Tuesday, February 5, 2013

ဆယ်ကျော်သက်နဲ.ချက်တင်´´


ဒီဆောင်းပါးလေး ဟာ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း 2010 မတ်လ မှာပါတဲ့ ဦးဝင်းငြိမ်း ရဲ့ဆောင်းပါးကိုကူးရေးလိုက်
တာဖြစ်ပါတယ်။သင်ခန်းစာယူစရာလေးတွေ ပါတာမို့ လို့ချက်တင် ထိုင်တဲ့ သူငယ်ချင်းလေးတွေ ဗဟုသုတတွေပွားပြီး
သင်ခန်းစာယူနိုင်ကြပါစေလို့။

ကျွန်တော့်မှာ ဆယ်ကျော်သက်အရွယ်ဝင်ခါစ မြေးမလေးတစ်ယောက်ရှိပါတယ်။ သူက သူ့အမေနဲ့ လိုက်နေတာမို့လို့
တစ်ခါတစ်လေမှဖုန်းဆက်ဖြစ်တတ်ပါတယ်။ ဖုန်းဆက်လိုက်ရင် သူ့အမေ သူ့အဘွားတို့ကအင်တာနက်ဆိုင်ကိုသွား
တယ်ဆိုတဲ့ အဖြေကိုပဲပေးတတ်ကြပါတယ်။
ကျွန်တော့်မေးလ်ထဲကိုမိတ်ဆွေတစ်ယောက်ကပို့ပေးလိုက်တဲ့ဝတ္တုဆန်ဆန်ဆောင်းပါးလေးတစ်စောင်ရောက်လာပါ
တယ်။အဲဒါကိုဖတ်ပြီး တော်တော်တုန်လှုပ်သွားတာကြောင့်ဆယ်ကျော်သက်ကလေးရှိတဲ့မိဘတိုင်း၊အုပ်ထိန်းသူတိုင်း
သတိထားနိုင်ဖို့ ဖေါ်ပြလိုက်ပါတယ် ။

သူမက ဖတ်လက်စစာအုပ်ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး အဆာပြေတစ်ခုခုစားရင်း အွန်လိုင်းဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
အွန်လိုင်းမှာ သူမရဲ့နာမည်က angel11213 ဖြစ်ပါတယ်။ အွန်လိုင်းမှာရှိနေတဲ့သူမရဲ့မိတ်ဆွေများကို စစ်ကြည့်လိုက်
တော့ သူမနဲ့စကားပြောနေကျ goto 123 ရှိနေတာကို တွေ့ရပါတယ်။ဒါကြောင့်မက်ဆေ့ခ်ျတစ်ခု လှမ်းပို့လိုက်ပါတယ်။
angel11213;  ဟိုင်း.....အွန်လိုင်းမှာရှိနေတာဝမ်းသာလိုက်တာ။ဒီနေ့ကျမအိမ်ပြန်လာတော့ နောက်ကလူတစ်ယောက်
                     လိုက်လာသလိုထင်ရတယ်။ ကျမကြောက်လိုက်တာ။
goto123;...... မင်းကတီဗွီ ဇတ်လမ်းတွဲတွေ ကြည့်လွန်ုးတယ်ထင်တယ်။ မင်းနောက်ကို ဘယ်သူက ဘာကြောင့်
                    လိုက်ရ မှာလဲ။ မင်းပတ်ဝန်းကျင်က မလုံခြုံဘူးလား။
angel11213;  ဟုတ်ပါရဲ့ ကျမစိတ်ကူးယဉ်သွားတာပဲထင်ပါတယ်။ နောက်လှည့်ကြည့်တော့လည်း
                   ဘယ်သူမှမတွေ့ပါဘူး။
goto123;      အွန်လိုင်းမှာ မင်းနာမည်ကို ဘယ်သူမှမပြောသေးဘူးမဟုတ်လား။
angel11213; ဟင့်အင်း၊ မပြောသေးပါဘူး၊။ ကျမ အဲဒီလောက် မအသေးဘူးဆိုတာရှင်သိတယ်မဟုတ်လား။

goto123;      ဒီနေ့ကျောင်းမှား ဆော့ဖ် ဘောလ် ကစားသေးလား။
angel11213; အင်း ကစားတာပေါ့။ ကျမ တို့ အသင်းကနိုင်တယ်၊။
angel11213; hornets အသင်းနဲ့ကစားတာ၊ သူတို့ ယူနီဖောင်းတွေက အရောင်တောက်တောက်တွေနဲ့သူတို့ကို
                    ကြည့်ရတာ ပျားတွေလိုပဲ။
goto123;     မင်းတို့ အသင်းနာမည်ကဘာလဲ။
angel11213; ကျမတို့အသင်းက canton cats လေ၊။ ကျမတို့ ယူနီဖောင်းကျောပေါ်မှာ ကျားခြေရာတွေတင်ထား
                   တယ်၊ ကျမတို့ယူနီဖောင်းက သိပ်လှတာ ။
goto123;;     မင်းကရှေ့တန်းမှာကစားတာလား။
angel11213; မဟုတ်ဘူး ။ ကျမကဒုတိယတန်းမှာကစားတာပါ။ ကျမအိမ်စာလုပ်ရဦးမယ်။ အမေတို့ပြန်မလာခင်
                   ပြီးအောင်လုပ်ရမှာ။ မပြီးသေးရင်ကျမကို ဆူလိမ့်မယ်။ ဘိုင့်ဘိုင်။
goto123; ကောင်းပြီလေ။နောက်မှတွေ့ကြတာပေါ့။ ဘိုင်။

အဲဒီအချိန်မှာ goto123 က သူ့ contact များစာရင်းကို ပြန်ဝင်ပြီး သူမနဲ့ပတ်သက်တဲ့အချက်အလက်များကို ပြန်
လေ့လာလိုက်ပါတယ်။ ဒါတွေကို print ထုတ်ပြီး အရေးကြီးတဲ့ အချက်တွေကိုhigh light လုပ်လိုက်ပါတယ်.....။
ဘောလ်ပင် ကို ထုတ်လိုက်ပြီး သူသိသမျှ အချက်အလက်တွေကိုရေးချလိုက်ပါတယ်။
အမည် - shannon
မွေးနေ့ - 1985 ခုနှစ်၊ ဇန်န၀ါရီလ 3 ရက်
နေရပ်လိပ်စာ - မြောက်ပိုင်း ၊ကယ်ရိုလိုင်းနား
ဝါသနာ - ဆော့ဖ် ဘောကစားခြင်း
သီချင်းသံပြိုင်ဆိုခြင်း၊
စကိတ်စီးခြင်း
ဈေးဝယ်ထွက်ခြင်း

သူကဒီသိထားတဲ့အချက်အလက်တွေ အပြင် shannon ဟာ canton မှာရှိနေတယ်ဆိုတာလည်း သူ့စကားတွေထဲ
ကသိထားခဲ့ပြီးပြီ။သူမဟာကျောင်းဆင်းချိန် ကနေစပြီး ညနေ ၆ နာရီခွဲ ထိ အိမ်မှာ တစ်ယောက်တည်းရှိနေပြီး ၆နာ
ရီခွဲကျော်မှ မိဘတွေ ပြန်ရောက်လာတတ်တယ်။ ကြာသပတေးနေ့တိုင်း ဆော့ဖ် ဘော ကစားတတ်တယ်။ သူမပါဝင်
ကစားတဲ့ အသင်းနာမည်က canton cats ဖြစ်ပြီးသူမအနှစ်သက်ဆုံး ကျောနံပါတ် ၇ ကိုယူထားတယ်။
အဌမတန်းကျောင်းသူဖြစ်ပြီးcanton junior high schoolမှာကျောင်းတက်နေတယ်။ ဒီအချက်အလက်တွေကသူတို့
နှစ်ယောက်ချက်တင်လုပ်ရင်း သိလာတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ အချက်အလက်စုံစုံ လင်လင်ရပြီဖြစ်တဲ့အ
တွက် သူ့အနေနဲ့shannon ကိုရှာဖို့ မခက်တော့ပါဘူး။shannon ကကျောင်းအပြန်မှာ လူတစ်ယောက် နောက်ကနေ
လိုက်ကြည့်သလိုခံစားရတယ်ဆိုတာကို သူ့မိဘတွေသိအောင် ပြန်မပြောခဲ့ပါဘူး ။ မိဘတွေကစိတ်ပူတတ်လွန်းလို့
မလိုအပ်တဲ့ကိစ္စတွေ ပေါ်လာမှာကို စိုးရိမ်လို့ပါပဲ။
ကြာသပတေးနေ့ေ၇ာက်လာတဲ့အချိန်မှာတော့ shannon စိတ်ထဲမှာပြီးခဲ့တဲ့ အပတ်က လူတစ်ယောက် နောက်က
လိုက်နေတယ်ဆိုတဲ့ စိတ်မရှိတော့ပါဘူး။ အာလုံးကို မေ့ထားလိုက်ပါပြီ။ပွဲကလည်းကောင်းနေတယ်။ ကစားနေရင်း
မှာပဲ သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ခံစား ရတာမျိုးဖြစ်လာပြန်ပါတယ်။ ကစားနေရင်းကပတ်
ဝန်းကျင်ကို မျက်စိကစားလိုက်ကြည့်တော့ လူတစ်ယောက်သူ့ကို စူးစူး စိုက်စိုက် ကြည့်နေတာ သတိထားမိလိုက်
တယ်။သူက၀င်းထရံကို ကျောမှီပြီးရပ်နေသူနဲ့ မျက်လုံးချင်းဆုံကြည့်လိုက်တော့ ကြောက်စရာမကောင်းပါဘူး....။
ဒါကြောင့် ကစားပွဲမှာ စိတ်ပြန်သွင်းပြီး ဆက်ကစားနေခဲ့ပါတယ်။ ပွဲပြီးတော့ နည်းပြဆရာနဲ့စကားပြောနေရင်းဟို
လူရှိမယ့်ဘက်ကိုလှမ်းကြည့်လိုက်တော့ပြုံးနေတာကိုတွေ့ရတယ်။ ဒီတစ်ခါတော့ ခေါင်းကိုပါ မသိမသာညိတ်ပြတာ
တွေ့လိုက်ရတဲ့အတွက်shannon ကလည်းပြန်ပြုံးပြလိုက်ပါတယ်။ သူမရဲ့ အားကစားအင်္ကျီပေါ်မှာ နံပါတ် ၇ နဲ့တွဲ
ပြီးသူ့နာမည်ကိုပါတွေ့လိုက်ရတာကြောင့် သူရှာနေတဲ့သူ သေချာသွားပြီဆိုတာ သိလိုက်ပါတယ်။
shannon သွားရာနောက်ကို ခြေသံလုံလုံနဲ့ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကျောင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ အိမ်
ကို shannon ၀င်သွားတော့မှ သူနောက်ကြောင်းပြန်လှည့်ပြီး ကား ရပ်ထားတဲ့နေရာကို ပြန်လှည့်လာခဲ့ပါတယ်။
သူ အချိန်စောင့်ရဦးမယ်။ စားရတော့မယ့်ကျားက အချိန်စောင့်ရဦးမယ်လေ။ ဒါကြောင့် အဆာပြေ စားသောက်လို့
ရတဲ့ ဆိုင်တစ်ခုကို မောင်းသွားခဲ့ပြီး သူလှုပ်ရှားမယ့် အချိန်အထိ အချိန်ဖြုန်းနေခဲ့ ပါတယ်။
သူ့အခန်းထဲမှာ ရှိနေတုန်း ဧည့်ခန်းထဲက အသံတွေကြားလိုက်တယ်။ shannon လာစမ်းလို့အဖေ့ အော်သံကြား
လိုက်ရတယ်။ အဖေ့ အသံက တော်တော် စိတ်ပျက်လက်ပျက်ဖြစ်ရသလဲဆိုတာစဉ်းစားလို့ မရပါဘူး။ဧည့်ခန်းထဲ
က ထွက်လိုက်တော့ သူ ကစားနေတုန်းက ကြည့်နေတဲ့ လူကိုဆိုဖာပေါ်မှာ အခန့်သားတွေ့လိုက်ရတယ်။
ထိုင်စမ်း ။ ဟောဒီ ပုဂ္ဂိုလ် က သမီးနဲ့ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားစရာကေင်းတဲ့ ဇတ်လမ်းလေးတစ်ခုကို
             ပြောပြတယ် လို့ အဖေက ဆိုတယ် ။
shannon က၀င်ထိုင်လိုက်ပြီး သူ့ကိုကြည့်ရင်းစဉ်းစားနေမိတယ်။ ဒီလူက ငါမသိပဲနဲ့ ဘာဖြစ်လို့ ငါနဲ့ပတ်သက်တဲ့
             အကြောင်းအရာကို လာပြောနေရတာလဲ ၊ သူ့ကို ဒီနေ့မှမြင်ဖူးတာပဲ။
ကိုယ်ဘယ်သူလဲ သိလား shannon လို့အဲဒီလူကမေးတယ်။
ဟင့်အင်း မသိပါဘူး လို့ shann0n ကဖြေလိုက်တယ်။
ကိုယ်ကရဲအရာရှိတစ်ယောက်ပေါ့ ။မင်းနဲ့ အွန်လိုင်းမှာ မိတ်ဆွေဖြစ်တဲ့ goto 123 ပေါ့။
shannon အံ့သြသွားတယ်။
မဖြစ်နိုင်ပါဘူး။ သူက ကျမ အရွယ် 14 နှစ်သားပဲရှိသေးတာ။ ပြီးတော့ သူကမစ်ချီဂန်မှာနေတာ ။
ဟိုလူက ပြုံးတယ်။
ကိုယ်မင်းကို ဘာပြောခဲ့တယ်ဆိုတာ သိတာပေါ့ ။ အဲဒါတွေအားလုံးက အားလုံးအမှားတွေချည်းပဲ။ဒီမှာကြည့်စမ်း
shannon အွန်လိုင်းမှာ ပြောသမျှတွေဟာ အမှန်တွေချည်းပဲလို့ မယုံနဲ့။ကိုယ်လည်းမင်းကို လိမ်ပြောခဲ့တဲ့ လူတစ်
ယောက်ပဲလေ။။ အေး အဲလိုလိမ်ပြောတဲ့သူတွေ ကမင်းတို့လိုကလေးတွေကို နာကျင်အောင် ဒုက္ခရောက်အောင်
လုပ်တတ်ကြတယ်။ ကိုယ်ကတော့ မိဘတွေနဲ့ ပူးပေါင်းပြီး ကလေးတွေ ဒုက္ခ မရောက်အောင် ကာကွယ်စောင့်
ရှောက်နေတဲ့ ရဲအရာရှိ တစ်ယောက်ပါ။
အွန်လိုင်း မှာ မင်းနာမည်ကို မပြောခဲ့ပေမယ့် မင်းပြောတဲ့ အချက်အလက်တွေ ကိုစုစည်းလိုက်ရင် မင်းကိုအလွယ်
တကူ ရှာနိုင်တယ်ဆိုတာကိုယ်လက်တွေ့ပြလိုက်တာ။ ကျောင်းနာမည်သိတယ်။ကစားတဲ့ အသင်းနာမည်သိတယ်။
ဘယ်နေရာက ကစားတယ်။ ကျောနံပါတ်က ဘယ်လောက်လဲသိတယ်။ဒါတွေ ကိုသိလိုက်တော့ အလွယ်တကူ ရှာ
လို့ရတာပေါ့။
shannon တုန်လှုပ်သွားမိတယ် ။ဒါဆို ရှင်က မစ်ချီဂန်က မဟုတ်ဘူးပေါ့သူကရယ်လိုက်တယ်။ အဲဒီလို အဝေးကြီး
ပြောမှမင်းက စိတ်ချလက်ချ လက်ခံ စကားပြောမှာမို့ ကိုယ်ကလိမ်ပြောခဲ့တာပါ။.
shannon ခေါင်းညိတ်လိုက်မိတယ်။
ကိုယ့်မိတ်ဆွေ မှာ မင်းလိုအရွယ်သမီးလေးတစ်ယောက်ရှိတယ် ။ အဲဒီကလေးမလေးကတော့မင်းလို ကံမကောင်း
ရှာခဲ့ဘူး။ အွန်လိုင်းမှာ မင်းလိုမိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်ကအလွယ်တကူရှာပြီးအိမ်မှာတစ်ယောက်တည်းရှိ
နေတုန်း ၀င်သတ်သွားခဲ့တယ်။. ဒါကြောင့်မင်းတို့လို အရွယ်တွေ အွန်လိုင်းမှာတွေ့ရာလူကို ကိုယ်နဲ့ပတ်သက်တဲ့
အကြောင်းအရာတွေမပြောသင့်ဘူး။တမင်တကာပြောတာမဟုတ်ပေမယ့်စကားပြောရင်းကသိချင်တဲ့အကြောင်းအ
ရာတွေ ပြောပြီးသားဖြစ်သွားတယ်။ အခုမင်း ကိုပဲကြည့်လေ။ မင်းမပြောပေမယ့် မင်းကိုကိုယ်ရအောင်ရှာနိုင်တယ်
မဟုတ်လား ။ ဒါကိုသင်ခန်းစာယူပြီးတော့ နောက်ထပ်အွန်လိုင်းမှာကိုယ်နဲ့မသိတဲ့သူတစ်ယောက်ကို စကားအလွန်
အကျွန်မပြောမိအောင် သတိထားပါ ။ မင်းသူငယ်ချင်းတွေကိုလည်း သတိပေးပါ။ ဒါမှ မင်းတို့ အရွယ်ကလေးတွေ
ချက်တင်လုပ်ပေမယ့် လုံခြုံစိတ်ချရတယ်။

ဟုတ်ကဲ့ ကျမ ကတိပေးပါတယ်။
အဲဒီညမှာ shannon နဲ့ သူ့မိဘနှစ်ပါး တို့ ဘေးအန္တရာယ်က ကင်းလွတ်အောင်စောင့်ရှောက်ပေးတဲ့ဘုရားသခင်ကို
ကျေးဇူးတော်တင်တဲ့ အနေနဲ့ ရှိခိုးဝတ်ပြုခဲ့ ကြပါတယ်။

မြန်မာမိဘ တော်တော်များများဟာ ကိုယ့်ကလေးတွေကို ချက်တင်ဝင်နေရင် တခြားနေရာသွားတာမှ မဟုတ်ပဲ ။
လုံခြုံစိတ်ချရပါတယ်လို့ ယူဆကြပါတယ်.။ တကယ်တော့ ဒီခေတ်မှာမမြင်ရတဲ့ အန္တရာယ်တွေဟာ သူ့အလိုလို
ဖိတ်ခေါ်ပြီးသားဖြစ်နေတာကို ဒီအဖြစ်အပျက်ကလေးဖတ်ပြီး သင်ခန်းစာယူစေချင်ပါတယ်....

0 comments:

Post a Comment