Sunday, September 15, 2013

အော်တယ်လည်းတရားကျဖို့ကောင်းပါလားကွာ ............

ကျွန်တော်တစ်ခုမေးရပရစေဗျာ တစ်နေ့မှလူတစ်ရာတောင်ဝင်မကြည့်တဲ့ဒီဆိုက်
တစ်နေ့မှတစ်ခါလောက်ကွန်မန့်မပေးကြတဲ့ ကျွန်တော်ဆိုက် ဘာမှထွေထွေထူးထူး
အစုံစုံအလင်လင်မရှိတဲ့ဒီဆိုက် ပိုစ့်လည်းမှန်မှန်မတင်နိုင်တဲ့ဒီဆိုက် အဲလိုခပ်ညံ့ညံ့
ဘလော့ဆိုက်လေးကို ထိုင်းနိုင်ငံစံတော်ချိန် 23း15 မိနစ်ဝန်းကျင်မှာ ထပ်ဟတ်ပြန်တယ်
ရသွားလားဆိုတော့လည်းမရဘူး ကဲလာလည်ကြတဲ့ပရိတ်သတ်ကိုဘဲမေးပရစေ
ဒီလိုအဆင့်မရှိတဲ့ဘလော့ကိုဟတ်တဲ့ ကိုဟတ်ကာဆိုတဲ့လူကရော တစ်ကယ်ဘဲ
အဆင့်အတန်း၇ှိပါ့မလားမသိဘူးနော် သူ့ကိုဘယ်ဆရာကဘယ်လိုသင်လိုက်တာလည်း
မသိဘူးနော် သူ့မိသားစုကရော သူ့အစ်မတွေအကိုတွေကရော အဲလိုဖျက်ဆီးဖို့
အားပေးနေကြလားမသိဘူးနော် အခုသူဟတ်တဲ့ပုံစံရေးပြမယ်နော် အောက်မှာကြည့်
Did you request that Google reset your password for who _ _ _ _ _ _ _ _@gmail.com?
If not, check your email to find out how to STOP the reset.    ကဲအဲဒါဒုတိယအကြိမ်
သူဟတ်တာပါ ဒါပေမဲ့အမြဲနိုးနေတဲ့ ကျွန်တော်ကအသာလေး GOOGLE နဲ့စကားလေးပြောလိုက်ပါတယ်
မတတ်တတတ်လေးပေါ့ ( Please help me they hack my acount, they are blackhacker
Now i am check my acount i know who hack my acount he is my friend he hack every
sunday, he holiday is sunday don't worry master i be fine now you can STOP he hack
systems , I believe google  system & security .................... thank you google)

အဲလိုလေးတော့ရေးလိုက်ပါတယ် မတတ်တတတ်လေးနဲ့ရေးတာဆိုတော့ မှန်ချင်မှလည်းမှန်မယ်လေ
ဒါပေမဲ့ရေးတော့ရေးလိုက်တာဘဲလေ  သူပေးတဲ့ အချက်လက်ဖြည့်ဖို့နေရာမှာရေးပေးလိုက်တာလေ
သူပြောတာကတော့အခုဖွင့်နေကြတဲ့အချက်လက်တွေမမှန်ဘူးဆိုရင် သူရပ်ဆိုင်းပေးပါမယ်တဲ့
ဒါနဲ့ ကျွန်တော်လည်းအဲလိုပြန်ရေးပေးလိုက်ပါတယ် ကဲမေးချင်တာလေးတစ်ခုက ငါကမင်းကို
ဘာမှပြန်လည်ကာ မတုန့်ပြန်ချင်တာပါ မင်းကသာငါ့ကိုလာလာကလိနေတာ ကဲငါ့လာ့မင်းရရင်
ငါ့အကောင့်တွေမင်းရရင် မင်းဘာလုပ်မှာလည်း မင်းအကိုအစ်မပုံတွေကို အောပုံလုပ်ပြီးတင်မလို့လား
ဒါမှမဟုတ်မင်းတစ်မျိုးလုံးတစ်ဆွေလုံး အောကားရိုက်ပြီးတင်ချင်လို့လား ဘာကြောင့်ဘဲဖြစ်ဖြစ်
မင်းလုပ်ကအောက်တန်းစားလုပ်ရပ်ဆိုတာတော့မင်းမမေ့ပါနဲ့ ငါအခုချိန်ထိငါ့အကောင့် pass တွေ
မချိန်းထားဘူး မင်းဟတ်နေတာလည်းသိတယ် ဘယ်လိုဟတ်လည်းဆိုတာလည်းငါသိတယ်
ငါအများကြီးပြောနေတာမင်းအမြင်မှန်၇ဖို့ကွ မင်းပညာဒီလောက်တော်နေတာ ကိုယ့်နိုင်ငံအတွက်
ကိုယ့်လူမျိုးအတွက် အသုံးချပါလားကွ ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ မင်းမို့လို့ ကိုယ့်အမျိုးသားချင်း
ပြန်ဟတ်ရတယ်လို့ အေးလေမင်းမိဘတွေကိုက အမျိုးမချစ်တတ်လို့ဖြစ်မှာပေါ့ ပြီးတော့သူများကောင်းတာ
လုပ်တာတွေကိုဖျက်ဆီးဖို့အားပေးအားမြောက် သွန်သင်ဆုံးမထားတာနဲ့တူတယ်ထင်တယ်
အေးလေ မိမဆုံးမဖမဆုံးမဆိုတာမင်းကိုပြောတာဖြစ်မယ် ငါ့ဆရာကတော့ငါ့ကိုဆုံးမတယ်ကွ
အများအကျိုးသယ်ပိုးပါ အများအတွက်လုပ်ပါ စတဲ့ကောင်းတဲ့စကားတွေပြောကောင်းတဲ့လမ်းကို
ညွှန်ပြတယ်ပို့ပေးတယ် မင်းကျတော့အဆုံးအမမရှိဘူးနဲ့တူတယ် မင်းအဲလောက်တောင်ဖြစ်နေရင်
မင်းမွေးလာမဲ့မင်းကလေးကိုရောအဲလိုဘဲမကောင်းတဲ့အတတ်သင် အဲလိုသူများကောင်းတာလုပ်တာတွေ
ကိုလိုက်ဖျက်ဆီးခိုင်းဦးမှာလားဟင် မင်းဟာဗုဒ္ဓဘာသာတစ်ယောက်ဆိုရင် ဒီထက်ပိုနားလည်မယ်လို့
ငါထင်တယ် အေးမင်းအကျိုးစီးပွားအတွက်ငါ့ဘလော့နဲ့ငါ့အကောင့်ကအတော်အရေးပါနေလား
အဲဒီနှစ်ခုမရရင် မင်းဘ၀ပျက်နိုင်မှာမို့လို့လားဒါဆိုလည်းငါရေစက်ချလှုဖို့အသင့်ပါဘဲ ဒါမှမဟုတ်
ခပ်ကြောင်ကြောင်လူတစ်စုနဲ့ပေါင်းပြီးငါ့ကိုတိုက်ခိုက်ချင်ရုံသက်သက်ဘဲဆိုရင်တော့မင်းအတွက်
ငါစိတ်မကောင်းဘူးလို့ဘဲပြောပရစေကွာ ငါဘလော့ပိတ်တော့မယ်ကွ မင်းကိုကြောက်လို့မဟုတ်ဘူးနော်
ငါ့ဘလော့ပြင်စရာရှိနေလို့ အဲနောက်ပိုင်းအကောင့်တွေလည်းဖျက်မယ် အကုန်အစကစမှာ
အခုငါအားတော့မယ်မနက်ဖြန်ကစလို့ပေါ့ မင်းကိုလေသနားစရာအကောင်းဆုံးသတ္တ၀ါအဖြစ်
ငါမြင်တယ်သိလား မရမှန်းလည်းသိသိကြီးအသေလိုက်ဟတ်နေတယ် ငါပြောထားသားဘဲ
ခင်မောင်စိုးအစစ်ကသေသွားပြီ ဘုရားသုံးဆူမှာ အခုမင်းရင်ဆိုင်တွေ့နေရတာ အခြားတစ်ယောက်
သူမဟုတ်ဘူးအဲဒီငတုံးမဟုတ်ဘူး မင်းထက်ပိုသိပိုတတ်နေလို့မင်းဟတ်နေတာသိသိကြီးနဲ့ pass တောင်
မချိန်းဘဲမင်းဟတ်တာထိုင်ကြည့်နေတာ ကဲငါအိပ်ငိုက်တယ်ကွာနောက်ဆုံးစကားတစ်ခါန်းပြောမယ်ကွာ
မင်းဟာလူဆိုလူလိုနားလည် ခပ်ကြောင်ကြောင်လူတစ်စုအတွက်စောက်ရမ်းတွေလိုက်မလုပ်နဲ့
အလကားလောကအတွက်ဘာမှအရေးမပါတဲ့လူတွေ မင်းပညာကောင်းတဲ့ဘက်ရောက်ပါစေလို့ဘဲ
ငါဆုတောင်းပေးပါတယ်သူငယ်ချင်း  " ပေနေတဲ့လက်ဆိုတာ ဘယ်အရာမှကိုင်လို့မရဘူးကွ " .........

1 comment:

  1. ဒီလိုပါပဲအကိုရေ လက်တည့်စမ်းပြီး စမ်းတ၀ါးဝါးနဲ့ ငကြောင်တွေလည်းအများကြီးဗျ အနော်လည်း hacking ကို စိတ်ဝင်စားတယ်လေ့လာတယ် တစ်ခါမှမစမ်းကြည့်ဖူးဘူး ကျွန်တော်လေ့လာနေတာ ကာကွယ်ဖို့ပဲ သူများကိုတိုက်ခိုက်ဖို့မဟုတ်ဘူး တစ်ချို့သူတွေကတော့ ဒီလိုပဲ အလုပ်မရှိ လျှောက်လုပ်နေကြတယ်နဲ့တူတယ် အကိုတင်တဲ့ပိုစ့်လေးတွေကို အမြဲတမ်းအားပေးနေတဲ့ ပရိတ်သတ်တစ်ယောက်ပါ နောင်လည်းအစဉ်အမြဲအားပေး ပညာယူနေပါတယ်ခင်ဗျာ အကိုတို့လို ပညာတွေဖြန့်ဝေစုစည်းပေးတဲ့သူတွေကို အရမ်းကျေးဇူးတင်မိတယ် ကျွန်တော်မှာသင်တန်းလည်းမတက်နိုင်တော့ အကိုတို့ကိုပဲ အားကိုလေ့လာနေရတာပါ ကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete