Thursday, May 2, 2013

ဖိုတိုရှော့နည်းပညာ


 ကဲဒီတစ်ခါတော့ သက်တန့်လေးတွေဆွဲကြရအောင်နော်။ ရှုခင်းကောင်းကောင်းပုံတစ်ခုလောက်ဖွင့်လိုက် ပါ။ အလွယ်ဆုံးနည်း ဖြစ်အောင်ကြိုးစားပြီးပြပေးထားပါတယ်နော်။ ကျွန်တော်ကလည်း ဦုးသုမင်္ဂလ ဆရာတော်ပြောသလိုဘဲ မူကြိုအဆင့်ဗျ။ ကဲလေကြောရှည်မနေတော့ဘူးဗျာ။ ကြိုးစားကြည့်ရအောင်။


(၁) Layer>New>Layer (သို့) Ctrl+Shift+Alt+N ကိုနှိပ်လိုက် (သို့) လေယာဘောက်မှ Crate a new layer ကိုနှိပ်လိုက်လည်းရပါတယ်။  ပြီးရင်တော့ Tool Box က Greadient Tool ကိုယူပြီး၊ အပေါ်ဘားမှ Click to open Gradient picker ဒေါင်းအဲရိုးလေးကိုနှိပ်ပြီးတော့ Gradient Editor Box ကိုခေါ်လိုက်ပါ။

ရှင်းသွားအောင် ပုံလေးကိုကြည့်လိုက်ပါ။


(၂) ကျလာတဲ့ Gradient Editor Box မှာမှ Transparent Rainbow ဆိုတဲ့အရောင်ကိုယူပါ။ အထက်ပါ ဆေးပုံ 6 ပုံ၊ အောက်ဘက်မှာ 6 ပုံးတွေ့ပါလိမ့်မယ်။ အပေါ်က အမဲပုံတွေကို တစ်ခုပေါ် တစ်ခုထပ်လိုပ်ပါ။ အောက်ဆေးခြောက်ပုံကိုတော့ ညာဘက်မှာ ညီညာစွာစီလိုက်ပါ။ အပေါ်ဆေးခြောက်ပုံး ကိုတော့ အောက်ကာလာခြောက်ပုံးကို ဘယ်ညာခြံရံပြီးစီပေးပါ။ စာရေးနေတာက လက်ဝင်ပါသေးတယ်။ ကျွန်တော်ပုံလေးနဲ့ပြပေးပါမယ်။ အနီရောင်လေးတွေနဲ့လည်းသေချာဝိုင်းပြပေးထားပါတယ်။ သူငယ်ချင်း လုပ်တတ်မှာပါ။


(၃)  နောက်တော့ Radial Gradinet ကို ယူပြီးတော့၊ Mode: Linear Light, Opacity: 30   လောက်ပေး ပြီး ပုံရဲ့ညာဘက်ထောင့်နားလောက်ကနေ အပေါ် ဘက်ကိုကန့်လန့်ဖြတ် ဆွဲချလိုက်ပါ။ ရှင်းသွားအောင် ပုံလေးကြည့်ပါဦး။ ကျွန်တော်သေချာအောင် အနီလေးတွေနဲ့ဝိုင်းပြီးပြထားပါတယ်။ ရှင်းသွားမှာပါ။


(၄) နောက်တော့ သက်တန့်ရဲ့ပိုနေတဲ့အပိုင်းတွေကို Tool box မှ Eraser Tool ကိုယူလိုက်ပါ။ နောက် တော့ အပေါ်ဘားက Click to open the Brush preset picker ကိုဖွင့်ပြီး အနားဖွာ နေတဲ့ဘရပ်တစ်ခုခုကို ယူပြီးတော့ ရေထဲကျနေတဲ့ အပိုင်းတွေကို ဖျက်ပြစ်လိုက်ပါ။  ကြည့်လိုက် ပါဦး။


အထက်ပါအဆင့်တွေပြီးသွားရင်တော့ လှပတဲ့သက်တန့်ပုံလေးကိုရမှာပါ ။ ကြိုးစားကြည့်လိုက်ဦးနော်။ ကျွန်တော့်လက်ရာလေးကိုလည်း တင်ပေးလိုက်ပါတယ်။ 


 ကဲသူငယ်ချင်းတို့လည်း လုပ်ကြည့်ကြဦးနော်။ တတ်လို့ တော်လို့ရယ်တော့မဟုတ်ပါဘူးဗျာ။ ကျွန်တော်လဲ ဘာမှဟုတ်တိပတ်တိမတတ်ပါဘူး။ မသိသေးတဲ့သူတွေကို သိသွားစေချင်၊ တတ် သွားစေချင်တဲ့  စေတနာ ပါဗျာ။ ပညာရှင်အားလုံးကိုလေးစားလျက်ပါ။ ကဲသူငယ်ချင်းတို့ အပျင်းပြေ စမ်းသပ်ကြည့်ကြဦးနော်။ နားဦး မယ်ဗျာ။ အားလုံးဘဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ရိုးရိုးလေး (yoeyoelay18@gmail.com)

0 comments:

Post a Comment