တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Tuesday, January 29, 2013

သြကာသရှင်းတမ်း

သြကာသရှင်းတမ်း
ဒီပို့စ်လေးကတော့ ဗုဒ္ဓဘာသာဆိုပေမယ့် အမည်ခံဗုဒ္ဓဘာသာသာ ဖြစ်နေကြသူများ၊ မိရိုးဖလာဗုဒ္ဓဘာသာများ၊
သူများဆိုလို့သာ လိုက်ဆိုနေရ၊ လိုက်ကန်တော့နေရပေမယ့် ဆိုလိုရင်းအဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်
သူများ၊ ဘာသာရေးပွဲများရှိတိုင်း အစဉ်အလာအရ လိုက်ဆိုနေသော်လည်း သြကာသရဲ့အဓိပ္ပါယ်နဲ့ ဒီကန်တော့
ချိုးမှာပါတဲ့ စကားလုံးတစ်ခုချင်းကို သေချာနားလည် သဘောမပေါက်သေးသူများအတွက် ရည်ရွယ်ပြီး အများ
နားလည်အောင် ရှင်းလင်းတင်ပြထားတဲ့ ပို့စ်လေးဖြစ် ပါတယ်။ နားလည်ပြီးဖြစ်နေသူများအတွက် နားဖူးထပ်မံ
ပေါ့။ဒီသြကာသရှင်းတမ်းလေးကို ပြောဖို့အတွက် အရင်ဆုံး သြကာသကန်တော့ချိုးကို တင်ပြရပါမယ်၊ ပြီးတော့
မှတစ်ခုချင်းကို ရှင်းပြပါမယ်။ ..
သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါ
စေခြင်း အကျိုးငှါ၊ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတ
နာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော
ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊
ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ဒီသြကာသ ကန်တော့ချိုးမှာ ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းနဲ့ ဆုတောင်းတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းတွေ
ကို အသေးစိပ်ရှင်းပြရရင် - သြကာသကတော့ ပါဠိစကားလုံးပါ။ အခွင့်၊ အခွင့်တောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ရှိခိုးဝန်ချတောင်းပန်ခွင့် ပြုဖို့စကားပလ္လင်ခံတဲ့ သဘောပါ။ သုံးကြိမ်ဆိုတာက ပိုပြီးလေးနက်အောင်လို့ပါ။ - နောက်
ကာယကံ၊ ၀စီကံ မနောကံမှာ ကာယကံက ကိုယ်ဖြင့်ပြုလုပ်တဲ့အမှု၊(စေတနာ)၊ ၀စီကံက နှုတ်ဖြင့်ပြောဆိုတဲ့အမှု
(စေတနာ)၊ မနောကံက စိတ်ဖြင့်ကြံစီတဲ့အမှု(စေတနာ) ကိုဆိုလိုတာပါ။ ကိုယ်နှုတ်နှလုံး သုံးပါးမှာ ကိုယ်အမူအ
ရာနဲ့ ဖြစ်စေ၊ စကားဖြင့် ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ဒီသုံးမျိုးဖြင့် ပြုလုပ်ခြင်းကို ကံသုံးပါးလို့ ဆိုပါတယ်။ ဒီသုံးပါးမှာ
တစ်ပါးပါးနဲ့ ပြစ်မှာမိတာတွေကို ၀န်ချတောင်းပန်မှု ပြုခြင်းဖြင့် ကျေပျောက်စေလိုတဲ့ သဘောပါ။ - (ဒီနေရာမှာ
ပြောတဲ့ကံသုံးပါးနဲ့ ဒုစရိုက်ဆယ်ပါးမှာ လာတဲ့ ကာယကံ၊ ၀စီကံ၊ မနေကံတွေနဲ့တော့ မတူပါဘူး။ ပိုပြီး ကျယ်ကျယ်
ပြန့်ပြန့် ပြောရရင် ဒုစရိုက်ဆယ်ပါးမှာ ကာယကံသုံးပါး၊ ၀စီကံလေးပါး၊ မနောကံက သုံးပါးရှိပါတယ်။ ကာယကံသုံး
ပါးက ပါဏာတိပါတ-သက်ရှိသတ္တ၀ါကိုသတ်ဖြတ်ခြင်း၊ အဒိန္နဒါန-ပိုင်ရှင်မပေးတဲ့ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ကာ
မေသုမိစ္ဆာစာရ-သူတစ်ပါးသားမယားကို ပြစ်မှားလွန်ကျူးခြင်းတို့ဖြစ်ပြီး ၀စီကံလေးပါးက မုသာဝါဒါ-လိမ်ညာပြော
ဆိုခြင်း၊ ပိသုဏ၀ါစာ- ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်း၊ ဖရုသ၀ါစာ-ကြမ်းကြုတ်သောစကားကို ပြော
ဆိုခြင်း၊ သမ္ဖပ္ပလာပ-အကျိုးမရှိ ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်းတို့ဖြစ်ကာ မနောကံသုံးပါကတော့ အဘိဇ္ဈာ-
အလိုကြီးခြင်း၊ တပ်မက်ခြင်း၊ ဗျာပါဒ-မကောင်းကြံခြင်း၊ စောင်းမြောင်းခြင်း၊ မိစ္ဆာဒိဋ္ဌိ- မှားယွင်းသောအမြင်အယူတို့ပဲ
ဖြစ်ပါတယ်။ ဒါတွေက မကောင်းတဲ့စရိုက် ဆယ်ပါးဖြစ်ပါတယ်။ ဒီဆယ်ပါးကို ကျူးလွန်မိပါက ၀န်ချတောင်းပန်ရုံနဲ့
မကျေပျောက်ပါဘူး။ သူ့ကံအကျိုးပေးမှု ပေါ်ပြီးမှ ကျေပျောက်ပါတယ်။) - သဗ္ဗဒေါသနဲ့ ခပ်သိမ်းသောအပြစ်က အ
ဓိပ္ပါယ်အတူတူပါပဲ။ ပါဠိနဲ့ မြန်မာကိုတွဲပြီး ရေးထားတာပါ။ ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းမှာ အဓိကသိထားသင့်တာ
တွေကတော့ ဒီလောက်ပါပဲ။ ဆုတောင်းတဲ့အပိုင်းမှာတော့ သိထားသင့်တဲ့အပိုင်းတွေက များပါတယ်။
တစ်ခုချင်းရှင်းပြရရင်… အပါယ်လေးပါး (အပါယ=ပျက်စီး၍ကျရောက်အပ်သော ချမ်းသာကင်းရာအရပ်) ၁။ ငရဲ၊
၂။ တိရစ္ဆာန်၊ ၃။ ပြိတ္တာ၊ ၄။ အသုရကာယ် (အသုရကာယ-ယုတ်ညံ့သောအသုရကာယ်နတ်အပေါင်း)ကပ်သုံးပါး
(ကပ္ပ=သတ္တ၀ါတို့၏အပြစ်ကံအလျောက်စီရင်ခံရခြင်း) ၁။ ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း
၂။ သတ္ထန္တရကပ် = တိုက်ခိုက်သတ်ဖြတ် စစ်မက်များဖြစ်ပွားခြင်း ၃။ ရောဂန္တရကပ် = အနာရောဂါ ကျရောက်
သေကျေ ပျက်ဆီးခြင်း ရပ်ပြစ်ရှစ်ပါး (မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော ဘ၀ဖြစ်တည်မှု) ၁။ငရဲဘုံ၌ဖြစ်ခြင်း၊၂။ တိရစ္ဆာန်
ဘုံ၌ဖြစ်ခြင်း၊ ၃။ ပြိတ္တာဘုံ၌ဖြစ်ခြင်း၊ ၄။အသညသတ်ဘုံ၊အရူပဗြဟ္မာဘုံ၌ဖြစ်ခြင်း၊ ၅။ပစ္စန္တရစ်အရပ်ခေါ်သာသနာ
မရှိသောအရပ်၌ဖြစ်ခြင်း၊ ၆။ မှားယွင်းသောမိစ္ဆာဒိဋ္ဌိအယူရှိခြင်း၊ ၇။ သုဂတိအဟိတ်ပဋိသန္ဓေနေခြင်း (မွေးရာပါ၊
ဆွံ့၊ အ၊ နားမကြားခြင်းစသည်) ၈။ တိဟိတ်ပဋိသန္ဓေ (ခြေလက်အင်္ဂါအစုံအလင်)ဖြစ်သော်လည်း ဘုရားမပွင့်သော
ကမ္ဘာ၌ဖြစ်ခြင်း ရန်သူမျိုးငါးပါး ၁။ ရေ၊ ၂။ မီး၊ ၃။ မင်း၊ ၄။ ခိုးသူ၊ ၅။ မချစ်မနှစ်သက်သူ (အမွေခံသားဆိုးသမီးဆိုး)
ဝိပတ္တိတရားလေးပါး (ပျက်ဆီးခြင်းသို့ရောက်ခြင်းတရား) ၁။ ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ဖြစ်ရခြင်း ၂။ ဥပဓိ
ဝိပတ္တ = ကိုယ်အင်္ဂါချို့ယွင်းသော ခန္ဓာကိုယ်အတ္တဘောကိုရခြင်း ၃။ ကာလ၀ိပတ္တိ = မကောင်း ယုတ်မာသော
မင်းတို့၏လက်ထက်၌ ကာလဖောက်ပြန်ခြင်း ၄။ ပယောဂ၀ိပတ္တိ = မကောင်းမှုတို့နှင့်အသက်မွေးခြင်း (အသက်
မွေးရခြင်း)ဗျသနတရားငါးပါး (ပျက်ဆီးခြင်းတရား) ၁။ ဉာတိဗျသန = ဆွေမျိုးတို့ပျက်ဆီးခြင်း ၂။ ဘောဂဗျသန=
စည်းစိမ်ဥစ္စာများပျက်ဆီးခြင်း ၃။ ရောဂဗျသန = အနာရောဂါနှိပ်စက်၍ ပျက်ဆီးခြင်း ၄။ သီလဗျသန = အကျင့်သီ
လပျက်ဆီးခြင်း ၅။ ဒိဋ္ဌိဗျသန = မှန်ကန်သည့်အယူဝါဒ ပျက်ဆီးခြင်း
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ
မှတ်ချက်။ ။ အနှိုင်းမဲ့စာတိုပေစများမှ ကူးယူဖော်ပြပါသည်။

အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ကြပါ....

မိမိနှစ်သက်ရာ Website များ Facebook Page များကို ကိုယ်ပိုင် Apk ဖန်တီးထားချင်ကြသူများအတွက်

  • ကျနော်တို့ အနေနဲ့ ဒီ နည်းစနစ်ကိုသုံးပြီး မိမိရဲ့ ကိုယ်ပိုင် Website ကိုသော်လည်းကောင်း၊ ဒါမှမဟုတ် မိမိ ကြည့်ရှုလေ့ရှိတဲ့ Website တွေ၊ ကိုသော်လည်းကောင်း ဖန်တီးထားနိုင်ပါတယ်။
  • ဒီလို ဖန်တီး ဖို့ အတွက် ကျနော်တို့ သုံးချင်တဲ့ Icon တွေ၊ နောက်ခံပုံတွေကို သက်ဆိုင်ရာ Website အလိုက် ၊ Link အလိုက် လိုက်ဖက်ညီအောင် ကြိုတင်ပြီး သက်ဆိုင်ရာဆိုဒ်များမှာ ဒေါင်းယူထားပေါ့ဗျာ :-) :-) :-)
  • ပထမဆုံး ဒီလင့်မှာ ၀င်ရောက်ပြီး Sign Up လုပ်လိုက်ပါ။ ပြီးရင် မိမိ Sign Up လုပ်လိုက်တဲ့ Gmail အကောင့်ကိုဝင်ပြီး Acivation Comfirm လုပ်ပေးလိုက်ရင် ကျနော်တို့ စတင်ပြီး ကိုယ်ပိုင် Android Application တွေ၊ Windows Phone Appliacation တွေကို စတင်ဖန်တီးလို့ရပါပြီ။
  • ကျနော် စမ်းသပ်ကြည့်သလောက်တော့ မိမိတို့ အမြဲလေ့လာကြည့်ရှုလေ့ ရှိတဲ့ Website တွေ၊ Facebook Page တွေကို Application တစ်ခုတည်းမှာပဲ စုစည်းပြီး ဖန်တီးထားလို့လည်း ရပါတယ်။ ကိုယ်တိုင် စမ်းသပ်ရင်းနဲ့ မိမိစိတ်ကြိုက်ဖန်တီးကြည့်လိုက်ပါ။ ကျနော်အနေနဲ့က တော့ ဒီပို့စ်မှာ အညွှန်းသဘောလောက်ပဲ တင်ပြပေးသွားမှာပါ။ Free Android Apk ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Premium ဖန်တီးချင်ရင်လည်း အဆင်ပြေပါတယ်ခင်ဗျား…..
  • အခြား ဖန်တီးလို့ရတဲ့ လင့်လေး ရှိပါသေးတယ်။ ဒီမှာ ၀င်ရောက်ကြည့်လိုက်ပါ။ ကျနော်က တော့ ပထမ လင့်ကိုပဲ သုံးပြီး တင်ပြပေးသွားမှာပါ။
အောက်ပါပုံကတော့ ပထမဆုံး လုပ်ဆောင်ပေးရမယ့် မြင်ကွင်းဖြစ်ပါတယ်။ Create new ကိုနှိပ်လိုက်ပါ။
1


Enter Facebook or site ဆိုတဲ့နေရမှာ မိမိနှစ်သက်ရာ Link ကို Copy ယူပြီးထည့်လိုက်ပါ။
2
ဒီပုံကတော့ ကျနော် နမူနာ လုပ်ပြပေးထားတာပါ။ Category မှာ Everyone ကိုပဲရွေးပေးတာ အကောင်းဆုံးပါ။
3
အဆင်သင့်ဖြစ်ရင် Go Mobile ဆိုတာ နှိပ်လိုက်ပါက အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ခဏစောင့်လိုက်ပါ။
4
ဒါဆိုရင်တော့ ဒီပုံအတိုင်း တွေ့ရပါမယ်။ Untitled ဆိုပြီးတွေ့ရပါမယ်။ ပြန်ပြင်လို့ရပါတယ်။ အရင်ဆုံးလေ့လာကြည့်ပါ။
5
အောက်ပါပုံကတော့ Facebook Page ရဲ့ Link ထည့်ပုံဖြစ်ပါတယ်။ မိမိထည့်ချင်တဲ့ FB Link ကို Copy ယူလိုက်ပြီး မျှားပြထားတဲ့နေရာမှာ Paste လုပ်လိုက်ပါ။ လင့်အပြည့်အစုံက ပုံအတိုင်း ပြောင်းသွားမှာပါ။
11
အောက်ပါပုံအတိုင်း ဆက်လုပ်ပါ။ 1.2.3 တွေကတော့ Theme. Background နဲ့ Navigation တွေပါပဲ။ တခုချင်းစီအတွက်မိမိနှစ်သက်ရာရွေးပေးလိုက်ပါ။ Background အတွက် ကိုယ်တိုင် Upload တင်ပြီးလည်း သုံးနိုင်ပါတယ်။
6
9
ကျနော်တို့ ပုံ (၅) မှာ တွေ့ရတဲ့ Untitled ဆိုတာ ဒီနေရမှာ ပြင်မှာပါ။ icon နဲ့ Splash Screen ကို မိမိစိတ်ကြိုက် upload တင်ပြီးသုံးနိုင်ပါတယ်။
7
အောက်ပါပုံကတော့ Icon နဲ့ Splash Screen ကို ကျနော် Upload လုပ်ပြီး သုံးထားတဲ့ပုံပါ။
8
ဒီပုံကတော့ Add more pages ဆိုတဲ့ Tab ထဲကနေ မိမိထည့်သွင်းချင်ရာ Icon ကိုနှိပ်ပြီး နာမည်ပေးလိုက်ပါ။ Additional Page မှာလည်း Custom အနေနဲ့ စိတ်ကြိုက်ထည့်သွင်းလို့လည်း ရပါတယ်။
12
ဒီပုံကတော့ နမူနာ Page တွေ၊ Link တွေထည့်ပြပေးထားတဲ့ ပုံပါ။
13
မိမိစိတ်ကြိုက် ထည့်သွင်းပြီးသွားရင်တော့ Generate ဆိုတဲ့ Tab ကိုနှိပ်ပေးနိုင်ပါပြီ။
14
ဒါဆိုရင်တော့ ကျနော်တို့ apk တစ်ခုကို ဒေါင်းပြီး စမ်းသပ်သုံးစွဲကြည့်လို့ရနိုင်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Download file ကိုနှိပ်ပြီး ဖုန်းပေါ်မှာ သုံးစွဲကြည့်လိုက်ပါ။
15
ကျနော်အနေနဲ့ အညွန်းလောက်ပဲ ပြပေးထားတာ ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် စမ်းသပ်ပြီး လုပ်ကြည့်ပါဗျာ…. :-) :-) :-)
http://myanmarplay.com/?p=2255 မှ

Facebook တွင် အထူးရှောင်ရှားရမည့် လုပ်ဆောင်ချက်များ


လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈ဝ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။

၁။ Friend Request
Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂ ရက်ပိတ်ပါတယ် လို့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လည်း ပိတ်ပါတယ်။ တစ်ခါတစ်လေ ၅ ယောက်လောက် Add ပြီးရင် ပေါ်တတ်ပါ တယ်။ Safe အဖြစ်ဆုံး Add နည်းကတော့ ဘေးမှာ Suggest Friend အောက်က ပေးတဲ့ List ကနေ Add တာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင် Search Bar မှာ ရှာပြီး အခြားလူတစ်ယောက်ကို Add မယ်ဆိုရင် အထက်ပါ ပြသနာကြုံတွေ့နိုင်ပါတယ်။

၂။ Comment
တစ်ခါခါ Comment ပေးလို့မရတာ ကြုံရတတ်ပါတယ်။ Comment ပေးလိုက်တိုင်း သင်ပေးတဲ့ Comment ဟာ Spam သို့မဟုတ် အခြား လူတစ်ဦးတစ်ယောက်ကို Personal အရတိုက်ခိုက်ခြင်း မဖြစ်စေရ ဆိုတဲ့ Warning မျိုးပေါ်တတ်ပါတယ်။ အချို က ပေါ်ယုံမကပဲ Comment ပါပေးလို့မရတော့ပါဘူး။ အဲဒီလိုအချိန်ကျရင် Comment မပေးသင့်တော့ပါ။ ယာယီမျှသာ block လုပ်ခြင်းဖြစ်ပြီး နောက်နေ့မှ အရင်လို ပြန်ဖြစ်ပါတယ်။

၃။ Message
Message ပို့တာ အင်မတန် သတိထားရပါမယ်။ လက်ရှိ ပြောင်းလဲနေတဲ့ Policy ကြောင့် Facebook က မတ်ဆေခ်ျ့  ပို့ခွင့် ယာယီ ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်ကျ ဘယ်လောက်အရေးကြီးကြီး ယင်း Facebook အကောင့်ကနေ Message မပို့တော့ပဲ အခြား အကောင့်များဖြင့်သာ Message ပို့သင့်ပါတယ်။

၎။ Link
Blog နဲ့ Facebook ဆက်စပ်မှု ရှိပါတယ်။ ဆက်စပ်ပုံကတော့ Facebook မှာ Blog ကို သိပ် recommend မပေးပါဘူး။ Fan Page များ အထူးသတိထားရပါမယ်။ Post တင်တိုင်၊ Chat တိုင်း မိမိ Blog ကို ဝင်ကြည့်စေလိုတဲ့အခါ Link လေးတွေ ပေးတတ်ကြပါတယ်။ အဲဒီလိုပေးတဲ့အခါ Facebook က Check bo× ပေါ်လာပြီး လူလား၊ ကွန်ပျူတာလား သိအောင် စာတွေ Bo× ထဲမှာ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေပေမယ့် သုံးလေးခါ မက မှားပြီဆိုရင် အကောင့် Lock ကျသွားပါမယ်။
အထက် ဖော်ပြပါ အချက်များအတိုင်း အဆင်ပြေပြေ အသုံးပြုသွားရင်ရပေမယ့် Friend Request ကို ၄၊ ၅ ဦးထက်မနည်း ပေးမယ် ။Comment ဇွတ်ပေးမယ် ။Message မပို့ပါနဲ့လို့ တားထားတဲ့ ကြားက ဇွတ်ပို့မယ်။ Link တင်တိုင်း အကခရာ တွေကို မှန်အောင် မရိုက်ထည့်နိုင်ဘူး… စသည်ဖြင့် အားလုံး (သို့မဟုတ်) တစ်ခုခုကို ပြုလုပ်မိရင် အကောင့် ကြိမ်းသေ Lock ကျသွားမှာ ဖြစ်ပါတယ်။
Log in ပြန်ဝင်ခိုင်းပြီး Log in ဝင်ပြီးနောက် ထပ်ကျလာမှာကတော့ ပုံမှာ ပြထားတဲ့ Page လေး ဖြစ်ပါတယ်။ Check Point ဆိုပြီး ဖုန်းနံပါတ် တောင်းပါတယ်။

ဖုန်းနံပါတ် ဖြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ မိမိရဲ့ဖုန်းနံပတ်ကို ဖြည့်ပြီး သူက Code နံပါတ်ကို Message ပို့ပေးတယ်ဆိုပါတယ်။ ယင်းရတဲ့ Code နဲ့ အကွက်လေးထဲမှာ ပြန်ဖြည့်ရင် အကောင့်ပြန်ရတယ် လို့ဆိုပါတယ်။ အခြားနိုင်ငံများမှာ အဆင်ပြေပေမယ့် မြန်မာပြည်က ဖုန်းနံပါတ်များနဲ့ တော့ အဆင်ပြေတာ ရှားနေပါတယ်။ အချို ကျတော့ မိမိဖုန်းနံပါတ် ရိုက်ပြီး Message ပို့တယ်ပြောပါတယ်။ အချို့ ကျတော့ Voice call ကလစ်နှိပ်ပြီး ခေါ်မှာ ရတယ်လို့ဆိုပါတယ်။

လက်ရှိ တွေ့ကြုံရသူ တစ်ဦးကတော့ ယခုချိန်ထိ ပြန်မရသေးပါဘူး။ ဖုန်းနံပါတ်ကို ဟန်းဖုန်းဖြစ်ရင် 9 ထပ်ဖြည့်ရိုက်ရပါတယ်။ သို့ပေမယ့် Message လည်းမရ၊ voice call လည်းမရသောကြောင့် အကောင့်ဟာ ယာယီပိတ်သွားတာလား၊ အပြီးပိတ်သွားတာလားကတော့ Facebook Admin များသာ သိရှိမှာ ဖြစ်ပါတယ်။
အကောင့် Lock ကျပြီး ပြန်ရဖို့ကြိုးစားရတာကနောက်မှ ကြိုတင် ဆင်ခြင်ထားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော ပြောင်းလဲနေတဲ့ Facebook Policy ကြားမှာ စာဖတ်သူတို့အကောင့် မပျက်ရန် တိုက်တွန်း ရေးသားမျှဝေ လိုက်ရပါတယ်။

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးများအတုအယောင် ကမ္ဘာမှာ ဆင်ခြင်စရာ


     လူမှုကွန်ယက်စာမျက်နှာတွေဟာ မျက်မှောက်ခေတ်ရဲ့ လူမှုဘဝထဲကို ထည်ထည်ဝင်ဝင် ဝင်ရောက် လို့လာနေ ပါတယ်။ သတင်း၊ အချက်အလက်တွေ မြန်ဆန်စွာ ဖလှယ်နိုင်မှုဆိုတဲ့ အားသာချက်ကြာင့် သတင်းခေတ် လူသားတွေအတွက် အွန်လိုင်းစာမျက်နှာတွေကို ချိတ်ဆက်အသုံးပြုမှုဟာ နေ့စဉ် ဘဝရဲ့ နိစ္စဓူဝ အလုပ်ဖြစ်လာပါတယ်။ သတင်းဌာနတွေကလည်း အွန်လိုင်းကို အသုံးပြုပြီး သတင်းတွေကို သတင်းဖတ်သူထံ အမြန်ဆုံးပို့ဆောင်ခြင်းဖြင့် သတင်းစီးဆင်းမှုကို ပိုမိုမြန်စေတယ်။ စီးပွားရေး လုပ်ငန်းတွေ ကလည်း လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် ကြော်ငြာတာ၊ ဈေးကွက်မြှင့်တင်တာ တွေ ပိုလုပ်လာနိုင်တယ်။
   လူငယ် မိန်းခလေး၊ ယောင်္ကျားလေးတွေကို အမြဲတမ်း ခြေရာကောက်၊ လိုက်ရှာနေတတ်တဲ့ ကာမမုဆိုးတွေ (Sexual Predators) ဟာ အွန်လိုင်းရဲ့ နေရာတိုင်းမှာ၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ တည်ရှိနေတတ်ပါတယ်။ သိမြင်လွယ်တဲ့၊ ချက်ချင်း သတိထားမိနိုင်တဲ့ ပုံစံတွေကတော့ အွန်လိုင်းမှာ လိင် (သို့) လူမျိုး၊ ဘာသာ စတဲ့ ကွဲပြားခြားနားမှု အတွက် အနိုင်ကျင့် ပြောဆို၊ ပြုမှုဆက်ဆံမှု (Online Bullying)၊ အွန်လိုင်း (သို့) လူမှုကွန်ယက်စာမျက်နှာ ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ပြောဆို၊ ဆက်ဆံ၊ စော်ကားမှု (Online Trolling)၊ လိင်ပိုင်းဆိုင်ရာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုမူပြောဆိုမှု (Sexual Harassment)၊ အွန်လိုင်းမှ တဆင့် ဆက်သွယ်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု (Sexual Abuse) စတာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ လူကြီး တင်မက လူငယ်တွေလည်း ချက်ချင်း မဟုတ်တောင် အဖြစ်အပျက်တစ်ခု၊ နှစ်ခု ကြည့်ပြီး၊ ကြုံတွေ့ပြီးရင် ကာကွယ်၊ ဆင်ခြင်သွားနိုင်လို့ ရပါသေးတယ်။
    ဒါတွေထက်ပိုကြီးမားတဲ့ အန္တရာယ်ကတော့ ချက်ချင်း သတိမမူနိုင်တဲ့ အပေါ်ယံမှာ ဟန်ဆောင်ကောင်း တတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေပါ။ သူတို့ဟာ သူတို့ ကျွမ်းကျင်တဲ့ အတတ်ပညာ တစ်ခုခု၊ ကျွမ်းကျင်မှု တစ်ခုခုကို အသုံးချပြီး လူတွ စိတ်ဝင်းစားလာအောင် လုပ်မယ်၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေ (Social Engineering Skills) ကိုသုံးပြီး လူတွေကို ယုံကြည်လာအောင်လုပ်မယ်၊ ဒါတွေအားလုံး အခြေခိုင်ပြီဆိုရင် စိတ်ဝင်းစားမှု၊ ယုံကြည်မှုကို တလွဲ အသုံးချတတ်ကြတဲ့ သဘောပါ။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုပညာ (Social Engineering Skills) ကို သတင်း၊ နည်းပညာ ဘာသာရပ် (IT) မှာ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံမှု အန္တရာယ် (Potential Threat / Risk) ထဲမှာ ထည့်လေ့ရှိပါတယ်။
    လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် စသိ၊ ပြီးတော့ အွန်လိုင်းမှာ စည်းရုံးခံရ၊ နောက် လူချင်းတွေ့ပြီး ကာမ လုယူခံရ၊ တခါတလေ အသတ်ပါခံရတတ်တဲ့ မိန်းခလေးငယ်၊ ယောင်္ကျားလေးငယ်တွေ ရင့်နင့်ဖွယ် အဖြစ်အပျက်တွေဟာ နိုင်ငံတကာ သတင်းတွေမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဗမာပြည် မှာတောင် သိပ်မကြာခင်က အွန်လိုင်းမှာ ခင်မင်ရာက တဆင့် ရင်းနှီးပြီး မိန်းခလေးငယ် က ယောင်္ကျား လူကြီးဆီ မိဘမသိအောင် ခိုးလိုက်လာတဲ့ သတင်းတွေ့ရပါသေးတယ်။ ဒီဖြစ်ရပ်မှာတော့ ယောင်္ကျားဖြစ်သူ လူကြီးက အကျင့်သီလ ပြည့်စုံသူဖြစ်တော့ မိဘကို အကြောင်းကြားပြီး ပြန်ပို့နိုင်ခဲ့ပါတယ်။ ဒီလို မဟုတ်ဘဲ လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့်၊ ဖျက်စီးခံရတဲ့ ယောင်္ကျား၊ မိန်းမ ကလေးသူငယ်တွေရဲ့ အဖြစ်ဆိုးတွေ ဗမာပြည်မှာလည်း ရှိနေနိုင်ပါတယ်။ နိုင်ငံတကာ လေ့လာမှု စစ်တမ်းများရဲ့ သုံးသပ်ချက်အရတော့ ကာမမုဆိုးတွေ ဟာ အွန်လိုင်းမှာ သောင်းနဲ့ချီတဲ့ ပမဏနဲ့ အချိန်တိုင်း ရှိနေတယ်လို့ ဆိုပါတယ်။
        အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာနဲ့ အဝှမ်း ဖြစ်လေ့ရှိတဲ့ သဘောနဲ့ အန္တရာယ် တွေပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ တွေးခေါ်၊ ဆင်ခြင်၊ စဉ်းစားမှုကို အားပေးတဲ့ အလေ့ အကျင့်ရှိ တဲ့ လူ့အဖွဲ့အစည်းတွေ ရှင်သန်တဲ့ တိုးတက်ခေတ်မီတဲ့ တိုင်းပြည်ကြီးတွေမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။ ဒီတော့ ဗမာပြည်လို အတွေးအခေါ်၊ စဉ်းစာမှု ပေးတာကို အားနည်းတဲ့ ပညာရေးစနစ် ရှိတဲ့၊ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းတွေရှင်သန်တဲ့၊ အသိ၊ အမြင်နည်းတဲ့ တိုင်းပြည် အတွက် ဒီလို အန္တရာယ် တွေဟာ မဖြစ်မနေ အလေးဂရုပြုပြီး ပညာပေးတာ၊ ကာကွယ်တာ လုပ်ဖို့ လိုပါ တယ်။
  နောက်တစ်ခုတင်ပြချင်တာကတော့ လူမှုကွန်ယက်စာမျက်နှာတွေရဲ့ နည်းပညာ သဘောပါ။ ဒီလို အွန်လိုင်းဆက်သွယ်ရတဲ့ စာမျက်နှာတွေဟာ အနောက်တိုင်းက အစပြုတာပါ။ အနောက်တိုင်းဓလေ့က ကိုယ်ပိုင် လွတ်လပ်မှု၊ ကိုယ်ပိုင်ဘဝ (Private Life) လုံခြုံမှုကို အင်မတန်အလေးထားပါတယ်။ ဒီသဘောကို သူတို့ရဲ့ နည်းပညာတွေမှာလည်း အပြည့်အဝ ထည့်ပေးထားပါတယ်။
    လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလုံးစုံ အပြည့်အဝမဟုတ်တောင် အထိုက်အလျောက် ကာကွယ်နိုင်တဲ့ အရာ (Features) တွေထည့်ပေးထားပါတယ်။ ဒါတွေကို လူကြီး၊ လူငယ်အားလုံး သုံးတတ်အောင်၊ ကာကွယ်နိုင်အောင် သိနားလည်ထားပြီး တကယ်လည်း ကာကွယ် အသုံးချရပါမယ်။ မသိသေးရင်လည်း နေ့စဉ် ထမင်းစားတာ၊ ရေသောက်တာလို ဖြစ်နေပြီဖြစ်တဲ့ အလေ့ အကျင့်တစ်ခုရဲ့ လုံခြုံရေးအတွက် အချိန်ပေးပြီး လေ့လာရပါမယ်။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ မှန်ကန်တဲ့ ပညာပေးမှုပါ။ ဗမာ့လူ့အဖွဲ့အစည်းမှာ ရှက်လို့၊ ကြောက်လို့၊ ဒါမှ မဟုတ် လူကြီးနဲ့ လူငယ် မပြောကောင်းလို့၊ ယဉ်ကျေးမှုကြောင့်၊ ရိုးရာကြောင့် အစရှိလို့ မပြောမဆို၊ မဆွေးမနွေး၊ ပညာမပေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ၁၉၉၀ ခုနှစ်များတုန်းကဆို လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ အေအိုင်ဒီအက်စ်ရောဂါ အကြောင်းကို အထက်မှာ တင်ပြခဲ့တဲ့ လွဲမှားတဲ့ အကြောင်းပြချက်တွေကြောင့် လူငယ်တွေအပေါ် လိင်ဆက်ဆံရာမှာ အကာအကွယ် သုံးဖို့ လှုံ့ဆော်တာမျိုး၊ ထိရောက်တဲ့ ပညာပေးမှုမျိုး မပြုလုပ်နိုင်ဘူး။
   ဒီလို ရှေးဆန်တဲ့၊ ကျဉ်းမြောင်းတဲ့ အယူအဆတွေကြောင့် တိုင်းပြည်ရဲ့ အဖိုးတန် ရတနာတွေကို အချိန်မတိုင်ခင် ဆုံးရှုံးကုန်ရပါတယ်။ ခု အချိန်ထိလည်း လိင်ပညာပေး အစီအစဉ်၊ ကိုယ်ဝန်ဖြစ်ပေါ်လာပုံ၊ လိင်ဆက်ဆံမှုမှာ ဆောင်ရန်၊ ရှောင်ရန် စတာတွေကို ကျောင်းပညာရေးမှာ စနစ်တကျ သင်ပေးခြင်း မရှိသေးပါဘူး။ လူမှုရေးရှုထောင့်၊ ဒါမှမဟုတ် ဘာသာရေးရှုထောင့်ကနေ ပြောဆိုဆွေးနွေးထောက်ပြစရာ အကြောင်းတွေ ရှိကောင်း ရှိနိုင်တဲ့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းဟာ ပျိုရွယ်တဲ့၊ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ပုထုဇဉ် လူသာ၊ အထူးသဖြင့် လူငယ်၊ လူရွယ် အတွက် သဘာဝပါ ဆိုတာကိုလည်း လက်ခံထားရပါမယ်။ လိင်ပညာဟာ လူဘဝတလျောက်လုံးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ မှာဖြစ်တဲ့ အတွက် ကလေးသာသာ အလယ်တန်းကျောင်းသား အရွယ်မှာကတည်းစပြီး ကျောင်းသန်ခန်းစာတွေမှာ စနစ်တကျ ထည့်သွင်းပြီး သင်ကြားပေးရမယ့် ပညာဖြစ်ပါတယ်။ ထိုနည်းတူ အခြား လူငယ်တွေ လက်တည့်စမ်း နိုင်တဲ့ ဆေးလိပ်၊ အရက်၊ မူးရစ်ဆေးဝါး စတာတွေ၊ လူငယ်ကြားရေပန်းစားတဲ့၊ အထက်မှာ အဓိက တင်ပြခဲ့တဲ့ လူမှုကွန်ယက်စာမျက်နှာတွေလို လူငယ်ရေပန်းစားယဉ်ကျေးမှုရဲ့ အကောင်းအဆိုးတွေ ကိုလည်း စနစ်တကျ မှန်ကန်တဲ့ ပညာပေးမှုတွေ လုပ်ကို လုပ်ရမှာပါ။
       လူမှုကွန်ယက်စာမျက်နှာအကြောင်းကို နောက်ဆုံးနိဂုံးချုပ်ရရင် အွန်လိုင်းဆက်သွယ်ပြောဆိုဆက်ဆံနိုင်တဲ့ သဘောရဲ့ အကျိုးကျေးဇူးကြီးပုံတွေကို လူကြီး၊ လူငယ်အားလုံးသိကြပါတယ်။ ထို့အတူ တပါတည်း ပါလာ တဲ့ မြင်သာတဲ့ အဆိုးတွေ၊ မမြင်သာတဲ့ အပြစ်တွေကိုလည်း လူကြီး၊ လူငယ်အားလုံး သိအောင် ပြောဆို ၊ ဆွေးနွေး၊ ထောက်ပြ ရပါမယ်။ ကလေးသူငယ်၊ လူငယ်တွေအတွက် ထိခိုက်မှုက ပိုကြီးမားလွန်းတော့ သူတို့အတွက် ကောင်းမွန်၊ မှန်ကန်၊ အကျိုး၊ အကြောင်းညီတဲ့ ပညာပေးမှုတွေ လုပ်ကိုလုပ်ရပါမယ်။
     ယဉ်ကျေးမှု ထိခိုက်လို့ ကိုရီးယားကားတွေ မပြနဲ့ကွာဆိုတဲ့ လွဲမှား၊ ကျဉ်းမြောင်းတဲ့ အယူအဆ လို လူငယ်တွေ ဒါတွေ၊ ဒါတွေ မသုံးစေနဲ့လို့ တားမြစ်လို့မရပါ။ အထက်ကတင်ပြခဲ့သလို ဒါတွေ ဒါတွေမှာ ဒီလို၊ ဒီလို ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိတယ်၊ ဒီတော့ ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ရမယ် ဆိုပြီး အကျိုး၊ အကြောင်းညီ၊ တော်တည့်မှန်ကန်တဲ့ လမ်းညွှန်မှုမျိုး၊ ပညာပေးမှုမျိုး လုပ်ရပါမယ်။ ဒီလို အကြောင်း အရာတွေကို လူကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ ဝေငှပါ၊ နှိုးဆော်ပါ၊ လူငယ်တွေကိုလည်း မှန်ကန်တဲ့ ဗဟုသုတပေးပါ။ ဒီလိုနဲ့ ပိုမိုကောင်းမွန်တဲ့ လက်တွေ့ ကမ္ဘာ လူအဖွဲ့အစည်းနဲ့ အတူ ပိုမိုကောင်းမွန်တဲ့၊ ကလေး၊ လူကြီးမရွေး လုံခြုံစိတ်ချရတဲ့ အတုအယောင်ကမ္ဘာငယ်လေးကိုလည်း တွဲလျက် ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။  ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးများ အတုအယောင် ကမ္ဘာမှာ ဆင်ခြင်ကြစေရန် လက်ဆင့်ကမ်မျှဝေပေးကြပါ..။
http://www.facebook.com/tomorrow.neverdie.1238?ref=ts&fref=tsမှ ကူးယူမျှဝေလိုက်ရပါသည်။

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

    အတော်များများတော့ သိကြပြီးသားဖြစ်ပါလိမ့်မယ်။

အရမ်းအဆင်ပြေတယ်ဆိုတာလည်းသိကြမှာပါ။


မသိသေးတဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့ ရည်ညွှန်းပါတယ်နော်။


_____________________________________________________________

ကျနော်တို့ရဲ့ Face book စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့လေးပါ။

အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ

ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ

ရောက်သွားတော့မှာလေ။



ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ...

(၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။(ခုတော့ mail setting ပေါ့)



....



(၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို

Enable ပေးထားပါ။




(၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။



(၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး

Add နှိပ်ပါ။ပြီးရင် save လိုက်ပါ။



http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml




အဲဒါတွေပြီးသွားရင်တော့ ကျနော်တို့ရဲ့ G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့)


Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့

G-mail Inbox ထဲက


ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။



အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင်


Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။





 ဒါဆိုရင်တော့ Face book ထဲကို


Log-in ၀င်လို့ရပါပြီ ။



ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ။




______________________________________________________________________


ဘာရယ်တော့မဟုတ်ဘူး.......... အားလုံးအဆင်ပြေကြပါစေနော်......
မူရင်း....ခန့်ချောလေးးး

facebookအကောင့်အဟတ်ခံရရင်ပြန်ယူနည်း

 ကိုfacebookအကောင့်အဟတ်ခံရရင်ပြန်ယူလို့ ၇တဲ့နည်းပေါ့နော်.အောက်မှာကြည့် နော်
1...Facebook Home Page အောက်နားက Help ကိုကလစ်လုပ်ပါ...

2..Common Searches  များအောက်က disabled ကိုကလစ်လုပ်ပါ..
3..
I was blocked or disabled.
   ( Information about feature blocks, disabled personal accounts, and disabled fan Pages. ) မှာ ကလစ်လုပ်ပါ...
4..
( There are different reasons why you may not be able to access your acc...)
5..Login and Password  မှာကလစ်

6..
My email address or my Facebook account has been compromised.    မှာကလစ်လုပ်ရင် အောက်က စာသား နှစ်ခုတွေ့မယ်...

Please choose one of the options below.

  1. If you can send and receive emails from your login email address, click here.

  1. If you cannot send or receive emails from your login email address, click here.

7....( 2 )မှာ ကလစ်လုပ်ပြီး မေးထားတဲ့မေးခွန်းတွေဖြေ....အောက်မှာနမူနာနော်

8..ပြီးရင် Submit...နိုပ်လိုက်နော်....အဆင်ပြေပါစေနော်..

ဗိုက်ခေါက်ထူ၊ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်


မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ...

ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက
အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေ
ကို ရောစပ်ပြီး အသုံးပြုရမှာပါ..... ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်
ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖော်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း

ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/
လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ

စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်တစ်ပါတ်
အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီးသိသိ သာသာ ဗိုက်ချပ် စေပါတယ်တစ်ပါတ်
အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

http://www.myawady.com.mm/health/treatment/item/4503-2013-01-16-09-...

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

လုပ်နည်းလေးကတော့ကျွန်တော်ရင်းနှီးတာကြာပါပြီ သုံးချင်တဲ့သူငယ်ချင်းတွေသုံးလို့ရအောင်မျှဝေပေးလိုက်ပါတယ်
သုံးတတ်ရင်သုံးတတ်သလို  ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်းလိုက်ပါနော်
Download link_     http://www.mediafire.com/?dpzgdjj33am2a34
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb ကိုအောက်မှာဒေါင်းလိုက်နော်
Download link_    http://www.mediafire.com/?t5o16i4cojy897c
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Download link_     http://www.mediafire.com/?3cqoktua75zlpfq
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။
၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  ဖုန်းထဲက System>framework-res.apk ကို ကွန်ပျူတာထဲ copy ကူးပြီး အဲဒီဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန် link_    http://www.mediafire.com/?s9iuben1r1b0rqa
၂၈။ 7zip software ဒေါင်းရန် link_    http://www.mediafire.com/?4liv0p0g9l7ty2x
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ 7zip  software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးဘဲအစဉ်ပြေကြပါစေနော် မောလိုက်တာနော် ဟိဟိ
Note++ Software အားရယူရန်_   http://www.mediafire.com/?hcmwiomc5m8ctfm
Ref:www.myanmarmobileapp.com
လက်ခုပ်သံမလိုချင်ပါဘူးသူငယ်ချင်းတို့ဗဟုသုတ၁ခုတိုးသွားရင်ကျေနပ်ပါတယ်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူများတွေထက်ပိုလန်းချင်ရင်တော့ နဲနဲတော့အပင်ပန်းခံရတယ်ဗျ ဟိဟိ ကြိုးစားလုပ်ကြည့်လိုက်နော်

ဖုန်းမပျောက်ချင်ရင်ဒါလေးသုံးလိုက်နော် Mobile Alarm System v1.2.3 for Android


Androidဖုန်းများအတွက်apkအလန်း လေးတစ်ခုပါကျွန်တော်တော်လေးကြိုက်လို့shareပေးလိုက်တယ်နော်။သူငယ်ချင်းတို့ဖုန်းကို
တစ်ခြားနေရာမှာကျန်နေခဲ့လို့ဖြစ်စေတစ်ခြားသူကိုင်တာမျိုးမကြိုက်သူတွေအတွက်ဒီAPK လေးနဲ့လုပ်ဆောင်နိုင်ပါတယ်.သူ့ကောင်း
ချက်လေးတွေကတော့ဖုန်းကိုလက်ရှိနေရာကနေအကြောင်းအမျိုးမျိုးကြောင့် ရွေ့သွားလျှင်Alarmထမြည်လာပါလိမ့်မယ်။
Proximity Sensor ကိုအသုံးပြုထားပါတယ် ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာပါမယ်၊
ဖုန်းကိုအားသွင်းထားချိန်ဖြစ်ဖြစ်တစ်စုံတစ်ယောက်ကကိုင်လိုက်တာဘဲဖြစ်ဖြစ်ပြုလုပ်လိုက်ပါကAlarmထမြည်ပါလိမ့်မယ်၊

ဖုန်းရှေ့မှာလှုပ်ရှားမှုကိုမြင်တာနဲ့Alarmကထမြည်ပြီးလှုပ်ရှားမှုများကိုဓါတ်ပုံရိုက်ယူထားနိုင်ခြင်းများစတဲ့Features.များပါဝင်
လာပါတယ် တော်တော်လေးမိုက်တယ်ဗျကျွန်တော်ကတော့ကြိုက်မှကြိုက်Android2.2နဲ့အထက်မှာဘဲသုံးလို့ရမှာနော်...။

--- FEATURES ---
- 6 different sensors
- 8 different sounds
- Take a picture when the alarm is triggered
- Beautiful design
- PIN Lock
- Duration of the alarm can be changed
- Sensitivities of the different sensors can be changed
- Alarm siren can be delayed so that the alarm can be cancelled in advance (if the user can unlock the phone)
- precise noise and motion detection
- Camera preview
- Send e-mail, sms or make a call when the alarm is triggered
လေ့လာချင်သေးရင်တော့အောက်ကလင့်မှာလေ့လာနော်
link_   http://www.prohp.net/2013/01/mobile-alarm-system-1-2-3.html
Apk လေးကိုတော့အောက်ကကြိုက်ရာလင့်ကယူလိုက်နော်
Download link_Zippyshare_  http://www46.zippyshare.com/v/84485309/file.html
Download link_Filesear_  http://filesear.com/xxy964q7dx14/MASv1.2.3.apk
Download link_Howfile_   http://howfile.com/file/dde3fe8a/9a900f25/
Download link_Sendspace_  http://www.sendspace.com/file/mwm75t

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ


ဆီးအောင့်ရောဂါ အတွက်......
ယောကျာင်္းဆီး ၊ မိန်းမ မီး "ဆိုသောစကားရှိပါသည်။aယာကျာင်္းသားများအဖို့ ဆီးရောဂါဟာအလွန်ပဲ ကြောက်စရာ
ကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ...........ကြံရည်ကိုတစ်ဖန်
ခွက်မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို(၅)ပုံ(၁)ပုံ သွေး၍ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ..............

ချောင်းဆိုးလို စိတ်မညစ်နဲ့တော့....ဆေးနည်း....တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်း
တစ်ဆုပ်ကိုပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုး  ချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်သောက် ရုံ မျှနှင့်
သက်သာပျောက်ကင်း ပါသည်။တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
အပင်ပုံစံ....လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူ
ပါသည်။မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........

သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ.......... (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း
(emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ဒါဆိုရင်( ၈)အာင်စ၀င် ဖန်ခွက်
နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကိုတနေ့ ၎ခွက်မှ၆ခွက်အထိ သောက်ပေးပါ။ အရည်က ရောင်ရမ်းနေ
တဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့အခါ သလိပ်တွေကို
အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ ၊ ဆီပူလောင်လျှင် .......

ရေနွေးပူ၊ ဆီပူလောင်လျှင် ....................... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ...
အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်းအကိုက်အတွက်ဆေးတစ်လက်........

အညောင်းသမားတွေအတွက်ပေါ့.... .ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက် မသယ်ချင်အောင် ညောင်း
နေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)
တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ..........။
(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် ......
ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသောသံမနိုင်ရွက်ကို စားသုံးခြင်း
တို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

သို့သော်သည်းခြေအိတ်တွင်တည်နေသော ကျောက်တို့မှာမူသံမနိုင်ကျောက်မနိုင်ဖြင့်မပျောက်နိုင်ပါ။သည်းခြေ
အိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်
ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။

အရွက်မှာ ချဉ်သောအရသာရှိပါသည်။၎င်းအရွက်ကို... ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊
ရေနွေးဖြော၍သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်းတို့ ပြု
လုပ် အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊ အသည်း၊ ကလီစာ များရှိ
အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်ဖြစ်ပါသည်။

၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါ ဖန့်ဖန့် ဖြစ်ပြိး၊ အသားမှာ ထူ၍နုးညံ့ပါ
သည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ ကင်းနယ်၊ မင်းကင်းနယ်များတွင်
လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များ တွင်လည်းကောင်း ပေါများစွာ ပေါက်ရောက်လေ့ရှိပါ
သည်။(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......

ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသောလိပ်ခေါင်းသာလျှင် အဓိက
ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံသဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး
ခေါ်ကြသည်။ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည်အခါ ဖနောင့်နှင့်ပိတ်ထား၍ထိုင်နေ
ရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက်သွားလာလို့လည်း
မရ၊ ထိုင်လို့လည်းမရ။ညည်းတွားနေရသည်။

ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်ဆက်တိုက် ကျွေးလိုက်သော
အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီးသွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်

ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်ရောက်နေသည်။ အရွက်မှာ
ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။
ကြွက်နို့ ပျောက်ဆေး .......

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်းချင်း
ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှ နုတ်၍ လက်တွင်း တစ်ဆုပ်ကို ပြုတ် သုံးခွက်တစ်ခွက်တင် ကျို
သောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။တီဘီရောဂါ
သည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

မင်းမင်းဇော်
Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို

Sunday, January 13, 2013

ခင်မောင်စိုးကို Android ဖမ်းယူကြည့်ရှုနည်း

အားလုံးဘဲမင်္ဂလာပါဗျာ ဒီနေ့ ကျွန်တော်တင်ပေးမဲ့ပိုစ့်လေးကတော့
ကျွန်တော်ရဲ့ ဆိုဒ်လေးကို Android ဖုန်းကနေဖမ်းယူကြည့်ရှုနည်းလေးပါ
ဒါကြောင့်ကြည့်ချင်သူများ အောက်မှာဒေါင်းရမဲ့နေရာလေးပေးထားပါတယ်
App လေးကိုဒေါင်းပြီးဖုန်းထဲထည့်လိုက်ရင် ကျွန်တော့်ဆိုဒ်ကိုဖတ်လို့ ရပါပြီ
အားလုံးဘဲမင်္ဂလာပါ................



ဒီမှာဒေါင်းပါ

Tuesday, January 1, 2013

ဘတ်စ်ကားပေါ်တွင် ဘဝရှုံးခဲ့၍ ကံဆုံးရသူ အိန္ဒိယဆေးကျောင်းသူလေး...^^


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူလေး တစ်ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင် ကြည့်ပြီး ပြန်လာပါတယ်။
ဘက်စ်ကားစီးပြန်ပေမယ့် ကားပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဒါကို အခွင့်အရေးယူပြီး အမျိုးသား ၆ ဦးဟာ ဘက်စ်ကားပေါ်ပါလာ တဲ့ ဆေးကျောင်းသူတို့ ခရီးသည် နှစ်ဦးကို နှိပ်စက်ပါတယ်။ အမျိုးသမီး ဆေးကျောင်း သူကို နှိပ်စက်ရုံတင်မကပဲ ဝိုင်းဝန်း အဓ္ဓမ ကျင့်ခဲ့ ပါတယ်။ ယင်းနောက် နှစ်ဦးလုံးကို အမြန်မောင်းနေတဲ့ ဘတ်စ်ကားပေါ်က ပစ်ချခဲ့ပါတယ်။
ဒဏ်ရာဗလပွနဲ့ လူနှစ်ယောကို ဒေလီမြို့ ပေါ်က ဆေးရုံမှာ ကုသပါတယ်။ အမျိုးသမီးငယ်လေး အခြေအနေမဟန်တော့ပါဘူး။ ပြည်တွင်း ဆရာဝန်များ ကယ်မနိုင်တော့တဲ့အခြေအနေမို့ စင်္ကာပူက Mount Elizabeth ဆေးရုံပေါ် တင်ပြီး ကုသပါတယ်။
ဆေးကျောင်းသူလေး အမျိုးသမီးမှာ ဒဏ်ရာအတော်များပါတယ်။ ကိုယ်တွင်း ဒဏ်ရာ၊ ပြင်ပ ဒဏ်ရာ၊ ဦးနှောက်ဒဏ်ရာ၊ စိတ်ဒဏ်ရာပေါင်း များစွာနဲ့ ကုသမှုခံယူခဲ့ပါတယ်။ မထူးခြားပါဘူး။ ဒီဇင်ဘာလ ၂၉ ရက် ရက်နေ့ မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။
သူမ ရဲ့  သတင်းကြားရတဲ့ အိန္ဒိယပြည်သူများ ဒီတိုင်း ကြည့်မနေ တော့ ပါဘူး။ နယူးဒေလီမြို့ အပြင် ကျန်မြို့ ကြီး တွေမှာပါ အိန္ဒိယ ပြည်သူပေါင်း သန်းနဲ့ချီပြီး ဆန္ဒပြ ဆန့်ကျင်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယအမျိုးသမီးတို့ရဲ့  ဘဝလုံခြုံမှုကို အပြည့်အဝ မပေးတဲ့ အစိုးရအား ဖြုတ်ချဖို့ အထိတောင် တောင်းဆိုပါတယ်။ အဓ္ဓမ ပြုကျင့်မှုများ၊ မတရားအနိုင်ကျင့်မှု များဟာ အိန္ဒိယမှာ အမြဲလိုလို ဖြစ်နေပေမယ့် ယခု ဖြစ်ပွားမှု ကတော့ တော်တော်ဆိုးရွားပြီး ကမ္ဘာသိ ဖြစ်သွား ရပါတယ်။ ကမ္ဘာ့သတင်း မီဒီယာများလည်း စောင့်ကြည့်လာပြီး အမျိုးသမီး လူ့အခွင့်အရေး အတွက် အိန္ဒိယ အစိုးရက ဘယ်လို ပြန်ပေးဆပ်မယ်ဆိုတာကို စောင့်ဆိုင်းလျက် ရှိပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Manmohan Singh လည်း စိတ်မကောင်းစွာနဲ့ပဲ ဆန္ဒပြ သူများ စိတ်တိုင်းကျဖြစ်လာဖို့ ကြိုးပမ်း ပေးနေပါတယ်။ လက်ရှိမှာ တရားခံ နဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီး ရမိ ထားပြီး တရားခံများကို မကြာမီ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆို ထားပါတယ်။
ဘယ်လို တရားစီရင်မှုလုပ်လုပ်၊ အပြစ်ပေးမှုလုပ်လုပ် သေသွား တဲ့ ဆေးကျောင်းသူကို အသက်ရှင်လျက်နဲ့ ပြန်မရနိုင်တော့ပါဘူး။ အသက်ရှင်ရင်တောင် ဘဝမရှင် တော့တဲ့ သူမဟာ ဘဝသေပြီးသား လူ ဖြစ်ပါတယ်။ နယူးဒေလီမြို့ ကြီးရဲ့  ညတွေမှာတော့ သူမအတွက် ဆုတောင်းပေးတဲ့ ဖယောင်းတိုင်များနဲ့ ထိန်လင်းလျက် ရှိကြောင်း သိရပါတယ်။

Saturday, December 29, 2012

နှစ်သစ်ကူးအမှာစကားလေး

2012 ကုန်လို့ 2013 ကိုရောက်တော့မယ်ပေါ့ ကဲမြန်မာပြည်သူပြည်သားတွေနဲ့အတူ
ပျော်စရာနှစ်သစ်လေးကိုအတူကူးပြောင်းလိုက်ရအောင်လားဗျာ ဒီရက်ပိုင်းအတွင်း
ကျွန်တော်ပိုစ့်တွေမတင်နိုင်ခဲ့ဘူးတစ်ချို့သောသူငယ်ချင်းတွေကမေးတယ်
ကိုချင်မောင်စိုးနေမကောင်းလို့လားတဲ့ဟုတ်ပါတယ်ကျွန်တော်နေမကောင်းအတော်လေး
ဖြစ်သွားသေးတယ်ရက်အနည်းငယ်ကြာတော့သက်သာလာတယ်အခုတော့အတော်ကို
သက်သာလို့ နေပါတယ် အထူးသဖြင့်ကျွန်တော်နေမကောင်းတဲ့အချိန်တွေမှာ
အားပေးစကားပြောခဲ့တဲ့ကျွန်တော်ရဲ့ သူငယ်ချင်းတွေ၊ အထူးသဖြင့်ကျွန်တော့်ရဲ့ 
သူငယ်ချင်း ဖိုးအေးကိုအထူးတောင်းပန်ချင်ပါတယ်ကော့သောင်းကကောင်မလေးတစ်ယောက်
သူကတော့စိုးရိမ်နေသူပေါ့ဖုန်းလည်းဆက်တယ်  အားလုံးသောသူငယ်ချင်းတွေကတော့
ကျွန်တော့်ကိုနေကောင်းပါစေတဲ့ အခုတော့နေကောင်းလို့  တရားတွေတောင်လိုက်နာ နေတယ်
တရားပွဲတွေကတော့ကျွန်တော်တို့ ဆီမှာဆက်တိုက်လိုဖြစ်နေတယ်ဒါနဲ့ စိတ်ကူးလေးတစ်ခုရလိုက်တယ်
တရားပွဲတွေမှာ လုပ်အားပေးဝင်လုပ်တယ်နိုင်တဲ့နေရာလေးတွေကနေပေါ့ ၊ တစ်ခုပြောချင်တယ်ဗျ
အဲလိုတရားတွေနာရတော့တစ်ခါမှမသိရသေးတဲ့အကြောင်းတွေသိလာရသလို
တစ်ခါမှမဖြစ်ဖူးသေးတဲ့ခံစားချက်တွေဖြစ်လာတာပေါ့၊ ဒါကြောင့်ဘုရားရိပ်၊တရားရိပ်။ပြီးလျှင်
မိဘအရိပ်ဟာအအေးမြဆုံးတဲ့ မှန်ပါတယ်တအားမှန်ပါတယ် လောကဒီကမ္ဘာမှာအသက်ရှင်ဖို့ 
ဘယ်လောက်ကျန်သေးလဲလို့ တွေးနေမဲ့အစားမသေခင်ကို့ နောက်ပါတာလေးတွေကို
ရနိုင်သလောက်တော့ယူမယ်လို့ ဆုံးဖြတ်မိပါတယ် ဒါကြောင့် တရားပွဲတွေမှာ
စေတနာလုပ်အားပေးဝင်လုပ်ခဲ့တယ် ဒါကြောင့်မို့ ကျွန်တော်ဘာပိုစ့်မှကိုမတင်ဖြစ်ခဲ့တာပါ
လာမဲ့တစ်လပိုင်းကျရင်တော့ပုံမှန်ပြန်ရေးပါမယ်၊ ကျွန်တော်ဟာဒီနည်းပညာကိုဘဲ
တစ်စိုက်မတ်မတ်ရေးဖို့ ဆုံးဖြတ်ထားခဲ့ပါတယ် ဘာကြောင့်လည်းဆိုတော့ ပညာအလှု
ဆိုလည်းမမှားသလိုအားလုံးအတွက်အကျိုးရှိတာမို့ ဆက်လုပ်ဖို့ တော့ဆုံးဖြတ်ထားပါတယ်
တစ်လလောက်နားလိုက်တာမို့ လိုအပ်ချက်တွေရှိနေခဲ့မယ်မကူညီနိုင်တာတွေရှိနေမယ်ဆိုရင်တော့
ကျွန်တော်ကနေဘဲအထူးတောင်းပန်ပါတယ်၊ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့
အမှန်တွေကိုမြင်လာနေလို့ ပါဘဲ ဒါကြောင့်နောက်ပိုင်းအထူးဂရုစိုက်လုပ်ဖို့ လည်း၇ှိပါတယ်
လောကအလယ်အသက်ရှင်သန်နေထိုင်ရတာအတော်မလွယ်တာမို့ နေထိုင်ခွင့်ရတဲ့
ယခုအချိန်လေးတွင်းမှာ ကောင်းတာလေးတွေလုပ်ရင်းဘ၀ကိုရိုးစင်းစွာဖြတ်သန်းရင်း
သံသရာဆိုတဲ့ခရီးထဲကောင်းစွာလည်ပတ်ဖို့ ဒါန၊သီလ၊ဘာဝနာ လေးတွေကိုပွားများကြပါလို့ 
အားလုံးအတွက်ဒီနေရာလေးကနေ ဒီစကားလေးကိုပြောရင်း 2013 ကိုအတူပျော်ရွှင်စွာ
သွားကြပါစို့ လားဗျာ..............




" ဒီနေ့ မတ်တပ်တော့ရပ်နေတာဘဲကီးဘုတ်နဲ့ မောက်စ်လည်းကိုင်နေသေးတာဘဲ
   မသေချာတဲ့မနက်ဖြန်အတွက်ဘာတွေပြင်ဆင်ထားရမှာလဲ  ဒီနေ့ ရသလောက်ကုသိုလ်ယူပါ
နိုင်သလောက်လှုပါ ကောင်းတဲ့စိတ်ကလေးထားပါ အားရင်ဂုဏ်တော်လေးပွားလို့ 
သေခြင်းတရားအကြောင်းလေးတွေးကြည့်လိုက်တယ် ပူခက်နဲ့ ဝေးလာတာ 29 တောင်
ရှိနေပြီဘဲ ငါသေဖို့ နီးလာတာဘဲ..............................."



              ဘာမှမမြဲတာမို့ ဘာမှမစွဲလမ်းပါနဲ့ လေ...........................


                                                                                                                ခင်မောင်စိုး.............

                                                                                            မွန်ပြည်နယ် ကျိုက္ခမီ....................

Sunday, December 2, 2012

Blog ၀ါသနာရှင်များအတွက်...အခမဲ့ Blog တစ်ခုဖန်တီးခြင်း(E-book)

မဲဆောက်ညီမလေးတစ်ယောက် အိလင်းဆိုသူက ဘလော့ရေးချင်တယ်ဆို့ ရှာပြီးတင်ပေးလိုက်ပါတယ်မြန်မာ Blogger များ......ပေါ်ပေါက်လာစေရေးအတွက်....ဒီစာအုပ်က အထောက်အကူပြုပါလိ့မ်မယ်....
အသုံးဝင်ပါစေ.........

Download ပြုလုပ်ရန်