တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Wednesday, January 30, 2013

VZO Website မြန်မာဘာသာဖြင့် လေ့လာနိုင်ပြီး

VZO Website ကိုမြန်မာဘာသာဖြင့်လေ့လာနိုင်ပြီဖြစ်ကြောင်းသတင်ကောင်းပါအပ်ပါသည်။စိတ်ဝင်စာလိုလေ့လာချင်ပါက ဒီမှာ လေ့လားနိုင်ပါတယ် အတော်ထူးဆန်းတယ် အခုမျတွေ့ ဖူးတယ်ကြာပြီသူရှိနေတာ ကဲကဲ သူငယ်ချင်းတို့ လေ့လာကြည့်ပေါ့နော်...............

၂၀၁၂-၂၀၁၃ အတွက် ကမ္ဘာ့ထိပ်တန်းဝင် ဈေးအကြီးဆုံးကားများ

SSC Ultimate Aero $654,400
Pagani Zonda C12 F $667,321
Ferrari Enzo $670,000
McLaren F1 $970,000
Hennessey Venom GT Spyder $1,100,000
Zenvo ST1 $1,225,000
Maybach Landaulet $1,380,000
Koenigsegg Agera R $1,600,000
Lamborghini Reventon $1,600,000
Pagani Zonda Cinque Roadster $1,850,000
Aston Martin One-77 $1,850,000
Bugatti Veyron Super Sports $2,400,000

Android ဆိုတာဘာလဲနှင့် သမိုင်းကြောင်း

Android ဆိုတာ ဘာလဲ?နှင့် သမိုင်းကြောင်း


ကျွန်တော် ဒီတစ်ပတ်မှာတော Post လေးတစ်ခု
ရေးရအုံးမယ် နှစ်ပတ်တစ်ခါလောက်တော့

ကျွန်တော် ရေးပေးပါ့မယ်  ဒီတစ်ပတ်ဘာရေးရမလဲစဉ်းစားလိုက်တော့ Android အကြောင်း

လေး တစ်ခုလောက်တော့ရေးမယ်လို့စိတ်ကူးမိတယ်
ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က

Mobile အချိန်ဖြစ်လာပြီလေ ဖုန်းတွေလည်း
ဈေးတွေကျတော့ လူတော်တော်များများ

ဖုန်းကိုင်လာကြတယ် ဖုန်းကိုင်ပြီဆိုကတည်းက
Sim Card တစ်ခုတည်းနဲ့ ဖုန်းပြောလို့မှ

မရတာ Handset လိုလာပြီလေ အဲဒီတော့ ဆိုင်ကိုသွားပြီ
ဆိုင်ရောက်တော့ ဆိုင်ကိုမေးမယ်

ဘယ်လိုဟန်းဆက်လေးသုံးရင်ကောင်းမလဲပေါ့
ဆိုင်က စညွှန်းပြီပေါ့ “အစ်ကိုရေ အခုဟန်းဆက် ကောင်းလေးတွေ ဈေးသိပ်မရှိတော့ဘူး နောက်ပြီးတော့
တက်စခွင်လေ

(touch screen)” ၀ယ်သူစိတ်ဝင်စားအောင်
စပြောလိုက်ပြီ ဒါနဲ့ဝယ်သူက “ဟုတ်လား

ဘယ်ဈေးလောက်ရှိလဲခင်ဗျ” လို့မေးလိုက်ရင်ပဲဆိုင်က
အရောင်းစာရေးမလေးက

“၇သောင်းကနေ စတယ် Android လေ အခုလူတော်တော်များများသုံးနေတာ
ဂိမ်းလည်း

ဆော့ရတယ် ၊ သီချင်းနဲ့ဗီဒီယိုတွေလည်း
ကြည့်လို့ရတယ်၊အင်တာနက်ပါသုံးလို့ရသေးတယ်

ကင်မရာလည်းရတယ် ၊နောက်ပြီးတော့ ကိုလိုချင်တဲ့ဆော့ဝဲတွေလည်း
သွင်းလို့ရသေးတယ်”

ဝယ်သူက စဉ်းစားပြီ ဒါလေးကဒီလောက်တောင်သုံးရသလားပေါ့
“ကဲဒါဆိုလည်း

၇သောင်းတန်လေးပြကြည့်ကွာ ကြိုက်ရင်ယူမယ်နော်”
ဆိုပြီးတော့ ကြည့်ပါလေရော

ပွတ်လည်းပွတ်ကြည့်တယ် ပွတ်ကတာကိုသူကြိုက်သွားတယ်
အရင်က သူကိုင်ဖူးတဲ့

Touch screen တွေနဲ့မှ မတူတာကို သူကြိုက်သွားပြီဆိုတော့
“ဒါလေးကြိုက်တယ် ယူမယ်ကွ”

“ဒါဆို မြန်မာစာနဲ့ ဆော့ဝဲတွေ ထည့်ပေးလိုက်မယ်နော်
ခဏစောင့်အုံးသိလား”

“အေးအေးရတယ် သီချင်းလေးပါသွင်းပေးသိလား
” ဆိုပြီးတော့ Handset အကြောင်း

ဘာမှန်းမသိတဲ့ လူတစ်ယောက် Android လေးတစ်လုံးပိုင်ဆိုင်သွားပြီ

ဒါလေးက ကျွန်တော် ဥပမာပေးတာပါ လူအတော်တော်များများက
အရင်ဟန်းဆက်သေးလေး

တွေကို စိတ်မ၀င်စားကြတော့ပါဘူး ပိုက်ဆံလေး
အတော်အသင့် ပေးပြီးတော့ အကောင်းဆုံး

လေးတွေ ကိုင်ချင်လာကြပြီလေ အဲဒီတော့
ရွေးချယ်လာကြတာက Android

တွေ ဖြစ်လာပြီ ၊ ဒါကြောင့်လဲ
Android က ၂၀၁၂ အတွင်းမှာပင် Apple ကိုကျော်တက်လာ

ခဲ့ပါပြီ …. ဘာကြောင့်လဲ ဆိုတော့
Apple ရဲ့ Product တွေက အရည်အသွေးကောင်းပါတယ်

သူ့ပစ္စည်းတွေက ဈေးကြီးတော့ သုံးနိုင်တဲ့
လူအရေအတွက် နည်းပါတယ် ချမ်းသာသူတွေသာ

သုံးနိုင်တယ်လို့ဆိုပါတော့ ဒါပေမယ့်
ကမ္ဘာမှာ ဆင်းရဲသူနဲ့ချမ်းသာသူ ဘယ်သူများလဲဆိုရင်

ဆင်းရဲသူက အဆမတန်များပြားလွန်းပါတယ်
အဲဒီတော့ ဆင်းရဲသူတွေသုံးနိုင်ပြီး

အရည်အသွေးကောင်းတဲ့ Handset တွေ ကို
ထုတ်နိုင်ခဲ့တဲ့ Android က ကျော်တက်တာ

မဆန်းပါဘူး ။ အခု တော်တော်များများရဲ့
လက်ထဲမှာ Android လေးရောက်ရှိနေပေမယ့်

Android ဆိုတာဘာလဲဆိုတာ သေချာမသိသေးတဲ့လူတွေနဲ့
Android ရဲ့သမိုင်းကြောင်း

လေးတွေ မသိသူတွေလည်း ရှိကြမှာပါ အဲဒီတော့
ကျွန်တော်သိသလောက်လေးကို

ပြန်လည်မျှဝေတဲ့သဘောနဲ့ ဒီပို့စ်လေး
ရေးသားလိုက်ရတာပါ

ကျွန်တော့်ဆိုဒ်လေးကို
အားပေးနေတဲ့ မိတ်ဆွေတွေ တော်တော်များများကတောင်းဆိုကြ

ပါတယ်
iOS နဲ့ပက်သတ်တာလေးတွေ တင်ပေးပါတဲ့ ကျွန်တော်ဒီပို့စ်လေးကပဲ

ဝန်ခံလိုက်ပါရစေ
ကျွန်တော်အခုအချိန်ထိ iOS နဲ့ပက်သတ်တဲ့ idevice တစ်ခုမှ

မကိုင်ဖူးပါဘူး
ကျွန်တော်စိတ်ဝင်စားပါတယ် သုံးချင်ပါတယ် ဒါပေမယ့် မ၀ယ်နိုင်ပါဘူး

ကျွန်တော့်မှာလည်း
ကိုယ်ပိုင်ဝင်ငွေမရှိသေးတဲ့အတွက်ဝယ်မကိုင်နိုင်တာပါ

အဲဒီအတွက်
ကျွန်တော် i နဲ့ပက်သတ်တာလေးတွေ မတင်ပေးဖြစ်တာပါ ဒါပေမယ့်

ကျွန်တော့်ဆိုဒ်လေးမှာ
I နဲ့ပက်သတ်တာလေးတွေကို ကူညီတင်ပေးနေတဲ့

ဘော်ဒါတွေလည်းရှိပါတယ်
… အကယ်၍ ကျွန်တော့်ဆိုဒ်လေးမှာ iOS နဲ့ပက်သတ်တာမှ

မဟုတ်ပါဘူး
အခြားသော နည်းပညာနဲ့ပက်သက်တဲ့ပို့စ်လေးများကို ပါဝင်ကူညီတင်ပေး

ချင်တယ်ဆိုရင်
ကျွန်တော်အောင်ကျော်က အမြဲ welcome ပါ ကျေးဇူးလည်းအရမ်းတင်ပါတယ်

အကယ်၍ တင်ပေးမယ်ဆိုပါကwww.facebook.com/software.aungkyaw
မှာ message

လေးရေးပေးခဲ့ပါနော်… အင်းကြော်ငြာတာတွေနဲ့ ပြောမှာတွေတောင်
ဘယ်ရောက်ကုန်ပြီ

လဲ မသိတော့ဘူး အော် Android သမိုင်းကြောင်း…
က စပြောမယ်ဗျာနော်

Android သမိုင်းကြောင်း

 

Android ကို Google က ပိုင်ဆိုင်ပါတယ်
google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်း

မသိသူမရှိလောက်ပါဘူး … Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်

သူထုတ်ချင်တာက မိုဘိုင်း device တွေပေါ်မှာသုံးဖို့
OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့

အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက
Android Inc ကိုဝယ်ခဲ့တာပါ

ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ်
သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ

စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့်
2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ (ကျွန်တော့်အသက် ၁၃ နှစ်ပြည့်တဲ့ နေ့ပေါ့) မှာပဲ
iOS နဲ့မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး

 အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး
Google ကလည်း Android ကို

အကောင်အထည်ဖော်ဖို့အတွက် 2007 ခုနှစ်မှာ
Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။
အခုလူတော်တော်များများ

ကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင်ဖို့ထွက်လာတာပါ
ဆိုတာပါ ဒီဟာက

အပြည့်အစုံတော့ မမှန်ပါဘူး ဘာကြောင့်လဲဆိုတော့
Google က iOS စထုတ်ပြီးတော့မှ

Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့
၂ နှစ်လောက်ကတည်းက Android ကိုဝယ်

ယူခဲ့တာပါ သို့သော် iOS ထုတ်လိုက်တော့
သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီဆိုတော့

ထုတ်လိုက်တာလည်းဖြစ်နိုင်ပါတယ် Android
ရဲ့ Logo လေးကတော့ လူတော်တော်များများ

မြင်ဖူးနေတဲက စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ် 


သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာ

ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့
mobile device တွေ ထုတ်လုပ်နိုင်ဖို့အတွက် သူ့ရဲ့

မိတ်ဖက်တွေ ဖြစ်တဲ့ HTC,Samsung,Sony,Motorola
တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။

ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့
US က T-mobile  Company က

ရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ် (အောက်ကပုံလေးပါ)




 ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲ

ဆိုတော့ HTC က ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့
မန္တလေးသား တစ်ဦးက ပိုင်ဆိုင်တာပါ

Android စတင်လက်တွဲခဲ့တဲ့ ကုမဏီက ကျွန်တော်တို့မြန်မာနိုင်ငံသားပိုင်တဲ့
ကုမဏီလေ။

အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့
Android ရဲ့ အဓိက နာမည်ကြီးရ

တဲ့အကြောင်းအရင်းက Open source ဖြစ်လို့ပါ
Open Source ဆိုတဲ့သဘောက သူတို့ရဲ့

Source code တွေကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်
programming language ကို

အကျွမ်းတ၀င်ရှိထားသူ Developer များက
လိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Android လေးက

အကောင်းဆုံး Mobile OS လေးဖြစ်လာရတာပါ
။ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ

Linux ဟာ open source ပါ Android ဟာ
Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာ

ကြောင့် သူလည်း Open Source ဖြစ်သွားတာပါ
။ Microsoft က ထုတ်တဲ့ Windows OS

တွေက Open Source မဟုတ်ပါဘူး သူတို့ကုဒ်တွေကို
သူတို့သာပိုင်ဆိုင်ပြီး

Copyright ရှိပါတယ် သူတို့ company
က developer များသာ ပြင်ဆင်ခွင့်ပြီး

အခြားသူများပြင်ဆင်ပါက copyright ဥပဒေနဲ့
တရားစွဲနိုင်ပါတယ် ဒါက Open Source

ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။
Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ်

ရင်းနဲ့ အခုအချိန်မှာ အတော်လေးကို ပြည့်စုံလာတာကိုတွေ့ရပါပြီ
ဒါဆိုကျွန်တော်တို့

Android version တွေ အကြောင်းလည်း သိဖို့လိုအပ်ပါတယ်
ဗဟုသုတအနေနဲ့ပေါ့

Android Version 1.0 




          သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့
version ပါ HTC(G1)ဖုန်း

လေးနဲ့အတူ
မိုဘိုင်းလောကကို စတင်လာခဲ့တယ်ဆိုပါတော့ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့

၂၀၀၈
ခုနှစ် ၊ စက်တင်ဘာလ(၂၃)ရက်နေ့ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version

တွေက
ထူးထူးခြားခြားပါ စားစရာမုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်

Android
Version 1.5(CupCake)


          သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ ပြောင်းလဲမှုတွေကတော့

Browser မှာ copy , paste တွေလုပ်လို့ရလာပါတယ် နောက်ပြီး Auto rotate screen

လည်းရလာပါတယ် Widget တွေလည်း သုံးလို့ရလာပါတယ်

Android
Version 1.6(Donut) 


          ဒီ version လေးကိုတော့ 15 September 2009 
စတင်ထုတ်ဝေခဲ့ပါတယ်

နောက်ပြီးတော့
Camera ပိုင်းလည်း အရင် version တွေထက်ပိုမိုကောင်းမွန်လာခဲ့ပြီး

CDMA,EVDO
စနစ်ကိုပါ သုံးစွဲလာနိုင်ခဲ့ပါတယ် အကောင်းဆုံး အချက်ကတော့ WVGA

ဆိုတဲ့
ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်

Android
Version 2.0/2.1(Éclair)


          ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ
ထွက်ပေါ်လာတာပါ

26 October 2009 ပေါ့
သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေ

ကို
Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ် နောက်ပြီး ယနေ့ခေတ်မှာ

နာမည်ကြီးနေတဲ့
HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ

Android
Version 2.2(Froyo)


          ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ
ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာ

တွေကတော့
အတော်များလာပါတယ် ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone

က
internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့

USB
ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ နောက်ပြီးတော့ Wifi hotspot

နည်းပညာတွေလည်းပါဝင်ပါသေးတယ်
USB ကြိုးထိုးစရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး

Laptop
တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပညာကောင်းလေးတွေပါ

screen လေးကလည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်

Android
Version 2.3(GingerBread)


  GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ
ဘာကြောင့်လဲဆို

တော့
မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေး

ဆိုလည်းမမှားပေဘူးပေါ့
ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်

လက်ရှိအချိန်ထိ
ဒီ version လေးက မပျောက်ကွယ်သေးပါဘူး …. Google ရဲ့

Android လေးဟာလည်း ဒီ version လေးမှာ တော်တော်အောင်မြင်လာပါတယ်

သူနဲ့အတူထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx

Android
Version 3.0/3.1(Honeycomb)


          ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့
ဖုန်းတွေမှာ

ဒီ
version လေးကို အသုံးမပြုနိုင်ပါဘူး Tablet တွေသီးသန့်အတွက်သာ ရည်ရွယ်ပြီးထုတ်

ခဲ့လို့ပါ
ဒါပေမယ့် သိပ်နာမည်မကြီးလိုက်ပါဘူး မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ

သူကတော့ 22 February 2011 မှာ  ထွက်ပေါ်လာတာပါ

Android
Version 4.0 _ 4.0.x (Ice Cream Sandwich)


 စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ

          ဒီ version  ကတော့ အခု စာဖတ်သူတော်တော်များများသိနေကြပါပြီ ဒီဇိုင်လေးက

လန်းတယ်လို့
လူအများပြောကြတဲ့ ICS ပါ .. သူ့ကိုတော့Google က Galaxy Nexus ဖုန်း

နဲ့အတူ
ပွဲထုတ်ခဲ့ပါတယ် အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး

Android
Version 4.1 (Jelly Bean)


         
9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ
Samsung ရဲ့ ထုတ်ကုန်အများစုနဲ့

ထွက်ပေါ်လာတဲ့
version လေးပါ အခုအချိန်ထိတော့ အသုံးနည်းသေးပါတယ် Samsung

Device
အတော်များများသာသုံးတာတွေ့ရပါတယ် အတော်ပြီးပြည့်စုံတဲ့

version လေးလည်းဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို

powerful ဖြစ်လာတာတွေ့ရပါတယ်

          ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့နော်
ဒါလေးသိရုံနဲ့

မပြီးသေးပြန်ဘူး
ထူးခြားတာလေးတစ်ခုပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု

ပဲဆိုပါတော့
သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ

နောက်တစ်ခုကတော့
version က English Alphabet အတိုင်းပါပဲ စစခြင်းက

CupCake

Donut

Eclair

Froyo

Gingerbread

Honeycomb

Ice Cream Sandwich

Jelly Bean

အစစာလုံးလေးတွေကိုကြည့်လိုက်ပါ
D,E,F,G,H,I,J အစဉ်အတိုင်းပါ 

မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့


ဒါဆို
ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိပါတယ် နောက်ထွက်မယ့်

Version
name လေးက L နဲ့စမှာသေချာပါတယ် L နဲ့စမယ့် မုန့်နာမည်လေးသာစဉ်းစား

ကြပေတော့
အဲဒါသေချာသလောက်ရှိပါတယ် ဒါဆို ထူးခြားတာလေး သိပြီ

          နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင်လာရသလဲဆိုတဲ့

အချက်တစ်ခုပါ
iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာ

တင်ရောင်းခွင့်၇ှိပါတယ်
ဒါသူတို့ရဲ့ Market ပေါ့ နောက်ပြီး developer ဘက်ကရောင်းမယ်

ဆိုရင်
စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင်

Developer
က $1 သာရရှိပါတယ် ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေ

နဲ့ကြည့်မယ်ဆိုရင်လည်း
itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူမဆို ဈေးဝယ်ရင်

ဈေးဆစ်ချင်ကြတာပဲလေ
နှိုင်းယှဉ်ခြင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့

မရဘူး
။ အော် ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး Google က Google Play ဆို တဲ့
Market တစ်ခုဖွင့်ထားတယ် ဒါပေမယ့် စာဖတ်သူက market တစ်ခုလုပ်ချင်

လည်းရပါတယ်  တားဆီးထားခြင်းမရှိပါဘူး Market ပေါင်းများစွာလည်းရှိပါတယ်
အခမဲ့

ဆော့ဝဲပေါင်းလည်း
မနည်းပါဘူး သုံးမလောက်အောင်များပြားပါတယ် ။ Developer ဘက်က

ကြည့်မယ်ဆိုရင်လည်း
အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကိုတင်မယ်ဆိုပါက Registeration fee အနေနဲ့
$25 သာပေးရပါတယ် application

တစ်ခု
က $10 ဆိုပါက developer က $7 ရပါတယ် 30% ကိုတော့ Google က

ကြော်ငြာခဆိုပြီးတော့
ယူပါတယ်။ နောက်ပြီး Android application တစ်ခုရေးဖို့

Android
Device ရှိစရာတောင်မလိုပါဘူး ။ ဒါဆို apple နဲ့ယှဉ်ကြည့်လိုက်ပါ Open Source

ရဲ့
အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ပက်သတ်တာလေးတွေကိုတော့

ဗဟုသုတအနေနဲ့
တော်တော်များများသိလောက်ပါပြီ ဘာတွေဆက်လေ့လာရအုံးမလဲ

ဆိုတာကတော့
Advance User တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Android ဖုန်းတွေကို

Root
လုပ်နည်း,Firmware upgrade , Firmware Downgrade စတဲ့နည်းပညာလေး

တွေကို
လေ့လာဖို့လိုအပ်ပါအုံးမယ် အပြင်မှာသင်တန်းတွေအများကြီးရှိပါတယ် ဈေးလည်း

ကြီးပါတယ်
ဘာကြောင့်လဲဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေးဝမ်းကြောင်း

ပြုနိုင်တယ်ဆိုတော့
သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူးဒါပေမယ့် သင်တန်း

မတက်ပဲနဲ့လည်း  သိတဲ့နည်းလမ်းတွေ အများကြီးပါ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်း

တစ်ခုမှ
မတက်ခဲ့ရပါဘူး ။ ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး

ကျန်တာတွေကို
စာအုပ်တွေ အင်တာနက်တွေကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ

စာဖတ်သူက
ငွေကြေးမတတ်နိုင်လို့ ဒါမှမဟုတ် အချိန်မပေးနိုင်လို့ဆိုရင် မြန်မာလိုရေးသား

ထားတဲ့
စာအုပ်တွေဝယ်ဖတ်ပါ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေမှာ ဆွေးနွေးမှာ

စာအုပ်တွေ
ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါတယ်ဗျာ 

ဖတ်လိုက်ရတဲ့အတွက် လိုအပ်သည်များရှိသည်ဖြစ်စေ ၊ ဗဟုသုတ ရသွားသည်ဖြစ်စေ

ကော်မန့်လေးတော့ရေးပေးသွားပါခင်ဗျာ .. ကော်မန့်လေးက စာရေးသူတို့

အားဆေးလေးဖြစ်လို့ပါ

ကျွန်တော်ရေးသားခဲ့သည်
များတွင် အမှားပါခဲ့ပါက ကျွန်တော်၏ အမှားသာဖြစ်ပါတယ်

နည်းပညာနဲ့ပက်သတ်တဲ့
ဗဟုသုတများ တိုးပွားနိုင်ကြပါစေလို့ဆန္ဒပြုရင်း

အောင်ကျော်ခိုင်(ပုသိမ်)

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ် အနီးက တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာတည်ရှိနေတဲ့Marieta ကျွန်း
မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်း
သပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲစမ်းသပ်မှုကြောင့်လည်းကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်
ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။

ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲ
လိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ
 ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့
တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါ
တယ်။

ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်
ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။

Portable software ပေါင်းများစွာ စုစည်းပေးထားတဲ့ ဆော့ဝဲလ်

သူငယ်ချင်းများအားလုံးမင်္ဂလာပါ.....
ဒီဆော့ဝဲလ်လေးကတော့ Portable ဆော့ဝဲလ်တွေ များစွာကို စုစည်းပေးထားတဲ့ဆော့ဝဲလ်ပါ။ဆော့ဝဲလ်၊ဂိမ်း၊ဗီဒီယို ပလေယာ၊mp3 ပလေယာ... အစရှိသည်တို့ ကို Portable အဖြစ်လုပ်ပေးထားတဲ့ဆော့ဝဲလ်ပါ။ထူးရှယ်ဆော့ဝဲလ်လေးလို့ ညွှန်းချင်ပါတယ်။Memory stick ထဲမှာထည့်ပြီးဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးပါ။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
Mediafire မှ ဒေါင်းရန်

◘◘အသုံးပြုပုံ◘◘
                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။ အပေါ်ကပုံလိုပေါ်လာပါလိမ့်မည်။မိမိနှစ်သက်သော ဆော့ဝဲလ် (သို့ မဟုတ်) ဂိမ်း တစ်ခုခုကို ရွေးပြီးလျှင် ၄င်းရှေ့ရှိ လေးထောင့်ကွက်ထဲတွင် Mouse နှင့်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပေးပြီး Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။အောက်ကပုံက မိမိရွေးလိုက်တဲ့ ဆော့ဝဲလ်ကို အင်စတော လုပ်နေသည့်ပုံပါ။( ဆော့ဝဲလ် ဒေါင်းသည့်အချိန်တွင်တော့ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။)
အောက်ကပုံက တော့ ဆော့ဝဲလ်ကို ဒေါင်းလော့ ယူနေပုံပါ။
အောက်ကပုံကတော့ ဆော့ဝဲလ်ကို ဒေါင်းလော့ယူပြီးပုံပါ။
OK ကိုနှိပ်ပြီး ဆက်သွားလိုက်ရင် မိမိ ကွန်ပျူတာ၏ ညာဖက်အောက်ခြေနားတွင် မိမိဒေါင်းထားသည့်ဆော့ဝဲလ် သည် အောက်ကပုံလို ပေါ်လာပါလိမ့်မည်။ထိုအခါဆော့ဝဲလ်ကို ကလစ်ပြီး အသုံးပြုနိုင်ပါပြီ။
နောက်ထပ်ဆော့ဝဲလ်တွေ ဒေါင်းချင်သေးရင် ကွန်ပျူတာညာဖက်အောက်ခြေရှိ ၄င်း အိုင်ကွန်လေးကို ကလစ်လိုက်ပါ။
အိုင်ကွန်လေးကို ကလစ်လိုက်ရင် အောက်ကပုံလိုပေါ်လာပါလိမ့်မည်.ပေါ်လာသည့်အထဲမှ ဂွပုံ နှင့် Apps ဆိုတာကို ကလစ်။ပြီးရင် Get More Apps ကိုဆက်ကလစ်ပါ။အပေါ်ဆုံးက ပုံလိုပြန်ပေါ်လာပါလိမ့်မည်။
ထိုအခါ မိမိနှစ်သက်သည့်ဆော့ဝဲလ်ကိုရွေး ပြီးရင် ဒေါင်းလော့ယူ။အင်စတောလုပ်။အသုံးပြု။
အဆင်ပြေကြပါစေ။

gtalk ဖွင့်မရတော့ဘူးဆိုရင်

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 
ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..

အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..
Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..
ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..
ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် ..

       www.naytar.blogspot.com

Chrome မှာ Zawgyi Font ပေါ်အောင်လုပ်နည်း

မသိသေးသူများအတွက်ပါ
ပထမဦးစွာ Chrome ကိုဖွင့်လိုက်ပါ၊
Chrome ထဲမှ မျှားနီလေးပြထားတာကို နှိပ်ပါ
Options ကိုနှိပ်ပါ၊ ပြီးတော့ Minor Tweaks ထဲမှ Change Font and Language Settings
Fonts And Languages Box ထဲမှ Fonts and Encoding Tab ထဲမှ
Serif Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ
San-Serif Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ
Fixed-Width Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ
Ok ကိုနှိပ်ပါ
Close ကိုနှိပ်ပါ
အခုဘယ်လိုလဲ Site တစ်ခုကိုဝင်ကြည့်လိုက်ပါ။ :-)
မှတ်ချက်။ ။(ကျွန်တော်လည်းသိလို့တတ်လို့မဟုတ်ပါဘူး သူငယ်ချင်းတို့အဆင်ပြေအောင်ကူးယူတင်ပြခြင်းဖြစ်ပါသည်)
http://mgminzaw.blogspot.com

Mozilla Firefox Browser ဆိုဒ်ဘားမှာ Gtalk လေးထားချင်ရင်

မိမိရဲ့MozillaFirefox ဆိုက်ဒ်ဘားမှာ Gtalk လေးထားချင်တဲ့ ဘလော့မိတ်ဆွေတွေအတွက်ပါ။
ပို့စ်တင်လိုက်Gtalkကိုဖွင့်လိုက်Chatလိုက်ဆိုတော့ပိုစ်တွေရေးတာ၊
စာတွေကြည့်ရတာအဆင်မပြေဘူးဖြစ်နေတယ်။ဒါကြောင့်Gtalkကိုမိမိရဲ့Mozilla
Firefoxဆိုက်ဒ်ဘားမှာထားလိုက်ရင်Chatချင်ရင်လည်း ဖွင့်စရာမလိုတော့ဘူးပေါ့နော်
အရမ်းကိုအဆင်ပြေပါတယ်။လင့်ခ်လေးပေးထားပါတယ်။မိမိရဲ့
MozillaFirefoxမှာInstallလုပ်ပေးလိုက်ပါ။
ကြိုက်ကြမယ်လို့မျော်လင့်ပါတယ်။

စိတ်မကောင်းစရာကတော့ Mozillia Firefox-4 မှာမရတာပါဘဲ။



ဒီမှာ သွားပြီး Installလုပ်ပေးလိုက်ပါ။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်
http://mgminzaw.blogspot.com

Facebook wall စာမျက်နှာမှာ သူများစာလာရေးမရအောင် ပိတ်ထားနည်း


ဒီနည်းကတော့ အသုံးလိုနေတဲ့ သူတစ်ယောက်မေးတာနဲ့  ကောက်တင်လိုက်တာပါ

ရန်ဖြစ်ထားတဲ့အတွက်  သူ့ ဆီမှာ  လာလာဆဲကြ ၊ ပုံတွေတင်ကြ ၊  ဖြစ်နေလို့ ပါတဲ့။

အမှန်ဆို  ရေးတဲ့သူ  သူငယ်ချင်းစာရင်းက  ထုတ်ပလိုက်လည်း နားအေးနေပါတယ်

သို့ သော်  သူရဲ့ စာမျက်နှာကို  ဘယ်သူမှ  ဘာမှရေးမရ  တင်မရအောင် လုပ်ပေးပါ

ပြောလာတာနဲ့    ဒီနည်းလေးကို   တင်လိုက်ပါတယ် ။  ဘယ်သူမှ  ဘာမှ လာမတင်

လာမရေးအောင်လုပ်ချင်ရင် ဒီနည်းနဲ့ လုပ်ပါ......................................................။

Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ



Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။

1. Testsလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Obtaining Firmware information

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်များ

*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။


4. Service mode

*#*#197328640#*#* - you can change settings or run tests in service mode



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc

*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics

Internet Explorer မှာ ဇော်ဂျီဖောင့် နဲ့ရေးလို့ ဖတ်လို့မရသူတွေအတွက်ပါ။

Internet Explorer မှာဇော်ဂျီဖောင့်ပေါ်ဖို့ အရင်ဆုံး Notepad တခုဖွင့်ပါ။

body
{font-family:Zawgyi-one;}
input, select , textarea
{font-family:Zawgyi-one;}
အပေါ်ကစာလေးကို notepad ထဲမှာ File name က ie.css ဆိုပြီ C:မှာဖြစ်ဖြစ် D: မှာဖြစ်ဖြစ် save လိုက်ပါ။
ပြီးရင် IE ကိုဖွင့်လိုက်ပါ။
Tool > Internet Option > General (Tab) ရဲ့ Accessibility >Ignore font styles specified on webpages မှာ အမှန်ခြစ်လေးပေးလိုက်ပါ ။
ပြီးရင် Format documents using my style sheet မှာ အမှန်ဖြစ်ခြစ်ပေး ပြီ Browse မှာ ie.css ဖိုင်လေး ရှိတဲ့နေရာလေးကို ရွေးပေးလိုက်ပါ။
ပြီးရင်တော့ ok..okပေါ့။
IE မှာမြန်မာလို့ရေးလို့ရောဖတ်လို့ပါရသွားပါလိမ့်မယ်။ ဒါပေမယ့် ie.css ဖိုင်လေးကိုတော့ဖျတ်လိုက်လို့မရဘူးနော်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။။ ။။။

Registry Editor ကိုပိတ်နည်း

ကလိတတ်သော သူငယ်ချင်းလေးများရှိနေလျှင် ကိုယ့်စက်ကို Registry Editor လေးကို ပိတ်ထားတာ အကောင်းဆုံးပါ...အောက်မှာ Registry Editor ပိတ်နည်းလေးကို ပြောပြပေးထားပါတယ်...

Registry Editor ကိုပိတ်နည်း

- Win key+R ကိုနှိပ်ပါ။ Run Box လေးပေါ်လာရင် gpedit.msc ကိုရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။

- Group Policy Editor လေးပေါ်လာမည်။

- User Configuration >> Administrative Templates >> System ထိရောက်အောင်သွားပါ။

- ပြီးလျှင် ညာဘက် Setting အကွက်ထဲက Prevent access to registry editing tools ကိုရှာပြီး Double Click နှိပ်ပါ။

- ပေါ်လာတဲ့ နေရာလေးမှာ Enable ကိုရွေးပြီး OK နှိပ်ပါ။

- ပြီးရင် ဖွင့်ထားတာတွေ အားလုံးကို ပိတ်ပြီး Registry Editor လေးကို ပြန်ခေါ်ကြည့်ပါ။ သူပေါ်မလာတော့ပါဘူး။

အဆင်ပြေပါစေနော်...

ကွန်ပျူတာကိုမြန်အောင် ဘယ်လိုလုပ်မလဲ

- Start >> Run >> Regedit လို့ရိုက်ပါ။ (Registry Editor)

- ဘယ်ဘက် Panel မှ "HEYCURRENT USER" >> "Control Panel" >> Desktop ကိုရွေးပါ။

- ညာဘက်အကွက်မှာပေါ်လာတဲ့ "Menushowdelay" ကို Right Click (သို့) Double Click နှိပ်ပါ။

- Modify ကိုရွေးပြီး editing string value ကို "0" ထားလိုက်ပါ။

- ပြီးရင် Computer ကို Restart ပြန်လုပ်လိုက်ပါ။ ပိုမြန်လာတာကို တွေ့ရပါလိမ့်မယ်။

မြန်မာအမျိုးသမီးများသတိထားကြပါ




မြန်မာအမျိုးသမီးများသတိထားကြပါ
===================

မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည်။
သတိ....
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရဖြစ်လာခဲ့တယ်။

သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်ကလာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။
ဒါနဲ့ လူနဲ့ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမ ကတော့ မိနစ် တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။ လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။
လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက 'BURUNDANGA' လို့ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။

အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆပို ပြင်းပါတယ်။

ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုကနေ အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။ ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။ မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

သားကောင်း စစ်သည် မှဖေါ်ပြချက်အား ကူးယူဖေါ်ပြသည်။