသော အစ်မ / ညီမများသို့.....................

                                   
မလေးရှားရောက် အိုဗာစတေးဖြစ်နေသော အစ်မ / ညီမများ အတွက် HAPPY TOGETHER RESTAURANT စားသောက်ဆိုင်မှ အခုရက်အတွင်း မိန်းကလေး(၁)ဦးအလိုရှိနေပါသည် .ဆိုင်တည်နေရာကတော့ KUANTAN PAHANG ..မှာပါ ..Business - 12.00am ---3.00 pm /// 5.00pm --9.30pm......မလေးရှားရောက် အိုဗာစတေးမိန်ကလေးများနှင့်အသင့်တော်ဆုံးဆိုင်ဖြစ်လိမ့်မယ်လိုထင်မိပါသည် ဘာကြောင့်လဲဆိုတော့ အခုဆိုင်က မိသားစုဆိုင်အသေးလေးဖြစ်နေခြင်းကတစ်ကြောင်း ..သူဌေးက kuantan မှာ ဆိုင်ရာလူကြီးတွေကို (၁)လ rm 200 ပေးဆောင်ထားလို့ဘာအစစ်ဆေးမှမလာပါ ..လာမယ်ဆိုရင်လဲ မိနှစ်၂၀ အကွာလောက်မှာကြိုတင်အသိပေးတက်ပါတယ် ပြီးတော့ (အဲယားကွန်းမှန်လုံဆိုင်)လေးဖြစ်နေတာကြောင့် မလေးရောက် မြန်မာ အိုဗာစတေးဖြစ်နေတဲ့ အစ်မ ညီမများအတွက် သင့်တော်လိမ့်မယ်လို့မျော်လင့်မိပါတယ် ( လစာကတော့ အလုပ်စဝင်ချိန်မှာ rm .800 ကျော် rm ..850 ပါ နောက်လုပ်တက်ကိုင်တက်ရင် တိုးပေးမှာပါ မလေးစကား (သို့မဟုတ်) တရုတ်စကားအနည်းငယ်တက်ရင်အဆင်ပြေပါတယ် ..စားသောက်စရာတွေချပေးရုံ သိမ်းရုံလောက်ပါပဲ ကျန်တဲ့စားစရာတွေကတော့ သူဌေးမကိုယ်တိုင် အော်ဒါကောက်ပါတယ် ..ဆိုင်မှာ စပွဲဝိုင်းအားလုံးမှ (၁၁) ဝိုင်းသာရှိပါတယ် စားပွဲဝိုင်း (၃) ဝိုင်းသာလျှင် လူ (၈ )ယောက်လောက်ထိုင်ရပါတယ် အခြားဝိုင်းတွေက လူ (၄)ယောက်ထိုင်လို့ရတယ် ဝိုင်းတွေကြည့်ပါဗျာ ..နားရက်ကတော့ တစ်လကို (၂)ကြိမ်ပါ နှစ်ပတ် (၁) ရက်ပေါ့ ....အလုပ်လုပ်ရတာကလဲသက်သာပါတယ် စနေ တနင်္ဂနွေ (၂) ရက်ကလွှဲရင် တစ်နေကုန်ရောင်းမှ လူဦရေ(၄၀) (၅၀) လာချင်မှလာပါတယ်ဗျာ တစ်ခါတစ်လေ 12.AM မှ 3.00pm အထိ လူတစ်ယောက်မှမလာတာကိုလဲ ကျနော်(၂)နှစ်အတွင်းမှာ (8)ရက်လောက်ကြုံဖူးပါတယ် .စနေ တနင်္ဂနွေမှာလဲ ညပိုင်း (၇)နာရီလောက်ကနေ (၉)နာရီ၁၅ မိနှစ်လောက်သာလူကျတက်ပါတယ် ..ကျန်တဲ့ (၅)ရက်ကတော့ အေးအေးဆေးဆေးပါပဲဗျာ ..နေစရာကတော့ သူဌေးမိသားစုအိမ်မှာပဲနေရပါ့မယ် သူဌေးမဆိုင်လာတဲ့အချိန် မနက် (၁၁)နာရီမှာ ကားနဲ့လိုက်လာရပါမယ် နေစရာအတွက် ရေချိုးခန်းအပါ အခန်းတစ်ခန်းပေးပါ့မယ် ...သူဌေးမိသားစုကလဲ (၃)ယောက်သာရှိပါတယ် လွတ်လွတ်လပ်လပ်နေလို့ရပါတယ်ဗျာ ( ကဲရေး၇တာလဲညောင်းသွားပီ ..စိတ်ဝင်စားပြီးအလုပ်လုပ်ချင်တဲ့ အမိမြန်မာပြည်က အစ်မ၊ ညီမလေးများအမြန်ဆက်သွယ်ကြပါ ။။မှတ်ချက် ကျနော်က ပွဲစားမဟုတ်ပါ ..HAPPY TOGETHER RESTAURT မှာ အလုပ်လုပ်နေတဲ့မြန်မာတစ်ယောက်သာဖြစ်ပါသည် ...ကူညီနိုင်တာရှိရင်ကူညီပေးပါ့မယ်ဗျာ ပွဲစားလိုလူရအောင်ကောင်းတာတွေရေးတင်ထားခြင်းလုံးဝမဟုတ်ပါကြောင်း .မိသားစုဆိုင်အသေးလေးဖြစ်တဲ့အတွက် အန္တရာယ်ကင်းပါတယ် အဖမ်းဆီးမကြောက်ရပါ .သူဌေးကိုယ်တိုင်ချက်ပါတယ် သူဌေးမကိုယ်တိုင် စားစရာ သောက်စရာ အော်ဒါကောက်ပါတယ် ....အခုအလုပ်လုပ်ချင်သူက စားစရာ သောက်စရာများချပေး ...သိမ်းပေးရပါ့မယ် ...စိတ်ဝင်စားရင်တော့ အမြန်ဆုံး ဆက်သွယ်ကြပါရန် မလေးရှာရောက် အိုဗာစတေးအစ်မ ..ညီမများ ပါမစ်ရှိလဲရပါတယ် ...ဆက်သွယ်ရန် .. ၀၁၆ ၉၈၈၅၅၄၀...........016 9885540..
                          မမ.မလေးရှားမှ သူငယ်ချင်းများ ရှယ်ပေးကြပါရန်  အခုချိန်ထိ ပါမစ်မလုပ်တာ

မလေးရှားကနေ မြန်မာပြည်ကို ဖုန်းခေါ်ခ တစ်မိနစ်ကိုပြား(၃၀)သာ

သတင်းကောင်းပါလိုက်ပါတယ်။ မလေးရှားကနေ မြန်မာပြည်ကိုဖုန်ခေါ်ရင် တစ်မိနစ်ကို ပြား(၃၀)သာကျပါတယ်။
celcom ကဒ်ကိုသုံးပြီး မြန်မာပြည်ကိုခေါ်နေကျအတိုင်း ရှေ့မှာ 8 သုံးလုံးခံပြီးဆက်ပါ။ တစ်မိနစ်ကိုပြား(၃၀)ပဲကုန်
ကျပါတယ်။   ဥပမာ - 8880095 ရန်ကုန်ဆိုရင် 1 ခံပြီးဖုန်းနံပါတ်နှိပ်ပေါ့။

Saturday, May 19, 2012

ကမ္ဘာ့အမြန်ဆုံးဖြစ်လာတဲ့ Huawei Ascend Dစမတ်ဖုန်းဘဲဖြစ်ပါတယ်။

ကျနော် အခု တင်ပြချင်တာ လေးကတော့ မိုဘိုင်းလောကမှာ ထိပ်တန်း တနေရာရောက်လာတဲ့ Huawei Ascend D စမတ်ဖုန်းအကြောင်းဘဲဖြစ်ပါတယ်ခင်ဗျ။မိုဘိုင်းလောကမှာ ထိပ်တန်းတနေရာ ရောက်လာခဲ့တဲ့ Huawei Ascend D ကုမ္ပဏီက စပိန်နိုင်ငံ ဘာစီလိုနာမြို.မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်း ညီလာခံမှာ Huawei Ascend Dအမည်ရှိ ကမ္ဘာ့အမြန်ဆုံးဖုန်းကို ပါဝင်ပြသခဲ့ပါတယ်။ Angriot 4.0IceCream SandwichOS စနစ်အသုံးပြုထားပြီး လေးလက်မခွဲအရွယ်ရှီတဲ့ ဒီဖုန်းရဲအားသာချက် တွေကတော့ မြန်နှုန်းမြင့်မာပြီး ဘက်ထရီသက်တန်းကြာရှည်ခံမှု. အမြင်ဆိုင်ရာနဲ. အကြားဆိုင်ရာ အရည်သွေးမြင့်မာမှု ခိုင်ခန်.ပြီးပေါ့ပါးမှုတိုဘဲဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ရတာဝါသနာပါသူတွေအဖို. နောက်ဘက်မှာ 8mega pixel ကင်မရာ ပါဝင်ပြီး ရှေဘက်မှာလဲ 1.3mega pixelကင်မရာပါဝင်ပါတယ်။ဈေးကွက်အတွင် ဖြန်.ချိမယ့် အချိန်နဲ. ဈေးနှုန်းကိုတော့ ကြေငြာချင်းမရှိသေးပါဘူး။