Friday, May 20, 2016

ယူကရိန်း ဟက်ကာမှ ပူးပေါင်းပုံနှိပ်လုပ်ငန်းများ၏ အမြတ်ငွေ ၃၀မီလီယံ အား ခိုးယူခဲ့သည်ဟု ၀န်ခံသွားခြင်း



အသက် ၂၈နှစ်ရှိသူ ယူကရိန်း ဟက်ကာ Vadym lermolovych ဟာ အမေရိကန် ပြည်ထောင်စု မှာ လူထုကို ပြခွင့်မရှိတဲ့ သတင်းတွေ နဲ့ အချက်အလက်တွေကို အမေရိကန်ဒေါ်လာ မီလီယံ ၃၀ (ယူရိုငွေ ၂၀.၈ မီလီယံ) ကျော်ဖိုးလောက်ကို တရားမ၀င် ရောင်းစားမိခဲ့ ပါတယ်လို့  ၀န်ခံကာ အသနားခံ တင်ပြသွားပါတယ်။

Vadym lermolovych ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ က သူရယ် တခြား ယူကရိန်း ဟက်ကာ နှစ်ယောက်ရယ် ပေါင်းပြီး PR သတင်း, ဈေးဆိုင်များ နဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ နက်ဝေါ့ခ် တွေကို ထိုးဖောက် တိုက်ခိုက်ခဲ့ပြီး စတော့ဈေးကွက်ရဲ့ အမြတ်အစွန်းရဖို့  အတွက် ၁၅၀၀၀၀ ကျော် လောက်ရှိတဲ့ သတင်းအချက် အလက်တွေကို ခိုးယူခဲ့မိပါတယ် လို့  ၀န်ခံ သွားခဲ့ပါတယ်။

တရားပြိုင်တွေဟာ ၈၀၀ ကျော် လောက် ရှိတဲ့ အခိုးခံ သတင်းထုတ်ပြန်မှု တွေ အသုံးပြုခဲ့ပြီး လူထုကို သတင်းအချက် အလက်တွေ မထုတ်ပြန်ခါနီးမှာ ဈေးကွက်ဖန်တီးကာ နာရီ အနည်းငယ်ကနေ ၃ရက် ထိ ကြာမြင့်စွာ  တိုက်ခိုက်ခဲ့ပါတယ်။

ဒီကုန်သွယ်မှုဟာ ဟက်ကာတွေ  သတင်းအချက်အလက်များကို တရားမ၀င် ရယူခြင်း၊ဖြန့်ဝေခြင်းကြားနဲ့  ဈေးကွက် ပိတ်ခါစ လူထုကို သတင်းထုတ်ပြန်မှု ကြားမှာ အလွန်တိုတောင်းတဲ့ အချိန်လေးမှာ ဖြစ်ပေါ်ခဲ့တယ်လို့  တရားဥပဒေ စိုးမိုးမှု  ဌာနမှ ပြောကြားသွားပါတယ်။

၃၂ ယောက်သော လူတွေဟာ ကမ္ဘာလုံးဆိုင်ရာ စီမံချက် ကို ဟက်ရန်အတွက် ငွေကြေးတောင်းခံခြင်းခံခဲ့ရပါတယ်။ဘယ်လိုမျိုးလည်းဆိုတော့ ပူးပေါင်းသတင်းထုတ်ပြန်ကာ ဖြန့် ဝေမယ်ဆိုတဲ့ ပုံစံမျိုး နဲ့ ပါ။ပြီးတာနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စတော့ ဈေးကွက်မှ အချက်အလက်တွေကို ခိုးယူခဲ့ ကြပါတယ်။ရလဒ်ကတော့ ဒေါ်လာ မီလီယံ ၁၀၀ ကျော်ဖိုးလောက် ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ Marketwired LP,PR Newswire Association LLC နဲ့  Bussiness Wire  တို့ ရဲ့ နက်ဝေါ့ခ် တွေကို ဖေဖော်ဝါရီ ၂၀၁၀ မှ သြဂုတ်လ ၂၀၁၄ခုနှစ်လောက်ထိ လှည်စားတဲ့နည်း (phishing) နဲ့  ၀က်ဆိုက်နှင့်ချိတ်ဆက်ထားသော အချက်အလက် သိမ်းဆည်းရာ၏ အားနည်းချက်ကို တိုက်ခိုက်တဲ့နည်း(SQL injection)တွေကို အသုံးပြုပြီး တိုက်ခိုက်သွားတယ်လို့  တရားဥပဒေ စိုးမိုးမှု ဌာနမှ ပြောကြားသွားပါတယ်။
ဒီဟက်ကာအဖွဲ့ ဟာ ခိုးယူထားတဲ့ အချက်အလက်တွေနဲ့  Align Technology,Caterpillar, Hewlett Packard, Home Depot,Panera Bread နဲ့  Verisign ကုမ္ပဏီ တွေနဲ့  အရောင်းအ၀ယ် လုပ်ခဲ့ ကြပါတယ်။

lermolovych ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၀၁၄ ခုနှစ်ကတည်းက credit card အတုလုပ် လိမ်လည်မှု ရယ်၊ ငွေကြေးဆိုင်ရာနဲ့  ပက်သတ်နဲ့  ကွန်ပျူတာ တိုက်ခိုက်မှုတွေကြောင့် အဖမ်းခံခဲ့ ရတာဖြစ်တယ်လို့  အမေရိကန်ပြည်ထောင်စုရှေ့ နေ Paul Fishman က ပြောကြားသွားပါတယ်။

lermolovych သည် ကွန်ပျူတာတွေကို ဟက်ခြင်းတွင် လျှို့ ဝှက်စွာ ပူးပေါင်းပါဝင်မှု၊နက်ဝေါ့ခ်များအား တိုက်ခိုက်ရာတွင် လျှို့ ဝှက်စွာ ပူးပေါင်းပါဝင်မှု နှင့် စိတ်နှောင့်ယှက်စရာကောင်းသော  ID ကတ်များ ခိုးယူမှု ဆိုတဲ့ အချက် သုံးချက်ဖြင့် တရားစွဲ ဆိုခံထားရသည်ကို အသနားခံ ထားပါတယ်။

တခြားပါဝင်တယ်လို့  စွပ်စွဲ ခံထားရသူများကတော့ ယူကရိန်း ဟက်ကာများဖြစ်တဲ့ Oleksandr Leremenko နှင့် Ivan Turchynov တို့  ဖြစ်ကြပါတယ်။ lermolovych သည် သြဂုတ်လ ၂၂ရက်နေ့ မှာ ပြစ်ဒဏ်ချမှတ်ခံရဖို့  ရှိပါတယ်။ဖြစ်နိုင်ခြေကတော့ ထောင်ထဲမှာ အနှစ်၂၀ လောက် နေရနိုင်ပါတယ်။

20-5-2016
သတင်းစီစဉ် တင်ဆက်သူ - |)3@|) $"!"@r (MEHN Team)

0 comments:

Post a Comment