အလောင်းတော် သိဒ္ဓိတ္ထမင်းသား ပဋိသန္ဓေယူသည်မှ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ သက်တော်ထင်ရှား မြတ်စွာဘုရား၏ ဘ၀ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါများအား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့ပုံများကိုလည်းကောင်း အခန်းပေါင်း ၂၈-ခန်းကို ဖြည့်စွက်၍ ကြည်ညိုဖွယ်ရာ ပြသထားပါသည်။
၁။ ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေ၀ီ မိဖုရားခေါင်ကြီး၏ ၀မ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ၀င်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗိနီ အင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူ၍ “ငါသည်လောကတွင် အမြတ်ဆုံးဖြစ်၏” “ငါသည်လောကတွင် အကြီးအကဲဆုံးဖြစ်၏” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသောစကား ကြုံးဝါးတော်မူ၏။
၂။ ထီးနန်းစိုးစံတော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို တောမထွက်စေရန် “ရမ္မ” မည်သော ဆောင်းရာသီ စံနန်းပြာသာဒ်၊ “သုရမ္မ” မည်သော နွေရာသီ စံနန်းပြာသာဒ်၊ “သုဘ” မည်သော မိုးရာသီ စံနန်းပြာသာဒ်များ တည်ဆောက်စေပြီး၊ အလည့်အလည် စံမြန်းစေပါသည်။ ရွှေအဆင်းကဲ့သို့ လှပသော ယသောဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူသည်။
၃။ နိမိတ်ကြီးလေးပါး မြင်တော်မူခန်း
မဟာသက္ကရာဇ် ၉၆-ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီး ကသောရထားဖြင့် ဥယျာဉ်တော်သို့ ကြွတော်မူရာ သူအိုတစ်ဦးကို တွေ့မြင်လေ၏။ ထိုအခါ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူနာတစ်ဦးကို တွေ့မြင် ရပြန်သောအခါ မိမိလည်းဤသို့ နာရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူသေတစ်ဦးကို တွေ့မြင်လေရာ မိမိလည်း ဤသို့သေရမည်ကို စဉ်းစားဆင်ခြင်မိလေ၏။ နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ရဟန်းတစ်ပါးကို တွေ့မြင်တော်မူ၍ ရဟန်း၏ အကျင့်သီလသည် သတ္တ၀ါတို့၏အကျိုးကို ဖြစ်ထွန်းစေပြီး ဘ၀မှလွတ်မြောက်နိုင်သဖြင့် မိမိလည်း ရဟန်းပြု၍ ဓိဋ္ဌာန်တော်မူ၏။
၎။ တောထွက်တော်မူခန်း
အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူ၏။ မဟာသက္ကရာဇ် ၉၇-ခုနဓှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့ ညဉ့်သန်ခေါင်ယံ အချိန်တွင် ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကိုစီးကာ တောထွက်တော်မူ၏။ အနော်မာ မြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အ၀တ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့လွှဲအပ်ပြီး နေပြည်တော်သို့ပြန်ရန် စေလွှတ်တော်မူ၏။
၅။ ဒုက္ကရစရိယာ ကျင့်တော်မူခန်း
ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူ၏။ အစဦးတွင် ဆွမ်းခံလှည့်၍ စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူ၏။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်တစ်စေ့ (သို့မဟုတ်) ပဲပြုတ်ရည်တစ်ဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ကျင့်ကြံသော် အာဟာရဓာတ်နည်းပါးသောကြောင့် ကြုံလှီဖျောတော့ အားအင်ကုန်ခန်း၏။ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ ရူံ့ခွက်နေသကဲ့သို့ဖြစ်၏။ အသားအရေသည် ငါးခူရောင်၊ ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့၏။ ကိုယ်ကို လက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ကဲ့သို့ဖြစ်၏။ ၀မ်းပိုက်ကိုကိုင်သော် ခါးဆစ်ကိုကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ်ခွာကဲ့သို့ ရူံ့ခွက်နေ၏။ မတ်ရပ်ထသော် နေရာ၌ လဲကျ၏။ သဗ္ဗညုတဉာဏ်တော်ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူ၏။
၆။ ဘုရားဖြစ်တော်မူခန်း
အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း သဗ္ဗညုတဉာဏ် မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာ အကျင့်လမ်းကြောင်း ပြောင်း၍ အာနာပါန စတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှအာဟာရကို မျှတဘုန်းပေးတော်မူရ၏။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတ ပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ စံတော်မူ၍ နေမ၀င်မီ မာ၇်စစ်သည်တို့ကို အောင်မြင်တော်မူသည်။ ညဉ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဉာဏ်” ရတော်မူ၏။ သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူ၏။ မိုးသောက်ယံဝယ် “အာသ၀က္ခယဉာဏ်” ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုအခါ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းကို ကျူးရင့်တော်မူ၏။
၇။ ဓမ္မစကြာတရား ဟောတော်မူခန်း
မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျော်သော ဤသတ္တ၀ါများကို တရားဟောသော် တရားကို လွယ်ကူစွာ နားလည်နိုင်ကြမည် မဟုတ်ကုန်၊ တရားဟောလျှင် ပင်ပန်းရုံသာ ဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္ပတိဗြဟ္မာကြဓီး တောင်းပန်ချက်အရ တရားဟောရန် သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စ၀ဂ္ဂီငါးဦးကိုသာမြင်လေ၏။ ပဉ္စ၀ဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ၀င်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းလည်း ၀င်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လုဆဲဆဲတွင် “ဒွေ မေ ဘိက္ခဝေ” အစချီသော တရားဦးဓမ္မစကြာကို ဟောတော်မူ၏။
၈။ ယသသူဌေးသား ရဟန်းဖြစ်ခန်း
ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီစည်းစိမ်ခံစားနေစဉ် တစ်ညဥ့်သ၌ သန်ခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲပုံပျက်ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင်ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှ ထွက်၍ မိဂဒါဝုန်တောသို့ ရောက်လာ၏။ မြတ်စွာဘုရားနှင့် တွေ့သဖြင့် တရားဟောသောကြောင့် သောတာပန်ဖြစ်လေ၏။ သားပျောက်သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြဓီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတာပန် ဖြစ်လေ၏။ ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ၏။ သူဌေးကြီးနှင့် သူဌေးကတော်နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများ ဖြစ်၏။
၉။ ယသောဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း
မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါးခြံရံလျက် ယသောဓရာခန်းမဆောင်သို့ ၀င်လေ၏။ ယသောဓရာသည် မြတ်စွာဘုရား၏ ခြေဖမိုးကိုဦးခိုက်၍ ရှိခိုးငိုကြွေးလေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရား ဒုက္ကရစရိယကျင့်စဉ်က ခြိုးခြံနေထိုင်သကဲ့သို့ ယသောဓရာလည်း ခြိုးခြံနေထိုင်ကြောင်း လျှောက်ထားသော် စန္ဒကိန္နရီဇာတ်ကို ဟောလေသည်။ ယသောဓရာသည် သားတော်ရာဟုလာအား ဖခင်ထံမှ အမွေတောင်းခံရန် တိုက်တွန်းလေသော် ရာဟုလာလည်း မြတ်စွာဘုရားထံမှ အမွေတောင်း၏။ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ဥပဇ္ဈာယ်ပြုစေလျက် ရာဟုလာအား သာသနာ့အမွေအဖြစ် ရှင်သာမဏေ ပြုပေးတော်မူလေသည်။
၁၀။ ဧရာဟိဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရား ဟောတော်မူခန်း
ကပိလ၀တ်ပြည်နှင့် ကောလီယပြည် နှစ်ပြည်ထောင်အကြား ရောဟီဏီမြစ်ရေကိုအကြောင်းပြု၍ နှစ်ပြည်ထောင် လယ်သမားတို့ မြစ်ရေခွဲဝေယူရေးအတွက် အငြင်းပွားကြ၏။ ဤအငြင်းပွားမူကြောင့် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းရန် ပြင်ဆင်ကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည် သွေးချောင်းစီးမည့် အရေးကို မြင်သောကြောင့် နှစ်ပြည်ထောင် စစ်တပ်အကြေား ရောဟီဏီမြစ်အထက် ကောင်းကင်ပြင်တွင် ရပ်တော်မူလျက် တန်ဖိုးနည်းသော ရေနှင့် ပတ်သက်၍ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ မဆုံးရူံးစေသင့်ကြောင်း ငြိမ်းချမ်းရေးတရား ဟောတော်မူ၏။
၁၁။ ဘိက္ခုနီသာသနာ ခွင့်ပြုတော်မူခန်း
မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားထံချည်းကပ်၍ ရဟန်းဘောင်ဝင်ခွင့်ပြုရန် သုံးကြိမ်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ငြင်းပယ်ခဲ့၏။ မြတ်စွာဘုရား ဝေသာလီပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် အခြံအရံငါးရာနှင့်တကွ ဆံကိုပယ်လျက် ဖန်ရည်ဆိုးသော ၀တ်ရုံများဆင်မြန်းကာ မြတ်စွာဘုရားထံတော်သို့ လိုက်လာကြ၏။ ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ၀န်ခံနိုင်လျှင် ပဉ္စင်းခံမူဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။
၁၂။ ခေမာမိဖုရားအား ဆုံးမတော်မူခန်း
အလှမာန်တက်နေသော ခေမာမိဖုရားသည် ရုပ်အဆင်း၏ မနှစ်သက်စရာ အပြစ်အနာအဆာများကို ဟောကြားလေ့ ရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်၏။ ဝေဠုဝန်ကျောင်းတော်၏ သာယာလှပပုံ တေးသံကို ကြားရသောကြောင့် ဝေဠုဝန်ကျောင်းတော် သို့ ခေမာမိဖုရားရောက်လာ၏။ ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက်သာလွန်လှပသော မိန်းမပျိုကို အံ့သြစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏ အဆင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့် ဖောက်ပြန်ပျက်စီးသွားလေသည်။ ခေမာမိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရားအဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေ၏။
၁၃။ ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း
ရာဓဇဂြိုဟ်သူဌေးသည် စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်သော ၀ါးထိပ်တွင် ချိတ်ဆွဲကာ ရဟန္တာအမည်ခံသူများသည် ဤသပိတ်ကို ကောင်းကင်မှ ယူနိုင်ပါက စည်းစိမ်အားလုံးလှူမည့်အပြင် သားမယားနှင့်တကွ ကျွန်ခံမည်ဟု ကြောညာ၏။ မည်သူမဓျှမယူနိုင်ကြသောအခါ ဤလောက၌ ရဟန္တာမရှိပါတကားဟု သေသောက်ကြူးသူများက ပြက်ရယ်ပြုကြ၏။ မြတ်စွာဘုရား၏ သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရသောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇရမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှ သပိတ်ကိုယူလေသော် ရာဓဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။
၁၄။ အဘိဓမ္မာတရား ဟောကြားတော်မူခန်း
မြတ်စွာဘုရားသည် သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ကပ်တော်မူ၍ ပဏ္ဍုကမ္ဗလာ မြကျောက် ဖျာ၌ ထက်ဝက်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သားအမှူးပြုသော နတ်သိကြားဗြဟ္မာ အပေါင်းကို အဘိဓမ္မာတရား ဟောတော်မူ၏။ နေ့စဉ်လူ့ပြည်သို့ ကြွရောက်တော်မူပြီး စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေး၍ နေ့သန့်နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို ဟောတော်မူ၏။ တာဝတိံသာနတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားတော်မူ နေ၏။ တာဝတိံသာနတ်ြးပည်၌ တစ်ဝါတွင်းလုံး ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏။
၁၅။ ပါလိလေယျကတော၌ တစ်ပါးတည်း စံပျော်တော်မူခန်း
မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ၀ိနယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတီု့သည် ၀စ္စကုဋီ သန့်သက်ရေခွက်၌ ရေကြွင်းရေကျန် ထားမိသည်မှစ၍ အငြင်းပွားကြ၏။ မြတ်စွာဘုရား ဆုံးမတော်မူသော်လည်း မလိုက်နာဘဲ ဆက်လက် အငြင်းပွားနေကြ၏။ ဤရဟန်းနှစ်ပါးကိုအကြောင်းပြု၍ သံဃာသင်းကွဲကာ လူပုဂ္ဂိုလ်များပါ အုပ်စုကွဲသဓါားပြီး ဗြဟ္မာပြည်တိုင်အောင် အုပ်စုကွဲပြားလေ၏။ မြတ်စွာဘုရားသည် သံဃာပရိသတ်ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုပါသဖြင့် ပါလိလေယျက တောသို့ကြွရောက် သီတင်းသုံးစဉ်ပါလိလေယျက ဆင်နှင့် မျောက်တို့က ပြုစုကြလေသည်။
၁၆။ သိင်္ဂါလသတို့သားအား ဆုံးမတော်မူခန်း
မြတ်စွာဘုရားသည် စိုသောအ၀တ်၊ စိုသောဆံပင်တို့ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးနေသော သိင်္ဂါလသတိုးသားကို မြင်တွေ့ရ၏။ အရပ်ခြောက်မျက်နှာကို ရှီခိုးရန် အဖမှာကြားသောကြောင့် ရှိခိုးကြောင်း သိင်္ဂါလသတိုးသားကဖြေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရပ်ခြောက်မျက်နှာ၏ အဓိပ္ပာယ်နှင့် အရပ်ခြောက်မျက်နဓှာကို ကိုယ်စားပြုသော အမိ၊ အဖ၊ ဆရာ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတို့၏ ၀တ္တရားများကို ဟောလေ၏။ (သိင်္ဂါလောဝါဒသုတ်သည် မြတ်မာများကျင့်သုံးနေသော မိဘ၀တ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)
၁၇။ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း
ဘာရဒွါဇအနွယ်ပုဏ္ဏားများ မကြာခဏရဟန်းပြုသည်ကို မကျေမချမ်းနိုင်သော အက္ကောသဘာရဒွါဇ ပုဏ္ဏားကြီးသည် ဆဲရေးလေ၏။ မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထိုခဲဖွယ်ဘောဇဓဉ်များသည်မည်သူ့ထံ၌ ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်းဖြေကြားသော် မြတ်စွာဘုရားက သင်၏မယဉ်ကျေးသောဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။
၁၈။ ရှင်အာနန္ဒာ၏ ပယ်လေးတန်၊ ပန်လေးပါး၊ ဆုရှစ်ပါး တောင်းခံတော်မူခန်း
မြတ်စွာဘုရား ၀ါတော်နှစ်ဆယ်ရသော် အမြဲတမ်းအလုပ်အကျွေး ရဟန်းတစ်ပါးလိုလာ၏။ မြတ်စွာဘုရားက ငါဘုရားအတွက် အမြဲတမ်းအလုပ်အကျွေးရွေးရန်မိန့်ကြား၏။ ရဟန်းများက ညီတော်အာနန္ဒာအား မြတ်စွာဘုရားကို လုပ်ကျွေးခွင့်ပြုရန် လျှောက်ထားစေလိုကြောင်း တိုက်တွန်းကြ၏။ ညီတော်အာနန္ဒာက မိမိမလိုလားသောဆုလေးမျိုးကိုပယ်ခွင့်ရပြီး လိုလားသောဆုလေးမျိုးကို ခွင့်ပြုပါလျှင် လုပ်ကျွေးမည်ဖြစ်ကြောင်းလျှောက်၍ ပယ်ဆုလေးတန်၊ ပန်ဆုလေးပါးတောင်းပြီးး အမြဲတမ်းအလုပ်အကျွေးတာဝန်ယူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်တိုင် လုပ်ကျွေးတော်မူလေ၏။
၁၉။ ကာလာမသုတ် ဟောတော်မူခန်း
ကာလာမ အမျိုးသားတို့သည် မြတ်စွာဘုရားထံချဉ်းကပ်၍ အချို့သော သမဏ ဗြဟ္မဏတို့သည် မိမိတို့ဝါဒကိုသာ မှန်ကန်သည်ဟု ဟောပြောလျက် သူတစ်ပါးတို့၏ ၀ါဒကို ရူတ်ချကြ၏။ မည်သည့်ပုဂ္ဂိုလ်တို့၏ ၀ါဒစကားသည် မှန်သနည်းဟု လျှောက်သော် မြတ်စွာဘုရားက ပြောသံကြားစကား၊ အစဉ်အဆက်စကား၊ စာပေနှင့် ညီညွတ်သည်ဟူသောစကား စသည်ဖြင့် ထိုစကားများကို မယုံကြည်သင့်၊ အပြစ်ရှိသည်ဟု ကိုယ်တိုင်သိသောတရားများကို စွန့်ပယ်၍ ကောင်းကျိုးချမ်းသာခြင်းငှာ ဖြစ်သည်ဟု ကိုယ်တိုင်သိသော တရားများကိုသာ ယုံကြည်ကျင့်ကြံကုန်ရ၏ဟု “ကေသမုတ္တိသုတ်”ကို ဟောတော်မူလေ၏။
၂၀။ ဂိလာန ရဟန်းအား ပြုစုတော်မူခန်း
မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ၀မ်းသက်ရောဂါဖြစ်၍ ကျင်ကြီးကျင်ငယ်တို့ဖြင့် လူးလှိမ့်အိပ်နေသော ရဟန်းကြဓီးတစ်ပါးကို မြင်လေ၏။ မြတ်စွာဘုရားက ထိုသူနာရဟန်းကိုမေးမြန်းသော် မိမိတွင်လုပ်ကျွေးမည့်သူမရှိကြောင်း လျှောက်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တိုင်ရေနွေးဖြင့်ဖန်ဆေး၍ သူနာပြုတော်မူ၏။ ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကို လုပ်ကျွေးပြုစုလိုသောရဟန်းသည် နာဖျားသောရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။
၂၁။ မာလုကျပုတ္တရဟန်းအား ဆုံးမတော်မူခန်း
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး လောကသည် မြဲ၏၊ မမြဲ၏ အစရှိသည်တို့ကို မြတ်စွာဘုရားသည် မဟောကြားသေး၊ မြတ်စွာဘုရား မသိငြားအံ့မသိဟုဝန်ခံရန်၊ အကယ်၍မဟောကြားလျှင် မိမိလူထွက်တော့မည်ဟု လျှောက်ထား၏။ မြတ်စွာဘုရားက မာလုကျပုတ္တအား၊ “အကျိုးစီးပွားနှင့် မစပ်သည်တို့ကို ငါမဟောကြား၊ လောကသည်မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတရားတို့ဥည် တွေ့စမြဲဖြစ်သည်။ မြားပစ်ခံရသူသည် မြားပစ်ရာအရပ်၊ မြားပစ်သူ၊ လင်းလေး၊ ဒူးလေး စသည်တို့ကိုသိမှ မြားနုတ်အံ့ဟု ဆိုချေသော် သေရာသာရှိ၏။ ခန္ဓာကိုယ်၏ ဆင်းရဲခြင်းများကို မျက်မှောက်ဘ၀၌ပင် တွေ့ကြုံရသည်ဖြစ်၍ ငါဟောကြားသည်ကို ဟောကြားသည့်အတိုင်း မဟောကြားသည်ကို မဟောကြားသည့်အတိုင်းသာမှတ်လော့”ဟု ဆုံးမတော်မူ၏။
၂၂။ မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း
အသပြာရှစ်သိန်းကြွယ်ဝသော မဟာသာလပုဏ္ဏားကြီးသည် ဥစ္စာတို့ကို သားများအား အမွေအဖြစ် ခွဲဝေပေးလိုက်၏။ ဥစ္စာမရှိတော့သောပုဏ္ဏားကြီးကို သားများကစွန့်ပယ်ထားသောအခါ ပုဏ္ဏားကြီးသည် ဆင်းရဲပင်ပန်းစွာ လှည့်လည်ရှာဖွေစားသောက်နေရ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ ရောက်လာသော် မြတ်စွာဘုရားက ဂါထာလေးပုဒ်သင်ကြားပေး၏။ ပုဏ္ဏားကြီးသည် ထိုဂါထာများကို ပရိတ်သတ်စုံရာသဘင်၌ရွတ်ဆိုသော် မြို့သူမြို့သားများက သားများကို ခြိမ်းခြောက်မောင်းမဲပြစ်တင်ကြလေ၏။
၂၃။ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း
မြတ်စွာဘုရားသည် ပဉ္စဂ္ဂပုဏ္ဏားကြီးထမင်းစားနေစဉ် ဆွမ်းခံကြွလာ၏။ ပုဏ္ဏေးမကြီးက ကန်တော့ဆွမ်းဟူသော အမူအရာကို ပုဏ္ဏားကြီးမမြင်အောင်ပြလေ၏။ ပုဏ္ဏားကြီးသိလေသာ် မြတ်စွာဘုရားထံချဉ်းကပ်ပြီး၊ မိမိစားဆဲ ထမင်းသာလျှင်ရှိပါ၏။ မြတ်စွာဘုရားကို အဦးမလှူရသဖြင့် လျှောက်ပတ်ပါမည်လော၊ လက်ခံနိုင်ပါမည်လောဟု လျှောက်၏။ မြတ်စွာဘုရားက ဆွမ်းဦးကိုလည်းကောင်း၊ စားဆဲကိုလည်းကောင်း၊ စားပြီးကျန်ကြွင်းသောဆွမ်းကိုလည်းကောင်း လှူရန်လျှောက်ပတ်၏။ အလှူခံ ရဟန်းပုဏ္ဏားတို့သည် လှူသောဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမပြုသင့်ဟု ဟောကြားတော်မူ၏။
၂၄။ ဒေ၀ဒတ် သံဃာသင်းခွဲခန်း
ဒေ၀ဒတ်သည် မြတ်စွာဘုရားနှင့် စစ်ပြိုင်ပြုလိုသော အကြံဖြင့် မြတ်စွာဘုရားထံမှောက် သဓွားရောက်ကာ ရဟန်းများ သက်သတ်လွတ်စားရန်၊ ပံ့သကူသင်္ကန်းဆောင်ရန်၊ ရုက္ခမူ ဓူတင်ဆောင်ရန် စသော ငါးပါးသောဝတ္ထုတို့ကိုတောင်း၏။ မြတ်စွာဘုရားက ခွင့်မပြုသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား လာဘ်ပေါးများခြင်း အကျိုးငှာသာ ပြု၏ဟု ကဲ့ရဲ့၍ မိမိနှင့် သဘောတူသော ရဟန်းများကို ခေါ်ယူလျက် သံဃာသင်းခွဲကာ မြတ်စွာဘုရားထံမှ ထွက်ခွာသွားလေ၏။ ဤအကုသိုလ်ကြောင့် ဒေ၀ဒတ်သည် မြေမြိုခံရလေသည်။
၂၅။ အဇာတသတ် ကန်တော့ခန်း
ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်မိသော အဇာတသတ်၏စိတ်သည် မတည်မငြိမ်ဖြစ်နေသည်။ မိမိ၏စိတ်အေးချမ်းတည်ငြိမ်စေရန်အတွက် အားကိုးရာရှာ၏။ ဆရာဇီဝကသည် တန်ဆောင်မုန်းလပြည့်ညတွင် ဆင်မယာဉ်သာ ၅၀၀-ကို မောင်းမ ၅၀၀-စီးနင်းစေ၍ အဇာတသတ်ကို ခြံရံစေကာ မြတ်စွာဘုရားထံပို့လေ၏။ ၁၂၅၀သော သံဃာတို့၏ အလယ်၌ရှီသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ သံဃာပရိသတ်၏ ငြိမ်သက်မူကို ဖူးမြင်ရသည့်အခါ နှစ်သက်ကြည်ညို သဒ္ဓါပိုကာ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းစကားကျူးရင့်လေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူလေ၏။
၂၆။ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း
အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ကြည်ညိုတော်မူကာ မြတ်စွာဘုရားနှင့်တူသူ ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်တွင်လည်း ရှိမည်မဟုတ်ဟု ၀မ်းသာအားရ ချီးပလျှောက်ထားလေ၏။ မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ်ကြောင့် ပြောရသနည်းဟု မေးမြန်းလေ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံသိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့် စကားဖြင့် လျှောက်ထားရခြင်းဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။
၂၇။ အမ္ဗပါလီ၏ ဆွမ်းပင့်လျှောက်ထားခန်း
မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် အမ္ပပါလီ ပြည့်တန်ဆာမသည် မြတ်စွာဘုရားထံ ဆွမ်းဖိတ်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။ လိစ္ဆ၀ီမင်းများက အမ္ဗပါလီထံမှ ထိုဆွမ်းလှူခွင့်ကို အသပြာပေး၍ ၀ယ်ကြလေ၏။ အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆ၀ီမင်းများသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ဆွမ်းကို လက်ခံပြီးဖြစ်သည်ဟု မိန့်ကြားလျက် လိစ္ဆ၀ီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။
၂၈။ ပရိနိဗ္ဗာန် စံတော်မူခန်း
မြတ်စွာဘုရား သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် အာယုသင်္ခါရလွှတ်တော်မူ၏။ ကုသိနာရုံသို့ ရဟန်းများခြံရံလျက် ကြွတော်မူရာ၊ ၀မ်းလားနေသော်လည်း ဝေဒနာကို သည်းခံ၏။ ရဟန်းများစုံညီစေ၍ ပစ္ဆိမ၀စန နောက်ဆုံးစကားမိန့်ကြားတော်မူပြီးလျှင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူ၏။
ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ်လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ရလိုမူဖြင့် မင်းများက စင်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်များကို ညီမျှစွာခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓာတ်တော်ခြင်သော ခွက်ကိုသာ ရလေ၏။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
0 comments:
Post a Comment