Tuesday, February 5, 2013

Windows 7 Gadgets ပျောက်သွား၍ ပြန်ခေါ်လို့ မရသူများအတွက်.

ပထမဆုံး Run Box ခေါ်ပြီး regedit ဟုရိုက်ထည့်ပါ Registry Editor ပေါ်လာပါလိမ့်မယ်

ထိုမှ တဆင့် HKEY_CURRENT_USER >> Software >> Microsoft >> Windows /

အောက်တွင် CurrentVersion ဆိုတာ ရှိပါတယ် ထိုမှတဆင့် Internet Setting >> Zone ကိုသွားပါ။

Zone အပေါ်သို့ Right Click ထောက်ပါ Export ဆိုတာရှိပါတယ် ကလစ်ပေးလိုက်ပါ Box တစ်ခုပေါ်လာပါလိမ့်မယ် ထို Box တွင့် File Save ရန်နေရာကို Desktop ကိုရွေးချယ်လိုက်ပါ ။

ပြီးလျင် File name ကို zones ဟုတ် အမည်ပေးကာ save ပေးလိုက်ပါ ။

ပြီးလျင် ခုနက Zones ဆိုသည်ကိုပြန်၍ right click ထောက်ကာ delet ကို ကလစ်ပေးလိုက်ပါ Yes (or) No ကို Yes ပေးကာ registry ကိုပိတ်လိုက်ပါ ပြီးလျင် စက်ကို Restart ပေးလိုက်ပါ

အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

မှတ်ချက် ။ Gadgets ပျောက်တာ အမျိုးမျိုးရှိပါတယ် တစ်ချို့က Computer Setting ထဲမှာ Gadgets ကိုဖော် မထားသောကြောင့်ပျောက်ဆုံးခြင်းတွေ ရှိတတ်ပါတယ် ထိုသို့ ဖြစ်လျှင်တော့ Computer Control Panel ထဲမှာတင် ပြင်၍ရပါတယ်။


....နည်းပညာဗဟုသုတများတိုးပွားကြပါစေ....

0 comments:

Post a Comment