တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

Monday, October 29, 2012

သွေး အား ကောင်းစေမည့် သဘာဝရဲ့အသီးအနှံ များ

မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. . ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. .ဆလတ်ရွက်သည်လည်းကောင်း ...

ခေါင်းကိုက်တာပျောက်ချင်ရင်

မကြာခဏ ခေါင်းကိုက်တတ်ပါသလား။ ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင် -    တရေးတမောအိပ်လိုက်ပါ။...

ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်.. ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့ ၁။ ဆီးချို သွေးချိုရောဂါ ၂။ HIV ရောဂါ ၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု...

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

  ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။ ကျန်းမာကြံ့ခိုင်စေပါတယ်ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက်...

ဒီလိုမျိုးအဖွဲ့ တွေများများရှိကြပါစေ..............

ကျွန်မတို့ ဗမာဗုဒ္ဓဘာသာလူမျိုးတွေဟာ ၀ါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယရောက်ပြီဆိုရင်ဖြင့် ၀ါတွင်း(၃)လလုံး မယ်တော်မိနတ်သားကို တရားဒေသနာတွေ ဟောကြားပြီး လူ့ပြည်သို့ပြန်လည် ဆင်းသက်လာတာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို မိမိတို့အိမ်တွေမှာ ဆီမီးတွေထွန်းညှိပူဇော်ကြိုဆိုကြပါတယ် … နောက်အသက်အရွယ် ကြီးရင့်သူ လူကြီးမိဘဆရာသမားတွေကိုလည်း မိမိတို့မှ ကာယကံ .. ၀စီကံ .. မနောကံ စတဲ့ ကံ(၃)ပါးနဲ့ ပစ်မှားမိခဲ့လို့ အပြစ်ရှိပါက .. တစ်ယောက်နဲ့တစ်ယောက်အငြိုးအာဃာတတွေရှိပါက ပြေကြေစေဖို့...

ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်

အသက်ရာကျော် ရှည်တဲ့သူ အများစုဟာ သာမန်လူတွေ မလုပ်နိုင် တာမျိုး လုပ်နိုင် ကြပါတယ်။  အစာကို သတိနဲ့ ဆင်ခြင်စားသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ တစ်ညရှစ်နာရီ အိပ်စက် အနားယူတာ၊ တရားထိုင်ပြီး စိတ်ဖိစီးမှု လျှော့ချတာ.. ဒါတွေက အပြောလွယ်သလောက် နေ့စဉ် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအချက်တွေက ရိုးစင်းသလောက် လိုက်နာဖို့ ခက်ပေမယ့် တကယ် လိုက်နာနေထိုင်ရင် သက်ရှည်ကျန်းမာပါလိမ့်မယ်။၁။ တစ်ပတ်တစ်ရက် လျှာကို အလိုလိုက်ပါ အများအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေလိုနေ့မှာ လျှာကိုအလိုလိုက်ပြီး စားချင်တာစားပါ။ ကျန်တဲ့ ခြောက်ရက်စလုံးမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့...

Friday, October 26, 2012

ထူးထူးဆန်းဆန်း ပန်းရောင်ရေကန်ကြီး

တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်နိုင်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင် စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါး ဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။...

ဆံကေသာ အလှချစ်မြတ်နိုးသူများအတွက် သတင်းကောင်း

 ဆံကေသာအလှချစ်မြတ်နိုးသူများအတွက် ဆံပင်ကျွတ်၊ ဆံပင်ကောင်း၊ ဆံပင်နက်၊ ဆံကေသာအလှ ထိန်းသိမ်းကြ တို့တင်ပြပေးလိုက်ပါတယ်။ (၁)။ ဆံပင်ကျွတ် သူများအတွက် ၁။ စမုန်နက်စေ့လှော် အမှုန့်ပြု၊ အုန်းဆီပုလင်းထဲထည့်၊ လိမ်း၊ ဆံပင်ကျွတ်ပျောက်၊ ဆံပင်ပြန်ပေါက်၏။ ၂။ စပါးလင်ဆီမွှေး လိမ်းပေး (သို့) အုန်းဆီထဲ စပါးလင်ဆီမွှေးထည့်လိမ်း။ ၃။ အုန်းနို့နှင့် နှမ်းဆီ ဖျော်လိမ်း (ဒဏ်ရာကြောင့် မီးလောင်ခြင်းကြောင့်ဦးရေပြားတွင် ကွက်ပြီးပြောင်နေသော ကွက်လပ်များ ဆံပင်ပြန်ပေါက်၏။) ...