Tuesday, February 5, 2013

မိမိစက်ကနေ Data များကူးယူခြင်းမှ ကာကွယ်ရန်..

မိတ်ဆွေတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ် ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို့ ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။

၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။

၂။ Registry Editor ပေါ်လာတဲ့အခါမှာHKey_Local_Machine >> System >> Current_Control_Set >> Control ကို သွားပါ။

၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး keyကိုခေါ်လိုက်ပါ။

ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ့ ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies " လို့ နာမည်ပေးလိုက်ပါမယ်။

၎။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။

၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Clickလုပ်ပါ။

Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။

၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ..

တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect ဖြစ်ပါတယ်။ဒါပေမယ့် registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart ပေးပီးမှ တက်ရောက်မူ့ ရှိတာများပါတယ်..။ ဒါဆိုရင် မိမိစက်ထဲမှာရှိတဲ့ Data တွေကို အခြားသူကရဲ့  ကိုယ်မသိပဲနဲ့ ကူးယူခြင်းမှ ကာကွယ်သွားနိုင်ပါပြီ။




ူ....နည်းပညာဗဟုသုတများတိုးပွားကြပါစေ....

0 comments:

Post a Comment