တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......
ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................
ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............
ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................
ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........
ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........
Wellcome To Kyaikkhami
" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...
နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............
အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...
Monday, February 4, 2013
ဒီဆော့ဝဲလေးက သူများက ဘလော့ထားလား သိနိုင်တဲ့ နည်းလေးပါ။ တခါတလေ သူပေါ်မလာတာ ကြာပြီလို့  ထင်နေတာ လက်စသတ်တော့ ကိုယ့်ကို ဘလော့ထား ဟိုဘက်မှ ဖလမ်းဖလမ်း လုပ်နေတာ အခုမှပဲ သိတော့တယ် ။အဲ့တော့ ကိုယ့်ထဲမှာ အရင်က ရှိပြီး ပျောက်နေတဲ့ အကောင့်တွေ စစ်ကြည့်ပါ သူက တကယ်ပဲ မသုံးတာ အွန်လိုင်းမလာတာလား ( ဒါမှမဟုတ် ) ကိုယ့်အကောင့်ကို သူက ဘလော့ထားပြီး တဖက်မှာ ဖလမ်းဖလမ်း လုပ်နေသလား ဆိုတာ သိနိုင်ပါတယ် ။စစ်ချင်တဲ့သူတွေ စစ်နိုင်စေဖို့ တင်ပေးလိုက်ပါတယ် ဆော့ဝဲအရင်ယူလိုက်ပါ.................................။ ဒီလင့်မှာ Download ယူပါ - Who block me on gtalk-Pidgin Softwere ဆော့ဝဲအင်စတော လုပ်ပြီးပါက ပုံကို ကြည့်၍ စာများ အကောင့်များ ဖြည့်လိုက်ပါ တချို့ ဖြည့်ရမယ့် အကွက်တွေက သက်ဆိုင်ရာ နိုင်ငံအလိုက် မတူညီနိုင်ကြပါဘူး နမူနာကြည့်ဖြည့်ပါ အကောင့်တက်လာပြီဆိုရင် ကိုယ်ရှာချင်တဲ့လူကို ရှာလိုက်ပါ ပြီးရင် အကောင့်ပေါ်မှာ Right Click ထောက်ပြီး Get info ကိုနှိပ်ပါ ။ပုံရယ် စာတွေ ပေါ်လာရင် အိုကေပီး ဘာမှ ပေါ်မလာဘူးဆိုရင် Block ထားတာပါ....................။ You might also like:
ဒီဆော့ဝဲလေးက သူများက ဘလော့ထားလား သိနိုင်တဲ့ နည်းလေးပါ။ တခါတလေ
သူပေါ်မလာတာ ကြာပြီလို့  ထင်နေတာ လက်စသတ်တော့ ကိုယ့်ကို ဘလော့ထား
ဟိုဘက်မှ ဖလမ်းဖလမ်း လုပ်နေတာ အခုမှပဲ သိတော့တယ် ။အဲ့တော့ ကိုယ့်ထဲမှာ
အရင်က ရှိပြီး ပျောက်နေတဲ့ အကောင့်တွေ စစ်ကြည့်ပါ သူက တကယ်ပဲ မသုံးတာ
အွန်လိုင်းမလာတာလား  ( ဒါမှမဟုတ် ) ကိုယ့်အကောင့်ကို  သူက ဘလော့ထားပြီး
တဖက်မှာ ဖလမ်းဖလမ်း လုပ်နေသလား ဆိုတာ သိနိုင်ပါတယ် ။စစ်ချင်တဲ့သူတွေ
စစ်နိုင်စေဖို့ တင်ပေးလိုက်ပါတယ် ဆော့ဝဲအရင်ယူလိုက်ပါ.................................။
ဒီလင့်မှာ Download ယူပါ - Who block me on gtalk-Pidgin Softwere
ဆော့ဝဲအင်စတော လုပ်ပြီးပါက ပုံကို ကြည့်၍ စာများ အကောင့်များ ဖြည့်လိုက်ပါ
နမူနာကြည့်ဖြည့်ပါ  အကောင့်တက်လာပြီဆိုရင် ကိုယ်ရှာချင်တဲ့လူကို ရှာလိုက်ပါ
ပြီးရင် အကောင့်ပေါ်မှာ Right Click ထောက်ပြီး Get info ကိုနှိပ်ပါ ။ပုံရယ် စာတွေ
ပေါ်လာရင် အိုကေပီး ဘာမှ ပေါ်မလာဘူးဆိုရင် Block ထားတာပါ....................။
You might also like:
နည်းပညာဝါသနာရှင်တို့ အတွက်( Hack )ဟက်နည်းလေးတစ်ခု
ပထမအဆင့်ဒီလင့်ကိုနှိပ်ပါ -  http://wagnergabriel.com.br/DDos.html
ဒုတိယ အဆင့် တိုက်ခိုက်ချင်တဲ့ ၀က်ဆိုဒ်နာမည်ရေးပါ
ပြီးရင်တော့ Message တစ်ခုခု ရေးပါ
အားလုံးပြီးရင်တော့ IMMA CHARGING စာတန်းနှိပ် နံပတ်တွေ တက်လာမယ်
ပြီးရင် အဲ့တာကို ဖွင့်ထား လူတိုင်းဝိုင်းတိုက်ရင် ပြုတ်တယ်...တဲ့........................။
ကဲစမ်းသပ်လိုတဲ့ ၀ါသနာရှင်တွေ... http://www.facebook.com/photo.php?
 .
ပြီးရင်တော့ ဒီလိုတိုက်ခိုက်ခြင်းရဲ့သဘောသဘာဝတွေကို သိထားကြဖို့ လိုမယ်
အဲ့တော့ ရှာဖွေပြီးတင်ပြပေးလိုက်ပါတယ်..စာရေးပျင်းလို့ ပါ..ကဲဖတ်ကြည့်...။
DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။
DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....
ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။
တိုက်ခိုက်ပုံ
DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။
တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service
DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...
 http://ninjalay.blogspot.com/2012/08/hack.html
Mouse မရှိသည့်အခါ ကီးဘုတ်နှင့်အသုံးပြုနည်း
မိမိကွန်ပျူတာမှာmouseပျက်သွားလို့ဖြစ်ဖြစ်မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှရမယ့်ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါ
ဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။
အောက်ပါ အဆင့်လေးတွေအတိုင်းလုပ်ကြည့်ပါ။
၁။ Alt + Shift + NumLock(Altကီးရယ်၊Shiftကီးရယ်၊ညာဘက်ခြမ်းမှာရှိတဲ့numberlockကီးရယ်ကိုတပြိုင်နက် နှိပ်ပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင်Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။
ညာဘက်ထောင့်အောက်ခြေမှာMouseပုံစံလေးပေါ်လာပြီဆိုရင်ရပါပြီ။တကယ်လို့အဲ့ဒီMouseပုံစံလေးမှာမျဉ်းနီလေးခတ်ထားပါက
Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။RightClickလုပ်ချင်ရင်တော့KeyBoardညာဘက်ခြမ်းက(-)keyကိုနှိပ်ပေးရပါမယ်။LeftKey ပြန်ပြောင်းချင်ရင်(/)keyကိုနှိပ်ပေးရပါ
မယ်။Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။အဒီအချိန်မှာနံပါတ်တွေရိုက်ချင်ရင်တော့ကီးဘုတ်ရဲ့ညာဘက်ခြမ်းကနံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။နဂိုမူရင်းအ
တိုင်း ပြန်ထားချင်ရင်တော့Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။
Ref: http://zawlinitworld.blogspot.com
သူငယ်ချင်းတွေကတော့Mouse နဲ့ဘဲသုံးချင်မှာပါမဟုတ်ဘူးလားဘာဘဲဖြစ်ဖြစ်မှတ်ထားလိုက်ပါအခုအသုံးမဝင်လဲနောက်အသုံးဝင်နိုင်ပါတယ်
အားလုံးအစဉ်ပြေကြပါစေနော်
ဗုဒ္ဓ၀င်ပြခန်းကြီး ၂၈-ခန်း
http://api.ning.com/files/mWWExe9g*FjFOYztYRoN9fk8rAOcBO6-OBtJZLKtZxXCoizhO1dX09b6JyKKl*tMAYq4xFNgFTQTOzp0j5zxl8wkiq6C9E2r/Gawdama3.jpg
အလောင်းတော် သိဒ္ဓိတ္ထမင်းသား ပဋိသန္ဓေယူသည်မှ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ သက်တော်ထင်ရှား မြတ်စွာဘုရား၏ ဘ၀ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါများအား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့ပုံများကိုလည်းကောင်း အခန်းပေါင်း ၂၈-ခန်းကို ဖြည့်စွက်၍ ကြည်ညိုဖွယ်ရာ ပြသထားပါသည်။
၁။ ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေ၀ီ မိဖုရားခေါင်ကြီး၏ ၀မ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ၀င်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗိနီ အင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူ၍ “ငါသည်လောကတွင် အမြတ်ဆုံးဖြစ်၏” “ငါသည်လောကတွင် အကြီးအကဲဆုံးဖြစ်၏” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသောစကား ကြုံးဝါးတော်မူ၏။
၂။ ထီးနန်းစိုးစံတော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို တောမထွက်စေရန် “ရမ္မ” မည်သော ဆောင်းရာသီ စံနန်းပြာသာဒ်၊ “သုရမ္မ” မည်သော နွေရာသီ စံနန်းပြာသာဒ်၊ “သုဘ” မည်သော မိုးရာသီ စံနန်းပြာသာဒ်များ တည်ဆောက်စေပြီး၊ အလည့်အလည် စံမြန်းစေပါသည်။ ရွှေအဆင်းကဲ့သို့ လှပသော ယသောဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူသည်။
၃။ နိမိတ်ကြီးလေးပါး မြင်တော်မူခန်း
မဟာသက္ကရာဇ် ၉၆-ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီး ကသောရထားဖြင့် ဥယျာဉ်တော်သို့ ကြွတော်မူရာ သူအိုတစ်ဦးကို တွေ့မြင်လေ၏။ ထိုအခါ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူနာတစ်ဦးကို တွေ့မြင် ရပြန်သောအခါ မိမိလည်းဤသို့ နာရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူသေတစ်ဦးကို တွေ့မြင်လေရာ မိမိလည်း ဤသို့သေရမည်ကို စဉ်းစားဆင်ခြင်မိလေ၏။ နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ရဟန်းတစ်ပါးကို တွေ့မြင်တော်မူ၍ ရဟန်း၏ အကျင့်သီလသည် သတ္တ၀ါတို့၏အကျိုးကို ဖြစ်ထွန်းစေပြီး ဘ၀မှလွတ်မြောက်နိုင်သဖြင့် မိမိလည်း ရဟန်းပြု၍ ဓိဋ္ဌာန်တော်မူ၏။
၎။ တောထွက်တော်မူခန်း
အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူ၏။ မဟာသက္ကရာဇ် ၉၇-ခုနဓှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့ ညဉ့်သန်ခေါင်ယံ အချိန်တွင် ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကိုစီးကာ တောထွက်တော်မူ၏။ အနော်မာ မြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အ၀တ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့လွှဲအပ်ပြီး နေပြည်တော်သို့ပြန်ရန် စေလွှတ်တော်မူ၏။
၅။ ဒုက္ကရစရိယာ ကျင့်တော်မူခန်း
ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူ၏။ အစဦးတွင် ဆွမ်းခံလှည့်၍ စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူ၏။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်တစ်စေ့ (သို့မဟုတ်) ပဲပြုတ်ရည်တစ်ဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ကျင့်ကြံသော် အာဟာရဓာတ်နည်းပါးသောကြောင့် ကြုံလှီဖျောတော့ အားအင်ကုန်ခန်း၏။ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ ရူံ့ခွက်နေသကဲ့သို့ဖြစ်၏။ အသားအရေသည် ငါးခူရောင်၊ ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့၏။ ကိုယ်ကို လက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ကဲ့သို့ဖြစ်၏။ ၀မ်းပိုက်ကိုကိုင်သော် ခါးဆစ်ကိုကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ်ခွာကဲ့သို့ ရူံ့ခွက်နေ၏။ မတ်ရပ်ထသော် နေရာ၌ လဲကျ၏။ သဗ္ဗညုတဉာဏ်တော်ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူ၏။
၆။ ဘုရားဖြစ်တော်မူခန်း
အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း သဗ္ဗညုတဉာဏ် မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာ အကျင့်လမ်းကြောင်း ပြောင်း၍ အာနာပါန စတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှအာဟာရကို မျှတဘုန်းပေးတော်မူရ၏။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတ ပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ စံတော်မူ၍ နေမ၀င်မီ မာ၇်စစ်သည်တို့ကို အောင်မြင်တော်မူသည်။ ညဉ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဉာဏ်” ရတော်မူ၏။ သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူ၏။ မိုးသောက်ယံဝယ် “အာသ၀က္ခယဉာဏ်” ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုအခါ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းကို ကျူးရင့်တော်မူ၏။
၇။ ဓမ္မစကြာတရား ဟောတော်မူခန်း
မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျော်သော ဤသတ္တ၀ါများကို တရားဟောသော် တရားကို လွယ်ကူစွာ နားလည်နိုင်ကြမည် မဟုတ်ကုန်၊ တရားဟောလျှင် ပင်ပန်းရုံသာ ဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္ပတိဗြဟ္မာကြဓီး တောင်းပန်ချက်အရ တရားဟောရန် သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စ၀ဂ္ဂီငါးဦးကိုသာမြင်လေ၏။ ပဉ္စ၀ဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ၀င်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းလည်း ၀င်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လုဆဲဆဲတွင် “ဒွေ မေ ဘိက္ခဝေ” အစချီသော တရားဦးဓမ္မစကြာကို ဟောတော်မူ၏။
၈။ ယသသူဌေးသား ရဟန်းဖြစ်ခန်း
ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီစည်းစိမ်ခံစားနေစဉ် တစ်ညဥ့်သ၌ သန်ခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲပုံပျက်ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင်ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှ ထွက်၍ မိဂဒါဝုန်တောသို့ ရောက်လာ၏။ မြတ်စွာဘုရားနှင့် တွေ့သဖြင့် တရားဟောသောကြောင့် သောတာပန်ဖြစ်လေ၏။ သားပျောက်သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြဓီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတာပန် ဖြစ်လေ၏။ ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ၏။ သူဌေးကြီးနှင့် သူဌေးကတော်နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများ ဖြစ်၏။
၉။ ယသောဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း
မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါးခြံရံလျက် ယသောဓရာခန်းမဆောင်သို့ ၀င်လေ၏။ ယသောဓရာသည် မြတ်စွာဘုရား၏ ခြေဖမိုးကိုဦးခိုက်၍ ရှိခိုးငိုကြွေးလေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရား ဒုက္ကရစရိယကျင့်စဉ်က ခြိုးခြံနေထိုင်သကဲ့သို့ ယသောဓရာလည်း ခြိုးခြံနေထိုင်ကြောင်း လျှောက်ထားသော် စန္ဒကိန္နရီဇာတ်ကို ဟောလေသည်။ ယသောဓရာသည် သားတော်ရာဟုလာအား ဖခင်ထံမှ အမွေတောင်းခံရန် တိုက်တွန်းလေသော် ရာဟုလာလည်း မြတ်စွာဘုရားထံမှ အမွေတောင်း၏။ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ဥပဇ္ဈာယ်ပြုစေလျက် ရာဟုလာအား သာသနာ့အမွေအဖြစ် ရှင်သာမဏေ ပြုပေးတော်မူလေသည်။
၁၀။ ဧရာဟိဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရား ဟောတော်မူခန်း
ကပိလ၀တ်ပြည်နှင့် ကောလီယပြည် နှစ်ပြည်ထောင်အကြား ရောဟီဏီမြစ်ရေကိုအကြောင်းပြု၍ နှစ်ပြည်ထောင် လယ်သမားတို့ မြစ်ရေခွဲဝေယူရေးအတွက် အငြင်းပွားကြ၏။ ဤအငြင်းပွားမူကြောင့် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းရန် ပြင်ဆင်ကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည် သွေးချောင်းစီးမည့် အရေးကို မြင်သောကြောင့် နှစ်ပြည်ထောင် စစ်တပ်အကြေား ရောဟီဏီမြစ်အထက် ကောင်းကင်ပြင်တွင် ရပ်တော်မူလျက် တန်ဖိုးနည်းသော ရေနှင့် ပတ်သက်၍ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ မဆုံးရူံးစေသင့်ကြောင်း ငြိမ်းချမ်းရေးတရား ဟောတော်မူ၏။
၁၁။ ဘိက္ခုနီသာသနာ ခွင့်ပြုတော်မူခန်း
မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားထံချည်းကပ်၍ ရဟန်းဘောင်ဝင်ခွင့်ပြုရန် သုံးကြိမ်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ငြင်းပယ်ခဲ့၏။ မြတ်စွာဘုရား ဝေသာလီပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် အခြံအရံငါးရာနှင့်တကွ ဆံကိုပယ်လျက် ဖန်ရည်ဆိုးသော ၀တ်ရုံများဆင်မြန်းကာ မြတ်စွာဘုရားထံတော်သို့ လိုက်လာကြ၏။ ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ၀န်ခံနိုင်လျှင် ပဉ္စင်းခံမူဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။
၁၂။ ခေမာမိဖုရားအား ဆုံးမတော်မူခန်း
အလှမာန်တက်နေသော ခေမာမိဖုရားသည် ရုပ်အဆင်း၏ မနှစ်သက်စရာ အပြစ်အနာအဆာများကို ဟောကြားလေ့ ရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်၏။ ဝေဠုဝန်ကျောင်းတော်၏ သာယာလှပပုံ တေးသံကို ကြားရသောကြောင့် ဝေဠုဝန်ကျောင်းတော် သို့ ခေမာမိဖုရားရောက်လာ၏။ ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက်သာလွန်လှပသော မိန်းမပျိုကို အံ့သြစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏ အဆင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့် ဖောက်ပြန်ပျက်စီးသွားလေသည်။ ခေမာမိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရားအဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေ၏။
၁၃။ ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း
ရာဓဇဂြိုဟ်သူဌေးသည် စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်သော ၀ါးထိပ်တွင် ချိတ်ဆွဲကာ ရဟန္တာအမည်ခံသူများသည် ဤသပိတ်ကို ကောင်းကင်မှ ယူနိုင်ပါက စည်းစိမ်အားလုံးလှူမည့်အပြင် သားမယားနှင့်တကွ ကျွန်ခံမည်ဟု ကြောညာ၏။ မည်သူမဓျှမယူနိုင်ကြသောအခါ ဤလောက၌ ရဟန္တာမရှိပါတကားဟု သေသောက်ကြူးသူများက ပြက်ရယ်ပြုကြ၏။ မြတ်စွာဘုရား၏ သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရသောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇရမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှ သပိတ်ကိုယူလေသော် ရာဓဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။
၁၄။ အဘိဓမ္မာတရား ဟောကြားတော်မူခန်း
မြတ်စွာဘုရားသည် သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ကပ်တော်မူ၍ ပဏ္ဍုကမ္ဗလာ မြကျောက် ဖျာ၌ ထက်ဝက်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သားအမှူးပြုသော နတ်သိကြားဗြဟ္မာ အပေါင်းကို အဘိဓမ္မာတရား ဟောတော်မူ၏။ နေ့စဉ်လူ့ပြည်သို့ ကြွရောက်တော်မူပြီး စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေး၍ နေ့သန့်နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို ဟောတော်မူ၏။ တာဝတိံသာနတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားတော်မူ နေ၏။ တာဝတိံသာနတ်ြးပည်၌ တစ်ဝါတွင်းလုံး ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏။
၁၅။ ပါလိလေယျကတော၌ တစ်ပါးတည်း စံပျော်တော်မူခန်း
မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ၀ိနယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတီု့သည် ၀စ္စကုဋီ သန့်သက်ရေခွက်၌ ရေကြွင်းရေကျန် ထားမိသည်မှစ၍ အငြင်းပွားကြ၏။ မြတ်စွာဘုရား ဆုံးမတော်မူသော်လည်း မလိုက်နာဘဲ ဆက်လက် အငြင်းပွားနေကြ၏။ ဤရဟန်းနှစ်ပါးကိုအကြောင်းပြု၍ သံဃာသင်းကွဲကာ လူပုဂ္ဂိုလ်များပါ အုပ်စုကွဲသဓါားပြီး ဗြဟ္မာပြည်တိုင်အောင် အုပ်စုကွဲပြားလေ၏။ မြတ်စွာဘုရားသည် သံဃာပရိသတ်ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုပါသဖြင့် ပါလိလေယျက တောသို့ကြွရောက် သီတင်းသုံးစဉ်ပါလိလေယျက ဆင်နှင့် မျောက်တို့က ပြုစုကြလေသည်။
၁၆။ သိင်္ဂါလသတို့သားအား ဆုံးမတော်မူခန်း
မြတ်စွာဘုရားသည် စိုသောအ၀တ်၊ စိုသောဆံပင်တို့ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးနေသော သိင်္ဂါလသတိုးသားကို မြင်တွေ့ရ၏။ အရပ်ခြောက်မျက်နှာကို ရှီခိုးရန် အဖမှာကြားသောကြောင့် ရှိခိုးကြောင်း သိင်္ဂါလသတိုးသားကဖြေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရပ်ခြောက်မျက်နှာ၏ အဓိပ္ပာယ်နှင့် အရပ်ခြောက်မျက်နဓှာကို ကိုယ်စားပြုသော အမိ၊ အဖ၊ ဆရာ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတို့၏ ၀တ္တရားများကို ဟောလေ၏။ (သိင်္ဂါလောဝါဒသုတ်သည် မြတ်မာများကျင့်သုံးနေသော မိဘ၀တ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)
၁၇။ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း
ဘာရဒွါဇအနွယ်ပုဏ္ဏားများ မကြာခဏရဟန်းပြုသည်ကို မကျေမချမ်းနိုင်သော အက္ကောသဘာရဒွါဇ ပုဏ္ဏားကြီးသည် ဆဲရေးလေ၏။ မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထိုခဲဖွယ်ဘောဇဓဉ်များသည်မည်သူ့ထံ၌ ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်းဖြေကြားသော် မြတ်စွာဘုရားက သင်၏မယဉ်ကျေးသောဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။
၁၈။ ရှင်အာနန္ဒာ၏ ပယ်လေးတန်၊ ပန်လေးပါး၊ ဆုရှစ်ပါး တောင်းခံတော်မူခန်း
မြတ်စွာဘုရား ၀ါတော်နှစ်ဆယ်ရသော် အမြဲတမ်းအလုပ်အကျွေး ရဟန်းတစ်ပါးလိုလာ၏။ မြတ်စွာဘုရားက ငါဘုရားအတွက် အမြဲတမ်းအလုပ်အကျွေးရွေးရန်မိန့်ကြား၏။ ရဟန်းများက ညီတော်အာနန္ဒာအား မြတ်စွာဘုရားကို လုပ်ကျွေးခွင့်ပြုရန် လျှောက်ထားစေလိုကြောင်း တိုက်တွန်းကြ၏။ ညီတော်အာနန္ဒာက မိမိမလိုလားသောဆုလေးမျိုးကိုပယ်ခွင့်ရပြီး လိုလားသောဆုလေးမျိုးကို ခွင့်ပြုပါလျှင် လုပ်ကျွေးမည်ဖြစ်ကြောင်းလျှောက်၍ ပယ်ဆုလေးတန်၊ ပန်ဆုလေးပါးတောင်းပြီးး အမြဲတမ်းအလုပ်အကျွေးတာဝန်ယူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်တိုင် လုပ်ကျွေးတော်မူလေ၏။
၁၉။ ကာလာမသုတ် ဟောတော်မူခန်း
ကာလာမ အမျိုးသားတို့သည် မြတ်စွာဘုရားထံချဉ်းကပ်၍ အချို့သော သမဏ ဗြဟ္မဏတို့သည် မိမိတို့ဝါဒကိုသာ မှန်ကန်သည်ဟု ဟောပြောလျက် သူတစ်ပါးတို့၏ ၀ါဒကို ရူတ်ချကြ၏။ မည်သည့်ပုဂ္ဂိုလ်တို့၏ ၀ါဒစကားသည် မှန်သနည်းဟု လျှောက်သော် မြတ်စွာဘုရားက ပြောသံကြားစကား၊ အစဉ်အဆက်စကား၊ စာပေနှင့် ညီညွတ်သည်ဟူသောစကား စသည်ဖြင့် ထိုစကားများကို မယုံကြည်သင့်၊ အပြစ်ရှိသည်ဟု ကိုယ်တိုင်သိသောတရားများကို စွန့်ပယ်၍ ကောင်းကျိုးချမ်းသာခြင်းငှာ ဖြစ်သည်ဟု ကိုယ်တိုင်သိသော တရားများကိုသာ ယုံကြည်ကျင့်ကြံကုန်ရ၏ဟု “ကေသမုတ္တိသုတ်”ကို ဟောတော်မူလေ၏။
၂၀။ ဂိလာန ရဟန်းအား ပြုစုတော်မူခန်း
မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ၀မ်းသက်ရောဂါဖြစ်၍ ကျင်ကြီးကျင်ငယ်တို့ဖြင့် လူးလှိမ့်အိပ်နေသော ရဟန်းကြဓီးတစ်ပါးကို မြင်လေ၏။ မြတ်စွာဘုရားက ထိုသူနာရဟန်းကိုမေးမြန်းသော် မိမိတွင်လုပ်ကျွေးမည့်သူမရှိကြောင်း လျှောက်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တိုင်ရေနွေးဖြင့်ဖန်ဆေး၍ သူနာပြုတော်မူ၏။ ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကို လုပ်ကျွေးပြုစုလိုသောရဟန်းသည် နာဖျားသောရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။
၂၁။ မာလုကျပုတ္တရဟန်းအား ဆုံးမတော်မူခန်း
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး လောကသည် မြဲ၏၊ မမြဲ၏ အစရှိသည်တို့ကို မြတ်စွာဘုရားသည် မဟောကြားသေး၊ မြတ်စွာဘုရား မသိငြားအံ့မသိဟုဝန်ခံရန်၊ အကယ်၍မဟောကြားလျှင် မိမိလူထွက်တော့မည်ဟု လျှောက်ထား၏။ မြတ်စွာဘုရားက မာလုကျပုတ္တအား၊ “အကျိုးစီးပွားနှင့် မစပ်သည်တို့ကို ငါမဟောကြား၊ လောကသည်မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတရားတို့ဥည် တွေ့စမြဲဖြစ်သည်။ မြားပစ်ခံရသူသည် မြားပစ်ရာအရပ်၊ မြားပစ်သူ၊ လင်းလေး၊ ဒူးလေး စသည်တို့ကိုသိမှ မြားနုတ်အံ့ဟု ဆိုချေသော် သေရာသာရှိ၏။ ခန္ဓာကိုယ်၏ ဆင်းရဲခြင်းများကို မျက်မှောက်ဘ၀၌ပင် တွေ့ကြုံရသည်ဖြစ်၍ ငါဟောကြားသည်ကို ဟောကြားသည့်အတိုင်း မဟောကြားသည်ကို မဟောကြားသည့်အတိုင်းသာမှတ်လော့”ဟု ဆုံးမတော်မူ၏။
၂၂။ မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း
အသပြာရှစ်သိန်းကြွယ်ဝသော မဟာသာလပုဏ္ဏားကြီးသည် ဥစ္စာတို့ကို သားများအား အမွေအဖြစ် ခွဲဝေပေးလိုက်၏။ ဥစ္စာမရှိတော့သောပုဏ္ဏားကြီးကို သားများကစွန့်ပယ်ထားသောအခါ ပုဏ္ဏားကြီးသည် ဆင်းရဲပင်ပန်းစွာ လှည့်လည်ရှာဖွေစားသောက်နေရ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ ရောက်လာသော် မြတ်စွာဘုရားက ဂါထာလေးပုဒ်သင်ကြားပေး၏။ ပုဏ္ဏားကြီးသည် ထိုဂါထာများကို ပရိတ်သတ်စုံရာသဘင်၌ရွတ်ဆိုသော် မြို့သူမြို့သားများက သားများကို ခြိမ်းခြောက်မောင်းမဲပြစ်တင်ကြလေ၏။
၂၃။ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း
မြတ်စွာဘုရားသည် ပဉ္စဂ္ဂပုဏ္ဏားကြီးထမင်းစားနေစဉ် ဆွမ်းခံကြွလာ၏။ ပုဏ္ဏေးမကြီးက ကန်တော့ဆွမ်းဟူသော အမူအရာကို ပုဏ္ဏားကြီးမမြင်အောင်ပြလေ၏။ ပုဏ္ဏားကြီးသိလေသာ် မြတ်စွာဘုရားထံချဉ်းကပ်ပြီး၊ မိမိစားဆဲ ထမင်းသာလျှင်ရှိပါ၏။ မြတ်စွာဘုရားကို အဦးမလှူရသဖြင့် လျှောက်ပတ်ပါမည်လော၊ လက်ခံနိုင်ပါမည်လောဟု လျှောက်၏။ မြတ်စွာဘုရားက ဆွမ်းဦးကိုလည်းကောင်း၊ စားဆဲကိုလည်းကောင်း၊ စားပြီးကျန်ကြွင်းသောဆွမ်းကိုလည်းကောင်း လှူရန်လျှောက်ပတ်၏။ အလှူခံ ရဟန်းပုဏ္ဏားတို့သည် လှူသောဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမပြုသင့်ဟု ဟောကြားတော်မူ၏။
၂၄။ ဒေ၀ဒတ် သံဃာသင်းခွဲခန်း
ဒေ၀ဒတ်သည် မြတ်စွာဘုရားနှင့် စစ်ပြိုင်ပြုလိုသော အကြံဖြင့် မြတ်စွာဘုရားထံမှောက် သဓွားရောက်ကာ ရဟန်းများ သက်သတ်လွတ်စားရန်၊ ပံ့သကူသင်္ကန်းဆောင်ရန်၊ ရုက္ခမူ ဓူတင်ဆောင်ရန် စသော ငါးပါးသောဝတ္ထုတို့ကိုတောင်း၏။ မြတ်စွာဘုရားက ခွင့်မပြုသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား လာဘ်ပေါးများခြင်း အကျိုးငှာသာ ပြု၏ဟု ကဲ့ရဲ့၍ မိမိနှင့် သဘောတူသော ရဟန်းများကို ခေါ်ယူလျက် သံဃာသင်းခွဲကာ မြတ်စွာဘုရားထံမှ ထွက်ခွာသွားလေ၏။ ဤအကုသိုလ်ကြောင့် ဒေ၀ဒတ်သည် မြေမြိုခံရလေသည်။
၂၅။ အဇာတသတ် ကန်တော့ခန်း
ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်မိသော အဇာတသတ်၏စိတ်သည် မတည်မငြိမ်ဖြစ်နေသည်။ မိမိ၏စိတ်အေးချမ်းတည်ငြိမ်စေရန်အတွက် အားကိုးရာရှာ၏။ ဆရာဇီဝကသည် တန်ဆောင်မုန်းလပြည့်ညတွင် ဆင်မယာဉ်သာ ၅၀၀-ကို မောင်းမ ၅၀၀-စီးနင်းစေ၍ အဇာတသတ်ကို ခြံရံစေကာ မြတ်စွာဘုရားထံပို့လေ၏။ ၁၂၅၀သော သံဃာတို့၏ အလယ်၌ရှီသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ သံဃာပရိသတ်၏ ငြိမ်သက်မူကို ဖူးမြင်ရသည့်အခါ နှစ်သက်ကြည်ညို သဒ္ဓါပိုကာ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းစကားကျူးရင့်လေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူလေ၏။
၂၆။ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း
အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ကြည်ညိုတော်မူကာ မြတ်စွာဘုရားနှင့်တူသူ ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်တွင်လည်း ရှိမည်မဟုတ်ဟု ၀မ်းသာအားရ ချီးပလျှောက်ထားလေ၏။ မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ်ကြောင့် ပြောရသနည်းဟု မေးမြန်းလေ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံသိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့် စကားဖြင့် လျှောက်ထားရခြင်းဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။
၂၇။ အမ္ဗပါလီ၏ ဆွမ်းပင့်လျှောက်ထားခန်း
မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် အမ္ပပါလီ ပြည့်တန်ဆာမသည် မြတ်စွာဘုရားထံ ဆွမ်းဖိတ်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။ လိစ္ဆ၀ီမင်းများက အမ္ဗပါလီထံမှ ထိုဆွမ်းလှူခွင့်ကို အသပြာပေး၍ ၀ယ်ကြလေ၏။ အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆ၀ီမင်းများသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ဆွမ်းကို လက်ခံပြီးဖြစ်သည်ဟု မိန့်ကြားလျက် လိစ္ဆ၀ီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။
၂၈။ ပရိနိဗ္ဗာန် စံတော်မူခန်း
မြတ်စွာဘုရား သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် အာယုသင်္ခါရလွှတ်တော်မူ၏။ ကုသိနာရုံသို့ ရဟန်းများခြံရံလျက် ကြွတော်မူရာ၊ ၀မ်းလားနေသော်လည်း ဝေဒနာကို သည်းခံ၏။ ရဟန်းများစုံညီစေ၍ ပစ္ဆိမ၀စန နောက်ဆုံးစကားမိန့်ကြားတော်မူပြီးလျှင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူ၏။
ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ်လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ရလိုမူဖြင့် မင်းများက စင်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်များကို ညီမျှစွာခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓာတ်တော်ခြင်သော ခွက်ကိုသာ ရလေ၏။
http://sphotos-a.xx.fbcdn.net/hphotos-snc6/228211_183344128382282_4830759_n.jpg
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
ကျွန်တော်နှင့် Security ပိုင်းဆိုင်ရာ ကာကွယ်ရန်”
ကျွန်တော်ဒီနေရာမှာ ရေးပေးမှာကတော့အခုလက်တစ်လောလူတော်တော်များဟက်ကာများဒဏ်ကိုခံနေရပါတယ်
အဲ့ဒီအတွက်ကိုယ့်ဘက်ကလဲကာကွယ်နိုင်ဖို့နဲ့လုံခြုံအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုတင်ပြသွားမှာပါ..............။
Securityနဲ့ပက်သက်တာတွေပေါ့Phone,Internet,Website,အခြားသောSecurityပိုင်းတွေကို လေ့လာနိုင်ဖို့ပါ...............။
အမှားများပါရင်ခွင့်လွတ်ကြပါကုန်...
“Password များကိုရွေးချယ်ခြင်းနှင့် ကာကွယ်ခြင်း”
Password တွေဟာစစ်မှန်ကြောင်းအထောက်အထားပြသခြင်းအတွက်ဘုံနည်းလမ်းတစ်ခုဖြစ်သလိုအသုံးပြုသူနဲ့
ကိုယ်ရေးကိုယ်တာအချက်အလက်ကြားမှာရှိတဲ့ အဟန့်အတားတစ်ခုလည်းဖြစ်ပါတယ်။
တိုက်ခိုက်သူ(attacker)များဟာပရိုဂရမ်တစ်ချို့ကိုအသုံးပြုပြီPasswordများကိုရွေးချယ်အသုံးပြုခြင်းနဲ့လျှို့ ဝှက်ချက်
အလက်များကိုအခွင့်မရှိတဲ့လူတစ်ဦးတစ်ယောက်မှအသုံးပြုခြင်းအားပိုမိုခက်ခဲအောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Password တစ်ခုဘာကြောင့်လိုအပ်သလဲ..?
ATMစက်တစ်ခုမှပိုက်ဆံထုတ်ခြင်း၊စတိုးဆိုင်တစ်ခုတွင်Debitcardsအသုံးပြုခြင်း၊ကွန်ပျူတာနဲ့အီးမေးလ်တွင်login
လုပ်ခြင်း၊ဘဏ်တစ်ခုတွင် sign inလုပ်ခြင်း၊အွန်လိုင်းတွင်ဈေးဝယ်ခြင်းစတဲ့လုပ်ဆောင်ချက်တွေမှာ
Personal identification number (PIN) များ၊ Password များနဲ့ Passphrase
များကိုအသုံးပြုကြရပါတယ်။
Passwordဟာအချက်အလက်များနဲ့ပစ္စည်းဥစ္စာတွေကိုအခွင့်ရှိသူသာအသုံးပြုနိုင်စေရန်အတွက်အကောင်းဆုံးသော
နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။တစ်စုံတစ်ဦးအားမှန်ကန်ကြောင်းအတည်ပြုနိုင်မှသာနောက်အဆင့်တစ်ဆင့်
သို့ ရောက်ရှိနိုင်စေမှာဖြစ်ပြီးယင်းကဲ့သို့စစ်မှန်ကြောင်းအထောက်အထားပြသခြင်းအတွက်အသုံးပြုကြတာကြောင့် စိတ်ချရတဲ့Passwordများကိုရွေးချယ်အသုံးပြုခြင်းဒါမှမဟုတ်လုံခြုံအောင်ထိန်းသိမ်းမထားခြင်းတို့ကPasswordကို
လုံးဝအသုံးမပြုထားခြင်းသကဲ့သို့အရောမရောက်တာမျိုးဖြစ်နိုင်ပါတယ်။စနစ်အများစုနဲ့ဝန်ဆောင်မှုအများစုမှာလုံခြုံ
မှုမရှိခြင်းနဲ့စိတ်မချရတဲ့Password တွေကိုရွေးချယ်အသုံးပြုခြင်းတို့ကြောင့်ချိုးဖောက်ဝင်ရောက်မှုတွေဖြစ်ပွားနိုင်သ
လိုအချို့ Virus တွေနဲ့Wormကလည်းအားနည်းတဲ့Password တွေကိုခန့်မှန်းပြီးစနစ်အတွင်းသို့ချိုးဖောက်ဝင်ရောက်နိုင်
ပါတယ်။
စိတ်ချရတဲ့ Password တစ်ခုဘယ်လို့ရွေးချယ်မလဲ..?
အသုံးပြုသူအများစုဟာမှတ်မိရလွယ်တဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေပေါ်အခြေခံပြီးPassword တွေကိုအ
သုံးပြုမှတ်သားထားလေ့ရှိကြပါတယ်။ယင်းကဲ့သို့မှတ်မရလွယ်တဲ့Password တွေကိုအသုံးပြုခြင်းဟာတိုက်ခိုက်သူများ
မှ Password ကိုခန့်မှန်းရလွယ်စေသလို့ ဖော်ထုတ်ရတာလည်းလွယ်ကူစေပါတယ်။
ဥပမာအနေနဲ့ ဂဏန်းလေးလုံးပါတဲ့ PIN နံပါတ်တစ်ခုရွေးချယ်အသုံးပြုခဲ့မယ်ဆိုပါစို့။
သင့်ရဲ့မွေးနေ့ကိုရွေးချယ်အသုံးပြုခဲ့မယ်ဆိုရင်၊ဒါမှမဟုတ်socialsecurityနံပါတ်တစ်ခုကိုရွေးချယ်အသုံးပြုခဲ့မယ်ဆိုရင်၊
ဒါမှမဟုတ်လိပ်စာ၊ဖုန်းနံဘတ်စတာတွေကိုအသုံးပြုမယ်လို့စဉ်းစားထားမယ်ဆိုရင်အဲ့ဒီအချက်အလက်တွေဟာ
ကိုယ်အသိမိတ်ဆွေတွေကနေတစ်ဆင့် တစ်စုံတစ်ဦးရဲ့အလွယ်တကူရှာဖွေမှုကိုခံရနိုင်ပါတယ်။
နောက်ပြီးအအဘိဓါန်မှာရှာဖွေနိုင်တဲ့စကားလုံးကိုအီးမေးလ်Passwordအဖြစ်အသုံးပြုခြင်းဟာလည်း
dictionary တိုက်ခိုက်မှုလို့ခေါ်တဲ့ အဘိဓာန်ကစကားလုံးများကိုအခြေခံပြီး Password
ခန့်မှန်းခြင်းကိုအလွယ်တကူပြလုပ်နိုင်စေပါတယ်။ ဒါပေမဲ့ “date” ဆိုတဲ့စကားလုံးကို “daytt”
ဆိုပြီးစားလုံးပေါင်းမှားယွင်းအသုံးပြုခြင်းကလည်း dictionary
တိုက်ခိုက်မှုများကနေကာကွယ်နိုင်စေသလိုစကားစုများအသုံးပြုခြင်း၊
မှတ်ဥာဏ်ကူနည်းလမ်းများအသုံးပြုခြင်းကလည်းPasswordခိုးယူခံရခြင်းမှကာကွယ်နိုင်စေပါတယ်။
ဥပမာအနေနဲ့ “hoops” ဆိုတဲ့ Password အစား “[i] [l]ike [T]o [p]lay [b]asket[b]all” အတွက်
iltpbbကိုအသုံပြုခြင်ဖြစ်ပါတယ်။ နောက်ထပ်ဥပမာတစ်ခုထပ်ပြောရရင် ကျွန်တော် ဖိုရမ်မှာ
Password ပေးနေသလို့ပေါ့ WWW.Myanmarfamily.Org ဆိုတာလိုမျိုးပေါ့
စာလုံးအကြီးအသေးနှစ်မျိုးစလုံးကိုအသုံးပြုထားခြင်းဟာလည်းလုံခြုံမှုကိုထပ်မံပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ အကောင်းဆုံးကာကွယ်မှုကတော့ဂဏန်းများ၊အထူးအက္ခရာများအပြင်စာလုံးအသေးအကြီးနှစ်မျိုးလုံးကို
အသုံးပြုခြင်းဟာလည်းလုံခြုံမှုကိုထပ်မံပေါင်းစပ်ထားခြင်းပါ။
ဥပမာအနေနဲ့ဆိုရရင် ilTpb အစား Il!2pBb ကိုအသုံးပြုခြင်းက password ခန့်မှန်းခြင်းကိုပိုပြီးတော့
ရှုပ်ထွေးစေနိုင်ပါတယ်။ရှည်လျားတဲ့passwordများဟာခန့်မှန်းရခက်ခဲစေတဲ့အတွက်တိုတောင်းတဲ့
passwordများထက်ပိုပြီးလုံခြုံမှုရှိစေတာကြောင့်passwordတစ်ခုကိုရွေးချယ်အသုံးပြုဖိုစဉ်းစားသင့်ပါတယ်။
ဥပမာအနေနဲ့ “This password is 4 my mail”
ဆိုတဲ့Passwordမှာစာလုံးအကြီး၊စာလုံးအသေးနဲ့အထူးအက္ခရာတွေပါဝင်တာကြောင့် လုံခြုံစိတ်ချရတဲ့Passwordတစ်ခုလို့ဆိုရမှာပါ။စာဖတ်သူအနေနဲ့ကွဲပြားခြားနားတဲ့Passphrase တွေကိုရွေးချယ်အ
သုံးပြုနိုင်ပေမယ်။တချို့ application တွေမှာစာလုံးအရေးအတွက်ကန့်သတ်ထားခြင်း၊Space တွေကိုလက်မခံခြင်း
စတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ Passphrase တွေကိုရွေးချယ်အသုံးပြုတဲ့အခါမှာအများသုံးစကားစုတွေ၊နာမည်ကျော် ကောက်နုတ်ချက်စာသား
တွေနဲ့ သီချင်းစာသားတွေကိုရွေးချယ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရပါမယ်။
Password တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင်
အထက်ဖော်ပြချက်များအတိုင်းလိုက်နာဖို့လိုအပ်သလိုအောက်ဖော်ပြပါနည်းလမ်းတွေကိုလည်းလိုက်နာဖို့လို
ပါတယ်။ လိုက်နာဖို့ အချက်တွေကိုအတိုချုံးပြီးတော့ ပြန်ပြောပြပေးပါမယ်။
၁။အလွယ်တကူရယူပြီးခန့်မှန်းနိုင်စေမယ့်ကိုယ်ရေးကိုယ်တာအချက်အလက်ကိုအခြေခံထားတဲ့Password
     တွေကိုအသုံးမပြုပါနဲ့
၂။မည့်သည့်ဘာသာစကားနဲ့မဆိုဖော်ပြထားတဲ့အဘိဓာန်တွေမှာရှာဖွေနိုင်တဲ့စကားလုံးတွေကိုမသုံးပါနဲ့
၃။ရှုပ်ထွေးတဲ့Passwordများကိုမှတ်မိရလွယ်စေရန်အတွက်မှန်ဥာဏ်ကူဆောင်ပုဒ်တစ်ခုနဲ့မှတ်သားပါ
၎။ စာလုံးအသေးနဲ့ အကြီး နှစ်မျိုးစလုံးကိုသုံးပါ
၅။ စလုံး၊ဂဏန်းနဲ့ အထူးအက္ခရာတို့ကိုပေါင်းစပ်အသုံးပြုပါ
၆။ Passphrase တွေကိုတတ်နိုင်သမျှ သုံးပါ
၇။ ကွဲပြားခြားနားတဲ့စနစ်များအတွက် မတူညီတဲ့ Password များကိုသုံးပါ
Password ကိုဘယ်လိုကာကွယ်မလဲ..?
Password တွေကိုအသုံးပြုသူအနေနဲ့ခန့်မှန်းရခက်စေမယ့်Passwordတစ်ခုကိုရွေးချယ်ပြီးပြီဆိုရင်.....
၎င်းPasswordကိုအလွယ်တကူရှာဖွေနိုင်တဲ့နေရာမှာမထားမိဖို့လိုပါတယ်။Passwordကိုစာရွက်ပေါ်မှာရေးပြီး
စားပွဲဒါမှမဟုတ်ကွန်ပျူတာဘေးမှာထားခြင်း၊ကွန်ပျူတာပေါ်တွင်တပ်နှင့်ကပ်ထားခြင်းစတာတွေဟာရုံးခန်း
အတွင်းမှာရှိတဲ့တစ်စုံတစ်ဦးကနေအလွယ်တကူရယူပြီးအသုံးပြုစေနိုင်ပါတယ်။မိမိရဲ့Passwordကိုတစ်ခြား
သူများထံပြောပြခြင်းအားရှောင်ကြဉ်ပြီးဖုန်းခေါ်ဆိုမှုများနဲ့အီးမေးလ်မက်ဆေ့ခ်ျများကနေPassword
တွေကိုလိမ်လည်လှည်းဖြားပြီးရယူရန်ကြိုးစားသူ(attacker)များကိုသတိပြုခြင်းဖြင့်Passwordကိုကာကွယ်ထိန်း
သိမ်းနိုင်ပါတယ်။
ဒါ့အပြင်အချို့ ပရိုဂရမ်တွေဟာလည်းPassword တွေကိုမှတ်သားထားနိုင်ပေမယ့်ဒီပရိုဂရမ်မှာအချက်အလက်
တွေကို ကာကွယ်ဖို့အတွက် ကွဲပြားတဲ့ လုံခြုံမှုအဆင့်တွေရှိပါတယ်။
များသောအားဖြင့် email client တွေနဲ
့Webbrowser တွေဟာအချက်အလက်တွေကိုကွန်ပျူတာပေါ်မှာဖိုင်တစ်ခုအဖြစ်သိုလှောင်ထားပါတယ်။
အဆိုပါအချက်အလက်တွေကိုကွန်ပျူတာကိုအသုံးပြုတဲ့မည်သူမဆိုအသုံးပြုနိုင်တာကြောင့်Password
များကိုရှာဖွေဖော်ထုတ်ပြီးအချက်အလက်တွေကိုအသုံးပြုနိုင်စေပါတယ်။
ဒါကြောင့်အများသုံးကွန်ပျူတာတစ်လုံး(စာကြည့်တိုက်၊အင်တာနက်ဆိုင်၊ရုံးသုံးကွန်ပျူတာ)ပေါ်မှာအသုံးပြုခဲ့
မယ်ဆိုရင် အမြဲ log out လုပ်ဖို့ မမေ့ရန်လိုအပ်ပါတယ်။
အခြားပရိုဂရမ်တွေဖြစ်တဲ့Appleရဲ့Keychainနဲ့Palmရဲ့SecureDesktop တွေကတော့ အချက်အလက်တွေကိုစိတ်
ချရတဲ့codeအဖြစ်ပြောင်းလဲပြီးကာကွယ်ပေးပါတယ်။ဒီပရိုဂရမ်အမျိုးအစားတွေမှာpassword တွေကိုကိုင်တွယ်
ထိန်းချူပ်ဖို့ အတွက်option တွေပါဝင်ပါတယ်။ဒါပေမဲ့ အဲ့ဒီနည်းလမ်းတွေဟာattackerတစ်ဦးရဲ့ဘေးအန္တရာယ်
ကနေကာကွယ်ပေးနိုင်ဖို့အတွက်အာမခံထားခြင်းမရှိပေမဲ့ password တွေကိုခန့် မှန်းယူခြင်းအတွက်တော့ ပိုမို
ခက်ခဲစေပါတယ်။
ဂုဏ်တော်ပွားကျိုး ၁၇-မျိုး။
စေတီအတူ၊ စိတ်မူတည်ကြည်၊ ရောက်မည် နတ်ရွာ၊ တွေ့ခါသိလွယ်၊ မြတ်နွယ် အမျိုး၊ ရို့ကျိုးခံရ၊ ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယ,ခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူပညာ၊ နက်စွာ,ထက်,ရွှင်၊ လျှင်မြန်,ဆန်းကြယ်၊
ကောင်းကြွယ်စကား၊ ဆိုနိုင်ငြားသည်၊ ဘုရားဂုဏ်တော်ပွားကျိုးတည်း။
...
၁။ စေတီအိမ်နှင့် တူသည်ဖြစ်၍၊ သူတပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း။
၂။ စိတ်တည်ကြည် ရဲရင့်ခြင်း။
၃။ သေခါနီး၌ မတွေမဝေ သေရ၍၊ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို
ရခြင်း။
၎။ နောင် ဘုရားရှင်ကို ဖူးမြော်ရသည့်အခါ ဘုရားဟောတရား
(သစ္စာလေးပါး) ကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။ အဆင်းကောင်းခြင်း။
၉။ ကိုယ်အနံ့ ကြိုင်သင်းခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးပျံ့ခြင်း။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျှင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။
စင်စစ်အားဖြင့် ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်၊ မရေမတွက် နိုင်အောင် များလှ၍၊ ဂုဏ်တော်ကို အောက်မေ့ဆင်ခြင် ပွားများ မှုကြောင့်၊ ရနိုင်သော အကျိုးတရားတို့မှာလည်း၊ မရေမတွက်နိုင်အောင် များခွင့်ရှိပါ သည်။
 လက်တွေ့ပွားများ၍၊ လက်တွေ့အကျိုးတရားကို ရယူခံစားသင့်ကြပါသည်။
( ဗုဒ္ဓဘာသာလက်စွဲကျမ်း။ သာသနာရေးဝန်ကြီးဌာန )
ဒါဖတ်ပြီး မှ ဘုရားဖူး ထွက်ကြပါ"
ယခုခေတ်ဗုဒ္ဓဘာသာဝင်များတွင်ဘုရားဖူးထွက်ခြင်းသည်"ပေါ်ပြူလာ"တစ်ခု၊"ဆိုရှယ်"တစ်ခုဟုခံယူထားကြ
သည်လားမပြောတတ်ပါ။"အိန္ဒိယဘုရားဖူး,မြန်မာပြည်အနှံ့ဘုရားဖူး,ပုဂံဘုရားဖူး,မန္တလေးဘုရားဖူး,အလောင်း
တော်ကဿပဘုရားဖူး"စသည်ဖြင့်အကျိုးဆောင်အဖွဲ့များပင်ရှိ၍ ဘုရားဖူးသွားသူများလည်းပေါများလှပါသည်။
ဦးဆောင်သူများကညံ့၍လော၊ လူကြီး မိဘများကပင် သတိမမူမိကြသောကြောင့်လော၊ကာယကံရှင်တို့ကပင် စိတ်မ၀င်စားကြခြင်းကြောင့်လော၊အတိအကျမပြောတတ်ပါ။
ဥပမာ-"အိန္ဒိယဘုရားဖူးသွား၏၊ငွေကုန်၏၊ဗဟုသုတရရ၏၊ဗုဒ္ဓပူဇာဒါနကုသိုလ်များရရှိ၏၊ဒေသန္တရသုတများစွာ
ရခြင်းနှင့် လူမှုရေး၊ဘာသာရေး၊ယဉ်ကကျေးမှုများတိုးပွားကာအဆင့်မြင့်လာစရာလည်းရှိပါ၏။သို့သော် "ဘုရားဖူးသွားခြင်းအတွက်အကျိုးများ၏"ဟုကား မဆိုသာကြောင်း ပြောလိုပါသည်။
စင်စစ်အားဖြင့် ဘုရားဖူးနည်းကိုသိပါက အကျိုးကြီးစွာရရှိမည်ဖြစ်သော်လည်း ဘုရားဖူးနည်း မတတ်ပါက အကျိုးကြီးမည်မဟုတ်ပါ။ဘုရားဖူးနည်းတတ်ပါကလည်းတမင်တကာကြီးဘုရားဖူးသွားသွား၊မသွားသွားအကျိုးကားများပြီးသားဖြစ်ပါ၏။သို့သော် ဘုရားဖူးနည်းကို အလေးအနက်ထားသူကား ရှားလှပေသည်။
"မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်"ကျောင်းတိုက်တွင်စာချနာယက၊ဂန္ဓဓူရပရိယတ္တိသာသနာ့တာဝန်ကိုထမ်း
ဆောင်ဖြစ်တော်မူသည့်"ဘဒ္ဒန္တဇယဒိသာဘိဝံသ"ဆရာတော်ကြီး၏ ဘုရားဖူးနည်းကိုပြောလိုပါသည်။
(ဆရာတော်ကြီးမှာ"မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ဆူးလေကုန်းကျေးရွာ"တွင်မြန်မာသက္ကရာဇ်(၁၂၉၉)ခုနှစ်မွေးဖွား
တော်မူခဲ့ပြီး သက်တော်(၆၃)နှစ်ဝါတော်(၄၄)၀ါအရ (၁၃၆၂)ခုနှစ်တွင်ပျံလွန်တော်မူခဲ့ပါသည်)
ထို ဆရာတော်ကြီးသည် "ကျိုက်ထီးရိုးဘုရား"သို့ တစ်နှစ်လျှင်တစ်ကြိမ်ပုံမှန်ဘုရားဖူးလေ့ရှိပါသည်။ပုံမှန်သွား
ခြင်းမှာကျိုက်ထီးရိုးစေတီတော်မြတ်ထံ"ဘုရားဆုပန်"ထားရင်းအဓိဌာန်ရှိနေသောကြောင့် အဓိဌာန်ပါရမီကိုဖြည့်
သောအားဖြင့် ဘုရားဖူးပုံမှန်ကြွတော်မူပါသည်။
ဆရာတော်ကြီးသည် အဓိကအားဖြင့်"သီလပါရမီ၊နေက္ခမ္မပါရမီ၊ပညာပါရမီ၊၀ီရိယပါရမီ၊သစ္စပါရမီ၊အဓိဋ္ဌာနပါရမီ" တို့ကိုဖြည့်ကျင့်သွားခဲ့သည်ဟုဆင်ခြင်ကြည်ညိုရပါသည်။ဆရာတော်ကြီးသည်ဘွဲ့ပေါင်းများစွာ(အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊သ-စ-အ-ဓမ္မာစရိယ၊အင်္ဂုတ္တရနိကာယပါဠိပါရဂူ)ရထားခဲ့သော်လည်းရိုးသားဖြောင့်မတ်သောအနေ
အထိုင်ဖြင့်သင့်တင့်လျောက်ပတ်ရုံသာခြိုးခြံရောင့်ရဲစွာတစ်သက်ပတ်လုံးသီတင်းသုံးနေထိုင်ခဲ့ပါသည်။မတော်
လောဘ၊မတော်ဒေါသတို့ကိုဆရာတော်ကြီးထံ၌မတွေ့မမြင်ရပေ။ကာမဂုဏ်အာရုံတို့မှလွတ်မြောက်အောင်တစ်ပါးတည်းတိတ်ဆိတ်စွာနေလျက်ပရိယတ္တိစာပေကိုပို့ချပေးခဲ့ပါသည်။
ဆရာတော်ကြီး၏အဓိကစာဝါမှာဓမ္မာစရိယတန်း၊"သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ"ဖြစ်ပါသည်။
"သီလက္ခန္ဓ ၀ဂ္ဂ အဋ္ဌကထာ" အစဦးမှာပင် "ဗြဟ္မဇာလသုတ်" ပါရှိပေသည်။မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးနှင့်တကွ
သီလသုံးပါး စသည်များကို ဆရာတော်ကြီးစိတ်ဝင်စားတော်မူဟန်ရှိပါသည်။
အဓိကပြောလိုသည့်အချက်မှာ ဆရာတော်ကြီးအဓိဋ္ဌာန်ပါရမီအရ ဘုရားဖူးကြွခြင်းပင်ဖြစ်ပါသည်။
ဘုရားဖူးကြွသောအခါတိုင်းပင် ဆရာတော်ကြီး၏စိတ်အစဉ်ထဲတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဂုဏ်တော်များထင်
ရှားနေမည်ဟုသိရပါသည်။အဘယ့်ကြောင့်နည်းဟူမူထို"သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ"ကိုပင်နှစ်ပေါင်း(၃၀)ကျော်
အထိ အခေါက်ပေါင်းများစွာပို့ချသင်ပြပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ဆရာတော်ကြီးသည်"သီလက္ခန်"လာ"သုတ္တန်ဒေသနာတော်ကြီး၁၃ခု"တို့အနက်"လေးခုမြောက်""သောဏဒဏ္ဍသုတ္တန်"ကြီးတွင်"ယူဇနာတစ်ရာကျော် ဝေးကွာရာ စမ္ပကတောအုပ်အတွင်း ဗုဒ္ဓမြတ်စွာဘုရားရှင်သီတင်းသုံး
တော်မူရာသို့ ဘုရားဖူးထွက်လာသော စမ္ပာမြို့စားကြီး သောဏဒဏ္ဍ ၏ စိတ်ထဲတွင် သူ့အနေဖြင့် သိထား
သော ဗုဒ္ဓဂုဏ်တော် ၂၉-ပါး(နှစ်ဆယ့်ကိုးပါး) တို့ကိုပွားများလျက်၊ပြောကြားလျက် ဘုရားဖူးထွက်လာကြောင်း"
အတိအလင်း ပါရှိပါသည်။
(ဤ"သောဏဒဏ္ဍသုတ္တန်ကြီး"သည်စင်စစ်အားဖြင့်ဘုရားဖူးသွားနည်းကိုပြသောသုတ္တန်ကြီးဖြစ်ကြောင်းတွေ့ရပါသည်။)
သို့ဖြစ်၍ ဆရာတော်ဘုရားကြီးသည်လည်း ဆရာတော်ကြီးအနေဖြင့်သိထားသော ဗုဒ္ဓဂုဏ်တော် အနန္တ-အသင်္ချေယျ-အပရိမာဏ=(အဆုံးမရှိ-ဂဏန်းမရှိ-အတိုင်းအတာမရှိ)တို့ကိုဆင်ခြင်လျက်၊ရွတ်ဖတ်လျက်သာ ဘုရားဖူးထွက်ကြွလာလိမ့်မည်ဟု ယုံကြည်ရပါသည်။
မကြာခင်ကာလကမှ(အတိအကျဆိုရလျှင်၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့က)
ကျွန်တော်သည်"ကျိုက်ထီးရိုး"ဆံတော်ရှင်သို့ဘုရားဖူးထွက်ခဲ့ပါသည်။
"ဘယ်လို ဘုရားဂုဏ်တော်များပွားများ၍ ဘုရားဖူးသွားခဲ့သနည်း"ဟု မေးလာငြားအံ့။
"လူတွေကဒီလောက်ကျပ်ညပ်နေတာ၊ဘုရားဂုဏ်တော်ပွားဖို့နေနေသာသာကိုယ့်ကိုယ်ကိုယ်မယိုင်မလဲအောင်
မနဲထိန်းလိုက်ရတာပါဗျာ။ဘုရားရင်ပြင်တော်မှာတော့ဘုရားကန်တော့ ခဲ့ရတာပေါ့"ဟု
အရိုးခံအတိုင်း၊အမှန်အတိုင်း၊ရှင်းပြ ပြောပြရမည်ဖြစ်ပါသည်။
စင်စစ်အားဖြင့် ဘုရားဖူးသွားခြင်းသည် မသွားမီ အိမ်ကတည်းကစ၍ ဘုရားဂုဏ်တော်များကို သိသမျှဆင်ခြင်
ခြင်းဖြင့်အားပြုကာဘုရားရင်ပြင်တော်မရောက်မချင်းစိတ်ထဲကဂုဏ်တော်တွေဆင်ခြင်ပွား၊နှုတ်ကလည်းရွတ်
ဖတ်ပူဇော်၊ကိုယ်ကလည်းယဉ်ကျေးသောအ၀တ်အစားအမူအရာများဖြင့်ပြည့်စုံနေဖို့လိုပါသည်။
ရင်ပြင်တော်ရောက်လျှင်လည်း ကန်တော့ခြင်း၊သရဏဂုံတည်ဆောက်ခြင်း၊ငါးပါးသီလခံယူခြင်းတို့ကိုရှေးဦးစွာပြု
ပြီး ဗုဒ္ဓပူဇာ ဒါနနှင့်တကွ သမထဘာဝနာ၊၀ိပဿနာဘာဝနာပွားများနေဖို့လိုပါသည်။
ဘုရားရင်ပြင်တော်မှပြန်မည်ပြုသောအခါမှာမူ မြတ်စွာဘုရားကိုယ်စားတော် ရုပ်ပွားတော်မြတ်ကို ရိုသေစွာရှိခိုး
ကန်တော့လျှက် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်ကဲ့သို့ ထင်မြင်အောင်အာရုံပြု ဖူးမြော်တတ်ဖို့လိုပါ
သည်။
အပြန်လမ်းတစ်လျှောက်လုံးလည်းကိုယ်ကယဉ်ကျေးသောအမူအရာ၊နှုတ်ကဂုဏ်တော်များရွတ်ဖတ်၊စိတ်က
လည်းဂုဏ်တော်များကိုဆင်ခြင်ကာဘုရားအာရုံမပျောက်အောင်ဆောင်ထားဖို့လိုပါသည်။အ၀တ်အစားများလဲသည့်အချိန်ထိတိုင်အောင် ဂုဏ်တော်များဖြင့် ထုံထားသင့်ပါသည်။
ဤသည်မှာ ဘုရားဖူးသွားနည်း၊ဘုရားဖူးခြင်း အကျင့်မြတ် ဖြစ်ပါသည်။
မြို့စားကြီး သောဏဒဏ္ဍ နှင့်တပည့်ပရိတ်သတ်များ၊စမ္ပာမြို့သူမြို့သားပုဏ္ဏားများ၊သူကြွယ်များမှာ ဤနည်းဖြင့်
သာလျှင် ယူဇနာတစ်ရာခရီးကို ရက်ပေါင်းတစ်ရာကျော်ကျော်(သုံးလကျော်ကျော်)ဘုရားဖူးထွက်ခဲ့ကြကြောင်း သိရပါသည်။
သောဏဒဏ္ဍသုတ္တန်အရဗုဒ္ဓဘာသာဝင်မဟုတ်သေးသောပုဏ္ဏားကြီးကဗုဒ္ဓဂုဏ်တော်ပေါင်း(၂၉)ခုသိထား
ကြောင်းတွေ့ရှိရသဖြင့်အံ့သြရပါသည်။ဂုဏ်တော်(၂၉)ပါးကိုလေ့လာကြည့်သည့်အခါယခုသိထားဖူးသော ဂုဏ်တော်(၉)ပါး ကိုမတွေ့ရပါ။
ဂုဏ်တော်(၉)ပါးမှာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါကဗုဒ္ဓဘာသာဝင်များရော၊ဗုဒ္ဓဘာသာဝင်မဟုတ်သူ
များပါ အားလုံးသိနေကြပြီးသားပင်ဖြစ်ပါသည်။
သောဏဒဏ္ဍပုဏ္ဏားကြီးသည်ဗုဒ္ဓဘာသာဝင်မဖြစ်သေးပါဘဲလျက်နှင့်ဂုဏ်တော်(၉)ပါးကိုသိခဲ့၊သီးခြားဂုဏ်တော်(၂၉)ပါးကိုသိခဲ့ကြောင်း လာရှိသည်ကိုထောက်၍ ဗုဒ္ဓဂုဏ်တော်ကို သိရှိ၊ရရှိထားခြင်းသည်ဘုရားဖူးသွားနည်း၏ သော့ချက်ကြီးပင်ဖြစ်ပါသည်။
ထို့ကြောင့်-
ဗုဒ္ဓဘာသာဝင်မဟုတ်သေးသူ သောဏဒဏ္ဍပုဏ္ဏားကြီးလောက်ထိ ဗုဒ္ဓဂုဏ်တော်တို့ကို မသိစေကာမူ၊မရစေကာ
မူ၊အနည်းဆုံးအားဖြင့်"အရဟံ"အစရှိသော မူလဂုဏ်တော်ကြီး(၉)ပါးလောက်ကိုတော့သိထားမှသာ၊ရထားမှသာ တန်ဖိုးကြီးသောဘုရားဖူးခြင်း ရရှိလာမည်ဖြစ်ပါကြောင်းလေးစားစွာတင်ပြအပ်ပါသည်။
(သောဏဒဏ္ဍပုဏ္ဏားကြီုးသိခဲ့သည့်ဗုဒ္ဓမြတ်စွာဘုရားရှင်၏သီးခြားဂုဏ်တော်(၂၉)ပါးကို"သုတ္တန်ပိဋက၊
ဒီဃနိကာယ်၊သီလက္ခန်ပါဠိတော် သောဏဒဏ္ဍသုတ်" တွင် အကျယ် ရှာဖွေဖတ်ရှုစေလိုပါသည်)
(၂၀၀၉ ခုနှစ်၊ဇွန်လထုတ်၊ "ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း"မှ"ဆရာတော်-မစိုးရိမ်စာသင်သား"၏"ကုဋေတစ်သန်း ခြေတစ်လှမ်း"အမည်ရ ဆောင်းပါးများကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ဗဟုသုတအကျိုးငှာရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။ဖတ်ပြီး, သိပြီးသူများ,အတွက်အနူးအညွတ်တောင်းပန်ပါသည်။
ကွန်ပျူတာကို ဝယ်ကစလို မြန်စေချင်တယ်ဆိုရင်
Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင်ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုးတို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါက ပြုပြင်ယူလို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။
ကွန်ပျူတာ လုပ်ဆောင်ချက် နှေးသွားရတဲ့ အဓိက အကြောင်း အရင်း နှစ်ခု ရှိပါတယ်။
၁။ registery errors
Registery Errors က ပိုအဖြစ်များပါတယ်။ ကိုယ်က ကွန်ပျူတာမှာ ဂိမ်း တစ်ခုခုဆော့ခဲ့မယ်ပြီးတော့ ပြန်ပိတ်ပါတယ်။ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမယ့် အမှန်တော့ ကွန်ပျူတာဟာ ယင်း ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်များကို အလိုအလျောက် သိမ်းဆည်းပေးသွားပါတယ်။ ဂိမ်း ရယ်လို့မှ မဟုတ်ပဲ ကိုယ်သုံးလိုက်တဲ့ ပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ အချက်လက်/ Data အားလုံးကို အလိုအလျောက် မှတ်သားပါတယ်။ အချို့ ဟာတွေက မမှတ်သားအောင် Option ပေးနိုင်ပေမယ့် သတိမထားမိလိုက်တဲ့ အရာတွေ ပိုများပါတယ်။
ဥပမာ- ကိုယ်က ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ပေမယ့် Recycle Bin မှာ ရှိပါတယ်။ Recycle Bin မှာ မရှိတော့ဘူးဆိုရင် လုံးဝ မရှိတော့ဘူးလို့ မထင်ပါနဲ့။ သူက သိမ်းဆည်းရ အနည်းနိုင်ဆုံး အနေအထား ထိ ကျစ်လိုက်ပြီး Chip / Hardware များရဲ့  တစ်နေရာရာမှာ Register လုပ် သိမ်းဆည်းထားပေးတတ်ပါတယ်။ တစ်ခါခါ စက်တွေ အဖွင့်များပြီး ခလုပ်အနှိပ်များရင်၊ Command အပေးများရင် ပြဿနာက စဖြစ်ပါတယ်။ ကိုယ် Register လုပ်ထားတာရော၊ သူ့အလိုအလျောက် Register လုပ်ထား တာရော အားလုံးပေါင်းပြီး ကမောက် ကမတွေ ဖြစ်ပါတော့တယ်။ ဒီတော့ အကျိုးဆက်က ကွန်ပျူတာ ထစ်ငေါ့ထစ်ငေါ့ဖြစ်ခြင်း၊ စက်ရပ်သွားခြင်းတို့မျိုး ဖြစ်ပါတယ်။
ဒါကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အဓိကကတော့ ကိုယ် Register လုပ်ထားတဲ့ ဟာတွေအားလုံး ပြန်ဖျက်ပေးဖို့ ရှိပါတယ်။ ဒါကို ဆော့ဖ်ဝဲ စီဒီ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အွန်လိုင်းမှာပဲ အခမဲ့ ဒေါင်းချင်တယ်ဆိုရင်လည်း Advanced Registry Optimizer free download လို့ Google search မှာ ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။
ဥပမာ - http://download.cnet.com/Advanced-Regist...61245.html
http://www.softpedia.com/get/Tweak/Regis...izer.shtml
ဆိုင်ကနေ ဝယ်တာကို ပိုပြီးတော့ recommand ပေးထားပါတယ်။ အွန်လိုင်းကနေ ယူတာက မလိုအပ်တဲ့ Freeware, spyware တွေ ပါဝင်မှာ စိုးလို့ ဖြစ်ပါတယ်။
၂။ ဗိုင်းရက်စ်နှင့် Spyware များ ကြောင့် စက်နှေးခြင်း
ဒါကတော့ ရှင်းပါတယ်။ အဓိကက အွန်လိုင်းသုံးရာမှာ သတိထားရ မှာ ဖြစ်ပါတယ်။ အွန်လိုင်းသုံးတဲ့အချိန်တင်မကပဲ USB နဲ့ အခြားသော Input များမှာ သတိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က အင်တာနက်ကနေ သီချင်းတစ်ပုဒ် ကြိုက်လို့ ဒေါင်းပေမယ့် သူနဲ့ တွဲပါလာနိုင်တဲ့ အရာများ ကို သေချာ သတိထား လေ့လာသင့်ပါတယ်။ သီချင်းတင်မကပဲ အခြားသော Software, application များရော ဖြစ်ပါတယ်။ USB ပေါက်ကို memory stick တို့ ထိုးမယ်ဆိုရင်လည်း Scan ဖတ်ပြီး Virus တွေကို Detect လုပ်ပေး မယ့် ဆော့ဖ်ဝဲ တစ်ခု တော့ ရှိနေသင့်ပါတယ်။ အင်တာနက် သုံးရင်လည်း Spyware, Virus တို့က တစ်ခါခါကျရင် ဝင်လို့ ဝင်မှန်းတောင် မသိပါဘူး။ အချိန်တော်တော်ကြာမှာ သူပုန်းနေတဲ့ နေရာတွေကနေ ထပြီး သောင်းကျန်း တတ်ပါတယ်။ ဒါကြောင့်လည်း စက်ကနှေးပါတယ်။
ပို့လာတဲ့ အီးမေးလ်၊ app, software, သီချင်း၊ ဓာတ်ပုံ နဲ့ ကိုယ်တိုင် ရှာဖွေ မှု ပြုတဲ့အခါ ယုံကြည် စိတ်ချရတဲ့ ဝဘ်ဆိုဒ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ Offline အနေနဲ့လည်း ကိုယ့် PC နဲ့ သင့်တော်မယ့် Ant virus ဆော့ဖ်ဝဲ များ ဆောင်ထားသင်ပါတယ်။
အထက်ပါ အချက်နှစ်ချက်ကို သိရှိလိုက်နာပြီး မိမိ PC ကို ဂရုစိုက်မယ်ဆိုရင် ကွန်ပျူတာ နှေးလာစရာ အကြောင်း မရှိတော့ပါဘူး။