Wednesday, February 13, 2013

Blink Hacker Group {BHG} အဖွဲ့ နှင့် ခဏတာ {Interview}




ဒီတစ်ခေါက် အင်တာဗျူးအစီအစဉ်လေးမှာ မြန်မာပြည်သူများအတွက်
ရှေ့ တန်းက တိုက်ပွဲဝင်နေတဲ့
ဆိုင်ဘာစစ်သူရဲကောင်းများအဖွဲ့ BHG ကိုသွားရောက် အင်တာဗျူးခဲ့ပါတယ်။





ဝိဝိ :

မင်္ဂလာပါအကိုရေ ကျနော်ကတော့ မြန်မာချစ်သူမိသားစုမှ ဖြစ်ပါတယ်။ ကျနော့ နာမည်က ဝိဝိ ဖြစ်ပါတယ်။
အကိုတို့ B.H.G အဖွဲ့ ကို  ညီတို့ မြန်မာချစ်သူမိသားစု အဖွဲ့မှ မိသားစုဝင်များကိုယ်စား သိချင်တာလေး တွေ မေးမြန်း
ချင်လို့ပါ။ အင်တာဗျူးပေါ့ ခင်ဗျာ။




BHG :

ဟုတ်ကဲ့




ဝိဝိ :

ဟုတ် ကျေးဇူးတင်ပါတယ် ... ဒါဆိုပထမဆုံးအနေနဲ့ အကိုတို့ BHG အဖွဲ့ စတင် ကိုတည်ထောင်ဖြစ်ခဲ့ပုံလေး နဲ့
ရည်ရွယ်ချက်လေးကို သိပါရစေခင်ဗျား။





BHG :

ဒီအကြောင်းကို ပြောဖို့အတွက်ဆိုရင် နည်းနည်း ရှည်သွားလိမ့်မယ် ။




ဝိဝိ :

တိုတိုနဲ့ လိုရင်းလေးပဲပြောပါ အစ်ကို ..... ထိမိမိလေးပေါ့။





BHG :

ကျနော်တို့စတင်တည်ထောင်တာ ၂၀၀၉ လောက်ကတည်းက ပထမတုန်းက နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်ခွင့်တွေကို
Cyber Space ကတောင်းဆိုဖို့ပါ။  ခုနောက်ပိုင်းက တော်တော်အဆင်ပြေပြီး အခွင့်အလမ်းတွေလည်း ပွင့်လာပြီဆို
တော့ .. နောက်ပိုင်း ကျနော်တို့ရည်ရွယ်ချက်က Hacking Skill ရှိတဲ့လူငယ်တွေကိုပြုစုပျိုး ထောင်ဖို့နည်းပညာဖြန့်
ဝေဖို့ပါ။ ဒီကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် BHG ကို ဖျက်လိုက်တာ ရှိပါတယ်။ ခုနောက်ပိုင်း ဟက်ကင်း
လောကထဲ ပြန်ဝင်လာတဲ့ရည်ရွယ်ချက်က ညီငယ်လေးတွေက လုပ်ချင်ပါတယ်ဆိုတဲ့ ဆန္ဒကြောင့်ပြန်လည်ရှင်သန်
လာပြီး နည်းပညာဖြန့်ဝေရေး အစီအစဉ်ဆွဲနေတုန်း Cyber WaR နဲ့ကြုံတွေ့လာတဲ့အတွက် First & Second
Generation တွေအကုန်ပြန်စုပြီး ညီညီညွတ်ညွတ် ဆက်လက်ရပ်တည်နေတာပါ။ လတ်တလောရည်ရွယ်ချက်က
တော့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား ဟက်ကာတွေ၊ နည်းပညာသမားတွေ အားလုံးပေါင်းပြီးတော့ မြန်မာနိုင်ငံ
အတွက် ရခိုင်အမျိုးသားရေးအတွက်ဆိုတဲ့ Cyber တိုက်ပွဲအတူဆင်နွဲနေ ပါကြောင်းပါဗျာ ..။






ဝိဝိ :

ဟုတ်ရည်ရွယ်ချက်လေးကို သိရတဲ့အတွက် BHG ကိုအရင်ကထက်ပိုပြီး လေးစားမိပါတယ် ဗျာ....





BHG :







ဝိဝိ :

ဒါဆိုအကိုတို့ အဖွဲ့ ရဲ့သက်တမ်းက ခုဆို ၃ နှစ် ရှိပြီပေါ့နော်။





BHG :

ဟုတ်ကဲ့ခင်ဗျာ ......... ၃နှစ်ကျော်လောက်ပေါ့။





ဝိဝိ :

ဒါဆို BHG အဖွဲ့ ကိုတည်ထောင်ခဲ့တာ အများအတွက်ဆိုပြီး တည်ထောင်ခဲ့တာပေါ့နော်။ ဒါဆိုရင် BHG ရဲ့ ခံယူချက်ကို
ကော ပြောပြပေးနိုင်မလား အကို။




BHG :

ဟုတ်ကဲ့အများအတွက်ဆိုတာ အချိန်ကသက်သေ ပြသွားပါလိမ့်မယ်။




ဝိဝိ :

BHG ရဲ့ ခံယူချက်ကရော ... အစ်ကို




BHG :

We don't do any distribution, Whatever happened, we'll do dramatically our ways...
(We Are The Same) ပါ....။





ဝိဝိ :

ဟုတ် အကိုတို့ အဖွဲ့ ကိုစတင်တည်ထောင်တုန်းက အဖွဲ့ ဝင် အရေအတွက် နဲ့ အဖွဲ့ဝင်တွေရဲ့ လောလောဆယ်
လက်ရှိနေထိုင်တဲ့ နိုင်ငံတွေသိခွင့်ရမလား ခင်ဗျာ။





BHG :

ကျွန်တော်တို့Group ရဲ့အနေအထားအရ ကျနော်တစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးခင်ဗျာ..။
အဖွဲ့ဝင်အရေအတွက်ကတော့ သိခွင့်ရနိုင်ပါတယ်။

Dr.Rat ,
Adm!n K!ll3r,
Mr.n00b,
B14ckr3rap3r,
BugLab,
H4ck3r^Lammer,
an0n4,
Rat-2 snR00t,
f3tcharray,
Mr.Vampire,
r00tinject0r စုစုပေါင်း၁၂ယောက်ပါ။





ဝိဝိ :

ဟုတ်ကဲ့ 1st Generation+2nd Generation ပေါ့နော် အစ်ကို။




BHG :

ဟုတ်ကဲ့ ခင်ဗျာ........။




ဝိဝိ :

အားလုံးပြည်ပကပဲလား အကို။





BHG :

Private Group ဖြစ်နေတဲ့အတွက် ဆောရီးပါဗျာ။





ဝိဝိ :

ဆောရီးနော် အစ်ကို ....... ဒါနဲ့ အကိုရဲ့ BHG Name က





BHG :

Adm!n K!ll3r





ဝိဝိ :

ဟုတ်ကဲ့ BHG အနေနဲ့ ဒီဆိုဒ်ဘာစစ်ပွဲကြီး ပြီးသွားရင်.......မြန်မာ Hacker လောကမှာ BHG အနေနဲ့ ရှေ့ ဆက်ပြီး
တော့ ဘာတွေများ လုပ်ဆောင်သွားဖို့ ရှိပါသလဲ ခင်ဗျား။





BHG :

ဟုတ်ကဲ့ကျနော်တို့ နည်းပညာအသစ်အဆန်းတွေနဲ့ဆက်လက်လေ့လာမယ်၊ Sharing လုပ်နိုင်တာကို လုပ်သွားပြီး 
တကယ်ဝါသနာပါတဲ့ လူငယ်နည်းပညာရှင်တွေ ၀ါသနာရှင်တွေကို လက်တွဲခေါ်သွားမှာပါ ။





ဝိဝိ :

ဟုတ်ကဲ့ပါ ခင်ဗျား......ဒီ အခုဖြစ်နေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ Cyber စစ်ပွဲကို အကိုတို့ B.H.G က ဦးဆောင်ပြီးတိုက်
ခိုက်ခဲ့ တယ်လို့သိရပါတယ်။ ဒါဆိုရင် ဒီ Operation Rohingya Group အဖွဲ့ကို အကိုတို့ B.H.G အဖွဲ့က ဦးဆောင်
တိုက်ခိုက် ခဲ့တာပေါ့နော်။





BHG :

http://www.blinkhackergroup.org/2012/06/bhg-announcement-for-cyber-...
ဆိုတဲ့အချက် အလက်လေးက အားလုံးကိုပြည့်စုံစေမှာပါ ..။





ဝိဝိ :

ဟုတ်ကဲ့ အခု ဒီ Cyber War(စစ်ပွဲ) မှာ ပါဝင်တိုက်ခိုက်တဲ့ ကျနော်တို့ မြန်မာအဖွဲ့ဝင်ဦးရေ ဘယ်လောက်ရှိနေပြီလဲ
ဆိုတာပြောပြ ပေးနိုင်မလားဗျာ။ ပြီးတော့ ဒီထဲမှာ အမှန်တကယ် တတ်ကျွမ်းတဲ့ Hacker ဦးရေ ပျမ်းမျှဘယ်လောက်ရှိ
တယ်လို့ B.H.G အနေနဲ့ ခန့်မှန်းထားပါသလဲ။






BHG :

လက်ရှိဖြစ်နေတဲ့ Cyber War မှာ အလွှာပေါင်းစုံက နည်းပညာလိုက်စားတဲ့သူ အားလုံး စီးမျောနေပါတယ်။ သူ့အလွှာ
နဲ့သူ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်နေကြပါတယ်။ အခုအချိန်မှာ White, Black, Gray ကာလာတွေ မရှိတော့ဘူး။
ကျနော်တို့အားလုံးဟာ ကိုယ့်နိုင်ငံအတွက် တသားထဲ Cyber Space မှာ စီးမျောနေကြတာပါ။ သဘောင်္တစီးပင်လယ်
ပြင်မှာ ခုတ်မောင်းနိုင်ဖို့ ကိုယ့်တာဝန်ကိုယ်ယူနေကြတဲ့ သဘောပေါ့။ ဘယ်လောက်တောင် ပါဝင်တယ်ဆိုတာ ကျနော်
တို့ ကိုယ်တိုင်တောင် မခန့်မှန်းနိုင်တဲ့ အခြေအနေပါ။





ဝိဝိ :

ဟုတ်ကဲ့ အခုဖြစ်နေတဲ့ ဘင်္ဂလားဒေ့်ရှ်နဲ့ ဆိုင်ဘာစစ်ပွဲမှာ ခံယူချက်တွေ အသီးသီးမတူညီကြပေမဲ့ အားလုံးပူးပေါင်း
ကြတဲ့ သူတွေကိုကော ဘယ်လိုမြင်ပါသလဲ ခင်ဗျား။ (သူတို့အပေါ် B.H.G ရဲ့ အမြင်လေးပေါ့နော်)





BHG :

ဟုတ်ကဲ့ ..။ BHG အမြင်ကတော့ ခံယူချက်မတူဘူး ရေမြေအနေအထားတွေကွာခြားမယ် .. အချိန်တန်လို့စည်းလုံး
ရမယ်ဆိုရင် မြန်မာဆိုတဲ့ လှ်ျို့ဝှက် ဘာသာစကားလေး ၁ ခုကို နားလည်ကြတဲ့ သွေးစည်းမှူ၊ မျိုးချစ်စိတ်ဓာတ်ရှိမှု
ကို We always respect you ပါ ။





ဝိဝိ :
ဟုတ်တယ်နော် အစ်ကို .... အရေးကြီးရင်သွေးစည်းတယ် ဆိုတဲ့ စကား အရမ်းမှန်တယ်နော် အကို ........






BHG :

ဟုတ်ကဲ့ ... ရှေးလူကြီးစကား အကုန်မှန်ပါတယ်။





ဝိဝိ :

လက်ရှိ စစ်ပွဲ (CyberWar) မှာ လောလောဆယ် ကျနော်တို့ မြန်မာဘက်က အသာရလျက်ရှိပါတယ်လို့
သတင်းရပါတယ်။ အဲ့အပေါ်မှာကော B.H.G အနေနဲ့ အတည်ပြုပေး နိုင်ပါသလားခင်ဗျား။





BHG :

Cyber War ၁ခုရဲ့အနေအထားဆိုတာ လောလောဆယ်နဲ့လတ်တလောအနေအထားကို ကြည့်ပြီးအတည်ပြုချက်
မထွက်နိုင်ပါဘူး .. surrender ဆိုတဲ့ တစ်ဘက်ဘက်ရဲ့ ကျေအေးမှူသ၀ဏ်လွှာ မရမချင်းပေါ့ဗျာ ။





ဝိဝိ :

ဟုတ်ကဲ့ ...... တချို့ အွန်လိုင်း user တွေက ပြောပါတယ်။ ဒီဆိုဒ်ဘာစစ်ပွဲဟာ World Cyber War ဖြစ်လာနိုင်တယ်
တဲ့ဘာလို့လဲဆို ခု ကျနော်တို့ နဲ့အတူ India China တို့ တူတူ လက်တွဲတိုက်ခိုက်နေသလို သူတို့ဘက်မှာလဲ အဲ့လို
ပူပေါင်းတိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ် ဒါဖြစ်နိုင်ပါသလား အစ်ကို။






BHG :

underground လောကက ရှူပ်ထွေးတယ်ဗျ တရားသေတွက်ချက်လို့ ရတဲ့ဟာမျိုး မဟုတ်ဘူး။
World Cyber War ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ မဖြစ်ချင်လဲ မဖြစ်နိုင်ဘူး။ ဒါဟာ စာမျက်နှာတွေပေါ်မှာ ရေးနေသလို
ထိတ်လန့်ခြောက်ခြားဖို့ ကောင်းတဲ့  ညဆိုး တခုတော့ မဟုတ်ပါဘူး။





ဝိဝိ :

BHG အနေနဲ့ ဘင်္ဂလားဒေ့်ရှ်ဆိုင်ဘာစစ်ပွဲနဲ့ နိုင်ငံတကာ ပာက်ကာရပ်ဝန်းကို ပထမဆုံး ရောက်လာကြတဲ့
အတွေ့ အကြုံ သိပ်မရှိကြသေးတဲ့ မြန်မာလူငယ် ပာက်ကာများကိုလည်း ဘယ်လိုများ အကြံပြုချင်ပါသလဲ။






BHG :


ဒါဟာ ခင်ဗျားအတွက် တကယ့်အခွင့်အရေးကောင်းပါ။ ဒီအချိန်မှာ Underground လောကသားတွေနဲ့ ခင်ဗျားထိတွေ့
ခွင့်ရလာလိမ့်မယ်။ ခင်ဗျား မကြားဖူးတာတွေ၊ မမြင်ဖူးတာတွေ ကြုံရလိမ့်မယ်။ သူတို့နဲ့အတူ လိုက်ပါစီးမျောပါ။
ဒီလောက်မှာ ခင်ဗျားအနေနဲ့ Allergic ဖြစ်ခဲ့မယ်ဆိုရင် ဒါတွေကို သည်းခံနိုင်ရလိမ့်မယ်။ Underground လောကဟာ
ရှုပ်ထွေးသလောက် ဘယ်နေရာမှာမှ မရနိုင်တဲ့ ကိုယ့်အတွက် အခွင့်အလန်းကောင်းတွေ ခင်ဗျားရလာလိမ့်မယ်။
နောင်တချိန်မှာ ခင်ဗျား White Hat တယောက်ဖြစ်နေခဲ့ရင်တောင်မှ Underground လောကကို မစွန့်ခွာနိုင်ပါဘူး။  





ဝိဝိ :

ဒီစစ်ပွဲ(Cyber War) ပြီးသွားရင် B.H.G အနေနဲ့ Black Hack Hacker  အဖြစ် မရပ်တည်တော့ပဲ မြန်မာ Hacker
လောက တိုးတတ်ရေးအတွက် အကောင်းဆုံးကူညီပံ့ပိုးမှုတွေ ပြုလုပ်သွားမယ်လို့ ကြားရပါတယ်။
အဲ့ဒါ အမှန်ပဲလားဗျာ။ တကယ်လို့ ဒီသတင်းအမှန်ဆိုရင် B.H.G အနေဘာတွေ ဆက်လုပ်သွားဖို့  Plan တွေ
ဆွဲထားလဲ သိခွင့်ရှိမလားခင်ဗျာ….။






BHG :
ကျနော်တို့ BHG အနေနဲ့က စတင်ဖွဲ့စည်းလာကတည်းက Black Group အနေနဲ့ ဖွဲ့စည်းထားခဲ့တာပါ။ စတင်ခဲ့တဲ့
အချိန်ကနေ အခုထိ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေမှာ အတွေ့အကြုံနဲ့ ခံစားချက်တွေ မျိုးစုံရှိခဲ့ပါတယ်။ အခုလတ်
တလော Cyber War ကာလမှာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးအတွက် ကျနော်တို့ တပ်ဦးကနေ တိုက်ပွဲဝင်နေပါတယ်။
ခုနက ခင်ဗျားပြောတဲ့ နည်းပညာ ဖွံ့ဖြိုးရေးအတွက် တဘက်တလမ်းက အထောက်အကူပြုပေးတာတွေ အပါအ၀င်
ပေါ့ဗျာ။ နောင်တချိန်မှာ ကျနော်တို့ ဘယ်လို ရပ်တည်သွားမလဲဆိုတာ ကျနော်တဦးတည်းဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။
တရားဝင် ရပ်တည်နိုင်ဖို့အတွက်လည်း ကျနော်တို့အတွက် အခွင့်အလန်းတွေ ဖြစ်မလာသေးပါဘူး..။





ဝိဝိ :

လောလောဆယ် Myanmar Cyber Defence Army ဆိုပြီး  Hacking နည်းပညာတွေ ဖြန့်ဝေနေတဲ့ ဆိုဒ်ကို B.H.G
အနေနဲ့ သိပါသလား။ အဲ့အပေါ် B.H.G ရဲ့ အမြင်လေး သိပါရစေခင်ဗျား ။





BHG :

သူတို့လုပ်နေတဲ့ လမ်းကြောင်းအပေါ်မှာ ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး..။





ဝိဝိ :

ပာက်ကင်းအကြောင်းကို ၀ါသနာပါပြီး စိတ်ဝင်စားတဲ့ လေ့လာနေကြတဲ့လူငယ်တွေကိုကော အစ်ကိုအနေနဲ့ 
ဘယ်လိုများ ပြောချင်ပါသလဲ။





BHG :

Hack for Learning ...။






ဝိဝိ :

ဒါဆို ပာက်ကင်းအကြောင်းကို ကိုယ့်ပာာကိုယ် အပြင်မှာ အလွတ်လေ့လာနေကြတာတွေကိုကော
ဘယ်လိုမြင်မိပါသလဲ အစ်ကို။





BHG :

Self Study လုပ်နေတဲ့ သူတွေကို ကျနော်တို့ တကယ်လေးစားပါတယ်။
ကျနော်တို့ ကိုယ်တိုင်လဲ ဒီလမ်းကို လျှောက်ခဲ့တယ်.. လျှောက်လှမ်းနေဆဲပါ။





ိဝိဝိ :

ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ B.H.G ရဲ့ လက်ရှိ အမာခံအဖွဲ့ဝင်တွေရဲ့ နာမည်တွေ (nick Name) တွေကို အားလုံး
သိအောင် ပြောပြပေးနိုင်မလားခင်ဗျား...။






BHG :

Dr.Rat ,
Adm!n K!ll3r,
Mr.n00b,
B14ckr3rap3r,
BugLab,
H4ck3r^Lammer,
an0n4,
Rat-2 snR00t,
f3tcharray,
Mr.Vampire,
r00tinject0r





ဝိဝိ :

ဟုတ်ကဲ့ အစ်ကို .... ခုလို သိလိုသမျှကို  အတတ်နိုင်ဆုံး ဖြေပေးသွားတဲ့ B.H.G  အဖွဲ့ကို ကျနော်တို့ မြန်မာချစ်သူ
မိသားစုများ ကိုယ်စား  ကျွန်တော် အထူးပဲကျေးဇူးတင်ရှိပါတယ်…….





BHG :

ဟုတ်ကဲ့.. BHG ကလည်း ကျေးဇူးတင်ပါတယ်ဗျာ..။





We Love BHG!
We Love Security!
We Love Exploits!
We Love Cracking!
We Love Hacking!
We Love Coding!
We are Legion!
We are shadows!
We are Myanmars!
We are The Same!
We are Watching You!
We are BlinkHackers!
We are everywhere but you can't see us.


0 comments:

Post a Comment