Monday, February 4, 2013

အမေ့ထူသူများအတွက် နည်း ၅ နည်း

Photo: အမေ့ထူသူများအတွက် နည်း ၅ နည်း သော့ ဘယ်မှာထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့်ကို ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိထားပါတယ်။ (၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝန်ခန်းထဲမှာ တစ်ခုခုကို အလေးအနက် စဉ်းစားပြီဆိုရင် မေးစေ့ကို ပွတ်ပြီး စဉ်းစား တတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်သစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခု လုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။ (၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။ ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကို ဆက်ချင်ရင် ဘယ်ကို ဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ်ကြိမ် တွေ့ရင် ဘယ်လို ခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခု အရ ဒီနေ့သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ် ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက် စာရင် ထိုအရာကို ပိုပြီး မှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်က အသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ (၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ။ သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့ မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လို့တောင် ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက် လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်း လုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက် ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း လုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။ (၄) ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့။ အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တို အတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။ (၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။ Chamomile Tea ကို စူပါမားကတ်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာ ပါရှိနေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ် လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ hCytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။ ဒေါက်တာနုမြတ် Ref:Good Health By Shade The Mandalay Hill
သော့ ဘယ်မှာထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့်ကို ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ။

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝန်ခန်းထဲမှာ တစ်ခုခုကို အလေးအနက် စဉ်းစားပြီဆိုရင် မေးစေ့ကို ပွတ်ပြီး စဉ်းစား တတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်သစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခု လုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကို ဆက်ချင်ရင် ဘယ်ကို ဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ်ကြိမ် တွေ့ရင် ဘယ်လို ခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခု အရ ဒီနေ့သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ် ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက် စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်က

အသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ။

သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့ မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လို့တောင် ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက် လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်း လုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက် ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း လုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့။

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တို အတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။

Chamomile Tea ကို စူပါမားကတ်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာ ပါရှိနေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ် လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ hCytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

0 comments:

Post a Comment