Monday, February 4, 2013

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး

ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မ ထ
တမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ သတင်း ထုတ်ပြန်
ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်း ရပ်ရှိ အင်တာနက် က
ဖေးဆိုင်တစ်ခုအတွင်းနှစ်ရက်တိုင် အစာလည်း ထမစား တစ်နေကုန် ကစားနေသဖြင့် ထိုသို့  အသက် ဆုံးရှုံး ရခြင်းဖြစ်
သည်ဟုသတင်းတွင်ဖော်ပြထားသည်။

ထိုလူငယ် ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်း တွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေ အထားဖြင့် တွေ့ ရှိခဲ့ရ
ကြောင်း၊ သူက သွားနှိုး လိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်
ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း  ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။  ရဲတပ်ဖွဲ့ မှ ရင်ခွဲရုံ သို့ အလောင်းကို ပို့ပြီး
သေဆုံး ရခြင်း အကြောင်းနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊  နာရီပေါင်း များစွာ ခွေခေါက် ထိုင်ပြီး ကစား နေခြင်း
ကြောင့်အပြင်နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီ ကလည်း နယူးတိုင်ပေ တွင် လူငယ် တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို
လက်လှမ်းနေသည့် အနေ အထားဖြင့် သေဆုံးသွား ခဲ့ကြောင်း၊ ထို လူငယ်ကိုလည်း နှလုံးရောဂါကြောင့်ပင် သေဆုံးခဲ့
ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

0 comments:

Post a Comment